← Chapters

လူ့ဂွစာ

Vol. 3 Ch. 280

လူ့ဂွစာ

Vol. 3 Ch. 280

“ သူ သူကအရင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းကနံပါတ်တစ် ဝူတန်းကမုချန်းပဲ “

ဝူတန်းဂိုဏ်းသားကို သိရှိပုံရသည့်လူတစ်ယောက်မှအော်ဟစ်လိုက်သည်။

“ သိုင်းဝိဇ္ဇာအဆင့်အောက်ကနံပါတ်တစ်သိုင်းသမားလား “

“ ဘယ်ကလာ သူကသိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေပြီလေ “

သူ၏စကားကြောင့် ဆိုင်ထဲမှလူအများမှာ ပင့်သက်ရှိုက်လိုက်မိကြကာ တီးတိုးပြောသံများထွက်ပေါ်လာသည်။

ဝူတန်းဂိုဏ်းမှ မုချန်းမှာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဂိုဏ်းတူညီဖြစ်ကာ တစ်ခေတ်တစ်ခါက သိုင်းလောကကို ကိုင်လှုပ်ခဲ့သည့်အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင်၏တပည့်တစ်ယောက်လည်းဖြစ်သည်။

ယခင်ကမုချန်းမှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်တစ်နေရာ၌ ဆယ်နှစ်ကြာအောင်ရှိနေကာ သိုင်းဝိဇ္ဇာအဆင့်အောက် နံပါတ်တစ်သိုင်းသမားဟုကျော်ကြားပေသည်။

ပြီးခဲ့သည့်လေးငါးလကမူ ဝူတန်းတောင်ပေါ်မှဆင်းလာကာ ခရမ်းရောင်သွေးလဂိုဏ်းမှဓားဘုရင်ကိုအနိုင်ယူနိုင်ခဲ့ပြီး သူ၏သိုင်းအဆင့်မှာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေပြီဟု အံ့အားသင့်ဖွယ်သိလိုက်ရသည်။

မုချန်းမှာ ထိုလူများကိုဂရုမစိုက်ဘဲ အစောပိုင်းကဖြစ်ရပ်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားပုံရကာ ဆိုင်ထောင်မှစားပွဲတွင်သွားထိုင်ပြီး ခေါက်ဆွဲတစ်ပွဲနှင့် သေရည်နှစ်အိုးမှာလိုက်သည်။

ဆိုင်ထဲရှိလူများမှာ တစ်ကိုယ်တော်သိုင်းသမားများပြားသည့်အပြင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများမှာလည်းကျုံးဟွာတောင်ပေါ်သို့တတ်သွားကြသည့်အတွက် ဆိုင်ထဲတွင်မုချန်းနှင့်အသိအကျွမ်းဟူ၍မရှိပေ။

မုချန်း၏စိတ်နေစိတ်ထားမှာလည်း ဂွတီးဂွကျနိုင်ကာ လူ့ဂွစာသိုင်းသမားဟုဘွဲ့နာမည်ရသည်အထိပင်။

သို့သော် ထိုနာမည်ကိုသူ၏ရှေ့တွင်မည်သူမှမခေါ်ဝံ့ဘဲ ထိုနာမည်ကိုကြားလျှင်မုချန်းဒေါသပေါက်ကွဲတတ်သည်ကို သူတို့ကောင်းစွာသိထားသည်။

သူ၏အကျင့်စရိုက်ကြောင့်လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင်ပင် မုချန်းနှင့်ခင်မင်သူဟူ၍ လက်ငါးချောင်းပင်မပြည့်ပေ။

ဆိုင်ထဲရှိလူများမှာ မုချန်းကိုစိတ်ဝင်စားနေကြသည့်အတွက် ဆိုင်ပေါက်ဝမှစိတ်ဝင်စားဖွယ်ကောင်းသည့်အဖြစ်အပျက်ကိုလက်လွတ်သွားကြတော့သည်။

“ ခင်ဗျားတို့ ပိုက်ဆံမရှင်းရသေးဘူး “

ဆိုင်ပေါက်ဝရှိစားပွဲတစ်လုံးပေါ်တွင် ငုံ့ကာစားသောက်နေသည့်လူမှ သူ၏လက်ထဲမှအဝတ်ဖြင့်ပတ်ထားသည့်အရာဖြင့်‌တောင်ခွဲပုဆိန်တို့လူစုကိုဟန့်တားလိုက်သည်။

“ အစ်ကိုကြီးသူက ဒီဆိုင်ကအစောင့်ပဲ အရင်ရက်က ကျုပ်သူ့ရဲ့လက်ချက်မိခဲ့သေးတယ် “

တောင်ခွဲပုဆိန်၏နောက်မှလူတစ်ဦးမှ တောင်ခွဲပုဆိန်အားတီးတိုးပြောလိုက်သည်။ သူ၏ပုံစံမှာ ထိုလူကိုအနည်းငယ်ထိတ်လန့်နေပုံရသည်။

တောင်ခွဲပုဆိန်လည်း စားသောက်ပြီး၍ခေါင်းမော့လာသည့် ဆိုင်အစောင့်သိုင်းသမားကိုဂရုတစိုက်အကဲခပ်လိုက်သည်။

ထိုလူမှာ အသက်များစွာမကြီးသေးဘဲ နှစ်ဆယ်ကျော်သုံးဆယ်အရွယ်သာရှိကာ အဖြူရောင်ဝတ်စုံဖြင့်ငယ်ရွယ်ချောမောသည်။

သူ၏ပုံစံမှာမည်သည့်နေရာကကြည့်ကြည့် ခန့်ညားသည့်သခင်လေးတစ်ယောက်နှင့်တူကာ စားသောက်ဆိုင်၏အစောင့်သိုင်းသမားနှင့်မတူပေ။

သို့သော် တောင်ခွဲပုဆိန်မှာ ထိုလူရွယ်၏အသက်အရွယ်ကြောင့်များစွာဂရုစိုက်ခြင်းမရှိဘဲ မျက်မှောင်ကြုတ်ကာ ဒေါသတကြီးပြောလိုက်သည်။

“ ကောင်လ မသေချင်ရင်ဘေးဘယ်စမ်း “

တောင်ခွဲပုဆိန်မှာ သူ၏နောက်ကျောမှပုဆိန်ကြီးနှစ်လက်ကိုပင်ဖြုတ်လိုက်သည် ။

သူ၏ပုံစံမှာ တိုက်ခိုက်တော့မည့်ပုံရကာ အစောပိုင်းက မုချန်းကြောင့်တုန်လှုပ်စွာဖြင့်အလျော့ပေူရကာ သူ၏မျက်နှာပျက်ခဲ့ရသည်။

ထို့ကြောင့် မုချန်းအပေါ်တွင်မဖောက်ခွဲရဲသည့်သူစဒေါသများမှာ လူရွယ့်အပေါ်သို့ကျရောက်တော့မည်ကဲ့သို့ဖြစ်လာသည်။

“ ကျုပ်ပြောနေတယ် ခင်ဗျားတို့ပိုက်ဆံမရှင်းရသေးဘူး “

လူရွယ်မှ မုချန်းရှိသည့်ဝိုင်းသို့စိတ်ဝင်တစားကြည့်နေရာမှ သူတို့ဘက်သို့အကြည့်ရောက်လာကာ စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည်။

လူရွယ်၏နက်မှောင်သည့်မျက်လုံးများမှာ အစအဆုံးမဲ့သည့်ချောက်နက်ကြီးများနှင့်တူကာ လွန်စွာထက်ရှသည့်ဓားအငွေ့အသက်မှာလည်းထိုလူလေးယောက်ကိုဖိအားပေးလာသည်။

ထူးခြားသည့်မှာ ကျန်သည့်အနီးအနားမှလူများမှာာကြောက်မက်ဖွယ်ကောင်းလှသည့်ထိုဖိအားကို သတိပြုမိခြင်းမရှိဘဲတောင်ခွဲပုဆိန်တို့လူစုသာ ချွေးပြိုက်ပြိုက်ကျအောင်ကြောက်လန့်နေခြင်းဖြစ်သည်။

“ ဒီမှာပါ ကျုပ်တို့အတွက်ကျသင့်ငွေ “

ယခင်ရက်ကလူရွယ်၏လက်ချက်မိဖူးထားသည့်လူမှာ တောင်ခွဲပုဆိန်၏စကားကိုပင်မစောင့်တော့ဘဲ သူ၏အင်္ကျီကြားမှ ငွေတုံးအတော်များများကိုထုတ်ယူကာ လူရွယ်၏စားပွဲပေါ်တွင်တင်လိုက်သည်။

တောင်ခွဲပုဆိန်မှာမူ ကြောက်လန့်တုန်လှုက်နေသောကြောင့် လှုပ်ရှားမရဘဲ တောင့်တင်းနေခြင်းဖြစ်သည်။

သူတို့သာလှုပ်ရှားမှုတစ်စုံတစ်ခုပြုလုပ်ပါက အချိန်မရွေးသေဆုံးသွားနိုင်သည်ဆိုသည့်ခံစားချက်ကိုရှိနေသည်။

ထိုလူများ၏အပေါ်မှ ကြောက်မက်ဖွယ်အငွေ့အသက်များပျောက်ကွယ်သွားကာ လူရွယ်မှာ သူ၏စားပွဲပေါ်မှငွေတုံးများကိုအာရုံရောက်သွားသည်။

“ အိုး... အတော်များတာပဲ “

လူရွယ်မှရေရွတ်လိုက်မိသည်။ တောင်ခွဲပုဆိန်၏နောက်မှလူမှာ ရေတွက်ခြင်းပင်မပြုဘဲငွေတုံးများအကုန်ထုတ်ပေးရာကျသင့်ငွေ၏ဆယ်ဆပင်မကပေ။

လူရွယ်မှာ တစ်စုံတစ်ရာပြောမည်ပြုလိုက်သော်လည်း သူ၏ရှေ့မှလူလေးယောက်မှာ မည်သည့်အချိန်ကလစ်ထွက်သွားသည်မသိရဘဲ တစ်ယောက်မှမကျန်တော့ပေ။

လူရွယ်လည်းစိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းကာာငွေတုံးများကိုယူလိုက်သည်။ ထို့နောက် ဆိုင်ကောင်တာတွင်ထိုင်နေသည့်သူဌေးကိုငွေတုံးများပေးကာ မုချန်းရှိနေသည့်စားပွဲဆီသို့လျှောက်လာခဲ့သည်။

သူ၏လက်ထဲတွင်မူ အဝတ်ဖြင့်ပတ်ထားသည့်ဓားတစ်လက်နှင့်တူသည့်အရာတစ်ခုရှိနေသည်။

ထိုလူရွယ်၏ဦးတည်ရာကိုကြည့်ကာဆိုင်ထဲမှလူများမှာ အံ့ဩထိတ်လန့်သွားကြသည်။ ထိုလူရွယ်မှာ မောက်မာသည့်ဟန်ဖြင့် သူ၏လက်ထဲမှအရာကိုပခုံးပေါ်တင်ကာ မုချန်းဆီသို့ဦးတည်သွားနေသည်။

“ ဒီကောင်ကဘယ်သူလဲ “

“ သိုင်းလောကထဲမှာ သူ့ကိုတစ်ခါမှမမြင်ဖူးဘူး “

သိုင်းလောကသားများမှာ အချင်းချင်းပြောဆိုနေကြသည်။

“ ငါသိတယ် ။ သူက ဆိုင်အစောင့်သိုင်းသမားပဲ ။ အရင်ရက်က ငါဒီဆိုင်မှာ ပြဿနာနည်းနည်းရှာတော့ ဒီကောင်ကလက်သီးသုံးချက်ထဲနဲ့အနိုင်ယူခဲ့တယ် ။ ငါဘယ်လိုမှရှောင်တိမ်းလို့မရဘူး “

ဆိုင်ထဲတွင်ရှိနေသည့် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်မှ အနည်းငယ်ထိတ်လန့်နေသေးသည်ြဟန်ဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် ဆိုင်ထဲမှသိုင်းသမားများနှာခေါင်းရှုံ့လိုက်ကြကာ ဝေဖန်လိုက်ကြသည်။

“ မင်းကို အနိုင်ရတာနဲ့ ဘယ်လိုလုပ်ဆရာကြီးမုချန်းကိုပြဿနာရှာရဲမှာလဲ ။ ဟိုကသိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ပဲ “

ဆိုင်ထဲရှိအဆင့်လွန်သိုင်းသမားတစ်ယောက်မှ အထင်သေးဟန်ဖြင့်ပြောလိုက်သည်။

လက်ရှိအချိန်တွင် ဆိုင်ထဲ၌ အဖြူအနက်သိုင်းသမားများစုရုံးနေကြကာ အဆင့်လွန်းသိုင်းသမားများပင် အတော်များများပါဝင်သည်။ ထို့ကြောင့် ထိုလူများမှာ ဆိုင်အစောင့်လူရွယ်ကိုအထင်သေးသည်မှာ သဘာဝကျပေသည်။

ဦးစွာပြောလိုက်သည့်လူမှာ လူအများ၏အထင်သေးပြစ်တင်စကားကြောင့် ခေါင်းငုံ့သွားသည်။

သို့သော် ထိုနေ့က သူ၏ရှေ့တွင်‌နောက်ထပ်အဆင့်လွန်သိုင်းသမားများကိုထိုလူရွယ်အနိုင်ယူလိုက်ကိုတော့ ထပ်၍မပြောတော့ပေ။

ဆိုင်အစောင့်သိုင်းသမားလူရွယ်မှမည်သူ့ကိုမှဂရုစိုက်ခြင်းမရှိဘဲ သူ၏ပခုံးပေါ်တွင် အဝတ်ဖြင့်ပတ်ထားသည့်အရာကိုထမ်းကာ ဝံ့ကြွားဟန်ဖြင့်မုချန်း၏‌ရှေ့တွက်ရပ်လိုက်သည်။

ထို့နောက် မုချန်းကိုတောင်ခွဲပုဆိန်မှအလစ်တိုက်စဉ် ရှေ့ဝိုင်းမှစားပွဲကိုလက်ထောက်မိပြီး ပန်းကန်များကွဲကျသွားသည့်နေရာကိုကြည့်လိုက်သည်။

“ လူ့ဂွစာကြီး ခင်ဗျား ပန်းကန်နှစ်လုံးနဲ့ ရေနွေးခွက်သုံးခုကိုဖျက်ဆီးခဲ့တယ် ။ ကျုပ်ကိုအလျော်ပေး “

လူရွယ်၏စကားကြောင့်ဆိုင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။

“ ‌ သေပြီ သူသေပြီ “

လူအများမှာ စိတ်ထဲမှကြိတ်၍ရေရွတ်လိုက်ကြသည်။

ဆိုင်ထဲသိူ့ဝင်လာစဉ်ကပင် မုချန်းတစ်ယောက်စိတ်အ‌ခြေအနေမကောင်းဘဲ တစ်စုံတစ်ရာကိုဒေါသထွက်နေသည်ကိုသူတို့အားလုံး ရိပ်စားမိလိုက်ကြသည်။

ယခုအချိန်တွင် လူရွယ်မှမုချန်းကိုပန်းကန်ကွဲဖိုးအလျော်တောင်းနေသည့်အပြင် မုချန်းမကြိုက်သည့်လူ့ဂွစာဆိုသည့်နာမည်ကိုပါခေါ်ဝေါ်နေသည် ။

မုချန်းသိုင်းလောကထဲတွင်လှုပ်ရှားစဉ်ကလူ့ဂွစာသိုင်းသမားဟုနာမည်ရခဲ့သော်လည်း သိသိသာသာပင်ထိုနာမည်ကိုသူ၏ရှေ့တွင်မည်သူမှခေါ်ဝံ့ခြင်းမရှိကြပေ။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်သုံးဖြစ်သည့် ဝါတန်းဂိုဏ်းမှသိုင်းသမားတစ်ယောက်မှာ ထိုနာမည်ကိုမုချန်းအားခေါ်ခဲ့သဖြင့် မုချန်းမှစိန်ခေါ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် မုချန်းမှဓားကိုဓားအိမ်အတွင်းမှမထုတ်ဘဲတိုက်ခိုက်ခဲ့သည်ပင် ထိုသိုင်းသမားမှာ ပြန်၍တုံ့ပြန်နိုင်ခြင်းမရှိဘဲ တစ်ဖက်သတ်ရိုက်နှက်ခံရကာ အိပ်ယာထဲတွင်သုံးလခန့်နေရသည်ဟု သတင်းများထွက်ပေါ်လာသည် ။

ထို့နောက်ပိုင်းတွင် မုချန်း၏ရှေ့တွင်လူ့ဂွစာဟုခေါ်‌ဆိုရဲသူမရှိသည်မှာ ယနေ့အထိဖြစ်သည်။

မုချန်းမှာ လူ့ဂွစာဆိုသည့်စကား‌ကြောင့် သူ၏မျက်နှာမဲမှောင်သွားသော်လည်း ကြားဖူးနေကြဖြစ်ကာ ရင်းနှီးနေသည့်လေသံကြောင့် စိတ်ရှုပ်‌ထွေးစွာဖြင့်မော့ကြည့်လိုက်သည် ။

All Chapters