← Chapters

အရက်သမား လူရွယ်

Vol. 3 Ch. 281

အရက်သမား လူရွယ်

Vol. 3 Ch. 281

မုချန်း၏မျက်နှာမှာ စိတ်ရှုပ်ထွေးနေဟန်မှာ အံ့ဩဝမ်းသာသွားပုံရသည်။ ထို့နောက် ထရပ်၍ ထိုလူရွယ်၏ပခုံးကိုပုတ်လိုက်သည်။

“ မသေနိုင်သေးဘူးလား ကောင်စုတ်လေး “

မုချန်း၏စကားကြောင့်လူရွယ်မှ ပြုံးလိုက်သည်။ သူ၏လက်ထဲမှအဝတ်ဖြင့်ပတ်ထားသည့်အရာကိုချကာ မုချန်း၏စားပွဲတွင်ဝင်ထိုင်လိုက်သည်။

“ ကျုပ်ဘာမှမဖြစ်ပါဘူး ဘာလို့ကျုပ်ကိုတွေ့တဲ့လူတိုင်းက ကျုပ်သေပြီလို့ပဲပြောနေတာလဲမသိဘူး “

သူ၏မေးခွန်းကြောင့် မုချန်း၏အမူအယာပြောင်းလဲသွားသည်။

“ မြောက်ပိုင်းတောင်တန်းမှာ မင်းကိုခရမ်းရောင်သွေးလဂိုဏ်းကဘုရင်နှစ်ပါးဝိုင်းပြီးသတ်တာ မင်းသေသွားပြီလို့သတင်းထွက်လာတယ်လေ “

သူ၏စကားကြောင့် လူရွယ် ခေါင်းညိမ့်လိုက်သည်။

“ ကျုပ်တို့ တိုက်ခိုက်ခဲ့ကြတာတော့အမှန်ပဲ။ ဒါပေမယ့် ကျုပ်သေကံမရောက်လို့မသေတာပေါ့ ။

အဆိပ်ဘုရင်နဲ့ သရဲဘုရင်ကိုလက်စားမချေလိုက်ရတာတော့ သိပ်မကျေနပ်ဘူး “

ထင်းရှီ၏စကားကြောင့်မုချန်းလည်းခေါင်းညိမ့်ကာ မေးလိုက်သည်။

“ မင်း သိုင်းလောကထဲကအခြေအနေတွေသိပြီးပြီပေါ့ “

ထင်းရှီလည်းခေါင်းညိမ့်ကာဖြေလိုက်သည်။

“ ဒါကြောင့်ကျုပ်ပြီးခဲ့တဲ့သုံးရက်ထဲက ဒီမြို့ကိုရောက်နေတာပေါ့ ။ ဒါပေမယ့် ငွေပြတ်သွားလို့ စားသောက်ဆိုင်မှာလူမိုက်ဝင်လုပ်ပြီး ဒီနေ့မနက်မှထွက်သွားမယ်လို့စိတ်ကူးနေတာ “

ထင်းရှီ၏စကားကြောင့် မုချန်းလည်းမနေနိုင်ဘဲပြုံးလိုက်မိသည်။ ထင်းရှီမှ ဆက်၍မေးလိုက်သည်။

“ ခင်ဗျားကဝူတန်းမှာ နေရာမဟုတ်လား။ ခရမ်းရောင်သွေးလဂိုဏ်းကြောင့်ဆင်းလာတာလား “

ထင်းရှီ၏မေးခွန်းကြောင့်မုချန်း၏မျက်နှာတည်ကြည်သွားသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို တင်းမာသည့်မျက်နှာဖြင့် ဝေ့ကြည့်လိုက်သည် ။

သူတို့စားပွဲကိုစူးစမ်းနေကြသည့်ဆိုင်ထဲမှလူများမှာ အလျှင်အမြန်ပင် မျက်နှာများလွှဲကာ စိတ်မဝင်စားသယောင်ဟန်ဆောင်လိုက်ကြသည် ။

သို့သော် သူတို့၏ရင်ထဲတွင် တဒိန်းဒိန်းမည်ဟည်းနေသည်။

မုချန်း၏ရင်းနှီးသည့်မိတ်ဆွေဟုပြော၍ရသူမှာလက်ငါးချောင်းပင်မပြည့်ပေ။ ထို့ကြောင့် ဆိုင်စောင့်သိုင်းသမားကိုမုချန်းမှလွန်စွာရင်းနှီးနေသဖြင့် သူတို့စိတ်ဝင်စားကာ နားစွန့်နေကြခြင်းဖြစ်သည်။

ကြားလိုက်ရသည်များကား သူတို့၏စိတ်ကိုလှုပ်ရှားစေရန်လုံလောက်ပေသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှဘုရင်နှစ်ပါး၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရကာ သေဆုံးပြီဟုသတင်းထွက်ပေါ်ခဲ့သူမှာ တစ်ဦးသာရှိသည် ။

ထိုလူကား မြစ်ဝါနဂါးဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ခဲ့သည့်သိုင်းထိပ်သီးစာရင်းနံပါတ်တစ် အဖြူရောင်သွေးမိစ္တာဖြစ်သည် ။

ထင်းရှီမှာ သိုင်းလောကထဲတွင်လှုပ်ရှားမှုနည်းပါးကာ အသိအကျွမ်းအနည်းငယ်သာရှိသည့်အတွက် သူ့ကိုသိသူမှာနည်းပါးသည် ။

ထို့ကြောင့်လည်း ဤစားသောင်ဆိုင်တွင်အစောင့်သိုင်းသမားအဖြစ်သုံးရက်နေစဉ် သူ့လက်ချက်မိသွားသူများမှ စားသောက်ဆိုင်အစောင်ကသိုင်းသမားနှင့် သိုင်းထိပ်သီးနံပါတ်တစ်အဖြူရောင်သွေးမိစ္ဆာ တစ်ဦးတည်းဖြစ်သည်ဟု မသိကြခြင်းဖြစ်သည်။

“ ဒီကနေသွားရအောင် “

မုချန်း၏ပုံစံမှာ အရေးကြီးသည့်စကားများပြောလိုသည့်ဟန်ရသည်။ ထင်းရှီလည်း ခေါင်းညိမ့်ကာ ထရပ်လိုက်သည်။

“ ကျုပ် မိတ်ဆွေတစ်ယောက်နဲ့သွားတွေ့လိုက်ဦးမယ် “

မုချန်းလည်း ထင်းရှီ၏စကားကြောင့်အနည်းငယ်စိတ်ဝင်စားသွားသည်။

ထင်းရှီမှ ဆိုင်ထောင့်တွင်တစ်ဦးတည်းထိုင်နေသည့်လူတစ်ယောက်ဆီသို့လျှောက်လာလိုက်သည်။

ထိူလူမှာ ညစ်ပတ်နေသည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရှုပ်ပွနေသည့်ဆံပင်များရှိကာ အရက်အိုးထဲတွင်ခေါင်းငိုက်စိုက်ကျနေသည်။

သူ၏ပုံစံမှာ အမူးလွန်နေသည့်လူတစ်ဦးကဲ့သို့ဖြစ်ကာ ထူးခြားချက်တစ်စုံတစ်ရာမရှိပေ ။သို့သော် သူ၏ဝတ်စုံညာလက်မှာ တွဲလောင်းကျနေကာ လက်တစ်ဖက်ပြတ်နေဟန်ရသည်။

“ အစ်ကိုစန်း ကျုပ် ကျုံးဟွာတောင်ပေါ်သွားမလို့ ခင်ဗျား မလိုက်ဘူးလား “

ထင်းရှီ၏အသံကြောင့် အမူးလွန်နေသည့်လူမှာ မျက်လုံးများကိုပွတ်သတ်ကာ ခေါင်းမော့လာသည် ။

သူ၏မျက်နှာမှာချောမောသော်လည်း မျက်လုံးများကအသက်မဲ့နေကာ လောကကြီးကိုအရှုံးပေးထားသည့်လူတစ်ယောက်ကဲ့သို့ဖြစ်သည်။

“ ကျုပ် မင်းကိုပြောပြီးပြီ ကျုပ်လိုအသုံးမကျတဲ့လူက သိုင်းလောကနဲ့လုံးဝမပတ်သတ်တော့ဘူးလို့ “

အမူးလွန်နေသူမှ တင်းမာနေသည့်မျက်နှာဖြင့်အေးစက်စက်ပြောကာ စားပွဲပေါ်မှအရက်အိုးလက်ကျန်ကို ကောက်မော့လိုက်သည်။

“ စန်းဟုန်းလျန် မင်းဒီလိူအခေုအနေထိရောက်သွားတာလား “

တင်းမာခတ်ထန်နေသည့်လေသံကြောင့် အမူးလွန်နေသည့်လူရွယ်မှာ ဆက်ခနဲဖြစ်သွားကာ အလျှင်အမြန်မော့ကြည့်လိုက်သည် ။

ခတ်ထန်နေသည့်မျက်နှာထားဖြင့် ထင်းရှီ၏အနီးတွင်ရပ်နေသည့်လူကြောင့် သူ၏ခန္တာကိုယ်အနည်းငယ်တုန်လှုပ်သွားသည်။

“ ဆရာဦးလေး “

လူရွယ်မှ မုချန်းကိုဂါရဝပြုလိုက်သည်။ ဆိုင်ထဲရှိသိုင်းသမားများမှာ ထိုလူရွယ်ကိုကြည့်ကာ အံ့ဩထိတ်လန့်ဟန်ဖြင့် တီးတိုးလိုက်ကြသည်။

“ သိုင်းထိပ်သီးဆယ်ယောက်ထဲက ထိုက်ကျိဓားစန်ဟုန်းလျန်လား “

“ ဒါပေမယ့် စိတ်မကောင်းစရာက “

မုချန်းမှာ စန်းဟုန်းလျန်ကိုအေးစက်စက်ကြည့်ကာ မချိတင်ကဲဖြင့် ရေရွတ်လိုက်သည်။

“ ငါ့ရဲ့အစ်ကိုကြီးက မင်းကိုသူ့ရဲ့အမွေဆက်ခံသူလို့သတ်မှတ်ထားပြီး အများကြီးမျှော်လင့်ထားခဲ့တာ အခုတော့ “

မုချန်း၏စကားကြောင့် စန်းဟုန်းလျန်မှာ ခေါင်းငိုက်စိုက်ကျသွားသည်။ ထို့နောက် တိုးညင်းစွာပြောလိုက်သည်။

“ ကျုပ်ရဲ့အသုံးမကျမှူကြောင့် ဆရာ့ကိုမျက်နှာပျက်ရ‌စေခဲ့ပြီ “

သူ၏လေသံမှာ ဝမ်းနည်းကြေကွဲနေဟန်ရသည်။ မုချန်းမှာ အနည်းငယ်စိတ်မကောင်းဖြစ်သွားကာ ကရုဏာသက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ အဓိကက မင်းရဲ့စိတ်ကြောင့်ဖြစ်သွားတာပါ ။ လက်တစ်ဖက်မရှိတော့ရောဘာဖြစ်သေးးလဲ ။ သိုင်းလောကမှာ ဘယ်လက်နဲ့ ထိတ်ထိတ်ကျဲထူးချွန်ခဲ့တဲ့လူတွေတစ်ပုံကြီးရှိခဲ့တာပဲ “

မုချန်း၏စကားကြောင့်စန်းဟုန်းလျန်မှာ အနည်းငယ်ငိုင်သွားသည်။ အချိန်အနည်းငယ်ကြာမှ ခေါင်းယမ်းကာပြောလိုက်သည်။

“ ကျုပ်ဒီတသက်ဓားကိုထပ်ကိုင်မှာမဟုတ်တော့ဘူး။ သိုင်းလောကထဲကိုလည်းပြန်ဝင်မှာမဟုတ်တော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ဆရာကိုလည်း ဒီအသုံးမကျတဲတပည့်ကတောင်းပန်တယ်လို့ပြောပေးပါ “

စန်းဟုန်းလျန်မှ အက်ကွဲကွဲလေသံဖြင့်ပြောကာ နောက်ထပ်ခေါင်းမော့မလာတော့ပေ။

မုချန်းမှာ ကရုဏာဒေါသဖြင့်တစ်စုံတစ်ရာပြောမည်ပြုသော်လည်း ထင်းရှီမှ သူ၏ပခုံးကိုပုတ်ကာအသာဆွဲခေါ်လာခဲ့သည်။

“ သူဌေး ကျုပ်ဒီနေ့ထွက်သွားတော့မယ် “

ထင်းရှီ၏စကားကြောင့် ဆိုင်ကောင်တာတွင်ထိုင်နေသည့်လူကြီးမှာ စိတ်မကောင်းဖြစ်သွားဟန်ရသည်။

ရက်အနည်းငယ်သာနေခဲ့ရသော်လည်း စိတ်ထားကောင်းမွန်သောထင်းရှီကို သူတို့ခင်မင်နေမိပြီဖြသ်သည်။

“ ကောင်လေး ရော့ ဒါကိုယူသွား။ ဒီသုံးရက်ထဲမှာ မင်းသာမရှိရင် ငါတို့ဆိုင်ဒီလောက်ဝင်ငွေမရတဲ့အပြင် ဖျက်ဆီးခံရတာကြာနေလောက်ပြီ “

ဆိုင်ရှင်မှ ငွေထုပ်တစ်ထုပ်ကိုထင်းရှီအားထိုးပေးကာပြောလိုက်သည် ။

ဆိုင်ရှင်၏စိတ်ဆုံးဖြတ်ထားသည့်ပုံစံကြောင့်ထင်းရှီလည်း ငွေထုပ်ကိုလက်ခံကာ စန်းဟုန်းလျန်၏ဘက်သို့တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ သူဌေး သူ့ကို ခင်ဗျားက သည်းခံပေးပါဦး “

ထင်းရှီ၏စကားကြောင့် ဆိုင်ရှင်မှခေါင်းယမ်းကာပြောလိုက်သည်။

“ ကောင်လေး မင်းမပြောရင်တောင် သူဘာလုပ်လုပ် ငါပြောမှာမဟုတ်ပါဘူး ။

မင်းမသိဘူးလား သူကငါတို့မြို့သားပဲ။ သူငယ်ငယ်ကသိုင်းလောကထဲကို သူ့ဆရာဆိုတဲအဖိုးကြီးနဲ့လိုက်သွားပြီး နှစ်နှစ်တစ်ခေါက် သုံးနှစ်တစ်ခေါက်လောက်တော့ မြို့ကိုပြန်လာတတ်တယ်။

သူ့ရဲ့မိဘတွေမရှိပေမယ့် သူ့ရဲ့အိမ်ကမြို့ထဲမှာရှိနေသေးတယ်။ ဒီတစ်ခေါက်တော့ဘယ်လိုဖြစ်လာတဲ့မသိဘူး ။ တော်တော်ကိုဆိုးဆိုးရွားရွားပဲ ။သူဘာတွေဖြစ်လာတာလဲမင်းသိလား “

ဆိုင်ရှင်၏မေးခွန်းကြောင့်ထင်းရှီလည်းအနည်းငယ်အံ့အားသင့်ကာ ခေါင်းယမ်းလိုက်သည်။ ထိုအကြောင်းကို သူထပ်မံမပြောလိုတော့ပေ။

ထို့နောက် ထင်းရှီမှ ဆိုင်ရှင်အားနှုတ်ဆက်ပြီး မုချန်းနှင့်အတူ စားသောက်ဆိုင်ငယ်လေးထဲမှ ထွက်ခွာသွားကြသည်။

“ စိတ်မကောင်စရာဘဲ လူငယ်မျိုးဆက်ကကြယ်တစ်ပွင့်ကဒီလိုပဲပြီးဆုံးသွားခဲ့ပြီ “

“ သူ့ရဲ့ညာဘက်လက်မောင်းပြတ်သွားတော့စိတ်ဓာတ်ကျပြီးအရှုံးပေးလိုက်တာနေမယ် “

ဆိုင်ထဲမှသိုင်းသသမားများမှာ စန်းဟုန်းလျန်အားကြည့်ကာ နှမြောခြင်း၊ စိတ်မကောင်းဖြစ်ခြင်းစသည့်ခံစားချက်မျိုးစုံဖြင့်ပြောဆိုနေကြသည်။

စန်းဟုန်းလျန်မှာ ထိုလူများကိုဂရုစိုက်ခြင်းမရှိပေ။

ခံစားချက်ကင်းမဲ့သည့်မျက်နှာ ၊ အသက်မဲ့နေသည့်မျက်ဝန်းများဖြင့် စားပွဲပေါ်တွင်ကျသင့်ငွေကိုတင်ထားလိုက်ကာ မကုန်သေးသည့်အရက်အိုးကိုဆွဲ၍ ဆိုင်အပြင်ဘက်သို့ထွက်သွားတော့သည်။

&&&&&

ဟူပေ-ကျဲလောင်နယ်ချင်းစပ်လမ်းအတိုင်း လူရိပ်နှစ်ခုပြေးလျက်ရှိသည် ။

ထိုလူရိပ်နှစ်ခုမှာ အဖြူရောင်ဝတ်စုံဝတ်လူရွယ်တစ်ယောက်နှင့် စုတ်ပြဲနေသည့်ဝတ်စုံကိုဝတ်ဆင်ထားကာ ဝါးစိမ်းတုတ်ကိုခါးကြားတွင်ထိုးထားသည့်အဖိုးအိုတစ်ဦးတို့ဖြစ်သည်။

အစွမ်းထက်ကိုယ်ဖော့ပညာများကိုအသုံးပြုလျက်ပြေးလွှားနေခြင်းဖြစ်သဖြင့် သူတို့၏ခန္တာကိုယ်များမှာ သရဲတစ္ဆေများလို လေထဲတွင်မျောလွင့်နေဟည်ဟုထင်ရကာ ရိပ်ခနဲရိပ်ခနဲဖြစ်နေသည်။

“ ငါတို့နောက်မကျပါစေနဲ့ “

အဖိူးအိုမှ တတွတ်တွတ်ရေရွတ်နေသည်။ ပုံမှန်ဆိုလျှင် ‌လွတ်လပ်ပေါ့ပါးကာ အမြဲလိုလိုပြုံးနေတတ်သည့်မျက်နှာမှာ ယခုအခါစိုးရိမ်ပူပန်မှုများရှိနေသည်။

All Chapters