← Chapters

ဝတ်ရုံနက်

Vol. 3 Ch. 282

ဝတ်ရုံနက်

Vol. 3 Ch. 282

“ အဖိုးကြီး သိပ်လည်းစိတ်မပူပါနဲ့ ကျုပ်တို့အချိန်မှီမှာပါ “

အဖြူရောင်ဝတ်စုံနှင့်လူရွယ်မှ နှစ်သိမ့်လိုက်သည်။သို့သော် ကျုံးဟွာတောင်သို့ရောက်ရန်အတော်ဝေးသေးသည့်အပြင် သူတို့၏ကိုယ်ဖော့ပညာဖြင့်ပင်သုံးနာရီခန့်သွားရပေမည်။

ယမန်နေ့ကညက

သားရဲတောအုပ်မှမြင်းစီးသမားတစ်စုထွက်လာသည်။

ထိုလူများမှာ အပေါက်အပြဲများပြည့်နှက်နေသည့်ဝတ်စုံများဖြင့် သူတောင်းစားဂိုဏ်းသားများဖြစ်ကာ စုစုပေါင်းလူငါးဆယ်ကျော်သည်။

အဆင့်လွန်သိုင်းသမားနှစ်ဆယ်နှင့် ထိပ်တန်းအဆင့်အ‌ယောက်သုံးဆယ်ကျော်။

ထိုပမာဏမှာ သူတောင်းစားဂိုဏ်း၏ထိပ်သီးသိုင်းသမားအကုန်နီးပါးဖြစ်သည်။

သူတို့ကိုဦးဆောင်လာသူမှာမူ စုတ်ပြတ်နေသည့်ဝတ်စုံဖြင့် ဝါးစိမ်းတုတ်ကိုခါးတွင်ထိုးထားသည့်အဖိုးအိုတစ်ဦးဖြစ်သည်။

ထိုလူများမှာ နှင်းငွေ့မိစ္ဆာသခင်မှ ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်သည့် ကျုံးဟွာတောင်ရှိရာသို့ဦးတည်သွားနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်လုံးလုံး သားရဲတစ်ရာတောအုပ်ထဲတွင် သူတို့သိမ်းပိုက်ထားသည့် ခရမ်းရောင်‌ညသွေးလဂိုဏ်း၏ဌာနချုပ်အနီး ခြေချင်းထပ်အောင်ရှာသော်လည်း ခရမ်းရောင်သွေးလဂိုဏ်းမှဖမ်းဆီးထားသူများကိုမတွေ့ပေ။

သူတို့အတွင်းလူ၏သတင်းအရ ဖမ်းဆီးခံထားရသူများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်တွင်ရှိသည်ဟုဆိုခဲ့သော်လည်း လုံးဝရှာ‌မတွေ့ပေ။

သားရဲတစ်ရာတောအုပ်ကြီးမှာ ကြီးမားကျယ်ပြန်လှသဖြင့် အချိန်တိုအတွင်းနှံ့စပ်အောင်ရှာဖွေရန်ကားမဖြစ်နိုင်ပေ။

ထို့အပြင် ဖမ်းဆီးခံထားရသူများမှာ မနက်ဖြန်တိုက်ပွဲအတွက်အရေးကြီးပေသည်။

နန်ကုန်း၊စီးတု၊ကောင်းယွဲ့ စသည့်သိုင်းလောကထဲမှ သီးခြားနေထိုင်သည့်ပထမတန်းစားအင်အားစုများ၏ မျိုးဆက်အားလုံးနည်းပါး ခရမ်းရောင်သွေးလဂိုဏ်း၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် နှင်းငွေ့မိစ္ဆာသခင်မှထိုအင်အားစုများအနေဖြင့် သုံးနှစ်တိတိတံခါးပိတ်မနေပါက သူဖမ်းဆီးထားသူများကိုသတ်ဖြတ်မည်ဟုလည်းအသိပေးခဲ့သည်။

ထိုဖြစ်ရပ်များမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်းလျှို့ဝှက်ဖြစ်ပွားခဲ့သည်များဖြစ်ကာ ထို့ကြောင့်လည်း ခရမ်းရောင်သွေးလဂိုဏ်းထွက်ပေါ်လာသည်နှင့် ထိုအင်အားစုများမှ တံခါးပိတ်နေသည်ဟုကြေညာခဲ့ခြင်းဖြစ်ပေသည်။

အကယ်၍ ထိုအင်အားစုများဂိုဏ်းကြီး‌ ခြောက်ဂိုဏ်းနှင့်ပူးပေါင်းပါက သူတို့၏မျိုးဆက်များသတ်ဖြတ်ခံရပေမည် ။

သို့သော် အတွင်းပိုင်းတွင် အင်အားစုခေါင်းဆောင်များမှာ သူတို့မျိုးဆက်များကိုကယ်တင်ရန်ကြိုးပမ်းနေကြကာ ထိုတာဝန်မှာ သူတောင်းစားဂိုဏ်းချုပ်ကြီး၏ခေါင်းပေါ်သို့ရောက်လာသည် ။

ထို့ကြောင့် သူသတင်းရထားသည့်အတိုင်း ပြီးခဲ့သည့်တစ်ပတ်ကခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ကာ ဖမ်းဆီးခံရသူများကိုကယ်တင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည် ။

မျှော်လင့်မထားဘဲ နှင်းငွေ့မိစ္ဆာသခင်မှ ထိုအကြောင်းများကိုကြိုတင်ရိပ်စားမိကာ ဖမ်းဆီးခံရသူများကို နေရာတစ်ခုတွင်လျှို့ဝှက်ပြောင်းရွေ့ထားဟန်တူသည် ။

သူတောင်းစားဂိုဏ်းချုပ်ကြီးစုတိချုံးမှာ ယခုအချိန်အထိ ဖမ်းဆီးခံထားရသူများသတင်းကိုမရသည့်အပြင် သူတို့၏အတွင်းလူနှင့်ပါအဆက်အသွယ်ပြတ်သွားခဲ့ပြီဖြစ်သည် ။

ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ခြင်းမရှိပါက ထိပ်တန်းအင်အားစုခေါင်းဆောင်များမှာ မနက်ဖြန်တိုက်ပွဲတွင်ပါဝင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် စုတိချုံးမှာ အစွမ်းကုန်ကြိုးပမ်းရှာဖွေခဲ့သော်လည်း မတတ်နိုင်သည့်အဆုံးလက်လျော့ကာ ကျုံးဟွာတောင်သို့လာခဲ့ခြင်းဖြစ်သည် ။

“ ဟီး...... “

စုတိချုံး၏မြင်းမှာ ကျယ်လောင်စွာမည်လျက်ရပ်တန့်သွားသည် ။ သူတို့၏လမ်းတွင်လူတစ်‌ယောက်ရပ်နေသည် ။

အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ခေါင်းစွပ်နက်စွပ်ထားသည့်လူတစ်ယောက် ။

ထိုလူမှာ လက်နောက်ပစ်၍‌အေးအေးဆေးဆေးရပ်နေကာ လက်နက်တစ်စုံတစ်ရာမပါပေ။ သူ၏ပုံစံမှာ အပျော်လရီးထွက်လာသည့်နှယ် အေးချမ်းလှသည်။

သို့သော် ထိုလူ၏ခန္တာကိုယ်မှခန့်မှန်းမရသည့်အငွေ့အသက်များထွက်ပေါ်လျက်ရှိကာ မြင်တွေ့ရသလိုရိုးရှင်းသူမဟုတ်မှန်းပြောနိုင်သည်။

“ မိတ်ဆွေ ကျုပ်တို့လမ်းကိုဘာကြောင့်ပိတ်ရပ်တာလဲ “

စုတိချုံးမှ လက်သီးတစ်ဖက်ဆုပ်၍ဂါရဝပြုရင်းမေးလိုက်သည်။

ထိုလူမှလရောင်အောက်တွင်တလက်လက်တောက်ပနေသည့်မျက်လုံးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

“ သူတောင်းစားဂိုဏ်းချုပ်ကြီး ကျုပ်ခင်ဗျားကိုကူညီမလို့ပါ “

သူ၏အသံမှာ အက်ရှရှဖြင့်ဖြစ်ကာ ယောင်္ကျား၊မိန်းမခွဲခြားမရဘဲ အသံဖျက်ပြောဟန်တူသည် ။

စုတိချုံးမှာ ထိုလူ၏စကားကြောင့်စိတ်ရှုပ်ထွေးသွားသော်လည်း ယဉ်ကျေးစွာပင်ပြန်၍မေးလိုက်သည်။

“ မိတ်ဆွေကဘယ်သူလဲ ဘာကြောင့်ကျုပ်တို့ကိုကူညီတာလဲ “

စုတိချုံးမှာ ထိုလူကိုအနည်းငယ်သံသယဖြစ်နေသေးသည်။

“ ဟားးဟားး ကျုပ်ရဲ့နောက်ကိုလိုက်ဖို့အရည်အချင်းပြည့်မှီရင် ဖမ်းဆီးခံထားရတဲ့လူတွေရှိတဲ့နေရာကိုပြောပြမယ် “

“ နေဦး “

စုတိချုံး၏တားမြစ်စကားကို မကြားဟန်ပြုကာ အနက်ရောင်ဝတ်ရုံနှင့်လူမှာ စကားဆုံးသည်နှင့်အရိပ်တစ်ခုလိုပျောက်ကွယ်သွားသည်။

“ ငါတို့သူ့နောက်ကိုလိုက်သွားမယ် ကျုံးဟွာတောင်ကိုအရင်သွားနှင့် “

စုတိချုံးမှ သူ၏ဂိုဏ်းသားများကိုအမိန့်ပေးလိုက်သည်။ အနက်ရောင်ဝတ်ရုံဖြင့်လူ၏စကားမှာ အမှန်ဟုမပြောနိုင်သော်လည်း ကောက်ရိုးတစ်မျှင်ဆိုလျှင်ပင် ဖမ်းဆုပ်ရမည်ဖြစ်သည်။

“ သွားမယ် “

စုတိချုံးနှင့်အဖြူရောင်ဝတ်စုံနှင့်လူမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏မြင်းပေါ်မှခုန်ထွက်၍ အနက်ရောင်ဝတ်ရုံနှင့်လူ၏နောက်သို့‌မီးခိုးတန်းလိုပြေးထွက်သွားကြသည်။

“ ဝှစ် ဝှစ် “

ခန္တာကိုယ်သုံးခုမှာ တောနက်ထဲတွင်ရှေ့ဆင့်နောက်ဆင့်ပြေးလွှားနေသည်။

သူတို့၏ကိုယ်ဖော့ပညာများမှာ အဆင့်မြင့်လှသဖြင့် ရှေ့ဆုံးမှအနက်ရောင်အရိပ်၊ အလယ်မှအဖြူရောင်အရိပ်နှင့် နောက်ဆုံးမှမီးခိုးရောင်အရိပ်ကိုသာတွေ့နိုင်သည် ။

သစ်ပင်ကြီးငယ်များကိုလျှင်မြန်စွာကျော်ဖြတ်လာပြီးတောနက်ထဲသို့ပြန်ရောက်လာသည်။

အနက်အနက်ရောင်ဝတ်ရုံဖြင့်လူမှာ ရှေ့ဆုံးမှဖြစ်ကာ သူ၏နောက်ဝါးတစ်ရိုက်အကွာတွင်အဖြူရောင်ဝတ်ရုံဖြင့်လူရွယ်ရှိနေသည်။

အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ထိုလူရွယ်မှာ စုတိချူံထက်ကိုယ်ဖော့ပညာပိုကောင်းနေရုံသာမက အနက်ရောင်ဝတ်ရုံဖြင့်လူထက်ပင်အနည်းငယ်သာနိမ့်ကျသည်။

စုတိချုံးမှာမူ သူ၏ရှေ့မှအဖြူရောင်ဝတ်ရုံဖြင့်လူရွယ်၏နောက်ကျောကိုသာမြင်ရကာ နောက်တွင်ပြတ်ကျန်မနေရန်ကြိုးစားနေရသည်။

ရုတ်တရက် အနက်ရောင်ဝတ်ရုံဖြင့်လူမှာ တိခနဲရပ်လိုက်သည်။

အဖြူရောင်ဝတ်စုံဖြင့်လူနှင့်စုတိချူံတို့လည်း ထိုလူနှင့်မလှမ်းမကမ်းတွင်ရပ်ကာ သတိဖြင့်စောင့်ကြည့်နေလိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် အနက်ရောင်ဝတ်ရုံဖြင့်လူ၏ကိုယ်ဖော့ပညာကိုလွန်စွာအံ့အားသင့်နေသည်။

“ သူတောင်းစားဂိုဏ်းချုပ်ကြီးနဲ့ တိမ်နဂါးယွင်ဖေးတို့က နာမည်နဲ့လိုက်အောင်ထူးချွန်တာပဲ လေးစားပါတယ် “

အနက်ရောင်ဝတ်ရုံဖြင့်လူမှ လက်သီးတစ်ဖက်ဆုပ်ကာဂါရဝပြုလိုက်သည် ။

“ မခံယူဝံ့ပါဘူး မိတ်ဆွေရဲ့ကိုယ်ဖော့ပညာနဲ့ယှဉ်ရင်ကျုပ်တို့ကစကားထဲထည့်ပြောဖို့တောင်မထိုက်တန်ပါဘူး။ ဒါပေမယ့် မိတ်ဆွေကဲ့အကြောင်းကို သိုင်းလောကထဲမှာဘာဖြစ်လို့မကြားမိတာလဲ “

စုတိချုံးမှ ပြန်၍ဂါရဝပြုရင်း တစ်ဖက်လူ၏ဇာတ်မြစ်ကိုအစ်အောက်လိုက်သည်။

အနက်ရောင်ဝတ်ရုံဖြင့်လူမှာ စုတိချုံး၏ရည်ရွယ်ချက်ကိုရိပ်မိသည် ။

“ ကျုပ်က ကျော်ကြားတဲ့လူတစ်ယောက်မဟုတ်ပါဘူး ။။ကျုပ်နာမည်ကိုမိတ်ဆွေကြီးလို့ပဲမှတ်ထားပါ။

ဒီကနေအရှေ့ဘက်စူးစူးငါးမိုက်အကွာမှာ ဖုံးကွယ်ထားတဲ့ချိုင့်ဝှမ်းရှိတယ်။ အဲဒီမှာ ဖမ်းဆီးထားတဲ့လူတွေကိုဝှက်ထားတယ် ။

အစောင့်တွေဖြစ်တဲ့ အဆင့်လွန်သိုင်းသမားဆယ်ယောက်ကိုတော့ ဂိုဏ်းချုပ်ကြီးကိုင်တွယ်နိုင်မှာပါ “

အနက်ရောင်ဝတ်ရုံဖြင့်လူမှ သူ၏စကားဆုံးသည်နှင့် သစ်ပင်ကြီးတစ်ပင်ထက်သို့ပေါ့ပါးစွာခုန်တတ်လိုက်သည် ။

တိမ်နဂါးယွင်ဖေးလည်းအနက်ရောင်ဝတ်ရုံဖြင့်လူစနောက်မှထပ်ကြပ်မကွာလိုက်သွားသည် ။

ထို့နောက် သူတို့နှစ်ဦးမှာ သစ်ပင်ကြီးများ၏ထိပ်ဖျားများဆီမှခုန်ကူးကာ လျှင်မြန်စွာပျောက်ကွယ်သွားသည်။

စုတိချုံးမှာမူ သူ၏ကိုယ်ဖော့ပညာမှာ ကျန်နှစ်ယောင်ထက်နိမ့်ကျသည်ကိုသိသည့်အတွက် ထိုနေရာတွင်သာကျန်ခဲ့သည်။

အချိန်အနည်းငယ်အတွင်းရှုံ့မဲ့နေသည့်မျက်နှာဖြင့်ယွင်ဖေးပြန်ရောက်လာသည်။

“ ဟားဟား မင်းလိုက်မမီဘူးမဟုတ်လား “

စုတိချုံး၏မေးခွန်းကိုယွင်ဖေးမှခေါင်းညိမ့်ပြကာ အနည်းငယ်ထိန်လန့်ဟန်ဖြင့်ပြောလိုက်သည်။

“ တကယ်ကြောက်စရာကောင်းတဲ့လူပဲ ခဏအတွင်းမှာ မျက်ချေဖြတ်သွားတယ်။ သူသာစောရအလုပ်ကိုလုပ်မယ်ဆိုရင် နံပါတ်တစ်စောရဆိုတဲ့ကျုပ်မျက်မှာ ဓားနဲ့လှီးပစ်ဖို့ပဲရှိတော့တယ် “

&&&&

“ လူ့ဂွစာကြီးဘာဖြစ်လို့ သိုင်း‌လောကထဲဆင်းလာတာလဲ “

ထင်းရှီနှင့်မုချန်းမှာ ကျုံးဟွာတောင်ရှိရာသို့ ကိုယ်ဖော့ပညာသုံး၍ပြေးလွှားနေကြသည်။

ထင်းရှီ၏မေးခွန်းကြောင့်မုချန်း၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များပေါ်ထွက်လာသည် ။

“ ငါ့ရဲ့အစ်ကိုကြီးလုပ်ကြံခံရတယ် “

သူ၏စကားကြောင့်ထင်းရှီမှာ ထိတ်လန့်တုန်လှုပ်သွားသည်။

“ ဘယ်လို ဝူတန်းဂိုဏ်းချုပ်ကြီးလုပ်ကြံခံရတာလား အခြေအနေဘယ်လိုနေလဲ “

ထင်းရှီမှာ ဝူတန်းဂိုဏ်းသားတစ်ယောက်မဟုတ်သော်လည်း ကျန်းချန်းဟောင်မှာ သူ၏ဆရာတစ်ပိုင်းဖြစ်သည့်အပြင် ဝူတန်းတွင်နှစ်နှစ်ခန့်နေခဲ့သဖြင့် ဝူတန်းမှာ သူ့အပေါ်တွင်ကျေးဇူးများစွာရှိသည်ဟုပြော၍ရသည်။

ထင်းရှီ၏စိုးရိမ်သည့်လေသံကြောင့် မုချန်းလည်းခေါင်းညိမ့်ကာပြောလိုက်သည်။

“ ချန်းရှောက်အချိန်မီသိသွားလို့ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိပါဘူး ။ ဒါပေမယ့် လုပ်ကြံတဲ့လူက ချန်းရှောက်ကိုတောင် ဒဏ်ရာအပြင်းအထ်ရအောင်တိုက်ခိုက်နိုင်တယ် “

မုချန်းမှအံကြိတ်ကာပြောလိုက်သည်။ သူ၏လေသံမှာ အေးစက်တင်းမာနေကာ လူသတ်ငွေ့များဖြာထွက်နေသည်။

All Chapters