ရာနှင့်ချီသည့် ထိပ်သီးများ
Vol. 3 Ch. 283
“ သူကဘယ်သူလဲ အကြီးအကဲချန်းရှောက်ကိုတောင်ဒဏ်ရာအပြင်းအထန်ရအောင်တိုက်ခိုက်နိုင်တာ “
ထင်းရှီမှ အနည်းငယ်အံ့အားသင့်သည့်လေသံဖြင့်မေးလိုက်သည်။
လွန်ခဲ့သည့်နှစ်နှစ်ကျော်က ဝူတန်းဂိုဏ်း၏မြေကွက်လပ်တွက်အကြီးအကဲချန်းရှောင်နှင့်လက်ရည်စမ်းတိုက်ဖူးသဖြင့် အကြီးအကဲချန်းရှေညက်စအရည်အချင်းကိုကောင်းစွာသိသည်။
အကြီးအကဲချန်းရှောက်၏ဓာတ်ကြီးငါးပါးဓားသိုင်းမှာ ထူးဆန်းကာအစွမ်းထက်ပြီး နှစ်နှစ်ကြာပြီးနောက် သိုင်းဝိဇ္ဇာအဆင့်များကိုပင်တိုက်ခိုက်နိုင်သည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။
“ သူကဝူတန်းဂိုဏ်းကသစ္စာဖောက်ပထမအကြီးအကဲပဲ “
မုချန်းမှ အံကြိတ်ကာအေးစက်စက်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် ထင်းရှီလည်း သက်ပြင်းတစ်ချက်ချမိသည် ။
ဝူတန်းဂိုဏ်းချုပ်ကြီးလိုအဆင့်မျိုးအား လုပ်ကြံနိုင်သူမှာ သူနှင့်ရင်းနှီးသူဖြစ်ရပေမည်။
ထို့အပြင် အကြီးအကဲချန်းရှောက်ကိုဒဏ်ရာအပြင်းအထန်ရအောင်တိုက်ခိုက်နိုင်သူမှာ ဝူတန်းတွင် အဖိုးအိုကျန်းချန်းဟောင်မှအပ သုံးယောက်သာရှိသည် ။
ထိုသုံးယောက်ထဲတွင် ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံကိုနားလည်ထားသည့် ပထမအကြီးအကဲပါဝင်ကာ လွန်ခဲ့သည့်နှစ်နှစ်ကပင် ထင်းရှီတွေ့ဆုံဖူးသည်။
မုချန်းမှ တင်းမာခတ်ထန်နေသည့်လေသံဖြင့်ဆက်၍ပြောလိုက်သည်။
“ သူကခရမ်းရောင်သွေးလဂိုဏ်းကဓားဘုရင်ဆိုတာပဲ။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကငါတို့တိုက်ခိုက်ခဲ့သေးတယ်။။
အဲဒီအချိန်တုန်းက သူ့ရဲ့ဇာတ်မြစ်ကိုဖုံးကွယ်ဖို့သူ့ရဲ့အကောင်းဆုံးသိုင်းပညာဖြစ်တဲ့ ထိုက်ကျိဓားသိုင်းကိုအသုံးမပြုခဲ့ဘူး ။
ဒါကြောင့်လည်း ငါအဲဒီတုန်းကလွယ်လွယ်ကူကူအနိုင်ရခဲ့တာ “
မုချန်း၏စကားကြောင့်ထင်းရှီလည်းပင့်သက်ရှိုက်လိုက်မိသည် ။
ဝူတန်းမှပထမအကြီးအကဲလိုလူစားမျိုးကို သစ္စာဖောက်အောင်စွမ်းဆောင်နိုင်သည့် နှင်းငွေ့မိစ္ဆာသခင်မှာ မည်သို့သောလူမျိူးဖြစ်သနည်း။
ထင်းရှီမှာ နှင်းငွေ့မိစ္ဆာသခင်ကိုတစ်ခါမှမမြင်ဖူးသည့်အတွက် မည်မျှအားကောင်းသည် မသိသော်လည်း သိုင်းလောကထဲတွင်ထွက်ပေါ်သည့်သတင်းများအရ သူ့ထက်ကျိန်းသေပို၍အားကောင်းပေမည်။
ကြည့်ရသည်မှာ သူ၏ကြိုတင်ပြင်ဆင်ထားမှုများအလကားဖြစ်တော့မည့်ပုံမရပေ။
ထို့နောက်တွင် မုချန်းနှင့်ထင်းရှီတို့လည်း စကားစဖြတ်ကာ သူတို့၏အရှိန်ကိုမြှင့်တင်လိုက်သည်။
&&&&
ကျုံးဟွာတောင်
ကျဲလောင်ပြည်နယ်ထဲတွင်ပါဝင်သော်လည်း ဟူပေနယ်နှင့်ကျဲလောင်နယ်၏အစပ်တွင်ဖြစ်သည်။
စင်စစ် ကျုံးဟွာတောင်မှာ မက်စောက်မြင့်မားသည့်ကျောက်တောင်တစ်ခုဖြစ်ကာ တောင်ထိပ်မှာ ပြန့်ပြူးကာ သစ်ပင်ကြီးများအနည်းငယ်သာပေါက်ရောက်ပေသည်။
ကျုံးဟွာတောင်ကြီးမှာ အနီးအနားမိုင်အနည်းငယ်အကွညမှပင်မြင်ရကာ လွန်စွာမြင့်မားပေသည်။ တောင်ပေါ်သို့တက်ရန်လမ်းမှာလည်း ခက်ခဲကြမ်းတမ်းကာ သာမန်လူများအဖို့လုံးဝရောက်နိုင်ရန်ခက်ခဲသည့်နေရာဖြစ်သည်။
သိုင်းသမားတိုင်းပင် တောင်ပေါ်သို့တတ်ရန်မဖြစ်နိုင်ဘဲ အဆင့်လွန်သိုင်းသမားအထက်နှင့်ကိုယ်ဖော့ပညာမြင့်မားသည့်ထိပ်တန်းအဆင့်သိုင်းသမားများသာတောင်ထိပ်ပေါ်အထိတက်နိုင်သည်။
ယခုမူ ကျုံးဟွာတောင်ထိပ် ခြံဝန်းကြီးတစ်ခုစာပြန့်ပြူးကျယ်ဝန်းသည့်နေရာတွင်သိုင်းသမားလေးရာထက်မနည်းရောက်ရှိနေကြသည် ။
ထိုလူများထဲတွင် နှစ်ရာကျော်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းသမားများဖြစ်ကာ ကျန်တစ်ဝက်ခန့်မှာ တစ်ကိုယ်တော်သိုင်းသမားများနှင့် ဂိုဏ်းအဖွဲ့များ၊ အခြားဒေသများမှလူများဖြစ်ကြသည်။
ထိုလူဦးရေမှာ စန်နုန်ကျစိန်ခေါ်ပွဲကိုရောက်လာသူများထက်လျော့နည်းသော်လည်း တစ်ခုသိထားရမည်မှာ တောင်ပေါ်သို့တတ်နိုင်သူတိုင်းမှာ အဆင့်လွန်သိုင်းသမားများနှင့် ထိပ်တန်းလွန်သိုင်းသမားများဖြစ်ကြသည် ။ သိုင်းဝိဇ္ဇာအဆင့်များကိုပင်တွေ့နိုင်သည်။
ထို့ကြောင့် တောင်ပေါ်တွင်သိုင်းပညာမြင့်မားသူများသာစုရုံးနေကြခြင်းဖြစ်ကာ စန်နုန်ကျစိန်ခေါ်ပွဲထက်များစွာအဆင့်မြင့်မားပေသည်။
နှင်းငွေ့မိစ္တာသခင်ကား ယခုအချိန်အထိထွက်ပေါ်မလာသေးပေ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှထိပ်သီးများမှာ တည်ကြည်သည့်မျက်နှာဖြင့်ရှိနေကြကာ ဂိုဏ်းသားများမှာမူ တင်းမာခတ်ထန်နေကြသည်။
ပြီးခဲ့သည့်ရက်များက ခရမ်းရောင်သွေးလဂိုဏ်း၏ကျူးကျော်မှုတွင် ဂိုဏ်းကြီးသုံးခုမှများစွာဆုံးရှုံးခဲ့ကာ သူတို့၏ညီနောင်များစွာသေဆုံးခဲ့ရသည် ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ ဂိုဏ်းသားများမှာ အခခဲမကျေကြဘဲ ခရမ်းရောင်သွေးလဂိုဏ်းကို လက်စားချေရန်ကြိုးပမ်းကြမည်မှာ မေးခွန်းထုတ်နေစရာပင်မလိုပေ။
မည်သို့ပင်ဖြစ်စေ ယခုတိုက်ပွဲမှာ များစွာကြီးကျယ်ခမ်းနားမည်ဖြစ်ကာ သွေးချောင်းစီးမည်မှာ သေချာလှသည် ။
ရှောင်လင်ဂိုဏ်း
ရှောင်လင်ကျောင်းမှ ဘုန်းကြီးအပါးသုံးဆယ်ကျော်သာရောက်လာသည် ။
ထိုအထဲမှ ခန္တာကိုယ်တစ်ခုလုံး ကြေးနီရောင်တောက်နေသည့် ဘုန်းကြိးဆယ့်ရှစ်ယောက်မှာ ထိပ်တန်းလွန်သိုင်းသမားများသာဖြစ်ကြသော်လည်း နာမည်ကျော်ကြေးလူရုပ်ဆယ့်ရှစ်ယောက်ဖြစ်သည် ။
သူတို့၏ခေါင်းဆောင် ဗုဒ္ဓလက်ဝါးကိုယ်တော်လည်းပါကာ စန်နုန်ကျစိန်ခေါ်ပွဲကရရှိခဲ့သည့်အတွင်းဒဏ်ရာများပျောက်ကင်းပြီးသည့်ပုံရသည် ။
အခြားဘုန်းကြီးဆယ်ကိုးပါးမှာမူ သာမန်သွင်ပြင်သာရှိသော်လည်း သူတို့ထဲမှဆယ့်ရှစ်ယောက်မှာ တုတ်ရှည်ကိုယ်စီကိုင်ထားကာ ခေါင်းဆောင်ဘုန်းကြီးအိုကြီးမှာမူ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သည်။
ဂိုဏ်းကြီးငါးဂိုဏ်းများထိပ်သီးတိုင်းမှာ ထိုဘုန်းကြီးကို ဂါရဝပြုကြပြီး သိုင်းလောကသားအချို့သည်လည်းထိုဘုန်းကြီးမည်သူမည်ဝါဖြစ်သည်ကို ရိပ်စားမိသည်။
လောဟန်အဆောင်မှူး
သိုင်းလောကထဲသို့ထွက်ခဲသည့်လောဟန်အဆောင်မှူးဆရာတော်ဖြစ်သည်။
ဝူတန်းဂိုဏ်းကိုမူ အကြီးအကဲတစ်ယောက်သာဦးဆောင်လာကာတပည့်ငါးဆယ်ကျော်ပါသည်။
ခွန်လွန်၊ဝါဆန်းနှင့်အော့မေ့ဂိုဏ်းသားများမှာ အယောက်နှစ်ဆယ်စီသာပါသော်လည်း ထိုလူများအားလုံးမှာ အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။
သူတောင်းစားဂိုဏ်းမှာ ရောက်ရှိနေသူများထဲတွင်အင်အားအများဆုံးဖြစ်ကာ ထိပ်သီးငါးဆယ်ကျော်သည် ။ သူတို့၏ဂိုဏ်းချုပ် လေလွင့်တေလစုတိချုံးကိုမူ မတွေ့မြင်ရသေးပေ။
ခြုံ၍ဆိုရလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာဂိုဏ်းသားနှစ်ရာနီးပါးရှိကာ ထိုလူများမှာလည်းအဆင့်လွန်သိုင်းသမားများနှင်က ထိပ်တန်းလွန်အဆင့်များသာဖြစ်သည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှသုံးခုမှာ အင်အားလျော့နည်းနေသော်လည်း သူတို့၏အင်အားမှာ ထိတ်လန့်ဖွယ်ဖြစ်ကာ အလယ်ပိုင်းသိုင်းလောက၏ခေါင်းဆောင်နေရာနှင့်ထိုက်တန်ပေသည်။
ထိုအချိန်တွင်အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ခုမှာ တောင်ပေါ်သို့ဖြေးညင်းစွာတက်လာသည်။
ထိုလူရိပ်မှာ သူ၏မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့်ဖုံးကွယ်ထားကာ လက်နောက်ပစ်၍ဂိုဏ်းကြီးခြောက်ဂိုဏ်းကို မောက်မာဝံ့ကြွားဟန်ဖြင့်ကြည့်နေသည်။
မျက်နှာဖုံးစွပ်မှာ သိုင်းပညာမြင့်မားသည့်လူများစွာ၏ရှေ့တွင်ရောက်နေသည်ပင် အေးအေးဆေးဆေးရှိလှကာ ထိုလူအားလုံးကို မျက်စေ့ထဲထည့်ထားပုံမပေါ်ပေ။
ထိုလူကိုမြင်သည်နှင့်သိုင်းလောကသားများမှာ တိတ်ဆိတ်သွားကာ အံ့သြထိတ်လန့်သွားကြသည် ။
“ နှင်းငွေ့မိစ္ဆာသခင် “
မျက်နှာဖုံးစွပ်နှင့်လူမှာ စန်နုန်ကျတွင်ဂိုဏ်းကြီးငါးဂိုဏ်းကိုအနိုင်ယူခဲ့သည့် နှင်းငွေ့မိစ္ဆာသခင်ဖြစ်သည်။
ယခင်ကစန်နုန်ကျစိန်ခေါ်ပွဲသို့တပည့်နှစ်ယောက်သာခေါ်ကာလာခဲ့သော်လည်းယခုအခါတွင်မူ တြိက်ပွဲကြီးဖြစ်မည်ကိုကြိုတင်သိရှိနေသည့်အတွက် သူတစ်ဦးထဲမဟုတ်တော့ပေ။
အနက်ရောင်ဝတ်စုံဝတ်ကာ ခပ်ပြုံးပြုံးမျက်နှာဖြင့် လူရွယ်တစ်ယောက်နှင့်အပေါ်ပိုင်းဗလာကျင်းထားသည့်လူဘီလူးကြီးတစ်ယောက်နှင့် ခရမ်းရောင်ဝတ်စုံဝတ်မျက်နှာဖုံးစွပ်တစ်ယောက် တို့ထွက်ပေါ်လာသည် ။
“ အမှောင်လက်ဝါးဝမ်းတ ၊ သံမဏိဘုရင် ဓားဘုရင် “
သိုင်းလောကသားများမှာ ကျော်ကြားလှသည့်ထိုသုံးယောက်ကိုစူးစိုက်ကြည့်နေကြသည်။
သူတို့၏နောက်တွင် အနက်ရောင်ဝတ်စုံဝတ်လူရွယ်သုံးဆယ် ၊ သန်မာထွားကြိုင်းသည့်လူနှစ်ဆယ် ၊ ခရမ်းရောင်ဝတ်စုံဝတ်မျက်နှာဖုံးစွပ်လေးဆယ်တို့ပါဝင်သည် ။
အနက်ရောင်ဝတ်စုံနှင့်လူငယ်များမှာ အသက်သုံးဆယ်မကျော်သေးသော်လည်း သူတို့၏ခန္တာကိုယ်မှကြောက်မက်ဖွယ်အငွေ့အသက်များထွက်ပေါ်နေကာ တောင်ပေါ်ရှိလူအများစုထက်မနိမ့်ကျပေ။
ထိုလူငယ်များမှာ အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။
သန်မာထွားကြိုင်းသည့်လူနှစ်ဆယ်မှာမူ သံမဏိဘုရင်၏လက်အောက်မှဖြစ်ဟန်တူကာ သူတို့၏ခန္တာကိုယ်များမှာ တောင့်တင်းကြံ့ခိုင်လှသည်။
ထိုလူအားလုံးပြင်းထန်သည့်ခန္တာကိုယ်ကျင့်စဉ်များလေ့ကျင့်ထားကြမည်မှာ မေးနေစရာပင်မလိုပေ။
လူနှစ်ရာကျော်ကိုမဟာနတ်ဆိုးခန္တာကိုယ်ကျင့်စဉ်လေ့ကျင့်ခိုင်းခဲ့ပြီး လူနှစ်ဆယ်ကျော်သာအောင်မြင်ကာ ကျန်လူအားလုံးမှာ ကျင့်စဉ်၏ဘေးထွက်ဆိုးကျိုးကြောင့်သေဆုံးသွားသည်ကို နှင်းငွေ့မိစ္တာသခင်နှင့် သံမဏိဘုရင်သာသိပေသည်။
ခရမ်းရောင်ဝတ်စုံနှင့်လူများ၏အင်္ကျီရင်ဘက်တွင်လခြမ်းသဏ္ဍာန်သုံးခုစီပါကာ သူတို့အားလုံးခရမ်းရောင်သွေးလဂိုဏ်းမှအဆင့်မြင့်ဂိုဏ်းသားများဖြစ်ကြသည် ။
အံ့ဩဖွယ်ကောင်းလောက်အောင် ဂိုဏ်းကြီးသုံးဂိုဏ်းကို တိုက်ခိုက်ပြီးသည့်တိုင် ခရမ်းရောင်သွေးလဂိုဏ်း၏အင်အားမှာ မနိမ့်ကျသေးဘဲ အဆင့်မြင့်ဂိုဏ်းသားများစွာကျန်ရှိနေသေးသည်
သိသိသာသာပင် ယခုတစ်ကြိမ် ခရမ်းရောင်သွေးလဂိုဏ်းမှာ သူတို့၏အင်အားအလုံးစုံအသုံးပြုထားခြင်းဖြစ်ကာ သွေးလွှမ်းသည့်တိုက်ပွဲကိုရှောင်လွှဲလိုလျှင်ပင် ဖြစ်နိုင်တော့မည့်ပုံမရပေ။