← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

“ဒီနေ့ ရိုးရိုးပန်ကိတ်မုန့်ပဲစားရမှာ.. မင်းရဲ့မရီး စားချင်နေလို့”

“ဒါဆို မရီး.. ငါးကြင်းစတူးချက် ဘယ်တော့စားမှာလဲ.. အိမ်မှာ အေးခဲထားတဲ့ငါးကြင်းတစ်ကောင်ရှိသေးတယ်လေ”

“မင်းကရော မင်းရဲ့မရီးက ဘယ်အချိန်လောက်ကိုစားချင်မယ်လို့ထင်လဲ?”

ဆုဆု ပြုံးပြီး စနောက်လိုက်တယ်။

“မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် စားချင်မယ်လို့ထင်တယ်”

လင်းကျင်းကလည်း ဆုဆုက စနောက်နေမှန်းကိုသိတာကြောင့် ရယ်ရင်နဲ့ပြောလာတယ်။  ရလဒ်အနေနဲ့ သူ့ရဲ့ခေါင်းအနောက်ဘက်ကို အပုတ်ခံလိုက်ရလေတယ်။

“ငါကတော့  မင်းအရိုက်ခံချင်တယ်လို့ထင်တယ်”

လင်းချွမ် ပေါ့ပါးတဲ့ လေသံဖြင့် ပြောလာတယ်။

လင်းကျင်း သူ့ရဲ့လျှာကို ထုတ်လိုက်ပြီး လှည့်ပြေးသွားတော့တယ်။

အမေလင်း: “ရှောင်စစ်*က ပိုပိုပြီးအသားယားလာတယ်.. မင်းက သူတို့ကို အလိုလိုက်ထားတာပဲ”

(T/n_ လေးယောက်မြောက်လေး)

ဆုဆု: “တက်ကြွနေတာက  ပိုကောင်းပါတယ်”

ဒီကလေးရဲ့အသက်က ဘယ်လောက်မို့လို့လ။

“မင်း သူတို့ကို သိပ်ပြီး အလိုမလိုက်နဲ့.. သူတို့က မင်းရဲ့အရေပြားကို တက်နင်းလာလိမ့်မယ်”

“အဆင်ပြေပါတယ်.. သူတို့တွေက ကျွန်မရဲ့ မောင်လေးတွေပဲလေ.. အလိုလိုက်တာက ဘာမှမဖြစ်ပါဘူး”

“မင်းက သူတို့ရဲ့ မရီးအကြီးဆုံးပဲ.. တကယ်လို့သူတို့တွေ ဆိုးသွန်းလာရင် သူတို့ကိုရိုက်လို့ရတယ်”

လင်းချွမ်ကတော့ အရိုက်ခံရဖို့တောင်းဆိုနေတဲ့ ညီဖြစ်သူတွေအတွက် လုံးဝကို မယဥ်ကျေးနေခဲ့ဘူး။

ဆုဆု ရယ်ရမလား ငိုရမလား မသိတော့ဘူး။

“ကျွန်မ အာလူးကိုအတုံးလေးတွေ ဖြတ်မလို့.. ရှင် သင်ပေးမှာလား”

“ကိုယ်လုပ်လိုက်မယ်”

“ကျွန်မ  သင်ချင်တယ်လေ”

“မင်း တခြားဟာကိုပဲ သင်လိုက်လေ”

“ဘာလို့လဲ?”

“ကိုယ် ဖြတ်လိုက်မယ်”

လင်းချွမ်က ဆုဆုကို ဘေးသို့ ဖယ်ခိုင်းလိုက်ပြီး အာလူးတွေကို ဖြတ်တောက်ဖို့အတွက်  စဥ့်တီတုံးပေါ်ကိုတင်လိုက်တယ်။

ထို့နောက်မှာတော့ ဆုဆုတစ်ယောက် လင်းချွမ်လှီးဖြတ်နေတဲ့ အာလူးတွေက အလွန်ပါးလွှာပြီး လုံးဝတညီတညာတည်း ပါးလွှာနေတာဖြစ်ကြောင်းကို သတိပြုမိသွားရတယ်။ နောက်ထပ် ထပ်မံလှီးဖြတ်တဲ့အပြားလေးတွေကလည်း အရင်တုန်းကအပြားတွေကို ကော်ပီပွားထားသလိုမျိုး တစ်ထပ်တည်း ညီညီညာညာလေးတွေဖြစ်နေတုန်းပဲ။

“အရမ်းမိုက်တာပဲ .. ရှင်ဘယ်လိုလုပ် ဒီလောက်တောင်တော်နေရတာလဲ”

ဆုဆု အာလူးအပြားလေးတွေကို ကိုင်ရင်း အံ့သြစွာပြောလိုက်တယ်။

“...”

ဒါဘာများ အံ့သြစရာကောင်းလို့လဲ? လင်းချွမ် စိတ်ထဲကနေ သဘောမတူစွာတွေးနေခဲ့ပေမဲ့လည်း သူ့ဇနီးလေးရဲ့ ထိုကဲ့သို့ ချီးကျူးစကားကြောင့် အနည်းငယ် ရှက်သွားသလို ခံစားရတယ်။ ဒါကြောင့် အသာ ပြန်လည် ငြင်းဆန်လိုက်တယ်။

“မခက်ပါဘူး”

“ကျွန်မဆို ဘယ်လိုဖြတ်ရမလဲဆိုတာတောင်မသိဘူး”

ဆုဆု ဘေးမှထိုင်ကြည့်နေရင်းနဲ့ လင်းချွမ်ရဲ့စကားကိုကြားလိုက်ရတယာ။

“ကိုယ့်အတွက် ရေအေးတစ်ခွက်လောက် ပေးပါဦး”

“ကောင်းပြီ”

ဆုဆု ဘော့စ်ရဲ့စကားအတိုင်းချက်ချင်းယူပေးလိုက်တော့ လင်းချွမ်က ထိုရေအေးတွေကို လှီးဖြတ်ထားတဲ့အာလူးတွေထဲကို ရေအေးလောင်းထည့်ပြီး မွှေလိုက်တယ်။

“တစ်ခါတည်း မဆေးဘူးလား?”

“မဆေးဘူး..  အထဲမှာ စိမ်ထားမှ ကြော်တဲ့အချိန်မှာ အာလူးခြစ်ကြော်တွေက ကြွပ်ကြွပ်လေး ဖြစ်နေမှာ”

လင်းချွမ်က လှီးဖြတ်ရင်း သင်ပေးလိုက်တယ်။

ဆုဆု:  “ကျွန်မ ကြော်တဲ့ အာလူးကြော်တွေက အိုးမှာ အမြဲတမ်း ကပ်သွားတာ အံ့သြစရာမဟုတ်တော့ဘူး.. အဲဒါကြောင့်ဖြစ်လိမ့်မယ်”

လင်းချွမ်ရဲ့ ပါးစပ်ထောင့်တွေက အနည်းငယ် မြောက်တက်သွားကာ ထပ်မံ လှီးဖြတ်နေခဲ့တယ်။  ဒါပေမယ့် သူက ထပ်ပြောလာခဲ့တယ်။

“နောက်ကျရင် မင်းစားချင်တဲ့အချိန် အမေ့ကို လုပ်ခိုင်းလိုက်ပါ..  ဒါပေမယ့် အာလူးကိုမင်းကိုယ်တိုင် မဖြတ်နဲ့နော် မင်းရဲ့လက်ကို ထိမိသွားလိမ့်မယ်”

“ကျွန်မ ဖြည်းဖြည်းလုပ်လို့ရတယ်”

“မင်း အာလူးကြော်ကိုထိုင်စားနေတာပဲ ပိုကောင်းလိမ့်မယ်”

ဆုဆု သူ့ကို စိုက်ကြည့်ပြီး ခါးကို လိမ်ဆွဲလိုက်တယ်။

ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့ခါးကို ပေါ့ပေါ့ဆဆ မထိရဘူးဆိုတဲ့အကြောင်းကို သူမ မေ့နေခဲ့တယ်။ လင်းချွမ်တစ်ယောက်  အေးခဲသွားပြီး အရှေ့ကိုကိုင်းညွတ်ကာ စဥ့်တီတုံးကို ချော်ခုတ်မိလုနီးပါးဖြစ်သွားခဲ့လေတယ်။

“အာ အဆင်ပြေရဲ့လား?”

အမေလင်းက သူမကိုယ်တိုင်ဝင်လုပ်ဖို့ သူ့ကို ဘေးဖယ်ခိုင်းလာတယ်။

“.....”

“မဟုတ်ဘူး အဆင်ပြေပါတယ်”

လင်းချွမ်ရဲ့လည်ပင်းတွေက နီရဲနေခဲ့ပြီး အသက်ရှုသံအနည်းငယ်ပြင်းထန်နေခဲ့ကာ ဆုဆုကို လှမ်းပြောလာတယ်။

“မင်း မီးသွားဖိုလိုက်တာ ပိုကောင်းမယ်ထင်တယ်”

“အိုး ကောင်းပြီ”

ဆုဆု အနည်းငယ်ရှက်သွားပြီး မီးဖိုမှာ မီးသွားဖိုလိုက်တယ်။

လင်းချွမ်က အာလူးတွေကို အခွံနွှာပြီးနောက် ဆီထည့်ပြီး ထည့်ကြော်လိုက်တယ်။ လတ်လတ်ဆတ်ဆတ်အခွံခွာထားတဲ့ အာလူးတွေကို အချိန်တိုအတွင်း ကြော်လိုက်တာကြောင့် အနံ့အရသာပြည့်စုံနေခဲ့တယ်။

အမေလင်းရဲ့ ဘေးနားက ပန်ကိတ်ကလည်း ပြီးခါနီးပြီဖြစ်လို့ အကုန်လုံးကို စားပွဲပေါ်သို့တင်လိုက်ကြတယ်။

ထိုအချိန်မှာပဲ လင်းချွမ်က ပန်ကိထဲမှတစ်ခုခုကိုသတိပြုမိသွားတယ်။

“အမေ၊ ဒီဂျုံမှုန့်ကို ဘယ်ကရလာတာလဲ.. ရွာထဲမှာရနိုင်တဲ့ ဂျုံမှုန့်တွေထက် ပိုပြီးဖြူနေတာလားလို့”

ဟေး! ရှင်က ဒါကိုလည်း သတိထားမိနိုင်တာလား။

ဆုဆုကတော့ ဂျုံမှုန့်တွေက ဂျုံမှုန့်တွေပဲလို့သာ ထင်မြင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖက်ခေတ်မှ ဂျုံတွေက သူမလာခဲ့တဲ့ခေတ်ထက်တော့ ပိုပြီး အရောင့်ပြီး ညိုတာပဲလေ။

အရင်ကတော့ ဖက်ထုပ်တွေက နက်မှောင်နေတာကိုမြင်တော့ သူမက ဂျုံထဲမှာတစ်ခုခုရောထားတယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ ဆန့်ကျင်ဘက်ပဲဆိုတာကိုသိသွားပြီ။ အရောင်ညိုနေခဲ့တာက တစ်ခုခုနဲ့ရောထားတာမဟုတ်ဘဲ သဘာဝအရောင်ဖြစ်ပြီး ဖြူဖွေးနေတာကသာ တစ်စုံတစ်ခုနဲ့ရောစပ်ပြီးဖြူအောင်လုပ်ထားခဲ့တာ။

ဒါကြောင့် သူတို့စားတဲ့အစားအသောက်တွေက သဘာဝအတိုင်းပဲ။

သူမက နှစ်မျိုးလုံးက အညိုရောင်တွေပဲလို့ထင်ခဲ့ပေမဲ့ လင်းချွမ်ကတော့ ထိုနှစ်ခုရဲ့ကွဲပြားချက်ကိုမြင်နိုင်နေခဲ့တယ်။

“ဒါက နောက်ဆုံးတစ်ကြိမ်တုန်းက ဆုဆုဦးဆောင်တဲ့ ငါတို့ရွာရဲ့ အမျိုးသမီးတွေ ဖျော်ဖြေတုန်းက ဆုအဖြစ်ရခဲ့တဲ့ဟာလေ..   ကွန်မြူနတီက ကြိတ်တဲ့ဂျုံတွေက ငါတို့ရွာထက်ပိုပြီး အကြိမ်ရေများတယ်.. ဒါကြောင့် ပိုဖြူနေတာ”

အမေလင်းရဲ့ လေသံက ဂုဏ်ယူသံတွေ ပါဝင်နေခဲ့တယ်။

ဆုဆု ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို အနည်းငယ်ကုတ်လိုက်မိတယ်။

လင်းချွမ်ကတော့ သူမဆီကို အလွန်စိတ်အားထက်သန်တဲ့အကြည့်မျိုးနဲ့ကြည့်လာပြီး သူမရဲ့ ခေါင်းကို ပွတ်သပ်ပေးလာတယ်။

“ကောင်းကောင်းလုပ်ခဲ့တာပဲ”

“အိုး အိုး”

အလုပ်လုပ်ပြီးသွားလို့  ခေါင်းကို လာပြီးထိပေးတာလား။ သူမက ခွေးလေးမဟုတ်ဘူးလေ။

အမေလင်းကတော့ သားဖြစ်သူကြောင့်  ဆွံ့,အသွားရပြီး  ကောင်းကင်ကိုသာမော့ကြည့်မိတော့တယ်။  ဒါက သူ့ရဲ့ဇနီးသည်လေ။ သူ့ရဲ့ သမီးမဟုတ်ဘူး။ ဇနီးသည်ကို ချီးမွမ်းတဲ့အချိန်မှာ သူမကိုမပွေ့ဖက်ပဲ သူမရဲ့ခေါင်းကို ပွတ်သပ်နေခဲ့တာလား။

ပန်ကိတ်တွေ ဖုတ်ပြီးသွားတဲ့နောက်မှာ လူတိုင်းက စားပွဲဆီကို သွားပြီး စားဖို့ပြင်ဆင်ကြတယ်။ ဆုဆုတစ်ယောက် ပန်ကိတ်တစ်ခုနဲ့တစ်ဝက်လောက် စားမိသွားတာကြောင့် စားပြီးနောက်မှာ လမ်းတောင် မလျှောက်နိုင်တော့ဘူး။ လင်းချွမ် နှင့် တခြားလူတွေကလည်း လျှော့စားတာမျိုးမရှိပဲ အလွန်ရက်ရောနေခဲ့ကြတယ်။

စားသောက်ပြီးနောက်မှာ ချွေးတွေစိုစွတ်လာခဲ့ပြီး လင်းချွမ်က အိမ်ပြန်သွားချင်ပေမယ့် ဆုဆုမှတားမြစ်လာတယ်။

“ရှင် ချွေးတွေထွက်နေတာလေ.. အပြင်ဘက်မှာ လေတွေအရမ်းတိုက်နေတယ်.. အပြင်ကိုမထွက်လောက် ခဏလောက်ထိုင်နားလိုက်ပါဦး’

လင်းချွမ်ရဲ့မျက်နှာက အနက်ရောင်လိုင်းတွေပေါ်လာရတယ်။ သူ စစ်တပ်ထဲမှာတုန်းက ချွေးတွေအများကြီးထွက်နေချိန်မှာလည်း လေဘယ်လောက်တိုက်တိုက် ပြေးနေလေ့ရှိတယ်။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိနူးနူးညံ့ညံ့လေးနေနိုင်ရမှာလဲ။ ဒါပေမယ့် သူ့ရဲ့ချွေးမက စိတ်ပူနေတယာဆိုမှတော့ အရှေ့ဘက်အိမ်မှာ ထိုင်နေရုံသာ တတ်နိုင်တယ်။

သို့သော်လည်း တစ်ဖက်မှ အမေလင်းကတော့ ဝမ်းနည်းနေခဲ့တယ်။ သားဖြစ်သူက သူမရဲ့စကားတွေကိုတော့ နားမထောင်တတ်ပေမဲ့ ဇနီးသည်ရဲ့စကားတွေက အချက်အလက်ညီမျှချိန်မှာတော့ ဘာတစ်ခုမှ ပြန်မပြောရဲဘူးလေ။

လူနာပြက္ကဒိန်ရဲ့ပထမလအတွင်းမှာ အပ်နဲ့ ချုပ်ရိုးတွေကို မရွှေ့လို့မရတော့ဘူး။ မနက်ဖြန် က မီးပုံးပွဲတော်ရောက်လာတော့မှာဖြစ်လို့ အမေလင်းက မီးပုံးပွဲတော်အတွက် ကောက်ညှင်းထုပ်တွေလုပ်ဖို့ ပြင်ခဲ့တယ်။

ဆုဆုက ဒီဘက်ခေတ်ရဲ့ မီးပုံးပွဲတော်ကို မကြုံတွေ့ခဲ့ဖူးတာကြောင့် အလွန်သိချင်နေခဲ့တယ်။ သူတို့ရဲ့ခေတ်မှာတော့ မီးပုံးပွဲတော်အတွင်းမှာ ဝယ်ပြီးစားလိုက်ကြတာပဲမလား။

သူမက ဘယ်လိုလုပ်ရမလဲလို့မေးနေတဲ့အချိန်မှာပဲ လင်းချွမ်က မတ်တပ်ထရပ်ပြီးပြောလာတယ်။

  “သွားရအောင်”

ရှင် ဘာလို့ အိမ်ပြန်ဖို့ အလျင်လိုနေရတာလဲ။ ဒီမှာ စကားဝိုင်းက ဘယ်လောက်တောင် အသက်ဝင်နေလိုက်သလဲ။ လင်းချွမ် ထထွက်သွားတာကိုမြင်တော့ ဆုဆုလည်း နောက်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

အိမ်ပြန်ရောက်တော့  သူမ ပြောလိုက်တယ်။

“ ကျွန်မ ခဏလောက်နေချင်သေးတာ…”

သူမရဲ့ စကားမဆုံးခင်မှာပဲ လင်းချွမ်က အနောက်ကနေ ပွေ့ဖက်လိုက်ပြီး နားရွက်နားကိုကပ်ကာ ပြောလာတယ်။

“ဇနီးလေး မင်းက တကယ် အရည်အချင်းရှိတယ်”

ဒါက ဆုရတဲ့အတွက် သူမကို ချီးကျူးဂုဏ်ပြုနေတာလား။

တုံ့ပြန်နိုင်စွမ်းက အဲလောက်တောင်ကြာတာလား။

သို့သော်လည်း သူမ အပွေ့ဖက်ခံလိုက်ရချိန်မှာ အနည်းငယ် စိတ်လှုပ်ရှားလာရတယ်။

“အင်း.. အဲဒါက ဘာမှမဟုတ်ပါဘူး”

“ဇနီးလေး……”

နောက်တစ်ကြိမ်ပြန်စလာပြန်ပြီလား။

ကိစ္စတစ်ခုခုရှိလာရင် ဒီလူက ဇနီးလေးလို့ခေါ်ပြီး တို့ဟူးစားလိမ့်မယ်။

သူတို့နှစ်ယောက်ရှိနေတဲ့အခန်းက နွေးထွေးနေတာကြောင့် လင်းချွမ်က ဆုဆုရဲ့ အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ပေးလိုက်တယ်။ ထို့နောက် အမျိုးမျိုးသော အရာတွေအပေါ် အခွင့်ကောင်းယူပြီး ဆွယ်တာအင်္ကျီထဲသို့ သူ့ရဲ့ လက်ကို ထိုးထည့်လာခဲ့တယ်။

ဒါက နည်းနည်းတော့ တရားလွန်ပြီနော်!

“ဇနီးလေး ဒီနေ့ ကိုယ်တို့…”

စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပါဘဲ ဆုဆုတစ်ယောက် ခန်ရဲ့အစွန်းနဲ့ထိကပ်တဲ့အထိ အတွန်းခံလိုက်ရတယ်။ လင်းချွမ်က လိုက်ကာတွေကို  အမြန်ဆွဲချကာ သူ့ရဲ့ခြေထောက်ကို မြှောက်ပြီး ခန်ပေါ်သို့ အိပ်ယာခင်းကို ဆွဲခင်းလိုက်တယ်။

ဆုဆုရဲ့ ခေါင်းပေါ်မှာ အနက်ရောင်လိုင်းတွေ ပြည့်နေခဲ့ပြီ။  ဒီလူက မင်္ဂလာခန်းအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတာ သိသာနေတာပဲ။

သို့သော်လည်း သူ့ရဲ့ဒဏ်ရာက အနာဖေးတွေတက်နေပြီဆိုရင်တောင် သူမက စိုးရိမ်နေတုန်းပဲဖြစ်တာကြောင့်  မျက်နှာကိုတည်တင်းကာ ပြောလိုက်တယ်။

“မရဘူး”

လင်းချွမ်ရဲ့ မျက်နှာက အခုချိန်မှာ ပိုပြီးထူထဲလာပြီဖြစ်တာကာ သူက လေးနက်တဲ့အသံနဲ့ ပြောလာတယ်။

“ကိုယ့်ရဲ့ဒဏ်ရာက ပြဿနာမရှိတော့ပါဘူး”

ဒိုက်ထိုးတာကို အကြိမ် 200 သာ ပြုလုပ်နိုင်သေးသော်လည်း ခဏတာလောက် အနားယူလိုက်သရွေ့ ပြန်ကောင်းလာတာပဲလေ။

“ကျွန်မက  ပြဿနာရှိတယ်လို့ပြောရင် ပြဿနာရှိနေလို့ပေါ့”

ဆုဆု တင်းမာစွာပြောလာတယ်။

“အင်း”

လင်းချွမ်ရဲ့ နှလုံးသားထဲမှ စာကလေးက သူ့ဇနီးလေးရဲ့ ငြင်းဆိုစကားကြောင့် သေလောက်တဲ့အထိ ရုန်းကန်လိုက်ရတယ်။

သို့ပေမယ့် သူ့ဇနီးသည်ရဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး သူ့ရဲ့ မျက်နှာနဲ့ခြေလက်တွေကို ဆေးကြောကာ ခန်ပေါ်ကိုတက်ပြီး အိပ်စက်လိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ သူ့ဆီမှာ  အကျိုးခံစားခွင့်တွေတော့ရှိနေသေးတယ်။ သူ့ရဲ့ ဇနီးလေးကိုပွေ့ဖက်ထားရတာကလည်း မဆိုးဘူးလေ။

All Chapters