← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

ဆုဆုနဲ့ လင်းချွမ်တို့ ဇနီးမောင်နှံနှစ်ယောက် အတူတကွပင်ပန်းနွမ်းနယ်နေခဲ့ကြရင်တောင် သူတို့အနေနဲ့ နောက်တစ်နေ့မှာ အိပ်ယာမှစောစောထပြီး မီးပုံးပွဲတော်အတွက် ပြင်ဆင်နေကြတုန်းပဲ။

သို့သော်လည်း တစ်ဖက်မှာရှိနေတဲ့ ဇာတ်လိုက်မ ချင်ယွဲ့ယွဲ့ကတော့ ယခုလအတွင်း သူမရဲ့ လစဥ်ဓမ္မတာ မလာသေးတာကြောင့် တစ်ခုခုမှားယွင်းနေပြီလို့ ခံစားမိနေခဲ့တယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ တုံးအနေပါစေ ဖြစ်ပျက်ခဲ့တာအတွက် အကြမ်းဖျင်း ခန့်မှန်းနိုင်နေတုန်းပဲ။ ချင်ယွဲ့ယွဲ့ မထိတ်လန့်ပဲမနေနိုင်တော့ဘူး။

သူမ လင်းတုံဟဲကိုတကယ်သဘောကျခဲ့တာ အမှန်ပဲဖြစ်ကာ ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့တာတွေကိုလည်း သူမ မထိန်းထားနိုင်ခဲ့ဘူး။ ဒါပေမယ့် သူမက မကြာခင်ကောလိပ်တက်ရတော့မှာဖြစ်ပြီး သူမမှာသာ ကလေးရနေခဲ့ရင် အရာအားလုံးပြီးဆုံးသွားလိမ့်မယ်။

ဒါပေမယ့် သူမ လင်းတုံဟဲကိုလည်း မပြောရဲဘူး။ သူ့ကိုသာပြောလိုက်ရင် အဲဒီလူက သူမကို ချက်ချင်းလက်ထပ်ဖို့ ပြောလာလိမ့်မယ်။

အိမ်ထောင်ကျပြီးသွားရင် သူမ ကောလိပ်ကိုဆက်ပြီး တက်နိုင်ပါဦးမလား?

သူက သူ့ရဲ့မိသားစုကို သဘောတူခိုင်းရင်တောင်မှ...

ချင်ယွဲ့ယွဲ့က ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ထင်နေတုန်းပဲ။ သူမက ဒီကိစ္စကို သေချာသိရဖို့အတွက် ဆေးရုံကို သွားစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ဆေးရုံကြီးတွေမှာဆိုရင် သွေးစစ်လိုက်တာနဲ့ ကိုယ်ဝန်ရှိမရှိကို ကြိုတင်သိနိုင်တယ်လို့ပြောပြတယ်။ သူမဆီမှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ချက်ချင်းပဲ ဖယ်ရှားဖို့ ကြိုးစားရလိမ့်မယ်။

ပြည်နယ်တွေအားလုံးမှာ ဆယ့်ငါးရက်မြောက်နေ့က (ရုံးပိတ်ရက်)အားလပ်ရက်ဖြစ်တာကြောင့် သူမ မနက်ဖြန်အထိ စောင့်ဆိုင်းဖို့သာ တတ်နိုင်ခဲ့တယ်။

တိုက်ဆိုင်စွာနဲ့ လင်းတုံဟဲက ဆယ့်ငါးရက်နေ့မှာ မီးပုံးပွဲတော်ရဲ့ အထိန်းအမှတ်ဖြစ်တဲ့ ယွမ်ရှောင်းမုန့်လုံးတွေကို ယူဆောင်လာခဲ့လေတယ်။

သေချာတာပေါ့။ သူက ထိုမုန့်လုံးကိုကျွေးဖို့အတွက် ပညာတတ်လူငယ်တွေအားလုံးကို ခေါ်ထုတ်ရလိမ့်ယ်။ ဒါကြောင့် လူတစ်ဦးကို အနည်းငယ်သာစားနိုင်ခဲ့တယ်လို့ ပြောလို့ရပေမဲ့ ဒီပမာဏက အလွန်များပြားခဲ့တုန်းပဲ။

ဒါပေမယ့် ချင်ယွဲ့ယွဲ့က သူ့ကိုမြင်တဲ့အချိန်မှာ စိတ်မသက်မသာခံစားခဲ့ရပြီး အဲဒီညမှာတုန်းက သူမကို ဝန်ခံဖို့ အခန်းထဲကို ပြေးဝင်လာခဲ့ပြီး သူမ ဆက်နေဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကာ နောက်ဆုံးမှာ ထိုကိစ္စဖြစ်ခဲ့တဲ့အကြောင်းကို ပြန်လည်တွေးတောမိလာခဲ့တယ်။

ရလဒ်ကတော့ သူမက အခုချိန်မှာ ဒွိဟဖြစ်နေခဲ့ရကာ အဆင်မပြေဖြစ်နေခဲ့ပေမဲ့ သူကတော့ လူကောင်းတစ်ယောက်လို လုပ်နေတုန်းပဲ။

သူမက ကိုယ်ဝန်ရှိနေပြီဖြစ်လို့ ပါးစပ်အပြည့်တောင်မစားနိုင်တော့ဘူး!

သူမ ထိုအကြောင်းကို ပိုပြီးတွေးလေလေ ပိုပြီး စိတ်ဆိုးလာလေလေဖြစ်လာရကာ နောက်ဆုံးတော့ စကားတစ်ချို့ပြောခဲ့ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့တယ်။

“ ငါစားချင်စိတ်မရှိဘူး.. နင်တို့ပဲစားလိုက်ကြတော့”

လင်းတုံဟဲ မျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲ နောက်ကလိုက်သွားခဲ့တယ်။

“ယွဲ့ယွဲ့.. မင်း ဘာဖြစ်နေတာလဲ.. မင်းရဲ့မျက်နှာက အရမ်းဆိုးနေတာ.. နေမကောင်းဘူးလား”

“ကျွန်မ  ဘာမှမဖြစ်ဘူး ရှင် ပြန်လို့ရပြီ.. ဒီနေ့က ဆယ့်ငါးရက်နေ့ပဲ.. ရှင်အိမ်ပြန်လာမှာကို ရှင့်ရဲ့မိသားစုက စောင့်နေလိမ့်မယ်”

ချင်ယွဲ့ယွဲ့ ဖြစ်ညှစ်ပြီးပြုံးလိုက်တယ်။

“ယွဲ့ယွဲ့.. မင်း ခုနက အစာစားချင်စိတ်မရှိဘူးလို့ပြောခဲ့တယ်.. ဖြစ်နိုင်တာက.... မရှိလောက်ဘူးလား? “

လင်းတုံဟဲက အနီးအနားမှာ ဘယ်သူမှမရှိတာကို တွေ့တော့ သတိကြီးစွာနဲ့ မေးလိုက်တယ်။ တကယ်တမ်းမှာ သူ ပျော်ရွှင်နေခဲ့တယ်။ ချင်ယွဲ့ယွဲ့သာ ကိုယ်ဝန်ရှိနေရင် သူ့ရဲ့ကလေးကြောင့် လက်ထပ်နိုင်လောက်မလား။

“မဟုတ်ဘူး.. ရှင်ဘာတွေပြောနေတာလဲ”

ချင်ယွဲ့ယွဲ့တစ်ယောက် လင်းတုံဟဲက အလွန်စိတ်အားထက်သန်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက လက်ကို အမြန်ဝှေ့ယမ်းပြီးရှင်းပြလိုက်တယ်။

“ဒီလိုကိစ္စမျိုးက အရမ်းအရေးကြီးတယ်.. မင်းဆီမှာ ခန့်မှန်းချေနည်းနည်းလောက်ပဲ ရှိမယ်ဆိုရင်တောင် ကိုယ့်ကိုပြောရမယ်.. အဲဒီ အချိန်ကျရင် ကိုယ်တို့တွေ နည်းလမ်းတစ်ခု အတူရှာကြမယ် ဟုတ်ပြီလား”

လင်းတုံဟဲ ချက်ချင်းပြောလိုက်တယ်။

“အင်း”

လင်းတုံဟဲက အလွန်အမင်းတာဝန်မဲ့နေတဲ့သူတစ်ယောက်မဟုတ်တာကိုတွေ့တော့ ချင်ယွဲ့ယွဲ့ရဲ့ စိတ်က စိတ်တွေ ရုတ်တရက် တိုးတက်လာခဲ့တယ်။

“ဒါက မင်းအတွက်ယူလာခဲ့တာ ..မင်းအပြင်မှာစားပြီးမှ ပြန်သွားလိုက်လေ”

လင်းတုံဟဲက သူ့ရဲ့ အကျီထဲမှ ကြက်ဥနှစ်လုံးကို ထုတ်ယူလိုက်ပြီး သူမကိုပေးလိုက်ကာ သူ အချိန်အတော်ကြာအောင် အပြင်မှာရပ်နေခဲ့ရင် မကောင်းတာဆစ်ခုခုရှာတွေ့သွားကြမှာကိုကြောက်တာကြောင့် ပြန်သွားခဲ့တယ်။

ချင်ယွဲ့ယွဲ့အနေနဲ့ အမှန်တကယ် အစာစားချင်စိတ်မရှိပေမဲ့လည်း လက်ရှိမှာ သူမက တကယ်ကို အာဟာရချို့တဲ့နေကြောင်းကိုသိနေတာကြောင့် ထိုကြက်ဥနှစ်လုံးကို စားခဲ့တယ်။

သူမ စားရင်းနဲ့မျက်ရည်တွေကျဆင်းလာခဲ့ရတယ်။ သူမရဲ့ဘဝက ကံဆိုးလွန်းတယ်။ အခု ဒီလိုမျိုးတွေ ဖြစ်နေခဲ့တာတောင် သူမရဲ့ မိသားစုက သူမဆီကနေ ပိုက်ဆံတောင်းနေတုန်းပဲ။ မဟုတ်ရင် တခြားလူဆီကို ဇနီးအဖြစ် ရောင်းစားလိုက်လိမ့်မယ်။ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။

အခုကမီးပုံးပွဲတော်အချိန်ဖြစ်ပြီး လူတိုင်းကပျော်ရွှင်နေခဲ့ပေမဲ့ သူမကသာ စိတ်ဆင်းရဲနေရတယ်။

သူများတွေ အဆင်ပြေလား မပြေလားဆိုတာကို ဆုဆုကတော့ သိမနေခဲ့ဘူး။  ဘာပဲဖြစ်ဖြစ် သူမကတော့ ပျော်ရွှင်နေခဲ့တယ်လေ။

သူမ ဒီဘက်ခေတ်ကို ရောက်လာပြီးတဲ့ နောက် အခြေအနေတွေက အလွန်ဆိုးရွားပြီး ကွန်ပျူတာတွေ တီဗီတွေမရှိတဲ့အပေါ် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။

သို့သော်လည်း အချိန်ကြာလာတာနှင့်အမျှ သူမကတော့ ပိုပြီး ပျော်ရွှင်လာရတယ်။ အထူးသဖြင့် လင်းချွမ်က သူမနှင့်အတူရှိနေပြီလေ။

သူမက အခုလေးတင် ချစ်မိသွားတဲ့ မိန်းကလေးတစ်ယောက်လိုဖြစ်နေခဲ့ပြီး  သူမရဲ့နှလုံးသားက အဆက်မပြတ်ခုန်ပေါက်နေခဲ့တယ်။ တစ်ခါတစ်ရံ သူမရဲ့အရှေ့မှ အဖြောင့်ကောင်လိုအမျိုးသားကို ထုရိုက်ချင်တာမျိုးတွေဖြစ်ခဲ့ပေမဲ့ ခြုံငုံပြောရရင်တော့ သူမက နေ့ရက်တိုင်းမှာ ပျော်ရွှင်နေခဲ့တယ်။

လင်းမိသားစုထဲမှာ ကလေးတွေအများကြီးရှိတာကြောင့် သူမက သူတို့တွေနဲ့အတူ တစ်နေကုန် မီးရှူးမီးပန်းဖောက်ကာ ဆော့ကစားနေခဲ့ပြီး အအေးဒဏ်ကိုခံစားမိလာမှ အိမ်ထဲကုုပြန်ပြေးလာခဲ့တယ်။

လင်းချွမ်က သူမရဲ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့အင်္ကျီအောက်ကို ထိုးထည့်ပေးလိုက်တယ်။

  “သူတို့တွေနဲ့ အတူ လိုက်ပြီး ရူးမိုက်မနေနဲ့ မင်းက အအေးဒဏ်ကို မခံနိုင်ဘူး”

“သူတို့တွေက ဘာလို့ အအေးဒဏ်ကို မကြောက်ကြတာလဲ လူချင်းအတူတူပဲကို”

“သူတို့က နေသားကျနေပြီလေ”

သူ့ရဲ့ နူးညံ့တဲ့ဇနီးသည်ကို ညစ်ပတ်တဲ့ ကောင်လေးသုံးယောက်နဲ့ နှိုင်းယှဉ်လို့မရဘူး။

လင်းချွမ်ရဲ့အတွေးထဲက ညစ်ပတ်တဲ့ကောင်လေးသုံးယောက်ကတော့ သူတို့ရဲ့မရီးက အိမ်ထဲကို ထွက်ပြေးသွားတာကို မြင်တော့ ပျော်စရာမကောင်းတော့ဘူးလို့တွေးကာ အိမ်ထဲကို အတူလိုက်ဝင်လာကြတယ်။ သူတို့တွေက သူတို့ရဲ့ အစ်ကိုကြီးနဲ့ ကတ်ကစားဖို့ ပြောခါနီးမှာပဲ သူတို့မရီးရဲ့လက်က ထိုအကြီးဆုံးအစ်ကိုရဲ့အဝတ်အစားထဲကို ဝင်နေတာကို မြင်တွေ့လိုက်ရလေတယ်....

ဒီအခြေအနေက နည်းနည်းတော့ထူးဆန်းတယ်။ နောက်ပြီး သူတို့တွေ သိပ်ပြီးနားမလည်ပေမဲ့ ရှက်စရာကောင်းသလိုမျိုး ခံစားမိခဲ့ကြတယ်။

လင်းဟိုင်က ဦးဆောင်ပြီး ပြေးသွားခဲ့တယ်။

“ငါ ညစာပြင်ဖို့ ကူညီပေးလိုက်ဦးမယ်”

“အတူသွားရအောင်”

ဒါကြောင့် သူမရဲ့ လက်ကို ပြန်ဆွဲမထုတ်နိုင်ခဲ့တဲ့ ဆုဆုတစ်ယောက် ဒေါသထွက်ပြီး နီရဲနေတဲ့မျက်နှာနဲ့ ကျန်နေခဲ့ရတယ်။  သူမ လင်းချွမ်ကို စွပ်ကျယ်အင်္ကျီအပေါ်ကနေ လိမ်ဆွဲလိုက်ကာ ကလူမြူဆွယ်တဲ့အသံနဲ့ပြောလိုက်တယ်။

“ရှင် ဘာလို့ ဒီလောက်တောင်ဆိုးနေရတာလဲ”

“ဘာမှားနေလို့လဲ?”

လင်းချွမ်က သူ့ရဲ့ဇနီးသည်ကို အေးခဲနေအောင် မလုပ်နိုင်ဘူးလို့ ရိုးရှင်းစွာ တွေးခဲ့တယ်။  ဒါ့အပြင် လက်ထဲမှာ ကိုင်ထားတာက ထူးခြားတဲ့အရာတစ်ခုခုမဟုတ်ဘူးလေ။ ဒီတော့ ဘာလို့ ပြန်လွှတ်နေရဦးမှာလဲ။ တကယ်တမ်းမှာ သူက ဒီထက်ဆိုးတဲ့ အရာတွေကို လုပ်ချင်နေခဲ့တာဖြစ်ပေမယ့် နေ့ခင်းဘက်မှာဖြစ်နေလို့ အနည်းငယ် တွန့်ဆုတ်နေခဲ့တာ။

ခဏလောက်ကြာတော့ အပြင်ဖက်မှ ကောင်းကင်ကြီးက စတင် မည်းမှောင်လာခဲ့ပြီး လူတိုင်းက မီးပုံးတွေကို စတင် မီးညှိလာကြတယ်။

ဒါကြောင့် ရေနံဆီ မီးပုံကြီးငယ်တွေက အပြင်ဖက်မှာ ပြန့်ကျဲကာ အိမ်ရဲ့ပတ်ဝန်းကျင်တစ်လျှောက်လုံး တောက်ပလင်းလက်လာခဲ့တယ်။ တကယ်လို့ လေတိုက်တာတွေ သို့မဟုတ် တစ်စုံတစ်ရာကြောင့် ညိမ်းသက်သွားတာမျိုး မရှိခဲ့ရင် ဒီရေနံဆီမီးပုံးတွေက ညသန်းခေါင်အထိ ဆက်ရှိနေနိုင်လိမ့်မယ်။

လင်းချွမ်က ထိုအကြောင်းကိုပိုပြီး နားလည်တာကြောင့် ဆုဆုက ဘေးကနေသာ ရပ်ကြည့်နေခဲ့တယ်။ အရင်တုန်းက သူမက မြို့ပြမှာနေခဲ့တာကြောင့် ဒါမျိုးတွေကို လုပ်နေစရာမလိုအပ်ဘူးလေ။ လူတိုင်းက မီးပုံးကြည့်ချင်ရင် အပြင်ကိုထွက်ပြီး လမ်းလျှောက်ထွက်ရုံပဲ။

အိမ်ပြင်ဘက်မှ မီးအိမ်တွေကို ထွန်းညှိပြီးနောက် လင်းချွမ်က အိမ်ထဲမှ ဖယောင်းတိုင်ကိုပါ မီးထွန်းခဲ့တယ်။ ဒါတွေက စျေးကြီးတယ်ဆိုပေမဲ့ ပထမလရဲ့ဆယ့်ငါးရက်နေ့လို ညမျိုးကတော့ ထွန်းထားသင့်တယ်။

ဒီလိုအချိန်မျိုးမှာ မိသားစုတိုင်းက ဘယ်လောက်ပဲ ရှာဖွေစုဆောင်းနိုင်သည်ဖြစ်စေ သူတို့ရဲ့အိမ်ကိုတော့ တောက်ပနေစေလိမ့်မယ်။

အများအားဖြင့် မှောင်မိုက်နေတတ်ရွာလေးက ဒီနေ့ရဲ့ညဘက်မှာတော့ လင်းလက်နေခဲ့ပြီး လင်းချွမ်က ဆုဆုကို အိမ်အပြင်သို့ ခေါ်သွားခဲ့တယ်။

ဆုဆု သူ့ရဲ့နောက်မှ လိုက်သွားခဲ့ပြီး သူတို့နှစ်ယောက်အတူ သူတို့ရဲ့လက်ထဲမှာ ကိုယ်တိုင်လုပ်ကြာပန်းပွင့်ဆီမီးအိမ်ကိုကိုင်ကာ  တောင်ပေါ်သို့တက်သွားခဲ့ကြတယ်။ ထို့နောက် အမြင့်တစ်နေရာမှာရပ်တန့်ကာ ရွာလေးရှိနေတဲ့နေရာကို ငုံ့ကြည့်ခဲ့ကြတယ်။

ဒီနေရာကနေဆိုရင် သူတို့ရဲ့ ရှောင်ရှန်ရွာတစ်ရွာလုံးဆီမှာ မီးအိမ်တွေ ထောင်ပေါင်းများစွာ ထွန်းညှိထားတာကို မြင်တွေ့နေရပြီး ဒီမီးရောင်တွေနဲ့ ရွာရဲ့ ကောက်ကြောင်းကိုတောင် မြင်တွေ့ခဲ့ရတယ်။

မိုးပေါ်မှ တောက်ပနေတဲ့ကြယ်တွေက လှပသလို အောက်ဘက်မှ မီးအိမ်တွေကလည်း အလွန်အမင်းလှပနေတာကို ထည့်ပြောနေစရာတောင်မလိုအပ်ဘူး။

“ဝိုး.. ဒါက အရမ်းလှတာပဲ”

ဒါတွေက ခေတ်သစ်မှ လျှပ်စစ်မီးတွေထက် အဆများစွာ ပိုလှတယ်။ ဆုဆု ဒါကိုမြင်တွေ့ရတော့ အော်ထုတ်မိလုနီးပါးပဲ။

ထိုအခိုက်မှာပဲ ရုတ်တရက် သူမကိုအပွေ့ဖက်ခံလိုက်ရပြီး သူမရဲ့မေးဖျားကို ဆွဲညှစ်ခံရကာ အပေါ်ကို ပင့်,မခံလိုက်ရတယ်။

“အင်း ဒါက အရမ်းလှတယ်”

မီးအိမ်ရဲ့အလင်းရောင်အောက်မှ ဆုဆုက အလွန်လှပလွန်းပြီး လှပလွန်းလို့ လူတွေကို အနိုင်ကျင့်ချင်စိတ်တွေဖြစ်ပေါ်စေတယ်။ ဒါကြောင့် လင်းချွမ်မထိန်းနိုင်တော့ပဲ သူမကို ပွေ့ဖက်ကာ ခါးကိုင်းပြီး ငုံ့နမ်းလိုက်တယ်။

သူတို့ နှစ်ယောက်လုံးက ဒီလိုအချင်းကိစ္စမျိုးမှာ လူသစ်တွေသာဖြစ်ပြီး အများကြီး မသိကြပေမဲ့ အချိန်အတော်ကြအောင်စူးစမ်းရှာဖွေပြီးချိန်မှာတော့ပျော်စရာတွေကို ရှာတွေ့နိုင်လိမ့်မယ်။ လင်းချွမ်အတွက်လည်း အဲဒီလိုပဲ။ အရင်တုန်းကတော့ သူ့အနေနဲ့ ရေအရသာကိုသာ သိခဲ့ပေမဲ့ ဒီနေ့မှာတော့ တချို့သောအရသာတွေကို ရှာတွေ့နိုင်နေပြီ။

သို့သော်လည်း အခုတော့ သူက ပိုကြီးတဲ့ ယန္တရားတစ်ခုကို ရှာတွေ့ခဲ့ပြီး ဒီအရာက  လူတွေကို စွဲလမ်းစေပြီး ကိုယ့်ကိုယ်ကိုယ်ရုန်းမထွက်နိုင်လောက်အောင် ဖြစ်စေနိုင်တယ်။

တစ်ဖက်လူက ပုန်းကွယ်ချင်နေတာကြောင့် လင်းချွမ် မသိစိတ်အရ ဆုဆုကို သစ်ပင်ကြီးတစ်ပင်ဆီကို တိုးကပ်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်က သူမရဲ့ခါးကို သဘာဝကျစွာ ရစ်ပတ်လိုက်ကာ နောက်တစ်ဖက်ကိုတော့ သူမရဲ့ ခေါင်းအနောက်ဘက်ကနေ ထိန်းချုပ်ထားခဲ့တယ်။

ဆုဆုအနေနဲ့ ဒီလိုမျိုးကျူးကျော်ဝင်ရောက်တာကို တစ်ခါမှ မခံစားခဲ့ဖူးသေးတာကြောင့် သူမရဲ့လက်ထဲမှာ ကိုင်ထားတဲ့ မီးအိမ်လေးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။ကံကောင်းစွာဖြင့် ထိုမီးအိမ်ကို သစ်သားဖြင့်ပြုလုပ်ထားခဲ့တာကြောင့် ပြုတ်ကျသွားခဲ့ချိန်မှာတောင် လင်းလက်နေဆဲဖြစ်ပြီး အနမ်းကို စွဲလမ်းနေခဲ့တဲ့ လူနှစ်ယောက်ရဲ့ ခြေလှမ်း အနည်းငယ်လောက်အကွာမှာ မီးစာကို ဆက်လက် လောင်မြိုက်ပေးနေခဲ့တုန်းပဲ။

**

All Chapters