← Chapters

ယောကျ်ားတွေရဲ့ စကားက မယုံကြည်သင့်ဘူး

Vol. 8 Ch. 73

ယောကျ်ားတွေရဲ့ စကားက မယုံကြည်သင့်ဘူး

Vol. 8 Ch. 73

ဘန်း ဘန်း!

သူတို့ရဲ့ခေါင်းထက်မှ ခြေနှစ်ချောင်းနဲ့ သတ္တဝါရဲ့အသံကြောင့် သူတို့နှစ်ယောက်ရဲ့ စိတ်ကို ပြန်လည် တည်ငြိမ်သွားစေခဲ့တယ်။

လင်းချွမ်က သူ့ရဲ့ ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လိုက်ပြီး ရေနံဆီမီးရောင်မှိန်မှိန်အောက်မှာ သူ့ဇနီးလေးရဲ့ မျက်နှာက ပန်းနုရောင်သန်းနေပြီး မျက်ဝန်းတွေကလည်း အရည်ကြည်တွေဝေ့သီနေခဲ့တာကိုမြင်တွေ့လိုက်ရတယ်။ ဒါ့အပြင်အသက်ရှုမဝဖြစ်နေတဲ့ နှုတ်ခမ်းတို့နဲ့ အလွန်အမင်း ချစ်စရာကောင်းနေခဲ့တယ်။

အရေးအကြီးဆုံးကတော့ သူမရဲ့အခုလို နီရဲမောဟိုက်နေတဲ့အသွင်အပြင်က အလွန်အမင်းကို (လိင်)ဆွဲဆောင်မှုရှိနေခဲ့တာပဲ။ လင်းချွမ်တစ်ယောက် နေရာမှာတင် သူမကို ပွေ့ပိုက်ချင်စိတ်တွေဖြစ်လာခဲ့ရတယ်။

ဒါပေမယ့် အပြင်ဘက်က အရမ်းကိုအေးစက်နေလွန်းတယ်။ သူ့ရဲ့ဇနီးလေး အေးခဲသွားလို့ မဖြစ်ဘူး။ ​​

ကျစ်! သူ ဒီလို သားရဲရိုင်းဆန်တဲ့အတွေးမျိုးကို လုပ်လို့မဖြစ်ဘူး။

ဒါပေမယ့် သူမက တကယ်ကို နူးညံ့ပျော့ပျောင်းနေခဲ့တယ်။ အခုချိန်မှာ သူသာ သူမကို မထိန်းထားခဲ့ရင် သူမက ပျော့ခွေပြီး မြေပြင်ပေါ်ကိုတောင် ပြုတ်ကျသွားနိုင်လောက်တယ်။

ဒါ့အပြင် သူမရဲ့ခွန်အားတွေအားလုံးကလည်း ပျောက်ကွယ်သွားပုံတာကြောင့် လင်းချွမ် စိုးရိမ်စွာဖြင့် မေးလိုက်တယ်။

“ဆုဆု အဆင်ပြေရဲ့လား”

သူ မေးလိုက်ပြီးနောက်မှာ တံတွေးမြိုချလိုက်မိပြန်တယ်။ ဒီမြင်ကွင်းက သူမကို အနိုင်ကျင့်ချင်စိတ်တွေ ပိုပိုပြီး ဖြစ်လာစေခဲ့တယ်။

ဆုဆု နောက်ဆုံးတော့ အာရုံတွေ ပြန်လည်လာခဲ့ပြီဖြစ်ကာ မတိုင်ခင်တုန်းကအကြောင်းတွေကို ပြန်လည်တွေးတောရင်း အလွန်အမင်း ရှက်ရွံ့သွားရပြီး လင်းချွမ်ကို ဒေါသထွက်စွာဖြင့် သူမရဲ့ လက်သီးဆုတ်လေးနှစ်ဖက်ဖြင့် ထုရိုက်တော့တယ်။

လင်းချွမ်ကသူ့ရဲ့နှာခေါင်းကို အသာထိလိုက်ပြီး ပြောလာတယ်။

“ပြန်ကြရအောင် မင်း...ထပ်မလုပ်နဲ့တော့ ဒါမှမဟုတ်ရင် ကိုယ်သည်းခံနိုင်မှာမဟုတ်တော့ဘူး”

“ဘာလဲ?”

ဆုဆုက စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး သူပြောတာကိုနားမလည်ခဲ့ဘူး။

လင်းချွမ်က သူမရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်ပြီး တစ်ကိုယ်လုံးကိုပွေ့ချီလိုက်ကာ မီးအိမ်ကိုပါကောက်ယူလိုက်ပြီး စကားတစ်ခွန်းမှမပြောတော့ပဲ ပြန်ဆင်းလာခဲ့တယ်။

“ရှင်ဘာလုပ်နေတာလဲ?”

ဒီကြောက်စရာကောင်းတဲ့လူကတော့ သူမကို ပွေ့ချီပြီး ထွက်ပြေးလုနီးပါးလုပ်နေခဲ့တယ်။

ကံကောင်းစွာနဲ့ သူက တောင်ပေါ်မှာ သူမကို ပွေ့ဖက်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။

“မဖြစ်ဘူး ရှင့်ရဲ့ဒဏ်ရာက..”

“ကိစ္စမရှိဘူး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လင်းချွမ်က မလွှတ်တာကြောင့် ဆုဆုကအတင်းရုန်းကန်ပြီးပြောလိုက်တယ်။

လင်းချွမ်သည်လည်း ရွေးချယ်စရာမရှိတော့ပဲ သူမကို အောက်သို့ ပြန်ချပေးလိုက်ရတယ်။

“အခု မှောင်နေပြီ.. မင်းကိုယ့်ကို ကိုင်ထားရမယ်”

“ကောင်းပြီ”

သူမသည်လည်း သူ့ကိုဆွဲထားချင်ခဲ့တယ်။ အခုချိန်မှာ လမ်းက မှောင်နေပြီး လျှောက်ရမလွယ်တာကြောင့် ချော်လဲမှာကို စိုးရိမ်ရတယ်လေ။

ဒါပေမယ့် သူမရဲ့ နှလုံးခုန်နှုန်းက အလွန်လျှင်မြန်နေခဲ့ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တယ်။

အနာဂတ်မှာ ဒီလိုအခြေအနေမျိုး မကြုံတွေ့ရရင် အကောင်းဆုံးပဲ။ သူမအနေနဲ့ အခုလေးတင် သားရဲကြီးတစ်ကောင်ဆီကနေ ပစ်မှတ်အထားခံနေရသလို ခံစားခဲ့ရပြီး အနည်းကြောက်လန့်မိသွားခဲ့ရသေးတယ်။

ကံကောင်းထောက်မစွာနဲ့ သူတို့ပြန်ရောက်တော့ အရှေ့ဖက်အိမ်ကိုသွားကာ မီးရှူးမီးပန်းဖောက်ခဲ့ကြပြီး ယွမ်ရှောင်မုန့်လုံးတွေ စားရင်း ခဏလောက်ကစားနေခဲ့ကြတယ်။

သူတို့တွေ ကောင်းကောင်းရှိနေခဲ့ပြီး ဆုဆုအနေနဲ့အရသာရှိတဲ့ မီးပုံးပွဲတော်ရဲ့ညစာစားခဲ့ပြီးနောက် စိတ်လှုပ်ရှားမှုတွေ ပြေလျော့သွားခဲ့ရတယ်။

သူမက ယွမ်ရှောင်မုန့်လုံးတွေ ဝအောင်မစားရသေးဘူးလို့ ခံစားရတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်စားဖို့ အနောက်ဖက်ခြံကိုယူသွားဖို့တောင် ပြောခဲ့သေးတယ်။

အမေလင်းကလည်း သဘောတူခဲ့ပြီး ပန်းကန်လုံးအကြီးကြီးတစ်လုံးနဲ့ ထည့်ကာ ထုပ်ပိုးပေးလိုက်လေတယ်။

ညစာစားပြီးသွားတော့ သူတို့မိသားစုတွေအတူတကွ ပျော်ရွှင်စွာ စကားပြောမဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်။ ဆုဆုက အခုလို မိသားစုလှုပ်ရှားမှုမျိုးကို အရမ်းသဘောကျပေမဲ့ သူမရဲ့အမျိုးသား လင်းချွမ်ကတော့ သိပ်ပြီး သဘောကျခြင်းမရှိလောက်ဘူးဆိုတာကို မျှော်လင့်မထားခဲ့သူ။ သူက ပန်းကန်ကိုယူကာ ဆုဆုကိုပြောလာခဲ့တယ်။

“ပြန်သွားရအောင် အေးလာပြီ “

အေးနေတာလား?

လက်ရှိအချိန်ကာလက နေ့တိုင်းအေးနေတာလေ။ အခုက နွေဦးမှ မရောက်သေးတာ။

သို့သော်လည်း ဆုဆုကတော့ နားမလည်နိုင်လောက်တဲ့ တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားရတယ်။

ဒါပေမယ့် သူမက လင်းချွမ်ကို ပြန်ဆွဲဖို့အတွက် အားနည်းလွန်းတာကြောင့် သူ့ရဲ့ ဆွဲခေါ်မှုနောက်ကနေ ပါပီလေးတစ်ကောင်လို လိုက်သွားရတော့တယ်။

မကြာခင် သူတို့တွေ အိမ်ထဲသို့ ဝင်လာပြီးနောက်မှာတော့ လင်းချွမ်က အတင်းကပ်တွယ်နေတာမျိုး မရှိတော့ပဲ ထင်းတွေကိုယူကာ ခန်အတွက် မီးဖိုလာခဲ့တယ်။

ဆုဆု ခဏလောက်အံ့အားသင့်သွားခဲ့သော်လည်း အများကြီးတွေးတောမနေတော့ဘဲ အေးခဲထားတဲ့ သစ်တော်သီးအနည်းငယ်ကို ယူလိုက်ပြီး အိုးထဲမှာထည့်လိုက်တယ်။ ထို့နောက် ခန်ပေါ်မှာ တင်ထားလိုက်ပြီး ခဏလောက်ကြာရင်တော့ စားလို့ရနိုင်လိမ့်မယ်လို့တွေးနေခဲ့တယ်။

ဒီဘက်ခေတ်မှာ တီဗွီတွေ၊ ကွန်ပြူတာတွေ မရှိတဲ့အတွက် စာအုပ်တွေကိုပဲ ဖတ်ရှိနိုင်လိမ့်မယ်။ ဒီနေ့က ဖယောင်းတိုင်တွေလည်း ထွန်းညှိထားတာကြောင့် စာအုပ်ကို လင်းလင်းရှင်းရှင်း ဖတ်နိုင်လိမ့်မယ်။

သူတို့တွေက ညတိုင်း စောစောအိပ်ယာဝင်လေ့ရှိပြီး တို့ဟူးကို နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးလေ့ရှိတယ်။ ဒီနေ့မှာတော့ အိပ်ယာမဝင်ခင် အချိန်ခဏလောက် ရရှိနေသေးပုံပဲ။

ခဏလောက်ကြာတော့ လင်းချွမ်က ပြောလာတယ်။

“ ရေချိုးဖို့အတွက် ရေနွေးတည်လိုက်မယ်”

အဲလောက်ထိကောင်းနေတယ်ပေါ့?

ဒီဘက်အချိန်တွေမှာ ဆောင်းရာသီအတွင်း ရေချိုးရတာက အလွန်အမင်းအေးစက်လွန်းတာကြောင့် သူမ ဒီကိုရောက်ပြီးနောက်မှာ ရေစိုသဘတ်ဖြင့်သာ သုတ်ထားခဲ့ပြီး အကြိမ်အနည်းငယ်သာ ရေချိုးလေ့ရှိတယ်။

အခုတော့ တစ်ဖက်လူက ရေချိုးဖို့အတွက် ရေနွေးတည်ပေးမယ်ဆိုမှတော့ ချိုးရမှာပေါ့။ ဆုဆု အိမ်ထဲမှ လိပ်ကာတွေအားလုံးကို ချလိုက်ပြီး အိမ်မှာရှိတဲ့ အကြီးဆုံး ရေဇလုံကြီးကို မြေပြင်မှာချထားလိုက်တယ်။

ဒါပေမယ့် လင်းချွမ်ဆီမှာ ဒဏ်ရာရထားတာကြောင့် သူ့ကို ရေသယ်ခွင့်မပေးနိုင်တဲ့အတွက် သူမဘာသာပဲ အိမ်ပြင်ဘက်မှ ရေကို ရေဇလုံထဲသို့ ထည့်ဖို့ သယ်လိုက်တယ်။ သို့သော်လည်း လင်းချွမ်က ဘာမှမလုပ်ပဲ မနေခဲ့ဘဲ သူမအတွက် ရေပူနဲ့ရေအေးရောစပ်ဖို့ ကူညီပေးနေတုန်းပဲ။

ခဏလောက်ကြာတော့ ရေဇလုံကြီးထဲမှာ ရေပြည့်လုနီးပါးဖြစ်သွားတာကြောင့် ဆုဆုက လင်းချွမ်ကိုအပြင်သို့ တွန်းထုတ်လိုက်တယ်။

“ရှင် အပြင်မှာ ခဏထိုင်လောက် သွားထိုင်လိုက်ဦး.. ကျွန်မ ခေါင်းလည်းလျှော်ချင်သေးတယ်”

“အင်း”

လင်းချွမ်က ပြန်ပြောလာတယာ။

“ကိုယ် အပြင်ဘက်မှာ ချိုးလိုက်မယ်”

“ကောင်းပြီ”

ဆုဆုက သူလည်း ခေါင်းလျှော်မယ်လို့ ပြောတာလို့ထင်ခဲ့တာကြောင့် ဂရုမစိုက်ခဲ့ဘူး။

သူမ အဝတ်အစားတွေကို ချွတ်လိုက်ပြီး ကျောပိုးအိတ်ကြီးထဲမှ ရေချိုးဆပ်ပြာဂျယ်၊ ခေါင်းလျှော်ရည်နဲ့ လိုးရှင်းတို့ကို ထုတ်ယူလိုက်ကာ ရေဇလုံကြီးထဲမှာ ဝင်ထိုင်လိုက်တယ်။

ကံကောင်းစွာနဲ့ သူမက ရေချိုးခန်းသုံးပုဝါကို ထည့်ယူလာခဲ့သေးတယ်။ ဒါကြောင့်အကူအညီတောင်းစရာမလိုအပ်ပဲ နောက်ကျောဘက်ကို ကိုယ်တိုင် တိုက်လို့ရနေခဲ့တယ်။

ဒီလိုသာမဟုတ်ရင် လင်းချွမ်ကိုအထဲသို့ဝင်လာပြီးတိုက်ပေးဖို့အတွက် ရှက်စရာကောင်းစွာပြောနေရဦးမယ်။

သို့သော်လည်း သူမခန္ဓာကိုယ်ကို ဆေးကြောပြီးနောက်မှာ ရေက စတင်ပြီးအေးစက်လာခဲ့တယ်။ ဒါကြောင့် ဆုဆု ခေါင်းကို ရေနဲ့ပြန်လျှော်ပြီးနောက် ရေချိုးခန်းသုံးပုဝါဖြင့် သုတ်ကာ ခန်ပေါ်ကို အလျှင်အမြန်ခုန်တက်ရင်း ခန္ဓာကိုယ်အနှံ့ကို လိုးရှင်းနဲ့ လိမ်းလိုက်တယ်။

အရေပြားတွေက အမြဲလိုလို ရေဓာတ်ခန်းခြောက်တတ်တာကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်တယ်။ ကံကောင်းထောက်မစွာနဲ့ သူမ ယူဆောင်လာခဲ့တဲ့ လိုးရှင်းက အစိုဓာတ်ဖြည့်ပေးပြီး ရေဓာတ်ကိုဖြည့်တင်းပေးနိုင်တယ်။

သူမရဲ့ခြေထောက်တွေကို လိမ်းနေတုန်းမှာပဲ လင်းချွမ်က ရုတ်တရက် တံခါးခေါက်လာတယ်။

“ပြီးသွားပြီလား ကိုယ် ရေတစ်ခါတည်းသွန်ပေးမလို့”

ရေဇလုံက အနည်းငယ်ကြီးတာကြောင့် ရေသွန်တဲ့အချိန်မှာလည်း အကြိမ်ကြိမ်ခွဲပြီးသွန်ရလိမ့်မယ်။

သို့သော်လည်း ရေစိုနေချိန်မှာ အဝတ်အစားတွေဝတ်ဖို့က သိပ်ပြီး အဆင်မပြေဘူး။

ဆုဆုကအနည်းငယ် ပိုပြီး ရဲရင့်လာခဲ့တယ်။

“ခဏစောင့်ဦး”

သူမက သူမရဲ့ခန္ဓာကိုယ်ကိုခြုံဖို့အတွက် စောင်တစ်ထည်ကိုလှမ်းယူလိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်ကာ ခန်ပေါ်သို့ အလျှင်အမြန်ပြန်တက်လိုက်တယ်။

“ရှင် ရေ အရင်သွန်လိုက်လေ”

သူမ ညအိပ်ဝတ်၀ုံမဝတ်ခင် ခဏလောက် စောင့်ချင်သေးတယ်။

လင်းချွမ် အခန်းထဲကို ဝင်လာပြီးနောက် စောင်ခြုံထားတဲ့ ဇနီးသည်ကိုကြည့်ပြီး သူမ ဘာမှမဝတ်ထားကြောင်းကို ခန့်မှန်းနိုင်ခဲ့တယ်။ ကြည့်ရတာ သူမကအဆင်သင့်ဖြစ်နေပုံရတယ်။ မဟုတ်ရင် သူမ ဒီလိုမျိုး မလုပ်နိုင်...

သူ ထိုအကြောင်းကို တွေးတောလေလေ ပိုပြီးစိတ်အားထက်သန်လေလေပဲ။ ဒါကြောင့် ရေတွေကို သွန်ထုတ်လိုက်ပြီး ရေဇလုံကိုအလျှင်အမြန်ဆေးကြောလိုက်တယ်။ သို့ပေမယ့် သူ အိမ်ထဲသို့ ပြန်ဝင်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ဇနီးသည်က ညအိပ်ဝတ်အင်္ကျီလို့ခေါ်တဲ့ဝတ်စုံကို ဝတ်ထားပြီဖြစ်ကာ အိပ်ယာပေါ်မှာ လှဲနေခဲ့ပြီ။

သူ အတွေးမှားသွားတာလား ဒါမှမဟုတ် အခွင့်အရေးကို လက်လွတ်သွားခဲ့တာလား?

သူသာ စောစောကသိခဲ့ရင် ရေက ဘာပဲဖြစ်နေနေ ဂရုစိုက်နေမှာမဟုတ်ဘူး။ ခန်ပေါ်ကို တိုက်ရိုက်သွားဖို့က အရေးအကြီးဆုံးပဲ။

ကံကောင်းစွာနဲ့ပဲ .. လင်းချွမ် အသက်ရှူနှုန်းကို ထိန်းချုပ်လိုက်တယ်။ သူက အရာအားလုံးကို လက်စသတ်လိုက်ပြီး တံခါးကိုပိတ်ကာ ခန်ပေါ်ကိုတက်ရင်းပြောလိုက်တယ်။

“အိပ်ရအောင် ရှစ်နာရီတောင်ကျော်သွားပြီ”

“အင်း ရှင်ရေချိုးခဲ့တာလား? ရှင့်ရဲ့ဒဏ်ရာက ရေနဲ့မထိဘူးမလား?”

ဆုဆုက ပေါ့ပေါ့ပါးပါးပဲ မေးခဲ့ပေမယ့် လင်းချွမ်က ချက်ချင်းပဲ ပြန်ဖြေလာတယ်။

“အားလုံးကို  ဆေးကြောခဲ့တယ်.. ဒါပေမယ့် ဒဏ်ရာက မစိုခဲ့ဘူး”

အရာအားလုံးဆေးကြောခဲ့တယ်ဆိုတာက ဘာပြောချင်တာလဲ?

သူမ စောင်အောက်ကိုတိုးဝင်သွားလိုက်တယ်။

“ဒါဆို ကျွန်မတို့ မီးဖွင့်ပြီး မအိပ်ဘူးမလား”

“အင်း”

လင်းချွမ်က စောင်ထဲသို့ ရောက်လာတာနဲ့မရိုးမသားဖြစ်လာပြီး ဆုဆုရဲ့လက်ကိုဆုတ်ကိုင်လာခဲ့တယ်။

“ဇနီးလေး”

ထပ်လာပြန်ပြီလား? သူ ဒီနေ့ ရပ်သွားပြီလို့ထင်နေတာ။

ဆုဆု တစ်ဖက်သို့လှည့်ကာ သူ့ကို အာရုံမစိုက်ခဲ့ဘူး။ အခု ဒဏ်ရာက ပိတ်စစည်းစရာမလိုအပ်တော့ပေမဲ့ ကြီးမားတဲ့အမာရွက်ကြီးကတော့ ဘယ်လိုပဲကြည့်ပါစေ  လျစ်လျူမရှုထားနိုင်ဘူး။ သူ့ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားအောင်လုပ်မိမှာကို သူမ တကယ်ကို စတ်ပူတေခဲ့တယ်။

ဒါက ကောင်းခါနီးနေပြီဆိုတာကို သူမသိတယ်။ နောက်ပြီး နောက်တစ်ခါ အတူ ထပ်မရှိဖြစ်ခဲ့ဘူးဆိုရင် သူမရဲ့ မိသားစုဝင်က ထွက်သွားရဦးမယ်။ တစ်ဖက်မှာ သူမ ကြောက်လန့်နေခဲ့ပြီး တစ်ဖက်မှာတော့ စိတ်ပူနေခဲ့တယ်။

ဆုဆုက သူမရဲ့ငြင်းဆန်လိုမှုသာ သိသာနေရင် တစ်ဖက်လူ လက်လျှော့သွားလိမ့်မယ်လို့ထင်ထားခဲ့တာ။

စိတ်မကောင်းစရာကောင်းစွာနဲ့ ထိုအမျိုးသားရဲ့မျက်နှာထူထဲမှုကို လျှော့တွက်မိခဲ့တာပဲ။

အထူးသဖြင့် လင်းချွမ်က တကယ်ကို ထိန်းချုပ်ထားခဲ့ရတာ။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူမ သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ သူမကို အနောက်ကနေ တိုက်ရိုက်ပဲပွေ့ဖက်လိုက်ပြီး သူ့ရဲ့ပူလောင်နဲ့တဲ့လက်နဲ့ ထိတွေ့လာခဲ့တယ်။

“မလုပ်နဲ့...”

“ကိုယ် ဒါကိုထိလိုက်မယ်”

သူက တို့ဟူး မစားဖူးတဲ့လူလည်းမဟုတ်တော့ဘူး။  ဘာပဲဖြစ်ဖြစ် သူက အဆင်မပြေဖြစ်နေခဲ့ပြီး သူလိုချင်တာတွေကိုလည်း ထိတွေ့နိုင်တယ်လေ။

All Chapters