အခန်း (၇၄)
Vol. 8 Ch. 74
ပြောရမယ်ဆိုရင် ထိုအမျိုးသားက သူ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းက အလွန်သာမန်ဖြစ်နေပြီး သူကိုယ်သူအလွန်အမင်း ယောက်ျားပီသသေးတဲ့ အကြောင်းကို မကြာခဏသက်သေပြလာတတ်တယ်။ ဆုဆုအနေနဲ့ ထိုကိစ္စအပေါ် ကျင့်သားရနေခဲ့ပြီ။
သူမသာ မလှုပ်မယှက်နဲ့ သေချင်ယောင်ဆောင်နေသရွေ့ အချိန်ခဏလောက်ကြာသွားတဲ့အချိန်မှာ သူအဆင်မပြေဖြစ်လာခဲ့ရင် သူ့ဘာသာသူ ရပ်တန့်သွားလိမ့်မယ်။
ဒါပေမယ့် အခုချိန်လောက်ဆိုရင် သူမရဲ့အနောက်မှလူက မသက်မသာဖြစ်လာသင့်နေပြီလို့ သူမခံစားရတယ်။ သူ အခု အဆင်မပြေဖြစ်နေသင့်ပြီမလား? အဲဒါက ...
အမှန်ပဲ။ တစ်ဖက်လူက လက်လျှော့လောက်ပြီလို့ သူမတွေးခဲ့ပေမဲ့ ထိုအမျိုးသားက ပိုပြီး ရှေ့ဆက်တိုးလာခဲ့တယ်။ ဆုဆု စတင်ပြီး စိတ်လှုပ်ရှားလာခဲ့တဲ့အချိန်မှာပဲ တစ်ဖက်လူရဲ့ စကားကို ကြားလိုက်ရလေတယ်။
“မလှုပ်နဲ့ ကိုယ် အခု မဝင်သေးပါဘူး”
ဆုဆုတစ်ယောက် မလွတ်မြောက်နိုင်တော့ဘဲ လှဲလျောင်းပြီး တစ်ဖက်လူကို ခွင့်ပြုပေးလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။
မကြာခင်မှာပဲ တစ်ဖက်လူက သူမကို နမ်းရှိုက်လာခဲ့ပြီး သူမရဲ့ခွန်အားတွေ လုံးဝ ကုန်ဆုံးသွားအောင် လုပ်ခဲ့လေတယ်။
ဒါက အရင်တုန်းက အခြေအနေနဲ့ ကွဲပြားခြင်း မရှိဘူးမလား?
သူမရဲ့စိတ်က အခုချိန်မှာ လုံးဝကိုရှုပ်ထွေးနေခဲ့ပြီဖြစ်ကာ ဘယ်အရာကိုမှ တွေးတောနိုင်ခြင်းမရှိတော့တာ သေချာပေါက်ပဲ။
သို့ပေမယ့် ရုတ်တရက်၊ တကယ်ကိုရုတ်တရက်ကြီး သူမရဲ့ ဖော်မပြနိုင်တဲ့ အစိတ်အပိုင်းတစ်နေရာဆီမှ နာကျင်မှုကို ခံစားလိုက်ရပြီး အော်ဟစ်လိုက်မိတယ်။ ထို့နောက်မှာတော့ သူမ ဒီ အမျိုးသားအရံဇာတ်ကောင်ကို ချက်ချင်းပဲ သတ်ချင်စိတ်ပေါက်လာရတယ်။
“ဇနီး.. ဇနီးလေး..”
လင်းချွမ်က သူမကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်ထားခဲ့ပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ တွေးတောနေခဲ့တယ်:
သူ့ရဲ့ စီနီယာတွေပြောတာ တကယ်မှန်တာပဲ။ ရိုးသားတဲ့ အမျိုးသားတွေက အသားမစားနိုင်ဘူးတဲ့။
သူ ဒီနေ့ မရိုးသားတော့တဲ့အတွက် အသားစားနိုင်ခဲ့ပြီ။
ပြောရမယ်ဆိုရင် ဒါက တကယ့်ကို သက်သောင့်သက်သာရှိစေတာပဲ။
သူက သက်သောင့်သက်သာရှိနေပေမဲ့ ဆုဆုကတော့ သက်သောင့်သက်သာရှိမနေခဲ့ဘူး။ သူမ ဖယောင်းတိုင်မီး မငြိမ်းသွားခင်အထိ အလွတ်ပေးမှုကို မရရှိခဲ့ဘူးလေ။
သို့သော်လည်း ကိစ္စတွေပြီးစီးသွားချိန်မှာတော့ ဆုဆုတစ်ယောက် ဘာတစ်ခုမှ မလုပ်နိုင်တော့တဲ့အတွက် စကားတစ်ခွန်းလောက်တောင် မပြောနိုင်တော့ပဲ အိပ်ပျော်သွားခဲ့ရတယ်။
လင်းချွမ်အတွက်ကတော့ သူ တစ်ဝက်လောက်ဝအောင် စားပြီးနောက်မှာ အရည်ပျော်သွားတဲ့ ရွံ့ခဲလေးလိုဖြစ်သွားတဲ့ ဇနီးသည်ကို ပြန်လည် သန့်ရှင်းဆေးကြောပေးခဲ့ကာ သူမရဲ့ ညဝတ်အင်္ကျီကို ပြန်လည် ဝတ်ဆင်ပေးခဲ့တယ်။
သူက အပြစ် အလွန်ကျူးလွန်ထားခဲ့တဲ့အတွက် နောက်တစ်နေ့မှာ တစ်စုံတစ်ယောက်က သူမရဲ့ ဒေါသတွေကို မထိန်းချုပ်နိုင်တော့မှာကို စိတ်ပူနေခဲ့တယ်။
သူ အရာအားလုံးကို ရှင်းလင်းကာ ခန်ပေါ်မှာလှဲလျောင်းပြီးနောက် သူ့ရဲ့စိတ်တွေက အလွန် လန်းဆန်းနေကြောင်း တွေ့လိုက်ရတယ်။
ကောင်လေးတွေက သူတို့ဇနီးရဲ့ အရသာက အလွန်ကောင်းတယ်လို့ ပြောကြတာ အံ့သြစရာမရှိတော့ဘူး။ ဇနီးတစ်ယောက်ရှိတာက လုံးဝကို ကွဲပြားသွားတာပဲ။ သူ့ကိုယ်သူ အသစ်ပြန်လည်မွေးဖွားလာခဲ့ရသလို ခံစားရတယ်။
ဒီနေ့ကစပြီး သူက ပြီးပြည့်စုံတဲ့လူတစ်ယောက် ဖြစ်သွားပြီ။ မနက်ဖန်ကျရင်...
သူ မနက်ဖြန်ကို စောင့်မျှော်နေပြီ။
ရလဒ်အနေနဲ့ နောက်နေ့မနက်မှာတော့ လင်းချွမ်တစ်ယောက် သူ့ရဲ့ အသစ်စက်စက်ဇနီးလေးဆီမှာ လိမ်ဆွဲမှုကြောင့် နိုးလာရတယ်။ သူ့ရဲ့လက်မောင်းအတွင်းပိုင်းကိုလိမ်ဆွဲတာဖြစ်လို့ ဒါက အတော်လေး နာကျင်စေနိုင်တယ်လေ။
သူ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဒေါသတကြီးဖြစ်နေပေမဲ့ မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတစ်စုံနဲ့ အကြည့်ချင်းဆုံသွားရတယ်။ လင်းချွမ်တစ်ယောက် ရုတ်တရက် သတ္တိနည်းသွားရပြီး:
“အာ ကိုယ် တောင်းပန်ပါတယ် .. ကိုယ် မထိန်းနိုင်ခဲ့ဘူး”
“ကျွန်မ ရှင့်ကို နောက်ထပ်မယုံတော့ဘူး .. ရှင်က လူလိမ်လူညာပဲ!”
သူမ လက်ကို ဆန့်တန်းပြီး ထုရိုက်လိုက်ပြန်တယ်။
တကယ်တမ်းမှာ သူမရဲ့စိတ်ကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဇနီးသည်တစ်ယောက်ဖြစ်လာခဲ့ရတာလေ။ သူမ အတော်လေး စိတ်မသက်မသာဖြစ်ရတယ်။
အထူးသဖြင့် သူက ကိုယ်ဝန်တားဆေးလည်း မယူလာခဲ့ရဘူး။
သူမက ဒီကို လုပ်အားပေးဆရာမ လုပ်ဖို့အတွက် တစ်နှစ်လောက် လာနေဖို့သာ စီစဥ်ခဲ့တာလေ။ ဘယ်သူက ချစ်သူရည်းစားရပြီး လက်ထပ်နိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။
အတိုချုပ်ပြောရရင် သူမ တစ်ညလုံး ခံစားခဲ့ရတာ ဒီလူရဲ့အပြစ်ပဲ!
လင်းချွမ်က ရိုးသားစွာဖြင့် အရိုက်ခံခဲ့ပြီးမှ ပြောလာခဲ့တယ်။
“မင်း ခဏလောက် အနားယူလိုက်ဦးလေ.. ကိုယ် မင်းအတွက် မနက်စာ ပြင်ပေးမယ်”
ဆုဆုက တစ်ဖက်လူကို ထုရိုက်ရင်း မောဟိုက်လာရသလို တစ်ဖက်လူရဲ့ အပြစ်ကိုဝန်ခံတဲ့ သဘောထားကလည်း အမှန်တကယ် ကောင်းမွန်နေခဲ့တယ်ဆိုပေမဲ့ သူမအနေနဲ့ ထို အရံဇာတ်ကောင်ကို သတ်ချင်တဲ့စိတ်ကိုတော့ မလျှော့ချနိုင်သေးဘူး။ သူမ နှာမှုတ်ပြီး ပြောလိုက်တယ်။
“သွားတော့ သွားတော့!”
သူမလည်း အိပ်ယာမှ ထခါနီးဖြစ်တာကြောင့် အိမ်သာသို့ သွားချင်နေခဲ့တယ်။
လင်းချွမ်က အိပ်ယာထဲမှ အလျင်အမြန်ထလိုက်ပြီး အဝတ်အစားတွေကို ကောက်ဝတ်လိုက်တယ်။ သူ လှုပ်ရှားနေတုန်းမှာလည်း ဘာကိုမှဂရုမစိုက်သလို ဖုံးကွယ်ထားတာမျိုးလည်းမရှိခဲ့ဘူး။
ဆုဆုသည်လည်း ထိုမြင်ကွင်းကို အလိုအလျှောက်မြင်တွေ့ခဲ့ပြီး သူမရဲ့မျက်လုံးတွေက မည်းမှောင်သွားခဲ့တယ်။
သူမ ဒီလောက်ကြီးမားတဲ့ရာဇ၀တ်မှုကို ခံစားခဲ့ရတာ အံ့သြစရာမဟုတ်တော့ဘူး။ သူမအနေနဲ့ တကယ်ကို စစ်မှန်လွန်းတယ်လို့ ခံစားမိတယ်။ ဒါက ကံကောင်းတာလား ကံဆိုးတာလားတောင်မသိတော့ဘူး။
“ဇနီးလေး ...သတ်လိုက်မယ်”
“ဘာလဲ?”
ဆုဆု နားမလည်လိုက်ပေမဲ့လည်း လင်းချွမ်က ထွက်သွားခဲ့ပြီ။
သူမ အဝတ်အစားတွေ ပြင်ဆင်ပြီး အိမ်သာကိုသွားရုံသာ တတ်နိုင်ခဲ့တယ်။ဒီဘက်ခေတ်မှ အိမ်သာမျိုးက ခေတ်ဟောင်းအမျိုးအစားဖြစ်တာကြောင့် ဆောင့်ကြောင့်ထိုင်ရတာက တကယ်ကိုနာကျင်ရပြီး ပြန်လည်သက်သာဖို့အတွက် အချိန်အတော်ယူလိုက်ရတယ်။
သူမ အိမ်ထဲကို ပြန်ရောက်တော့ ရှုပ်ပွနေတဲ့ စောင်တွေကိုတွေ့လိုက်ရတဲ့အတွက် စောင်ကို ဘေးသို့ဖယ်ထုတ်ထားလိုက်ပြီး အိပ်ယာခင်းပေါ်မှာ လှဲအိပ်လိုက်တယ်။
ဒါက မတ်တပ်မရနိုင်လောက်တဲ့ နာကျင်မှုမျိုးမဟုတ်ပေမဲ့ ဗလာကျင်းနေသလိုခံစားရပြီး ခွန်အားတွေ နည်းပါးနေခဲ့တယ်။
ခဏလောက်ကြာတော့ သူမ နောက်တစ်ကြိမ်အိပ်ပျော်သွားခဲ့ပြန်တယ်။ သူမ ပြန်နိုးလာတဲ့အချိန်မှာတော့ မီးဖိုချောင်ထဲမှ ဆူညံသံတွေ ကြားလိုက်ရတယ်။
ထို့နောက်မှာ လင်းချွမ်က ယာဂုပန်းကန်ကိုလက်ထဲမှာကိုင်ပြီး တံခါးကိုတွန်းဖွင့်ဝင်လာခဲ့တယ်။
သူက ပန်းကန်ကို ခန်စားပွဲပေါ်သို့ တင်လိုက်ပြီး ညင်သာစွာပြောလာခဲ့တယ်။
“ဇနီးလေး မနက်စာစားလို့ရပြီ”
ဆုဆု သူ့ကို စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။
“ကျွန်မ မျက်နှာမသစ်ရသေးဘူး”
“ကိုယ် ရေသွားယူလိုက်မယ်”
လင်းချွမ် လိမ်မာစွာနဲ့ သူမအတွက် ရေသန့်ဇလုံနဲ့ မျက်နှာသုတ်ပုဝါတစ်ထည်ကို ယူပေးလိုက်တယ်။
ဆုဆု မျက်နှာသစ်ပြီးနောက် မေးလိုက်တယ်။
“ရှင့်ရဲ့ခြေထောက်က အဆင်ပြေရဲ့လား”
“ဘာမှမဖြစ်ပါဘူး”
ဒါက ဒိုက်ထိုးတာထက် အများကြီးပိုပြီးလွယ်ကူသေးတယ်။ သူက ဒါကို အလွန်ခက်ခဲမယ်ထင်ပြီး အများကြီး ရုန်းကန်ကြိုးစားထားခဲ့ရတာ။
ဆုဆု သူမရဲ့ မျက်လုံးတွေကို လှိမ့်လိုက်ပြီး ယာဂုသောက်ဖို့အတွက် စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ သို့ပေမယ့် လင်းချွမ်က ကြက်စွပ်ပြုတ်အိုးကို ထပ်ယူလာခဲ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ အထူးသဖြင့် စွပ်ပြုတ်ရဲ့အပေါ်မှာ ကြက်သွေးခဲတွေအများကြီးကိုလည်း မြင်တွေ့နေရသေးတယ်။
သူမ မွေ့ယာပေါ်က အမှတ်အသားတွေကို ပြန်တွေးမိသွားတော့ နားလည်သွားခဲ့ပြီး မျက်နှာက နီရဲလာခဲ့ရတယ်။ ဆုဆု ကြက်သွေးခဲကို ကောက်ယူပြီး စားကြည့်လိုက်တော့ အရသာကောင်းနေကြောင်းတွေ့ရှိခဲ့တယ်။
“ရှင် ကြက်ကို တကယ်ကြီးသတ်လိုက်တာလား”
လင်းမိသားစုမှာ ကြက်မလေး အကောင်အနည်းငယ်နှင့် ကြက်ထီးကြီးတစ်ကောင်ပဲရှိတယ်။ ပုံမှန်ဆိုရင် အမေလင်းက ထိုကြက်တွေကို ကလေးတွေလို ဆက်ဆံထားတာလေ။ အခုကျတော့ ဘာလို့ အဲဒီကြက်ကို သတ်ဖို့ ဆန္ဒရှိသွားရတာလဲ?
“အမ်”
“အမေက ခွင့်ပြုလိုက်တာလား”
“ကိုယ် သတ်ပြီးလို့ သယ်လာခဲ့တာ.. နောက်မှ အမေ့ကိုပြောလိုက်မလို့”
“... “
ဒီလုပ်ဆောင်ချက်က တကယ်ကိုမြန်ဆန်လွန်းတာပဲ။ ဆုဆုက အမှန်တကယ် ဗိုက်ဆာနေခဲ့တာကြောင့် စွပ်ပြုတ်ကို ဆက်သောက်ရင်းနဲ့ ပြောလိုက်တယ်။
“ရှင်ကတော့ အရိုက်ခံရတော့မှာပဲ”
“ကိုယ်က အရိုက်ခံရမှာကိုမကြောက်ဘူး.. ကိုယ့်ရဲ့အသားက ကြမ်းပြီး အရေပြားလည်း ထူတယ်လေ”
လင်းချွမ်လည်း သူမနဲ့အတူ မနက်စာ ဝင်စားခဲ့ပြီး ကျန်ရှိနေတဲ့ ကြက်သားစွပ်ပြုတ်တစ်ဝက်ကိုတော့ အရှေ့ဘက်အိမ်ဆီသို့ သွားပို့ပေးခဲ့လေတယ်။
သူပြန်လာချိန်မှာတော့ ဆုဆု သူ့ရဲ့မျက်နှာပေါ်မှာ အနီကွက်တွေ ရှိနေတာကို သတိထားမိလိုက်တယ်။ သူမခန့်မှန်းတာမှန်ရင် အမေလင်းက ငှက်မွှေးတုတ်နဲ့ ရိုက်လိုက်တာဖြစ်လိမ့်မယ်။
သူမ အနည်းငယ်စိတ်မကောင်းဖြစ်သွားတာကြောင့် မေးမြန်းလိုက်တယ်။
“ရောင်လာလောက်လား”
“အမေက အားထည့်ပြီးမရိုက်ပါဘူး.. သူမသာ တကယ်ရိုက်ချင်ရင် ကိုယ် စကားတောင် မပြောနိုင်လောက်တော့ဘူး”
“...”
သူမရဲ့ ယောက္ခမ က ခွန်အားကြီးလွန်းတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ရင်လည်း ဒီကောင်လေး လေးယောက်ကို သူမတကယ် မထိန်းနိုင်လောက်ဘူး။
“အမေက အခု မင်းကိုကျွေးတဲ့အကြောင်းကို သိသွားတော့ စိတ်မဆိုးတော့ဘူး.. ခဏနေရင် မင်းကို လာတွေ့လိမ့်မယ်”
“ရှင် မင်းအမေကိုပြောလိုက်တာလား”
“ကိုယ် အသေးစိတ်မပြောခဲ့ပါဘူး”
လင်းချွမ်က သူအမှားတစ်ခုခုလုပ်မိတယ်လို့ မခံစားခဲ့ရပေမဲ့ ထိုအကြောင်းကို သိပ်ပြီး နားမလည်ခဲ့ဘူး။ သူက သူမဆီမှာ သွေးထွက်တဲ့အတွက်ကြောင့် ခရိုင်မြို့မှဆေးခန်းကို သွားပြဖို့ လိုမလားလို့ မေးခဲ့တာ။
သူ့ရဲ့ ဇနီးသည်ကိုသာ မေးခဲ့မယ်ဆိုရင် ထပ်ပြီး အလိမ်ဆွဲခံရမှာကိုကြောက်လို့ မမေးရဲလေဘူး။
ဒါက အတော်လေးတော့ ထူးဆန်းတယ်။ သူ့အမေ သူ့ကို ရိုက်နှက်တာကို ခံနိုင်ရည်ရှိတယ်လေ။ ဒါပေမယ့် သူ့ရဲ့ဇနီးလေး လိမ်ဆွဲမှာကိုတော့ သူ ဘာလို့ ကြောက်လန့်နေရတာလဲ?
“ဒါဆို ရှင်ဘယ်လိုပြောလိုက်တာလဲ”
ဆုဆု ကျယ်လောင်စွာမေးလာတယ်။
လင်းချွမ်တစ်ယောက် သူ့ရဲ့ခြေသလုံးကြွက်သားတွေ ဘာကြောင့်လှုပ်ရှားသွားတာလဲဆိုတာကို မသိခဲ့ပဲ မသိစိတ်အရ ပြန်ဖြေခဲ့မိလေတယ်။
ထို့နောက်မှာတော့ သူ့ရဲ့ ဇနီးသည်က ငှက်မွှေးတုတ်တံကို လှမ်းယူလိုက်တာကို မြင်တွေ့လိုက်ရတော့တယ်။
“...”
စာတွေထဲမှာ အရှေ့မြောက်ပိုင်းမှ အမျိုးသမီးတွေက ရက်စက်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ နူးညံ့ပြီးအားနည်းပုံရတဲ့ သူ့ရဲ့ဇနီးသည်က ပိုလို့တောင် ရက်စက်တတ်သေးတယ်။
သူ အရိုက်ရမှာကို လုံးဝ မကြောက်ဘူးဆိုပေမဲ့ သူမ အမှန်တကယ် ဒေါသဖြစ်သွားမှာကိုတော့ နည်းနည်းကြောက်မိတယ်။
သေချာတာပေါ့။ မကြာခင်တုန်းက မတ်တပ်ထရပ်ပြီး သူ့ကိုရိုက်ချင်နေတဲ့သူက ရုတ်တရက် မူးဝေသွားဟန်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့တယ်။
လင်းချွမ် သူမကို အလျှင်အမြန် ပွေ့ဖက်လိုက်ရတယ်။
“မြန်မြန်လေးထိုင်လိုက်ဦး.. စိတ်မပူပါနဲ့ အမေက အပြင်လူမဟုတ်ဘူးလေ.. နောက်ပြီး ကိုယ်တို့က ငယ်သေးတာဆိုတော့ ဒီအကြောင်းတွေကို သိပ်မသိဘူးမလား..ကိုယ်က မင်းရဲ့ သွေးထွက်လာတာကို ကြောက်နေလို့ပါ..... မင်းဆီမှာ တစ်ခုခုဖြစ်သွားမှာကို ကိုယ်အရမ်း စိတ်ပူလို့ မေးကြည့်ခဲ့တာ”
မဟုတ်ရင် သူလည်း တခြားသူတွေကို ပြောပြမှာမဟုတ်ဘူး။
“ကျွန်မ ရှင်နဲ့ စကားမပြောချင်ဘူး”
ဆုဆု လင်းချွမ်ရဲ့အကူအညီနဲ့ ထိုင်လိုက်ချိန်မှာပဲ အမေလင်းဝင်လာတဲ့အခိုက်နဲ့ တိုးသွားတာကြောင့် သူမက မေးလာခဲ့တယ်။
“ဘာဖြစ်တာလဲ”
“သူမ ခေါင်းမူးနေတာ”
လင်းချွမ် ဆုဆု ထိုင်ဖို့ ကူညီပေးပြီးနောက် အမေဖြစ်သူကို ပြန်ကြည့်ပြီး ပြောလိုက်တယ်။
“ သကြားညိုနည်းနည်းလောက် သွားလုပ်လိုက်.. ပြီးရင် ခန်ပေါ်မှာ လှဲခိုင်းလိုက်ဦး”
အခုခေတ်လူငယ်တွေက တကယ်ကိုအားနည်းလွန်းတယ်။ သူ့မရဲ့ အခြေအနေက သိပ်ကောင်းပုံမရဘူး။ အထောက်အပံ့ပေးဖို့အတွက် လိုအပ်တယ်။
စာရေးသူမှာပြောစရာရှိပါတယ်:
(*^__^*) ဟီးဟီး...
ပန်းတွေများများကျဲပေးပါ။