← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

ကောင်းကောင်းလေး ပြုစုထားမှ ထွားကြိုင်းပြီး ဝကစ်တဲ့ မြေးမလေးကို မွေးနိုင်မှာ.... အာ မဟုတ်ဘူး မြေးလေးတစ်ယောက်မွေးနိုင်မှာ။

မကြာသေးခင်အချိန်တုန်းက တူမလေးလိုချင်ကြောင်း တတွတ်တွတ်ပြောနေခဲ့ကြတဲ့ နံစော်နေတဲ့ကောင်လေး သုံးယောက်ဆီမှာ အလှည့်ဖြားခံခဲ့ရပြီး သူမတောင်မှ ဖော်ပြနိုင်ခြင်းမရှိတဲ့စိတ်တွေနဲ့ မြေးမလေးတစ်ယောက် မျှော်လင့်မိနေခဲ့တယ့။

သူတို့ဇနီးမောင်နှံတွေက အနာဂတ်မှာလည်း အတူရှိနိုင်ဖို့ အခွင့်အရေးနည်းပါးတာကို သိထားရလိမ့်မယ်။ ဒါကြောင့် အခုအချိန်ကို အခွင့်ကောင်းယူပြီး ကလေးတစ်ယောက်လောက် ယူလိုက်တာ ပိုကောင်းလိမ့်မယ်။

လင်းချွမ် သူ့အမေရဲ့စကားကို နားထောင်ပြီး သူမအအတွက် ဂိုဂျီသီးနဲ့ သကြားညိုဖျော်ရည်လုပ်ယူခဲ့ကာ လေနဲ့ မှုတ်ပေးရင်း ပြောလိုက်တယ်။

“ပူနေတုန်းမှာ သောက်လိုက်လေ”

“အဲဒီမှာထားလိုက်လေ.. ကျွန်မ ခဏလောက်အနားယူချင်သေးတယ်”

ဆုဆုရှက်ရွံ့စွာပြောလိုက်တယ်။

အမေလင်းကလည်း ဒါကို မြင်ပြီး ပြောလာတယ်။

“ဒါဆို မင်း အနားယူလိုက်ဦးလေ.. အလုပ်လုပ်စရာရှိရင် ချွမ်ဇီကိုလုပ်ခိုင်းလိုက်.. သူ သက်သာလုနီးပါး ဖြစ်နေပြီထင်တာပဲ”

သူ့ရဲ့ အသွင်အပြင်ကိုကြည့်ရုံနဲ့ သူအသားစားထားပြီးပြီဆိုတာ သိနိုင်ပြီး သူ့ရဲ့ မျက်လုံးနဲ့ မျက်ခုံးထောင့်တွေက ကွေးညွတ်ပြီး ပျော်ရွှင်စွာပြုံးနေကြောင်း မြင်နိုင်တယ်။ ဒါက သူအောင်မြင်ခဲ့ပြီဆိုတာကို လူတိုင်း သိရှိနိုင်တယ်လေ။

“ကောင်းပါပြီ”

ဆုဆု ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ တကယ်တမ်းမှာ သူမက အဲလောက်ထိ အားမနည်းပေမဲ့ လင်းချွမ်ကို ပစ်ချနိုင်တော့မယ်ဆိုတာပိုတွေးမိတော့ အလွန်ပျော်ရွှင်နေခဲ့တယ်

အမေလင်းက ထပ်ပြောလာတယ်။

“ညကျရင် မင်းအတွက် သွေးဝက်အူချောင်းတွေ ချက်ပေးမယ်.. ရွာထဲက ကျန်းမိသားစုဟောင်းဆီမှာ ဝက်သတ်ထားတယ်လို့ပြောတယ်.. ငါ မင်းရဲ့အဖေကို သွေးဝက်အူချောင်းတချို့ ဝယ်ခိုင်းလိုက်မယ်”

သူမက ထိုအကြောင်းကို တွေးတောရင်းနဲ့ ပြန်ထွက်သွားခဲ့တယ်။

ဆုဆု အနည်းငယ် ဆွံ့အသွားရတယ်။သူမက မနက်ခင်းမှာ ကြက်သွေးစားပြီးနေပြီကို ညနေဘက် ဝက်သွေးစားရဦးမှာလား။

ဒါပေမယ့် လင်းချွမ်ကတော့ သူ့ရဲ့အမေကို ကျေးဇူးတင်စွာနဲ့ ကြည့်ခဲ့ပြီး အလွန်အကူအညီရကြောင်း တွေးနေခဲ့တယ်။ သူ့ရဲ့ဇနီးသည်က အားနည်းနေပေမယ့် သူ့လိုမျိုး ယောက်ျားရင့်မာကြီးတစ်ယောက်ကတော့ သူမကို ဘယ်လိုဂရုစိုက်ရလဲဆိုတာကို မသိနိုင်ခဲ့ဘူး။

သို့ပေမယ့်လည်း မွေ့ယာကို ဘယ်လိုလျှော်ရမလဲဆိုတာကိုတော့ သူသိတယ်လေ။ ဒါကြောင့် အိပ်ယာခင်းတွေ၊စောင်တွေကို ခွဲထုတ်ပြီး သေသေချာချာလျှော်ဖွတ်လိုက်တယ်။

ထို့နောက် ခြံဝန်းနှင့် အိမ်ခန်းထဲကို သန့်ရှင်းရေးတွေဆက်လုပ်ပြန်တယ်။ သူပြန်လာတဲ့အချိန်မှာ ဆုဆုက ခန်ပေါ်မှာ လဲလျောင်းနေတာကိုတွေ့တော့ သူလည်း ခန်းအပေါ်ကိုတက်လိုက်ပြီး သူမနှင့်အတူ လှဲလျောင်း ချင်ခဲ့တယ်..

သို့သော်လည်း ထိုအချိန်မှာပဲ အိမ်ပြင်တံခါးပွင့်လာတာကြောင့် သူလှည့်ကြည့်လိုက်တော့ သူ့ရဲ့ ညီငယ်နှစ်ယောက် ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ဒါ့အပြင် အိမ်ထဲကိုလိုက်မဝင်လာခဲ့တဲ့ လင်းဟိုင်ကလည်း အိမ်အပြင်ဘက်မှာ သေနတ်ပစ်ခတ်တမ်း ကစားနေခဲ့တယ်။

အငယ်ဆုံးလေး လင်းကျင်းက ခန်ပေါ်မှာ လဲလျောင်းနေတဲ့ ဆုဆုကို တစ်ချက်ကြည့်လိုက်ပြီး လင်းချွမ်ကို တီးတိုးပြောလိုက်တယ်။

“အစ်ကို၊ ငါတို့ သုံးယောက် ဆွေးနွေးပြီးပြီ.. အမေပြောတာ မှားနေတယ်လို့ ခံစားရတုန်းပဲ”

“ဟမ်?”

လင်းချွမ်က နားမလည်ခဲ့ဘူး။

“အမေကပြောတယ်..ကလေးမွေးတဲ့အချိန် ကောင်းကွက်တွေကိုကြည့်ရတယ်တဲ့.. ဒါကြောင့် ဒီတစ်ခါမှာ ကျွန်တော့်ရဲ့မရီးကို တူလေးမွေးလာဖို့အတွက် မျှော်လင့်ရမယ်တဲ့..

ဒါပေမယ့် ကျွန်တော်တို့မိသားစုမှာ ယောက်ျားလေးတွေချည်း လေးယောက်တောင်ရှိနေတာလေ.. နောက်တစ်ယောက်ထပ်လာရင် ရန်ဖြစ်ရတော့မှာမလား ဒါကြောင့် ကျွန်တော်တို့က တူမလေးက ပိုကောင်းတယ်လို့ ဆုံးဖြတ်ထားကြတယ်”

လင်းကျင်းတို့ကောင်လေးတွေက ကိုယ်ဝန်ဆောင်ကာလက ဘာလဲဆိုတာကို သေသေချာချာနားမလည်ကြသေးဘူး။ သူတို့တွေက ဆုဆုမှာ သူတို့အစ်ကိုကြီးရဲ့ ကိုယ်ဝန်ရှိနေပြီးကလေးကို အနှေးနဲ့ အမြန်မွေးလာတော့မှာပဲလို့ ထင်နေခဲ့ကြတယ်။

သို့ပေမဲ့လည်း သူတို့အနေနဲ့ သူတို့ရဲ့ အကိုကြီးကို သူတို့တွေ တူမလေးလိုချင်တဲ့အကြောင်းကိုပြောပြရမယ်။ မဟုတ်ရင် တူမလေးအစား တူလေးတစ်ယောက်ထပ်ရလာရင် ဘယ်လိုလုပ်မလဲ?

နောက်ပြီးလင်းဟိုင်က ပြောလာတယ်။ သူတို့ရဲ့ အစ်ကိုကြီးက မငြင်းဆန်ရသေးတဲ့အတွက် မဟာမိတ်ဖြစ်ဖို့ သွားပြောရမယ်။

“... “

လင်းချွမ် ထိုအကြောင်းတွေကို သူ့ရဲ့ဇနီးလေးထံမှ စာတစ်စောင်ကို လက်ခံရရှိပြီးခဲ့ပေမဲ့ သူ့ရဲ့ညီငယ်လေးနှစ်ယောက်က အခုလိုမျိုးလာပြောတာကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတော့ အနည်းငယ် ဆွံ့အသွားရတယ်။

သို့သော်လည်း မျက်နှာတော့ အပျက်ခံလို့မရဘူး။

“ကောင်းပြီ”

သူလည်းသမီးတွေကို ကြိုက်တယ်။

သူတို့ရဲ့ အစ်ကိုကြီးက တူမလေးမွေးပေးဖို့ သဘောတူလာတာကိုတွေ့တော့ ကလေးနှစ်ယောက်က အလွန်ပျော်ရွှင်သွားခဲ့ကြတယ်။ သူတို့တွေက အပြင်ကို ပြန်ပြေးထွက်သွားကာ လင်းဟိုင်ကိုပြောလိုက်ကြတယ်။

“ကျွန်တော်တို့မှာ တူမလေးတစ်ယောက်ရှိလာလိမ့်မယ်.. အစ်ကိုကြီးကလည်း သဘောတူလိုက်ပြီ”

“တကယ်လား?”

အစ်ကိုကြီးဖြစ်သူက စကားအဖြစ်သာပြောခဲ့တယ်ဆိုတာကို သိနေခဲ့ပေမဲ့ လင်းဟိုင်က ပျော်ရွှင်နေတုန်းပဲ။ အခုဆိုရင် သူတို့ရဲ့ တူမလေးအဖွဲ့ထဲမှာ နောက်ထပ် အင်အားသစ်တစ်ခု ရှိလာခဲ့ပြီလေ။

လင်းချွမ်က ခြံဝင်းအတွင်းမှာရှိနေတဲ့ ငတုံးညီအစ်ကိုသုံးယောက်ကိုကြည့်ရင်း ဆွံ့အနေမိကာ အိမ်ထဲသို့ တိတ်တဆိတ်ပြန်ဝင်သွားခဲ့ပြီး သူ့ရဲ့ဇနီးသည်ကိုမေးလိုက်တယ်။

“ဆုဆု မင်း သမီးလေးတွေကိုကြိုကာလား?”

“ဘာမှ မကြိုက်ဘူး”

လင်းချွမ် ကြောင်အမ်းသွားရပြီး သူ ဘာမှဆက်မလုပ်နိုင်တော့တာကြောင့် ခေါင်းကိုသာ ကုတ်ခြစ်ရင်း ပြန်ထွက်သွားခဲ့တယ်။

နာရီဝက်လောက်ကြာပြီးနောက် သူ အိမ်ထဲသို့ ပြန်ဝင်လာခဲ့ပြန်တယ်။

“ကိုယ် တပ်မဟာဆီကိုသွားပြီး မြည်းလှည်းငှားလာခဲ့တယ်.. ကိုယ်မင်းကို ကွန်မြူနတီမှာ မီးပုံးပွဲအကကြည့်ဖို့ ခေါ်သွားပေးမယ်လေ”

“ဟင်?”

မီးပုံးပွဲအကဆိုတာ ဘာလဲ? ဆုဆုအနေနဲ့ ဟန်ရိုးရာ မီးပုံးပွဲအကကိုပဲသိတယ်။ ဒါပေမယ့် သူမတို့ရဲ့ခေတ်ကာလမှာ ဟန်ရိုးရာမီးပုံပွဲအက,ကက လေ့ကျင့်ခန်းလုပ်နည်းတစ်မျိုးသာ ဖြစ်လာခဲ့တယ်။

အခြေခံအားဖြင့် ဦးလေးကြီးတွေနဲ့အဒေါ်ကြီးတွေသာ ကနေတာဖြစ်လို့ ကြည့်စရာ သိပ်မရှိဘူး။

ဒီဘက်ခေတ်မှာလည်း မီးပုံးပွဲအကရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူမ သေချာပေါက် သွားချင်တာပေါ့။

ဒါ့အပြင် အခုက အားလပ်ချိန်လည်းဖြစ်နေတာကြောင့် သူမ ချက်ချင်းထရပ်လိုက်တယ်။

“ဒါဆို ကျွန်မအဝတ်အစားတွေ လှဲလိုက်မယ်.. ပြီးရင် သွားကြရအောင်”

ထို့နောက် သူတို့နှစ်ယောက် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ပြီးအရှေ့ဘက်ခြံဆီသို့သွားကာ ညီအစ်ကိုသုံးယောက်ကိုခေါ်ပြီး ကွန်မြူနတီသို့ ထွက်ခွာဖို့လုပ်ခဲ့ကြတယ်။

တခြားလူတွေသာဆိုရင်တော့ အခုအချိန်မျိုးမှာ မြည်းလှည်းကို မငှားနိုင်လောက်ဘူး။ ဒါပေမယ့် လင်းချွမ် ပြန်လာတဲ့အချိန်မျိုးမှာဆိုရင်တော့ သူက တပ်မဟာကို ကူညီဖို့ အများကြီးလုပ်ပေးနိုင်တာကြောင့် အလွယ်တကူ ငှားရမ်နိုင်လေ့ရှိတယ်။

မြည်းလှည်းပေါ်တက်ပြီးနောက်မှာတော့ ဆုဆုတစ်ယာက် လင်းချွမ်က တုံးအ,နေတဲ့သူမဟုတ်ပဲ သူမကို ပျော်ရွှင်အောင် လုပ်တဲ့နေရာမှာ အလွန်တော်ကြောင်းကို သတိပြုမိသွားရတယ်။

အစတုန်းက သူမ သူ့ကို ဒေါသဖြစ်နေတုန်းဘဲဆိုပေမဲ့ ခဏအကြာမှာပဲ မြည်းတွန်းလှည်းပေါ်ကိုရောက်သွားခဲ့ရကာ ဒေါသအများစုက ပျောက်ကွယ်သွားခဲ့တယ်။

ထို့အပြင် သူက သူ့ရဲ့ညီငယ်လေးတွေကို အုပ်ထိန်းပြီး မြည်းလှည်းပေါ်ကို သူမကိုတက်ခိုင်းတဲ့အချိန်တွေမှာ ဘယ်လောက်ချောမောနေလဲဆိုတာကိုတွေ့လိုက်ရတော့ ကျန်ရှိနေတဲ့ ဒေါသပါ ပျောက်ကွယ်သွားခဲ့တယ်။

သေချာတာပေါ့။ ရုပ်ချောတဲ့လူတွေက ဒေါသထွက်ဖို့ ခက်ခဲတာပဲ။

အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သူ့ရဲ့မျက်နှာပေါ်မှ အမာရွက်တွေက လုံးဝကို ပျောက်ကင်းသွားခဲ့ပြီး သူ့ရဲ့မျက်နှာကလည်း ပိုမိုဖြူဖွေးလာခဲ့တယ်။ ဖြူဖွေးမှုတစ်ခုက အရုပ်ဆိုးမှု သုံးခုကို ဖုံးကွယ်လိုက်နိုင်တယ်။ ဒါ့အပြင် လင်းချွမ်က လုံးဝကို ရုပ်ဆိုးမနေခဲ့ဘူး။ သူက အဓိကဇာတ်လိုက်ထက်တောင် နည်းနည်းလောက်ပိုချောသေးတယ်။

မင်းသာ ဒါကိုရွေးချယ်လိုက်မယ်ဆိုရင် ဒါက အမှန်တရားပဲဖြစ်လိမ့်မယ်။

သူမ ပိုပြီးကြည့်လေလေ ပိုပြီးကြိုက်လာလေလေပဲ။ ဒါပေမယ့် မနေ့ညတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရသွားတော့ သူမရဲ့မျက်နှာပေါ်မှအပြုံးကို ဆက်ပြီးထိန်းထားဖို့ ခက်ခဲသွားရတယ်။

လင်းချွမ်ကတော့ သူ သူ့ရဲ့ ဇနီးသည်ကို ချော့မော့နိုင်သွားဖြစ်ဖြစ်ကြောင်းမသိခဲ့ဘူး။ သူသာသိရင် ပျော်လွန်းလို့ တောင်စွန်းကနေတောင် ခုန်ချချင်စိတ်ပေါက်သွားလိမ့်မယ်။

သို့ပေမယ့် ရွာအဝင်ဝဆီကို ရောက်လာချိန်မှာ တစ်ယောက်ယောက်က သူမကိုမြင်ရင် ဘယ်သူလဲဆိုတာကို ခန့်မှန်းသွားနိုင်မှာကိုစိတ်ပူနေသလိုမျိုး မျက်နှာကို ပဝါနဲ့ပတ်ပြီး လမ်းကြုံလိုက်ဖို့အတွက်တားဆီးလာတဲ့တစ်ယောက်ကို မြင်တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။

ဒါပေမယ့် ဒီရွာထဲမှာ ချောမောလှပတဲ့အမျိုးသမီးတွေက နည်းပါးလွန်းတယ်။ ထို့အပြင် ထိုအမျိုးသမီးက လင်းမိသားစုနှင့် ယခင်တုန်းက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတာကြောင့် လင်းမိသားစုက သူမကို တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူလဲဆိုတာကို သိနိုင်ခဲ့တယ်။

ဆုဆုက ထိုမြင်ကွင်းကို မမြင်တွေ့ခဲ့ဘူး။သူမက သန်းဝေလိုက်မှုကြောင့် သူမရဲ့မျက်လုံးတွေတွေမှာ မျက်ရည်တွေပြည့်လာတာကြောင့် သုတ်နေခဲ့ပြီး ထိုအခြေအနေကို ရှင်းရှင်း လင်းလင်း မမြင်တွေ့ခဲ့တာ။

အရှေ့မှာ လှည်းမောင်းနေတဲ့ လင်းဟိုင် မျက်မှောင်ကြုတ်လိုက်တယ်။

“သူမ ဘာလိုချင်နေတာလဲ”

လင်းချွမ်က သူ့ရဲ့ခေါင်းကို ခါရမ်းလိုက်ပြီး သူ့ရဲ့ကုတ်အင်္ကျီကိုချွတ်ကာ ဆုဆုရဲ့ ခြေထောက်တွေကို ခြုံပေးလိုက်တယ်။

အရင်တုန်းကတော့ သူ့အနေနဲ့ တခြားလူတွေရဲ့ စကားတွေကို အာရုံစိုက်ဖို့လိုအပ်ပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့ ဇနီးသည်က သူ့အပိုင်ဖြစ်နေပြီ။ နောက်ပြီး မနေ့ညတုန်းက ဆက်ဆံရေးအရ သူအကုန်လုံးကို စိတ်ချနိုင်ပြီး ဘာကိုမှ ကြောက်စရာမလိုတော့ဘူး။

သူက အဲဒီတစ်ယောက်ကို ဘာလို့ကြောက်နေရမှာလဲ။ သူ ဘာတစ်ခုမှ အမှားမလုပ်ထားဘူး။

ဒါက မနေ့တူန်းက အနိုင်ကျင့်ခံထားရတဲ့ ဆုဆုအတွက်လည်း အတူတူပဲ။ ဒါပေမယ့် သူမက လင်းချွမ်ကို  ပုံမှန်ထက်ပိုပြီး ယုံကြည်စိတ်ချရသလို ခံစားနေရတယ်။ ဒါကြောင့် လှည်းပေါ်မှာထိုင်နေစဥ်မှာလည်း သူ့ဘက်ကို အနည်းငယ်မှီထားခဲ့တယ်။

ထိုအခိုက်မှာပဲ မြည်းလှည်းက ရုတ်တရက် ရပ်သွားတာကြောင့် သူမ ခေါင်းထောင်ပြီး မေးလိုက်တယ်။

“ဘာကိစ္စရှိလို့လဲ?”

လင်းချွမ်က သူမရဲ့မာဖလာကို ကူညီကာ ပြင်ဆင်ပေးရင်းပြောလိုက်တယ်။

“တစ်ယောက်ယောက် ကိုယ်တို့နဲ့ လမ်းကြုံလိုက်ချင်နေတယ်”

သူက ဘယ်သူလဲဆိုတာကို မပြောခဲ့သလို  ထိုအကြောင်းကိုလည်းဂရုမစိုက်နေခဲ့ဘူး။

လင်းဟိုင်ကတော့ ထိုအမျိုးသမီးကို အလွန်မုန်းတီးနေခဲ့ပြီဖြစ်တာကြောင့် အေးစက်စွာမေးလိုက်တယ်။

“မင်း ဘာလိုချင်လို့လဲ”

“ငါ ကွန်မြူနတီကို သွားချင်လို့.. နင်တို့လှည်းနဲ့ အတူလိုက်ခဲ့လို့ရမလား”

ချင်ယွဲ့ယွဲ့က လင်းချွမ်နဲ့ ဆုဆုတို့က အရှေ့ဘက်မှာ အတူတကွ ပွေ့ဖက်ပြီးထိုင်နေတာကိုမြင်တွေ့ခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ဆွေမျိုးကို နှုတ်ဆက်ပြီးအသိအမှတ်မပြုလာတာက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေပေမဲ့ သူမရဲ့ လူသိမများစေချင်တဲ့ အခြေအနေကို ထိန်းသိမ်းဖို့အကြောင်းကိုတွေးရင်း ထိုပူးကပ်နေတဲ့လူနှစ်ယောက်ကို ဂရုမစိုက်တော့ပဲ မေးလိုက်တယ်။

ဒီလို ရွာလေးတွေမှာ လှည်းအကြုံလိုက်စီးတာက ပုံမှန်ပဲဖြစ်တာကြောင့် လင်းဟိုင်က လှည်းကို လမ်းဘေးဘက်မှာရပ်ရင်း လင်းရှန်ကိုလှမ်းပြောလိုက်တယ်။ 

“ဝေးဝေးမှာ ထိုင်လိုက်”

ဒီအမျိုးသမီးက လုံးဝကိုလေးနက်မှုမရှိဘူး။ ဒါကြောင့် သူမဆီကနေ ဆိုးသွန်းတဲ့အရာတွေကို မသင်ယူနဲ့။

“အစ်မချင် ကျွန်တော်နဲ့ အတူလာထိုင်လေ”

လင်းရှန်ကတော့ ချင်ယွဲ့ယွဲ့ကို လူကောင်းတစ်ယောက်အဖြစ်သတ်မှတ်ထားဆဲဖြစ်တာကြောင့် တခြားလူတွေထက် ပိုပြီး ယဥ်ကျေးနေခဲ့တယ်။

လင်းချွမ်ကတော့ စကားပြောခြင်းမရှိပဲ သူမ လှည်းပေါ့မှာထိုင်လိုက်တာနဲ့ အတွင်းပိုင်းကို တိုးဝင်သွားခဲ့တယ်။

**

All Chapters