← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

ဆုဆုက လင်းရှန်ရဲ့ အစ်မချင်ဆိုတဲ့အသံကိုကြားတော့ တစ်ဖက်လူက ဘယ်သူဖြစ်ကြောင်းကို ချက်ချင်းသိသွားခဲ့တယ်။

ဇာတ်လိုက်မက အခု ဘာဖြစ်ချင်နေတာလဲဆိုတာကို နားမလည်ခဲ့ဘူး။ ပုံမှန်အခြေအနေတွေမှာဆိုရင် ရွာသူရွာသားတွေက ကွန်မြူနတီကို သွားလေ့မရှိကြဘူး။

မီးပုံပွဲအကရှိတယ်ဆိုပေမဲ့ သူတို့တွေက မြည်းလှည်းတွေနဲ့ မသွားကြဘူးလေ။ သွားတဲ့လူ အများစုက လူငယ်တွေသာဖြစ်တာကြောင့် အတူတကွ လမ်းလျှောက်တတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်လမ်းခရီးက သူတို့အတွက် အပန်းမကြီးလောက်ဘူး။

ဒါပေမယ့် ဆုဆုကတော့ လမ်းမလျှောက်နိုင်ဘူး။ သူမရဲ့ခန္ဓာကိုယ်က အခုလို ကျိုးကြေလုနီးပါးဖြစ်ခဲ့ရပြီးနောက်မှာ ကွန်မြူနတီဆီသို့ လမ်းလျှောက်မသွားနိုင်တဲ့အကြောင်းကို လင်းချွမ်လည်း သိနေခဲ့တာကြောင့် အခုလို မြည်းလှည်းငှားဖို့ စီစဥ်ခဲ့တာ။

ဇာတ်လိုက်မက အခုလိုမျိုး လမ်းကြုံလိုက်ဖို့အတွက် တားဆီးလာလိမ့်မယ်လို့  သူမ မမျှော်လင့်ထားခဲ့ဘူး။ သူမ နေရခက်သလို မခံစားရဘူးလား။

ဆုဆု တကယ်ကို နားမလည်နိုင်ဘူး။ မင်းသမီးက အလွန်အမင်းရည်မှန်းချက်ကြီးလွန်းတာမဟုတ်ဘူးလား။ ဒါကို ဘယ်လိုလုပ်ပြီး လင်းမိသားစုအပေါ် အပြစ်တွေအများကြီးလုပ်ခဲ့တာတောင်  သူမက လှည်းပေါ်ကို အေးအေးဆေးဆေး တက်လာနိုင်ရတာလဲ။

ဒီလိုအချိန်မျိုးက လူတွေအတွက် ကွန်မြူနတီကို သွားဖို့ သိပ်ပြီးဝေးကွာလွန်းတာမဟုတ်ဘူးလေ။  နှင်းတွေကလည်း သိပ်ပြီးမထူတော့ဘူး။ အေးအေးဆေးဆေးလမ်းလျှောက်လိုက်ရုံပဲ။

ဖြစ်နိုင်တာက ဇာတ်လိုက်မဆီမှာ ဒီလှည်းပေါ်ကို တက်ဖို့အတွက် အကြောင်းပြချက်ရှိနေတာများလား။

ဆုဆု စာအုပ်ထဲက အဖြစ်အပျက်တွေကိုအကြောင်းကို တွေးတောလိုက်ပြီး အချိန်တွေကိုပါ ရေတွက်ကြည့်ပြီးတဲ့ နောက်မှာတော့ သူမ ချင်ယွဲ့ယွဲ့ဆီကို နောက်တစ်ကြိမ်ပြန်လှည့်ကြည့်လိုက်မိတယ်။ သူမဆီမှာ ကလေးရှိနေတယ်ဆိုတဲ့အကြောင်းကို သိလာခဲ့တာများလား?

တကယ်တမ်းမှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့တွေ ဖောက်ပြန်ခဲ့တဲ့ဇာတ်ကွက်ပြီးသွားတဲ့အကြောင်းကို ဆုဆု ရိပ်မိနေခဲ့တယ်။ လင်းတုံဟဲက လင်းချွမ်ကို လူနာစောင့်ပေးတဲ့အချိန်တုန်းက သူ လင်းချွမ်ကို  သိပ်ပြီး မကြည့်ရဲခဲ့ဘူးလေ။ စကားပြောတဲ့အချိန်မှာလည်း သူက တစ်ကြိမ်ပြီးတစ်ကြိမ် အကြည့်လွှဲနေခဲ့တယ်။

အခု ဇာတ်လိုက်မက နည်းနည်းလောက် မူမမှန်ဖြစ်နေခဲ့တာဆိုတော့ သူမ ကိုယ်ဝန်ဖျက်ချတော့မှာများလား။

ဒါပေမယ့် အခုက နှစ်လတောင်မပြည့်သေးဘူး။ သူမရဲ့ တုံ့ပြန်မှုအရှိန်က အတော်လေးမြန်ဆန်လွန်းတယ် မဟုတ်ဘူးလား?

သူမက စစ်ဆေးခဲ့တာများလား?

သို့သော်လည်း အခုက လင်းချွမ်ကိုလက်ထပ်ထားပြီးပြီဖြစ်တာကြောင့် ဘယ်လို အကြောင်းပြချက်ကြောင့်နှင့်မှ  သူမရဲ့ယောက်ျားကို ဦးထုပ်စိမ်းဆောင်းပေးမှာကို လက်ခံမှာမဟုတ်ဘူး။

သေချာတာပေါ့။ သူမ ဇာတ်လိုက်မကိုသေသေချာချာစောင့်ကြည့်ရမယ်။ သူမရဲ့ခင်ပွန်းသည်ကို အကွက်ချတာမျိုး ထပ်မဖြစ်စေဖို့အတွက် သူတို့ နှစ်ယောက်တည်းအတူရှိနိုင်မဲ့ အခွင့်အရေးမျိုးပေးလိုက်လို့မရဘူး။

ဆုဆုတစ်ယောက် သူမရဲ့ခင်ပွန်းသည် ဒုက္ခရောက်ရမှာကို ကြောက်ရွံ့စိတ်ပူနေခဲ့တာကြောင့် သူမရဲ့လက်နဲ့ လင်းချွမ်ရဲ့လက်မောင်းကို ပွေ့ဖက်လိုက်လေတယ်။ အခုချိန်မှာတော့ သူမက လင်းချွမ်ကို  စိတ်ဆိုးနေခဲ့တဲ့အကြောင်းကို လုံးဝ မေ့သွားခဲ့ပြီ။

ချင်ယွဲ့ယွဲ့က အလွန်အမင်းအာရုံစိုက်တတ်တဲ့သူပဲ။ တကယ်လို့ သူမသာ အရင်တုန်းကအတိုင်းပဲဆိုရင် ကွန်မြူနတီကိုသွားဖို့အတွက်  တကယ်ကိုလမ်းလျှောက်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ဒီတစ်ခေါက်ကအတွက် ရည်ရွယ်ချက်က ကစားဖို့သွားတာမဟုတ်ဘူး။ ထိုအရာ ရှိမရှိကို စစ်ဆေးဖို့အတွက် ဆေးရုံကို သွားမှာလေ။

ဒီတောင်တက်လမ်းက သွားလာရအလွန်ခက်ခဲတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့်တောင်တက်လမ်းပေါ်မှာ လမ်းလျှောက်သွားမယ်ဆိုရင် သူမ မတော်တဆတစ်ခုခုဖြစ်ပြီး ကိစ္စတွေ ကြီးမားသွားမှာကို စိတ်ပူနေခဲ့တယ်။

ဒီလိုသာဖြစ်ခဲ့ရင် သူမဆီမှာ ဘာတွေထပ်ဖြစ်လာမလဲဆိုတာ ဘယ်သူမ မသိနိုင်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ဆီက အကယ်တင်ခံရမယ်ဆိုရင် ပိုပြီး ဒုက္ခသွားမှာကို သူမ စိတ်ပူတယ်။

အဲဒီအချိန်ကျရင် သူမရဲ့ဂုဏ်သတင်းက လုံးလုံးလျားလျား ပျက်ပြားသွားလိမ့်မယ်။ ဒါကြောင့် သူမအန္တရာယ်ကို အလောင်းအစား မလုပ်ရဲဘူး။ စိတ်အနှောင့်အယှက်အဖြစ်ခံရင်းနဲ့ပဲ လင်းမိသားစုမှ ငှားရမ်းထားတဲ့ မြည်းလှည်းပေါ်သို့ တက်လာနိုင်ရုံသာ တတ်နိုင်ခဲ့တယ်။

လင်းမိသားစုလူတွေက အရင်တုန်းကလိုမျိုး သူမအပေါ် ကြင်နာတရားတွေမရှိကြတော့ဘူး။ လင်းရှန်တစ်ယောက်ကသာ သူမကို အနည်းငယ် ကြည့်ပေးတော့တယ်။

ဒါကိုကြည့်ရင်း သူမ အလွန်စိတ်ဓာတ်ကျနေခဲ့ရပေမဲ့ သူမ အခုချိန်မှာ မထင်မရှားအဖြစ်သာ ထိန်းထိန်းသိမ်းသိမ်းနေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုချိန်မှာ ဘာတစ်ခုမှ မပြောတော့ပဲ တိတ်ဆိတ်နေလိုက်တယ်။

သွားရင်းနဲ့ ဆုဆု ထပြောလိုက်တယ်။

“လင်းချွမ် .. ကျွန်မ အိမ်သာသွားချင်တယ်”

ထိုအချိန်ပြီးကတည်းက သူမရဲ့ ထိုနေရာမှ အဆင်မပြေသလိုခံစားနေရတယ်။ ဒါပေမယ့်  အပြင်မှာအနည်းငယ်အေးတာကြောင့် အကြာကြီးထိုင်ပြီးတဲ့နောက်မှာ သူမ အိမ်သာသွားချင်လာခဲ့တယ်။

လင်းချွမ် မြည်းလှည်းကို ရပ်လိုက်တယ်။

“ကိုယ် မင်းကို ခေါ်သွားပေးမယ်”

လင်းချွမ် လှည်းပေါ်မှ ဆင်းလိုက်ပြီး လင်းဟိုင်ကို မြည်းကို ထိန်းချုပ်ခွင့်ပေးလိုက်ကာ သူ့ရဲ့ဇနီးသည်နှင့်အတူ အရှေ့သို့ လျှောက်သွားခဲ့တယ်။

“ကျွန်မလည်း လိုက်မယ်”

ချင်ယွဲ့ယွဲ့က ကိုယ်ဝန်အစောပိုင်းကာလမှာရှိနေတာကြောင့် အထူးသဖြင့် ဆီးကိုသိပ်ပြီးမထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ခကြာခဏ သန့်စင်ခန်းကိုသွားချင်နေခဲ့တယ်။

သူမက လင်းချွမ်နဲ့ ဆုဆုတို့ရဲ့နောက်ကနေ လိုက်သွားခဲ့ပြီး သွားလို့ရလောက်တဲ့ နေရာနဲ့နီးကပ်လာချိန်မှာ လင်းချွမ်က ရုတ်တရက်ပြောလာတယ်။

“မင်း  အရှေ့ဘက်ကို ငါးလှမ်းလောက်လျှောက်ပြီး အဲဒီကိုသွားလိုက်”

ထိုသို့ပြောပြီးနောက် လင်းချွမ်က သူတို့အဆင်ပြေစေရန်အတွက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပေးသွားခဲ့တယ်။

သူက အမျိုးသမီးနှစ်ယောက် ရှက်ရွံ့မနေစေရအောင် ရှောင်ပေးသွားခဲ့တာပဲ။

အရင်တုန်းက သစ်သားတုံးနဲ့တူတဲ့ လင်းချွမ်က လက်ထပ်ပြီးသွားချိန်မှာ အမျိုးသမီးတွေကို ဒီလောက်ထိ  ဂရုစိုက်ဂရုစိုက်ပေးလာတတ်လိမ့်မယ်လို့ ချင်ယွဲ့ယွဲ့ မမျှော်လင့်ထားခဲ့ဘူး။ သူက သူမအိမ်သာသွားချင်တဲ့အချိန်မှာဆို နောက်ကနေ တစ်ခါမှ မလိုက်ခဲ့ဖူးဘူးလေ။ တကယ်ဆို သူ အခုလောက်ထိ တွေးတောပေးမနေသင့်ဘူး။

သူမ အရင်တုန်းက လင်းချွမ်ရဲ့ ကြမ်းတမ်းမှုတွေကို မကြိုက်ခဲ့ဘူး။ လင်းတုံဟဲရဲ့ ဂရုစိုက်ပေးမှုတွေကိုသာ သဘောကျခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ လင်းချွမ်က လင်းတုံဟဲထက်ပိုပြီး ဂရုစိုက်ပေးတတ်ကြောင်းကို ရှာတွေ့ခဲ့ပြီ။ အထူးသဖြင့် အမျိုးသမီးတွေကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့နေရာမှာ အဲဒီလင်းတုံဟဲက သူ့လောက်မတော်ဘူး။

တစ်ဖက်လူက သူမကို လျစ်လျူရှုနေခဲ့လို့သာပဲ။ ကြည့်ရတာ သူက ဆုဆုသဝန်တိုမှာကို ကြောက်နေပုံရတယ်။

အမျိုးသမီးနှစ်ယောက်က အပေါ့အပါးသွားပြီးနောက် ပြန်ထွက်လာခဲ့ကြတယ်။ ဆုဆုက အနည်းငယ် အဆင်မပြေဖြစ်နေချိန်မှာတောင် ဆော့ကစားချင်တဲ့ သူမရဲ့ နှလုံးသားကို မပြောင်းလဲနိုင်တဲ့လူမျိုးဖြစ်ခဲ့တယ်။

သူမက မြေပြင်ပေါ်မှ နှင်းတွေက တကယ်ကိုဖြူဖွေးပြီး လှပတယ်လို့ ခံစားခဲ့ရတာကြောင့် လက်တစ်ဆုပ်စာ နှင်းပွင့်တွေကို ကောက်ယူလိုက်ကာ သေးငယ်တဲ့ ဘောလုံးလေးတစ်လုံးဖြစ်အောင် ဖြစ်ညှစ်လိုက်တယ်။

သူမက အဝေးမှာကျောခိုင်းပြီးရပ်နေတဲ့ လင်းချွမ်ကိုမြင်တော့ ဆိုးသွန်းတဲ့အတွေးတွေရှိလာပြီး ထို နှင်းဘောလုံးကို လင်းချွမ်တီသို့ ပစ်ပေါက်လိုက်တယ်။ သူမက တစ်ဖက်လူကိုစနောက်ချင်ခဲ့တာ။

ဒါပေမယ့် မထင်မှတ်ထားစွာနဲ့ လင်းချွမ်က သူ့ရဲ့ခေါင်းကိုတောင် ပြန်လှည့်ကြည့်ခဲ့ခြင်းမရှိပါပဲ လက်ကိုဆန့်ထုတ်ပြီး ဖမ်းယူလိုက်လေတယ်။

သူ ဖမ်းယူလိုက်တဲ့အရာက ဘာလဲဆိုတာကိုမြင်တော့ ခေါင်းကိုခါရမ်းရင်း ကူကယ်ရာမဲ့စွာပြုံးလိုက်လေတယ်။ ဒီလူရဲ့အပြုံးကို မြင်တွေ့ရတာက တကယ်ကို ရှားပါးလွန်းတယ်။ သူရဲ့အပြုံးက ဆောင်းရာသီအတွင်းမှာ ထိုးဖောက်ပြီး ထွက်ပေါ်လာတဲ့နေရောင်ခြည်လိုပဲ။ တကယ့်ကိုနွေးထွေးလွန်းတယ်။

ချင်ယွဲ့ယွဲ့က သူ့ကိုကြည့်ရင်းနဲ့ အနည်းငယ် ရူးသွပ်ချင်လာခဲ့ရတယ်။ သို့ပေမယ့် တစ်ဖက်လူရဲ့ ဆုဆုအပေါ် ကူကယ်ရာမဲ့ဟန်အကြည့်ကိုမြင်တွေ့လိုက်ရတော့ သူမ လှောင်ရယ်ချင်လာရပြန်တယ်။

“ရဲဘော်ဆုက ဒီနှစ်ဆို ဆယ့်ကိုးနှစ်ပြည့်တော့မှာမလား.. ဘာဖြစ်လို့ ကလေးလိုလုပ်နေရသေးတာလဲ”

အိမ်ထောင်သည်မိန်းမတစ်ယောက်က တည်ငြိမ်နေသင့်တယ်။ အထူးသဖြင့် သူမက ဆရာတစ်ယောက်တောင်ဖြစ်နေသေးတယ်။

ဒါပေမယ့် တစ်ဖက်လူက ထူးမခြားနားဟန်ဖြင့် ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

“ ကျွန်မက ဒီလိုကစားရတာကို ကြိုက်တယ်လေ..ရှင် ခွင့်ပြုမပေးနိုင်ဘူးလား”

သူမက ပြောရင်းနဲ့ လင်းချွမ်ကိုပါ တစ်ပါတည်းမေးကာ လင်းချွမ်ရဲ့လက်မောင်းကိုဆွဲဖက်လိုက်တယ်။

လင်းချွမ်က မူလတုန်းက သူမရဲ့ခေါင်းပေါ်ကို နှင်းဘောလုံးလေးတင်ပြီး ကစားချင်ခဲ့ပေမဲ့ ဆုဆုရဲ့မျက်နှာကိုကြည့်ပြီးနောက် ထိုသို့လုပ်ချင်တဲ့ ဆန္ဒမရှိတော့တာကြောင့် နှင်းဘောလုံးကို ဘေးသို့ပစ်ချလိုက်တယ်။

“ရတယ်”

ဒါလည်းကောင်းတာပဲလ။ အများဆုံး သူကိုယ်တိုင် သမီးတစ်ယောက်ကို ပျိုးထောင်လိုက်ရုံပဲပေါ့။

ဆုဆုက ချင်ယွဲ့ယွဲ့ကို ထပ်ပြီး စကားမပြောတော့ဘူး။ သူမရဲ့ ကြိုတင်ကြံစည်မှုတွေပြည့်နေတဲ့ စကားတွေကိုလည်း နားမထောင်ချင်တော့ဘူး။

ဇာတ်လိုက်မရဲ့ စကားတွေက မကောင်းဘူးလို့ သူမအမြဲတမ်း ခံစားမိတယ်။ ဒါကလည်း မလိုမုန်းထားစိတ်တွေကြောင့် ဖြစ်နိုင်တယ်။

တကယ်တမ်းမှာ မင်းသမီးက အဆင်ပြေပါတယ်။ မဟုတ်ရင် သူမ ဒီလောက်ထိနာမည်ဆိုးထွက်သွားတာတောင် ရွာထဲမှာ ဆက်ပြီး စွဲစွဲမြဲမြဲနေနိုင်မှာမဟုတ်ဘူး။ သူမ ဆက်ပြီး နေနိုင်တယ်ဆိုကတည်းက တချို့သော ကိစ္စတွေကတော့ ရှိနေသေးတယ်လို့ ဆိုလိုတာပဲ။ အနည်းဆုံး ပညာတတ်လူငယ်တွေက သူမကို သေတဲ့အထိ နင်းချေခြင်းမရှိခဲ့ကြဘူးမလား။

လင်းချွမ် ဆုဆုကို လှည်းပေါ်ကိုတက်ဖို့ ကူညီပေးလိုက်ပြီးနောက် အနောက်ဘက်မှ တစ်စုံတစ်ခုပြုတ်ကျတဲ့ အသံကိုကြားလိုက်ရတာကြောင် အနောက်ဘက်သို့လှည့်ကြည့်တော့ နှင်းတွေကြားမှာ ချော်လဲနေတဲ့တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ချော်လဲတာကျတာ မပြင်းထန်ပေမယ့် တစ်ဖက်လူက ထိုင်နေရာကနေ ပြန်မထနိုင်တဲ့ပုံရတယ်။

“လင်းရှန်..သွားပြီး ကူညီပေးလိုက်”

သူက လင်းရှန်ကို စေခိုင်းလိုက်ပြီးနောက် လှည်းပေါ်ကိုတက်လိုက်ပြီး သူ့ရဲ့ စေ့စပ်သူဟောင်းကို နောက်တစ်ခေါက် ပြန်လှည့်မကြည့်လေတော့ဘူး။

ဆုဆု  သူ့ရဲ့သဘောထားတွေကို  အလွန်ပဲသဘောကျတယ်။ တွယ်ကပ်နေတတ်တဲ့သူမျိုးမဟုတ်ဘဲ ဗဟိုလေအေးပေးစက် ဖြစ်နေတာ ဘယ်လောက်ကောင်းလိုက်သလဲ။

ဒါက အမျိုးသားဇာတ်ဆောင်နဲ့ လုံးဝ ကွဲပြားတယ်။ သူ့ဆီမှာ ဗဟိုလေအေးပေးစက်လို သဘောထားမျိုးရှိပြီး တခြားလူတွေကိုလည်း သနားညှာတာပြီးလုပ်ပေးတယ်ဆိုတာမျိုး မရှိဘူး။

တချို့တွေက လူတိုင်းအပေါ် ကြင်နာပေးတတ်သလိုထင်ရပေမဲ့ တကယ်တမ်းမှာ စိတ်ဒုက္ခပေးတာမျိုး ဖြစ်နေတတ်တယ်။

ဥပမာအားဖြင့် တချို့လူတွေက  အိမ်ထောင်မပြုရသေးပဲ အတူနေခဲ့ကြမယ်ဆိုရင်  ယောကျာ်းလေးက တာဝန်ယူချင်ရင်တောင် တစ်ဖက်လူက လက်ထပ်ဖို့ သဘောတူရဲ့လားဆိုတာကို စဉ်းစားရလိမ့်မယ်။ တကယ်လို အမျိုးသမီးဖက်က လက်မထပ်ချင်ပါပဲ သူက တာဝန်ယူဖို့ အတင်းပြောနေမယ်ဆိုရင် ဒါက စိတ်ဒုက္ခပေးတာသက်သက်ပဲ။

သူမအတွက်ကတော့ အိမ်ထောင်ပြုပြီးနောက်မှသာ ကလေးမွေးနိုင်လိမ့်မယ်။

လင်းရှန်က လှည်းပေါ်မှခုန်ဆင်းလိုက်ပြီး ချင်ယွဲ့ယွဲ့ကို ကူညီပေးလိုက်တယ်။

အကြောင်းတစ်ခုခုကြောင့် တစ်ဖက်လူကလမ်းလျှောက်တဲ့အချိန်မှာ အလွန်ဂရုစိုက်နေတယ်လို့ ခံစားမိတဲ့အတွက် သူ မေးလိုက်မိတယ်။

“အစ်မချင် ဒဏ်ရာရသွားတာလား”

“မဟုတ်ဘူး.. ငါ ထပ်ပြီးလဲကျမှာကြောက်လိုပါ”

ချင်ယွဲ့ယွဲ့ သူမရဲ့လှုပ်ရှားမှုကြောင့် ကလေးပျက်ကျသွားမှာကို အမှန်တကယ် ကြောက်လန့်နေခဲ့တယ်။ ကလေးပျက်ကျတာက အဆင်ပြေပေမဲ့ အခုက အချိန်ကောင်းမဟုတ်ဘူး။

ရလဒ်အနေနဲ့ လင်းဟိုင်က သူမကို မသိမသာနဲ့ ဓားနဲ့ထိုးစိုက်လာခဲ့တယ်။

“ ကျွန်တော်တို့မရီးက လေသာသားရေဖိနပ်စီးထားတာဆိုတော့ ချော်မလဲခဲ့ဘူးလေ.. မင်းက အခုလို အဝတ်စနဲ့ချုပ်ထားတဲ့ဖိနပ်ကိုစီးထားတော့ ချော်လဲမှာပေါ့.. မြန်မြန်လာခဲ့.. လှေပေါ်က ကပွဲကို စခါနီးနေပြီ”

“အင်း”

ချင်ယွဲ့ယွဲ့က ဆယ်ကျော်သက် လင်းဟိုင်နှင့် ဖက်ပြီးပြောချင်စိတ်မရှိတာကြောင့် လှေပေါ်မှာထိုင်ပြီး ကွန်မြူနတီဆီကို လိုက်သွားခဲ့တယ်။

သူတို့တွေ ကွန်မြူနတီရဲ့ လမ်းတစ်ဝက်ပဲရှိသေးပေမဲ့ ဆယ်မိုင်အကွာလောက်မှာရှိတဲ့ ရွာရှစ်ရွာဘက်မှ လူတွေကြောင့် လမ်းမှာ လူတွေနဲ့ပြည့်နေခဲ့ပြီ။

ဒရမ်တွေကလည်း တီးခတ်နေပြီဖြစ်တာကြောင့် လူတိုင်းရဲ့ မျက်လုံးတွေက ထိုနေရာဆီကိုသာ လှမ်းကြည့်နေခဲ့ကြတယ်။

**

All Chapters