← Chapters

(77.2)

Vol. 8 Ch. 78

(77.2)

Vol. 8 Ch. 78

ထို့အပြင် သူမရဲ့ပညာတတ်အခြေအနေကလည်း တခြားလူတွေရဲ့ယုံကြည်မှုကိုရရှိလိမ့်မယ်။ တ်ဖက်လူက စစ်သားသာဖြစ်နေသရွေ့ ဘယ်အရာမဆို ချောမွေ့နေမှာ။

ဒီနေ့ ဆရာဝန်တွေက သူမကိုအထင်သေးခဲ့ကြပေမဲ့ လင်းချွမ်ကို သူမနဲ့အတူခေါ်သွားနိုင်တာနဲ့ အားလုံးက ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။  သူ စကားတစ်ခွန်းလောက် ပြောလိုက်တာနဲ့ အရာအားလုံးကို အလွယ်တကူလုပ်လိုက်နိုင်လိမ့်မယ်။

ချင်ယွဲ့ယွဲ့ ထိုအကြောင်းကိုစဥ်းစားရင်း ခေါင်းထဲမှာ အစီအစဥ်တွေကို ပုံဖော်နေခဲ့တယ်။ သူမက ဒီကိစ္စအတွက် လင်းချွမ် သူမကို သေချာပေါက် ကူညီမယ်ဆိုတာကို  ယုံကြည်ထားခဲ့တာကြောင့် သူ့ဆီသို့ သွားဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တယ်။

သူတို့နှစ်ယောက်က အရင်ကလိုမျိုး စေ့စပ်ထားတဲ့ ဆက်ဆံရေးမျိုးမဟုတ်ရင်တောင် အဆုံးမှာတော့ သူတို့တွေက ခဏတာလောက် လက်တွဲဖော်လောင်းတွေ ဖြစ်ခဲ့သေးတယ်လေ။ သူ သဘောမတူဘူးဆိုရင်တောင် သဘောတူလာဖို့အတွက် တောင်းဆိုရလိမ့်မယ်။

သူမ ထိုအကြောင်းကိုတွေးပြီးနောက် ပိုပြီးသက်တောင့်သက်သာရှိလာပြီး ခဏအကြာမှာပဲ ရှောင်ရှန်ရွာလေးဆီကိုရောက်ရှိလာခဲ့တယ်။

မြည်းတွေက ညအချိန်မှာ ပြန်ပို့လို့မရတဲ့အတွက်ကြောင့် လင်းချွမ်က သူ့ရဲ့ခြံဝင်းထဲမှာပဲ သူကိုကြိုးချည်ခဲ့ပြီး သူစားဖို့ ရေနဲ့မြက်ယူပေးခဲ့တယ်။

ဆုဆုက သူလုပ်နေတာကိုကြည့်လိုက်ပြီးပြောလိုက်မိတယ်။

“ သူ အေးနေမှာပေါ့”

“ သူရဲ့အမွှေးကထူတဲ့ မအေးဘူးလေ..  ပြီးတော့ မြက်တွေနဲ့လည်းဖုံးပေးထားတယ်”

“အိုး”

တစ်ဖက်လူက သူမတွေးနေတာကို ခန့်မှန်းနိုင်လိမ့်မယ်လို့ မမျီောလင့်မိခဲ့ဘူး။

“ကိုယ်တို့ရဲ့ရွာမှာ တိရစ္ဆာန်ကနည်းနည်းလောက်ပဲရှိတာလေ..  တပ်မဟာက သူ့ကို ကလေးတစ်ယောက်လိုမျိုး ဆက်ဆံတာ..  သူ့ကို ဘယ်လိုလုပ်ဒုက္ခရောက်အောင်ထားမှာလဲ.. စိတ်မပူပါနဲ့.. ခဏလောက်နားပြီး အမောဖြေလိုက်ဦး..  ကိုယ် ရေနွေးသွားတည်လိုက်ဦးမယ်”

“ ခဏလေး”

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတိုးတက်လာကြောင့်လားတော့မသိပေမဲ့ ဆုဆုတစ်ယောက် လင်းချွမ်က သူမနဲ့ စကားတွေအများကြီးပြောနေတယ်လို့ ခံစားနေရတယ်။

သေချာတာပဲ။ အမျိုးသမီးနဲ့ အမျိုးသားတို့က အရမ်းရင်းနှီးလာပြီဆိုရင် သူတို့တွေက တခြားသူတွေထက် ပိုပြီးနီးကပ်လာကြတာပဲ။ ဒီတော့ လင်းချွမ်သည်လည်း ကွာခြားမှာမဟုတ်ဘူး။

ဆုဆုက လင်းချွမ် လုပ်ကျွေးပြုစုပေးတာကို လက်ခံလိုက်တယ်။ အဆုံးမှာ သူမသည်လည်း အရင်တုန်းက လင်းချွမ်ကို ပြုစုလုပ်ကျွေးခဲ့တာပဲလေ။

ဆေးကြောသန့်စင်ပြီးနောက်မှာတော့ နူးညံ့နေတဲ့ လင်းချွမ်က ဝံပုလွေတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပြန်တယ်။

မူလတုန်းက အနည်းဆုံးဒီနေ့လောက်တော့ သူမအနားယူရလိမ့်မယ်လို့ ထင်ထားခဲ့တာ။  ဒါပေမဲ့ တစ်ဖက်လူကတော့ သူမကို ဒီအခွင့်အရေးပေးမယ့်ပုံမရဘူး။

ပြီးတော့ ဒီလူ,လင်းချွမ်က (စာအုပ်ထဲမှာ)ဇာတ်လိုက်မရဲ့အရှေ့မှာတော့ သူရဲဘောကြောင်တဲ့သူတစ်ယောက်လိုနေခဲ့ပေမဲ့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာတော့ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့တယ်။

စာအုပ်ထဲမှာတုန်းက ဇာတ်လိုက်မကပြောခဲ့တယ်:

“ကျွန်မ ရှင်နဲ့ ဘာတစ်ခုမှ မလုပ်ချင်ဘူး”

ဒီတော့ လုံးဝမထိခဲ့ဘဲ ရိုးသားလွန်းနေခဲ့တယ်။

အခုအချိန်မှာတော့ သူမက ရပ်တန့်ဖို့အတွက် တောင်းပန်ခဲ့ပေမဲ့ သူက မရပ်ခဲ့ဘူး။ မရပ်တဲ့အပြင် သူက ဘာတွေတက်ပြောခဲ့သေးလဲတိုတော့: သူမကို ဟိုအရင်ကတည်းက အခုလိုမျိုး ငိုကြွေးလာအောင် လုပ်ချင်ခဲ့တာတဲ့!

O(╯︵╰)O

သူမ တကယ်ငိုသွားတဲ့အချိန်မှာလား?  သူက သူမကိုပိုပြီးငိုကြွေးလာအောင်

ပိုမိုကြမ်းတမ်းလာခဲ့တယ်လေ။ ဘယ်လောက်တောင် နှလုံးသားမည်းနက်လူလဲ!

နောက်တစ်နေ့မှာတော့ လင်းချွမ်က ခါတိုင်းလိုပဲ အိပ်ရာမှစောစီးစွာနိုးလာခဲ့တယ်။

သူက ပြုံးရွှင်စွာ အိပ်ယာကလိုက်ပြီး သူ့ဇနီးလေးရဲ့အဝတ်တွေကို စတင်လျှော်ဖွတ်ပေးခါ်တယ်။ ထို့နောက် သူ့ရဲ့ဇနီးလေးအတွက် ဟင်းချက်ပေးခဲ့တယ်။ ပြီးသွားတော့ သူမအတွကာအဝတ်အစားတွေကို ထုတ်ပေးခဲ့တယ်။

အားလုံး ပြီးသွားတဲ့နောက်မှာ​တေ့ာ မြည်းတွေကိုပြန်ပို့ဖို့ တပ်မဟာဆီသို့သွားခဲ့တယ်။ 

သူ တပ်မဟာသို့ရောက်တဲ့အချိန်မှာ သူ့ရဲ့ ဇနီးသည်အတွက် စာတစ်စောင်ကိုလည်းရခဲ့တယ်။

တပ်မဟာထဲကိုရောက်ပြီးတော့ သူ မွေးမြူရေးသမားနဲ့တွေ့ပြီး မြည်းတွေကို သူ့ဆီ ပြန်ပေးခဲ့တယ်။ မွေးမြူရေးသမားက စိတ်ပူနေခဲ့ပေမဲ့ သူ့ရဲ့မြည်းတွေ အဆင်ပြေနေတာကိုမြင်ပြီးနောက်မှာ လင်းချွမ်ရဲ့စရိုက်ကို ယုံကြည်သွားခဲ့တယ်။  ဘယ်သူကမှ ငှားယူသွားတဲ့ မြည်းတွေကို ဆန်နဲ့ဂျုံတွေ ကျွေးချင်မှာမဟုတ်ဘူးလေ။

လင်းချွမ်ကတော့ တစ်ဖက်လူဘယ်လိုသိတာလဲဆိုတာကို အံသြစွာနဲ့မေးမြန်းခဲ့တယ်။

တပ်မဟာရဲ့ မွေးမြူရေးသမားက အဖွဲ့ထဲမှာရှိတဲ့ တိရစ္ဆာန်တိုင်းကို သူ့ရဲ့မိသားစုဝင်လိုမျိုး ဆက်ဆံခဲ့တယ်။ ဒါ့ကြောင့် မြည်းတွေပြန်လာတဲ့အချိန်မှာ သူတို့တွေမနေ့ကဘာစားခဲ့လဲဆိုတာကို ပြောနိုင်တယ်။

လင်းချွမ် သူ့ရဲ့စကားကိုကြားပြီးနောက် သူ့ရဲ့ကျွမ်းကျင်မှုကို လေးစားသွားခဲ့တယ်။

သူ့ရဲ့ဇနီးသည်အတွက် ရရှိတဲ့ စာအိတ်ကို လက်ခံရရှိခဲ့တဲ့အချိန်မှာတော့ လင်ချွမ်တစ်ယောက်အချိန်ခဏတာလောက် တောင့်ခဲသွားခဲ့တယ်။ သူ့ရဲ့ဇနီးသည်က သူ့ထက် ပိုပြီးလုပ်ဆောင်နိုင်စွမ်းရှိပြီး သူ့ထက်ပိုပြီး ဝင်ငွေပိုကောင်းနေခဲ့တယ်။

သူ ဘယ်လိုလုပ်သင့်လဲ?

နောက်ပိုင်းမှာတော့ သူ အဖြေတစ်ခု ရရှိလာခဲ့တယ်။ သူ အလုပ်ပိုကြိုးစားရမယ်။

စစ်မှုထမ်းဟောင်းတွေအားလုံးက ပြောခဲ့တယ်။  သူ့ရဲ့ဇနီးသည် ကျွေးမွေးနိုင်တဲ့ ယောကျာ်းကသာ ယောကျာ်းစစ်စစ်တစ်ယောက်ပဲတဲ့။  သူ ထိုအချိန်တုန်းက ကြားခဲ့တဲ့ စကားတွေကို သေချာပေါက်မှတ်မိနေခဲ့တယ်။

နောက်ပြီး အပြင်မှာ ဘယ်လောက်ပဲ ကြီးမြတ်တဲ့အရာတွေကိုပဲ လုပ်နေပါစေ၊ သူ့ရဲ့ကိုယ်ပိုင်အမျိုးသမီးကို ခန်ပေါ်မှာ ထိတ်လန့် ငိုကြွေးအောင် လုပ်ခဲ့မယ်ဆိုရင် ကျန်ရှိနေတဲ့ သူတို့ဘဝတစ်သက်တာလုံး ဘယ်တော့မှ ပြန်လှည့်နိုင်မှာမဟုတ်တော့ဘူးဆိုတဲ့ စကားကိုလည်း မှတ်မိနေသေးတယ်။

ဒီစကားတွေက ကျိုးကြောင်းသင့်တယ်လို့ လင်းချွမ်ခံစားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ဇနီးသည်ကတော့ သူတို့ရဲ့ဘဝကိုပြန်လှည့်ဖို့  ဘယ်တော့မှတွေးတော့မှာမဟုတ်ဘူး။

လင်းချွမ် စာအိတ်ကို သူ့ရဲ့အိပ်ကတ်ထဲသို့ ထည့်လိုက်ပြီး အိမ်ကို ပြန်လာခဲ့တယ်။

သို့ပေမယ့်  လမ်းကွေ့တစ်ခုကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ ခြေလှမ်းတွေကိုရပ်တန့်လိုက်မိတယ်။

ဆံပင်ရှည်တွေကို ဘာကြောင့်မှန်းအသိ နောက်ကျောမှာ ဒီအတိုင်းချထားတဲ့ ချင်ယွဲ့ယွဲ့က သူသွားမဲ့လမ်းမှာ တိတ်တဆိတ်ရပ်နေတာကို မြင်တွေ့လိုက်ရတယ်။

သူ ဒီအမျိုးသမီးနဲ့ နှစ်ယောက်တည်းအတူရှိနေလို့မဖြစ်ဘူး။ ဒီအမျိုးသမီးကို သူ့ကို လာထိခွင့်မပေးနိုင်သလို သူ့ဇနီးလေးက သူမနဲ့ အတူရှိနေတာကို မြင်သွားလို့လည်းမဖြစ်ဘူး။

လင်းချွမ်ရဲ့အတွေးတွေက အမြဲတမ်းတဲ့တိုးဆန်လွန်းပြီး သူတွေးတဲ့အတိုင်းသာ ဖြစ်အောင်လုပ်တတ်တယ်။

ဒါကြောင့် အနောက်ကို ပြန်လှည့်သွားလိုက်လေတယ်။

“ခဏစောင့်ပါဦး..  ကျွန်မ ရှင့်ကို လင်းတုံဟဲအကြောင်းပြောစရာရှိလို့”

ချင်ယွဲ့ယွဲ့က လင်းချွမ် သူမဆီကနေ ပုန်းရှောင်ဖို့ကြိုးစားနေတာကိုမြင်လိုက်ရတာကြောင့် စိတ်ဓာတ်ကျသွားခဲ့ရတယ်။ သူက သူမကို ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲ?

လင်းချွမ်က လင်းတုံဟဲရဲ့အကြောင်းကို ပြောစရာရှိတယ်ဆိုတာကို ကြားလိုက်ရတာကြောင့် ရပ်တန့်လိုက်တယ်။ ပြီးတော့ ဒီမိန်းမက ရွာထဲမှ လူအုပ်ကြီးရဲ့ရှေ့မှာ သူ့ရဲ့နာမည်ကိုအကျယ်ကြီး အော်ခေါ်လာမှာကိုလည်း စိုးရိမ်မိတယ်လေ။

“ ဘာကိစ္စလဲ.. ပြော”

လင်းချွမ်က သူမနဲ့ခြေလှမ်းဆယ်လှမ်းအကွာမှာ ရပ်လိုက်ပြီး သူမသာ ကျယ်ကျယ်မပြောရင် သူမရဲ့အသံကိုကောင်းစွာ မကြားနိုင်တဲ့နေရာမှာရပ်ပြီး လှမ်းမေးလိုက်တယ်။

“ တခြားနေရာသွားကြမလား..  ကျွန်မရှင့်ကို အနှောင့်အယှက်မပေးပါဘူး”

“ ကောင်းပြီ.. ဒါပေမဲ့ ငါ့အနားမကပ်လာနဲ့ “

လင်းချွမ်ရဲ့ မျက်ခုံးတွေက အပေါ်ကိုမြှင့်ပြီးပြောလာခဲ့တာကြောင့် ချင်ယွဲ့ယွဲ့တစ်ယောက် သွေးအန်မိတော့မလိုဖြစ်ကာ အရှေ့မှ ဦးဆောင်ပြီး ထွက်သွားခဲ့တယ်။

သူမက အနီးအနားမှာ ဘယ်သူမှ ရှိမနေတော့တာကိုမြင်မှ ရပ်တန့်ပြီး အသံတိုးတိုးနဲ့ပြောလာတယ်။

“ အဲဒါက...”

ဒီလိုအရာမျိုးက မိန်းကလေးတစ်ယောက်အတွက် တခြားယောကျာ်းတ်ယောက်ကို ပြောဖို့အတွက်ဆိုရင် သတ္တိမွေးဖို့လိုအပ်တယ်လေ။ ဒါကြောင့် ချင်ယွဲ့ယွဲ့ ချက်ချင်းမပြောပဲ လှည့်ပတ်ချင်နေခဲ့တယ်။

လင်းချွမ်က မူလတုန်းက သူမနဲ့မလိုက်ချင်ခဲ့လူးလေ။ ဒါကြောင့် သူမ အနည်းငယ် စိတ်ကသိကအောင့်ဖြစ်နေခဲ့တယ်။

သူမ ဘာစကားတစ်ခွန်းမှ မပြောလာတာကိုမြင်တော့ လင်းချွမ် ပြောလာတယ်။

“ ဘာမှမဟုတ်ဘူးဆိုရင် ငါအရင်သွားတော့မယ်”

“ နေပါဦး..ကျွန်မမှာ ပြောစရာရှိတယ်.. ကျွန်မမှာကိုယ်ဝန်ရှိနေပြီ”

ချင်ယွဲ့ယွဲ့က သူမတစ်ယောက်ပဲ ကြားနိုင်တဲ့အသံနဲ့ ပြောလိုက်တယ်။

လင်းချွမ်ရဲ့နားက အလွန်အမင်းပါးလွန်းတယ်လေ။ ဒီတော့ သူ သေချာပေါက်ကြားရတာပေါ့။

နောက်ပြီး သူက ထိုစကားကိုကြားရချိန်မှာ ရုတ်တရက် ကြက်သေသေသွားခဲ့ရတယ်။

သူ့စိတ်ထဲမှာတွေးနေတာကတော့ : ဘာလဲ? သူတို့ လှုပ်ရှားတာကမြန်လိုက်တာ!  ငါ့ဇနီးရဲ့ဗိုက်ထဲကတောင် ဘယ်လိုသတင်းမှမကြားရသေးဘူးလေ?

မဟုတ်ဘူး၊ ဒါကအရေးမကြီးဘူး။ အရေးကြီးတာက ဘယ်သူက ကလေးအဖေလဲ?

သူမ စပြောတုန်းက လင်းတုံဟဲရဲ့အကြောင်းပြောသွားတာကို သူမှတ်မိလိုက်တော့ လင်းချွမ် မျက်မှောင်ကြုတ်လိုက်မိတယ်။

ချင်ယွဲ့ယွဲ့က သူမရဲ့ဘေးနားမှ အမျိုးသားက ထူးမခြားနားဖြစ်နေဆဲဆိုတာကို တွေ့လိုက်ရတာကြောင့် သူ မကြားလိုက်ဘူးလို့ထင်လိုက်မိတာကြောင့် အသံကို အနည်းငယ်ပိုကျယ်ပြီး ပြောလိုက်တယ်။

“ ကျွန်မ ကိုယ်ဝန်ရှိနေပြီ...”

“ ငါကြားတယ် “

လင်းချွမ်က ဒီလိုအရာမျိုးဟာ သာမန်မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် သူမဘာလို့ သူ့ဆီကို လာပြောနေရတာလဲ? ဒါကြောင့် သူ ပြန်ပြောလိုက်တယ်။

“ မင်းက ဘာလိုချင်တာလဲ”

“ ဒီကလေးက လင်းတုံဟဲရဲ့ကလေးဆိုပေမဲ့ ရှင်သိတဲ့အတိုင်း ကျွန်မက နွေရာသီကျရင် ကောလိပ်သွားရတော့မှာလေ..  ဒါကြောင့် ဒီကလေး မစောင့်ရှောက်နိုင်ဘူး “

ချင်ယွဲ့ယွဲ့က သူမရဲ့ဗိုက်ကိုပွတ်ရင်း ပြောလိုက်တယ်။

“...” 

သူမ ဘာလုပ်ချင်နေတာလဲဆိုတာကို ခုချိန်ထိ နားမလည်သေးဘူး။ သူက သူမရဲ့အဲဒါကို လက်သီးတစ်ချက်ထိုးပြီး ကူညီပေးရမှာလား?  မဟုတ်ဘူး။ အဲဒါမမှန်သေးဘူး။

(T/n_ Lmao! )

“ ဒါပေမဲ့ တုံဟဲကို ပြောလိုက်ရင် သူက ကလေးကို ဖျက်ချခိုင်းမှာမဟုတ်ဘူး..   ပြီးတော့ ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချတဲ့ဆေးဒါမှမဟုတ်  ခွဲစိတ်မှုလုပ်ဖို့ဆိုရင်  သေခင်ပွန်းသည်ကလက်မှတ်ထိုးပေးရလိမ့်မယ်”

ချင်ယွဲ့ယွဲ့က လင်းချွမ်နားမလည်ဘူးဆိုတာကို သိလို့ ဖြည်းဖြည်းချင်းစီပြောပြခဲ့တယ်။

“ လင်းတုန်ဟဲ့က သေချာပေါက်လက်မှတ်ထိုးပေးမှာမဟုတ်ဘူး “

သူက လင်းချွမ်ကို သေချာကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ ရှင်နဲ့ဆုဆုက လက်ထပ်ထားတာလပိုင်းလောက်ရှိပြီလေ.. တကယ်လို့  ကျွန်မသာ သူ့ရဲ့နာမည်သုံးပြီး ကိုယ်ဝန်ဖျက်ချမယ်ဆိုရင် ရှင် လက်မှတ်ထိုးပေးလို့ရတယ်.....

ဘယ်သူကမှ ဂရုစိုက်တော့မှာမဟုတ်ဘူး”

All Chapters