← Chapters

(77.3)

Vol. 8 Ch. 79

(77.3)

Vol. 8 Ch. 79

ချင်ယွဲ့ယွဲ့ စကားကိုပြီးအောင်ပြောပြီးတဲ့နောက်မှာ သူမရဲ့အဝတ်အစားတွေကို ဆုတ်ကိုင်ရင်းနဲ့ ခေါင်းကိုလည်း အဆုံးစွန်အထိ ငုံ့ထားခဲ့တယ်။ 

ဒီကိစ္စက အမျိုးသမီးတွေအတွက် ဂုဏ်ယူစရာကိစ္စမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် လင်းချွမ်က သူမကို ကဲ့ရဲ့ဝေဖန့်မယ့်သူမျိုးမဟုတ်ဘူးဆိုတာကို သူမ သိထားသလို သူက ဒီကိစ္စကို လင်းတုန်ဟဲဆီမှာ သွားပြောမှာ မဟုတ်ဘူးဆိုတာကိုလည်း ယုံကြည်ထားတာကြောင့်သာ အခုလိုမျိုး ပြောရဲခဲ့တာ။

တစ်ဖက်လူက သူမကို သနားညှာတာစိတ်နဲ့ သေချာပေါက်ကူညီပေးလိမ့်မယ်။ သူမကူညီနိုင်ရင်တောင်  သူမကိုအကြံတစ်ချို့ပေးလိမ့်မယ်။

ဒါပေမဲ့ တစ်ဖက်မှ ဘယ်လိုလှုပ်ရှားမှုမှ မရှိလာတာကိုတော့ သူမ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် သူမ မတတ်နိုင်စွာနဲ့ ခေါင်းကိုပြန်မော့ကြည့်လိုက်တော့ ထူမကြာခင်တုန်းက လင်းချွမ်ရပ်နေတဲ့နေရာမှာ ဘယ်သူမှမရှိတော့တာကို တွေ့လိုက်ရတယ်။

ချင်ယွဲ့ယွဲ့တစ်ယောက် ကြက်သေသေသွားခဲ့ရတယ်။ လင်းချွမ်ရဲ့တုံ့ပြန်နိုင်မှူတွေကို သူမ တွေးထားခဲ့ပေမဲ့ စစ်သားတစ်ယောက်က အခုလိုမျိုး ထွက်ပြေးသွားလိမ့်မယ်လို့တော့ သူမ မတွေးထားမိခဲ့ဘူး။

အမှန်ပဲ။  လင်းချွမ်က ထွက်ပြေးသွားခဲ့ပြီ။

သူမ အသံကျယ်ကျယ်နဲ့ လှမ်းအော်ပြောလိုက်ရတယ်။

“ လင်းချွမ်.. ခဏလောက် ရပ်ပါဦး”

ဒါပေမဲ့ ထွက်သွားခဲ့ပြီဖြစ်တဲ့ တစ်ယောက်ကတော့ သူမ လှမ်းခေါ်တာကိုကြားတဲ့အချိန်မှာ သူ့ရဲ့ အမြန်နှုန်းကို ချက်ချင်းတင်လိုက်ပြီး အမှန်တကယ်ကိုပြေးသွားခဲ့တော့တယ်။

သူ့ရဲ့အမြန်နှုန်းကလည်း တကယ့်ကိုမြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်ကိုတါင်မမြင်ရတော့ဘူး။

ချင်ယွဲ့ယွဲ့တစ်ယောက် ဒေါသထွက်သလို စိုးရိမ်စိတ်တွေလည်းဖြစ်လာရပြီး ပြောစရာစကားတောင် မရှိဖြစ်သွားရတယ်။  လင်းချွမ်က သူမ တွေးထားတာနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ကွာခြားသွားရတာလဲ? ပြီးတော့ သူ ဒဏ်ရာမရနေဘူးလား? ဘာလို့  ဒီလောက်ထိ အပြေးမြန်နေရတာလဲ။

သူမ ဆယ်စက္ကန့်လောက် လက်လှမ်းခခေါ်နေတဲ့တဲ့အမူအရာအတိုင်း ရပ်တန့်နေခဲ့မိပြီး နောက်ဆုံးမှာတော့ သူမရဲ့မိန်းမော​ကြောင်အမ်းမှုကနေ  ရုန်းထွက်လာခဲ့နိုင်ပြီး ပညာတတ်လူငယ်အိမ်ရာဆီသို့ ပြန်လာခဲ့တော့တယ်။

ဘာတွေဖြစ်နေတာလဲ? လင်းချွမ်က ဘာလို့ ဒီလောက်တောင်ကြောက်နေရတာလဲ? ဒါက အဲလောက်ထိကြောက်စရာကောင်းနေလို့လား?

ဒါပေမဲ့ လင်းချွမ်တစ်ယောက် နှလုံးခုန်ရပ်လုမတတ်ကြောက်လန့်သွားရတဲ့အကြောင်းကို သူကိုယ်တိုင်သာ သိလိမ့်မယ်။

သူ့အနေနဲ့ စစ်မြေပြင်တွေကိုသွားခဲ့ပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက အလွန်အမင်းကို ခိုင်မာလွန်းတာကို လူတိုင်း အသိအမှတ်ပြုရတယ်။ သူ့အနေနဲ့လည်း အသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာတောင် တည်ငြိမ်နေမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့တယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ မတ်တပ်ရပ်ရင်း စကားလေးတစ်ခွန်းလောက် ပြန်ပြောခဲ့တာကြောင့် ဒီလောက်ကြောက်လန့်စရာကောင်းတဲ့အရာနဲ့ ရင်ဆိုင်ခဲ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။  သူ့ဆီမှာ တရားမဝင်သားတစ်ယောက်တောင်ရှိလာတော့မလို့!

တပ်မတော်ရဲ့ပုံရိပ်က အမြဲတမ်းအပြုသဘောဆောင်တယ်ဆိုတာကို သိထားရမယ်။ သူတို့တွေက ကလေးတစ်ယောက်ရရှိလာတာကို အလွန်အမင်းပျော်ရွှင်ဖွယ်ရာကိစ္စအဖြစ် မှတ်ယူထားတတ်တယ်။ 

ကလေးအတွက် အကောင်းဆုံးကြိုးစားဂရုစိုက်ပေးမဲ့အကြောင်းကိုထားလိုက်ဦး။  ကိုယ်ဝန်ဆောင်ပေးထားတဲ့ဇနီးကိုတောင် ဘိုးလေးအဖြစ် မှတ်ယူကြလိမ့်မယ်။

ကိုယ်ဝန်ဖျက်ချခိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ့ရဲ့ ရဲဘော်တွေကြားထဲမှာလည်း ဇနီးသည်ကို ကိုယ်ဝန်ဖျက်ချခိုင်းတယ်ဆိုတာမျိုး သူတစ်ခါမှမကြားခဲ့ဖူးဘူး။

ပြီးတော့ သူမကို ဘာလို့ ဆုဆုဆိုတဲ့နာမည်တပ်ခိုင်းရမှာလဲ? ဒါက သူ့ဇနီးလေးရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေလိမ့်မယ်။ သူ့ကိုတောင် သေချာပေါက်ကွာရှင်းသွားလိမ့်မယ်!

တပ်မတော်သားနဲ့လက်ထပ်မှုက ပြန်လည်ရုပ်သိမ်းဖို့ခက်ခဲပေမဲ့ အဲဒီဇနီးလေးကသာ သူ့ရဲ့ရှေ့မှာငိုကြွေးနေရင် သူ ဘာတစ်ခုမှတတ်နိုင်တော့မှာမဟုတ်ဘူး။

ပြီးတော့ အဲဒီ ပူလောင်နေတဲ့အိုးကြီးကို  သူက ဘာလို့ သယ်ပေးနေရမှာလဲ?

တခြားသူတွေကသာ မြင်တွေ့သွားခဲ့မယ်ဆိုရင် သူ့ကို ချင်ကျစ်ချင်းနဲ့တစ်ခုခုပတ်သက်နေတယ်လို့ပြောလာခဲ့ရင် ဘယ်လိုလုပ်မလဲ?

တကယ်လို့ ဘာမှမဟုတ်ရင်တောင် သူ့ရဲ့ ဇနီးသည်ကို ရှင်းပြဖို့ခက်ခဲလိမ့်မယ်...

သူ ထိုအကြောင်းကို တွေးတောနေတုန်းမှာပဲ တံခါးပေါက်နားမှာရပ်နေတဲ့ သူ့ဇနီးလေးရဲ့မျက်နှာကို မြင်လိုက်ရတာကြောင့်  လင်းချွမ်ရဲ့မျက်နှာဟာ ကြောက်ရွံ့မှုနဲ့အတူ ဖြူဖျော့သွားခဲ့ရတယ်

“ဇနီး.. ဇနီးလေး ဘာလို့ အပြင်မှာရပ်နေတာလဲ? အေးနေတယ်လေ”

“ လင်းချွမ်”

ဆုဆုက သူ့ခေါင်းကိုမော့လိုက်ပြီး အသံကိုမြှင့်ပြီးခေါ်လိုက်တာကြောင့် လင်းချွမ်တစ်ယောက် အပြစ်ရှိသလိုခံစားခဲ့ရပြီး သတိလက်လွတ်နဲ့ထူလိုက်တယ်။

“ ရှိ!”

“ ကျွန်မနဲ့လိုက်ခဲ့”

“ ကောင်းပါပြီ”

ဇနီးလေးက အရမ်းကြောက်စရာကောင်းနေတယ်။ လင်းချွမ်တစ်ယောက် သူမရဲ့နောက်ကနေ တုန်ယင်စွာနဲ့ လိုက်သွားခဲ့တယ်။

တကယ်တမ်းမှာ ဒီအကြောင်းကိုအပြင်လူတွေ အလွယ်တကူပြောလို့မရဘူး။  လင်းချွမ်ကလည်း ဒီအကြောင်းကို အပြင်လူတွေကို တစ်ခွန်းမှ ပြောပြမှာမဟုတ်လူး ဒါပေမယ့် အခု သူ့ရဲ့ဇနီးလေးကြည့်ရတာ တစ်စုံတစ်ခုကိုသိထားပြီးသားဖြစ်ပုံရတယ်။

ဒါကြောင့် သူ အပြစ်ရှိသလိုပိုပြီး ခံစားလာရတယ်။

ဆုဆုက တင်းမာတဲ့မျက်နှာနဲ့ ခန်ပေါ်မှာဝင်ထိုင်ပြီး ပြောလိုက်တယ်။

“ ကျွန်မကိုပြော..  ရှင်ဘာတွေလုပ်ခဲ့တာလဲ?  ဘာလို့ ဒီလောက်နောက်ကျမှပြန်လာရတာလဲ?”

“ကိုယ် မြည်းလှည်း သွားပြန်ပေးနေတာ”

“ရှင်က  မြည်းကို သူ့အမေရဲ့ဗိုက်ထဲထိ ပြန်ပို့ပေးနေတာလား”

“ မဟုတ်ပါဘူး...”

“ ဒါဆို ဘာလို့နောက်ကျနေတာလဲ၊ ကျွန်မကို အမှန်တိုင်းပြော”

တကယ်တမ်းမှာ ဆုဆုအနေနဲ့ သူ ဘာတွေလုပ်နေခဲ့တာလဲဆိုတာကို မသိပေမဲ့ သူပြန်လာတဲ့အချိန်မှာ သူမရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ အပြစ်ရှိနေတဲ့အမူအရာကို ဖော်ပြလာတာကိုမြင်တွေ့ခဲ့ရတယ်လေ။

ဒီရက်ပိုင်း သူနဲ့အတူ နေလာခဲ့တာကြာပြီ။ အထူးသဖြင့် သူမကို နှိပ်စက်ပြီးသွားတဲ့အချိန်တိုင်း သူ့ကို ဒီလိုမျိုးမြင်တွေ့ခဲ့ရတာကြောင့် ဆုဆု သူ့ရဲ့အမူအယာကိုမှတ်မိနေပြီ။ ထို့အတွက် တစ်စုံတစ်ခုရှိနေလိမ့်မယ်ဆိုတာကို သူမခံစားခဲ့ရတာတာကြောင့် ချက်ချင်းခေါ်မေးခဲ့တာ။

အကြောင်းအရာက ပေါက်ကွဲမှုကြီးတစ်ခုကို ခေါ်ဆောင်လာခဲ့လိမ့်မယ်လို့ ဘယ်သူသိခဲ့မှာတဲ့လဲ?

လင်းချွမ်တစ်ယောက် သူ့ဇနီးလေးရဲ့စစ်ဆေးမှုအောက်မှာ တောင့်မခံနိုင်ခဲ့ဘူး။  ဒါတွေက ရန်သူတစ်ယောက်ကိုအကြမ်းဖက်စစ်မေးခြင်းထက်တောင် ပိုပြီးကြောက်စရာကောင်းတယ်လို့ သူခံစားခဲ့ရတယ်။

သူ တံတွေးကို မျိုချလိုက်ပြီး တောင့်မခံနိုင်တော့ဘဲ ချင်ယွဲ့ယွဲ့ သူ့ကိုပြောခဲ့တဲ့အရာတွေကို အမှန်တိုင်းရှင်းပြခဲ့တယ်။

ဆုဆုကတော့ ထိုအကြောင်းကို ကြားလိုက်ရချိန်မှာ သူမရဲ့မျက်လုံးကို ကောင်းကင်အထိလှန်လိုက်မိပြီး စိတ်ထဲကနေ ချင်ယွဲ့ယွဲ့ကို အကြိမ်ပေါင်းတစ်ထောင်လောက် ကြိမ်းမောင်းလိုက်မိတယ်။

လင်းချွမ်က သူမကို လက်မထပ်ခဲ့ပေမဲ့ ဇာတ်လိုက်မကတော့ သူတိုဇနီးမောင်နှံကိုနှိပ်စက်ဖို့ ဒီနည်းကိုတောင် ရှာဖွေလာခဲ့တာပဲ။ သူမက သူမရဲ့ တာဝန်ကို သူ့ရဲ့ နောက်ကျောမှာ သယ်ခိုင်းချင်ခဲ့ပြီး သူမရဲ့ကိုယ်ဝန်ကိုဖျက်ချဖို့အတွက် လင်းချွမ်ကို တာဝန်ယူခိုင်းပြန်တယ်။

သူမ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မျက်နှာပြောင်ရတာလဲ?

လင်းချွမ်က လက်ထပ်ပြီးသား ဖြစ်နေတာကို မပြောနဲ့ဦး။ သူ လက်မထပ်ရသေးဘူးဆိုရင်တောင် ဒီလိုမျိုး ညစ်ပတ်တဲ့ရေအိင်ကို မကျော်ဖြတ်သင့်ဘူး။

ဒီလို ကိစ္စမျိုးက ဒီနေ့လိုခေတ်မျိုးမှာ အလွန်အမင်း အထိခိုက်မခံတဲ့အရာဆိုတာကို သိသင့်တယ်။  အထူးသဖြင့် စစ်တပ်က ဒါမျိုးကို အလွန်အာရုံစိုက်တယ်။

တကယ်လို့ သူတို့သာ ဒီလိုအရာမျိုးကိုမိသွားခဲ့ရင် သူတို့တွေသေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။  ဒါက လူတစ်ယောက်ရဲ့အနာဂတ်ပျက်စီးနိုင်တဲ့ ကိစ္စပဲ။ ဇာတ်လိုက်မက ဒါကိုဘယ်လိုလုပ်ပြီးတွေးနေတာလဲ?

ဘာပဲဖြစ်ဖြစ် ဒါကသူမရဲ့ကိုယ်ပိုင်အမှားဆိုရင် သူမကိုယ်တိုင်ပဲ တာဝန်ယူသင့်တယ်။ သူမ မလုပ်နိုင်ရင် လင်းတုံဟဲကို လက်ထပ်လိုက်လေ။

ဘယ်လိုလုပ်ပြီး ဒီကလေးကို လင်းချွမ်ရဲ့ကလေးလို့  နာမည်တပ်ချင်နေရတာလဲ?

“ ရှင်သူ့ကို ကတိပေးခဲ့လား?”

“ ဟင့်အင်း.. ကိုယ်သာ သူနဲ့ အတူ ဆက်ပြီးမပ်တပ်ရပ်နေခဲ့ရင် ထောင်ချောက်မှာ ထပ်ပြီးပိတ်မိသွားမယ်လို့တွေးခဲ့တာ..  သူမသာ ဒီကိစ္စကို ကိုယ့်အပေါ်ပုံချရင် ဘယ်လိုလုပ်မလဲ? ဒါကြောင့် ကိုယ်ထွက်ပြေးလာခဲ့တယ်”

လင်းချွမ်က သွက်လက်မြန်ဆန်စွာပြောလိုက်တယ်။ သူ  ထွက်ပြေးလာတဲ့ကိစ္စက ဂုဏ်ယူစရာတစ်ခုလိုမျိုး။

ဒါပေမဲ့ ဆုဆုက သူ ပြောတာကိုကြားတော့ အလွန်စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်တယ်။

“ ရှင်က လုပ်ခဲ့တာမှန်တယ်”

“ ဇနီးလေး..မင်းဒါကို ဘယ်လိုသိသွားတာလဲ”

သူ ပြန်ရောက်ရောက်ချင်းပဲ သူမက သူ့ကို မေးဖို့အတွက်တံခါးရှေ့မှာရပ်နေခဲ့တယ်လေ။  သူမ သေလချာပေါက် သိနေခဲ့တာပဲ။

“ အိုး ကျွန်မ မသိပါဘူး.. ကျွန်မက ရှင် မြည်းသွားပေးတာ ကြာတယ်လို့ပဲ တွေးနေတာ..  ပြီးတော့ စားစရာတွေ အဆင်သင့်ဖြစ်ပြီးတာတောင် ရှင်က စားသောက်ဖို့ပြန်မလာသေးဘူးလေ..  ရှင်က ကျွန်မလုပ်ထားတဲ့ စားစရာတွေကို မကြိုက်ဘူးပဲ”

“...”

လင်းချွမ်က သူ့ခေါင်းကိုကုတ်လိုက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားနေရပေမဲ့ ဘာမှားနေလဲဆိုတာ သူ အဖြေမထုတ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူ ဆုဆု အစားအသောက်တွေ ခင်းကျင်းနေတာကိုကူညီပေးခဲ့ပြီး နှစ်ယောက်သား ထမင်းစားရင်း စကားပြောခဲ့ကြတယ်။

ဆုဆုက တွေးကြည့်လေလေ စိတ်ဆိုးသလိုခံစားလာရလေလဖြစ်ပြီး ပြောလိုက်တယ်။

“ ကျွန်မတို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတုံး,အနေလို့မဖြစ်ဘူး.. သူမကသာ ဒီကလေးကို ရှင့်ကလေးလို့ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ?”

“ မဟုတ်ဘူး၊ အဲလိုတော့မပြောနိုင်ဘူးမလား?”

အမျိုးသမီးတစ်ယောက်က ဒီလိုအရာမျိုးကို ဘယ်လိုလုပ် ပြောရဲမှာလဲ?

“ ကျွန်မကတော့ သူ ဒီလိုမျိုး လုပ်နိုင်လောက်တယ်လို့ထင်တယ်.. သူသာအလျင်လိုနေရင် ကလေးကိုရှင့်ရဲ့ကလေးလို့ ပြောပြီး ရှင့်ဆီကိုလာထာ့လိမ့်မယ်..  အဲ့အချိန်ကျရင် ရှင်က သူနဲ့အတူ ကလေးကိုပါစောင့်ရှောက်ရလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် ဒီကလေးက ဘယ်သူ့ရဲ့ကလေးလဲဆိုတာကို သက်သေပြဖို့အတွက် ရှင့်ဆီမှာနည်းလမ်းမရှိဘူးလေ”

“ကိုယ်က သူ့ရဲ့လက်ကိုတောင်မထိခဲ့ဖူးပါဘူး.. အဲဒီကလေးက လင်းတုံဟဲရဲ့ကလေးလေ”

“ အိုး ဒါကို သူမကိုယ်တိုင်ပြောတာလား”

“ အင်း”

“ ရှင် ဘာလို့ ကျွန်မရဲ့အသံသွင်းစက်ကို မယူသွားတာလဲ?”

“ ကိုယ်.. ကိုယ်က ဒီလိုကိစ္စမျိုးဖြစ်လာမယ်လို့ မထင်ခဲ့မိဘူးလေ..  ဇနီးလေး..

ဒီကိစ္စကိုအမေကို ပြောရင်ရော?”

“ အမေ့ကိုပြောတော့ ဘာဖြစ်သွားမှာမို့လို့လဲ.. ရှင် လင်းတုံဟဲကိုပဲ ပြောသင့်တယ်”

ဆုဆု စကားကိုကြားတော့  လင်းချွမ် ခေါင်းညိတ်လိုက်တယ်။ ထိုသူ ကလေးရဲ့အဖေဆိုမှတော့ သူ့ကိုပဲတာဝန်ယူခိုင်းရလိမ့်မယ်။

သူတို့ဘာသာ ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ ကလေးကိုမွေးတာပဲဖြစ်ဖြစ် မွေးမွေး သူတို့ရဲ့ကိစ္စဖြစ်သွားပြီး သူတို့ဘာသာဆွေးနွေးကြလိမ့်မယ်။

ပြီးတော့ သူသာ လင်းတုန်ဟဲ့နဲ့စကားပြောပြီးသွားရင် ချင်ယွဲ့ယွဲ့က သူ့ဆီကို ထပ်ပြီး ပြသနာလာရှုပ်တော့မှာမဟုတ်ဘူး။

ဒါပေမဲ့ ဆုဆုက ခဏလောက်စဥ်းစားပြီး ​ပြောလာတယ်။

“ မဟုတ်ဘူး..ဒီကိစ္စနဲ့ပတ်သက်ပြီး လင်းတုဟဲကို ကျွန်မပဲပြောလိုက်မယ်.. ရှင်ဝင်မပါနဲ့ “

“ ဇနီးလေး.. မင်း...  တခြားလူတွေ ကိုယ့်ကို ပါးစပ်မလုံတဲ့လူလို့ ထင်သွားမှာကို စိုးရိမ်နေတာပဲ ဟုတ်တယ်မလား”

သူလည်း လင်းတုန်ဟဲ့က ချင်ယွဲ့ယွဲ့ရဲ့ ဆွဲဆောင်မှုကိုတောင့်မခံနိုင်ပဲ သူ့ဆီကိုလာတောင်းဆိုမဲ့အရာမျိုး ဖြစ်လာမီာကို ကြောက်နေခဲ့တာ။

အရှေ့မြောက်ဘက်က ယောကျာ်းတွေက စကားမလုံတာမျိုးကို သည်းမခံနိုင်သလို လေးစားစရာမကောင်းဘူးလို့ထင်ကြတယ်။ 

ဒါပေမဲ့ သူ့ရဲ့ဇနီးလေးက အရင်းနီးဆုံးလူဖြစ်ပြီး အပြင်လူတစ်ယောက်မဟုတ်ဘူးလေ။ ဒါကြောင့် လျို့ဝှက်ချက်လိုအရာမျိုးကို ပြောပြတာမျိုးက ကိစ္စမရှိဘူး။

All Chapters