← Chapters

(78.1)

Vol. 8 Ch. 80

(78.1)

Vol. 8 Ch. 80

“ကျွန်မက ဘာလို့ ရှင့်ကို ဂရုစိုက်နေရမှာလဲ.. ကျွန်မက ကိုယ်လုပ်ချင်တာကိုလုပ်ရုံပဲ”

သူတို့နှစ်ယောက် အတူရှိခဲ့ကြပြီး ဆက်ဆံရေးက ပိုလေးနက်လာပြီးနောက်မှာ ဆုဆုရဲ့စကားတွေက စိတ်ကြီးဝင်မှုတွေအပြည့်နဲ့ဖြစ်လာခဲ့တယ်။ သို့ပေမယ့် တစ်ဖက်လူကတော့ သူမရဲ့ တကယ့်အဓိပ္ပါယ်ကိုနားလည်နေခဲ့ပြီး သူ့ရဲ့မျက်လုံးတွေက ပိုမိုနွေးထွေးလာခဲ့တယ်။

သူ့ရဲ့ဇနီးလေးက သူ့ရဲ့မျက်နှာကိုကာကွယ်ပေးချင်နေမှန်းကိုသိတာကြောင့် လင်းချွမ် စိတ်ကျေနပ်နေခဲ့တယ်။ သူက ဇနီးသည်ရဲ့လက်ကို ညင်သာစွာ ညှစ်ပြီး ပြောလိုက်တယ်။

“ဒါဆို မင်းနဲ့ပဲ လွှဲပေးထားလိုက်တော့မယ်”

“ရှင် ကျွန်မကိုနာကျင်​​အောင်လုပ်နေတာလား...”

“ကိုယ် မင်းကို လေနဲ့ မှုတ်ပေးမယ်”

သူမရဲ့လက်ကို လေနဲ့ မှုတ်ပေးပြီးနောက် သူတို့နှစ်ယောက်ရဲ့အနမ်းဆီသို့ ဦးတည်သွားခဲ့ပြီး ဟင်းပွဲတွေက အေးစက်သွားခဲ့ရတယ်။ သူတို့ နှစ်ယောက်က ဗိုက်မပြည့်သေးပေမဲ့ ထပ်ပြီး စားချင်စိတ်မရှိတော့တာကြောင့် စားပွဲကို သိမ်းလိုက်ကြတယ်။

သို့သော်လည်း ဆုဆုက အလွန်လေးနက်နေဆဲဖြစ်ပြီး သူမ စားပြီးတာနဲ့ လင်းတုံဟဲဆီကိုသွားရှာခဲ့လေတယ်။

သူမကိုယ်တိုင် လိုက်ရှာခဲ့တာတော့မဟုတ်ဘူး။ သူမက လင်းဟိုင်ကို ရှာခိုင်းခဲ့တာဖြစ်ပြီး လင်းတုံဟဲနဲ့ ရွာအစွန်နားမှာ ရပ်ပြီး စကားပြောခဲ့တယ်။

ပတ်ဝန်းကျင်မှာ ဘယ်သူမှရှိမနေခဲ့ဘူး။ ဆောင်းရာသီရဲ့ ပထမလအတွင်းမှာ အေးစက်နေခဲ့တာကြောင့် အပြင်ဘက်မှာ သွားလာလှုပ်ရှားနေတဲ့သူတွေ သိပ်မရှိဘူးလေ။

“ရဲဘော်ဆု မင်း ငါ့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ”

လင်းတုံဟဲက ဆုဆု သူ့ကို ရုတ်တရက်ရှာခဲ့တာကြောင့် အံ့သြသင့်နေခဲ့တယ်။

ဆုဆု သက်ပြင်းချလိုက်တယ်။

“ရှင်နဲ့ ချင်ကျစ်ချင်းတို့တွေ နှလုံးသားထဲမှာတစ်ယောက်ကိုတစ်ယောက်ထည့်ထားကြတယ်ဆိုတာကို ကျွန်မသိတယ်.. ပြီးတော့ (16) ရက်မှာတုန်းက သူမ ခရိုင်မြို့ကို သွားခဲ့တာတွေ့ခဲ့တယ်.. သူမ ပြန်လာတော့ မျက်နှာက ဖြူဖျော့နေပြီး အတော်လေးစိတ်လှုပ်ရှာနေတဲ့ပုံပဲ..

နောက်ပြီး သူမက အဲဒါကို ဖုံးကွယ်ထားချင်နေခဲ့တယ်.. တကယ်လို့ အဲဒါသာ ပြန့်နှံ့သွားခဲ့မယ်ဆိုရင် ရှင့်အတွက်တော့ သူမအတွက်ပါ မကောင်းလောက်ဘူး.. ကျွန်မ ဒီအကြောင်းကိုစဥ်းစားပြီး ရှင့်ကိုလာပြောပြတာ”

သူမက လင်းချွမ်အကြောင်းကို လုံးဝ ထည့်မပြောခဲ့ဘူး။ သူမဘာသာ မှန်းဆထားသလိုမျိုးသာ ပြောပြခဲ့တယ်။

သူတို့တွေ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရတာပေါ့။ တကယ်လို့ ရန်ဖြစ်ပြီးကွဲသွားရင်တော့ အကောင်းဆုံးပဲ။

“ဘာလဲ?”

“ကျွန်မက အမျိုးသမီးတစ်ယောက်လေ.. ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီး တော်တော်လေး သတိပြုမိနိုင်တယ်.. ကောင်းပြီ၊ ကျွန်မက ဒီလောက်ပဲ ပြောပြနိုင်တယ်.. ဘာတွေဆက်လုပ်မလဲဆိုတာကတော့ ရှင်ဆုံးဖြတ်သင့်တယ်”

ဆုဆုက မျက်မှောင်ကြုတ်လိုက်ပြီး စကားအများကြီးမပြောခဲ့ပဲ ပြန်လှည့်ထွက်လာခဲ့တယ်။

သူမ လမ်းလျှောက်ရင်းနဲ့ စာအုပ်ထဲမှ လင်းတုံဟဲရဲ့ အတွေးအမြင်တွေအရ သူက ဒီကလေးကို အရမ်းလိုချင်နေလိမ့်မယ်လို့ တွေးလိုက်မိတယ်။ အဲဒီအချိန်တုန်းက ဇာတ်လိုက်မက လင်းချွမ်နဲ့ လက်ထပ်လိုက်ခဲ့တဲ့အတွက် သူ့ရဲ့ကလေးကို သူတို့ရဲ့ ဂုဏ်သတင်းအတွက် ဖျက်ချလိုက်ရုံသာ တတ်နိုင်ခဲ့တယ်လေ။

အခုအချိန်မှာတော့ ဇာတ်လိုက်မက လင်းချွမ်နဲ့ အိမ်ထောင်မပြုခဲ့ဘူး။ သူသိသွားချိန်မှာ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရတာပေါ့။

ဘာပဲဖြစ်ဖြစ် သူတို့ဇနီးမောင်နှံနဲ့တော့ ဘာမှပတ်သက်မှာမဟုတ်ဘူး။

သူမ အိမ်ကိုပြန်ရောက်တော့ လင်းချွမ်က သူမကို ခန်ပေါ်သို့ တိုက်ရိုက် သယ်ဆောင်သွားခဲ့ပြီး သူမ မတုံ့ပြန်နိုင်သေးခင်မှာပဲ တံခါးကိုပိတ်ပြီး ကုလားကာတွေကို ဆွဲချလိုက်တယ်..။

ခုထိမမှောင်သေးဘူးလေ!

“မဟုတ်ဘူး ခဏလေး...”

“တံခါးပိတ်ထားပြီ”

“တစ်ယောက်ယောက်လာရင်ရော”

“ဘယ်သူမှ မလာပါဘူး”

လင်းချွမ်က ဆုဆုရဲ့ ငြင်းဆန်မှုတွေကို ဂရုမစိုက်ပဲ လူတစ်ကိုယ်လုံးကို လွှမ်းခြုံဖုံးအုပ်ထားခဲ့တယ်။

ဒါပေမယ့် တစ်စုံတစ်ယောက် အမှန်တကယ်ရောက်လာခဲ့တာကို သူတို့မသိခဲ့ကြဘူး။ သူမက ပြတင်းပေါက်အောက်ကို တောင် ရောက်လာခဲ့သေးတယ်။

သို့ပေမဲ့ လင်းချွမ်က စိတ်လှုပ်ရှားနေခဲ့တာကြောင့် ခြေသံမကြားခဲ့မိသလို ကန့်လန့်ကာတွေဆွဲချထားတာကြောင့် လူကိုလည်း မမြင်နိုင်ခဲ့တာကတော့ စိတ်မကောင်းစရာပဲ။

ချင်ယွဲ့ယွဲ့က လင်းချွမ် ထွက်ပြေးသွားတာကို မြင်လိုက်ရတဲ့အပေါ် အလွန်စိတ်မသက်မသာဖြစ်နေခဲ့ရတယ်။ သူမ ခဏလောက် တွေးကြည့်ပြီးနောက် ဒီကိစ္စရဲ့တောက်ကွယ်မှာ ဆုဆုရှိနေနိုင်လောက်တယ်လို့ တွေးမိခဲ့ပြီး နောက်ပိုင်းမှာ ပြဿနာဖြစ်လာမှာကိုစိုးရိမ်ခဲ့တယ်။

ဒီလိုဆိုမှတော့ သူမ ဆုဆုဆီကိုပဲ တိုက်ရိုက်သွားပြီး ဆုဆုနေရာကနေ သွားခွင့်ပေးဖို့ တောင်းဆိုဖို့ တွေးလိုက်တယ်။ သူတို့ ဇနီးမောင်နှံသာ စိတ်ရင်းဖြောင့်မတ်စွာနဲ့ သူမကို ကူညီပေးမယ်ဆိုရင် ကောလဟာလတွေကိုလည်း သူမဘာသာဖြေရှင်းမှာဖြစ်ကြောင်း ပြောရမယ်။

သူတို့အိမ်ရဲ့ ပြတင်းပေါက်အောက်ဆီကို ဝင်သွားပြီးနောက်မှာတော့ အတွင်းပိုင်းမှ စည်းဝါးမကိုက်ညီတဲ့အသံတွေကိုကြားလိုက်ရတယ်။ အမျိုးသားတစ်ယောက်ရဲ့ အသံနိမ့်နိမ့်နဲ့ ညည်းညူသံတွေ၊ အမျိုးသမီးရဲ့ နူးညံ့သိမ်မွေ့စွာ ငိုညည်းသံတွေကို ထင်ရှားသိသာစွာကြားလိုက်ရတယ်။

အရေးကြီးဆုံးကတော့ ဆုဆုရဲ့ အသံက တကယ်ကို နားဝင်ချိုလွန်းနေတာပဲ။ သူမက ယောကျာ်းတစ်ယောက်မဟုတ်တာတောင် သူမရဲ့ နှလုံးသားက ဒရမ်တီးသလို မြည်ဟီးလာရတယ်။

သူမမှာ အတွေ့အကြုံမရှိတာ မဟုတ်ပေမဲ့ ထိုနေ့တုန်းက သူမအနေနဲ့ နာကျင်မှုနှင့် မသက်မသာဖြစ်မှုကိုသာ ခံစားခဲ့ရတယ်။ ဒါ့အပြင်ပတ်ဝန်းကျင်အနေအထားကြောင့် အစကနေအဆုံးထိ အသံမထွက်ရဲခဲ့ဘူး။

နှိုင်းယှဥ်ကြည့်လိုက်ပြီး သူမကိုယ်သူမ ပထမဆုံးအကြိမ်အဖြစ် ကျရှုံးသွားသလိုခံစားလိုက်ရတယ်။ ဒါ့အပြင် သူမဆီမှာ ကလေးတစ်ယောက်လည်း ရရှိနေခဲ့ပြီ။ ဒါက ပိုလို့တောင် ထိတ်လန့်စရာကောင်းလွန်းတယ်။

ဇာတ်လိုက်မတစ်ယောက်အနေနဲ့ တခြားလူတွေရဲ့ ပြတင်းပေါက်အောက်မှာ ထိုအသံတွေကို တစ်ချိန်လုံး နားထောင်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် သူမ ထွက်ပြေးလာခဲ့တယ်။

သူမအနေနဲ့ စိတ်ရှုပ်ထွေးနေခဲ့ပြီး ဘယ်ကိုသွားရမလဲဆိုတာကိုမသိဖြစ်နေခဲ့စဥ်မှာပဲ သူမရဲ့ ချစ်သူဖြစ်တဲ့ လင်းတုံဟဲကို မြင်တွေ့လိုက်ရတယ်။

ဒီခဏလောက်အတွင်းမှာ သူမ တကယ်ကိုငိုချင်နေခဲ့ပေမဲ့ လင်းတုံဟဲက တစ်စုံတစ်ခုကို ရိပ်မိသွားမှာကိုစိတ်ပူတာကြောင့် ဘာမှ မပြောနိုင်ခဲ့ဘူး။

လင်းတုံဟဲက သူမရဲ့လက်ကိုဆွဲပြီး ကောက်သလင်းပြင်မှ မြက်ခြောက်တွေပုံထားတဲ့ဘက်ဆီသို့ ခေါ်သွားခဲ့တယ်။ ထိုနေရာမှာ အရင်တုန်းက သူ့ရဲ့ အမျိုးသမီးနဲ့  ချိန်းတွေဖို့အတွက် နေရာတစ်ခု ပြင်ဆင်ထားခဲ့တာရှိတယ်။

“မင်းမှာ ကိုယ်ဝန်ရှိနေပြီမလား .. မင်း ဘာလို့ ကိုယ့်ကိုမပြောခဲ့တာလဲ .. ကိုယ်တို့တွေအတူတူ နည်းလမ်းရှာလို့ရတယ်လေ”

“ရှင်ဘယ်လိုသိတာလဲ လင်းချွမ်က  ရှင်ကိုပြောခဲ့တာလား”

“လင်းချွမ်? သူဘယ်လိုလုပ် သိနိုင်မှာလဲ”

လင်းတုံဟဲ ပြောလိုက်ပြီးမှ ကြောင်အမ်းရပ်တန့်သွားရကာ  သူမကို နားမလည်နိုင်လောက်စွာနဲ့ ပြန်ကြည့်လိုက်မိတယ်။

သူမဆီမှာ ကိုယ်ဝန်ရှိကြောင်းကို သူ မသိခဲ့ရပေမဲ့ လင်းချွမ်က ဘာလို့သိနေရတာလဲ?

“သူပြောတာမဟုတ်ဘူးလား?”

“အဲဒါက  ရဲဘော်ဆုဆု...”

“သူမအဖြစ် ပြောင်းသွားတာပဲ”

လင်းချွမ်က ဒီလောက်ထိ ပါးစပ်မလုံတဲ့လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူက ဒီအကြောင်းကို အဲဒီမိန်းမကိုတောင် သွားပြောလိုက်သေးတယ်။ ပြီးသွားတော့တော့ အဲဒီမိန်းမက လင်းတုံဟဲဆီကိုသွားပြောလိုက်တယ်။ သူတို့တွေက တကယ့်ကို ဆက်ဆံရေးကောင်းတဲ့ စုံတွဲတွေပဲ။

သူမက ထုတ်မပြောပေမဲ့ သူမရဲ့လှောင်ရယ်သံကိုကြားတော့ လင်းတုံဟဲက သူမ  နားလည်မှုလွဲသွားကြောင်း သဘောပေါက်လိုက်တယ်။

“မင်း တစ်ခုခုကို နားလည်မှုလွဲနေပြီ ထင်တယ်..  ရဲဘော်ဆုက မင်း ခရိုင်မြို့ဘက်ကို သွားခဲ့တာကိုမြင်ပြီး မင်းမှာ ကိုယ်ဝန်ရှိလောက်တယ်လို့ ခန့်မှန်းခဲ့တာ”

“ခန့်မှန်းခဲ့တာ?”

သူတို့နှစ်ယောက်မှာ ဒီလိုဆက်ဆံရေးရှိမှန်း သူမ မသိခဲ့ရင် ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။

လင်းတုံဟဲက လင်းချွမ်ကိုလူနာစောင့်ပေးဖို့ သွားခဲ့တဲ့အချိန်တုန်းက သိသာထင်ရှားလောက်တဲ့ တစ်စုံတစ်ခုကို ဖော်ပြခဲ့တာပဲဖြစ်ရမယ်။ ဒါကြောင့် သူမက ခန့်မှန်းနိုင်တာ။ ဒီလိုမှမဟုတ်ရင်တော့ လင်းချွမ်က သူမကို ပြောပြခဲ့တာဖြစ်လိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုတော့ သူမက ဝန်မခံဖို့ဘဲ ငြင်းဆန်ဖို့အတွက် နည်းလမ်းရှာရတော့မယ်။

“သူများတွေအကြောင်းကို မပြောနဲ့တော့.. ကိုယ်တို့တွေ အခုလက်ထပ်ကြမယ်.. ကိုယ် မင်းရဲ့အိမ်ကို သတို့သမီးတင်တောင်းငွေပေးဖို့အတွက် ပိုက်ဆံချေးလိုက်မယ်.. ဒီနှစ်ကုန်ရင် မင်း ကျောင်းကိုသွားတက်လို့ရတယ်လေ.. ကိုယ်မင်းကို အဲဒီကို လိုက်ပို့ပေးမယ်ဆိုရင် ဘယ်လိုလဲ”

“ဘယ်လိုလုပ်ပြီး... ? ကောလိပ်မှာစာသင်ဖို့အတွက် သုံးနှစ်လောက် အချိန်ယူရမှာလေ.. ကလေးက...”

သူမ ထိုအကြောင်းကိုပြောလိုက်မိပြီး နောင်တရသွားရတယ်။ သူမက အလျင်စလိုနဲ့ ပြောလိုက်မိတာကြောင့် ကလေးရှိနေတဲ့အကြောင်းကိုပါ ထုတ်ပြောလိုက်မိပြီး မဖုံးကွယ်လိုက်ရဘူး။

လင်းတုံဟဲက သူမဆီမှာ ကလေး အမှန်တကယ်ရှိနေပြီဆိုတာကို ချက်ချင်းသိသွားခဲ့တယ်။ သူက ဝမ်းသာအားရဖြင့် သူမရဲ့လက်ကို ဆုတ်ကိုင်ပြီးပြောလာတယ်။

“မကြောက်ပါနဲ့.. ကိုယ်က ဖခင်ကောင်းတစ်ယောက်ဖြစ်လာပြီး အနာဂတ်မှာ သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်သွားမှာပါ.. မင်း ကလေးအတွက် စိတ်ပူစရာမလိုဘူး”

ချင်ယွဲ့ယွဲ့ အနေနဲ့ သူက သူမကို တကယ်ချစ်မှန်းကို ပိုပြီး သိလာရတယ်။ ဒါပေမယ့် သူမရဲ့ အရှေ့မှာရှိနေတဲ့လူက သူမကို ရွာထဲမှာ နေစဥ် လုပ်ကျွေးစောင့်ရှောက်နိုင်တယ် ဆိုဦးတော့။ မြို့ပေါ်မှာ သွားနေတဲ့အချိန်ကျရင် သူက ဘာတွေများလုပ်နိုင်မှာလဲ?

ဒီကလေးက အချိန်မှန်ရောက်လာတာ မဟုတ်ဘူး။

သူမက ခေါင်းရမ်းလိုက်တယ်။

“ကျွန်မတို့ ဒီကလေးကို တကယ်မွေးလို့မရဘူး.. ရှင့်ရဲ့အနာဂတ် အနာဂတ်ရည်မှန်းချက်ရော ၊ကျွန်မရဲ့အနာဂတ် ရည်မှန်းချက်ရော မပြည့်စုံသေးတာကို မပြောနဲ့ဦး.. ဒီကလေးကိုမွေးခဲ့ရင် ကျွန်ရဲ့ပညာရေးနှောင့်နှေးရလိမ့်မယ်”

“ကိုယ့်ရဲ့အမေက ကူညီပေးနိုင်ပါတယ်.. နောက်ပြီး ကိုယ်လည်း သူ့ကို ထောက်ပံ့ဖို့အတွက် ပိုက်ဆံရှာဖို့ အတတ်နိုင်ဆုံးကြိုးစားမယ်”

လင်းတုံဟဲအပြစ်ရှိသလို ခံစားရတယ်။ သူ့အနေနဲ့ ချင်ယွဲ့ယွဲ့ရဲ့ခြေရာအတိုင်းမလိုက်နိုင်တာကို ဝန်ခံပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုကိုတော့ ဝန်မခံချင်ခဲ့ဘူး။

သူတို့နှစ်ယောက်လုံး ဒီလိုပုံစံနဲ့  လမ်းခွဲရလိမ့်မယ်လို့ မယုံကြည်ခဲ့ကြဘူး။

လင်းတုံဟဲက ငယ်ရွယ်စဥ်ကတည်းက အချစ်ဆိုတာအလှပဆုံးအရာပဲလို့ အမြဲတ်းယူဆထားခဲ့တာ။ ဒါပေမယ့် အခုချိန်မှာတော့ သူထိုကဲ့သို့ မတွေးထင်တော့ဘူး။

ဘာတစ်ခုကိုမှမတွေးဘဲ မိဘတွေစီစဥ်ပေးတဲ့အတိုင်း လက်ထပ်လိုက်တာကမှ ပိုကောင်းလိမ့်မယ်။ လူတိုင်းက ကောင်းမွန်တဲ့ဘဝမှာ အတူ ပျော်ရွှင်စွာနေထိုင်နေခဲ့ကြပြီး အပြင်ဘက်ကိုထွက်မသွားခဲ့ကြပေမဲ့ ကလေးတွေရရှိခဲ့ပြီး သူ့ရဲ့မိဘတွေလိုမျိုး ဘဝတစ်လျှောက်လုံးပျော်ရွှင်နေခဲ့ကြတယ်။

အခုလိုမျိုး ချင်ယွဲ့ယွဲ့နဲ့ ညှိနှိုင်းနေရတာက တကယ်ကို ပင်ပန်းရလွန်းတယ်။ ဒါပေမယ့် သူက လောဘကြီးခဲ့မိတာပဲ။  သူ ချင်ယွဲ့ယွဲ့ရဲ့ ခန္ဓာကိုယ်ကို လောဘကြီးခဲ့မိတယ်။ နောက်ပြီး သူမရဲ့ကြိုးစားနေတဲ့ပုံစံကိုကြိုက်နှစ်သက်ခဲ့တယ်။ 

နောက်ပြီး သူ့ရဲ့ကိုယ်ပိုင်အခြေအနေက သူမကို နောက်ပြန်ဆွဲနေသလိုဖြစ်နေတာကိုလည်း သူနားလည်ခဲ့တယ်။ သူက လက်မခံချင်ခဲ့ရုံပဲ။  အဆုံးသတ်မှာတော့ သူတို့တွေ ဆွေးနွေးလို့အပြီးမှာ နောက်ဆုံးဆုံးဖြတ်ချက်ကြီးကို ချခဲ့ကြတယ်။

သူတို့တွေ လက်ထပ်လိမ့်မယ်။ ဒါပေမယ့် ကလေးကတော့ မွေးမှာမဟုတ်ဘူး။

သူမ ကောလိပ်တက်နေစဥ်မှာ ကလေးက သူမရဲ့အနာဂတ်ကိုနှောင့်နှေးစေလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပွဲလုပ်ဖို့က သူ့ရဲ့နောက်ဆုံးတောင့်ခံမှုပဲ။

ဒါပေါ့။ ဆုဆုနဲ့ လင်းချွမ်ကတော့ ထိုအကြောင်းတွေကို မသိခဲ့ကြဘူး။ အခုက တစ်လနဲ့ ဆယ်ခြောက်ရက်ရှိပြီဖြစ်လို့ လင်းချွမ်ရဲ့ ဒဏ်ရာက သက်သာနေခဲ့ပြီ။ ဒါကြောင့် သူ့ရဲ့ အားလပ်ရက်ကို ဖျက်သိမ်းဖို့ မနက်တုန်းက စစ်တပ်ဆီကို ဖုန်းခေါ်ခဲ့ပြီး နောက်နှစ်ရက်အတွင်းထွက်လာခဲ့ဖို့ သတင်းပို့ခဲ့တယ်။

**

All Chapters