← Chapters

လှုပ်ရှားမှု ပညာရပ်

Vol. 3 Ch. 284

လှုပ်ရှားမှု ပညာရပ်

Vol. 3 Ch. 284

“ ဒီနေ့ ကျုပ်တို့ခရမ်းရောင်သွေးလဂိုဏ်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့နေရာကိုအစားထိုးပြီး အလယ်ပိုင်းဒေသရဲ့အုပ်ချုပ်သူဖြစ်လာလိမ့်မယ် “

နှင်းငွေ့မိစ္ဆာသခင်မှ သိုင်းလောကသားများကိုဝေ့ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

သူ၏အသံမှာ လူတစ်ယောက်ချင်းစီ၏အနီးတွင်ကပ်ပြောလိုက်သလိုပီသစွာကြားလိုက်ရကာ များစွာသောသိုင်းသမားများလှုပ်လှုပ်ရွရွဖြစ်သွားသည်။

“ မောက်မာလိုက်တာ “

“ ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ခရမ်းရောင်သွေးလဂိုဏ်းတစ်ခုထဲနဲ့အနိုင်မရနိုင်ဘူး “

သိုင်းသမားများမှာ အချင်းချင်းဝေဖန်ပြောဆိုနေကြသည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများမှာမူ တင်းမာခတ်ထန်နေကြသည်။ အထူးသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းကတိုက်ခိုက်ခံရသည့်ဂိုဏ်းများဖြစ်သည်။

“ အော့မီတောဖု ကျုပ်တို့ကိုယ်ကျုပ်တို့အလယ်ပိုင်း‌ဒေသရဲ့အုပ်ချုပ်သူတွေလို့မခံယူရဲပါဘူး ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်လလုံးလုံး သိုင်းလောကထဲမှာ နေရာအနှံ့ဖရိုဖရဲတွေဖြစ်ခဲ့တယ်။ ဒါကလည်းခရမ်းရောင်သွေးလဂိုဏ်းရဲ့လက်ချက်မကင်းဘူး ။

ဒါကြောင့်ဒကာကြီးရဲ့အကြံအစည်ကိုကျုပ်တတ်နိုင်သမျှဟန့်တားရလိမ့်မယ် “

ရှောင်လင်ကျောင်းမှဘုန်းကြီးအိုကြီးမှ ရှေ့သို့ထွက်လာကာ လက်အုပ်ချီ၍ပြောလိုက်သည်။

သိုင်းလောကသားများလည်း မှန်ကန်သည့်သူ၏စကားကို သဘောတူဟန်ဖြင့်ခေါင်းညိမ့်လိုက်ကြမိသည်။

စန်နုန်ကျစိန်ခေါ်ပွဲတွင် ခရမ်းရောင်သွေးလဂိုဏ်းအနိုင်ရခဲ့ပြီးသည့်နောက်တွင် သိုင်းလောကအနှံ့တိုက်ခိုက်သတ်ဖြတ်မှုများထူထပ်နေကာ ဂိုဏ်းငယ်များစွာနှင့်ပထမတန်းစားဂိုဏ်းအချို့ပင်ပျက်စီးခဲ့ရသည်။

ဤသည်မှာခရမ်းရောင်သွေးလဂိုဏ်း၏ပယောဂမကင်းဘဲ ထိုကာလကို သိုင်းလောက၏အမှောင်ခေတ်ဟုပင်သတ်မှတ်ခဲ့ကြသည်။

ယခုအခါတွင် နှင်းငွေ့မိစ္တာသခင်မှာ ခရမ်းရောင်သွေးလဂိုဏ်းကိုအလယ်ပိုင်းဒေသ၏အုပ်ချုပ်သူဖြစ်လိုရာ လူများစွာမှာ သဘောတူလက်ခံခြင်းမရှိကြပေ ။

နှင်းငွေ့မိစ္ဆာသခင်မှာ သိုင်းလောကသားများ၏တုံ့ပြန်မှုကိုမျှော်လင့်ထားသည့်အလား တုန်လှုပ်ခြင်းမရှိပေ။

“ ကောင်းပြီ ကျုပ်ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ အလယိပိုင်းက ထိပ်သီးတွေကို နောက်ထပ်တစ်ကြိမ်စိန်ခေါ်တယ်။ မင်းတို့အကုန်လုံးတတ်ခဲ့လို့ရတယ်။

ဒီတစ်ကြိမ်ငါအနိုင်ရရင် အလယ်ပိုင်းသိုင်းလောကတစ်ခုလုံးကိုပေါင်းစည်းပစ်မယ် “

နှင်းငွေ့မိစ္တာသခင်မှ နက်ကြောသည့်အသံကြီးဖြင့်ကြုံးဝါးလိုက်ရာ ကျုံးဟွာတောင်ပေါ်မှလူများ၏ရင်ထဲတွင်တုန်လှုက်ခြောက်ချားသွားကြသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုသာမက အလယ်ပိုင်းသိုင်းလောကတစ်ခုလုံးကို တစ်ဦးတည်းဖြင့်စိန်ခေါ်နေခြင်းဖြစ်သည်။

သို့သော် သူ့ကိုယှဉ်ပြိုင်တိုက်ခိုက်နိုင်သူများမှာသိုင်းဝိဇ္ဇာအဆင့်သာဖြစ်ကာ သိုင်းဝိဇ္ဇာသုံးယောက်ကိုပင် သတ်ဖြတ်ဖူးသည်။

ဝူတန်း၊ အော့မေ့နှင့် ဝါဆန်းဂိုဏ်းမှလူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလိုလိုပင်ခေါင်းငုံ့လိုက်ကြမိသည်။

ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်၊ အော့မေ့ဂိုဏ်းချုပ်ကျောက်စိမ်းမျက်နှာရသေ့မတို့မှာ လွန်စွာပြင်းထန်သည့်ဒဏ်ရာများဖြင့် ကျုံးဟွာတောင်ပေါ်သို့ပင်လိုက်ပါနိုင်ခြင်းမရှိကြပေ။

ဝူတန်းဂိုဏ်းချုပ်ကြီးသည်လည်း ပထမအကြီးအကဲ၏သစ္စာဖောက်မှုကြောင့် ဒဏ်ရာအကြီးအကျယ်ရကာ တောင်ပေါ်သို့မပါလာပေ။

ခွန်လွန်ဂိုဏ်းမှ ရုပ်ချင်းအနည်းငယ်ဆင်တူသည့်အဖိုးကြီးနှစ်ယောက်ရှေ့ထွက်လာကြသည်။

ထိုအဖိုးကြီးနှစ်‌ယောက်မှာ ခွန်လွန်ဂိုဏ်းချူပ်မာရှောင်ကျင်း၏ဆရာဦးလေးများဖြစ်ကာ ခရမ်းရောင်သွေးလဂိုဏ်းမှလက်ဝါးဘုရင်ကိုသတ်ဖြတ်ခဲ့သူများဖြစ်သည်။

ခုံတုံဂိုဏ်းချုပ် ဖုန်းစု ၊ ငွေဗျိုင်းဖြူသိုင်းသမား ၊ အသက်ရှည်သိုင်းသမား စသည့် သိုင်းလောကထဲမှဇာတ်မြုပ်နေသည့် သိုင်းဝိဇ္ဇာသုံးယောက်ပါထွက်ပေါ်လာကြသည် ။

ငွေဗျိုင်းဖြူသိုင်းသမားမှာ ဝါဆန်းဂိုဏ်းနှင့်ဆက်နွယ်မှုရှိကာ အသက်ရှည်သိုင်းသမားမှာ ကျောက်စိမ်းမျက်နှာရသေ့မဖုန်းရှန်းယင်၏မိတ်တွေဖြစ်သည်။

ထိုလူများမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့်ပူးပေါင်းကာ နှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်ကြမည့်ပုံရသည်။

ခြောက်ယောက်တစ်‌ယောက်

အလယ်ပိုင်းသိုင်းလောကမှသိုင်းဝိဇ္ဇာများမှာ မသင့်လျော်ဟုဆိုနိုင်သောလည်း နှင်းငွေ့မိစ္ဆာသခင်မှာ သိုင်းဝိဇ္ဇာသုံးယောက်ကိုပင်တစ်ဉီးတည်းသတ်ဖြတ်ဖူးသူဖြစ်သည်။

ထို့ကြောင့် သိုင်းဝိဇ္ဇာခြောက်ယောက်အထိထွက်ပေါ်လာခြင်းဖြစ်ကာ သူတို့ပူးပေါင်းလိုက်ပါက နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူနိုင်ပေသည်။

“ သစ္စာဖောက်ကဟိုမှာပဲ “

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းသမားများကြားမှ ဝူတန်းဂိုဏ်းသားဝတ်စုံဖြင့်လူကြီးမှ ခရမ်းရောင်သွေးလဂိုဏ်းမှဓားဘုရင်ကို သတ်ဖြတ်လိုသည့်အကြည့်ဖြင့်ကြည့်ကာပြောလိုက်သည်။

သူ၏ဘေးမှ ဝတ်စုံဖြူဖြင့်လူရွယ်လည်းခေါင်းညိမ့်ကာပြောလိုက်သည်။

“ ခဏနေဦးလူ့ဂွစာကြီး အခုနေခင်ဗျားတိုက်ခိုက်ရင်အခြေအနေတွေရှုပ်ထွေးကုန်လိမ့်မယ် “

“ ငါနားလည်ပါတယ် “

မုချန်းမှခေါင်းညိမ့်လိုက်သည်။ သူကိုယ်တိုင်သိုင်းဝိဇ္ဇာအဆင့်ဆိုသော်လည်း အများနှင့် တစ်ယောက်ဖြစ်နေ၍နှင်းငွေမိစ္တာသခင်အားထွက်မတိုက်တော့ခြင်းဖြစ်သည်။

ထို့အပြင် သူတို့ဂိုဏ်းမှသစ္စာဖောက်ကိုသုတ်သင်ရန်လည်းရှိနေသေးသည်။

ဓားဘုရင်မှာတစ်စုံတစ်ခုအားခံစားမိလိုက်၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းဘက်သို့ကြည့်လိုက်ပြီး အေးစက်စက်စိုက်ကြည့်နေသည့်မုချန်းကိုမြင်သည့်အတွက်တုန်လှုပ်သွားသည်။

ဝူတန်းဂိုဏ်းထဲတွင် သူထိန်လန့်သည့်ပုဂ္ဂိုလ်ဆို၍ ဓလိုဏ်ဂူထဲမှကျန်းချန်းဟောင်နှင့် မုချန်သာရှိသည် ။

ကျန်းချန်းဟောင်မှာ ဓားလိုဏ်ဂူထဲမှမထွက်‌ တော့၍များစွာကြောက်လန့်မနေရသော်လည်း မုချန်းမှာသူ့ကိုသတ်ပစ်ချင်‌နေသည်ကိုသိထားသည် ။

သို့သော် တစ်စုံတစ်ရာကိုတွေးလိုက်မိပြီး ပြန်၍တည်ငြိမ်သွားသည်။ ထို့နောက်

“ သံမဏိဘုရင် သိုင်းလောကသားတွေကအရှက်မဲ့တယ် သခင်ကြီးကိုဝိုင်းဝန်းတိုက်ခိုက်တော့မယ် ငါတို့ဝင်ကူဖို့မလိုဘူးလား “

ဓားဘုရင်မှ တီးတိုးပြောလိုက်သည် ။သူ၏စကားကြောင့် မျှော်စင်ငယ်တစ်ခုလို မြင့်မားထွားကြိုင်းသည့် သံမဏိဘုရင်မှ ဒေါသတကြီးပြောလိုက်သည်။

“ ဘာလို့ငါတို့ကိုလိုအပ်မှာလဲ သခင်ကသူတို့ကိုလက်တစ်ဖက်ဝေ့ယမ်းလိုက်ရုံနဲ့အနိုင်ရနိုင်တယ်။

နောက်ထပ် သခင့်ကိုအထင်သေးမယုံမကြည်ဖြစ်တဲ့စကားမပြောမိစေနဲ့ “

သံမဏိဘုရင်မှ တင်းမာသည့်အကြည့်ဖြင့်ကျိန်းမောင်းလိုက်သည်။

ဝမ်းတသည်လည်း ဓားဘုရင်ကိုအထင်သေးသည့်အကြည့်ဖြင့်ကြည့်နေသည်။ ဓားဘုရင်မှာ စကားတစ်ခွန်းမှမဆိုတော့သော်လည်း သူ၏စိတ်ထဲတွင်မူ ကျိန်ဆဲ‌နေမိသည်။

“ သေစမ်း မင်းတို့ဆရာကို ငါမယှဉ်နိုင်ဘဲနဲ့ နှလုံးကြွေဆေးလုံးနဲ့ထိမ်းချုပ်ထားလို့ပေါ့ကွာ မဟုတ်ရင်မင်းတို့နှစ်ကောင်လုံးအသေပဲ “

အပြင်ပန်းတွင်တော့ တိတ်ဆိတ်နေကာ နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာသာပေးမှုရရှိထားသည်ထိုနှစ်ယောက်နှင့်ငြင်းခုန်းခြင်းမပြုတော့ပေ။

ထိုအချိန်တွင် သိုင်းဝိဇ္ဇာအဆင့်များမှာ စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။

ရှောင်လင်ဂိုဏ်းမှ လောဟန်အဆောင်မှူးမှာ ရှောင်လင်၏ အစွမ်းထက်သည့်ဝရဇိန်နတ်လက်ဝါးကိုအသုံးပြု၍တိုက်ခိုက်နေသည်။

သူ၏လက်ဝါးရိုက်ချက်များမှာ လေထုထဲတွင်ပေါက်ကွဲလျက်ရှိကာ အတွင်းအားနက်ရှိုင်းလှပြီး ဒုတိယကျောင်းထိုင်ထက်များစွာအစွမ်းထက်လှသည်။

ခွန်လွန်ဂိုဏ်းမှအဖိုးကြီးနှစ်ယောက်မှာမူ ဓားကိုယ်စီဖြင့် ပူးပေါင်းဓားကွက်တစ်ခုကိုအသုံးပြုလျှက်ရှိသည် ။

ခုံတုံဂိုဏ်းချုပ်မှ သူ၏နာမည်‌ကျော်ခုနစ်ဆင့်လက်သီးဖြင့်လည်းကောင်း၊ ငွေဗျိုင်းဖြူသိုင်းသမားမှ ကိုယ်ဖော့ပညာကိုအဓိကထားကာ လက်ဝါးသိုင်းကွက်များဖြင့်လည်းကောင်း ၊ အသက်ရှည်သိုင်းသမားမှ သူ၏ဓားရှည်ဖြင့်လည်းကောင်း တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။

တိုက်ခိုက်မှုခြောက်ခုမှာ ဘက်ပေါင်းစုံမှတိုးဝင်သွားကာ နှင်းငွေ့မိစ္ဆာသခင်ပေါ်သို့ကျရောက်သွားသည်။

မည်မျှအတွင်းအား‌နက်ရှိုင်းကာ သိုင်းပညာအဆင့်မြင့်သည့်သိုင်းဝိဇ္ဇာပင် သိုင်းဝိဇ္ဇာခြောက်ယောက်၏ ပြင်းထန်သည့်တိုက်ခိုက်မှုများအောက်တွင် တစ်ကွက်တည်းဖြင့်ရှုံးနိမ့်သွားရပေမည်။

ထိုအချိန်တွင် နှင်းငွေ့မိစ္ဆာသခငိ၏ခန္တာကိုယ်မှာ ပျောက်ကွယ်သွားကာ နေရာရွေ့ပြောင်းလိုက်သလို တိုက်ခိုက်မှုများကြားမှလွတ်မြောက်သွားသည်။

ကြည့်ရှုနေသည့်သိုင်းသမားများမှာ ထိတ်လန့်အံ့သြသွားကာ နှင်းငွေ့မိစ္ဆာသခင်၏ကိုယ်ဖော့ပညာကြောင့် ပါးစပ်ပွင့်ဟသွားသည်။

သိုင်းဝိဇ္ဇာခြောက်ယောက်လည်း သူတို့၏တိုက်ခိုက်မှုများလွဲချော်သွားသည်ကိုသိသည်နှင့်မျက်နှာပျက်သွားကြသည်။

နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုမှာ လွန်စွာမြန်ဆန်ကာ သူ၏လှုပ်ရှားမှုများကို အဆင့်လွန်သိုင်းသမားများပင်ကောင်းစွာမမြင်ရသော်လည်း သူတို့ကမူကောင်းစွာတွေ့မြင်သည်။

သို့သော် ထိုလှုပ်ရှားမှုကို‌တားဆီးရန်သူတို့မတတ်နိုင်ကြပေ။ နှင်းငွေ့စ္ဆာသခင်မှာ သူတို့ထဲမှ ကိုယ်ဖော့ပညာအမြင့်မားဆုံးဖြစ်သည့် ငွေဗျိုင်းဖြူသိုင်းသမားထက်ပင် ပို၍မြန်ဆန်နေသည်။

အကယ်၍တစ်ဦးချင်းသာတိုက်ခိုက်ပါကသူတို့ထဲမှမည်သူမှ နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လည်းနှင်းငွေ့မိစ္ဆာသခင်မှ ယုံကြည်မှုရှိရှိနှင့် အလယ်ပိုင်းလောကတစ်ခုလုံးကို စိန်ခေါ်ရဲခြင်းဖြစ်ပေမည်။

“ လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းလား “

မုချန်း၏ဘေးတွင်ရှိနေသည့် ထင်းရှီမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများမှာ သူ၏လှုပ်ရှားမှုများနှင့်တစ်ထပ်တည်းကျနေသည်။

လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းမှာ ကိုယ်ဖော့ပညာနှင့်လှုပ်ရှားမှုတွဲလျက်ပါသည့်ရှားပါးသည့်ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာဖြစ်သည်။

All Chapters