← Chapters

ခမ်းနားသည့် တိုက်ပွဲ(၁)

Vol. 3 Ch. 285

ခမ်းနားသည့် တိုက်ပွဲ(၁)

Vol. 3 Ch. 285

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ လောဟန်အဆောင်မှူး၏အနီးတွင်ရပ်ခနဲပေါ်လာပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

လောဟန်အဆောင်မှူးသည်လည်း နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးကိုထိတ်တိုက်ရင်ဆိုင်လိုက်သည်။

“ ဝုန်း.... “

လက်ဝါးနှစ်ဖက်ထိတွေ့သွားကာ သူတို့၏ခန္တာကိုယ်များနောက်သို့ယိမ်းယိုင်သွားကြသည် ။။

သူတို့နှစ်ဦး၏အတွင်းအားများကွာဟခြင်းမရှိဘဲ ကြောက်မက်ဖွယ်နက်ရှိုင်းလှသည်။

“ ဝုန်း...ဝုန်း..... “

ငွေဗျိုင်းဖြူသိုင်းသမားနှင့်ခုံတုံဂိုဏ်းချုပ်တို့၏ကြောက်မက်ဖွယ်တိုက်ခိုက်မှုများမှာ နှင်းငွေ့မိစ္ဆာသခင်၏နောက်သို့ကပ်လျက်ပါလာသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း နောက်ဆုတ်ခြင်းမရှိဘဲ လက်သီးနှစ်လုံးပစ်သွင်းလိုက်သည်။

လေထဲတွင်အတွင်းအားပေါက်ကွဲသံများပေါ်လာကာ သိုင်းဝိဇ္ဇာနှစ်ယောက်နောက်သို့ဆုတ်ပေးလိုက်ရကာ နှင်းငွေ့မိစ္ဆာသခင်မှာမူ သူ၏နေရာတွင်ရပ်နေသည်။

“ ဝှစ် ဝှစ် “

ဓားနှစ်ချောင်းမှာ နှင်းငွေ့မိစ္ဆာသခင်၏နောက်ဘက်မှပိုင်းဖြတ်လာကာ အားကောင်းသည့်ဓားဆန္ဒတစ်ခုနှင့်အတူ အသက်ရှည်သိုင်းသမား၏ဓားမှာ နံဘေးဘက်မှတိတ်တဆိတ်ထွက်ပေါ်လာသည် ။

“ ထန်.... “

နှင်းငွေ့မိစ္ဆာသခင်လည်း အသက်ရှည်သိုင်းသမား၏အသံတိတ်ဓားကိုတောက်ထုတ်လိုက်ကာ သူ၏ခန္တာကိုယ်ကို ဘေးသို့ရွေ့လျားကာ ခွန်လွန်ဂိုဏ်းမှအဖိုးကြီးနှစ်‌ယောက်၏ဓားကိုရှောင်တိမ်းလိုက်သည်။

သို့သော် ဓားနှစ်ချောင်းမှာ ပစ်မှတ်ကိုလွဲချော်သွားသည့်တိုင် နှင်းငွေ့မိစ္ဆာသခင်၏ထွက်ပေါက်များကိုထပ်မံပိတ်ဆို့ထားသည်။

“ ရေစုန်ရေဆန်ဓားသိုင်းလား “

နှင်းငွေ့မိစ္ဆာသခင်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။

ရေစုန်ရေဆန်ဓားသိုင်းမှာ ခွန်လွန်၏ရှေးဟောင်းဓားသိုင်းတစ်ခုဖြစ်ကာ လူနှစ်ယောက်ပူးပေါင်းတိုက်ခိုက်ရပြီး ပြိုင်ဘက်၏လှုပ်ရှားမှုများကိုထိမ်းချုပ်ကာ အပေးအယူမျှတစွာတိုက်ခိုက်ရသည့်ဓားသိုင်းဖြစ်သည်။

သိုင်းဝိဇ္ဇာခြောက်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ ‌နှင်းငွေ့မိစ္ဆာသခင်ကိုကောင်းစွာပိတ်ဆို့ထားနိုင်သည်။

နှင်းငွေ့မိစ္ဆာသခင်မှ သူ၏ကြောက်မက်ဖွယ်ကိုယ်ဖော့ပညာကိုထုတ်ဖော်ထားသည့်တိုင် အသာစီးမရနိုင်ဘဲ သိုင်းဝိဇ္ဇာခြောက်ယောက်၏ဖိအားပေးမှုကိုခံနေရသည် ။

သူ၏လက်သီး၊ လက်ဝါး၊ လက်ချောင်းတိုက်ကွက်များကို ခုံတုံဂိုဏ်းချုပ်၏ခုနစ်ဆင့်လက်သီး ၊ အသက်ရှည်သိုင်းသမား၏ဓားဆန္ဒပါဝင်သည့် အားကောင်းသည့်ဓားချက်များနှင့် ငွေဗျိုင်းဖြူသိုင်းသမားတို့၏လက်ဝါးရိုက်ချက်များမှ ကောင်းစွာချေဖျက်နိုင်သည် ။

ထိုအထဲတွင် ခွန်လွန်ဂိုဏ်းမှအဖိုးကြီးနှစ်ယောက်မှာ နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများကိုကောင်းစွာပိတ်ဆို့ထားနိုင်ကာ လောဟန်အဆောင်မှူးမှအဓိကတိုက်ခိုက်သူဖြစ်၍ ငွေဗျိုင်းဖြူသိုင်းသမား ၊ ခုံတုံ့ဂိုဏ်းချုပ်နှင့် အသက်ရှည်သိုင်းသမားတို့မှာနှင်း‌ငွေ့မိစ္ဆာသခင်တိုက်ကွက်များကို ခုခံကာကွယ်နေသည်။

ထိုအစုအဖွဲ့တိုက်ခိုက်မှုမျိုးအောက်တွင် နှင်းငွေ့မိစ္ဆာသခင်အသာစီးရမှသာထူးဆန်းနေပေမည်။

“ ဝမ်းတ ငါတို့ “

သံမဏိဘုရင်မှ တလှုပ်လှုပ်တရွရွဖြစ်နေသည်။ သူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများရှိနေကာ ဝင်ရောက်ကူညီလိုပြီဖြစ်သည်။

ဓားဘုရင်မှာမူ နှာခေါင်းရှုံ့ကာစကားတစ်ခွန်းမှမဆိုပေ။ အစောပိုင်းမှဖြစ်ရပ်ကိုသူ၏စိတ်ထဲတွင်မကျေနပ်သေးပေ။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းသမားများမှာမူ ခရမ်းရောင်သွေးလဂိုဏ်းသားများကို မျက်စေ့တောက်ထောက်ကြည့်နေကာ ခရမ်းရောင်သွေးလဂိုဏ်းသားများ လှုပ်ရှားမှုတစ်စုံတစ်ရာပြုသည်နှင့်သူတို့လည်းတိုက်ပွဲထဲတွင်ဝင်ပါမည်ဖြစ်သည်။

“ စိတ်မပူပါနဲ့ ဆရာကောင်းကောင်းဖြေရှင်းနိုင်ပါတယ် “

ဝမ်းတမှယုံကြည်မှုပြည့်ဝစွာပြောလိုက်သည်။ ထိုသုံးယောက်ထဲတွင် ဝမ်းတမှာ နှင်းငွေ့မိစ္ဆာသခင်၏အကြောင်းကိုအသိဆုံးလည်းဖြစ်သည်။

“ ကောင်းတယ် “

နှင်းငွေ့မိစ္ဆာသခင်မှ ကျေနပ်အားရသည့်လေသံဖြင့်ရေရွတ်လိုက်သည် ။

တိုက်ပွဲစတင်သည့်အချိန်မှစ၍ အောက်စည်းသို့‌ရောက်နေသည့်တိုင် နှင်းငွေ့မိစ္ဆာသခင်မှာ မျက်

နှာတစ်ချက်ပျက်ပုံမရပေ။

သူ၏စကားကြောင့်သိုင်းဝိဇ္ဇာခြောက်‌ယောက်မှာ တစ်စုံတစ်ခုမှားယွင်းနေသည့်ဟုခံစားလိုက်မိကာ သူတို့ထဲတွင် သိုင်းပညာအမြင့်ဆုံးဖြစ်သည့် လောဟန်အဆောင်မှူးမှ အော်ဟစ်လိုက်သည်။

“ သတိထားကြ “

သူ၏စကားနှင့်တစ်ချိန်တည်းလိုလိုပင် နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှ လွန်စွာအားကောင်းသည့်အငွေ့အသက်များထွက်ပေါ်လာကာ သူ၏တိုက်ခိုက်မှုများမှာ နှစ်ဆခန့်ပြင်းထန်လာသည်။

“ ဝုန်း....... “

နှင်းငွေ့မိစ္ဆာသခင်၏လက်သီးချက်များမှာ လေထုကိုပင်တုန်ခါသွားစေကာ ခုခံကာကွယ်သည့်နေရာကိုယူထားသည့်ခုံတုံ့ဂိုဏ်းချုပ်တို့သုံးယောက်မှာ နောက်ဘက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည်။

“ မဖြစ်နိုင်ဘူး သူ့ရဲ့တိုက်ခိုက်မှုတွေကနှစ်ဆလောက်အားကောင်းလာတယ် “

အသက်ရှည်သိုင်းသမားမှ မယုံကြည်နိုင်သည့်မျက်နှာဖြင့်ရေရွတ်လိုက်သည်။

ထိုအချိန်တွင် နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာပျောက်ကွယ်သွားကာ ခွန်လွန်ဂိုဏ်းမှအဖိုးကြီးနှစ်ဦး၏ဘေးကိုရောက်သွားသည်။

“ ဝုန်း..... “

နှင်းငွေ့မိစ္ဆာသခင်၏ပြင်းထန်လှသည့်လက်ဝါးချက်ကြောင့် ညာဘက်မှအဖိုးကြီးမှာ ထိတ်တိုက်ရင်မဆိုင်ဝံ့ဘဲ ကဗြာကယာရှောင်တိမ်းလိုက်ရသည် ။

ထိုတိုက်ခိုက်မှုမှာ ပြင်းထန်လှသော်လည်း နှင်း‌ငွေ့မိစ္ဆာသခင်၏အစစ်အမှန်တိုက်ခိုက်မှုမှာ ဘယ်ဘက်မှအဖိုးကြီးအားရည်ရွယ်ပေသည် ။

သူ၏လက်သီးမှာ လွန်စွာပြင်းထန်သည့်အရှိန်ဖြင့်ဘယ်ဘက်မှအဖိုးကြီး၏နံဘေးသို့ထိုးချလိုက်သည်။

“ ဝုန်း..... “

ကျုံးဟွာတောင်တစ်ခုလုံးတုန်ဟည်းသွားသည်ဟုထင်ရကာ ‌လူရိပ်သုံးခုမှာကွဲကွာသွားသည်။

နှင်းငွေ့မိစ္ဆာသခင်မှ ခွန်လွန်ဂိုဏ်းမှအဖိုးကြီးကိုပရိယာယ်ဆင်၍တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း အရေးကြီးသည့်အချိန်တွင် လောဟန်အဆောင်မှူးမှကြားဝင်ကာ သူ၏ ဝရဇိန်နတ်လက်ဝါးဖြင့်ခုခံပေးလိုက်သည် ။

ရလာဒ်အနေဖြင့် နှင်းငွေ့မိစ္ဆာသခင်မှာ နောက်သို့ခြေတစ်လှမ်းဆုတ်ပေးလိုက်ရကာ လောဟန်အဆောင်မှူးမှာ ခြေသုံးလှမ်းအထိဆုတ်ပေးလိုက်ရပြီး သူ၏မျက်နှာအနည်းငယ်ဖြူဖျော့သွားသည်။

သူတို့နှစ်ယောက်စလုံး၏အလယ်တွင် နက်ရှုင်းသည့်ခြေရာများကျန်ခဲ့သည်။

“ မဖြစ်နိုင်ဘူး သူ့ရဲ့အတွင်းအားတွေက နှစ်ဆနီးနီးတိုးလာတယ် “

လောဟန်အဆောင်မှူးမှခေါင်းယမ်း၍ရေရွတ်လိုက်သည်။

သိုင်းလောကတွင်အတွင်းအားကိုအလျှင်အမြန်တိုးပွားစေသည့်တားမြစ်ပညာရပ်များရှိသော်လည်း ထိုပညာရပ်များမှာ ရှားပါကာ ဘေးထွက်ဆိုးကျိူးများသည်။။

ထိုပညာရပ်များကိုအသုံးပြုသည့်သိုင်းသမားများမှာ အချိန်တိုအတွင်းအတွင်းအားများပြားစွာတိုးတက်လာသော်လည်း ထိုအတွင်းအားများမှာတည်ငြိမ်မှုမရှိဘဲ အချိန်အတိုင်းအတာတစ်ခုသို့ရောက်သည်နှင့် ဘေးထွက်ဆိုးကျိုးကိုအကြီးအကျယ်ခံစားရပေမည် ။

ယခုနှင်းငွေ့မိစ္ဆာသခင်မှာ အတွင်းအားနှစ်ဆနီးပါးတိုးတက်လာသော်လည်းသူ၏အတွင်းအားများတည်ငြိမ်နေကာ သူ၏မျက်နှာသည်ပင်ပုံမှန်ဖြစ်နေသည်။

ခုံတုံဂိုဏ်းချုပ်အပါအဝင်အစောပိုင်းတွင်နှင်းငွေ့စ္ဆာသခင်နှင့်ရင်ဆိုင်မိကြသည့်လူများမှာ မျက်နှာပျက်သွားကြသည်။

သူတို့ထဲတွင်အတွင်းအားနှင့်သိုင်းပညာအကောင်းဆုံးဖြစ်သည့်လောဟန်အဆောင်မှူးပင် နှင်းငွေ့မိစ္ဆာသခင်နှင့်ရင်ဆိုင်ရာတွင်အရေးနိမ့်သွားပေသည် ။

“ ဟားဟား မင်းတို့လိုအဆင့်မျိုးက ကြီးကျယ်တဲ့ပညာရပ်တွေကိုကြားဖူးပါ့မလား “

နှင်းငွေ့မိစ္ဆာသခင်မှကျယ်‌လောင်စွာရယ်မောလိုက်သည် ။

ဝမ်းတ ၊ သံမဏိဘုရင်နှင့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းချုပ်အသာစီးရလာသဖြင့် အော်ဟစ်လိုက်ကြသည် ။

ဆန့်ကျင်ဘက်အနေဖြင့် အဖြူရောင်သိုင်းလောကသားများမှာ တိတ်ဆိတ်သွားကာ နှင်းငွေ့မိစ္ဆာသခင်ကို ထိတ်လန့်တုန်လှုပ်စွာကြည့်ရှူနေကြသည်။

“ ဒီတစ်ခါ ဘာပညာရပ်ကိုမှထိန်ချန်မထားကြနဲ့အစွမ်းကုန်တိုက်ခိုက်ကြ “

လောဟန်အဆောင်မှူးမှ သိုင်းဝိဇ္ဇာများကို သတိပေးကာ နှင်းငွေ့မိစ္ဆာသခင်ထံသို့ ဦးစွာပြေးဝင်သွားသည်။

“ ဗုဒ္ဓလက်ဝါးသိုင်း “

လောဟန်အဆောင်မှူး၏လက်ဝါးနှစ်ဖက်မှာ ပူးကပ်သွားကာ နှင်းငွေ့မိစ္ဆာသခင်ထံသို့ပြိုင်တူတွန်းထုတ်လိုက်သည် ။

သူ၏လက်ဝါးနှစ်ဖက်မှာ ရွှေရောင်သဲ့သဲ့လင်းလက်နေသည်ဟုထင်ရကာ အသံတစ်ခုမှထွက်ပေါ်ခြင်းမရှိသော်လည်း ထိုတိုက်ကွက်မှာ အစောပိုင်းတိုက်ကွက်များထက်လွန်စွာပြင်းထန်မည်ဖြစ်သည်။

ဗုဒ္ဓလက်ဝါးသိုင်းမှာ ခုခံကာကွယ်မှုကို အလေးပေးသည့်ရှောင်လင်မှ ရှေးဟောင်းသိုင်းကျမ်းတစ်ခုဖြစ်ကာ အောင်မြင်ရန်ခက်ခဲသည် ။

သို့သော် ယခုမျိူဆက်တွင် လောဟန်အဆောင်မှူးနှင့် သူ၏တပည့်ဗုဒ္ဓလက်ဝါးကိုယ်တော်ရွှမ်းမင်တို့အောင်မြင်အောင်လေ့ကျင့်နိုင်ကာ ရွှမ်းမင်ကိုယ်တော်မှာ သံမဏိခန္တာကိုယ်ကျင့်စဥိနှင့်ဗုဒ္ဓလက်ဝါးသိုင်းဖြင့် သိုင်းလောကထဲတွင်ကျော်ကြားကာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်ခဲ့သည် ။

ယခု လောဟန်အဆောင်မှူးအသုံးပြုသည့်ဗုဒ္ဓလက်ဝါးသိုင်းမှာ ရွှမ်းမင်ကိုယ်တော်ထက်အတွင်းအားရောကျွမ်းကျင်မှုပါများစွာသာလွန်ကာ လွန်စွာအင်အားပြင်းထန်ပေသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း လောဟန်အဆောင်မှူး၏သိုင်းကွက်ကိုစိတ်လှုပ်ရှားဟန်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ဝါးနှစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။

“ နှင်းငွေ့သုံးပါးပညာရပ် ရေခဲနတ်ဆိုးလက်ဝါး “

All Chapters