မတူညီသည့်ပုံစံသုံးမျိုးပေါင်းစပ်မှု
Vol. 3 Ch. 289
သစ်ရွက်ကြွေဓားသိုင်းမှာ ခုခံခြင်းကိုအထူးပြုသော်လည်း တိုက်ခိုက်မှုတွင်လည်းအားနည်းခြင်းမရှိပေ။
ဓားသိုင်းကိုထုတ်သုံးလိုက်သည်နှင့်ပြိုင်ဘက်၏တိုက်ခိုက်မှုများမှာ ရွှံ့နွံကြီးတစ်ခုထဲသို့ကျရောက်သွားသလိုဖြစ်ကာ အားအင်လျော့နည်းသွားပေမည်။
သို့သော် ထိုဓားသိုင်းမှာ ထင်းရှီ၏မိုးသက်မုန်တိုင်းဓားကွက်ကိုတိခနဲရပ်သွားစေနိုင်သည့်အစွမ်းမရှိပေ။
ထို့ကြောင့် ယခုထင်းချီယင်မှာ သူ၏အကျွမ်းကျင်ဆုံးဓားသိုင်းဖြစ်သည့် သစ်ရွက်ကြွေဓားသိုင်းကိုအသုံးပြုခြင်းမဟုတ်သည်ကိုထင်းရှီသိရှိပေသည်။
စင်စစ် ထင်းချီယင်မှာ ထင်းရှီ၏မိုးသက်မုန်တိုင်းဓားကွက်မှ အလွန်နည်းပါးသည့်ဟာကွက်နေရာကို တွေ့မြင်ကာ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ထင်းရှီ၏ဓားကွက်ကိုချေဖျက်လိုက်ခြင်းဖြစ်သည်။
အစောပိုင်းမှထင်းရှီ၏ဓားကွက်မှာ အချိန်တခဏအတွင်း ဓားချက်ပေါင်းသုံးဆယ်ထက်မနည်းပါဝင်ကာ ထိုဓားချက်များကြားမှဟာကွက်ကို ချက်ခြင်းလိုလိုရှာနိုင်သည်မှာ ယုံနိုင်ဖွယ်ရာမရှိပေ။
ဟာကွက်ကိုတွေ့ရှိပြီး တိုက်ခိုက်မှုတစ်ခုတည်းဖြင့်ချေဖျက်နိုင်သည်မှာ ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသေးသည်။
“ မတိုက်တော့ဘူးလား ငါသာမင်းရန်သူဆို မင်းဆယ်ခါလောက်သေပြီးနေပြီနော် “
ထင်းချီယင်၏သတိပေးစကားကြောင့်ထင်းရှီမှာ သတိပြန်ဝင်လာကာ ထိတ်လန့်သွားသည်။ ထို့နောက် ထင်းချီယင်ကိုထပ်မံ၍တိုက်ခိုက်လိုက်သည်။
မျက်တောင်တခက်အတွင်းဓားချက်ပေါင်းများစွာထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တိုက်ခိုက်မှုမဗာ ထင်းရှီ၏အားကောင်းဆုံးတိုက်ခိုက်မှုဖြစ်သည့် ဆောင်းဦးနှင်းစက်သိုင်းကွက်ဖြစ်သည်။
ဆောင်းဦးနှင်းစက်
ထင်းရှီ၏သုံးရာသီဓားသိုင်းထဲမှ လျှင်မြန်မှုတစ်ခုထည်းကိုအသားပေးထားသည့် အစွမ်းအထက်ဆုံးသိုင်းကွက်ဖြစ်သည်။
ဓားကွက်များမှာလွန်စွာလျှင်မြန်ကာ မိုးသက်မုန်တိုင်းသိုင်းကွက်ထက်နှစ်ဆနီးနီးပို၍လျှင်မြန်သည်။
ထို့ကြောင့် ထင်းရှီစတင်တိုက်ခိုက်သည်နှင့်အေးစက်သည့်အငွေ့အသက်မှာပတ်ဝန်းကျင်ကိုပျံ့နှံ့သွားကာ လွန်စွာဓားချက်များမှာ ထင်းချီယင်ထံသို့တိုးဝင်သွားသည်။
ထင်းရှီယင်မှထင်းရှီ၏ဆောင်းဦးနှင်းစက်ဓားကွက်ကိုကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ ထို့နောက် သူ၏ဓားကိုမြောက်ကာ ဓားချက်သုံးခုကိုတစ်ဆက်တည်းထိုးခုတ်လိုက်သည် ။
ထင်းချီယင်၏ဓားကွက်မှာလည်း လျှင်မြန်လှသဖြင့် ဓားသုံးချက်မှာတစ်ချက်တည်းလိုလိုပင်ထင်ရသည် ။ သို့သော် ထင်းရှီ၏ဓားကွက်များထက်တော့အနည်းငယ်နှေးကွေးသည်။
“ ထန်း ထန်း..... “
ဓားချင်းထိခတ်သံများထွက်ပေါ်လာကာ ထင်းရှီ၏ဓားကွက်များမှာ ချေဖျက်ခံလိုက်ရပြန်သည် ။
အချိန်အနည်းငယ်အတွင်း ထင်းရှီမှာဓားကွက်ပေါင်းရာနှင့်ချီ၍တိုက်ခိုက်ပြီဖြစ်ကာ ထင်းချီယင်မှသူ၏ဓားကွက်အားလုံးကို ကောင်းမွန်စွာချေဖျက်နိုင်သည်။
ထို့နောက် ထင်းရှီလည်း ချောက်နက်အောက်ခြေမှရရှိခဲ့သည့် ပင်လယ်ရပ်ခြားလူထူးဆန်းချန်ယန်ကျိ၏လကွယ်ကြယ်ပျောက်ဓားကွက်ကိုသုံးရန်ဆုံးဖြတ်လိုက်သည်။
ထိုဓားကွက်မှာ သိုင်းလောကမှဓားကွက်ပုံစံများနှင့်အနည်းငယ်ကွဲပြားကာ ဓားကွက်ကိုမသုံးမီအတွင်းအားကိုသာမက ခန္တာကိုယ်ထဲမှအားအင်များကိုပါစုစည်းရသည် ။
ထို့နောက် ထိုအင်အားများစုပေါင်းကာ ပေါက်ကွဲပြီး တစ်ဖက်လူ၏အနီးသို့ရုတ်ချည်းရောက်ရှိကာ မျက်စေ့တစ်မှိတ်အတွင်း ဓားကွက်ခြောက်ခုအထိထုတ်ရခြင်းဖြစ်သည်။
ယခုထင်းရှီမှာ အတွင်းအားကိုအသုံးမပြုရသည့်အတွက် ခန္တာကိုယ်ထဲမှအားအင်များကိုစုစည်းကာ သူ၏ဒူးနှစ်ဖက်ကိုကွေးညွှတ်လိုက်သည်။
ထို့နောက်သူ၏ခန္တာကိုယ်မှာ မြားတစ်စင်းလိုတရှိန်ထိုးပြေးဝင်သွားကာ သူ၏ဓားသည်လည်း လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်လှုပ်ရှားသွားသည် ။
ထင်းရှီ၏ထူးဆန်းသည့်ဓားကွက်ကြောင့် ထင်းချီယင်၏မျက်ခုံးများမြင့်တက်သွားကာ သူ၏လက်ထဲမှဓားကိုလည်းလှုပ်ရှားလိုက်သည် ။
ထင်းရှီ၏ဓားဆန္ဒထက်မနိမ့်ကျသည့် အားကောင်းသည့်ဓားဆန္ဒတစ်ခုပျံ့နှံ့လာပြီး ထင်းရှီ၏ဓားကွက်များမှာ ထင်းချီယင်၏အနီးသို့မရောက်မီ ချေဖျက်ခြင်းခံလိုက်ရသည် ။
ထင်းရှီနှင့်တိုက်ခိုက်စဉ်အတွင်း ထင်းချီယင်မှာ ပထမဦးဆုံးအဖြစ် သူ၏ဓားဆန္ဒကိုအသုံးပြုရခြင်းဖြစ်သည်။
သို့သော် ထင်းရှီ၏တိုက်ခိုက်မှုမှာကျရှုံးသွားကာ ထင်းချီယင်၏အင်္ကျီစကိုပင်မထိလိုက်ပေ။
ထင်းရှီမှာ ထိတ်လန့်သည့်မျက်နှာဖြင့်သူ၏ဆရာကိုကြည့်နေမိကာ သူ၏နောက်ကျောမှ ချွေးများစိမ့်ထွက်လာသည်။
“ ဓားကွက်ကကောင်းမွန်တယ် ။ ဒါပေမယ့် လုံလုံလောက်လောက်လျှင်မြန်မှု မရှိသေးဘူး။ မင်းသာ ဒီ့ထက်ပိုပြီးမြန်မယ်ဆိုရင် မင်းရဲ့ပြိုင်ဘက်ကဓားကွက်ရဲ့ဟာကွက်တွေကိုရှာတွေ့မယ်ဆိုရင်တောင် ချေဖျက်ဖို့မဖြစ်နိုင်တော့ဘူး “
ထင်းချီယင်၏စကားသံထွက်ပေါ်လာပြန်သည်။
ထို့နောက်ဆက်၍ပြောလိုက်သည်။
“ အစောပိုင်းက ပြင်းထန်တဲ့ဓားသိုင်းနဲ့ လျှင်မြန်တဲ့ဓားသိုင်းကိုတစ်လှည့်စီသုံးကြည့်ရင်ကော “
ထင်းချီယင်၏စကားကြောင့် ထင်းရှီ၏မျက်လုံးများတောက်ပလာသည်။
သူ၏သုံးရာသီဓားသိုင်းမှာ တိုက်ခိုက်မှုပုံစံသုံးမျိုးရှိကာ ထိုသုံးမျိုကို တစ်ခုချင်းစီသာထုတ်ဖော်ဖူးကာ တစ်လှည့်စီသင့်လျှော်သလိုအသုံးပြုရန်စိတ်မကူးဖူးပေ။
ယခု သူ့ဆရာ၏စကားကြောင့် ထင်းရှီမှာ စိတ်ကူးသစ်ရသွားကာ ချက်ခြင်းပင် သူ၏မိုးသက်မုန်တိုင်းဓားကွက်ကိုထုတ်ဖော်လိုက်သည် ။
ထို့နောက် ထင်းချီယင်၏အနီးသို့ရောက်လာသည့်အခါ အင်အားပြင်းထန်သည့်ဓားမှာ လွန်စွာလျှင်မြန်သည့်ဓားကွက်အဖြစ်ပြောင်းလဲသွားကာ ထင်းချီယင်၏ခန္တာကိုယ်ကိုပိုင်းဖြတ်လိုက်သည် ။
ရုတ်တရက်ပြောင်းလဲသွားသည့်တိုက်ခိုက်မှုပုံစံကြောင့် ထင်းရှီ၏ဓားကွက်များကို ထင်းချီယင်ပင်ခန့်မှန်းမရတော့ဘဲ သူ၏သစ်ရွက်ကြွေဓားသိုင်းကို
စတင်အသုံးပြုရတော့သည်။
ထင်းရှီ၏ဓားမှာ မြန်ဆန်လိုက် ၊ ပျော့ပြောင်းလိုက် ၊ အားကောင်းလိုက်ဖြင့် မတူညီသည့်ပုံစံများသို့ပြောင်းလဲနေကာ ခုခံကာကွယ်ရန်လွန်စွာခဲယဉ်းသည်။
“ မတူညီတဲ့ပုံစံသုံးမျိုးအထိလား ကောင်းတယ် “
ထင်းချီယင်မှ သဘောကျသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။
ထင်းချီယင်အနေဖြင့် ဓားသိုင်းတစ်မျိုးတည်းဖြင့်တိုက်ခိုက်ခံရပါက ကောင်းစွာချေဖျက်နိုင်မည်ဖြစ်သော်လည်း ထင်းရှီမှမတူညီသည့်ပုံစံသုံးမျိုးဖြင့်ပြောင်းလဲနေကာ ထိုသုံးမျိုးမှာလည်း ပျော့ပြောင်းပေါ့ပါးခြင်း ၊ ပြင်းထန်အားကောင်းခြင်း၊ လျှင်မြန်ခြင်း စသည့်အစွမ်းထက်ဓားသိုင်းများဖြစ်သည် ။
ထို့ကြောင့် ယခင်ကလို ချက်ခြင်းချေဖျက်နိုင်ခြင်းမရှိတော့ဘဲ ဓားဆန္ဒကိုပါအသုံးပြုကာကာကွယ်နေရသည်။
ထို့နောက်အချိန်အနည်းငယ်ကြာသည်အထိ သူတို့၏တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။
“ ချွမ်း..... “
ထင်းချီယင်၏ဓားမှာ ထင်းရှီ၏နွေဦးရွက်ကြွေဓားကွက်ကိုဖျက်ဆီးလိုက်သည် ။
ထင်းရှီလည်း မျက်မှောင်ကြုတ်ကာ မိုးသက်မုန်တိုင်းဓားကွက်နှင့် ဆောင်းဦးနှင်းစက်ဓားကွက်ကိုတစ်လှည့်စီအသုံးပြုလိုက်သည် ။
သို့သော် ထင်းချီယင်မှာ ထိုဓားကွက်များကိုလည်းတစ်ကွက်စီဖြင့်ချေဖျက်လိုက်ကာ ထင်းရှီမှာ ထပ်မံရှုံးနိမ့်သွားပြန်သည်။
“ သတိထားငါတိုက်ခိုက်တော့မယ် “
ထင်းချီယင်၏အသံကြောင့် ထင်းရှီလည်း အာရုံအပြည့်အဝစူးစိုက်ကာ တိုက်စစ်ကိုဦးစားပေးနေရာမဗ ခုခံကာကွယ်ရန်ပြင်ဆင်လိုက်သည် ။
သို့သော် ထင်းချီယင်၏ဓားမှာ သူ၏လည်ပင်းပေါ်သို့ရောက်နေပြီဖြစ်ကာ ဓားသွား၏အေးစက်ထက်ရှသည့်အငွေ့အသက်က ပွတ်သပ်ကျီစယ်နေသည်။
ထင်းရှ၏မျက်မှာဆိုးဆိုးရွားရွားပျက်ယွင်းသွားသည်။
သူ့အနေဖြင့် သူ၏ဆရာမည်သို့တိုက်ခိုက်လိုက်သည်ကိုပင်လုံးဝမသိလိုက်ပေ။ သူသတိပြုမိသည့်အချိန်တွင် ထင်းချီယင်၏ဓားမှာ သူ၏လည်ပင်းပေါ်သို့ရောက်နေချေပြီ။
ဤသည်မှာ ထင်းချီယင်မှ အလစ်တိုက်ခိုက်ခြင်းမဟုတ်ပေ ။သူ၏တိုက်ခိုက်မှုမှာဖော်ပြရန်ခက်လဲကာ ထင်းရှီကိုသတိပေးစကားပြောပြီးသည်နှင့် သူ၏ဓားမှာ တိုက်ခိုက်ပြီးဖြစ်သည်။
သိုင်းဝိဇ္ဇာနှစ်ယောက်ကိုပင်တစ်ပြိုင်နက်အနိုင်ယူရန်ယုံကြည်ချက်ရှိသည့်ထင်းရှီမှာ သူ့ဆရာ၏တိုက်ခိုက်မှုကိုပင် လုံးဝမသိလိုက်ပေ။
ထင်းရှီလည်း ထင်းချီယင်ရိုကိုအနိုင်ယူရန်ဝေးစွ အင်္ကျီစကိုပင်ထိအောင်မတိုက်နိုင်သည့်အတွက် အနည်းငယ်စိတ်ဓာတ်ကျသွားသည်။
ဤသည်မှာ သူ၏ဓားပညာထင်းချီယင်ထက်နိမ့်ကျ၍စိတ်ပျက်ခြင်းမဟုတ်ပေ။ ထင်းချီယင်၏ဓားပညာမှာ သူ့ထက်တစ်ဆင့်မြင့်မားသည်ကိုသိရှိသည်။
သူစိတ်ပျက်ရခြင်းမှာ ထင်းချီယင်ကိုအနိုင်မယူနိုင်ပါက သိုင်းလောကထဲသို့ပြန်ခွင့်မရတော့၍ဖြစ်သည် ။
ဓားစံအိမ်ကိုပြန်လာစဉ် ဂိုဏ်းငယ်များကိုဝါးမြိုကာတစ်စထပ်တစ်စအင်အားကြီးထွားလာသည့် ခရမ်းရောင်သွေးလဂိုဏ်းကိုမြင်ပြီးဖြစ်သည်။
ထိုဂိုဏ်း၏ဆိုးရွားသည့်လုပ်ရပ်အချို့ကြောင့်လည်းကောင်း ၊ ခရမ်းရောင်သွေးလဂိုဏ်းမှအဆိပ်ဘုရင်နှင့်သရဲဘုရင်မှာ သူနှင့်ရှန်းယွင်ကိုသတ်ဖြန်ရန်ကြံစည်ခြင်းကြောင့်လည်းကောင်း ထင်းရှီမှာထိုဂိုဏ်းနှင့်ကြီးမားသည့်ရန်ငြိုးတစ်ခုဖွဲ့ပြီးဖြစ်သည်။
ထို့အပြင် သိုင်းလောကထဲတွင် လေလွင့်သွားလာကာ သိုးထိန်းကြီးပြောသည့်နေရာများသို့လိုက်လံလည်ပတ်ရန်ကြံစည်ထားသော်လည်း ယခုအထိမရောက်ဖြစ်သေးပေ။
နောက်ဆုံးအချက်ကား သူ၏ချစ်သူရှန်းယွင်မှာ အရှေ့မြောက်ပိုင်းတွင် သူလာခေါ်မည်ကိုစောင့်မျှော်နေရှာရော့မည်။
ထင်းရှီမှာ သူ၏လက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ မျက်နှာအမူအယာအမျိုးမျိုးပြောင်းလဲနေသည်။
ထင်းချီယင်လည်း သူ၏တပည့်မျက်နှာကိုကြည့်ကာ သူ၏စိတ်ကိုခန့်မှန်းနိုင်သည် ။
ထို့ကြောင့် ဓားကိုအသာချကာ ကျောက်တုံးပေါ်တွင်ပြန်ထိုင်ပြီး ဖြေးညင်းစွာခေါင်းယမ်းကာပြောလိုက်သည်။