← Chapters

(78.2)

Vol. 9 Ch. 81

(78.2)

Vol. 9 Ch. 81

ဆုဆုက သူ့ကို လွှတ်ပေးလိုက်ဖို့ဖို့ အလွန်ဝန်လေးနေခဲ့ပေမယ့် ဒီအမျိုးသားရဲ့အလုပ်က ထူးခြားတဲ့အတွက်ကြောင့် သူထွက်သွားဖို့ လိုကိုလိုအပ်မယ်ဆိုတာကို သူမသိထားခဲ့တယ်။

သူမနဲ့အတူ အခုလိုမျိုး အချိန်အတော်ကြာအောင် ရှိပေးနေနိုင်တာက ကံကောင်းမှုပဲ။ ဒါပေမယ့် သူမကတော့ သူနှင့်အတူ သာမန်လင်မယားတွေလိုမျိုး အတူရှိနိုင်ဖို့အရေးကို လက်မလျှော့သေးဘူး။ သူမအနေနဲ့ သူ့ရဲ့စစ်တပ်တည်ရှိတဲ့မြို့ငယ်လေးဆီသို့ ပြောင်းရွှေ့သွားချင်နေခဲ့တယ်။

အရင်တစ်ကြိမ်တုန်းက သူ့ကို ပြုစုစောင့်ရှောက်ဖို့သွားခဲ့စဥ်တုန်းက ထိုမြို့လေးအကြောင်းကို အတော်အတန် သိခွင့်ရခဲ့ပြီး အတော်လေးကောင်းတာကို သိထားခဲ့ရတယ်။

ထိုမြို့လေးက သူမ တွေးထင်ထားတာထက် အများကြီး ပိုညစ်ပတ်ပြီးရှုပ်ထွေးနေတယ်ဆိုပေမဲ့လည်း မြို့တစ်မြို့ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ဒီခေတ်ထဲမှာဆိုရင် မင်းအနေနဲ့ တစ်ဦးတစ်ယောက်တည်းအမှီအခိုကင်းကင်းနေထိုင်ဖို့က ခက်ခဲပြီး နောက်ထပ် နှစ်နှစ်လောက်တော့စောင့်ဖို့ လိုအပ်သေးတယ်။

အဆုံးမှာ လင်းချွမ်က စစ်သားတစ်ဦးဖြစ်နေခဲ့တယ်လေ။ တကယ်သို့ သူသာ လယ်သမားတစ်ဦးဖြစ်နေမယ်ဆိုရင် သူမအနေနဲ့ စီးပွားရှာဖို့အတွက် ချက်ချင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ခဲ့လိမ့်မယ်။

သို့သော်လည်း အခုတော့ သာမာန်အလုပ်တစ်ခုကို အရင်ဆုံးရှာပြီးမှ လင်းချွမ်ရဲ့ အထက်လူကြီးတွေကို အားကိုးတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ စစ်တပ်ထဲက ဇနီးသည်တွေ စစ်တပ်နဲ့ လိုက်သွားခဲ့ရင်တော့ အလုပ်တွေ စီစဉ်ပေးတတ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် စက်ရုံလိုလိုတစ်ခုခုဆီမှာလည်း ရာထူးမြင့်တဲ့နေရာတွေ လစ်ဟင်းနေပါ့မလားဆိုတဲ့အပေါ်မှာလဲ မူတည်သေးတယ်။

သူမအနေနဲ့ သတင်းတွေကို အရင်စုစည်းထားဖို့ လိုအပ်တယ်။ ဒါဆိုရင် စီစဉ်ရတာ ပိုလွယ်သွားလိမ့်မယ်။

ဆုဆုအနေနဲ့ ဒီဘက်ခေတ်မှာဆိုရင် သူမရဲ့အဆင့်အတန်းက နည်းနည်းလောက်မြင့်တယ်လို့ ခံစားရတယ်၊း။ ဒါကြောင့် သူမ အလုပ်ရှာဖို့အတွက် လွယ်ကူလောက်ပါတယ်။ ဟုတ်တယ်မလား?

အချိန်ရောက်လာရင် သူမအနေနဲ့ အိမ်တစ်လုံးအရင်ငှားရမယ်။ ဒါမှမဟုတ် လင်းချွမ်ရှိနေတဲ့စစ်တပ်မှာ အဆင်ပြေမလားဆိုတာကိုကြည့်ရမယ်။

လင်းချွမ်အတွက်လည်း သိပ်ပြီးကောင်းမနေခဲ့ဘူး။ သူ ထွက်သွားရတော့မယ်ဆိုတာကို သိနေခဲ့တာကြောင့် ဒီနှစ်ရက်အတွက်မှာ ဆုဆုကို မတူညီတဲ့နည်းလမ်းတွေနဲ့ မှောက်လှန်နေခဲ့တယ်။ ဘာကို ရိုးသားတဲ့လူလဲ! ဘာကို လေးနက်လွန်းတဲ့လူလဲ! ဒါက နှာဘူးတစ်ယောက်ရဲ့ ကြီးမားတောက်ပြောင်တဲ့ပြပွဲကြီးပဲ!

တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တကယ်ကို အဆင်မပြေလွန်းဘူးနော်!

ဆုဆုသည်လည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိနေပေမဲ့ ဒီလိုမှောက်လိုက်လှန်လိုက်အခြေအနေကို သည်းမခံနိုင်တော့ဘူး။ သူမကတော့ သူမရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေပြီလို့သာ ခံစားရတော့တယ်။ သူမ အပြင်သို့ ခြေလှမ်းအနည်းငယ်လောက်လှမ်းလိုက်တာနဲ့ သူမရဲ့ ခါးတွေက နာကျင်လာရပြီး တစ်ကိုယ်လုံးက အထိမခံဖြစ်နေရတယ်။

ကြောက်စရာကောင်းလွန်းတယ်!

မင်္ဂလာပွဲမှာတုန်းက သတို့သမီးခန်းကို ဝင်ဖို့အတွက် သူ ဒိုက်ထိုးခဲ့တဲ့အကြိမ်အရေအတွက်အကြောင်းကိုပြန်တွေးကြည့်ရင် သူက သေချာပေါက်ကို မမောမပန်းနိုင်ကြောင်းကို သိရှိနိုင်လိမ့်မယ်။ လင်းချွမ်က စိတ်တောင်မကျေနပ်သေးဘူး။ သူ အခု ထွက်သွားရဖို့ ဖြစ်နေခဲ့တာကြောင့် ကံဆိုးတာပဲ.. မဟုတ်ရင်...

ထို့အချိန်မှာပဲ သူမက သူ့ကို အထဲကို ဆွဲခေါ်လာခဲ့တယ်။

“ဇနီးလေး ဘာဖြစ်လို့လဲ”

“ဟမ့်”

“စိတ်အေးအေးထားပါ.. ကိုယ် စစ်တပ်ထဲကို အစောကြီးကတည်းက သေချာပေါက်လျှောက်လွှာတင်လိုက်မယ်.. ပြီးရင် ကိုယ် မင်းကို တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ထွက်လာပြီး တွေ့လို့ ရလောက်ပါတယ်”

“ကျွန်မကတော့ မတွေ့ချင်ပါဘူး”

“ဘာလို့လဲ?”

သူက သူ့ရဲ့ဇနီးသည် သူနဲ့ ခွဲခွာရတော့မှာဖြစ်လို့ စိတ်ဆင်းရဲနေတယ်လို့ထင်ခဲ့တာ။သူမက အခုလိုမျိုး ပြောလာလိမ့်မယ်ဆိုတာ ဘယ်သူကသိမှာလဲ။

“ရှင်နဲ့သာဆက်ပြီး အတူရှိနေရင် ကျွန်မ သည်းမခံနိုင်တော့ပဲ ခါးကျိုးသွားမှာကို ကြောက်မိတယ်.. ဒီတော့ ခပ်ဝေးဝေးမှာ နေတာက ပိုကောင်းပါတယ်”

ဆုဆုက သူ့ကိုကြည့်ပြီး ဆက်ပြောလိုက်တယ်။

“ဒီည ရှင် ကျွန်မကို ထိရဲရင်ထိကြည့် ကျွန်မ ကန်ထုတ်ပစ်မှာ!”

“...”

လင်းချွမ် ရုတ်တရက် သူ့ရဲ့မျက်လုံးတွေကို ဘေးသို့ လှည့်လိုက်မိပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်။

“စကားမစပ် ကိုယ် ရထားလက်မှတ်ဝယ်ဖို့ ခရိုင်မြို့ဆီကို သွားရဦးမယ်.. မင်းလိုက်ခဲ့မှာလား”

“ရှင် ဘယ်​အချိန်​သွားရမလဲဆိုတာတောင် မဆုံးဖြတ်​ရဘူး​လေ ..ဘာလို့ လက်မှတ်​သွားဝယ်မှာလဲ”

ဆုဆုကလည်း အရင်ပြောနေတဲ့စကားကို မေ့သွားခဲ့တယ်။ သူမ ဒေါသဖြစ်ဆဲဖြစ်ပေမဲ့လည်း သူထွက်သွားတော့မဲ့အကြောင်းကို ကြားတော့ သူမရဲ့ စိတ်တွေက ပိုပြီးနူးညံ့သွားရတယ်။

ဒီမိန်းကလေးက တကယ့်ကို နှလုံးသား ပျော့ပြောင်းလွန်းတယ်လို့ လင်းချွမ်တွေးလိုက်မိတယ်။

“တကယ်တော့ အထက်အရာရှိတွေက အဖွဲ့ထဲကို မနက်ဖြန် ဒါမှမဟုတ် သဘက်ခါ ပြန်လာဖို့ အမိန့်ထုတ်လာလောက်တယ်.. ပြောရရင် နွေဦးရာသီမှာ လူသစ်စုဆောင်းရေးအတွက် အရမ်းအလုပ်ရှုပ်တယ်လေ.. ဒါကြောင့် ကိုယ်လက်မှတ်တွေ ကြိုဝယ်ရင်း မင်းကို မြို့ပေါ်ကို ခေါ်သွားချင်လို့”

“ခရိုင်မြို့က ဘာတွေများ ပိုကောင်းလို့လဲ”

ဆုဆုက ဒီဘက်ခေတ်ကာလရဲ့မြို့တွေနဲ့ သိပ်ပြီး အကျွမ်းဝင်ခြင်းမရှိပေမဲ့ ခေတ်သစ်မှ မြို့တွေနဲ့ သိပ်ပြီး မကွဲပြားလောက်ဘူးလို့ ခံစားရတယ်။ နောက်ပြီး ပတ်ဝန်းကျင်ကလည်း သိပ်မကောင်းသေးဘဲ မီးသွေးတွေနဲ့သာ တစ်နေကုန်ချက်ပြုတ်နေရပြီး အရှေ့အနောက်မှ ဖုန်တွေသဲတွေကလည်း တလိမ်းလိမ်းဖြစ်နေမှာပဲ။

လင်းချွမ် သူ့ရဲ့ ဇနီးသည်က တခြားမိန်းကလေးတွေနဲ့မတူပဲ မြို့ကိုသွားဖို့အတွက် လုံးဝအလျင်မလိုတာကို မြင်ခဲ့ပေမဲ့ သူ ထပ်ပြီးတိုက်တွန်းချင်နေတုန်းပဲ။

“ကိုယ်ထင်တာ...”

“ရှင်ဘာလုပ်ချင်လို့လဲ?”

သူဘာလို့ အသည်းအသန်ဖြစ်နေရတာလဲ? ဒါက သူ့ရဲ့ပုံစံနဲ့မတူဘူး။

“ကိုယ်တို့တွေ လက်ထပ်ပြီးတော့ နှစ်ယောက်တွဲ ဓာတ်ပုံမရိုက်ရသေးဘူးလေ.. ကိုယ်မင်းနဲ့ပိုကြီးတဲ့ ဓါတ်ပုံရိုက်ချင်တယ်.. နှစ်ယောက်တွဲပုံလေ”

“...”

သူမ ဒါကို တကယ်မတွေးမိဘူး။ သူက တစ်ဖက်လူ တွယ်ကပ်ချင်နေတယ်လို့သာ ထင်ခဲ့တာ။

ဒါပေမယ့် ဒီလိုမျိုးအရာတွေက အမျိုးသမီးတွေကသာ ဂရုစိုက်လေ့ရှိတာမဟုတ်ဘူးလား? အမျိုးသားတစ်ယောက်အနေနဲ့ သူ ဘာလို့ တက်ကြွနေရတာလဲ?

“တခြား ဘာမှ မရှိပါဘူး.. ကိုယ်က မင်းကို မြင်တွေ့ချင်ရုံပါပဲ”

“... “

သူက ဆုဆုကို သူ အမှန်တကယ်တွေးတောနေတဲ့အရာတွေကို ဘယ်လိုလုပ်ပြီး ရှင်းပြနိုင်မှာလဲ”

“ရှင့်မှာ သီးသန့်အိပ်ဆောင်ရှိလား”

“ဟင့်အင်း မရှိပါဘူး”

လင်းချွမ်တစ်ယောက် သူ့ရဲ့ ဇနီးသည်က အလွန်အကဲဆတ်လွန်းတယ်လို့ ခံစားမိရတယ်။ သူမက သူ ညလည်သန်းခေါင်းအချိန်တွေမှာ သူ့ရဲ့ဇနီးသည်ကို မှန်းဆတဲ့အကြောင်းကိုတောင် ရိပ်မိနိုင်တော့မလိုပဲ။

ဆုဆုက ထိုအာသာဖြေတဲ့အကြောင်းကို အမှန်တကယ်တွေးမိနေတာကို သူ ဘယ်လိုမှမသိနိုင်တာကတော့ စိတ်မကောင်းစရာပဲ။ ဒါပေမယ့် သူမက လင်းချွမ်ထိုဓာတ်ပုံကို ဘယ်နေရာမှာသုံးမလဲဆိုတာကို အတွင်းအထိ လိုက်ပြီးစစ်ဆေးနေခြင်းမပြုခဲ့တော့ဘူး။

အဆုံးမှာတော့ ငယ်ရွယ်တဲ့စုံတွဲက မတူညီတဲ့ အတွေးအမြင်တွေနဲ့ ခရိုင်မြို့ကို အတူသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

အမေလင်းကလည်း သူတို့ကို မတားခဲ့ဘူး။ နောက်ဆုံးတော့ သားဖြစ်သူက ထွက်သွားရတော့မှာဖြစ်ပြီး သူမရဲ့ချွေးမကလည်း သူ့နဲ့ ပိုပြီးအချိန်ကြာကြာအတူရှိသင့်တယ်။

ခရိုင်မြို့ကိုသွားမဲ့ ကားပေါ်မှာ သူတို့တွေ ဇာတ်လိုက် လင်းတုံဟဲနဲ့ ဇာတ်လိုက်မချင်ယွဲ့ယွဲ့ကိုပါ မြင်တွေ့လိုက်ရလိမ့်မယ်လို့တော့ သူတို့ မထင်မှတ်ထားခဲ့ဘူး။ သူတို့တွေက ကားထဲမှာ သူတို့ကိုသိတဲ့လူမရှိတာကြောင့် တကယ့်လူငယ်စုံတွဲလေးလို မျိုးအတူတူထိုင်နေခဲ့ကြတယ်။

လင်းတုံဟဲကလည်း သူတို့ကို မြင်တွေ့ခဲ့ပြီး သူတို့ကို လာပြီးနှုတ်ဆက်ကာ သကြားလုံးလက်တစ်ဆုပ်စာ လာပေးခဲ့တယ်။

“ယွဲ့ယွဲ့နဲ့ ကျွန်တော်လက်ထပ်တော့မယ်.. ဒီတစ်ခါ ခရိုင်မြို့ကို လိုအပ်တာတွေ သွားဝယ်မလို့လေ.. ဒါက မင်္ဂလာသကြားလုံးဆိုတော့ နည်းနည်းလောက် စားလိုက်ပါဦး”

“ဟုတ်လား”

လင်းချွမ်က ဘာမှပြန်မပြောဘဲ ထူးမခြားနားစွာနဲ့ လက်ခံလိုက်တယ်။

သို့သော်လည်း ဆုဆုကတော့ အံ့သြသွားရတယ်။ မူလတုန်းက ဇာတ်လိုက်မက ကလေးဖျက်ချဖို့အတွက် ဇာတ်လိုက်ကို ဆွဲဆောင်နိုင်ခဲ့လိမ့်မယ်လို့ ထင်ခဲ့တာ။ နောက်ဆုံးတော့ စာအုပ်ထဲမှာ ထိုသို့ရေးသားထားတယ်လေ။ မဟုတ်သေးဘူး၊ ဇာတ်လိုက်မက ဇာတ်လိုက်နဲ့ကလေးရခဲ့ပြီး နှစ်ယောက်လုံးက လက်မထပ်ရသေးတာကြောင့်ဖြစ်နေလို့များလား။

ကလေးကို ဖျက်ချမှာကို အခုလို ကယ်တင်နိုင်လိမ့်မယ့လို့ သူမ မမျှော်လင့်ခဲ့မိဘူး။

ပြောရရင် ဒီလို အသက်လေးတစ်ခုက အပြစ်ကင်းစင်လွန်းတယ်။ ဒီကလေးသာ အကယ်တင်ခံခဲ့ရရင် နောင်ပိုင်းမှာ လူချမ်းသာ ဒုတိယမျိုးဆက် ဖြစ်လာနိုင်တယ်လေ။ သူက တကယ်ကို အဆင်ပြေနေလိမ့်မယ်။

“ဂုဏ်ယူပါတယ်”

သူမ စိတ်ရင်းနဲ့ဂုဏ်ပြုလိုက်တယ်။

လင်းတုံဟဲက ဆုဆု ခေါင်းညိတ်ပြခဲ့ပြီးနောက် သူ့ရဲ့ထိုင်ခုံသို့ ပြန်သွားခဲ့ကာ ချင်ယွဲ့ယွဲ့ကို သကြားလုံးတွေထပ်ပေးလိုက်တယ်။

ထို့နောက် လေးယောက်လုံး စကားသိပ်မပြောဖြစ်ကြဘဲ သူတို့ရဲ့ ထိုင်ခုံမှာပဲ ထိုင်နေခဲ့ကြတယ်။

သို့ပေမယ့် လေထုကတော့ ဆုဆုတို့နှစ်ဦးအတွက် ပိုပြီး ကောင်းမွန်နေခဲ့တယ်။ သူတို့ ဇနီးမောင်နှံက နှလုံးသားထဲမှာ အာဃာတတွေမရှိခဲ့ဘဲ ချစ်မိသွားခဲ့ကြပြီး အခုမှ အချစ်စမ်းတဲ့ကာလမှာပဲ ရှိနေသေးတာလေ။

ဒါပေမယ့် လင်းချွမ်ရဲ့ ပုံရိပ်က အလွန်ကောင်းလွန်းနေတာကြောင့် ဆုဆုက သေးငယ်တဲ့လှုပ်ရှားမှုလေးကိုသာ လုပ်နိုင်ခဲ့ပြီး စစ်သားတစ်ယောက်ရဲ့ပုံရိပ်ကို အကျဆုံးစေခဲ့ဘူး။

ကားက ခရိုင်မြို့ကိုရောက်ဖို့အတွက် အချိန်အတော်ကြာအောင် မောင်းခဲ့ရတယ်။ ကားပေါ်မှ ဆင်းပြီးနောက်မှာတော့စုံတွဲနှစ်တွဲက လမ်းခွဲလိုက်ကြတယ်။

ဆုဆုတို့နှစ်ယောက် ဓာတ်ပုံအရင်ရိုက်မှာဖြစ်ပြီး တစ်ဖက်မှ နှစ်ယောက်ကတော့ဈေးဝယ်ထွက်မှာဖြစ်တာကြောင့် သူတို့နှစ်ဖွဲ့က အတူ ဆက်မသွားနိုင်တော့ဘူး။

ဆုဆုက ခရိုင်မြို့ကိုရောက်ရင် ဓာတ်ပုံရိုက်ဖြစ်မဲ့အကြောင်းကို သိထားတာကြောင့် ကောင်းစွာ ဝတ်ဆင်လာခဲ့ပြီး သူမရဲ့အိပ်လေးထဲမှာလည်း နှုတ်ခမ်းနီဘူးကို ထည့်လာခဲ့တယ်။

သူမ ဓာတ်ပုံစတူဒီယိုကို ရောက်တဲ့အချိန်မှာ နှုတ်ခမ်းနီဘူးကို ထုတ်ယူလိုက်ပြီး မှန်အသေးလေးမှာ ကြည့်ပြီး ဆိုးလိုက်တယ်။ ထိုနောက် လင်းချွမ်ကိုလှည့်ကြည့်ကာ အပြုံးနဲ့ မေးမြန်းလိုက်တယ်။

“ကြည့်လို့ကောင်းလား”

“အရမ်းလှတယ်”

သို့သော်လည်း အနီရောင်နှုတ်ခမ်းနီက အဖြူအမည်း ဓာတ်ပုံထဲမှာ မြင်ရဖို့ အနည်းငယ် ခက်ခဲလိမ့်မယ်။

ဒါပေမဲ့ လင်းချွမ်က သတိမပေးခဲ့ဘူး။ သူမ ပျော်နေတာကိုမြင်ရချိန်မှာ သူသည်လည်း ပျော်ရွှင်နေခဲ့တာကြောင့် သူမကို စိတ်ကြိုက်လုပ်ခွင့်ပေးထားခဲ့တယ်။

ဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာကလည်း သူတို့ကို သတိမပေးခဲ့ဘဲ ပျော်ရွှင်စွာနဲ့ ဓာတ်ပုံရိုက်ပေးခဲ့ပြီး နှစ်ရက်အတွင်း လာယူဖို့ ပြောခဲ့တယ်။

ဆုဆုက အနည်းငယ်နှေးကွေးတယ်လို့ ခံစားမိသော်လည်း လင်းချွမ်က ဒါကို မြန်သေးတဲ့အကြောင်း ရှင်းပြပေးခဲ့တယ်။ ဓာတ်ပုံတွေက အများအားဖြင့်ဆိုရင် အချိန် လေးငါးရက်လောက်ကြာတတ်တယ်။ ဒါက ပြည်နယ်အဆင့်ဖွင့်လှစ်ထားတဲ့ ဓာတ်ပုံစတူဒီယိုပိုင်ရှင်ကြောင့်သာ ဒီနေ့နေ့လည်ဘက်မှာ ဓာတ်ပုံတွေကို ရေဆေးပြီး စောစီးစွာရရှိမှာဖြစ်လေတယ်။

သူတို့တွေ ဓာတ်ပုံရိုက်ပြီးတဲ့နောက်မှာ လက်မှတ်ဝယ်ဖို့အတွက် ဘူတာရုံဆီသို့ ဆက်သွားခဲ့ကြတယ်။

ကြည့်ရတာ လင်းချွမ်က ဓာတ်ပုံကို တကယ်ပဲယူသွားချင်ပုံရတယ်။

ကိစ္စမရှိပါဘူး။ သူလိုချင်ရင်လည်း ထည့်ပေးလိုက်တာပေါ့။

All Chapters