(79.2)
Vol. 9 Ch. 84
ကြက်မကြီးတစ်ကောင်ဝယ်ပြီးနောက် အမေလင်းက တစ်ဝက်ကို နှပ်လိုက်ပြီး ကျန်တစ်ဝက်ကိုတော့ စွပ်ပြုတ်ချက်လိုက်တယ်။ ကြက်သားက လတ်ဆတ်တာကြောင့် စွပ်ပြုတ်ဟင်းချိုက ပိုပြီး အရသာရှိနိုင်လိမ့်မယ်။
ညနေပိုင်းမှာ ဆုဆုတစ်ယောက် ဟင်းရည်ပန်းကန်လုံးကြီးတစ်လုံးကို သောက်ပြီးနောက် ထမင်းတစ်နပ်စားခဲ့ပြီး လန်းဆန်းနေခဲ့တယ်။ သူမအနေနဲ့ တစ်နေကုန် အိပ်စက်အနားယူထားတာကြောင့် အခုချိန်မှာ မအိပ်ချင်တော့ဘူး။
ဒါကြောင့် တွေးတောရင်း လင်းချွမ်ကို လှမ်းပြောလိုက်တယ်။
“ပြောကြည့်ပါဦး.. လင်းတုံဟဲလို ယောက်ျားကြီးတစ်ယောက်က ဆေးရုံမှာ မိန်းမတစ်ယောက်ကို ဂရုစိုက်နိုင်ပါ့မလား”
အ၀တ်အစားတွေလဲပေးရမယ်။ ကိုယ်လက်သုတ်သင်ပေးရမယ်။ ဆံပင်တွေကိုလျှော်ဖြီးပေးရမှာဖြစ်ပြီး ခြေထောက်တွေကိုလည်း ဆေးပေးရလိမ့်မယ်။ သူတို့တွေက လက်မထပ်ပဲ အတူပေါင်းသင်းဆက်ဆံခဲ့ပေမဲ့ ထိုတစ်ကြိမ်အပြီးမှာ သူတို့ရဲ့ဆက်ဆံရေးကို ထပ်ပြီး အပူပေးနိုင်တာမျိုးမရှိဘူးဆိုရင် ငြင်းဆိုခံရမှာပဲ။
အဆုံးမှာတော့ အမျိုးသားတွေက ပေါ့လျော့တတ်တဲ့သူတွေဖြစ်ပြီး မိန်းကလေးတွေကို ပြုစုတဲ့နေရာမှာ အကောင်းဆုံးမစွမ်းဆောင်နိုင်ကြဘူး။
သေချာတာပေါ့။ သူမရဲ့အတွေးတွေက အကျိုးအကြောင်းသင့်ပါတယ်။ လင်းတုံဟဲက အမျိုးသမီး ဇာတ်လိုက် ကလေးမွေးဖွားချိန်မှာ နှစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး ရလဒ်ကတော့ သူတို့နှစ်ယောက် စကားများရန်ဖြစ်ခဲ့ပြီး ထွက်ခွာသွားလုနီးပါးဖြစ်ခဲ့တယ်လေ။
ဇာတ်လိုက်မက ကလေးမီးဖွားပြီးတဲ့နောက် စိတ်ကျရောဂါကြောင့်ဖြစ်နိုင်သလို၊ ဇာတ်လိုက်အတွက် နောက်ပိုင်းမှာ သူ့ရဲ့မိသားစုမှပေးလာတဲ့ဖိအားတွေကြောင့်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် သူတို့နှစ်ယောက်လုံးက ရန်ဖြစ်ချင်နေခဲ့ကြတာကြောင််လည်းဖြစ်နိုင်တယ်။
သို့သော်လည်း သူမရဲ့ထင်မြင်ချက်အရဆိုရင်တော့ ဇာတ်လိုက်က ဇာတ်လိုက်မရဲ့မီးတွင်းအချိန်အခါမှာ ပြုစုလုပ်ကျွေးတဲ့အချိန် အမှားလုပ်ခဲ့မိတာဖြစ်လိမ့်မယ်။ ဒါကြောင့် ဇာတ်လိုက်မက အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်။
ဇာတ်လိုက်မအနေနဲ့ ဇာတ်လိုက်က သူမကို ထပ်ပြီးမချစ်တော့သလို သူမကိုလည်း အလေးအနက်မထားတော့ဘူးလို့ မှတ်ယူခဲ့လိမ့်မယ်။ အထူးသဖြင့် ခွဲစိတ်မွေးဖွားခဲ့ရတဲ့နောက်မှာ သူမရဲ့ ဗိုက်ပေါ်မှာ အမာရွတ်တစ်ခုရှိလာခဲ့တာကြောင့် သူမကို အထင်သေးပြီး မထီမဲ့မြင်ပြုလာလိမ့်မယ်လို့ တွေးနေခဲ့တာပဲ။
ဘာပဲဖြစ်ဖြစ် အတွေးလွန်လွန်းတဲ့ ပြသနာတွေပါပဲ။
အမျိုးသားဇာတ်လိုက်က လူတိုင်းကို ကောင်းမွန်စွာ ဆက်ဆံတတ်တဲ့လူမျိုးပဲ။ အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ သူက ကောင်းမွန်စွာဆက်ဆံတတ်တယ်။ ဒါကြောင့် သူက ဆေးရုံမှာရှိတဲ့ သူနာပြုလေးများကြားတွင် အလွန်ရေပန်းစားလာခဲ့တယ်။
ဒါကလည်း အပြစ်တစ်ခုဖြစ်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ သူတို့တွေက ဖြစ်လာမဲ့ကိစ္စတွေကိုကြိုတင်မြင်တွေ့ခဲ့ပြီဖြစ်လို့ အခုချိန်မှာလည်း ပဋိပက္ခအချို့ရှိလာလောက်လိမ့်မယ်လို့ ဆုဆုတွေးလိုက်မိတယ်။
သေချာတာပေါ့။ဒါက သူမကိုယ်တိုင်ရဲ့အတွေးလွန်မှုသက်သက်လည်း ဖြစ်နိုင်ပါတယ်။ အဆုံးမှာ သူတို့တွေက ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့သာဖြစ်နေတာပဲလေ။ သူတို့တွေက နောက်ပိုင်းမှာ အမြဲတမ်းအတူရှိသွားကြမဲ့လူတွေပဲ။
ဆုဆုတစ်ယောက် လင်းချွမ်က သူမရဲ့အနားကို ဘယ်အချိန်ကတည်းက ချဉ်းကပ်လာတာလဲဆိုတာကို မသိခဲ့ဘူး
သူမ သတိပြုမိချိန်မှာ လက်ကြီးတစ်စုံက သူမကို အနောက်ဘက်ကနေ ပွေ့ဖက်လာခဲ်ပြီ။
“ဇနီးလေး အိပ်ရအောင်”
သူ နောက်တစ်ကြိမ် ထပ်လုပ်ပြန်ပြီ။
ဆုဆု သူ့ရဲ့ မျက်လုံးကို လှိမ့်လိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် သူမလည်း ပြင်ဆင်ပြီးသားဖြစ်နေပြီး ညတိုင်းဆိုတဲ့ကိစ္စကို နေသားကျလာခဲ့ပြီ။
ဒါပေမဲ့ အဆုံးသတ်မှာ လင်းချွမ်က အမှန်တကယ် အိပ်ချင်နေတာဖြစ်ကြောင်း မမျှော်လင့်ခဲ့မိဘူး။ ထိုအမျိုးသားက သူမနှင့်အတူ လှဲချလိုက်ပြီးနောက် သူမရဲ့လည်ပင်းကို နမ်းရှိုက်လိုက်ပြီး သူကို ပွေ့ဖက်ကာ- ရိုးရိုးသားသား အိပ်စက်သွားခဲ့တယ်။
သူမ အနည်းငယ်လောက် နားမလည်နိုင်ခဲ့ဘူး။ ဆုဆု စောင်ကိုဆွဲရင်း တစ်ဖက်လူ ကျူးကျော်လာမှာကိုစောင့်နေခဲ့ပေမဲ့ ထိုကျူးကျော်သူကတော့ မျက်လုံးတွေကိုတောင် မှိတ်ထားခဲ့တယ်။
သူမ စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေခဲ့ပြီး အိပ်လို့မရခဲ့ဘူး။ ဒါကြောင့် လင်းချွမ်ဘက်ကိုလှည့်ပြီး မေးလိုက်တယ်။
“ရှင် ဘာဖြစ်နေတာလဲ?”
မသိတဲ့သူတွေသာဆိုရင် ဒီနေ့ သွေးဖောက်ထုတ်ခဲ့တဲ့လူက သူလို့တောင်ထင်နေတော့မှာပဲ။
လင်းချွမ်က မျက်လုံးတွေကိုဖွင့်လာခဲ့ပြီး ဆုဆုရဲ့နှာခေါင်းဖျားကို ညင်သာစွာနှင့် ညစ်လိုက်တယ်။
“ဒီနေ့ မင်းနေမကောင်းဘူးလေ.. ဒါကြောင့် စောစောအနားယူလိုက်တော့”
“အိုး အဲ့ဒါကြောင့်လား”
သူမ နေမကောင်းဖြစ်ခဲ့တာက မှန်တယ်ဆိုပေမဲ့ အခုတော့ ပိုကောင်းလာခဲ့ပြီ။ ဒါပေမယ့် သူဘယ်လောက်ထိ ရိုးသားနေလဲဆိုတာမြင်တော့ သူ့ကို ကျီစားချင်စိတ်က ထွက်ပေါ်လာခဲ့ရပြန်တယ်။ ဒါကြောင့် သူ့ရဲ့အနားကို ဖြည်းဖြည်းချင်းချဉ်းကပ်ပြီး သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်တယ်။
တစ်ဖက်လူကို အတော်လေး အံ့သြသင့်သွားခဲ့ပုံရပြီး မကြာခင်မှာပဲ ရေကိုတို့ထိသလိုမျိုး ပြန်လည်တုံ့ပြန်လာတယ်။
ဆုဆု သူ့ရဲ့နှုတ်ခမ်းကို ဖိကိုက်လိုက်တော့ တစ်ဖက်လူရဲ့ ဘယ်အာရုံကြောကို သွားထိလိုက်မိလဲဆိုတာကို မသိဘူး။ ထိုအမျိုးသားက သူမကို အနားယူဖို့အတွက် သူကိုယ်တိုင်ပြောခဲ့တာကိုတောင် မေ့လျော့သွားခဲ့ပုံရတယ်။
ဒါက ကိုယ့်ခြေထောက်ပေါ်ကို ကိုယ် ခဲနဲ့ ပြန်ထုလိုက်မိတဲ့ ခံစားချက်မျိုးပဲ။ ဒီလိုဖြစ်လာမှတော့ ဆက်ပြီး ဖြစ်ဖို့ ခွင့်ပြုပေးလိုက်ရုံပဲ တတ်နိုင်တော့တယ်...
နောက်နေ့မနက်မှာတော့ ဆုဆုတစ်ယောက် ခွန်အားနည်းနည်းလောက်တောင်မရှိတော့သလို ခံစားနေရပြီး လှုပ်ရှားတဲ့အချိန်မှာလည်း ခေါင်းမူးနေခဲ့ရတယ်။ သို့ပေမဲ့ သူမက အဒေါ်လင်း (လင်းတုံဟဲရဲ့မွေးစားအမေ)ဆီက မေးခွန်းပေါင်း(130)လောက်ကို ဖြေနေရတုန်းပဲ။
လင်းချွမ် သူမကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေခဲ့ပြီး နောက်ဆုံးတော့ တိုက်ရိုက်ပဲပြောလာခဲ့တယ်။
“ အန်တီ စိတ်ပူရင် ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါလား”
ဆုဆု သူ့ကိုအသာတို့ထိလိုက်တယ်။ အဲလိုသာဆိုရင် သူတို့တွေ ပေါ်ထွက်သွားတော့မှာမဟုတ်ဘူးလား?
သူတို့ပြန်လာတဲ့အချိန်မှာ ချင်ယွဲ့ယွဲ့က အူအတက် ခွဲစိတ်ကုသမှု ခံယူထားရတယ်ဆိုပြီး ပြောဖို့ လုပ်ထားခဲ့တယ်လေ။ တကယ်လို့ သူမသာ ကိုယ်ဝန်ဖျက်ချခဲ့တယ်လို့ ပြောခဲ့ရင် လူအိုနှစ်ယောက် ပြိုလဲသွားနိုင်တယ်။
လင်းတုံဟဲက သူတို့ရဲ့သားအရင်းမဟုတ်သော်လည်း သူတို့တွေက သူ့ကို သားအရင်းအဖြစ် မှတ်ယူထားခဲ့ကြတယ်။ လင်းတုံဟဲက မိသားစုဆီကို ပြန်လည်ရောက်ရှိသွားချိန်မှာ သူ့ရဲ့မိသားစုက လင်းမိသားစုကို နှိမ့်ချခဲ့ကာ အဆက်အသွယ်လုပ်ဖို့ တားမြစ်ခဲ့ပေမဲ့ လင်းတုံဟဲကတော့ နှစ်စဉ်နှစ်တိုင်း ပြန်လာတွေ့ခဲ့တယ်။
အဒေါ်လင်းက ထိုသတင်းကြောင့် စိတ်ပူပြီး စကားတွေအများကြီးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ လင်းချွမ်က သူမကို မေးခွန်းထပ်မေးခိုင်းမယ်အစား ပြောလာခဲ့တယ်။
“အဆင်ပြေတယ်လိုပြောလိုက်ရင် အဆင်ပြေတာပဲလေ”
“သူတို့တွေ ရက်အနည်းငယ်ကြာရင် ပြန်လာမှာပါ”
ဆုဆုပြောပြီးတဲ့နောက် အဒေါ်လင်းက ထမင်းချက်ရဦးမယ်ဆိုပြီး အိမ်ကိုပြန်သွားခဲ့တယ်။
ဆုဆု စက္ကန့်ပိုင်းအတွင်းမှာ ပြန်လှဲလိုက်တယ်။ သူမရဲ့ ခေါင်ထဲမှာ ကျီးကန်းတစ်ကောင် လှည့်ပတ်ပြီး အော်ဟစ်နေသလိုဖြစ်နေခဲ့ကာ လုံးဝကို အဆင်မပြေနေခဲ့ဘူး။
လင်းချွမ် ခေါင်းကုတ်ပြီး အလေးအနက်ပြောလာတယ်။
“ရဲဘော်ဆုဆု”
“အမ်?”
“ဒါက ကိုယ် လုံလောက်အောင် စိတ်ဓာတ်မခိုင်မာခဲ့လို့ပဲ.. မင်း ဆန္ဒရှိသလောက် ကိုယ့်ကိုအပြစ်ပေးလို့ရပါတယ်”
“ကျွန်မရဲ့ ခြေဖဝါးကို နှိပ်ပေးပြီး ကျွန်မကို အိပ်ခွင့်ပေး.. ကျွန်မ အရမ်းပင်ပန်းနေပြီ”
“...”
အမျိုးသားတစ်ယောက်က အမျိုးသမီးရဲ့ ခြေဖဝါးကိုနှိပ်ပေးရမှာလား? လင်းချွမ်က သုံးစက္ကန့်လောက်သာ တုံ့ဆိုင်းနေခဲ့တယ်။ သွသူက ဆုဆုရဲ့ အားနည်းနေတဲ့ မျက်လုံးတွေဖွင့်ဟကြည့်လာတာကိုမြင်တော့ ချက်ချင်းပဲ ခန်ပေါ်မှာဝင်ထိုင်လိုက်ကာ သူမရဲ့ ခြေဖဝါးလေးကို ကောက်မ,ပြီး နှိပ်ပေးလိုက်တယ်။ ဒါပေမဲ့ အားအများကြီး မထည့်ရဲခဲ့ဘူး။
“ခြေအိတ်ကတစ်ဆင့်နှိပ်ပေးရင် ကျွန်မ သေချာ မခံစားရဘူး”
ဆုဆုက သူမရဲ့ ခြေဖဝါးလေးကို ဆန့်ကာ လှုပ်လိုက်တာကြောင့် လင်းချွမ် သူမရဲ့ ခြေအိတ်တွေကို ချွတ်ပေးလိုက်တယ်။
ထို့နောက်မှာတော့ သူ အံ့အားသင့်သွားခဲ့ရတယ်။ သူ့ဇနီးသည်ရဲ့ ခြေဖဝါးတွေက ဘာလို့ ဒီလောက်တောင်သေးငယ်ရတာလဲ? သူမရဲ့ အသားအရေက ဘာလို့ ဒီလောက်တောင်ကောင်းမွန်းလို့နေခဲ့တာလဲ? သူမရဲ့ခြေချောင်းတွေကလည်း ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ?
အတိုချုပ်ပြောရရင်တော့ သူရဲ့ နှလုံးသားထဲမှာ အံ့အားသင့်နေခဲ့ပြီး နှိပ်နယ်ခြင်းကို ရပ်တန့်လိုက်မိကာ ဆော့ကစားတဲ့ဘက်သို့ ရောက်ရှိသွားတော့တယ်။ ဆုဆုကတော့ အိပ်ပျော်သွားခဲ့ပြီ။
သို့ပေမဲ့ နောက်နေ့မှာတော့ လင်းချွမ်က အိမ်မှာနေရင်းနှင့် သူ့ဇနီးလေးအတွက် ပစ္စည်းတွေကို ပြင်ဆင်ပေးနေခဲ့တယ်။
ထွက်သွားရတော့မဲ့အကြောင်းကိုတွေးမိရင် နှစ်ယောက်လုံးက စိတ်ဆင်းရဲနေမိတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်က တကယ့်စုံတွဲတွေဖြစ်လာခဲ့တာ သိပ်ပြီးမကြာသေးဘူးလေ။
လင်းချွမ်က တွန့်ဆုတ်စွာနဲ့ပြောလာခဲ့သေးတယ်။
“ဒါမှမဟုတ်ရင် ဆွေမျိုးတွေလည်ပတ်တဲ့အနေနဲ့ မင်း လိုက်ခဲ့လို့ရတယ်လေ”
ရလဒ်ကတော့ သူပြောပြီးတာနဲ့ ဆုဆုဆီမှာ အရိုက်ခံလိုက်ရတော့တယ်။
ဒီလူကတော့ အခုမှ အလုပ်ကိုပြန်သွားရမှာဖြစ်ပေမဲ့ သူ့ရဲ့ဇနီးကိုပါ အလည်အပတ်အဖြစ် ချက်ချင်းခေါ်သွားချင်နေသေးတယ်။ အရှက်မရှိလောက်အောင် တွယ်ကပ်လွန်းနေတာပဲ။ သူမက အဲလိုအလေ့အကျင့်မရှိဘူး။ သူမ တွယ်ကပ်ချင်ရင်တောင်မကပ်တွယ်ခင် အရင်စဥ်းစားလိမ့်မယ်။
ဒါပေမယ့် ရိုးရိုးသားသားပြောရရင် တကယ့်ကို ခွဲခွာဖို့အတွက် ဝန်လေးနေခဲ့တယ်။
အထူးသဖြင့် နောက်ဆုံးနေ့ကိုရောက်လာချိန်မှာ အချင်းချင်းပွေ့ဖက်ထားခဲ့ကြပြီး လူနှစ်ယောက်က ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ကြတယ်။
လင်းချွမ်က နောက်ဆုံးတော့ လေးနက်လာပြီဖြစ်လို့ ဆုဆု စိတ်ကျေနပ်နေခဲ့တယ်။
ဒါပေမယ့် ဒီအမျိုးသားက ညဘက်မှာ မလှုပ်ရှားတဲ့အတွက် အကြံဆိုးတွေရှိလာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူက နောက်နေ့မနက် လေးနာရီ၊ ငါးနာရီမှာပဲ သူမကို နှိုးပြီး ပေါက်ကွဲလာခဲ့တယ်လေ။
ဆုဆုတစ်ယောက် ပြောစရာမဲ့နေသလို ကူကယ်ရာလည်းမဲ့နေရတယ်။ မနက်ပိုင်းရောင်နီလာတဲ့အချိန်မှသာ သူမ ပြန်လည်အိပ်စက်နိုင်ခဲ့တယ်။
လင်းချွမ်က သူမကို ဂရုစိုက်ပေးခဲ့ပြီးနောက် သူ့ရဲ့ ကျောပိုးအိတ်ကို သယ်ပြီး အပြင်ကို ထွက်သွားခဲ့တယ်။ သူက အရှေ့ဘက်အိမ်သို့ ဝင်သွားပြီး သူ့ရဲ့ မိဘတွေနှင့် သူ့ရဲ့ညီငယ်တွေကိုနှုတ်ဆက်စကားပြောခဲ့တယ်။ သူ့ရဲ့ဇနီးသည်ကိုတော့ လိုက်မပို့စေချင်ခဲ့ဘူး။ မဟုတ်ရင် သူ ထွက်သွားရဖို့အတွက် ဝန်လေးနေရလိမ့်မယ်။
ဆုဆု နိုးလာတဲ့အချိန်မှာတော့ အော်ငိုလုနီးပါး ဖြစ်သွားခဲ့ကာ သူ့ဆီကို တစ်လကြာတဲ့အထိ စာမရေးဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ကို မွန်းကြပ်ပြီးသေအောင်ပစ်ထားလိုက်မယ်။
**
ချင်ယွဲ့ယွဲ့က နှစ်ရက်အကြာမှာ ဆေးရုံမှဆင်းလာခဲ့ပြီး ဦးလေးလင်းရဲ့အိမ်မှာပဲ အနားယူဖို့စီစဉ်ခဲ့တယ်။ အဆုံးမှာ သူမက လင်းတုံဟဲနဲ့လက်ထက်ဖို့ သဘောတူထားခဲ့ပြီးပြီလေ။ ချင်ယွဲ့ယွဲ့က အူအတက်ပေါက်ပြီးအရေးပေါ်အခြေအနေဖြစ်နေချိန်မှာ လင်းတုံဟဲက ကယ်တင်ပေးခဲ့ပြီး ဆေးရုံစရိတ်ကိုပေးချေခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ထပ်ဖို့ သဘောတူလိုက်တယ်လို့ သတင်းလွှင့်ခဲ့တယ်။
လူတိုင်းက အတော်လေးမနာလိုဖြစ်သွားခဲ့ကြတယ်။ လင်းမိသားစုက ကောလိပ်ကျောင်းသူ အမျိုးသမီးတွေကိုပဲ ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ခဲ့ကြတာလဲဆိုတာကို သူတို့ နားမလည်ခဲ့ကြဘူး။ သူတို့တွေအားလုံးက ကျေးဇူးဆပ်ဖို့အတွက် အပြေးအလွှားလုပ်နေခဲ့ကြတယ်လေ။ လင်းမိသားစုကလူတွေက လူတွေကို ကယ်တင်တဲ့နေရာမှာမှာ တကယ်တော်တဲ့ပုံပဲ။
ဥပမာ ဆုဆုကလည်း တောထဲမှအကယ်တင်ခံခဲ့ရပြီး လက်ထပ်ခဲ့တယ်။ သူမက အကျင့်စာရိတ္တကောင်းမွန်ပြီး မိသားစုနှင့် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ခဲ့သေးတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လင်းမိသားစုက ရွာထဲမှာ အချမ်းသာဆုံးမိသားစုဖြစ်လာလုနီးပါးပဲလေ။
ဒီချင်ယွဲ့ယွဲ့ကျတော့ အရပ်ရှည်ပြီး ရုပ်ရည်ကောင်းမွန်ကာ နူးညံ့ကြင်နာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်။ ဦးလေးလင်းတို့မိသားစုကလည်း အနာဂတ်မှာ ကောင်းကောင်းနေနိုင်လောက်တော့မှာပဲ။
သို့ပေမဲ့ ဆုဆုကတော့ ချင်ယွဲ့ယွဲ့ကမပျော်မရွှင်ဖြစ်နေကြောင်း ခံစားမိတယ်။ နောက်ပြီး လင်းတုံဟဲ။ သူကလည်း ဆေးရုံမှာတုန်းကလောက်တောင် ပျော်ရွှင်နေပုံမရဘူး။ ပျော်ပွဲရွှင်ပွဲအချိန်အခါဖြစ်ပေမဲ့ ဆွေမျိုးတစ်ယောက် ကွယ်လွန်သွားသလိုမျိုး စိတ်ဓာတ်ကျနေပုံရတယ်။
ဒါက သူမထင်သလိုပဲ မဟုတ်ဘူးလား?
ဆုဆု ဘာမှတော့မမေးခဲ့ဘူး။ အဆုံးမှာ သူမနဲ့မဆိုင်တဲ့ကိစ္စတွေပဲလေ။
**