← Chapters

(79.3)

Vol. 9 Ch. 85

(79.3)

Vol. 9 Ch. 85

ထိုနေ့ညကိုရောက်တော့ အဒေါ်လင်းက အမေလင်းဆီကို စိတ်ပျက်လက်ပျက်နှင့် ကိစ္စတွေကို ဆွေးနွေးဖို့ ရောက်လာခဲ့ပြန်တယ်။ ဒါကြောင့် သူမတို့တွေ ဇာတ်လိုက်မက ပြသနာရှာနေပြန်ပြီဖြစ်ကြောင်းကို သိရှိလိုက်ရတယ်။

“ပြောရတာ တော်တော်လေးစိတ်တိုစရာကောင်းတယ်..  ဒါပေမယ့် လုပ်နိုင်တာလည်း ဘာမှမရှိဘူး.. အဲဒီကလေးမ ချင်ယွဲ့ယွဲ့က နာရီလိုချင်နေတယ်တဲ့လေ.. လက်ထပ်ပွဲအတွက် နာရီတစ်လုံးတောင်းတာက ကိစ္စမရှိပေမဲ့ သူမရဲ့မိသားစုကပိုက်ဆံကိုလည်း  ယွမ်သုံးရာတောင်တောင်းနေသေးတယ်”

“ဘာလဲ? ဒါက သမီးကိုရောင်းတာလား? ဒီဘက်မှာ ဘယ်သူကမှ အဲလောက်ထိ စျေးမမြှင့်ဘူးလေ”

အမေလင်း အံ့အားသင့်သွားခဲ့ရတယ်။ ချင်ယွဲ့ယွဲ့က သူတို့ရဲ့မိသားစုကို ပိုက်ဆံတွေ အဲလောက်အများကြီး တောင်းလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သတို့သမီးခန်းဝင်ပစ္စည်းအတွက် ယွမ်သုံးရာဆိုတာက ဒီလိုမျိုးရွာတွေဖက်မှ မပြောနဲ့ မြို့ပေါ်မှာဆိုရင်တောင် အလွန်များပြားတဲ့ ပမာဏပဲ။

နောက်ပြီး ဒီကောင်မလေးရဲ့ နှလုံးသားက အရမ်းကိုကြီးလွန်း*တယ်။

(T/n_ လောဘကြီးလွန်းတယ်)

“သူမ ပြောခဲ့တာတွေက သနားစရာကောင်းတဲ့စကားတွေချည်းဘဲ..  ခန်းဝင်ပစ္စည်းအားလုံးက သူတို့ရဲ့မိသားစုအတွက်ဖြစ်ပြီး သူမကိုယ်တိုင်အတွက်က နာရီတစ်လုံးတည်းကိုပဲ လိုချင်တာတဲ့

ဒါပေမယ့် ငါတို့မိသားစုက သူမရဲ့ ခန်းဝင်ပစ္စည်းအတွက် ပိုက်ဆံရှာဖို့ အစွမ်းကုန်ကြိုးစားပြီး အစားအသောက်တွေတောင် ရောင်းချခဲ့ရတယ်.. အခုချိန်မှာ ငါ ဘယ်လိုမှ နာရီတစ်လုံးဝယ်မပေးနိုင်ဘူး

မင်းရဲ့မိသားစုရဲ့ ချွမ်ဇီကလည်း  အိမ်ထောင်ကျထာတာမကြာသေးဘူးဆိုတာကိုတွေးမိတော့ နာရီဝယ်ဖို့ ပိုက်ဆံမရှာနိုင်သေးခင် လင်းချွမ်ရဲ့ ဇနီးဆီက နာရီကိုအရင် ငှားလို့ရမလား..ငါတို့မှာ ပိုက်ဆံရလာတဲ့အချိန်ကျရင် သူမအတွက်အသစ်တစ်လုံးဝယ်ပေးပါ့မယ်”

အဒေါ်လင်းက ဆုဆုကို ကြည့်ပြီး အပြုံးတစ်ခုနှင့်ပြောလာတယ်။

တကယ်တမ်းမှာ ဒီလို အလေ့အထမျိုးကပုံမှန်ပဲဖြစ်ပြီး ရွာတွေမှာက ပိုက်ဆံမရှိတဲ့အချိန် အပြန်အလှန်ချေးငှားလေ့ရှိကြတယ်။ ဒါကြောင့် ဆုဆု မငြင်းလိုက်ပဲ ပြောလိုက်တယ်။

  “ကောင်းပြီ”

နာရီကိုငှားလိုက်တာက သိပ်တော့မဆိုးနိုင်လောက်ပါဘူး။

ဒါပေမယ့် အမေလင်းက ခေါင်းခါပြီးပြောလာတယ်။

“အဲဒါကမကောင်းဘူး.. မျက်နှာရအောင်ဟန်ဆောင်တာက ကောင်းပါတယ်.. ဒါပေမယ့် ငါတို့မိသားစုက ဆုဆုရဲ့ နာရီကို တခြားသူတွေက မြင်ဖူးပြီးသားပဲလေ.. အစ်မတို့မိသားစုက ဒီလိုတူညီတဲ့ နာရီကို ဝယ်နိုင်လောက်မှာမဟုတ်ဘူး”

“အာ?”

ဘယ်လောက်ကောင်းတဲ့ နာရီမို့လို့လဲ။ အဒေါ်လင်က ဆုဆုဆီကိုတစ်ချက်ကြည့်ကာ သူကိုယ်တိုင်အကဲခတ်လိုက်တယ်။

ဆုဆုရဲ့လက်ပေါ်မှာရှိတာက နိုင်ငံခြားအမှတ်တံဆိပ် နာရီဖြစ်ပြီး  စိန်အသေးလေးတွေနှင့် ဝန်းရံထား ဒိုင်ခွက်ကလည်း အလွန်တောက်ပပြီး တန်ဖိုးကြီးမြင့်မှန်းသိသာတယ်။

“ဒါက အရမ်းလှလွန်းတာပဲ”

အဒေါ်လင်းက ခဏရပ်လိုက်ပြီး သူမရဲ့လက်ကို ဝှေ့ယမ်းကာ ပြောလာတယ်။

“ဒါဆို ငါတခြားနည်းလမ်းကို စဉ်းစားလိုက်ဦးမယ်”

“ကောင်းပြီ၊ ကျွန်မတို့မိသားစုက မနှစ်က ပိုက်ဆံနည်းနည်းလောက်စုထားတယ်. အစ်မတို့ ဘာလို့ ဒီနာရီတစ်လုံးကိုပဲ မဝယ်လိုက်တာလဲ”

“အဆင်မပြေဘူး.. အခု ငါတို့မှာလက်မှတ်လည်း မရှိသေးဘူး”

“ကျွန်မမှာ လက်မှတ်ရှိတယ်”

ဆုဆုက ပြောပြီးတာနှင့် ချက်ချင်းပဲ ထပ်ပေါင်းပြောလိုက်တယ်။

“ နှစ်သစ်ကူးနေ့မှာတုန်းက ကျွန်မကို လစာတွေနှင့်နာရီလက်မှတ်တစ်ခုပါပေးခဲ့တယ်လေ”

“ကောင်းပြီ .. မင်းတို့မိသားစုကို ငါဘယ်လိုကျေးဇူးဆပ်ရမလဲတောင်မသိတော့ဘူး..  နောက်ဆုံးအကြိမ် ယွဲ့ယွဲ့ဆေးရုံတက်ရတုန်းကလည်း မင်းဆီက ပိုက်ဆံယူခဲ့ပြီး အခုထိပြန်မပေးရသေးဘူး...”

အဒေါ်လင်းက အနည်းငယ်ရှက်သွားပုံရပြီး သူမရဲ့ လက်နှစ်ဖက်ကို ပွတ်သပ်နေခဲ့တယ်။

တကယ်တမ်းမှာ ဆုဆုက လင်းမိသားစုထဲမှ လူတွေကို အလွန်သေဘာကျတယ်။  လင်းတုံဟဲရဲ့ညီလေးတောင်မှ အတော်လေးလိမ်မာတယ်လေ။  လင်းတုံဟဲက အတွေးများတတ်တဲ့သူဖြစ်ပေမဲ့ အမြင် သုံးခုကတော့ အခြေခံအားဖြင့် မှန်နေသေးတယ်လို့ ပြောနိုင်တယ်။

သူမ သူတို့ကို အခုလိုကူညီပေးနိုင်ရတဲ့ အကြောင်းရင်းကတော့ အဖေလင်းနှင့် အမေလင်းတို့ ပျော်ရွှင်စေဖို့အတွက်သက်သက်ပါပဲ။ ပြောရရင် သူတို့က ဆွေမျိုးတွေပဲလေ။

အကြီးဆုံးအဒေါ်က ပိုက်ဆံနှင့် လက်မှတ်တွေကိုယူပြီး ကျေးဇူးတင်လွန်းတဲ့အမူအရာနှင့်ပြန်သွားခဲ့တယ်။ အဖေလင်းက မြေပြင်ပေါ်တွင် ထိုင်ရင်း ပြောလာခဲ့တယ်။

“ဆုဆု.. ဒီတစ်ခါ ကိစ္စမှာ မင်းဆိုတဲ့ကလေးက မှန်မှန်ကန်ကန် လုပ်ခဲ့တာပဲ..  ငါတို့ နှစ်ယောက်က ညီအစ်ကိုတွေဖြစ်နေတယ်လေ.. နောက်ပြီးဒီရွာမှာ ဆွေမျိုးဆိုလို့ တခြား ဘယ်သူမှ မရှိဘူး.. အချင်းချင်းပဲမှီခိုရမှာ”

“ဟုတ်ကဲ့.. ကျွန်မသိပါတယ်”

ဆုဆုက အဖေလင်းနှင့်အမေလင်းရဲ့ရှေ့မှာ လိမ္မာရေးခြားရှိစွာပဲနေထိုင်ခဲ့တယ်။ သူတို့တွေက လင်းချွမ်ရဲ့မိဘတွေပဲလေ။

ဒါပေမယ့် လင်းဟိုင်ကတော့ မနေနိုင်ခဲ့ပဲ အပြင်ကိုထွက်လာပြီး ထင်းချောင်းကို မီးဖိုဖက်သို့ ကန်လိုက်ရင်း ပြောလာတယ်။

“အဖေ.. ဒုတိယအစ်ကိုက အစကတည်းက ချင်ယွဲ့ယွဲ့နှင့် ညိစွန်းနေတာ သူတို့က ကျွန်တော်တို့ကိုဆွေမျိုးလို့တောင် ယူဆတာမဟုတ်ဘူး.. အား.. အဖေ ဘာလို့ ကျွန်တော့်ကိုရိုက်နေရတာလဲ?”

“ကောင်စုတ်လေး.. မင်းရဲ့အစ်ကိုကြီး ဆေးရုံတက်ရတော့ မင်းရဲ့ဒုတိယအစ်ကိုက မသွားဘူးလား.. ငါတို့ရဲ့အိမ်မှာ လုပ်စရာတစ်ခုခုရှိနေရင် မင်းရဲ့ဒုတိယအစ်ကိုက မကူညီဘူးလား.. သွားသွား.. ဒီမှာလာပြီး ဦးနှောက်မဲ့တဲ့စကားတွေပြောမနေနဲ့”

အဖေလင်းက သားဖြစ်သူကို အခန်းထဲသို့ ကန်ထုတ်လိုက်လေတယ်။ အဆုံးမှာတော့ လင်းဟိုင်ပြောတဲ့စကားတွေကလည်း အမှားမပါတာကြောင့် သူဘာမှဆက်မပြောနိုင်ခဲ့တော့ဘူး။

ဆုဆုက ချက်ချင်းပဲ ပြောလိုက်တယ်။

“ဒါဆို ကျွန်မလည်း ပြန်လိုက်တော့မယ်”

သူမအနေနဲ့ ဒါတွေက ထိုက်တန်လား မတန်ဘူးလားဆိုတဲ့အကြောင်းတွေကိုမပြောချင်ဘူး။ ဘာပဲဖြစ်ဖြစ် သူမက ဇာတ်လိုက်မရဲ့အနားကိုလျှောက်သွားနေမှာမှမဟုတ်ဘဲ။

သို့ပေမဲ့လည်း သူမ အနေနှင့် အမေလင်းနှင့်အတူ လင်းမိသားစုရဲ့မင်္ဂလာပွဲကို ကူညီဖို့ရန်အတွက် နေ့တိုင်းသွားနေရတုန်းပဲ။ ဒါပေမယ့် ဘယ်နေရာမှာ ဝင်ကူရမလဲဆိုတာကိုတော့ မသိခဲ့ဘူး။

အဖေလင်းကလည်း လင်းမိသားစုရဲ့ ညီအစ်ကိုသုံးယောက်နှင့်အတူ သွားကြည့်ခဲ့ပြီး ဘာမှလုပ်စရာမရှိတာကိုမြင်တော့ ပြန်လာခဲ့တယ်။

ဇာတ်လိုက်မအတွက်ကတော့ သူမရဲ့ဒဏ်ရာကြောင့် မတတ်နိုင်ဘဲ အိမ်ထဲမှာပဲ နေခဲ့ရပေမဲ့ သူမက လင်းတုံဟဲနှင့်အတူ နာရီတစ်လုံးဝယ်ဖို့အတွက် ကွန်မြူနတီကို သွားခဲ့ကြသေးတယ်။ သို့ပေမဲ့ သူတို့ပြန်ရောက်လာတဲ့အချိန်မှာတော့ နှစ်ယောက်ထဲက ဘယ်တစ်ယောက်ကမှ ပျော်ရွှင်နေတဲ့ပုံရှိမနေခဲ့ကြဘူး။

မင်္ဂလာဆောင်မဲ့နေ့ရက်ကိုတော့ နောက်ဆယ်ရက်မှာသတ်မှတ်ထားခဲ့တယ်။ ရွာကထဲမှာ နွေဦးထွန်ယက်စိုက်ပျိုးရေး လှုပ်ရှားမှုတွေကို စတင်ရတော့မှာဖြစ်တဲ့အတွက် လင်းတုံဟဲက ကပ္ပတိန်ဖြစ်နေတာကြောင့် အရှေ့ကနေဦးဆောင်ရလိမ့်မယ်။

ဆုဆုနှင့် အမေလင်းက ဒီနေ့မှာလည်း ရောက်လာကြပြီး ပြတင်းပေါက်ပေါ်မှာကပ်မဲ့ အနီရောင်(စက္ကူ)ပန်းတွေအတွက်  ဖြတ်ညှပ်ပေးဖို့ရောက်လာခဲ့တယ်။ ဆုဆုက သူမလက်ထပ်စဉ်တုန်းက ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ အနီရောင်ပန်းပွင့်ကြီးများကို ခေါက်နေခဲ့တယ်။ ထိုအချိန်မှာ သူတို့တွေက ချင်ယွဲ့ယွဲ့ဘယ်နေရာမှာလက်ထပ်မှာလဲဆိုတဲ့အကြောင်းကို စတင်ဆွေးနွေးလာခဲ့ကြတယ်။

အကြီးဆုံးအဒေါ်က အမေလင်းရဲ့အိမ်မှာ လက်ထပ်ချင်ခဲ့ပေမယ့် အမေလင်းက ပြောခဲ့တယ်။

“ကျွန်မတို့အိမ်မှာလုပ်တာက ပြသနာမရှိပေမဲ့ နေစရာနေရာမရှိဘူးလေ..  ဧည့်သည်တွေလာတဲ့အချိန်ကျရင် စီစဉ်ရတာ ခက်ခဲလိမ့်မယ် “

“မဟုတ်ရင် ဆုဆုရဲ့အိမ်မှာလက်ထပ်မယ်ဆိုရင်ရော..  သူမရဲ့အိမ်က အိမ်အသစ်ဖြစ်ပြီး ဘယ်သူမှအနှောက်အယှက်မရှိဘူး...”

အဒေါ်လင်းရဲ့စကားကိုကြားတော့ ဆုဆု မပျော်မရွှင်ဖြစ်သွားရတယ်။  သူမ ကူညီချင်တယ်ဆိုရင်တောင် တခြားလူတွေ သူမရဲ့နေရာကိုအသုံးပြုမှာကိုတော့ မုန်းတီးတယ်။  အထူးသဖြင့် သူမနှင့် လင်းချွမ်ရဲ့မင်္ဂလာအိပ်ခန်းကို တခြားလူတွေက ဝင်ရောင်သိမ်းပိုက်မှာကို သူမ မုန်းတီးတယ်။

“ဘယ်လိုလုပ်  ဖြစ်မှာလဲ၊ အဲဒီအိမ်က (မင်္ဂလာဦး)အိမ်အသစ်ဖြစ်နေတုန်းပဲ.. ဒါမှမဟုတ်ရင် ကျွန်မရဲ့သားသုံးယောက်နဲ့ သူ့အဖေကို ဆုဆုရဲ့ အိမ်ခန်းတစ်ခုမှာပဲ ကြပ်ကြပ်ညှပ်ညှပ် ဝင်အိပ်ခိုင်းလိုက်ပြီး  ချင်ယွဲ့ယွဲ့ကိုကျွန်မရဲ့ အဓိကအိမ်မှာပဲ လက်ထပ်ခိုင်းလိုက်လေ”

ဆုဆု မကျေမနပ်ဖြစ်သွားကြောင်း အမေလင်းကလည်း သိရှိတာကြောင့် သူမကပဲ ချက်ချင်း ဦးဆောင်ပြီးပြောခဲ့တယ်။

ဆုဆု သူမရဲ့ ယောက္ခမကို ကျေးဇူးတင်စွာ ကြည့်လိုက်တယ်။ ဒီအစီအစဉ်ကို သူမ ကျေနပ်တယ်လေ။

တခြားသူတွေ သူမရဲ့အိမ်မှာ လာနေတာကို မပျော်ဘူး။ ဒါပေမယ့် အမေလင်းနဲ့ အဖေလင်းက သူမရဲ့ မိသားစုဝင်တွေဖြစ်တာကြောင့် ကိစ္စမရှိဘူး။

အဒေါ်လင်းကလည်း ခေါင်းညိတ်ပြပြီး ပြန်ပြောလာတယ်။

“အဲဒါကိုမတွေးလိုက်မိဘူး..  မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့”

ဆုံးဖြတ်ချက်ချပြီးနောက် အမေလင်းက ဆုဆုကို ပြန်ခေါ်သွားခဲ့ပြီး အိမ်ကိုပြန်ရောက်တော့ မေးလာခဲ့တယ်။

“ငါတို့  လူအုပ်လိုက်ကြီး မင်းနဲ့ အတူနေမယ်ဆိုရင် မင်းအဆင်ပြေနိုင်ရဲ့လား”

“အဆင်ပြေပါတယ်.. ကျွန်မတို့ကမိသားစုဝင်တွေလေ..  ကျွန်မလည်း အရင်က အရှေ့ဘက်ခြံက အိမ်လေးထဲမှာ နေခဲ့တာပဲမဟုတ်ဘူးလား”

ဆုဆုက အမေလင်းကိုကြည့်ပြီး ချိုသာစွာပြောလိုက်တယ်။

“ကျွန်မက  အမေတို့တွေ ကျွန်မရဲ့နေရာမှာ လာနေတာကိုသဘောကျတယ်.. ဒါပေမယ့် တခြားလူတွေ ကျွန်မတို့အိမ်မှာ နေမှာကိုတော့ မကြိုက်ဘူး ဟီးဟီး”

“ငါသိပါတယ်.. အနာဂတ်မှာ  မင်းတို့အိမ်ကို တခြားသူတွေ လာနေခွင့်မပေးဘူး”

အမေလင်းက ကူကယ်ရာမဲ့ ပြုံးလိုက်မိရင်း ပြောခဲ့တယ်။ သူမရဲ့ချွေးမက အခုလိုမျိုး ကလေးဆိုးလေးလိုလုပ်နေတဲ့အချိန်တွေမှာ သူမ တောင့်မခံနိုင်ဘူး။ ကြည့်လေ။ သူမ(ဆုဆု)က သူမ(အမေလင်း)ရဲ့သားရှေ့မှာဆို  ချစ်စရာကောင်းတဲ့အမူအယာမျိုးတွေမလုပ်ပဲ အပြုအမူကောင်းတွေသာရှိတယ်။ ဒါပေမဲ့ သူမရဲ့ရှေ့ကိုရောက်လာတဲ့အချိန်ကျတော့ ကလေးတစ်ယောက်လိုပြုမူနေတော့တယ်။

အဆုံးမှာ အမေလင်းက မိန်းကလေးတွေကို သဘောကျနှစ်သက်တာကြောင့် သူမကိုသာ ချော့မော့နိုင်ခဲ့တယ်။

ဦးလေးလင်းတို့မိသားစု ရွှေ့ပြောင်းတာမျိုးမလုပ်ခင်မှာပဲ လင်းမိသားစုက ဆုဆုရဲ့အိမ်ဘက်ကို ရွှေ့ပြောင်းလိုက်ကြတယ်။ အခုချိန်မှာ ရာသီဥတုက သိပ်မအေးတော့တဲ့အတွက် ဆုဆုက စာတတ်မြောက်ရေးအတန်းကို တပ်မဟာဆီသို့ ပြန်ရွှေ့ထားခဲ့တာကြောင့် ထိုအခန်းက လွတ်နေခဲ့ပြီလေ။

ဒါပေမယ့် ရွာထဲမှ အမျိုးသားတစ်စုက အလုပ်လုပ်ဖို့ ထွက်သွားကြတဲ့အတွက် စာတတ်မြောက်ရေး အတန်းထဲမှာ လူတွေသိပ်မရှိနေခဲ့ဘူး။ ဒီလိုဆိုရင်တောင် သူမကတော့ နေ့စဥ်နေ့တိုင်း စာသင်ဖို့ သွားနေတုန်းပဲ။ အဆုံးမှာ သူမက လစာကိုလက်ခံထားတာပဲလေ။

အမေလင်းနှင့် တခြားမိသားစုဝင်တွေ ရောက်လာသောအချိန်မှာ ဆုဆု အိမ်ခန်းကို ရှင်းလင်းနေရာချပေးခဲ့ပြီး အမေ့လင်းကိုတော့ သူမနှင့်အတူနေဖို့ခေါ်သွားခဲ့တယ်။

ဒီလူလေးယောက်နှင့်အတူ ကန်အသေးလေးပေါ်မှာ ကြပ်ညှပ်ပြီးအိပ်ရမယ်ဆိုရင် သူမ တကယ်အဆင်မပြေလောက်ဘူး။ ဒါကြောင့် ဆုဆုက အမေလင်းကို သူမရဲ့ အခန်းထဲမှာပဲ အိပ်စက်ဖို့ ခေါ်ခဲ့တယ်။

မထင်မှတ်ပဲ သူတို့တွေအိပ်ခါနီးမှာ လင်းရှို့မေ့က သူမရဲ့ခင်ပွန်းသည်နဲ့ ကလေးတွေကို ခေါ်ဆောင်ပြီးရောက်ရှိလာခဲ့တယ်။  သူမဆီမှာ ကလေးနှစ်ယောက်ရှိပြီး တစ်ယောက်က ငါးနှစ် ၊ခြောက်နှစ်လောက်ရှိကာ နောက်တစ်ယောက်ကတော့ နှစ်နှစ် သုံးနှစ်လောက်ရှိတယ်။ သူမရဲ့ဘေးမှာရှိနေတဲ့ ခင်ပွန်းသည်ဖြစ်သူကတော့ ဝါကျင့်ကျင့်အသားအရည်ရှိပြီး အရပ်ကလည်း သိပ်မရှည်သလို သိပ်ပြီး ကြံ့ခိုင်တဲ့ပုံလည်း မပေါ်ခဲ့ဘူး။

မိသားစုလိုက်ရောက်လာတာကြောင့် အမေလင်း သူတို့အတွက် စားသောက်ဖို့အတွက်ပါ ပြင်ဆင်ခဲ့ရတယ်။ ကံကောင်းထောက်မစွာနှင့် ဖက်ထုပ်အချို့ရှိနေသေးတာကြောင့် ဒါကိုတွေ ချက်ပြုတ်လိုက်လို့ ရခဲ့တယ်။

ဆုဆုအနေနဲ့ ထိုကလေးနှစ်ယောက်က စားသောက်စားပွဲဝိုင်းကို စစ်မြေပြင်တစ်ခုလို လုယက်စားသောက်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူမက ခန်ရဲ့အစွန်းနားအထိ အညှစ်ခံထားခဲ့ရပြီး လှုပ်တောင် မလှုပ်ရှားရဲတော့ဘူး။

“ကောင်းပြီ.. ညစာစားပြီးသွားရင် တာ့ချင်းက မင်းရဲ့အဒေါ်အိမ်မှာ နေစရာနေရာသွားရှာလိုက်.. ရှို့မေ့နှင့် ကလေးတွေကတော့ ဒီမှာပဲ အိပ်လိုက်တော့”

အမေလင်းအနေနဲ့ သူတို့တွေ အခုလိုမျိုး အစောကြီးထွက်လာဖို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့တွေက အမြဲတမ်း နောက်ကျမှ ရောက်လာတတ်တာလေ။

T/n_ မေ့သွားတဲ့သူတွေအတွက် __ လင်းရှို့မေ့က လင်းမိသားစုရဲ့ မွေးစားသမီးနော်

**

All Chapters