← Chapters

(80.1)ကျောပိုးအိတ်ကို ဘယ်သူရွှေ့လိုက်တာလဲ

Vol. 9 Ch. 86

(80.1)ကျောပိုးအိတ်ကို ဘယ်သူရွှေ့လိုက်တာလဲ

Vol. 9 Ch. 86

အကြီးဆုံးခဲအိုက တော်တော်လေးနာခံတတ်တဲ့ပုံရပြီး အဖေလင်းနှင့် စကားအနည်းငယ်လောက်ပြောပြီးနောက် အိမ်ထဲမှထွက်သွားခဲ့တယ်။

လင်းရှို့မေ့ကတော့ ကလေးနှစ်ယောက်ကို စောင်ထဲမှာ ထုပ်ပိုးပြီး ထည့်လာခဲ့တယ်။ သူတို့ရဲ့ နှာရည်တွေယိုနေပြီး အမေဖြစ်သူကလည်း သုတ်ပေးခြင်းမရှိတာကိုမြင်လိုက်ရတော့ ဆုဆုတစ်ယောက် သူတို့ပြန်သွားတဲ့အချိန်ကျရင် အိမ်မှာရှိတဲ့စောင်တွေအားလုံးကို ဖယ်ရှားလိုက်ရတော့မယ်လို့ တွေးလိုက်မိတယ်။

ကံကောင်းထောက်မစွာနှင့် အခု သူတို့ နေဖို့အတွက် အမေလင်းက အရှေ့ခြံထဲမှ ပစ္စည်းတွေ ယူလာပေးခဲ့တယ်။ သို့ပေမဲ့ စောင်တွေကတော့ သူတို့ရဲ့စောင်တွေပဲ။

အမေလင်းက ကလေးတွေကိုချစ်တတ်တာကြောင့် သူတို့ကို ခဏလောက် စနောက်ကျီစယ်ခဲ့ပြီး တစ်နာရီလောက်ကြာတော့ သူတို့ကို အိပ်ခိုင်းလိုက်တော့တယ်။

ဆုဆုက တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ဘူး။ အခုလိုမျိုး ခန်ပေါ်မှာ ရုတ်ရက်ကြီး လူတွေများလာတာကို သူမ နေသားမကျဘူးလေ။ နောက်ပြီး အိပ်ပျော်သွားတဲ့နောက်မှာလည်း ကလေးကြောင့် ပြန်နိုးလာခဲ့ရတယ်။

ဒါ့အပြင် လူတိုင်းက မနက်ပိုင်းကတည်းက အလုပ်တွေအလွန်အကြွံများနေခဲ့ပြီး သူမအနေနဲ့ မျက်နှာတောင် မသစ်နိုင်ခဲ့ဘူး။

အရာအားလုံးကို ထုပ်ပိုးပြင်ဆင်ပြီးနောက်ာ သူတို့အားလုံး လင်းတုံဟဲရဲ့ အိမ်ကို တန်းတန်းမတ်မတ် သွားခဲ့ကြတယ်။ ဒီနေ့မနက်ခင်းမှာ မင်္ဂလာပွဲကိုလာမဲ့ ဆွေမျိုးတွေကို ကြိုဆိုကြရလိမ့်မယ်။

ဆုဆုအနေနဲ့ ဘာတွေကူလုပ်ရမလဲဆိုတာကို မသိတာကြောင့် အ၀ားအသောက်တွေချပေးတာလိုမျိုးကိုသာ ကူညီပေးခဲ့ပြီး ဘေးနားမှာပဲ ရိုးသားစွာ ရပ်နေခဲ့တယ်။

မွန်းတည့်ချိန်လောက်မှာတော့ ဆုဆုတစ်ယော် ရုတ်တရက် နှလုံးတုန်လာမှုကိုခံစားခဲ့ရတယ်။ ကိစ္စတစ်စုံတစ်ခုဖြစ်တော့မဲ့ပုံစံမျိုးပဲ။

ထို့နောက် ရုတ်တရက်ပဲ သူမရဲ့စိတ်ထဲမှာ တစ်စုံတစ်ယောက်က သူမရဲ့ ကျောပိုးအိတ်ကို ရွှေ့ပြောင်းသွားကြောင်း ကို တစ်စုံတစ်ခုက ပြောနေသလိုမျိုး ပေါ်ထွက်လာခဲ့တယ်။ ဒီပစ္စည်းက သူမနှင့်အတူ ပါလာခဲ့တဲ့ တစ်ခုတည်းသောပစ္စည်းနှင့် အရေးကြီးဆုံးသောအရာဖြစ်နေတာကြောင့် ဆုဆု လင်းတုံဟဲရဲ့အိမ်ထဲမှ အလျှင်အမြန်ပြေးထွက်သွားခဲ့ကာ သူမရဲ့ခြံထဲကို အပြေးအလွှားသွားခဲ့တယ်။

သူ တံခါးကိုတွန်းလိုက်ချိန်မှာပဲ အကြီးဆုံးအစ်မ၊ အကြီးဆုံးခဲအိုနဲ့ သူတို့ရဲ့ကလေးနှစ်ယောက်က သူမရဲ့ အခန်းထဲမှာ ရှိနေတာကို တွေ့လိုက်တယ်။ သူမရဲ့အခန်းက ကပ်ဆိုးတစ်မျိုးမျိုးဝင်ရောက်မွှေနှောက်သွားသလိုမျိုးဖြစ်နေခဲ့ပြီး မီးဖိုချောင်ကတောင် ပြောင်းပြန်လှန်ခံလိုက်ရသလိုမျိုးဖြစ်နေခဲ့တယ်။

အထူးသဖြင့် ကလေးနှစ်ယောက်က သူမရဲ့ ကျောပိုးအိတ်ကိုဖွင့်ပြီး အထဲမှ ပစ္စည်းတွေကို ဆွဲထုတ်နေခဲ့ကြတယ်။ သူမရဲ့ အတွင်းခံဘောင်းဘီနှင့် ပိုက်ဆံအိတ်ကိုပါ ဆွဲထုတ်ထားပြီဖြစ်ကာ ကံကောင်းစွာနှင့် ပိုက်ဆံအိတ်ကိုတော့ မဖွင့်ရသေးဘူး။

ဆုဆု မကြုံစဖူး ဒေါသကို ခံစားခဲ့ရပြီး အသံကျယ်ကျယ်နှင့် အော်လိုက်မိတယ်။

“နင်တို့ ဘာလုပ်နေကြတာလဲ!”

ကလေးနှစ်ယောက်က အိမ်မှာအော်ငေါက်ခံနေကျဖြစ်ပြီး ဆုဆုရဲ့အော်သံကို လျစ်လျူရှုထားခဲ့ကြကာ သူတို့တွေက အိတ်ထဲမှ ကိတ်မုန့်ကိုတောင် ဆွဲထုတ်နေခဲ့ကြတယ်။

ကံကောင်းထောက်မစွာနှင့် သူတို့က အစားအသောက်တွေကိုသာ စိတ်ဝင်စားနေကြပြီး တခြားဆိုးရွားတဲ့အရာတွေလုပ်ဖို့ကိုတော့ ဂရုမစိုက်ခဲ့ကြဘူး။

ဆုဆု ဘာမှမတွေးနိုင်တော့ဘဲ ခန်ဆီကို ပြေးသွားခဲ့ပေမဲ့ အကြီးဆုံးခဲအိုက သူမကိုတားဆီးပြီးပြောလာတယ်။

“ခယ်မလေး စိတ်မပူပါနဲ့ ..ကလေးတွေက ဆော့ကစားရုံပါပဲ.. ငါနှင့် မင်းအစ်မက ခွင့်ပြု....”

ရလဒ်ကတော့ သူ စကားကိုဆုံးအောင်မပြောရသေးခင်မှာဘဲ သူ့ရဲ့လက်ကိုဖယ်ထုတ်ခံလိုက်ရတယ်။

တစ်ဖက်လူက ဘယ်သူလဲဆိုတာကို သူမ လျစ်လျူရှုထားခဲ့ပြီး ခန်အနီးကို တည့်တည့်သွားခဲ့ကာ ကလေးနှစ်ယောက်ဆီက သူမရဲ့ပစ္စည်းတွေကို ပြန်လည်ဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲကို ပြန်ထည့်လိုက်တယ်။

ဒါပေမယ့် သူမရဲ့ လုပ်ရပ်တွေက ကြမ်းတမ်းသွားခဲ့ပြီး သူတို့ဆီကနေ အလိုမတူဘဲ လုယူခဲ့သလိုဖြစ်သွားခဲ့တာကြောင့် ကလေးနှစ်ယောက် အော်ငိုလာခဲ့တယ်။

ဆုဆုကတော့ သူတို့ကို ဂရုစိုက်မနေခဲ့ဘူး။  သူမက ပစ္စည်းတွေကိုအိတ်ထဲသို့ ပြန်လည်ထုပ်ပိုးလိုက်ပြီးနောက် အိတ်ကိုပွေ့ဖက်ပြီးထောင့်နေရာမှာ သွားထိုင်ပြီး ခေါင်းကိုငုံ့ထားရင်း ပြောလိုက်တယ်။

“ ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ.. ကျွန်မရဲ့အိမ်ကို မလာခဲ့ကြနဲ့”

“ယောက်မ နင်ဘာပြောလိုက်တာလဲ? အဲလောက်ထိပြောစရာလိုလို့လား?”

အကြီးဆုံးအစ်မလင်းရှို့မေ့က ချက်ချင်းပြန်ပြောလာခဲ့တယ်။

“ထွက်သွား”

ဆုဆုက အံကိုတင်းတင်းကြိတ်ကာ သူတို့ကိုစိုက်ကြည့်ပြီး ပြန်ပြောခဲ့တယ်။

သူမ ယူလာခဲ့တဲ့ ကျောပိုးအိတ်က သူမရဲ့ ဘဝနှင့်အတူတူပဲ။ အခုလိုမျိုး သူတို့တွေက ခွင့်မတောင်းပဲ လာရောက်မွှေနှောက်နေတာကိုမပြောနှင့် တကယ်လို့ အမေလင်းနှင့်အဖေလင်းဖြစ်နေမယ်ဆိုရင်တောင် သူမက မျက်နှာသာပေးမှာမဟုတ်ဘူး။

လင်းချွမ်အတွက်ကတော့ သူထိကိုင်တာကို မုန်းတီးတာမျိုးမရှိပေမဲ့ သူသည်လည်း ခွင့်မတောင်းပဲ ကိုင်ခွင့်မရှိဘူး။

အကြီးဆုံးခဲအိုက မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။

“ငါတို့တွေကပဲ  မင်းရဲ့အိမ်ကို လာချင်လွန်းလို့ လာနေရသလိုပဲ..  ဆင်းရဲသားတွေက အမြဲတမ်း အပြစ်ဆိုခံရတယ်.. အခုတော့ ငါတို့မှာ ပိုက်ဆံမရှိလို့ အထင်သေးတာကိုတောင်ခံနေရပြီ.. သွားမယ် ဆက်မနေနဲ့”

“တာချင်း တာ့ချင်! ကျွန်မတို့က ဦးလေးတို့အိမ်အတွပ် လက်ဆောင်တွေ၊ ပိုက်ဆံတွေသုံးခဲ့ရတာလေ..  မသွားခင် ထမင်းကိုတော့ စားသွားရမှာပေါ့! “

လင်းရှို့မေ့က ဆုဆုကို ဒေါသတကြီးစိုက်ကြည့်ပြီး အနောက်ကနေ လိုက်သွားခဲ့တယ်။

သို့ပေမဲ့ ဆုဆုကတော့ ဂရုစိုက်မနေခဲ့ဘဲ သူတို့ထွက်သွားတာနှင့် တံခါးတွေအားလုံးကို တိုက်ရိုက်ပိတ်လိုက်ပြီး လိုက်ကာတွေကိုပါ ဆွဲချထားခဲ့တယ်။

သူမ အရမ်းကိုကြောက်ရွံ့နေခဲ့တယ်။ သူမနှင့်အတူပါလာခဲ့တဲ့ တစ်ခုတည်းတည်းသောအရာကို သိမ်းပိုက်ခံလိုက်ရမှာကို စိုးရွံ့နေခဲ့တယ်။

အဆုံးမှာတော့ သူတို့တွေ ခြံတံခါးဆီသို့ ရောက်သွားတဲ့အချိန်မှာပဲ အဖေလင်းက ပြေးလာခဲ့လိမ့်မယ်လို့မထင်ခဲ့ဘူး။

“မင်း ဘာလို့ဒီကိုရောက်နေတာလဲ.. အခုဘာတွေလုပ်မလို့လဲ”

လင်းရှို့မေ့ရဲ့ ခင်ပွန်းသည်က ပြောလာတယ်။

“အိမ်ပြန်တော့မယ်.. ကျွန်တော်တို့တွေ ခင်ဗျားတို့ရဲ့ အဖိုးတန်တဲ့နေရာမှာ မနေရဲဘူး”

“ဘာမှားနေလို့လဲ?”

အဖေလင်းက သံသယဝင်စွာမေးလိုက်တယ်။

ဆုဆု အခန်းထဲကနေ တွေးနေခဲ့တယ်။ တကယ်လို့ အဖေလင်းပဲဖြစ်ဖြစ် ၊အမေလင်းပဲဖြစ်ဖြစ် သူတို့ရဲ့သမီးနှင့် သားမက်ဖက်ကနေ ပါမယ်ဆိုရင် သူမအနေနဲ့ လင်းချွမ်ရှိတဲ့နေရာကိုပဲ လိုက်သွားတော့မှာဖြစ်ပြီး ဒီနေရာကို ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး။

သို့ပေမဲ့ သူမအနေနဲ့ အကြီးဆုံးခဲအိုဆိုသူက ကိစ္စတွေကို ပြောင်းလဲပြီး အော်ဟစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

“ကျွန်တော်တို့က အိမ်ထဲမှာ ခဏလောက်ထိုင်နေပေမယ့် သူမက ပြန်ရောက်လာတာနှင့် မပျော်မရွှင်ဖြစ်ခဲ့ပြီး ကျွန်တော်တို့မိသားစုကို အိမ်ထဲက မောင်းထုတ်တော့တာပဲလေ..  ဒီလိုမျိုး ဆက်ဆံတာကို တခါမှ မတွေ့ခဲ့ဖူးဘူး ! မြို့ကလာတဲ့ လူတွေက ဧည့်သည်တွေကို ဘယ်လိုဧည့်ခံရမလဲဆိုတာတောင် နားမလည်တဲ့ပုံပဲ ! လူတွေကို အထင်သေးလွန်းတယ်!”

ဘယ်လို_ျီးစကားတွေလဲ! ဒီလူက အဲလောက်ထိ ကောက်ကျစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ဆုဆု ပါးစပ်ပိတ်ပြီး ဆက်မနေနိုင်တော့ဘူး။ သူမက ကျောပိုးအိတ်ကို ဗီရိုထဲသို့ထည့်လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်။ ထို့နောက် တံခါးဝနားမှာရပ်လိုက်ပြီး အေးစက်စွာပြောခဲ့တယ်။

“ကျွန်မ ဧည့်သည်တွေကို ဧည့်ခံပေးတာက ရှင့်ရဲ့အလုပ်မဟုတ်ဘူး! တကယ်လို့  ကျွန်မသာ ကောင်းကောင်းမဆက်ဆံတတ်ပဲ လူတွေကိုအထင်သေးတတ်တယ်ဆိုရင် မနှစ်ကတည်းက စာတတ်မြောက်တဲ့အတန်းအတွက် ရွာထဲက လူကြီး၊လူငယ် တော်တော်များများက  ကျွန်မရဲ့အိမ်ကိုလာပြီး သင်ယူကြတယ်.. ကျွန်မ သူတို့ကိုကျတော့ ဘာလို့ မမောင်းထုတ်တာလဲ?”

စကားများရန်ဖြစ်နေတဲ့အသံကိုကြားတော့ အရှေ့ဖက်အိမ်မှာရှိနေတဲ့  မင်္ဂလာပွဲကိုလာရောက်ဖို့ ရောက်နေကြတဲ့  ဧည့်သည်တွေကလည်း ဆွဲဆောင်ခံလိုက်ရတယ်။လင်းမိသားစုရဲ့ ညီလေးတွေနှင့် လင်းတုံဟဲရဲ့ ညီငယ်တို့တောင်မှရောက်ရှိလာခဲ့ကြတယ်။

သူတို့တွေက ဆုဆုရဲ့ စကားတွေကို ကြားတဲ့အချိန်မှာ သူမပြောတာက မှန်ကန်တဲ့အကြောင်း တွေးမိခဲ့ကြတယ်။

“ဒဲဒါက သူတို့တွေက မင်းအတွက် အသုံးဝင်လို့ပဲလေ.. ဒါပေမယ့် ငါတို့မိသားစုက မင်းအတွက် အသုံးမဝင်ဘူး..  ဒါကြောင့် မင်းက ဂရုမစိုက်တာပဲ”

အကြီးဆုံးခဲအိုဖြစ်သူက မရိုးသားစွာ ပြောလိုက်ပြီး သူ့ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ကလေးကလည်း အပြင်းအထန်ငိုနေခဲ့ကာ အလွန်အမင်း အနိုင်ကျင့်ခံထားရသလိုဖြစ်နေခဲ့တယ်။

ဆုဆုက ခြံထဲကိုဆင်းလာပြီး အေးစက်စွာဖြင့် ပြောခဲ့တယ်။

“ဒါက တခြားလူတွေက အသုံးဝင်မဝင်ဆိုတဲ့ကိစ္စလား? ဒါမှမဟုတ် လူတွေ ရဲ့အခြေခံလူ့ကျင့်ဝတ်ကိုမသိတာကြောင့်ဖြစ်ရတာလား? တခြားလူတွေရဲ့အိမ်ကိုသွားမယ်ဆိုရင် သူ့ရဲ့အိမ်မှာရှိနေတဲ့ပစ္စည်းတွေကို ပိုင်ရှင်မရှိတဲ့အချိန်၊ လူမသိပဲ မထိရဘူးဆိုတာကို လူတိုင်းသိထားတယ်လို့ ကျွန်မထင်တာပဲ..

ဒါပေမယ့် ရှင်တို့တွေ ဘာလုပ်ခဲ့လဲဆိုတာကိုကြည့်လိုက်ဦး..ကျွန်မအိမ်ရဲ့ မီးဖိုချောင်မှာ ဆန်၊ ဂျုံတွေ၊ ကောက်နှံနဲ့ ဆီ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်တို့အားလုံး သိရဲ့လား? ရှင်တို့ ကျွန်မရဲ့ဗီရိုကိုဖွင့်လိုက်တဲ့အချိန်မှာ အဲဒီဘီဒိုထဲမှာ ထည့်ပြီးပိတ်ထားတာက ဘာကြောင့်လဲဆိုတာကိုရှင်တို့ တွေးခဲ့ရဲ့လား?

ရှင်တို့က ကျွန်မရဲ့အိမ်က ဘီုဒိုကို အပေါ်ရောအောက်ရော မွှေနှောက်ထားခဲ့ကြတယ်.. တကယ်လို့ ကျွန်မသာ ပိုက်ဆံပျောက်သွားရင် ရှင်တို့ဆီကနေပြန်တောင်းလို့ ရလား?”

အမေလင်းလည်း ထိုစကားကိုကြားလိုက်ရတာနှင့် မျက်နှာကနက်မှောင်သွားရပြီး  အိမ်ထဲကို အမြန်ပြေးဝင်ကာ ကြည့်လိုက်တယ်။ ဆုဆုရဲ့ အိမ်လေးက သူမရဲ့သားနှင့် သူမကိုယ်တိုင် သန့်ရှင်းရေးကူလုပ်ပေးထားခဲ့ပြီး သူမက မကြာခဏလာလည်တတ်တာကြောင့် ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေထားတာလဲဆိုတာကို ရင်းနီးကျွမ်းဝင်နေခဲ့တယ်။

သူမ သေသေချာချာလိုက်ကြည့်နေစရာတောင်မလိုဘဲ ဖြတာခနဲကြည့်ရုံနဲ့တင်အခြေအနေကိုသဘောပေါက်သွားခဲ့တယ်။  အထူးသဖြင့် ဆုဆုရဲ့ ကျောပိုးအိတ်ကြီးကလည်း နေရာရွေ့နေခဲ့ပြီ။

အခုချမှာ အိတ်က အလွန်ကို ပြီးစလွယ်နေရာမှာရှိနေခဲ့တယ်။ ပုံမှန်ဆိုရင် သူမက ဒီအိတ်ကို  ဘီဒိုရဲ့အတွင်းဆုံးနေရာမှာထားတတ်ပြီး ထိုအပေါ်မှာလည်း စောင်အသေးလေးတစ်ထည်နှင့်ဖုံးထားလေ့ရှိတယ်လေ။ သူမက ဒီအိတ်ကို အလွန်သတိထားပြီးဖွတ်ထားတတ်တာ။

သူမရဲ့မျက်နှာက ပိုပိုပြီး မည်းမှောင်သွားပြီး ပြန်ထွက်ကာ သူတို့ကိုမေးလိုက်တယ်။

“မင်းတို့ ဆုဆုရဲ့ ပစ္စည်းတွေကို မွှေနှောက်ခဲ့တာလား”

လင်းရှို့မေ့က ခေါင်းခါပြီး ပြောလာတယ်။

“မဟုတ်ဘူး ကျွန်မတို့လုပ်တာမဟုတ်ဘူး.. ကလေးတွေက  ဗိုက်ဆာပြီးရှာခဲ့မိတာ”

“ဗိုက်ဆာနေလို့လား? ဗိုက်ဆာနေတဲ့အချိန်မှာ မီးဖိုချောင်မဟုတ်ပဲ ကျွန်မရဲ့ကျောပိုးအိတ်ကို ဘာလို့လာမွှေရတာလဲ?”

ဆုဆုက ချက်ချင်းဆက်ပြောခဲ့တယ်။

“ကလေးတွေက မသိလို့လုပ်တာဆိုရင်တောင် ရှင်တို့ လူကြီးနှစ်ယောက်က ထိုင်ကြည့်နေခဲ့တာပဲမလား? အခုကျမှ ကလေးတွေကို အပြစ်ပုံချလိုက်တယ်ပေါ့”

“မင်းက  ဒီလိုပြောဖို့ သတ္တိရှိသေးတယ်!  မင်းရဲ့ကျောပိုးအိတ်ထဲမှာ ရိုင်းစိုင်းတဲ့အဝတ်အစားတွေကို ထည့်ထားတယ်မဟုတ်ဘူးလား.. ဒါကြောင့် မင်းက လူတွေမြင်မှာကို ကြောက်နေတာလား? ကြိုးနှစ်ချောင်းထဲနှင့် ဖောင်းတာနှစ်ခုထည့်ထားတဲ့အင်္ကျီရော ....”

လင်းရှို့မေ့ရဲ့ခင်ပွန်းသည်က နောက်ပိုင်းစကားတွေကို တီးတိုးသာရေရွက်ခဲ့တယ်။

ဆုဆု ကြောင်အမ်းသွားခဲ့ရပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်တယ်။

“အဲဒါတွေက အမျိုးသမီးတွေဝတ်တဲ့ အတွင်းခံအင်္ကျီပဲ! ရှင် ရွံစရာကောင်းလောက်အောင် အရှက်မရှိတဲ့လူ!”

သူမ သူ့ကိုရိုက်ဖို့ တစ်ခုခုကိုရှာနေခဲ့ပေမဲ့ သူမ မရိုက်ရသေးခင်မှာဘဲ အနက်ရောင်အရာတစ်ခုက အပေါ်က ဖြတ်သွားပြီး တာ့ချင်းရဲ့ နောက်ကျောဘက်ကို ရိုက်နှက်လိုက်လေတယ်။

**

All Chapters