အခန်း (၈၇)
Vol. 9 Ch. 87
တာ့ချင်းက အရိုက်ခံရပြီးနောက်မှာ မြေကြီးပေါ်မှာ လှဲနေခဲ့ပြီး အချိန်အတော်ကြာအောင် အော်ဟစ်နေခဲ့ကာ ရိုက်နှက်ပြီး မြေကြီးပေါ်မှာ လှဲနေရာကနေ ထမလာခဲ့ဘူး။ ဒါကြောင့် အဖေလင်းက ဂေါ်ပြားနဲ့ ထပ်ရိုက်လိုက်ပြန်တယ်။
“မကောင်းတဲ့ကကောင်! ခွေးမသား! ဒီက ထွက်သွားလိုက်စမ်း! ဒီကို ဘယ်တော့မှထပ်မလာကြနဲ့”
လင်းရှို့မေ့က ချက်ချင်းပဲ သူ့ကိုတားဆီးလာတယ်။
“အဖေ.. သူ့ကိုမရိုက်ပါနဲ့..သူက ကလေးကို ချီထားတုန်းပဲ”
“ချီထားတာလား? အဲဒါက ချီထားတာရောဟုတ်ရဲ့လား? ငါ ဘေးနားကနေ ရပ်ကြည့်နေတာတော့ သူက ကလေးကို ငိုအောင် လိမ်ဆွဲနေတာကိုပဲမြင်တယ်.. သူက ဒီလိုရွံစရာကောင်းတဲ့အရာတွေလုပ်ဖို့အတွက် ကလေးကို သေနတ်တစ်ခုလိုအသုံးချနေတာ.. နှလုံးသားက မည်းနက်လွန်းတယ်! မင်းလည်း အတူတူပဲ.. မင်းဘာလို့ မင်းရဲ့ယောက်ျား လုပ်နေတာတွေကို ဂရုမစိုက်ရတာလဲ၊ မင်းက သေသွားလို့လား”
အဖေလင်းက သူ့ရဲ့မွေးစားသမီးကို လက်ညိုးထိုးပြီး ကြိမ်းမောင်းကျိန်ဆဲခဲ့တယ်။
“သူပြောတာက အမှန်တွေပဲလေ.. ဒီလိုပစ္စည်းတွေက ရွံစရာကောင်းလွန်းတယ်.. သူက ဒါတွေကို ယောကျ်ားတွေကိုဖြားယောင်းမြူဆွယ်ဖို့ယူလာတာဘဲဖြစ်ရမယ်”
လင်းရှို့မေ့က သူမရဲ့ခင်ပွန်းသည်ပြောသမျှကို နားထောင်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာမြင့်ပြီးချိန်မှာ အလေ့အကျင့်ဖြစ်နေခဲ့ပြီ။
ဒါကြောင့် ဒီအချိန်မှာလည်း သူမရဲ့ခင်ပွန်းဖြစ်သူဘက်ကနေ ချက်ချင်းပြန်ပြောဖို့ ကူညီပေးခဲ့ပြီး တစ်ဖက်မှာရှိနေတာက သူ့ရဲ့မိသားစုဆိုတာကိုပါ လုံးဝမေ့သွားခဲ့တယ်။
ဆုဆုအလွန်အမင်း နစ်နာသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးခြင်းမပြုခဲ့ဘဲ လင်းရှို့မေ့ကိုသာ ထေ့ငေါ့စွာကြည့်ပြီး ပြောလိုက်တယ်။
“ရှင်တို့တွေကသာ အသိဥာဏ်မရှိမိုက်မဲနေကြတာ.. အခု တောင်ဘက်ခြမ်းဒေသတွေမှာ ဒီလိုအရာမျိုးကို လူတိုင်း သုံးစွဲတယ်.. ဒါ့အပြင် ဒီလိုစကားမျိုးကို ရှင့်ရဲ့ယောက်မကို ဘယ်လိုလုပ်ပြီး ပြောထွက်နိုင်ရတာလဲ.. ကျွန်မက ဘယ်ယောကျ်ားကိုများ မြူဆွယ်နေလို့လဲ? လာစမ်းပါ ရှင်ပြောတာကို ကျွန်မ ကြားချင်လို့”
သူမက တကယ်ကို သဘောကောင်းတယ်ဆိုပေမဲ့ တစ်ဖက်လူအနိုင်ကျင့်တာကို ငြိမ်ခံနေတတ်တဲ့သူတော့မဟုတ်ဘူး။ တကယ်လို့ သူမကို အနိုင်ကျင့်ချင်ရင်တော့ သူမက အနိုင်ကျင့်ခံဖို့ ဆန္ဒရှိမရှိဆိုတဲ့အပေါ် မူတည်လိမ့်မယ်။
တစ်ဖက်လူက အခုလိုမျိုး အကျည်းတန်တဲ့ စကားလုံးတွေကိုတောင်ပြောခဲ့တယ်။ သူမသာ တစ်ဖက်ကိုလှည့်ထွက်သွားရင် တခြားသူတွေရဲ့ အနားကိုသွားပြီး စကားတွေကို ပြောင်းလဲပြီး အတင်းအဖြင်း မပြောပဲနေလိမ့်မယ်လို့ မယုံဘူး။
အမေလင်းအနေနဲ့ သူမရဲ့မွေးစားသမီးနဲ့ သားမက်ရဲ့ မကောင်းတဲ့အကျင့်တွေအကြောင်းကို သိထားခဲ့တာကြာနေပြီ။ အစောပိုင်းတွေတာန်းကတော့ သူတို့က သူမကို အမေရောအဖေပါ မရှိတဲ့အတွက် အလိုလိုက်ပေးခဲ့ကြတယ်။ ဒါပေမဲ့ သူမက လက်ထပ်ပြီးသွားတာနဲ့ အိမ်ကို လုံးဝ ပြန်လှည့်မကြည့်ပဲ နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီကိစ္စအတွက်ကြောင့် သူတို့တွေ အေးစက်သွားခဲ့တာ အချိန်အတော်ကြာနေပြီ။ ဒါပေမယ့် ဒီတစ်ခေါက်ပြန်လာတဲ့အချိန်မှာ သူတို့ရဲ့ ချွေးမဖြစ်သူကိုပါ စော်ကားလာလိမ့်မယ်လို့ ဘယ်လိုများသိနိုင်ခဲ့မှာလဲ။
လူတိုင်းက ဒီချွေးမကို ကျေနပ်နေခဲ့ကြပြီး အရေးအကြီးဆုံးက သူတို့ရဲ့သားကလည်း အလွန်အမင်း စိတ်ကျေနပ်နေခဲ့တယ်။
သူမက ဒီမှာ အချိန်အတော်ကြာအောင်နေခဲ့ပြီးနောက် သူမရဲ့အကျင့်စရိတ်တွေအကြောင်းကို သူတို့တွေ သေသေချာချာသိနေခဲ့ပြီ။ သူမက သူတို့ရဲ့ သားကလွဲရင်တခြား ဘယ်ယောကျာ်းသားကိုမှ တစ်ယောက်တည်း စကားပြောတတ်တဲ့သူမဟုတ်ဘူး။
ဒါကြောင့် ဒီကလေးကို သူတို့ ယုံကြည်တယ်။
“အနာဂတ်မှာ ပြန်မလာခဲ့နဲ့တော့... ငါတို့မိသားစုက မင်းကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာကိုလည်း ဒီအတိုင်းပဲ ရှိပါစေတော့.. သွားပါတော့ ..အနာဂတ်မှာ ပြန်မလာခဲ့ပါနဲ့
အမေလင်းက သူမရဲ့လက်ကို ဝှေ့ယမ်းပြီး သူမရဲ့သမီးကို မောင်းထုတ်ခဲ့တယ်။
လင်းဟိုင်က တစ်ဖက်လူတွေ သူ့ရဲ့မရီးကို အခုလိုစော်ကားပြောဆိုနေတာကို အတော်လေး ဒေါသထွက်နေခဲ့တာကြောင့် ထို ယောက်ဖလို့ခေါ်တဲ့လူကို သူ့ရဲ့လက်နဲ့ဆွဲပြီး အပြင်ကို တွန်းထုတ်လိုက်တယ်။
လင်းရှို့မေ့အနေနဲ့ သူမရဲ့မိဘတွေက အခုလိုမျိုး ပြတ်သားစွာနှင့် သူမကို မောင်းထုတ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ ဒါကြောင့် ဆန္ဒမရှိစွာနှင့် ပြောခဲ့တယ်။
“အမေ.. ဘာလို့ ကျွန်မတို့ကို မောင်းထုတ်နေရတာလဲ.. သူမကသာ သေချာပေါက် အပြင်လူတစ်ယောက်ပဲလေ”
“ဟေး..ဒီတစ်ယောက်က ဘာတွေပြောနေတာလဲ.. သူမက လင်းမိသားစုကို လက်ထပ်ပြီး ဝင်လာခဲ့တဲ့ ချွေးမဖြစ်ပြီး နောင်အနာဂတ်မှာ လင်းမျိုးရိုး ကလေးတွေကို မွေးပေးမဲ့သူနော်.. နင် လက်ထပ်ပြီးတဲ့ သမီးက သွန်ချလိုက်တဲ့ရေနဲ့အတူတူပဲဆိုတဲ့ စကားကိုမသိဘူးလား?”
ရွာထဲမှ မုဆိုးမချောင်ကလည်း ဒီနေရာမှာရှိနေခဲ့တယ်။ ဟိုးအရင်တုန်းက ဆုဆုက သူမအတွက် နာမည်ကြီးသွားစေမဲ့ ပစ္စည်းလက်ဆောင်ပေးခဲ့ဖူးတယ်လေ။ ဒါကြောင့် ဆုဆုအတွက် မပြောပဲ မနေနိုင်ဘူး။
သို့သော်လည်း သူမ ပြောသွားတဲ့စကားတွေက တကယ်ကိုကောင်းတယ်။အိမ်ထောင်သည်သမီးက သွန်ချလိုက်တဲ့ရေလိုပဲလေ။ ဒါကြောင့် လင်းရှို့မေ့ကသာ အပြင်လူ ဖြစ်လိမ့်မယ်။
“သူတို့က ငါ့အဖေဆီမှာ ငါ့ကို စောင့်ရှောက်ပေးသွားမယ်လို့ ကတိပေးထားခဲ့တာလေ.. သူတို့က သူတို့ရဲ့ တစ်သက်လုံး ငါ့ကို စောင့်ရှောက်ပေးသွားရမှာပဲ”
လင်းရှို့မေ့က သူမရဲ့ စိတ်ထဲမှာရှိနေတဲ့ စကားလုံးတွေကို အော်ပြောလိုက်တယ်။ ထိုစကားတွေကိုပြောလိုက်ပြီးချိန်မှာပဲ သူမရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေရဲ့ အမူအရာတွေက သိပ်မကောင်းတော့တာကိုမြင်လိုက်ရလေတယ်။ အထူးသဖြင့် အဖေလင်းပဲ။
သူက စကားတွေ အများကြီးပြောတတ်တဲ့ ယောကျ်ားတစ်ယောက် ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာ လင်းရှို့မေ့ရဲ့စကားကို ကြားလိုက်ရတော့ ထိုမိန်းကလေး မျက်လုံးဖြူဝံပုလွေတစ်ကောင်ဖြစ်နေတာကို သိရှိသွားခဲ့တယ် ။
သူ့အနေနဲ့ သူမရဲ့အဖေအပေါ်မှာ ဘယ်လိုအကြွေးမျိုးမှ မတင်နေခဲ့ဘူး။ သူတို့တွေ သူမကို စောင့်ရှောက်ပေးခဲ့တယ်ဆိုတာက တစ်ဖက်လူက သူ့ရဲ့အစ်ကိုကြီးဖြစ်နေလို့ပဲ။ ဒါကြောင့် သူ သက်ပြင်းချပြီး ပြောလိုက်တယ်။
“မင်းရဲ့အဖေဆီမှာ မင်းကို ပြုစုပျိုးထောင်ဖို့ ငါကတိပေးခဲ့ပေမဲ့ မင်း အဲဒီယောက်ျားကို လက်ထပ်မှဖြစ်မယ်ဆိုပြီး ခေါင်းမာနေခဲ့ကတည်းက ငါတို့မိသားစုမှာ မင်းကို ဆက်ပြီးထောက်ပံ့ပေးနေစရာတာဝန်မရှိတော့ဘူး.. ငါ့အနေနဲ့ ငါ့ရဲ့ ကိုယ်ပိုင် သားသမီးတွေကိုတောင် တစ်သက်လုံး ထောက်ပံ့နိုင်ဖို့ မပြောနိုင်ဘူး.. မင်းက ငါ့ရဲ့ သမီးအရင်းတောင်မဟုတ်ဘူးလေ”
လင်းရှို့မေ့ ထိတ်လန့်သွားခဲ့တယ်။ သူမရဲ့မိသားစုက သူမကို မလိုချင်တော့တဲ့အကြောင်းကို ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
ကံကောင်းထောက်မစွာနဲ့ ဒီအချိန်မှာပဲ အဒေါ်လင်းက ရောက်ရှိလာခဲ့ပြီး ဝင်ရောက်ဖြောင်းဖြပေးလာတယ်။
သူတို့မိသားစုမှာ ဒီနေ့ မင်္ဂလာပွဲရှိနေတာကြောင့် လူတိုင်းက သူမကို မျက်နှာသာပေးကြပြီး ထိုအကြောင်းကို ထပ်ပြောမလာကြတော့ဘူး။
ဒါပေမယ့် တစ်ဖက်လူတွေက အလျှော့ပေးသွားတာကိုတွေ့တော့ လင်းရှို့မေ့ရဲ့ခင်ပွန်းသည်က သူ့ရဲ့ နာကျင်နေတဲ့ လက်ကောက်ဝတ်ကို လှုပ်ခါရင်း ထရပ်လာတယ်။
“ကျုပ်တို့က မင်္ဂလာအရက်သောက်ဖို့ အတွက် ရောက်လာတာ လက်ဖွဲ့အတွက်လည်း ပိုက်ဆံပေးပြီးပြီ.. ဒါပေမယ့် ဒီလိုမျိုး ဆက်ဆံခံရတာက ကျုပ်တို့ကို မပျော်မရွှင်ဖြစ်စေတယ်.. ဒါကြောင့် အဲဒီလက်ဖွဲ့ငွေကိုလည်း ကျုပ်တို့ဆီကမလိုဘူးဆိုမှတော့ပြန်ပေးသင့်တယ်.. နောက်ပြီး အဲဒီမိန်းမက ကျုပ်တို့ကိုမျက်နှာပျက်အရှက်ရအောင်လုပ်ခဲ့လို့ အခု ကျုပ် ဒဏ်ရာရသွားပြီ.. ဒီတော့ သူမက ကျုပ်အတွက် ဆေးဖိုးဝါးခပေးရလိမ့်မယ်”
အဒေါ်လင်းက ထိုစကားကိုကြားတော့ လူယုတ်မာလို့ ကျိန်ဆဲမိခဲ့တယ်။
.
ဒီအချိန်မှာ လင်းတုံဟဲကလည်း ရောက်ရှိလာပြီး အခြေအနေတစ်ခုလုံးကို ဆုဆုဆီကကြားပြီးနောက် ဒေါသကြောင့် နီရဲလာခဲ့ရတယ်။
“ငါက မင်းရဲ့ လက်ဖွဲ့ငွေကို အမျိုးတစ်ယောက်အနေနဲ့ လက်ခံပေးခဲ့တာ.. ဒါပေမယ့် မင်းက ဒီလောက်ထိရိုင်းစိုင်းပြီး ယုတ္တိမဲ့နေတယ်ဆိုမှတော့ ငါတို့ရဲ့အိမ်ကို မလာခဲ့နဲ့”
လင်းတုံဟဲအနေနဲ့ ဒီယောက်ဖကို လူကောင်းမဟုတ်ကြောင်း အမြဲတမ်းသိနေခဲ့တယ်။ သူတို့ရဲ့ မိသားစု တစ်ခုခု လိုအပ်လာရင် သူကိုယ်တိုင် မလာဘဲ လင်းရှို့မေ့ကို စေလွှတ်လေ့ရှိတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လင်းမိသားစုဆီက ပိုက်ဆံမရနိုင်တာကြောင့် လင်းရှို့မေ့ကလည်း အိမ်ကို နှစ်နှစ်၊သုံးနှစ်လောက်ပြန်မလာခဲ့ဘူး။
သူမ မွေးဖွားတဲ့အချိန်တုန်းက ကလေးနှင့် တခြားလိုအပ်တာတွေ သုံးဖို့အတွက် သူတို့တွေ ပိုက်ဆံအနည်းငယ်ပေးရင်း လည်ပတ်ခဲ့ကြပေမဲ့ ဘာတစ်ခုမှ မစားမသောက်ပဲ အမောင်းထုတ်ခံလိုက်ရတယ်။
ဒီတစ်ကြိမ်မှာတော့ သူမက ဆုဆုဘက်ကိုလှည့်လာပြီး ဆုဆုရဲ့ကျောပိုးအိတ်ကိုတောင် လှန်လှောခဲ့တယ်။ ကလေးတွေကို နာမည်တပ်တာက အတုအယောင်ဖြစ်နိုင်ပြီး တကယ်တမ်းမှာ သူတို့ကသာ ပိုက်ဆံရှာနေခဲ့ပြီး လူမြင်ကောင်းစေဖို့ ပြောနေခဲ့တာပဲ။
သူ တွေးထားခဲ့တာက တကယ့်ကိုမှန်ကန်ခဲ့တယ်။ တစ်ဖက်လူက ထိုအတွေးမျိုး တွေးနေခဲ့တာ။
“ငါတို့က အဝေးကြီးမှာရှိတဲ့အိမ်ကနေလာခဲ့ရတာ.. မင်းက ငါတို့ကို ဒီလိုပုံစံနဲ့ ဧည့်ခံပေးနေတာလား”
တာ့ချင်းအနေနဲ့ လင်းတုံဟဲက လူတွေကို အခုလိုမျိုး အမှန်တကယ် နှင်ထုတ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက လက်ထပ်ပွဲလုပ်နေတာမဟုတ်ဘူးလား? လက်ဖွဲ့ပစ္စည်းတွေမလိုချင်တော့ဘူးလား”
“လက်ထပ်ပွဲဆိုတာက ဘဝတစ်ခုမှာ အဓိကကျတဲ့ ပျော်ရွှင်စရာပွဲတစ်ခုပဲ.. တကယ်လို့ ရှင်တို့စိတ်ကျေနပ်တဲ့အထိ ဧည်ခံပေးနေမယ်ဆိုရင် သူတို့တွေ မပျော်ရွှင်ရတော့မှာကို ကြောက်မိတယ်”
ဆုဆု သူတို့ရဲ့မိသားစုကို တစ်ချက်ကြည့်လိုက်တယ်။
“ကြက်တွေ ၊ခွေးတွေခိုးတဲ့ လူတွေက ဒီနေမှာ ရပ်နေဖို့အတွက် မျက်နှာတွေ ရှိနေသေးတယ်.. သူတို့တွေက ဒဏ်ခတ်ခံရမှာကိုတောင် မကြောက်ကြဘူး”
ထိုစကားကိုပြောပြီးနောက် သူမ ကျောခိုင်းပြီး အိမ်ထဲကိုလှည့်ဝင်သွားခဲ့တယ်။ သူမအနေနဲ့ မူးဝေနေခဲ့တာကြောင့် ထိုမိသားစုကို ထပ်မတွေ့ချင်တော့ဘူး။
အစကတည်းက သူမက သွေးလှူဒါန်းထားခဲ့ပြီးနောက် သိပ်ပြီးမကောင်းမွန်သေးခင်မှာပဲ ညဘက်ကိုလည်း ကောင်းကောင်းအိပ်စက်အနားယူနိုင်ခြင်းမရှိခဲ့ဘူးလေ။ ဒါကြောင့် ယခုချိန်မှာ သူမရဲ့တစ်ကိုယ်လုံး လွင့်မျောနေသလိုခံစားနေရတယ်။
မူလတုန်းက ထိုစကားက အနည်းငယ် ရက်စက်ကြမ်းကြုတ်တဲ့ မှတ်ချက်တစ်ခုလောက်သာဖြစ်ခဲ့ပေမဲ့ ရုတ်တရက် လှည်းစီးလာတဲ့လူတစ်ယောက်က သူတို့ရှိရာဘက်ကို လှမ်းအော်ပြောလာခဲ့တယ်။
“တာ့ချင်းဇီ..မင်းရဲ့ အိမ် အမြန်သွားကြည့်လိုက်ဦး.. ငါရွာအပြင်ဘက်မှာ မင်းတို့ရွာက လူတွေနှင့်တွေ့ခဲ့ပြီး မင်းအိမ်မှာ တစ်ခုခုဖြစ်နေတယ်လို့ ကြားခဲ့ရတယ်.. အကြောင်းတစ်ခုခုကြောင့် မင်းရဲ့အိမ်က မီးလောင်သွားပြီး အခုရွာကလူတွေက မီးငြိမ်းသတ်ဖို့ လုပ်နေကြတယ်တဲ့”
“ဘာ?”
တာ့ချင်းကပြဿနာရှာနေတာကို ရပ်လိုက်ပြီး သူ့ကလေးတွေနှင့် ဇနီးသည်ကိုအတူခေါ်ကာ ပြေးထွက်သွားခဲ့တယ်။
ဆုဆုလည်း ထိတ်လန့်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာပြောလိုက်တယ်။
“ကျွန်မက ဒီအတိုင်း ပြောလိုက်တာ”
အမေလင်း: “လင်ဟိုင် သွားကြည့်...”
“ကျွန်တော် မသွားဘူး.. ဒီမှာ မင်္ဂလာထမင်းစားရဦးမယ်”
လင်းဟိုင် နှာမှုတ်လိုက်ပြီး လင်းတုံဟဲရဲ့အိမ်ဘက်ကိုပြေးထွက်သွားခဲ့တယ်။
အမေလင်းလည်း ဘာမှ မတတ်နိုင်တော့ဘူး။ အဆုံးမှာ သူမရဲ့သမီးနဲ့သားမက် ဒီနေ့ လုပ်ခဲ့တာတွေ တကယ်ကိုဆိုးရွားလွန်းတယ်လေ။ ဒါကြောင့် သူမက ဆုဆုကိုပဲ ပြောခဲ့တယ်။
“အထဲကိုဝင်တော့လေ.. ငါ မင်းကို စားသောက်ခါနီးမှာ ခေါ်ခိုင်းလိုက်မယ်”
“အမ်”
ဆုဆုလည်း သူမရဲ့ကျောပိုးအိတ်ကို စစ်ဆေးဖို့အတွက် အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။
ကျောပိုးအိတ်ကို သူမ ကိုယ်တိုင်ပစ္စည်းတွေထည့်သွင်းပြီးယူလာတယ် ဆိုကတည်းက အိတ်ထဲမှာ ဘာတွေရှိလဲဆိုတာကို သူမ အတိအကျ သိတယ်။
ရလဒ်အနေဖြင့် စစ်ဆေးမှုပြီးနောက်မှာ မီးခြစ်တစ်လုံး ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ရပြီး တခြားအရာတွေကတော့ ပျောက်သွားခြင်းမရှိတာကို သိလိုက်ရတယ်။
မီးခြစ်က တကယ်တော့ သူမပိုင်တာ မဟုတ်ဘူး။ ယောက်ျားလေး အတန်းဖော်တစ်ယောက်ရဲ့ပစ္စည်းပဲ။ ဘတ်စ်ကားပေါ်ကို တက်တဲ့အချိန်တုန်းက သူကဆေးလိပ်စွဲနေတာကြောင့် ကားပေါ်မှာ မှားယွင်းပြီးသောက်မိမှာကို ကြောက်တဲ့အတွက် သူမဆီကို အပ်ထားတာဖြစ်ပြီး ကားဂိတ်ကိုရောက်မှ ပြန်ပေးဖို့ ပြောခဲ့တယ်။
မူလကတည်းက သူမက ထိုမီးခြစ်ကို သူမရဲ့အပိုင်အဖြစ် မယူဆခဲ့ဘူး။ ဒါပေမယ့် ထိုမီးခြစ်က သူမရဲ့ အလှကုန်ပစ္စည်းအိတ်ထဲမှာ အမြဲတမ်းရှိနေတတ်ပြီး အခုချိန်မှာ ရှာမတွေ့တော့ဘူး။
အကြီးဆုံးအစ်မအိမ်မှာ ဖြစ်ခဲ့တဲ့မီးလောင်မှုကို ပြန်လည်စဉ်းစားကြည့်မယ်ဆိုရင် ဒါက တကယ်ကို ဦဒဏ်ခတ်ခံရတာဖြစ်လိမ့်မယ်။
သူမ အိတ်ကို ဆွဲထုတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေအပြောင်းအရွှေ့ရှိလားဆိုတာကို မသေချာတာကြောင့် ထပ်ကြည့်လိုက်တယ်။ ထို့နောက်မှာတော့ နောက်တစ်ကြိမ်ပြန်ကြည့်ချိန်မှာ မီးခြစ်က ပြန်လည်ရောက်ရှိနေတာကိုတွေ့လိုက်ရပြီး သူမပိုလို့ သေချာသွားခဲ့တယ်။
ဒီတော့ အခိုးခံရမယ်ဆိုရင် အသုံးလိုလို့ ရှာတဲ့အချိန်မှာ ပြန်လည် ရောက်ရှိလာနိုင်လောက်လား?
သူမ မီးခြစ်ကိုယူပြီး မီးဖိုပေါ်မှာ သွားထားလိုက်တယ်။ ထို့နောက် ရည်ရွယ်ချက်ရှိရှိနဲ့ ထိုနေရာမှာ ချန်ထားခဲ့တယ်။