အခန်း (၈၉)
Vol. 9 Ch. 89
“အဆင်ပြေပါတယ်.. သူတို့ ဆူညံနေရင်တောင် ပြဿနာမရှိပါဘူး”
လင်းမိသားစုဝင်တွေ အကုန်လုံးက အကျင့်စာရိတ္တကောင်းမွန်ပြီ သူမရဲ့ပစ္စည်းတွေကို အလွယ်တကူနဲ့ မထိဘူးဆိုတာကို ဆုဆုသိတယ်။
ပြီးတော့ အမေလင်းက လုံလရှိပြီး အခြေခံအားဖြင့် သူမရဲ့ အိမ်မှာ ဘာမှလုပ်စရာမရှိနေရင်တောင် အရာအားလုံးကို ရှာဖွေပြီး လုပ်ကိုင်ပေးတတ်တယ်။
ဒီလိုနဲ့ ညဘက်ကိုရောက်တော့ ဖေလင်းက ဦးလေးလင်းဆီကို စကားပြောဖို့ သွားခဲ့ပြီးနောက် မကြာခင်မှာပဲ သူတို့တွေက လင်းမိသားစုရဲ့ အိမ်ခန်းအသေးလေးဆီကို ပြောင်းရွေ့လာခဲ့ကြတယ်။
အဆုံးမှာတော့ သူတို့ကတစ်လနီးပါးလောက်သာ နေမှာဖြစ်လို့ ပစ္စည်းတွေ အများကြီး မပြောင်းရွှေ့လိုက်ရဘူး။
ဆုဆုသည်လည်း သူမရဲ့အိမ်မှာဘဲ အပြောင်းအလဲမရှိ နေထိုင်ခဲ့တယ်။ သူမက လင်းချွမ်ဆီကို စာမရေးဘူးလို့ ပြောခဲ့ပေမဲ့လည်း သူ့ဆီကစာရောက်လာတဲ့အချိန်မှာပဲ ချက်ချင်း စာပြန်ခဲ့တယ်။
လင်းချွမ်က သူမရဲ့ အလုပ်ရှာဖွေမှု အတွက် လောစရာမလိုတဲ့အကြောင်းနှင့်စစ်တပ်ကိုဝင်ခွင့်ရဖို့ကိုအရင် စောင့်ဆိုင်းသင့်ကြောင်း ပြောခဲ့ပေမဲ့ စစ်တပ်က မကြာခင်မှာပဲ လက်ခံပေးလိမ့်မယ်လို့ ယူကြည်ထားကြောင်း ပြောခဲ့တယ်။
အဆုံးမှာတော့ သူက အရင်မစ်ရှင်မှာတုန်းက ဒဏ်ရာရခဲ့ပြီး မစ်ရှင်ကလည်း ကောင်းကောင်း ပြီးမြောက်ခဲ့တာကြောင့် အထက်က အရမ်းပျော်နေကာ သူ့ရဲ့တောင်းဆိုမှုတွေကို လက်ခံပေးသင့်တယ်လေ။
စစ်တပ်နှင့်ပတ်သက်တဲ့ ကိစ္စတွေက စာအဆက်အသွယ်တွေထဲမှာ ဖုံးကွယ်ထားရတယ်ဆိုတာကို ဆုဆု သိထားတယ်။ ဒါကြောင့် သူမက မရှင်းမလင်းဖြစ်စေလောက်မဲ့ မလိုအပ်တဲ့ စကားတွေကို အများကြီးရေးမနေခဲ့ပဲ သူမ သူ့ကို အရမ်းလွမ်းနေတဲ့အကြောင်းကိုသာ ရေးသားခဲ့တယ်။
နောက်ပြီး သူမက လင်းတုံဟဲနဲ့ ချင်ယွဲ့ယွဲ့တို့ကြားက ကိစ္စတွေကို ရှင်းပြလိုက်ပြီး အိမ်မှာရှိနေတဲ့ အသေးအမွှားကိစ္စလေးတွေအကြောင်းကိုလည်း ထည့်ပြောခဲ့သေးတယ်။
သူမက စာအရေးအသား ကောင်းမွန်ကာ စကားလုံးတွေလည်း အများအပြားသုံး ရေးခဲ့ပြီး စကားအသုံးအနှုန်းတွေက အရမ်းကိုလှပလှတယ်။ သူမရဲ့ စကားလုံးအသုံးအနှုန်းတွေကလည်း ထင်ရှားသိသာလှပြီး စာရေးသူတစ်ယောက်လိုမျိုးပဲ။
လင်းရှန် အပြင်ကနေ ပြန်လာတော့ သူ့ရဲ့ရီး စာကို ထုပ်ပိုးနေတာကို မြင်တွေ့လိုက်ရတာကြောင့် လှမ်းပြောလိုက်တယ်။
“မရီး ဒုတိယမရီးရောက်လာတယ်.. မရီးဆီက တစ်ခုခုလိုလို့တဲ့”
ဒုတိယမရီး?
ဆုဆု ခဏလောက် ကြောင်အမ်းသွားပြီးမှ ဘယ်သူ့ကို ပြောတာလဲဆိုတာကို သဘောပေါက်သွားခဲ့ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဇာတ်လိုက်မကို တွေ့လိုက်ရတယ်။
သူမက စာကို ဘေးမှာချထားလိုက်ပြီး ထရပ်ကာ ပြောလိုက်တယ်။
“ ဘာကိစ္စရှိလို့လဲ?”
“ ငါ နင့်ဆီက ငှားချင်တာလေး ရှိလို့”
ချင်ယွဲ့ယွဲ့ က အထဲကိုဝင်လာပြီးနောက် လင်းရှန် ပြန်ထွက်ပြေးသွားတာကိုကြည့်ပြီးမှ ဆုဆုဘက်ကိုလှည့်ကာ အနည်းငယ် ရှက်ရွံ့စွာ ပြောလာတယ်။
“နင့်ဆီမှာ အိမ်သာသုံးစက္ကူတွေ ရှိနေသေးလား”
ဒီဘက်ခေတ်မှာ လူအများစုက သူတို့ရာသီလာရင်ခံဖို့အတွကာ အိမ်သာသုံးစက္ကူကို သုံးနေဆဲပဲဆိုပေမဲ့ ဆုဆုကတော့ အဲလိုအရာတွေကို မလိုအပ်ဘူး။
သို့ပေမဲ့ ကံကောင်းစွာနဲ့ သူမဆီမှာ အရင်တုန်းက အိမ်သာမှာသုံးဖို့အတွက် အနည်းငယ်လောက် ဝယ်ထားခဲ့တာကြောင့် တစ်လိပ်သွားယူပြီး ပြောလိုက်တယ်။
“ဒီလောက်ဆို လောက်လား?”
“လောက်ပါတယ် နောက်ရက်တွေကျမှ ကွန်မြူနတီကို သွားဝယ်ပြီး နင့်ကိုပြန်ပေးမယ်”
“ရတယ်.. ဒါက အရေးကြီးတာမှ မဟုတ်ဘဲ”
“နင် ပြောကြည့်ပါဦး.. အဲဒီနေရာက ဘာလို့ အမြဲ .... အမြဲတမ်း သွေးထွက်နေရတာလဲ? ငါ အရမ်းကြောက်နေပြီ ..ဘာလုပ်သင့်လဲ?”
“ဆရာဝန်ဆီမှာ သွားပြကြည့်လေ.. ငါ့ကို လာပြောနေလို့ ဘာအသုံးဝင်မှာလဲ”
ဆုဆုက သူမကို မမြင်သလိုမျိုး သူမရဲ့စာအိတ်ကို ဆက်ဖွင့်နေခဲ့တယ်။ သူမရဲ့အမူအရာကလည်း နည်းနည်းလောက်တောင် အပြောင်းအလဲရှိမနေခဲ့ဘူး။
ချင်ယွဲ့ယွဲ့က ပြောလာခဲ့တယ်။
“ နင် ငါ့ကို စိတ်ဆိုးနေတာလား? နင့်ရဲ့မိသားစုထဲက လူတွေနဲ့ ရောနှောနေလို့လေ?”
“မဟုတ်ဘူး ..ငါတို့က အစကတည်းက (လင်းမိသားစုနှင်) မိသားစုတွေပဲ.. ဒါပေမဲ့ နင် ငါ့အနားမှာ ဒီလိုရပ်ပြီး ပြောနေတာ တကယ်အဆင်ပြေလို့လား? နင် အိမ်သာသုံးစက္ကူသုံးဖို့ အလျင်လိုနေတာမဟုတ်ဘူးလား?”
ဆုဆု ဇာတ်လိုက်မကိုရော သူမ ဘာတွေပြောနေတာလည်းဆိုတာကိုရော နားမလည်တော့ဘူး။
“စိတ်မပူပါနဲ့ ..တကယ်တော့ ဒီတစ်ခေါက်မှာ ငါ နင့်ဆီကနေ ပိုက်ဆံချေးချင်လို့.. နင် လတိုင်း လစာငွေတွေရတယ်ဆိုတာ ငါသိထားတယ်.. နောက်ပြီး နင်လက်ထပ်တုန်းကလည်း တင်တောင်းငွေ တစ်ရာရထားသေးတယ်လေ”
“နင် ဘာတွေ ပြောချင်နေတာလဲ.. ငါ့ရဲ့ ပိုင်ဆိာင်မှုတွေကို လာပြီး ရေတွက်နေတာလား?”
“မဟုတ်ဘူး မဟုတ်ဘူး ..ငါက အကူအညီတောင်းချင်လို့ပါ ..ဘာလို့လဲဆိုတော့ ငါ လင်းတုံဟဲဆီက ပိုက်ဆံချေးတော့ သူ့ရဲ့အမူအရာက ပြောငားလဲသွားခဲ့တယ်လေ.. ဒါကြောင့် နင့်ဆီက လာချေးဖို့ကလွဲပြီး အခြားနည်းလမ်း မရှိတော့လို့ပါ”
“အားနာပါတယ်.. ငါ့ဆီမှာ ပိုက်ဆံရှိပေမဲ့ အနာဂတ်မှာ လုပ်စရာတွေရှိသေးတယ် .. ဒါကြောင့် အားနာပေမဲ့ နင့်ကို ပိုက်ဆံမချေးနိုင်ဘူး”
“နင်က ငါ ပိုက်ဆံပြန်မဆပ်မှာကို ကြောက်နေတာလား?”
“ဟုတ်တယ် ..ငါ တကယ်ကိုနားမလည်ဘူး.. ယွမ်သုံးရာဆိုတာက ဘယ်လိုအဓိပ္ပါယ်ကိုပြောချင်တာလဲဆိုတာကို နင်တကယ်ရော သိရဲ့လား? နင်က ပိုက်ဆံတွေ အကုန်လုံးကို နင့်မိဘတွေဆီကိုပေးလိုက်တယ်ပေါ့? နင်သာ သူတို့ကိုပေးလိုက်ရင် သူတို့က နောင်အနာဂတ်မှာလည်း နင့်ဆီကနေ ဆက်ပြီး တောင်းနေဦးမှာပဲ.. နင် ဒီလိုမျိုး ဆက်ပြီးနေလို့မရဘူးလေ..
အခုလို အဆုံးမရှိတဲ့ ချောက်နက်ကြီးကို ဖြည့်ပေးနေရတဲ့ အခြေအနေမျိုးနှင့်တော့ ငါ နင့်ကို ပိုက်ဆံ မချေးပေးနိူင်ဘူးဆိုတာ အသေအချာပဲ.. နင့်အနေနဲ့ ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေချင်စိတ်မရှိရင် အခြားသူတွေ လာကူညီနေလည်း အလကားပဲဖြစ်သွားဦးမှာပဲ”
“ကောင်းပြီ ..နင် ငါ့ကိုမချေးပေးချင်ဘူးလို့ပဲ တိုက်ရိုက်ပြောသင့်တယ်”
“အာ.. ငါ နင့်ကို တည့်တည့်ပဲပြောနေတာလေ....”
ဆုဆု ရဲ့စကားကိုကြားတော့ ချင်ယွဲ့ယွဲ့မျက်နှာရဲ့ နီရဲလာပြီး လှည့်ထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူမ ခြံတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ လင်းတုံဟဲနဲ့ လင်းရှန်တို့က အပြင်ဘက်မှာရပ်နေတာကို တွေ့လိုက်ရလေတယ်။
“ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ ကျွန်မ အခုချက်ချင်း ပြန်လာမလို့လုပ်နေတာ”
ထိုသို့ပြောပြီးနောက် သူမက အိမ်သာသုံးစက္ကူကို အနောက်ဘက်ဝှက်လိုက်ပြီး ရှက်ချင်ယောင်ဆောင်လိုက်လေတယ်။
ဒါပေမဲ့ သူမအခုလေးတင် ပြောခဲ့တဲ့ စကားတွေကို လင်းတုံဟဲကြားသွားမှာကို စိုးရိမ်နေခဲ့ပြီး အတော်လေးလည်း နေရခက်နေခဲ့တယ်။
ပြောရရင် လင်းတုံဟဲက လင်းချွမ်နဲ့ဆုဆုတို့ သူတို့အပေါ်မှာ အများကြီး ကူညီပေးခဲ့ပြီးပြီးဆိုတဲ့အကြောင်း သူမကို ပြောခဲ့ပြီးပြီ။ ဒါကြောင့် သူတို့တွေ နောက်တစ်ကြိမ် ပိုက်ဆံချေးဖို့ကို ရှက်စရာကောင်းလွန်းတယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ သူတို့မှာသာ ပိုက်ဆံရှိနေရင် ဘာလို့ သူတို့ရဲ့မိသားစုအချင်းချင်းကို မချေးပေးရမှာလဲ ။ သူတို့တွေက ဆွေမျိုးတွေဖြစ်တာကြောင့် ချေးပေးသင်းတယ်လို့ သူမခံစားခဲ့ရတယ်။
ဒါကြောင့်ပဲ သူမရဲ့ ပါးစပ်ကိုဖွင့်ခဲ့ပေမဲ့ ဆုဆုဆီမှာ အငြင်းခံလိုက်ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။
ချင်ယွဲ့ယွဲ့ အမြန်ပြန်သွားခဲ့ပေမဲ့ သူမ အိမ်သာကနေ ထွက်လာတဲ့အချိန်မှာပဲ လင်းတုံဟဲက အလွန်အေးစက်စွာပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
“သူတို့မိသားစုဆီကနေ ပိုက်ဆံသွားမချေးနိုင်တော့ဘူးလို့ ငါ ပြောထားတယ်လေ.. သူတို့က မင်းအပေါ်မှာ ဘာအကြွေးမှ တင်ထားတာမရှိဘူး.. မင်း ဘာလို့ အဲလိုမျိုး လိုက်ရှာဖို့ကို သက်တောင့်သက်သာ ရှိနေနိုင်တာလဲ
“ကျွန်မက ရှင့်အတွက် လုပ်ရတာပဲလေ.. တကယ်လို့ ရှင်က အခြားလူတွေဆီက ယွမ်သုံးရာ သွားချေးထားခဲ့တော့ သူတို့တွေက သေချာပေါက် အတိုးတောင်းမှာပဲ.. အဲဒီအချိန်ကျမှ ရှင် ဘယ်လိုပြန်ပေးမှာလဲ?
ချင်ယွဲ့ယွဲ့က မှန်ကန်သလို ပြောလာခဲ့တယ်။
ဒါပေမဲ့ သူမရဲ့ စကားထဲမှ လင်းတုံဟဲ တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့တယ်။ သူမက ယွမ်သုံးရာကို သူတို့အတူတူပြန်ဆပ်ဖို့ ပြောခဲ့တာ မဟုတ်ပဲ သူ တစ်ယောက်တည်းပြန်ပေးဖို့ပြောနေခဲ့တာပဲ။
သူမ စာလေ့လာနေတဲ့အချိန်မှာ သူမပါ အတူပူပေါင်းပြီး ပိုက်ဆံအတူပြန်ဆပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို သူသိထားတယ်။ ဒါပေမဲ့ သူမက အခက်အခဲတွေအားလုံးကို သူနဲ့အတူတူ ရင်ဆိုင်ပေးဖို့အတွက် သူ မျှော်လင့်နေတုန်းပဲ။
ဒါပေမဲ့ သူမက ပိုက်ဆံပြန်ဆပ်ဖို့ကိစ္စမှာ သူမကိုယ်သူမ ဖယ်ထုတ်ထားလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ဘူး။
ကောင်းပြီလေ။ သူက သူမကို လက်ထပ်ဖို့အတွက် ခေါင်းမာနေခဲ့တာကိုး။ ဒါပေမဲ့လည်း:
“ ငါ အဲတာတွေကို ဖြေးဖြေးချင်းပြန်ဆပ်နိုင်ဖို့ နည်းလမ်းတစ်ခုရှာမယ် အဲဒါက ငါလုပ်သင့်တဲ့ အရာပဲ.. ဒါပေမဲ့ ရဲဘော်ဆုပြောသလိုပဲ မင်း မင်းရဲ့မိဘတွေနှင့် ရှင်းလင်းအောင်လုပ်ရမယ်.. ဒီအတိုင်းဆို သူတို့တွေက မင်းဆီကနေ တစ်သက်လုံး ပိုက်ဆံတောင်းနေတော့မှာပဲ.. မင်းက သူတို့ကို တစ်သက်လုံးထောက်ပံ့ပေးချင်လို့လား?”
“သူတို့က ကျွန်မကို မွေးပြီး ပြုစုပျိုးထောင်ပေးခဲ့တာလေ.. သူတို့တောင်းတာက လုပ်သင့်တာပဲမဟုတ်ဘူးလား?”
“ဒါဆို ငါ့ရဲ့မိဘတွေကရော?”
“သူတို့က ရင့်ရဲ့မိဘအရင်းတွေ မဟုတ်ဘူးလေ.. ရှင်သာ ပုံမှန်အတိုင်းဆက်ဆံသွားရင် အဆင်ပြေတာပဲ”
လင်းတုံဟဲအနေနဲ့ သူရဲ့ ဘဝအကြောင်းကို ချင်ယွဲ့ယွဲ့ဆီကို ပြောပြခဲ့ဖူးပေမဲ့ သူမက ဒီလို စကားမျိုး ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
“မင်း ဘာပြောလိုက်တာလဲ?”
“ကျွန်မ.. ကျွန်မ အဲလို မရည်ရွယ်ပါဘူး ကျွန်မက နည်းနည်းလောက် မသက်မသာဖြစ်လို့.. ပြီးတော့ ကျွန်မက နေမကောင်းဖြစ်နေတာလေ.. ရှင် ခဏလောက် ကျွန်မ စိတ်ငြိမ်တဲ့အထိ လွှတ်ထားမပေးနိုင်ဘူးလား?”
လင်းတုံဟဲ စိတ်ဆိုးလာတာမြင်တော့ ချင်ယွဲ့ယွဲ့က ချက်ချင်း နောင်တရသွားခဲ့တယ်။
လင်းတုံဟဲက နောက်ထပ် ဘာစကားမှမပြောချင်တော့ဘူး။ သူက ဆေးလိပ်သောက်ဖို့အတွက် အပြင်ကို ထွက်သွားခဲ့တယ်။ ထိုအချိန်မှာပဲ လင်းဟိုင်က သူ့ဘက်ကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။
သူ့ရဲ့မျက်နှာကိုကြည့်ရုံနဲ့တင် တစ်ဖက်လူက ထိာအကြောင်းတွေကို သိရှိလိုက်ကြောင်းကို သိရှိခဲ့တယ်။ သူ လင်းရှန်ဆီကနေ ကြားသိခဲ့တာပဲ ဖြစ်လိမ့်မယ်။ ပုံမှန်အားဖြင့် အဲဒီကလေးက လင်းဟိုင်နဲ့ အဆင်အပြေဆုံးဖြစ်တာကြောင့် ကိစ္စတစ်ခုခုရှိလာခဲ့ရင် လင်းဟိုင်ကို သွားပြောလိမ့်မယ်။
ဒီတော့ သူက ထိုအကြောင်းကို ဆွေးနွေးဖို့အတွက် ဒီကိုရောက်လာတာဖြစ်လိမ့်မယ်။
သူက လင်းဟိုင်နဲ့အငြင်းမပွားချင်နေခဲ့ဘူး။ ဒါကြောင့် သူက ဆေးလိပ်သောက်ရင်း ပြောလိုက်တယ်။
“ဟိုင်ဇီ မင်းမှာ ပြောစရာတစ်ခုခုရှိလို့လား?”
“ဒုတိယအစ်ကို ခင်ဗျားနဲ့ ဒုတိယမရီးက နည်းနည်းလေး ကွာခြားတယ်လို့ ကျွန်တော် ထင်တယ်”
“နောက်ထပ် အဲလိုထပ်ဖြစ်မှာမဟုတ်တော့ဘူး.. ငါ သူမကို ဂရုစိုက်လိုက်မယ်”
လင်းဟိုင်က လင်းတုံဟဲ ဆက်သွားနေတာကို ရပ်တန့်လိုက်ပြီး ပြောလာတယ်။
“ ကောင်းပြီ.. အစ်ကို သူ့ကို ထိန်းချုပ်နိုင်ရင် အဆင်ပြေပါတယ်.. ဒါဆို ကျွန်တော်လည်း မိဘတွေကို အဲဒီအကြောင်း ပြန်မပြောတော့ဘူး”
လင်းဟိုင်က ထွက်သွားခဲ့ပေမဲ့ ခြေနှစ်လှမ်းလောက်သွားပြီးနောက်မှာ အနောက်ကိုပြန်လှည့်ပြီး ပြောလာတယ်။
“ကျွန်တော်တို့ မိသားစုကို အရူးမလုပ်နဲ့.. ခင်ဗျားထပ်ပြီး အခွင့်ကောင်းယူမယ်ဆိုရင် ကျွန်တော့်ကို ရိုင်းလို့ဆိုပြီး အပြစ်လာမတင်နဲ့.. ကျွန်တော်ရဲ့ အကြီးဆုံးအစ်ကိုက အိမ်မှာမရှိဘူး.. ဒါကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့မရီးကို ခင်ဗျားတို့တွေအနိုင်ကျင့်တာကို ခွင့်မပြုပေးနိုင်ဘူး”
သူပြောပြီးတာနဲ့ ပြေးထွက်သွားခဲ့တယ်။
လင်းတုံဟဲ စိတ်မဆိုးမိဘူး။ သူ ပြောသွားတာ အမှန်ပဲလေ။ သူက သူ့ရဲ့မိသားစုဘက်ကို အခွင့်ကောင်းယူခဲ့မိတယ်။ ပြီးတော့ သူလည်းပဲ တခြားလူတွေရဲ့ အဆုံးမရှိတဲ့ချောက်နက်ကြီးကိုဖြည့်ဖို့အတွက် သူ့မိသားစုရဲ့ အုတ်မြစ်ကို မဖြိုခွင်းလိုက်နိုင်ဘူး။ အဆုံးမှာသူကိုယ်တိုင်တောင်မှ ဒီတွင်းနက်ကြီးကို ဘယ်လိုဖြည့်ရမလဲဆိုတာကို မသိနိုင်တော့ဘူး။