← Chapters

ခေါင်းဆောင်လေးယောက်

Vol. 3 Ch. 291

ခေါင်းဆောင်လေးယောက်

Vol. 3 Ch. 291

ကျုံးဟွာတောင်ထိပ် မြေကွက်လပ်တွင်

အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ နဂါးစိမ်းဓားကိုကိုင်ဆောင်ထားသည့်လူမှာ နှင်းငွေ့မိစ္ဆာသခင်နှင့်မျက်နှာချင်းဆိုင်လျက်ရှိသည် ။

သိုင်းဝိဇ္ဇာခြောက်ယောက်ကိုပင် တစ်ပြိုင်နက်အနိုင်ယူထားသည့်နှင်းငွေ့မိစ္ဆာသခင်၏ရှေ့တွင် ထိုလူမှာ အေးအေးဆေးဆေးရပ်လျက်ရှိသည် ။

နှစ်ဖက်စလုံးမှသိုင်းသမားများမှာ ထိုနှစ်ယောက်ကို အံ့အားသင့်သည့်မျက်နှာဖြင့်ကြည့်နေသည် ။

“ မင်းရဲ့ဟန်ဆောင်မျက်နှာဖုံးကိုခွာချလိုက်ပြီပေါ့ “

နှင်းငွေ့မိစ္ဆာသခင်မှ လှောင်ပြောင်လိုသည့်လေသံဖြင့်မေးလိုက်သည်။

“ ကျုပ်က သွမ့်ကျန်းမင်ပဲ ဒါပေမယ့် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်မဟုတ်ဘူး သွေးလဖျက်‌ဆီးသူအဖွဲ့ခေါင်းဆောင်သွမ့်ကျန်းမင်ပဲ “

အဖြူရောင်ဝတ်စုံနှင့်လူ၏စကားကြောင့် သိုင်းလောကသားများမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည် ။

ထိုလူမှာ သိုင်းလောကထဲတွင်ကျော်ကြားသူမဟုတ်ဘဲ သူ့ကို မည်သူမှမသိကြသော်လည်း နဂါးစိမ်းဓားကိုပိုင်ဆိုင်ထားကာ သူ့ကိုယ်သူသွမ့်ကျန်းမင်ဟုပြောဆိုနေသည်။

ထူးခြားသည်မှာ သွေးလဖျက်‌ဆီးသူအဖွဲ့မှလူများမှာ ထိုအကြောင်းကိုထူးမခြားနားဟန်ဖြင့်ရှိနေခြင်းဖြစ်သည် ။

“ ကောင်းပါတယ် ငါမင်းကိုစာရင်းရှင်းဖို့စိတ်ကူးထားပြီးသားပါ။ မင်းကိုယ်တိုင်ရောက်လာတော့ အဆင်ပြေတာပေါ့ “

နှင်းငွေ့မိစ္ဆာခင်မှခေါင်းညိမ့်လိုက်သည်။ ထို့နောက်ဆက်၍ပြောလိုက်သည်။

“ ကျန်တဲ့လူတွေကရော ဘယ်တော့ထွက်လာမှာလဲ “

နှင်းငွေ့မိစ္ဆ သခင်၏စကားဆုံးသည်နှင့် သွေးလဖျက်‌ဆီးသူအဖွဲ့ထဲမှ လူလေးယောက်ထွက်လာသည်။

ထိုလူလေးယောက်မှာ နဂါးမျက်နှာဖုံးကိုဝတ်ဆင်ထားဆဲဖြစ်သော်လည်း သူတို့၏မျက်လုံးများမှာ စူးရှတောက်ပနေကာ သိုင်းပညာမနိမ့်ကျလှသူများဖြစ်ကြောင်းသိနိုင်သည်။

“ အမှန်အတိုင်းပြောရရင် ငါက မင်းတို့ကိုအကြပ်ကိုင်တယ်လို့ထင်နိုင်ပေမယ့် ငါမင်းတို့ကိုလုံးဝဂရုမစိုက်ဘူး ။

အချိန်မတန်သေးခင်မှာ မင်းတို့ပူးပေါင်းသွားမှာစိုးလို့ပဲ။ အခုတော့ “

နှင်းငွေ့မိစ္ဆာသခင်မှ အေးစက်စက်ပြုံးလိုက်သည် ။

ထိုလူလေး‌ယောက်မှာ စကားတစ်ခွန်းမှမဆိုကြဘဲ သူတို့၏မျက်နှာဖုံးများကိုဆွဲချွတ်လိုက်ကြသည်။

သူတို့မည်သူမည်ဝါဖြစ်သည်ကို နှင်းငွေ့မိစ္ဆာသခင်သိရှိထားပြီးနောက် ဖုံးကွယ်နေ၍လည်းအသုံးဝင်‌တော့မည်မဟုတ်ပေ။

ထိုလူများမှာ တံခါးပိတ်နေမည်ဟု ကြေငြာခဲ့ကြသည့် စီးတု ၊ ချန်ချင်း ၊ ကောင်းယွဲ့ ၊ ဟဲလောင် အင်အားစုခေါင်းဆောင်များဖြစ်ကြသည်။

တံခါးပိတ်နေမည်ဟုပြောဆိုခဲ့ကြသည့် ထိပ်တန်းအဆင့်အင်အားစုကြီးများမှာ ရှစ်ခုအထိရှိသည်။

ယခု ထိုရှစ်ခုလုံးသွေးလဖျက်ဆီးသူအဖွဲ့သို့ပူးပေါင်းနေကာ သူတို့၏ခေါင်းဆောင်များပင်ပါဝင်သည်။

သို့သော် ထိုအထဲမှသိုင်းပညာအမြင့်မားဆုံးမှာ စီးတု၊ချန်ချင်း၊ ဟဲလောင် ၊ကောင်းယွဲ့တို့၏ခေါင်းဆောင်များဖြစ်ကာ ကျန်မိသားသုခေါင်းဆောင်များမှာ အဆင့်လွန် သို့မဟုတ် သိုင်းဝိဇ္ဇာအဆင့်သာရှိသဖြင့် နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ရန်အရည်အချင်းမပြည့်မှီပေ။

ထို့ကြောင့် သိုင်းဝိဇ္ဇာလေးယောက်မှာ ငွေ့မိစ္ဆာသခင်ကိုဆန့်ကျင်တိုက်ခိုက်ရန်ရှေ့ထွက်လာခြင်းဖြစ်သည်။

“ ငါ့တို့ရဲ့အဖွဲ့ကလူငယ်တွေကိုဘယ်နေရာမှာဖမ်းထားတာလဲ “

ကောင်းယွဲ့ဂိုဏ်းခေါင်းဆောင်မှအံကြိတ်ကာမေးလိုက်သည် ။

ကောင်းယွဲ့ဂိုဏ်း၏ပါရမီအရှိဆုံးလူငယ်မျိုးဆက်သုံးယောက်မှာ လွန်ခဲ့သည့်နှစ်နှစ်ကခရမ်းရောင်သွေးလဂိုဏ်း၏ဖမ်းဆီးမှုကိုခံခဲ့ရသည်။

ကျန်အင်အားစုများ၏မျိုးဆက်များသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

အလယ်ပိုင်းသိုင်းလောကတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမပါဝင်ပါက ထိပ်တန်းအဆင့်အင်အားစုဆယ်ခုကျော်ရှိသည်။

ထိုအထဲတွင်အချို့မှာ သိုင်းလောကအရေးများကိုဝင်ရောက်စွက်ဖက်ခြင်းမရှိသလို အချို့အင်အားစုများမှာ သီးခြားနေထိုင်သည် ။

စီးတု၊ ချန်ချင်း ၊ နန်ကုန်းစသည့်အင်အားစုများမှာမူ အမှန်တရားဘက်တွင်ရပ်တည်ကာ အမြဲလိုလိုမှန်ကန်ဖြောင့်မတ်သည့်အင်အားစုများဖြစ်သည်။

ထို့ကြောင့် လည်း ခရမ်းရောင်သွေးလဂိုဏ်းမှ ထိုအင်အားစုမှပါရမီရှိသည့်မျိူးဆက်များကိုပြီးခဲပသည့်နှစ်နှစ်အတွင်းလျှို့ဝှက်ဖမ်းဆီးခဲ့သည် ။

ထိုအင်အားစု‌များအနေဖြင့်သိုင်းလောကအရေးများကိုဝင်ရောက်စွက်ဖက်ခြင်းမရှိမှ လူငယ်မျိုးဆက်များကိုလွှတ်ပေးမည်ဟုပြောဆိုအကြပ်ကိုင်ခဲ့သည် ။

သို့သော် ထိုဂိုဏ်းအဖွဲ့ခေါင်းဆောင်များမှာ အပြင်ပန်းတွင်သဘောတူသယောင်ရှိသော်လည်း သိုင်းလောကအရေးကိစ္စများနှင့် ခရမ်းရောင်သွေးလဂိုဏ်း၏လုပ်ရပ်များကို အမှန်တကယ်လျစ်လျူမရှူနိုင်ဘဲ နောက်ကွယ်တွင်သွေးလဖျက်ဆီးသူအဖွဲ့နှင့်ပူးပေါင်းကာ ခရ‌မ်းရောင်သွေးလဂိုဏ်းကိုဆန့်ကျင်ခဲ့ပေသည်။

နှင်းငွေ့မိစ္ဆာသခင်မှ ကောင်းယွဲ့ဂိုဏ်းချုပ်၏စကားကိုလုံးဝဂရုစိုက်ပေ ။

“ ဟားဟားး နာမည်ကြီးလှတဲ့နှင်းငွေ့မိစ္ဆာသခင်နဲ့တစ်ပွဲတစ်လမ်းလောက်တိုက်ခိုက်ချင်ပါသေးတယ် “

ကျယ်လောင်သည့်ရယ်မောသံနှင့်အတူလူရိပ်တစ်ခုမှာ ‌ကျုံးဟွာတောင်ထိပ်သို့တဟုန်ထိုးပြေးတက်လာသည်။။

ထိုလူ၏ကိုယ်ဖော့ပညာမှာ လွန်စွာကောင်းမွန်ကာ တခဏအတွင်း မြေကွက်လပ်သို့ရောက်လာကာ အဖွဲ့ခေါင်းဆောင်များ၏ဘေးတွင်ရပ်လိုက်သည်။

“ ‌သူတောင်းစားဂိုဏ်းချူပ်စုတိချုံး “

သိုင်းလောကသားများမှာ တုန်လှုပ်သွားကာ စုတ်ပြဲနေသည့်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါးအဖိုးအိုကိုကြည့်လိုက်ကြသည်။

နေရာအနှံ့လေလွင့်သွားလာတတ်ကာ တစ်ခါတစ်ရံတွင်သာသိုင်းလောကထဲတွင်ထွက်ပေါ်လာတတ်သည့်လေလွင့်တေလေစုတိချုံးပါရောက်ရှိလာသည် ။

သိုင်းလောကသားများမှာ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းနေရာမှတစ်ဖန်မျှော်လင့်ချက်ရောင်ခြည်အနည်းငယ်ကိုတွေ့မြင်လာရသည်။

နဂါးစိမ်းဓားကို ကိုင်ဆောင်ထားသည့် ထူးဆန်းသည့် သွေးလဖျက်ဆီးသူအဖွဲ့ခေါင်းဆောင် ၊ ဂိုဏ်းအဖွဲ့လေးခု၏ခေါင်းဆောင်များ စသည်တို့မှာ သိုင်းဝိဇ္ဖာများဖြစ်ကြသော်လည်း သူတို့များစွာစိတ်လှုပ်ရှားခြင်းမရှိပေ ။

အစောပိုင်းကပင် ရှောင်လင်ကျောင်းမှလောဟန်အဆောင်မှူးအပါအဝင် ကျော်ကြားလှသည့်သိုင်းဝိဇ္ဇာခြောက်ယောက်ကို နှင်းငွေ့မိစ္ဆာသခင်မှအနိုင်ယူထားပေသည်။

ထို့ကြောင့် သိုင်းဝိဇ္ဇာငါးယောက်ထွက်ပေါ်လာသော်လည်း သူတို့အနေဖြင့်များစွာတတ်ကြွမှုမရှိခြင်းဖြစ်သည်။

လေလွင့်တေလေစုတိချုံးမှာမူထူးခြားပေသည်။။နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်ကိုအောင်မြင်ပြီးကာ သိုင်းလောကတွင်အတွင်းအားအကောင်းဆုံးလူအဖြစ်ကျော်ကြားပေသည်။

ထို့အပြင် သူ၏ခွေးရိုက်တုတ်သိုင်းသုံးဆယ့်ရှစ်ကွက်မှာလည်း အနိုင်ယူနိုင်သူမရှိဟုကျော်ကြားသည် ။

ထိုသို့သောလူမျိုးပါရောက်ရှိလာခြင်းမှာ သိုင်းလောကသားများကို စိတ်အားတက်ကြွစေကာ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

ခေါင်းဆောင်လေး‌‌ယောက်မှာ စုတိချုံးကိုမြင်သည်နှင့်ထူးဆန်းသည့်ဟန်ဖြင့်ကြည့်လိုက်ကြသည်။

စုတိချုံးမှာ ယခုနေရာတွင်ရှိနေရမည်မဟုတ်ပေ။

“ စိတ်မပူနဲ့ ကျုပ်ရဲ့တာဝန်အောင်မြင်ပြီးပြီ “

စုတိချုံးမှ ခေါင်းဆောင်လေးယောက်ကိုခေါင်းညိမ့်ပြလိုက်သည် ။

သူ၏စကားကြောင့် ခေါင်းဆောင်လေး‌ယောက်မှာ စိတ်သက်သာရာရသွားဟန်တူကာ တိုက်ခိုက်လိုစိတ်ပြင်းပြစွာဖြင့် နှင်းငွေ့မိစ္ဆာသခင်အားကြည့်လိုက်ကြသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း သိုင်းဝိဇ္ဇာခြောက်ယောက်ကိုကြည့်ကာ ခေါင်းကိုခါယမ်း၍သဘောကျသည့်ဟန်ဖြင့်ရယ်မောလိုက်သည် ။

“ အရေအတွက်ထက်အရေအချင်းကအဓိကကျတယ်။ နောက်ထပ်လာပြီးအသေခံသလိုပဲ “

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှအားကောင်းသည့်အငွေ့အသက်များထွက်ပေါ်လာကာ သူ၏မျက်လုံးများမှာ ရက်စက်တော့မည့်ဟန်ဖြင့်ကျဉ်းမြောင်းသွားသည် ။

ထို့နောက် သူ၏ခန္တာကိုယ်မှာ ရိပ်ခနဲပျောက်ကွယ်သွားကာ ကောင်းယွဲ့ဂိုဏ်းချုပ်၏အနီးသို့ရောက်သွားသည် ။

နှင်းငွေ့မိစ္ဆာသခင်ပြောသလို အဆင့်မြင့်မားသည့်တိုက်ပွဲများတွင် အရေအတွက်ထက်အရည်အချင်းကပို၍အဓိကကျသည် ။

အစောပိုင်းက နှင်း‌ငွေ့မိစ္ဆာသခင်ကို သိုင်းဝိဇ္ဇာခြောက်ယောက်ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်းအမှန်မှာ ရေစုန်ရေဆန်ဓားကွက်ကိုလေ့ကျင့်ထားသည့်ခွန်လွန်ဂိုဏ်းမှအဖိုးအိုနှစ်ယောက်မှလွဲ၍ကျန်လူများမှာ တစ်ဦးပြီးမှတစ်ဦးဝင်တိုက်ခြင်းဖြစ်သည် ။

သိုင်းဝိဇ္ဇာအားလုံးတွင်အားကောင်းလှသည့်တိုက်ခိုက်မှုများကိုယ်စီရှိကာ သူတို့အားလုံးတစ်ပြိုင်နက်ဝင်တိုက်ပါက နှင်းငွေ့မိစ္ဆာသခင်ထက်သူတို့အချင်းချင်းပို၍ထိခိုက်ပေမည် ။

ထို့ကြောင့်လည်း သိုင်းဝိဇ္ဇာခြောက်‌ယောက်မှာ တစ်ဦးပြီးတစ်ဦး အစွမ်းကုန်အဆက်မပြတ်တိုက်ခိုက်ခဲ့ကာ နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားမှာ လွန်စွာနက်ရှိုင်းနေ၍ သူတို့အားလုံးဆိုးရွားစွာရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

“ ဝှစ် “

နှင်းငွေ့မိစ္ဆာသခင်သူ၏အနီးတွင် ရုတ်တရက်ထွက်ပေါ်လာသည်နီင့် ကောင်းယွဲ့ဂိုဏ်းချုပ်မှာ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ဓားဖြင့်ထိုးသွင်းလိုက်သည်။

ကောင်းယွဲ့ဂိုဏ်းချုပ်မှာ ဓားဆန္ဒကိုနားလည်ထားခြင်းမရှိသော်လည်း သူ၏နာမည်ကျော်လေပွေဓားသိုင်းမှာ ထိပ်တန်းဓားသိုင်းတစ်ခုဖြစ်ကာ လျှင်မြန်ပြင်းထန်ပေသည်။

သို့သော် ကောင်းယွဲ့ဂိုဏ်းချုပ်၏ဓားမှာ နှင်းငွေ့မိစ္ဆာသခင်ကိုများစွာအန္တရာယ်မပေးနိုင်ပေ။

“ ချွမ်း...... “

ကောင်းယွဲ့ဂိုဏ်းချုပ်၏မျက်နှာဖြူ‌ဖျော့သွားကာ သူ၏ဓားကိုင်လက်မှာာထုံကျင်သွားသည်။

အေးစိမ့်သည့်အတွင်းအားလှိုင်းတစ်ခုမှာညသူ၏ခန္တာကိုယ်အတွင်းသို့ကျူးကျော်ဝင်ရောက်လာသည့်အတွက် အလျှင်မြန်ပင်အတွင်းအားကိုလှည့်ပတ်လိုက်ရသည်။

သို့သော် သူ၏မျက်နှာတွင်စိုးရိမ်စိတ်မရှိဘဲ ပြုံး၍နေသည် ။

All Chapters