သူ၏ ဆရာ
Vol. 3 Ch. 293
“ ခင်ဗျား ဒီဆွဲပြားကိုသိလား “
ထင်းရှီမှ သူ၏ရင်ဘက်မှလခြမ်းပုံဆွဲပြားလေးကိုချွတ်ပြကာ မေးလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ အနက်ရောင်လခြမ်းပုံဆွဲပြားလေးကိုစိုက်ကြည့်ကာခေါင်းယမ်းပြလိုက်သည် ။
“ ငါမသိဘူး မင်းလဲ သူတို့နဲ့ပူးပေါင်းပြီးတိုက်ခိုက်ချင်တာလား “
နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် ထင်းရှီမှာကြောင်အမ်းအမ်းဖြစ်သွားသလို ကျန်လူများလည်းထူးဆန်းသည့်အမူအယာများဖြစ်သွားကြသည်။
ထင်းရှီမှာ တိုက်ပွဲအလယ်တွင်ဟာသလုပ်နေပုံရသည်။
“ သောက်ပဲ သိုးထိန်းကြီး ခင်ဗျားပြောတော့ နှင်းငွေ့မိစ္ဆာသခင်ကိုဒီဆွဲပြားပြပြီး သိုင်းလောကထဲကထွက်သွားခိုင်းလို့ရတယ်ဆို “
ထင်းရှီမှသိုးထိန်းကြီးကိုစိတ်ထဲမှကျိန်ဆဲလိုက်ရင်း ဆွဲပြားကို ခပ်မြန်မြန်ပြန်ဝတ်ကာ တည်ကြည်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ အဟမ်း ခရမ်းရောင်သွေးလဂိုဏ်းကကျုပ််ကိုတစ်ခါပြီးတစ်ခါ ရန်လာစတယ် ။ သရဲဘုရင်နဲ့အဆိပ်ဘုရင်ဆိုရင်ကျုပ်ကိုသတ်လုနီးပါးပဲ ။ ဒါကြောင့် ခင်ဗျားကိုကျုပ်ရင်ဆိုင်ရလိမ့်မယ် “
ထင်းရှီ၏စကားကြောင့်သိုင်းလောကသားများမှာ အံ့အားသင့်သွားကာတစ်စုံတစ်ရာကိုအမှတ်ရသွားကြသည် ။။
လက်ရှိသိုင်းထိပ်သီးဆယ်ယောက်စာရင်းနံပါတ်တစ် ၊မြစ်ဝါနဂါးဂိုဏ်းကိုတစ်ဦးတည်းဖြိုခွင်းခဲ့သူ ၊ အဆိပ်ဘုရင်နှင့်သရဲဘုရင်တို့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားပြီဟု သတင်းထွက်ပေါ်လာသူ။။
“ ငါတို့သူ့ကိုရှုံးတာမထူးဆန်းတော့ပါဘူး “
ထိပ်တန်လွန်သိုင်းသမားများနှင့်အဆင့်လွန်သိုင်းသမားအချို့မှစိတ်သက်သာရာရဟန်ဖြင့်သက်ပြင်းချလိုက်ကြသည်။
ထိုလူများမှာ စူးဟိုင်မှစားသောက်ဆိုင်တွင် ထင်းရှီ၏လက်စာမိဖူးသူများဖြစ်ကြသည် ။
ထင်းရှီမှာ သိုင်းဝိဇ္ဇာတစ်ယောက်မဖြစ်သေးသော်လည်း အစောပိုင်းကသူ၏ကိုယ်ဖော့ပညာနှင့်အတွင်းအားမှာ ကြောက်မက်ဖွယ်ကောင်းကာ သိုင်းဝိဇ္ဇာတစ်ဦးနှင့်ပင်နှိုင်းယှဉ်နိုင်သည် ။
ထို့ကြောင့် ထိုကဲ့သို့လူမျိုးနှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်မည်ဆိုပါက သူတို့အတွက်မျှော်လင့်ချင်ပို၍တိုးပွားနိုင်သည် ။
သူတိူ့မျှော်လင့်မထားမိသည်က ထင်းရှီ၏အဖြေကိုကြားပြီးနောက်တွင်ပင် နှင်းငွေ့မိစ္ဆာသခငိမှ မတိုက်ခိုက်သေးဘဲ မေးခွန်းထုတ်နေခြင်းဖြစ်သည်။
“ မင်းက ထင်းရှီလား “
နှင်းငွေ့မိစ္ဆာသခင်၏မေးခွန်းကြောင့်ထင်းရှီလည်းအနည်းငယ်ရှုပ်ထွေးသွားကာခေါင်းညိမ့်လိုက်သည်။
“ မင်းကမင်းဆရာရဲ့အဆင့်ကိုမရောက်သေးဘူး။ မင်းရဲ့ဆရာနဲ့တိုက်ခိုက်တုန်းက ငါအစွမ်းကုန်မသုံးခဲ့ဘူး ။
အခုနေထွက်သွားမယ်ဆိုရင် မင်းကိုသက်ညှာပေးနိုင်တယ်။
ဒါပေမယ့် ငါ့ကိုဆန့်ကျင်မယ်လို့ဆုံးဖြတ်ထားရင်တော့ဘယ်သူ့ကိုပဲဖြစ်ဖြစ်ငါကဖျက်ဆီးပစ်ရလိမ့်မယ် “
နှင်းငွေ့မိစ္ဆာသခငိ၏စကားကြောင့် ထင်းရှီအံ့သြသွားသလို သိုင်းလောကသားများမှာ ပို၍အံ့အားသင့်ရသည်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုပြင်းထန်ကာ မည်သူ့ကိုမှဂရုမစိုက်တက်သည့်နှင်းငွေ့မိစ္ဆာသခင်လိုလူမျိူးပင် ထင်းရှီ၏ဆရာဆိုသူကိုအလေးထားရဟန်တူကာ ထင်းရှီကိုမျက်နှာသာပေးနေသည်။
ထိုကဲ့သို့အံ့ဩဖွယ်ပုဂ္ဂိုလ်မှာမည်သူဖြစ်သနည်း ။ သူတို့အားလုံးသိလိုလှသည် ။
ထင်းရှီမှာမူ နှင်းငွေ့မိစ္ဆာသခင်၏စကားကိုအပြန်ပြန်အလှန်လှန်စဉ်းစားနေသည် ။
“ ဆရာနဲ့တိုက်ခိုက်ဖူးတာလား “
ထင်းရှီ၏စိတ်ထဲတွင်လျှင်မြန်စွာတွေးတောနေသည်။ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာမှာကြောက်မက်ဖွယ်အဆင့်သို့ရောက်နေပြီဖြစ်ကာ သူ့ဆရာမြစိမ်းရောင်ဓားသမားအဖြစ်သိုင်းလောကထဲသို့ဆင်းစဉ်ကပင် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
တစ်ခုရှိသည်မှာ သူ၏ဆရာမှာ သိုင်းလောကတွင်အတွေ့အကြုံများစွာရရှိလာပြီးမှ ဓားပညာတွင်ပို၍တိုးတက်လာခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် သူ၏ဆရာအဆင့်တတ်ပြီးနောက်မှ နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ဖူးခြင်းဖြစ်ရမည် ။
သို့သော် သိုင်းလောကမှပြန်လာသည့်အချိန်မှစကာ သူ၏ဆရာမှာ သိုင်းလောကထဲသို့မဆင်းတော့ပေ။
“ ဟုတ်တယ် သူပဲဖြစ်ရမယ် “
ထင်းရှီလည်း ပြီးခဲ့သည့်နှစ်နှစ်ကဓားစံအိမ်သို့ထိုးဖောက်လာကာ ဝင်္ကပါများကိုဖျက်ဆီး၍ နံပါတ်သုံးအကြီးအကဲကိုဆယ်ကွက်အတွင်းအနိုင်ယူခဲ့သူကိုတွေးမိသွားသည် ။။
ထိုလူ့ကို သူ၏ဆရာပင် သိုင်းကွက်နှစ်ရာကျော်တိုက်ခိုက်ပြီးမှ အနိုင်ယူနိုင်ခဲ့သည်။
ယခုနှင်းငွေ့မိစ္ဆာသခင်မှာ ထိုမျက်နှာဖုံးစွပ်ဖြစ်နိုင်ချေရှိကာ ထိုစဉ်ကသူအစွမ်းကုန်မထုတ်ဟုပြောခဲ့သည်။
သို့သော် သူ၏ဆရာလည်း မျက်နှာဖုံးစွပ်နှင့်တိုက်ခိုက်က်စဉ်က ဓားနှင့်လူတစ်သားတည်းအဆင့်သို့ရောက်မနေနိုင်သည့်အတွက် သိုင်းကွက်များစွာတိုက်ခိုက်ရခြင်းဖြစ်နိုင်သည် ။
မည်သို့ပင်ဖြစ်စေ နှင်းငွေ့မိစ္ဆာသခင်မှာ သူ့ထက်လွန်စွာအားကောင်းကာ ရှိနေသည့် သိုင်းဝိဇ္ဇာခြောက်ယောက်နှင့်ပူးပေါင်းတိုက်ခိုက်လျှင်ပင်အနိုင်ယူနိုင်မည်ကို မသေချာလှပေ။
“ ကျုပ်ဆုံးဖြတ်ပြီးပြီ ခင်ဗျားဘယ်လောက်အားကောင်းပါစေ ကျုပ်မကြောက်ဘူး “
မိမိကိုယ်ကိုယ်ယုံကြည်မှု ၊ ဓားပညာအပေါ်တွင်အဆုံးစွန်ယုံကြည်မှုနဲ့ မဆုတ်မနစ်သည့်စိတ်ထားတို့မှာ ဓားသမားများအတွက်မရှိမဖြစ်လိုအပ်သည့်စိတ်ဓာတ်များဖြစ်ပေသည် ။
ထို့ကြောင့်ပင် ထင်းရှီလည်း နှင်းငွေ့မိစ္ဆာသခင်လွန်စွာအားကောင်းသည်ကိုသိရှိသော်လည်း နောက်တွန့်မနေဘဲ တိုက်ခိုက်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ မင်းရဲ့ဆုံးဖြတ်ချက်ကိုငါလေးစားပါတယ်။။ ဒါပေမယ့် ငါပြောထားသလိုပဲ ငါ့ကိုတန့်ကျင်တဲ့လူတိုင်းပျက်စီးရမယ် “
နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှ လွန်စွာအားကောင်းသည့်အငွေ့အသက်များထွက်ပေါ်လာ ထင်းရှီကိုလက်သီးဖြင့်ထိုးလိုက်သည် ။
ထင်းရှီလည်း နောက်ဆုတ်ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ဓားကိုမြောက်ကာ မိုးသတ်မုန်တိုင်းဓားကွက်ဖြင့်တိုက်ခိုက်လိုက်သည် ။
အားကောင်းလှသည့်ဓားအငွေ့အသက်တစ်ခုမှာ ပတ်ဝန်းကျင်ကိုပျံ့နှံ့လာကာ ပထမဆုံးတိုက်ကွက်တွင်ပင် ထင်းရှီမှဓားဆန္ဒကိုအသုံးပြုလိုက်သည် ။
ထင်းရှီ၏ဓားမှာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ လွန်စွာအားကောင်းသည့် တိုက်ခိုက်မှုသုံးခုမှာ နှင်းငွေ့မိစ္တာသခင်ထံသို့ရောက်ရှိလာသည် ။
သို့သော် နှင်းငွေ့မိစ္ဆာသခငိ၏လက်သီးမှာ လက်ကြောင်းပြောင်းလဲသွားကာ ထင်းရှီ၏ဓားကွက်သုံးခုကိုပိတ်ဆို့လိုက်သည်။
“ ဝုန်း.... ဝုန်း.... “
ကျယ်လောက်လှသည့်အသံကြထွက်ပေါ်လာပြီး ထင်းရှီ၏ခန္တာကိုယ်မှာ နောက်ဘက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာ သူ၏နှူတ်ခမ်းထောင့်စွန်းမှသွေးများစီးကျလာသည်။
ထင်းရှီ၏မျက်နှာထက်တွင်စိုးထိတ်မှုများ ပေါ်ထွက်လာကာ နှင်းငွေ့မိစ္ဆာသခင်၏နက်ရှိုင်းလှသည့်အတွင်းအားကိုလည်း ထိတ်လန့်မိသည် ။
ထို့အပြင် အေးစိမ့်သည့်အားလှိုင်းတစ်ခုမှာ သူ၏ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးနေသည်။
သူ၏အတွင်းအားမှာ သိုင်းဝိဇ္ဇာများထက်အနည်းငယ်လျော့နည်းသော်လည်းမိုးသက်မုန်တိုင်းဓားကွက်မှာ လွန်စွာအားကောင်းကာ ထိုဓားကွက်ဖြင့်ဆိုလျှင် လောဟန်အဆောင်မှူးကိုပင် သိုင်းကွက်ချင်းထိတ်တိုက်ရင်ဆိုင်နိုင်သည်။
သို့သော် နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားမှာ မူလထက်နှစ်ဆခန့်တိုးပွားနေသည့်အတွက် ထိတ်တိုက်ရင်ဆိုင်ပါက မည်သူမှသူ၏ပြိုင်ဘက်မဟုတ်ပေ။ ။
“ ကောင်လေး မြန်မြန်နောက်ဆုတ်လိုက် “
ကောင်းယွဲ့ဂိုဏ်းချုပ်မှအော်ဟစ်သတိပေးလိုက်သည် ။
ထင်းရှီ၏သိုင်းပညာမှာ သူတို့ကိုလွန်စွာအံ့အားသင့်စေကာ နှင်းငွေ့မိစ္ဆာသခင်ကိုရင်ဆိုင်ရာတွင်အထောက်အကူဖြစ်စေမည်ဖြစ်သည်။
သို့သော် ထင်းရှီတစ်ဦးတည်းဖြင့်နှင်းငွေ့မိစ္ဆာသခင်ကိုမည်သို့မှရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏နေရာမှပျောက်ကွယ်သွားကာ ထင်းရှီ၏ရှေ့တွင်ရုတ်ချည်းထွက်ပေါ်လာကာ သူ၏လက်သီးဖြင့်ထိုးနှက်လိုက်သည် ။
အားကောင်းလှသည့်လက်သီးချက်မှာ လေထုကိုပင်တုန်ခါသွားစေသည်ဟုထင်မှတ်ရကာ ထင်းရှီထံသို့ပြင်းထန်စွာကျရောက်လာသည် ။
“ ဝုန်း..... “
နှင်းငွေ့မိစ္ဆာသခင်၏လက်သီးချက်မှာ မာကျောသည့်ကျောက်သားမြေပြင်ကိုနက်ရှိုင်းသည့်တွင်းကြီးတစ်ခုဖြစ်သွားစေသည် ။
အကယ်၍ထိုနေရာတွင်သက်ရှိလူသားတစ်ဦးဦးရှိပါက ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုပိုင်ဆိုင်ထားသည့်သံမဏိဘုရင်ပင် အပိုင်းပိုင်းအစစဖြစ်သွားပေမည်။
ထင်းရှီမှာ ကောင်းယွဲ့ဂိုဏ်းချုပ်၏သတိပေးစကားနှင့်တစ်ပြိုင်နက် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်သည့်အတွက်အချိနိမဆိုင်းဘဲ သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်းအသုံးခုကာ ရှောင်တိမ်းလိုက်ခြင်းဖြစ်သည်။
သူ၏ခန္တာကိုယ်မှာ ခေါင်းဆောင်လေးယောက်၏နောက်ဘက်ဝါးတစ်ရိုက်အကွာတွင်ရောက်နေကာ သူယခင်ရပ်နေသည့်နေရာမှနက်ရှိုင်းသည့်အပေါက်ကြီးကိုကြည့်ကာ တုန်လှုပ်သွားမိသည်။
“ လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းလား “
နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာဖုံးအောက်မှမျက်နှာမှာစိတ်ရှုပ်ထွေးမှုများနှင့်ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ချန်ချင်းဂိုဏ်းချုပ်၏အရိပ်မဲ့ဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏နောက်ကျောဘက်မှအသံတိတ်ဝင်ရောက်လာသည် ။
ကောင်းယွဲ့၊ ဟဲလောင်နှင့် စီးတုခေါင်းဆောင်များ၏တိုက်ခိုက်မှုများမှာလည်း တစ်ချိန်တည်းဝင်ရောက်လာကြသည်။
နှင်းငွေ့မိစ္ဆာသခင်လည်းနောက်ကျောတွင်မျက်စေ့ပါသည့်အလား ချန်ချင်းဂိုဏ်းချုပ်၏ဓားကိုလက်သီးဖြင့်ထိုးလိုက်သည် ။
ထို့နောက် သူ၏ခန္တာကိုယ်မှာ လျှင်မြန်စွာရွေ့လျားသွားပြီး ကောင်းယွဲ့ဂိုဏ်းချုပ်၏ဓားကိုတောက်ထုတ်လိုက်သည်။
ထို့နောင် လျှင်မြန်သည့်အရှိန်ဖြင့် ဟဲလောင် နှင့် စီးတုခေါင်းဆောင်များ၏လက်သီးကိုထိတ်တိုက်ရင်ဆိုင်လိုက်သည်။
“ ဝုန်း.... “
လူရိပ်လေးခုမှာ ပူးကပ်သွားကာ ပေါက်ကွဲသံများနှင့် ချက်ခြင်းလိုလိုပင်ပြန်ကွဲသွားကြသည်။