← Chapters

ပညာလျှိုထားသူ

Vol. 3 Ch. 295

ပညာလျှိုထားသူ

Vol. 3 Ch. 295

စုတိချုံး၏ခန္တာကိုယ်မှာ ရှေ့ဘက်သို့တိုးထွက်သွားကာ နှင်းငွေ့မိစ္ဆာသခင်အားသူ၏လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည် ။

“ နဂါးလေဟုန်စီး “

စုတိချုံး၏လက်ဝါးမှာ အင်အားအပြည့်အဝပါဝင်ကာ အနီးသို့မရောက်မီပင် နှင်းငွေ့မိစ္ဆာသခင်၏ဝတ်စုံကို တဖျက်ဖျက်လွင့်သွားစေသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏နေရာတွင်ကျောက်ချထားသလိုရပ်တန့်နေကာ သူ၏ညာဘက်လက်ဝါးကို ဖြေးညင်းစွာဆန့်ထုတ်လိုက်သည်။

“ အမှောင်ထုလက်ဝါး “

နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးမှာ အားမပါဟုထင်ရသော်လည်း အမှန်တွင် လွန်စွာပြင်းထန်သည့်အားပင်ပါဝင်နေကာ စုတိချုံး၏လက်ဝါးနှင့်ထိတ်တိုက်ရင်ဆိုင်မိလိုက်သည်။

“ ဝုန်း..... “

စုတိချုံးမှာ နောက်ဘက်သို့ခြေသုံးလှမ်းခန့်ဆုတ်ပြီးမှကိုယ်ရှိန်ထိမ်းလိုက်နိုင်သည်။

သူ၏မျက်နှာမှာ မယုံကြည်နိုင်သည့်ဟန်ထွက်ပေါ်နေကာ သူ၏နေရာတွင်တည်ငြိမ်စွာရပ်လျက်ရှိသည့်နှင်းငွေ့မိစ္ဆာသခင်ကိုကြည့်လိုက်သည်။

လုံဇီဆေးမြစ်ကြောင့် သူ၏အတွင်းအားများနှစ်ဆနီးနီးတိုးတက်လာသော်လည်း နှင်းငွေ့မိစ္ဆာသခင်ထက်နိမ့်ကျနေဆဲပင်။

“ ရေခဲနတ်ဆိုးလက်ဝါး “

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ ရိပ်ခနဲပျောက်ကွယ်သွားကာ စုတိချုံး၏ရှေ့တွင်ထွက်ပေါ်လာပြီး စတင်တိုက်ခိုက်လိုက်သည်။

သို့သော် သူ၏လမ်းကြောင်းကိုခရမ်းဖျော့ဖျော့ဓားသွားတစ်ခုမှပိတ်ဆို့ထားကာ ထင်းရှီမှ ပေါ့ပါးနှေးကွေးသည့်ဓားကွက်များဖြင့်စတင်တိုက်ခိုက်လိုက်သည် ။

“ ဝှစ် ဝှစ် “

ထင်းရှီ၏ဓားကွက်များမှာ များစွာမြန်ဆန်ခြင်းမရှိသလို အားအင်လည်းလျော့နည်းပေသည်။ သို့သော် ထိုဓားကွက်များနှင့်ရင်ဆိုင်ရာတွင်သိုင်းဝိဇ္ဇာတစ်ယောက်ပင်ခေါင်းကိုက်သွားနိုင်သည် ။

နှင်းငွေ့မိစ္ဆာသခင်မှာ ထင်းရှီ၏ပေါ့ပါးသည့်ဓားကွက်များကြောင့် သူ၏လက်ဝါးချက်များအင်အားလျော့နည်းသွားသလိုခံစားမိလိုက်သော်လည်းမဲ့ပြုံးပြုံးလိုက်သည်။

မည်မျှချိုးဖျက်ရခက်ခဲသည့်သိုင်းကွက်ဖြစ်ပါစေ အကြွင်းမဲ့ခွန်အား၏အောက်တွင်တစ်စစီ ကြေပျက်ရပေမည်။

ထင်းရှီ၏ဓားကွက်များမှာ လွနိစွာကောင်းမွန်သော်လည်း သူ၏အတွင်းအားမှာမူသိုင်းဝိဇ္ဇာအဆင့်သို့ပင်မရောက်သေးပ။

နှင်းငွေ့မိစ္ဆာသခင်၏လက်ရှိအတွင်းအားမှာ သာမန်သိုင်းဝိဇ္ဇာတစ်ဦး၏သုံးဆခန့်ရှိပေသည်။

“ ဝုန်း.... ဝုန်း.... “

နှင်းငွေ့မိစ္ဆာသခင်၏ဖြူဖျော့နေသည့်လက်ဝါးချက်များမှာ လွန်စွာပြင်းထန်သည့်အင်အားကိုသယ်ဆောင်လာကာာထင်းရှီ၏ဓားကွက်များမှာတစ်စထက်တစ်စဖရိုဖရဲဖြစ်လာကာ ဆက်လက်ထိမ်းချုပ်နိုင်တော့မည့်ပုံမရပေ။

ထိုအချိန်တွင်အားကောင်းသည့်အငွေ့အသက်များနှင့်ဓားတစ်လက်က နှင်းငွေ့မိစ္ဆာသခင်၏နောက်ကျောဘက်မှဝင်ရောက်လာသလို ဝါးစိမ်းတုတ်တစ်ချောင်းမှာလည်း သူ၏ဘေးဘက်နေ၍ နှင်းငွေ့မိစ္ဆာသခင်၏ထွက်ပေါက်များကိုပိတ်ဆို့ထားသည် ။

ရလာဒ်အနေဖြင့် ထင်းရှီ၏ဓားကွက်များမှာ ဖျက်ဆီးမခံရတော့ဘဲ အဖြူရောင်ဝတ်စုံဝတ်လူနှင့်ပူးပေါင်းကာတန်ပြန်တိုက်စစ်ဆင်လိုက်သည်။

“ မိုးသက်မုန်တိုင်းဓားကွက် “

“ ဆောင်းဦးနှင်းစက်ဓားကွက် “

ထင်းရှီမှ သူ၏အားကောင်းသည့်ဓားကွက်များကိုတစ်ခုပြီးတစ်ခုထုတ်ဖော်ကာ နှင်းငွေ့မိစ္ဆာသခင်အားတိုက်ခိုက်လိုက်သည်။

သူ၏ မိုးသက်မုန်တိုင်းဓားကွက်မှာအင်အားပြင်းထန်ကာာဆောင်းဦးနှင်းစက်ဓားကွက်မှာ လွန်စွာလျှင်မြန်သည်

ထင်းရှီထံမှ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ဓားသိုင်းများကြောင့် နှင်းငွေ့မိစ္ဆာသခင်မှာ အနည်းငယ်အံ့အားသင့်ပုံပေါ်သော်လည်းကောင်းစွာခုခံနိုင်သည်။

ထင်းရှီနှင့်စာလျှင် အဖြူရောင်ဝတ်စုံနှင့်လူမှာ ပို၍တည်ငြိမ်ကာ တိုက်ပွဲအစမှယခုအချိန်အထိ ဓားသိုင်းတစ််ခုထဲကိုသာအသုံးပြုနေသည် ။

သူ၏ဓားကွက်များမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ ပြင်းထန်တိကျပြီးနှင်းငွေ့မိစ္ဆာသခင်၏သေကွင်းသေကွက်နေရာများဆီသို့သာတိုးဝင်နေသည်။

ထင်းရှီ၏ဓားကွက်များနှင့်စာလျှင်ထိုလူ၏ဓားကွက်များမှာ နှင်းငွေ့မိစ္ဆာသခင်ကိုပို၍ချိန်းခြောက်နိုင်ပူံပေါ်ကာ နှင်းငွေ့မိစ္တာသခင်မှလည်း သတိထားနေရသည်။

သူ၏ဓားသိုင်းမှာ ထူးဆန်းကာ များစွာလျှင်မြန်ခြင်းမရှိ‌သော်လည်း အင်အားပြင်းထန်လှကာလွှမ်းမိုးနိုင်သည့်အငွေ့အသက်များပါဝင်နေသည် ။

ထင်းရှီမှာ ထိုအငွေ့အသက်များကိုလူတစ်ယောက်ထံမှလည်းရရှိဖူးသော်လည်း ထိုလူမှာ အဖြူရောင်ဝတ်စုံနှင့်လူထက်အားနည်းသည်။

“ မိုးအောက်မြေပြင်တိုက်ကွက် “

စုတိချုံး၏ခွေးရိုက်တုတ်မှာ နှင်းငွေ့မိစ္ဆာသခင်၏ခြေအောက်ပိုင်းသို့ချည်းဦးတည်လာကာ သူ၏ခန္တာကိုယ်မှာလည်းမြေပြင်တွင်လျှပ်တိုက်၍ရွေ့လျားနေသည် ။

ထိုသိုင်းကွက်မှာ ခွေးရိုက်တုတ်သိုင်းထဲမှမဟုတ်သော်လည်း တစ်ဖက်လူကိုပိတ်ဆို့တိုက်ခိုက်ရာတွင်အစွမ်းထက်လှသည့်သိုင်းကွက်ဖြစ်သည် ။

နှင်းငွေမိစ္ဆာသခင်မှာ ထိုသိုင်းကွက်ကိုခုခံချေဖျက်မနေတော့ဘဲ ရိုးရှင်းစွာပင်လေပေါ်သို့ခုန်ရှောင်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ လေပေါ်သို့ရိပ်ခနဲမြောက်တက်သွားကာ စုတိချုံး၏ခန္ဆာကိုယ်နောက်ဘက်သို့ကျလာသည် ။

စုတိချုံးမှာ အန္တာရာယ်အငွေ့အသက်ကိုခံစားလိုက်မိ၍နောက်ဘက်သို့ဘယ်ဘက်လက်ဝါးဖြင့်ရိုက်ထုတ်လိုင်သည်။

“ ဝုန်း..... “

စုတိချုံး၏ခန္တာကိုယ်မှာ ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာသူ၏ပါးစပ်ထောင့်စွန်းမှသွေးစီးကြောင်းတစ်ခုကျလာသည် ။

အတွင်းအားအကုန်မစုစည်းရသေးမီတိုက်ခိုက်ခံရသည့်အတွက် ပင်ကိုကပင်နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကိုမမှီရာ ယခုအတွင်းဒဏ်ရာအနည်းငယ်ပါရရှိသွားပြီဖြစ်သည် ။

သူ၏ခန္တာကိုယ်ထဲတွင်လည်း ‌ထူးဆန်းအေးစက်သည့်အားလှိုင်းတစ်ခုဝင်ရောက်လာသည့်အတွက်အတွင်းအားကိုလှည့်ပတ်ကာ အလျှင်အမြန်

ချေဖျက်လိုက်ရသည် ။

“ ဆောင်းဦးနှင်းစက် “

ထင်းရှီ၏အေးစက်လျှင်မြန်သည့်ဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏နောက်ဘက်မှ တိတ်တဆိတ်ဝင်ရောက်လာသည် ။

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ ထိုနေရာမှပျောက်ကွယ်သွားကာ ဝါးတစ်ရိုက်အကွာတွင်ထွက်ပေါ်လာသည်။သို့သော် ဓားအလင်းသုံးခုမှာ သူ့ကိုပိုင်းဖြတ်လိုက်သည်။

“ မဖြစ်နိုင်တာ “

ထင်းရှီမှသူ၏ကိုယ်ဖော့ပညာကိုလိုက်မီသည့်အပြင် ထင်းရှီ၏လှုပ်ရှားမှုများမှာ သူနှင့်တစ်ထပ်တည်းကျနေ၍ နှင်းငွေ့မိစ္ဆာသခင် ပထမဆုံးအကြိမ်အဖြစ်အံ့ဩတုန်လှုပ်သွားသည်။

လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာမှာ သူ၏နေရာတွင်ပင် သူနှင့်အခြားတစ်ယောက်သာ လေ့ကျင့်အောင်မြင်ရာ ထိုလူမှာလည်း သူနှင့်ပင် မဆုံလိုက်ရဘဲ ပျောက်ကွယ်သွားသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည်။

သို့သော် နှင်းငွေ့မိစ္ဆာင်မှာ အံ့အားသင့်နေသော်လည်း သူ၏လှုပ်ရှားမှုများမှာ နှေးကွေးမနေပေ။ ထင်းရှီ၏ဓားအလင်းသုံးခုကို တစ်ဆက်တည်းတောက်ထုတ်လိုက်သည်။

“ ထန်း.... ထန်း.... “

ခရမ်း‌ဖျော့ရောင်ဓားသွားမှာ နောက်သို့ကန်ထွက်သွားကာ ထင်းရှီလည်း နှင်းငွေ့မိစ္ဆာသခင်၏အားကိုလိုက်၍နောက်သို့‌ဆုတ်လိုက်သည့်အတွက်အတွင်းဒဏ်ရာမရပေ။

သို့သော် သူ၏လက်ထဲမှဓားမှာ ထူးဆန်းသည့် အငွေ့အသက်များစတင်ထွက်ပေါ်လာသည်ဟု ခံစားမိလိုက်ကာ ပို၍အေးစက်လာသည်။

ထင်းရှီတစ်ယောက်သူ၏ဘိုးဘေးဓားနှင့်အလုပ်များနေစဉ် အဖြူရောင်ဝတ်စုံဖြင့်လူမှ နဂါးစိမ်းဓားဖြင့် နှင်းငွေ့မိစ္ဆာသခင်အားတိုက်ခိုက်လိုက်သည်။

သူ၏ခန္တာကိုယ်မှာ နှင်းငွေ့မိစ္ဆာသခင်၏အနီးသို့ကပ်သွားကာ နောက်သို့လွင့်သွားသည့်စုတိချုံးမှာလည်း တိုက်ပွဲထဲသို့ပြန်ဝင်လာသည် ။

အစိမ်းရောင်အရိပ်နှစ်ခုမှာ ရောယှက်နေကာ စုတိချုံး၏ခွေးရိုက်တုတ်မှာ ‌နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများကိုပိတ်ဆို့ထားကာ အဖြူရောင်ဝတ်စုံနှင့်လူမှ ကြောက်မက်ဖွယ်ဓားကွက်များဖြင့် တရစပ်တိုက်ခိုက်နေသည်။

“ ဝုန်း..... “

စုတိချုံး၏ခွေးရိုက်တုတ်နှင့်နှင်းငွေ့မိစ္ဆာသင်၏လက်ဝါးတို့ထိတ်တိုက်တွေ့ဆုံသွားသည်။

ထိုစဥ်အဖြူရောင်ဝတ်စုံနှင့်လူမှနှင်းငွေ့မိစ္ဆာသခင်၏အနီးတွင်ပေါ်လာကာ အနီးကပ်တိုက်ခိုက်လိုက်သည်။

“ နဂါးသတ်ဓားကွက် “

နဂါးစိမ်းဓားမှာ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့်

နှင်းငွေ့မိစ္ဆာသခင်ထံသို့တိုးဝင်သွားသည် ။

ထိုဓားကွက်ကို သာမန်သိုင်းဝိဇ္ဇာများခုခံနိုင်မည်မဟုတ်သော်လည်းနှင်းငွေ့မိစ္ဆာသခင်မှာမူ ယခင်တစ်ကြိမ်ချေဖျက်ပြီးဖြစ်၍များစွာအခက်မတွေ့ပေ။

“ အေးခဲလက်ချောင်း “

နှင်းငွေ့မိစ္ဆာသခင်မှ သူ၏လက်ချောင်းတွင်အတွင်းအားများကိုစုစည်းကာ အစိမ်းရောင်ဓားရှည်ကိုတောက်ထုတ်လိုက်သည်။

သို့သော် လူအများထင်မှတ်ထားသည်နှင့်ဆန့်ကျင်စွာ အဖြူရောင်ဝတ်စုံနှင့်လူ၏ဓားချက်မှာ လွန်စွာအရှိန်မြင့်လာကာ နှင်းငွေ့မိစ္ဆာသခင်၏တိုက်ကွက်ကိုကျော်ဖြတ်ကာ နှင်းငွေ့မိစ္ဆာသခင်၏လည်ပင်းကိုပိုင်းဖြတ်သွားသည်။

တိုက်ပွဲတစ်လျှောက်လုံးတွင် အဖြူရောင်ဝတ်စုံနှင့်လူ၏ဓားကွက်များမှာ အားအင်ပြင်းထန်ကာတိကျပြီး အန္တရာယ်များသည်မှန်သော်လည်း လွန်စွာမြန်ဆန်ခြင်းမရှိသော်လည်း ယခုအခါတွင်မူ ဓားကွက်၏အမြန်နှုန်မှာ လွန်စွာတိုးတက်လာသည်။

ဤသည်မှာ နဂါးသတ်ဓားကွက်၏အစွမ်းဖြစ်ကာ နဂါးစိမ်းသိုင်း၏လူသတ်ကွက်ဖြစ်သည် ။

ပထမတစ်ကြိမ်တွင် အဖြူရောင်ဝတ်စုံနှင်ပလူမှာ အနည်းငယ်လျှိုထား၍ နှင်းငွေ့စ္ဆာသခင်မှ များစွာဂရုမစိုက်မိခြင်းဖြစ်သည် ။

ယခုတစ်ကြိမ်တွင်ဓားကွက်၏အစွမ်းအပြည့်အဝထုတ်ဖော်လာကာ သူ၏အမြန်နှုန်းမှာ ထင်းရှီ၏ဆောင်းဦးနှင်းစက်ဓားကွက်နှင့်ပင်နှိုင်းယှဉ်နိုင်သည် ။

သို့သော် ဓားကွက်၏တိကျမှု ပြင်းထန်သည့်အင်အား စသည်တို့တွင် ထင်းရှီ၏ဓားကွက်များထက်များစွာသာလွန်ကာ ပြီးပြည့်စုံသည့်ကြောက်မက်ဖွယ်ဓားကွက်ဖြစ်သည် ။

အထူးသဖြင့် နှင်းငွေ့မိစ္ဆာသခင်ကိုပထမတစ်ကြိမ်လှည့်စားကာ ဒုတိယတစ်ကြိမ်မှ အစွမ်းကုန်အသုံးပြုသဖြင့် ငွေ့မိစ္ဆာသခင်ရှောင်တိမ်းခုခံ၍မရတော့ခြင်းဖြစ်သည်။

တိုက်ပွဲအားကြည့်ရှုနေကြသည့်သိုင်းလောကသားများမှာ ငြိမ်သက်သွားကြသည် ။

All Chapters