နှင်းငွေ့မိစ္ဆာသခင်၏ရုပ်သွင်
Vol. 3 Ch. 296
“ သူ သူသေသွားပြီလား “
အသံတစ်ခုထွက်ပေါ်လာသည် ။ သိုင်းလောကသားများမှာ အသက်ကိုရဲရဲမရှူဝံ့ဘဲ နောက်ဘက်သို့လွင့်စင်ကာလဲကျသွားသည့်နှင်းငွေ့မိစ္ဆာသခင်ကိုကြည့်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ စုတိချုံး၏လက်ဝါးရိုက်ချက်ကိုထိတ်တိုက်ရင်ဆိုင်လိုက်ပြီးနောက် အဖြူရောင်ဝတ်စုံဖြင့်လူ၏ဓားချက်ကိုခုခံနိုင်ခြင်းမရှိတော့ဘဲ နောက်ဘက်သို့လွင့်စင်သွားခြင်းဖြစ်သည် ။
သိုင်းဝိဇ္ဇာခြောက်ယောင်ကိုပင်တစ်ပြိုင်နက်အနိုင်ယူနိုင်သည့်နှင်းငွေ့မိစ္ဆာသခင် သေဆုံးသွားပြီလော ။
“ ဟားဟား ဒီဓားချက်က တကယ်ပဲကြောက်စရာကောင်းတယ် ငါတောင်အငိုက်မိသွားသေးတယ် “
ကျယ်လောင်သည့်အော်ဟစ်ရယ်မောသံနှင်အတူ နှင်းငွေ့မိစ္ဆာသခင်မှာ ဖြေးညင်းစွာထရပ်လာသည်။
သူတို့၏ဆုတောင်းများမပြည့်ဝပေ။ သိုင်းလောရသားများမှာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲထရပ်လာသည့်နှင်းငွေ့မိစ္ဆာသခင်ကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်မိကြသည်။
အဖြူရောင်ဝတ်စုံနှင့်လူ၏ဓားချက်မှာ နှင်းငွေ့မိစ္ဆာသခင်၏လည်ပင်းကိုပိုင်းဖြတ်ကာ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်နောက်ဘက်သို့လွင့်စင်သွားသည်ကို သူတို့မြင်ခဲ့ရသည် ။
ယခုနှင်းငွေ့မိစ္ဆာသခင်မှာ အကောင်းပကတိရှိနေသည်။။သို့သော် သူ၏ ကြောက်မက်ဖွယ်မျက်နှာဖုံးထက်တွင်နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုရှိနေသည်။
“ ငါသာအချိန်မီမရှောင်လိုက်နိုင်ရင် ငါ့ရဲ့လည်ပင်းကိုပိုင်းဖြတ်သွားမယ့်ဓားချက်ပဲ “
နှင်းငွေ့မိစ္ဆာသခင်မှအဖြူရောင်ဝတ်စုံဖြင့်လူကိုချီးကျူးသည့်ဟန်ဖြင့်ကြည့်လိုက်သည်။
ထိုအခါမှ သိုင်းလောကသားများမှာ ဆက်စပ်တွေးတောကြည့်ပြီး ခေါင်းယမ်းလိုက်ကြသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ အဖြူရောင်ဝတ်စုံနှင့်လူ၏ဓားချက်ရောက်လာသည်နှင့် ရှောင်တိမ်း၍ ခုခံ၍အချိန်မမီတော့သည်ကိုသိရှိသည့်အတွက် စုတိချုံး၏လက်ဝါးချက်မှအင်အားကိုငှားယူကာ သူ၏ခန္တာကိုယ်ကိုလည်းနောက်ဘက်သို့လွင့်သွားစေခြင်းဖြစ်သည်။
ဤသည်မှာ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းထဲမှ အလိုက်သင့်စီးမျောခြင်းဆိုသည့်ပညာရပ်ဖြစ်ကာအစောပိုင်းတွင်ထင်းရှီလည်း ထိုပညာကိုသုံးကာ နှင်းငွေ့မိစ္ဆာသခင်၏တိုက်ခိုက်မှုကိုအတွင်းဒဏ်ရာမရဘဲကာကွယ်နိုင်လိုက်သည်။
ယခုလည်း နှင်းငွေ့မိစ္ဆာသခင်မှာစုတိချုံး၏အားကိုငှားယူကာ အလိုက်သင့်နောက်ဆုတ်၍အနည်းငယ်ရှောင်တိမ်းလိုက်သည့်အတွက် အဖြူရောင်ဝတ်စုံနှင့်လူ၏ဓားချက်မှာ သူ၏လည်ပင်းအစားမျက်နှာဖုံးကိုသာခုတ်လိုက်မိခြင်းဖြစ်သည်။
အံ့ဩဖွယ်ကောင်းသည်မှာ သံမဏိကိုပင်ရွှံ့တုံးလိုလှီးနိုင်သည်ဟုနာမည်ကြီးသည့်နဂါးစိမ်းဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာဖုံးကိုဓားရာတစ်ခုသာကျန်စေခဲ့သည်။
ကြောက်မက်ဖွယ်အနက်ရောင်မျက်နှာဖုံးမှာ ထူးခခြားသည့် သံသို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့်ပြုလုပ်ထားပုံရကာ ရတနာစာရင်းဝင်ဓားများပင်ပိုင်းဖြတ်နိုင်ပုံမရပေ။
“ ငါတို့အတူရှိနေတာ ဆယ့်ရှစ်နှစ်ကျော်ပြီ အခုတော့ မင်းကိုခဏအနားပေးရဦးမယ် “
နှင်းငွေ့မိစ္ဆာသခင်မှသူ၏မျက်နှာဖုံးကိုပွတ်သတ်ကာ တီးတိုးပြောလိုက်သည်။ ထို့နောက် မျက်နှာဖုံးကိုအသာဆွဲချွတ်လိုက်သည်။
ကြောက်မက်ဖွယ်အနက်ရောင်မျက်နှာဖုံးအောက်မှခန့်ညားသည့်မျက်နှာတစ်ခုပေါ်ထွက်လာသည်။
ထိုမျက်နှာမှာ ထူထဲသည့်မျက်ခုံးများ ၊ ခိုင်မာသည့်မေးရိုးတို့ဖြင်ပ ဆူံးဖြတ်ချက်ပြတ်သားမည့်ပုံလည်းရသည် ။ သို့သော် မျက်နှာတစ်ပြင်လုံး သွေးမရှိသလိုဖြူလျော်နေသည်။
“ နဂါး နဂါးစိမ်းဂိုဏ်းချုပ် သွမ့်ကျနိးမင် “
“ ဂိုဏ်းချုပ်လား “
“ နှင်းငွေ့မိစ္ဆာသခင်ဆိုတာ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်လား “
“ မဖြစ်နိုင်တာ “
တီးတိုးပြောသံများဆူညံနေကာ သိုင်းလောကသားများမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည် ။
ကြောက်မက်ဖွယ်မျက်နှာဖုံးအောက်မှ နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာအစစ်မှာ နဂါးစိမ်းကြီး၏ဂိုဏ်းချုပ် နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်ဖြစ်သည်။
နဂါးစိမ်းဂိုဏ်းကြီးမှာ သိုင်းလောကတွင်အင်အားအတောင့်တင်းဆူံးဂိုဏ်းကြီးဖြစ်ကာ ညီညွတ်မှုနှင့်တရားမျှတမှုကြောင့်နာမည်ကျော်ကြားသည်။
ထိုကဲ့သို့အင်အားစုကြီးတစ်ခု၏ခေါင်းဆောင်မှာ အနက်ရောင်သိုင်းလောက၏အရှင်သခင်နှင်းငွေ့မိစ္ဆာသခင်ဖြစ်နေမည်ဟု မည်သူမှယောင်၍ပင်တွေးမိမည်မဟုတ်ပေ။
သို့သော် လူအုပ်ထဲမှ သွေးလဖျက်ဆီးသူအဖွဲ့မှလူများနှင့် ဂိုဏ်းထိမ်းကြီးများ သွမ့်ကျန်းမင်၏သမီးဖြစ်သူ ပန်းနတ်သမီးသွမ့်ရှင်းရှောင်တို့မှာတည်ငြိမ်လျက်ရှိသည် ။
သူတို့၏အမူအယာမှာ ထိုဖြစ်ရပ်ကိုကြိုတင်သိရှိထားပုံရသည်။
လူအများလှုပ်လှုပ်ရှားရှားဖြစ်နေစဉ် နှင်းငွေမိစ္ဆာသခင် ၊ စုတိချုံး ၊ အဖြူရောင်ဝတ်စုံဝတ်လူနှင့် ထင်းရှီတို့မှာ အထူးတည်ငြိမ်လျက်ရှိသည်။
“ ကောင်းပြီ မင်းတို့က ငါ့ရဲ့အသိအမှတ်ပြုမှုကိုရဖို့ထိုက်တန်တယ် ငါအစွမ်းကုန်ထုတ်သုံးတော့မယ် “
သိုင်းလောကသားများ၏အပြုအမူကိုဂရုစိုက်၏န်မပြဘဲ ပြောလိုက်သည့် နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် ထင်းရှီတို့သုံးယောက်၏ခန္တာကိုယ်များတောင့်တင်းသွားကြသည်။
အကြောင်းမှာ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှအတွင်းအားလှိုင်းများတလိမ့်လိမ့်ထွက်ပေါ်လာ၍ဖြစ်သည်။
နှင်းငွေ့မိစ္ဆာသခင်၏ဝတ်ရုံမှာ လေမတိုက်ဘဲတဖျက်ဖျက်လွင့်နေကာ သူ၏ခန္တာကိုယ်မှ များပြားလှသည့်အတွင်းအားများထွက်ပေါ်လာသည်။။
ထိုအတွင်းအားများမှာ များစွာနက်ရှိုင်းလှကာ မည့်သည့်အဆင့်သို့ရောက်နေသည်ကို သိုင်းဝိဇ္ဇာအဆင့်ရောက်နေကြသည့်သူတို့ပင် မခန့်မှန်းနိုင်ကြတော့ပေ။
ထို့အပြင် သိုင်းလောကထဲ၌ ထိုမျှအတွင်းအားရှိသူဟူ၍ တစ်ခါမှမကြားဖူးခဲ့ပေ။
ထိုမျှကြီးကျယ်ခမ်းနားသည့်အင်အား၏ရှေ့တွင် သူတို့ကိုယ်တိုင်ပင် သေးငယ်သွားသယောင်ခံစားလိုက်ကြရသည် ။
နှင်းငွေ့မိစ္ဆာသခင်၏ခန့်ညားသည့်မျက်နှာထက်တွက်လည်း ခရမ်းရောင်သွေးကြောများထောင်ထနေကာ သူ၏မျက်လုံးများမှာ အနက်ရောင်အခိုးအငွေ့များထွက်ပါ်နေသည် ။
“ ပထမအဆင့်ဆိုရင် အတွင်းအားနှစ်ဆ ဒုတိယအဆင့်ဆိုရင် အတွင်းအားသုံးဆ နောက်ဆုံးအဆင့်ဆိုရင် အတွင်းအားလေးဆ ။
ငါ့ရဲ့လက်ရှိအခြေအနေနဲ့ အကြာကြီးထိမ်းထားနိုင်မှာမဟုတ်ပေမယ့် မင်းတို့သုံးယောက်နဲ့အတူ ဒီတောင်ပေါ်ကလူတွေအားလုံးကိုသတ်ဖို့သိပ်အားမစိုက်ရပါဘူး ။
ငါ့ကိုအညံ့ခံရင်အသက်ရှင်မယ် ငါ့ကိုအာခံရင်သေမယ် “
နှင်းငွေ့မိစ္ဆာသခင်မှကြောက်မက်ဖွယ်ပြောဆိုလိုက်သည်။ ယခုမှ သူ၏သွင်ပြင်မှာ မိစ္ဆာတစ်ကောင်နှင့်တူနေကာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည် ။
“ ခွေးကိုမိုးပေါ်မြောက်တင် *
စုတိချုံး၏ဝါးစိမ်းတုတ်မှာ နှင်းငွေ့မိစ္ဆာသခင်ထံသို့ဦးစွာတိုးဝင်သွားသည်။
သူ၏တိုက်ခိုက်မှုမှာ ခြေအောက်ပိုင်းသို့ဦးတည်ကာ နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများကိုထိမ်းချုပ်ရန်ရည်ရွယ်သည်။
သို့သော်နှင်းငွေ့မိစ္ဆာသခင်မှ သူ၏ခြေထောက်အားမြောက်ကာ ခွေးရိုက်တုတ်ကိုနင်းထားလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်၏ညာဘက်ခြေထောက်အောက်တွင် နာမည်ကျော်ခွေးရိုက်တုတ်မှာ လှုပ်ရှားမရဖြစ်နေကာ စုတိချုံးမှအတွင်းအားအကုန်သုံး၍ဆွဲယူသည်ပင်တုတ်တုတ်မှမလှုပ်ပေ ။
“ ဖြောင်း.... “
နှင်းငွေ့မိစ္ဆာသခင်မှ ခွေးရိုက်တုတ်ကိုလွှတ်ကာ စုတိချုံးကိုရိပ်ခနဲကန်ထုတ်လိုက်သည် ။
စုတိချုံးမှအလျှင်အမြန်ကာကွယ်လိုက်နိုင်သော်လည်း သူ၏တုတ်ကိုပြန်မယူနိုင်သည့်အပြင် နှင်းငွေ့မိစ္ဆာသခင်၏ခြေထောက်နှင့်ထိသည့်လက်မှာ အောင့်တတ်သွားကာ နောက်သို့လွင့်စင်သွားသည်။
နှင်းငွေပမိစ္ဆာသခင်မှမည်သည့်သိုင်းကွက်ကိုမှအသုံးမပြုဘဲ ရိုးရိုးကန်ချက်ဖြင့်တိုက်ခိုက်လိုက်သော်လည်းစုတိချုံးမှာ တိုက်ခိုက်မှုတစ်ခုကိုပင်ရင်မဆိုင်နိုင်တော့ပေ။
ထင်းရှီနှင့်ဝတ်စုံဖြူနှင့်လူမှာ နှင်းငွေ့မိစ္ဆာသခင်၏ဝဲယာနှစ်ဖက်ညှပ်၍ဝင်လာကာ ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။
“ ဟားးဟားး အရင်လိုရဦးမှာလားကွ “
“ ဝုန်း... ဝုန်း.... “
နှင်းငွေ့မိစ္ဆာသခင်၏ရယ်မောသံနှင့်အတူထင်းရှီတို့နှစ်ဦးမှာ နောက်ဘက်သို့လွင့်စင်သွားပြန်သည်။
သူတို့နှစ်ဦးမှာ နှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်ရန်မဆိုထားနှင့် အနီးကိုပင်မကပ်နိုင်တော့ဘဲ လက်ဝါးရိုက်ချက်တစ်ချက်စီဖြင့်လွင့်စင်လာကြသည်။
အေးစိမ့်သည့်အတွင်းအားလှိုင်းများကျူးကျော်ဝင်ရောက်လာသည့်အတွက်ထင်းရှီလည်း အတွင်းအားကိုလှည့်ပတ်၍ခုခံလိုက်သည့်တိုင်သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။
သူ၏သွေးများစွန်းထင်းသွားသည်နှင့် ထင်းရှီ၏လက်ထဲမှခရမ်းဖျော့ဖျော့ဓားသွားမှာ တုန်ခါလာသည်ဟုထင်ရကာ ထင်းရှီလည်းဓားမှတစ်ဆင့်တိုးတက်လာသည့်ထူးခြားသည့် အငွေ့အသက်ကြောင့် မျက်လုံးပြုးသွားသည် ။
ဘိုးဘေးဓားမှာ ရတနာစာရင်းဝင်လက်နက်များထက်ပင်ကောင်းမွန်သည့်နတ်လက်နက်တစ်ခုဖြစ်သည့်အပြင် ဓားစံအိမ်ကိုတည်ထောင်သူဘိုးဘေးနှင့်နှစ်ပေါင်းများစွာအတူရှိခဲ့ကာ ရေမတွက်နိုင်သည့်သွေးများစွန်းထင်ခဲ့ဖူးသည် ။
ထို့ကြောင့် ထိုဓားကိုယ်တိုင်ကပင်အသက်ဝိဉာဏ်ရှိနေသလိုခံစားမိကာ အေးစိမ့်သည့် သွေးဆာသည့်အငွေ့အသက်များဝန်းရံနေသည် ။
ထို့အပြင်ဓားစံအိမ်သခင်အဆက်ဆက် ပြိုင်စံရှားဓားသမားများမှာ ဘိုးဘေးဓားကိုပိုင်ဆိုင်ခဲ့ကြကာ ထိုဓားဖြင့် တိုက်ခိုက်ခြင်းနည်းပါးသော်လည်း စံအိမ်သခင်တိုင်းမှာ ထိုဓားဖြင့်လေ့ကျင့်ဖူးကြသည် ။
ဘိုးဘေးဓားဖြင့်လေ့ကျင့်ခြင်းမှာ သူတို့၏ဓားပညာအပေါ်နားလည်သဘောပေါက်မှုကိုပို၍တိုးတက်လာမည်ဟုယုံကြည်ကြသည် ။
ထင်းရှီမှာ စံအိမ်သခင်ဖြစ်လာသော်လည်း သိုင်းလောကအတွင်းအလျှင်အမြန်ပြန်လာလိုကာ အချိန်မရ၍ ဘိုးဘေးဓားနှင့်လေ့ကျင့်ရခြင်းမရှိသေးပေ။
ယခုအခါ ဘိုးဘေးဓားထဲတွင်ရှိနေသည့် စံအိမ်သခင်အဆက်ဆက်၏ဓားဆန္ဒအငွေ့အသက်များမှာ ထင်းရှီထံသို့တိုးဝင်လာကာ သူ၏ဓားဆန္ဒအပေါ်နားလည်သဘောပေါက်မှုမှာလည်း တရှိန်ထိုးတိုးတက်လာလေသည်။
ထိုအချိန်တွင် စုတိချုံးနှင့်ဝတ်စုံဖြူနှင့်လူမှာ နှင်းငွေ့မိစ္ဆာသခင်ထံသို့ခုန်ဝင်သွားကြသည်။