← Chapters

ကာကွယ်သူများ

Vol. 3 Ch. 299

ကာကွယ်သူများ

Vol. 3 Ch. 299

“ ဝုန်း... ဝုန်း..... “

မျှော်စင်ငယ်တစ်ခုလိုတောင့်တင်းကြံ့ခိုင်လှသည့်လူတစ်ယောက်နှင့် နီရဲနေသည့်မျက်ဝန်းများ အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေသည့်ခန္တာကိုယ်တို့ဖြင့်ကြောက်မက်ဖွယ်လူရွယ်တစ်‌‌ယောက်မှာ နောက်ဘက်တွင်ရှိသည့်ထင်းရှီထံသို့တဟုန်ထိုးပြေးဝင်လာကြသည် ။

နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်ပြီးနောက် ဒဏ်ရာပြင်းထန်စွာရရှိထားကြသည့်သိုင်းဝိဇ္ဇာများမှာ ထိုနေရာတွင် အတွင်းအားဖြင့်ကုသနေကြကာ သူတို့၏သိုင်းထိပ်သီးများကဝန်းရံစောင့်ရှောက်ပေးနေကြသည်။

ထင်းရှီ၏အနီးတွင်လည်းထင်းရှောင်ယင်နှင့်အတူ ဝူတန်းဂိုဏ်းမှသိုင်းထိပ်သီးငါးယောက်စောင့်ကြပ်နေသည် ။

သံမဏိဘုရင်နှင့်ဝမ်းတတို့မှာ သူတို့၏လမ်းတွင်ပိတ်နေသည့်အလယ်ပိုင်းမှထိပ်သီးများကိုရက်စက်စွာဖြင့်တစ်ချက်စီအသေသတ်ရာ ထင်းရှီထံသို့ဦးတည်လာနေသည်။

ထိုနေရာရှိ သိုင်းဝိဇ္ဇာများကိုကာကွယ်နေသူများလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိုနှစ်ယောက်ကိုတားဆီးရန်ပြင်လိုက်ကြသည် ။

သူတို့၏မျက်နှာထက်တွင်မူစိုးရိမ်ထိတ်လန့်သည့်အမူအယာများရှိနေကြသည် ။

သံမဏိဘုရင်မှာ သိုင်းဝိဇ္ဇာဖြစ်ကာ ဝမ်းတမှာ သာမန်အဆင့်လွန်ထိပ်သီးများကိုအလွယ်တကူအနိုင်ယူနိုင်သည်။

ထို့ကြောင့် ထိုနှစ်ယောက်ကိုတားဆီးရန်မှာ သိုင်းထိပ်သီးအယောက်နှစ်ဆယ်ခန့်ပင်မလုံလောက်ပေ။

ဂိုဏ်းကြိးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးများစိုးရိမ်ပူပန်နေသည့်အချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ခုမှာ သံမဏိဘုရင်၏ရှေ့သို့မီးခိုးတန်းလိုပြေးဝင်သွားသည် ။

ထိုမိန်းကလေးမှာ သာမန်သွင်ပြင်သာရှိ နောက်ကျောတွင်ဓားတစ်လက်ကိုသိုင်းလွယ်ထား၍ရိုးရှင်းလှသည် ။သို့သော် သူမ၏လှုပ်ရှားမှုမှာအမှန်ပင်မြန်ဆန်လှသည်။

“ ဝှစ် ဝှစ် “

အလင်းတန်းနှစ်ခုလက်သွားကာ မိန်းကလေး၏ဓားမှာ သံမဏိဘုရင်ထံသို့ပြေးဝင်သွားသည်။

“ ဟာ နေဦး “

သံမဏိဘုရင်နှင့်ဝမ်းတကိုခုခံရန်ပြင်ဆင်နေသည့်သိုင်းထိပ်သီးများမှာ ဟန့်တားချိန်ပင်မရလိုက်ဘဲ ဓားလှံမတိုးသည့်သံမဏိဘုရင်ကိုရူးမိုက်စွာတိုက်ခိုက်နေသည့်မိန်းကလေးကိုကြည့်ကာ ထိတ်လန့်သွားကြသည်။

သံမဏိဘုရင်လည်းမိန်းကလေး၏ဓားချက်များကိုရှောင်တိမ်းခြင်းမပြုပေ။ သူ၏ခန္တာကိုယ်ဖြင်ကထိတ်တိုက်ရင်ဆိုင်ကာ မိန်းကလေး၏ဦးခေါင်းကိုကြီးမားသည့်လက်သီးကြီးဖြင့် ပြင်းထန်စွာထိုးနှက်လိုက်သည် ။

“ ဝုန်း.... “

သံမဏိဘုရင်၏လက်သီးမှာ လေထုကိုသာထိုးခွင်းသွားကာ မိန်းကလေးမှလှပသည့်ခြေလှမ်းကွက်များဖြင့်ရှောင်တိမ်းသွားသည် ။

သူမ၏ဓားချက်များသည်လည်း သူမရည်ရွယ်ထားသည့်နေရာကိုမရောက်ရှိသော်လည်း သံမဏိဘုရင်၏ ညာဘက်ရင်ဘက်ကိုပိုင်းဖြတ်သွားသည်။

“ ရွှပ် ရွှပ် “

လူအများထင်မှတ်ထားသည်နှင့်ဆန့်ကျင်စွာ သံကိုသံချင်းထိခိုက်သံထွက်ပေါ်ရမည့်အစား သံမဏိဘုရင်၏ညာဘက်ရင်အုံတွင် ဓားဒဏ်ရာများစွာပေါ်လာသည်။

ထိုဒဏ်ရာများမှာ တစ်လက်မခန့်သာနက်ကာ သံမဏိဘုရင်အသက်ကိုမချိန်းခြောက်နိုင်သော်လည်း လူအများကိုမူအံ့ဩထိတ်လန့်သွားစေသည်။

သံမဏိဘုရင်၏မျက်နှာထက်တွင်လည်း အံ့ဩသည့်အမူအယာပေါ်လာကာ သွေးများစီးကျနေသည့်သူ၏ရင်ဘက်ကိုကြည့်ရင်းဒေါသတကြီးဖြစ်လာသည်။

ထို့နောက် သူ၏ခန္တာကိုယ်တစ်ခုလုံးသွေးကြောများထောင်ထလာကာ မျက်လုံးနှစ်ခုမှာ သွေး‌လိုနီရဲသွားသည်။

“ ဒေါသလက်သီးသိုင်း “

သံမဏိဘုရင်မှာ ဒေါသထွက်နေသည့်သားရဲကြီးတစ်ကောင်ပမာလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးများလည်း ထိုဖြစ်ရပ်ကိုကြောင်အမ်းအမ်းဖြင့်ကြည့်နေရာမှသတိဝင်လာကာ သံမဏိဘုရင်ကိုဝန်းရံတိုက်ခိုက်လိုက်ကြသည်။

မိန်းကလေး၏ဓားပညာမှာ ကောင်းမွန်လှသော်လည်း သံမဏိဘုရင်လိုသိုင်းဝိဇ္ဇာတစ်ဦးကိုအနိုင်ယူရန်မှာမူမဖြစ်နိုင်သေးပေ။

သံမဏိဘုရင်ကိုထိခိုက်အောင်လုပ်နိုင်ခြင်းမှာလည်း သူမ၏လက်ထဲရှိသေးသွယ်ရှည်လျားသည့်ဓားရှည်ကြောင့်ဖြစ်သည်။

ထိုဓားရှည်မှာ ဓားလှံမတိုးသည့်သံမဏိဘုရင်ကိုပင်ထိခိုက်ဒဏ်ရစေကာ ရှားပါးလှသည့်ရတနာစာရင်းဝင်လက်နက်တစ်ခုဖြစ်ပုံရသည်။

အစောပိုင်းတွင် သံမဏိဘုရင်ကိုအနိုင်ယူရန်များစွာမျှော်လင့်မထားသော်လည်း ယခုမိန်းကလေး၏လက်ထဲမှဓားရှည်ဖြင့်ဆိုလျှင် သံမဏိဘုရင်ကိုသတ်ဖြတ်ရန်ပင်မျှော်လင့်ချက်ရှိပေသည်။

တစ်ဖက်တွင် ဝမ်းတမှာ ထင်းရှီထံသို့မရောက်လာဘဲ လူရွယ်လေးယောက်၏ဟန့်တားတိုက်ခိုက်မှုကိုခုခံနေရသည် ။

“ ဒီလူငယ်တွေဘယ်ကရောက်လာတာလဲ သူတို့က အမှောင်လက်ဝါးဝမ်းတထက်မနိမ့်ကျဘူး “

သိုင်းဝိဇ္ဇာတစ်ယောက်မှာ လူငယ်များ၏တိုက်ပွဲကိုကြည့်ရင်း အံ့ဩနေသည့်မျက်နှာဖြင့်မေးလိုက်သည်။

“ ဟိုတစ်ယောက်က ကျုပ်ရဲ့တပည့်စီးတုမိသားစုကဒုတိယသားပဲ ကျန်တဲ့သုံးယောက်ကိုတော့ကျုပ်လဲမသိဘူး “

ခုံတုံဂိုဏ်းချူပ်မှပြောလိုက်သည် ။

“ သူတို့ရဲ့ဓားသိုင်းတွေကအစွမ်းထက်ပေမယ့် ဟိုမိန်းကလေးက ပို၍သာလွန်နေတယ် “

အသက်ရှည်သိုင်းသမားမှလည်း သံမဏိဘုရင်နှင့်တိုက်ခိုက်နေသည့်မိန်းကလေးကိုကြည့်ကာချီးကျူးလိုက်သည်။

“ အင်း.... ကျုပ်တို့အိုမင်းနေပါပြီလေ သိုင်းလောကရဲ့လူငယ်မျိုးဆကိတွေက ကျုပ်တို့ကိုမကြာခင်ကျော်ဖြတ်သွားတော့မှာ “

ငွေဗျိုင်းဖြူသိုင်းဝိဇ္ဇာမှ ခေါင်းယမ်းပာပြောလိုက်သည် ။သူ၏စကားကြောင့် ကျန်လူများလည်း တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည် ။

ဝမ်းတနှင့်တိုက်ခိုက်နေသည့်လူငယ်များမှာ အနက်ရောင်ဝတ်စုံနှင့်အသက်သုံးဆယ်ကျော်လူရွယ် ၊ အစိမ်းရောင်ဝတ်စုံဝတ် ခုနစ်ဆင့်လက်သီးသိုင်းတတ်မြောက်ထားသည့်လူငယ်တစ်ယောက် ၊ အဖြူရောင်ဝတ်စုံဝတ်ဓားကိုယ်စီဖြင့်လူရွယ်နှစ်ယောက်တို့ဖြစ်သည်။

ထိုလေးယောက်မှာ တစ်ဦးချင်းစီကပင်ဝမ်းတထက်များစွာနိမ့်ကျခြင်းမရှိဘဲ ယခုလိုလေးယောက်တစ်ယောက်တိုက်ခိုက်သည့်အခါ ဝမ်းတမှာ လုံးဝအောက်စည်းသို့ရောက်ရှိနေသည်။

အထူးသဖြင့်ဝတ်စုံဖြူနှင့်လူရွယ်နှစ်ယောက်မှာပို၍အစွမ်းထက်သည်။ သူတို့၏ဓားများမှာအလင်းတန်းလိုရွေ့လျားနေကာ ဝမ်းတကိုခြိမ်းချောက်မှုအများဆုံးဖြစ်နေသည်။

ထိုလူရွယ်နှစ်ယောက်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှမဟုတ်ကြသလို သိုင်းလောကထဲတွင်ကျော်ကြားသူများလည်းမဟုတ်ကြပေ ။

သို့သော် ဝမ်းတမှထင်းရှီအားသတ်ဖြတ်ရန်ရောက်ရှိလာချိန်တွင် ရှေ့ထွက်၍တားဆီးတိုက်ခိုက်ခြင်းဖြစ်သည် ။

ထို့နောက်တွင် စီးတုမင်နှင့်တင်းဖန်းတို့‌ပါရောက်ရှိလာကာ သူတို့၏ညီအစ်ကိုကိုကာကွယ်ရန်ဝမ်းတကိုတိုက်ခိုက်နေခြင်းဖြစ်သည် ။

ထင်းရှီ၏အနီးတွင်တော့ ဝူတန်းမှသိုင်းထိပ်သီးငါး‌ယောက်စောင့်ကြပ်လျက်ရှိသည်။

ဝမ်းတမှာ မျက်နှာဆိုးရွားစွာပျက်ယွင်းလာကာ သူ၏ရှေ့မှလူရွယ်လေးယောက်ကို ဒေါသမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

ထိုလေးယောက်မှာ သိုင်းပညာလွန်စွာကောင်းမွန်ကာ ယခုအချိန်အထိသူအောက်စည်းမှဖိနှိပ်ခံနေရသည် ။

အသက်ကိုရင်မမှုဘဲ အပြင်းအထန်တိုက်ခိုက်နေသော်လည်း သူ၏ခန္တာကိုယ်ထက်တွင်သာဒဏ်ရာတစ်ခုပြီးတစ်ခုရလာသည် ။

ဝမ်းတမှာ နောက်သို့အနည်းငယ်ဆုတ်ကာ တစ်ဖက်လူများ၏ဟာကွက်ကိုရှာဖွေနေသည် ။

သို့သော် ထိုအထဲမှတစ်ယောက်မှာ ခုံတုံ၏ခုနစ်ဆင့်လက်သီးသိုင်းကိုအသုံးပြုကာ ထိုလူငယ်၏အတွင်းအားလှိုင်းများမှာ ကြောက်မက်ဖွယ်ကောင်းပေသည်။

အသက်သုံးဆယ်ကျော်ရှိကာ သွေးနီရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ထားသည့်လူရွယ်ကား ‌အင်အားပြင်းထန်သည့် အရှေ့ပိုင်းမှမိုးကြိူးဟိန်းသံဓားသိုင်းကိုအသုံးပြုသည် ။

ကျန်လူရွယ်နှစ်ယောက်၏ဇာတ်မြစ်ကိုဟူမသိသော်လည်း ထိုလူရွယ်နှစ်ယောက်၏ဓားသိုင်းများမှာ ပို၍ကြောက်မက်ဖွယ်ကောင်းကာ ဟာကွက်မရှိဘဲ သူ့ကိုအကျဉ်းအကြပ်ထဲသို့မကြာလဏတွန်းပို့နေသည် ။

ဝမ်းတမှာ တစ်ဦးချင်းတိုက်ခိုက်ပါကထိုလူလေးယောက်ကိုအနိုင်ရနိုင်သော်လည်း နှစ်ယောက်တစ်ယောက်ဆိုလျှင် သူအရေးနိမ့်ပေမည် ။

ယခုလို လေးယောက်ယောက်တစ်ယောက်ဆိုလျှင်ကားဆိုဖွယ်ရာမရှိတော့ပြီ။

တစ်ခုရှိသည်မှာ ယခုအချိန်အထိထိုလေးယောက်မှာ ဝမ်းတကိုတားဆီးရုံသာရှိကာ အသေအကြေမတိုက်ကြသေးပေ။

“ အူး.... သေစမ်း “

သားရဲတစ်ကောင်လိုအော်ဟစ်လိုက်သည့်အသံကြောင့် ဝမ်းတလည်းဘေးဘက်သို့အကဲခပ်လိုက်သည်။

သံမဏိဘုရင်မှာ နီရဲ‌နေသည့်မျက်လုံးများဖြင့်ခန္တာကိုယ်တစ်ခုလုံးသွေးကြောများထောင်‌ထနေကာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည့်အတွက် ဒေါသလက်သီးသိုင်းကို အသုံးပြုနေပြီဟုသိလိုက်သည် ။

သို့သော် သံမဏိဘုရင်၏ကြံ့ခိုင်လှသည့်ခန္တာကိုယ်မှာ သွေးများစီးကျနေကာ နက်ရှိုင်းသည့်ဓားဒဏ်ရာနှစ်ခုနှင့်သာမန်ဒဏ်ရာသုံးလေးခုရှိနေသည် ။

သူနှင့်တိုက်ခိုက်နေသည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းထိပ်သီးနှစ်ဆယ်မှာ ဆယ့်ငါးယောက်ခန့်သာကျန်ရှိကာ ကျန်လူများမှာလည်း သံမဏိဘုရင်၏လက်ချက်ဖြင့်သေဆုံးသွားပြီဖြစ်သည် ။

သံမဏိဘုရင်နှင့်အစပိုင်းမှတိုက်ခိုက်နေသော်လည်းဒဏ်ရာမရသေးသည်မှာ အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်သာရှိသည် ။

သံမဏိဘုရင်၏ခန္တာကိုယ်ထက်မှဒဏ်ရာများမှာ ထိုမိန်းကလေး၏လက်ချက်ကြောင့်ပင်ဖြစ်ကာ လိပ်ပြာလေးတစ်ကောင်ပမာ ပေါ့ပါးစွာရှောင်တိမ်းရင်း သူမ၏လက်ထဲမှဓားမှာ သံမဏိဘုရင်ကိုဒဏ်ရာတစ်ခုပြီးတစ်ခုရရှိစေခဲ့သည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှထိပ်သီးများမှာမူ သံမဏိဘုရင်ကို ထိခိုက်အောင်မလုပ်နိုင်ဘဲ ဘေးမှအကူအညီပေးနေခြင်းဖြစ်သော်လည်း ထိုလူများမှာ သံမဏိဘုရင်ကို ကောင်းစွာပိတ်ဆို့ထားနိုင်သည်။

ယခုပုံစံအတိုင်းသာဆိုပါက သံမဏိဘုရင်မှာ အချိန်အနည်းငယ်ကြာပြီနောက် ဒေါသလက်သီးသိုင်း၏ဘေးထွက်ဆိုးကျိုးကိုခံစားရပေတော့မည်။

ဝမ်းတလည်း အခြေအနေမှာ အလျှင်စလိုဖြစ်နေသည်ကိုသိရှိသည့်အတွက် သူ၏ရင်ဘက်ကြားထဲမှ ခရမ်းရောင်ဆေးလုံးလေးတစ်လုံးကိုသောက်လိုက်သည် ။

ထိုဆေးလုံးမှာ လူတစ်‌ယောက်ကို တစ်ခဏတာရူးသွပ်သွားစေကာ အသိစိတ်အနည်းငယ်သာကျန်ခဲ့စေမည်ဖြစ်သည် ။

ထိုအချိန်အတောအတွင်း နာကျင်မှုစသည့်ခံစားချက်များကိုမသိတော့ဘဲ အားအင်၊အမြန်နှုန်းစသည်တို့မှာလွန်စွာတိုးတက်သွားကာ လူသတ်စက်တစ်ခုလိုဖြစ်သွားပေတော့မည် ။

အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဆေးလုံး၏အာနိသင်ကုန်ဆုံးသွားမည်ဖြစ်ကာာဘေးထွက်ဆိုးကျိုးကိုပင်ခံစားရပေမည် ။

မည်သို့ပင်ဖြစ်စေ သူ၏ဆရာအတွက်လက်စားချေနိုင်လျှင် သူ၏အသက်ကိုဆယ်ခါပြန်ပင်ပေးဆပ်ရဲသည် ။

တင်းဖန်း ၊ စီးတုမင်နှင့် ဓားသမားနှစ်‌ယောက်တို့မှာ ဝမ်းတ၏ ထူးခြားသည့်အခြေအနေကိုသတိပြုမိသည် ။

သူတို့တစ်စုံတစ်ရာတုံ့ပြန်မှုမလုပ်ခင်မှာပင် ဝမ်းတမှခရမ်းရောင်ဆေးလုံးအားသောက်ကာ ရူးသွပ်နေသည့်ဟန်ဖြင့်ခုန်ဝင်လာကာ ခုခံကာကွယ်ခြင်းပင်မပြုဘဲ တရကြမ်းတိုက်ခိုက်တော့သည် ။

အလယ်ပိုင်း‌‌ဒေသမှသိုင်းသမားများနှင့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

ခရမ်းရောင်သွေးလဂိုဏ်း၏ဓားဘုရင်လည်း အဝတ်အစားဖရိုဖရဲဖြင့်ဝူတန်းဂိုဏ်းသားတစ်ဦး၏သတ်ဖြတ်မှုကိုခံလိုက်ရပြီဖြစ်သည်။

ကျုံးဟွာတောင်ထက်တွင် သွေးချောင်းစီးတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

All Chapters