← Chapters

အနက်ရောင်ဝေါယာဉ်

Vol. 3 Ch. 300

အနက်ရောင်ဝေါယာဉ်

Vol. 3 Ch. 300

မွန်းတည့်ချိန်ရောက်သော်လည်း မိုးအုံ့နေသည့်အတွက် နေမင်းကြီးမှာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပနိုင်ရှာပေ။

ကျုံးဟွာတောင်ထိပ်မြေကွက်လပ်တွင် ကျောက်သားမြေပြင်တစ်ခုလုံးရဲရဲနီနေကာ သွေးချောင်းစီးလျက် အလောင်းများစွာမှာ ပြန့်ကျဲနေသည်။

တစ်ရာကျော်ခန့်ရှိမည့်လူသေအလောင်းများမှာ လောလောလက်လက်သေဆုံးသွားကြသဖြင့် သွေးညှီနံ့များတထောင်းထောင်းထနေကာ ယင်ကောင်များလည်းအုံလျက်ရှိသည် ။

ခေါင်းပြတ်များ၊ ခြေပြတ်လက်ပြတ်များနှင့် အင်္ဂါမစုံသည့်အလောင်းပေါင်းများစွာမှာလည်း ဆိုးရွားသည့်မြင်ကွင်းကိုပေးစွမ်းနေသည်။

အလယ်ပိုင်းသိုင်းလောကသားများမှာ ခြေပစ်လက်ပစ်ထိုင်နေကြကာ သူတို့၏ခန္တာကိုယ်ပေါ်နှင့် လက်နက်များပေါ်တွင်သွေးများဖြင့်ရွဲနစ်နေသည် ။

အချို့လူများမှာ မျက်နှာပျက်ယွင်းနေကြကာ အချို့မှာ တောက်ခေါက်လျက်ရှိကြသည်။

အော့မေ့ဂိုဏ်းသူများနှင့် အခြားအမျိုးသမီးသိုင်းသမားအချို့မှာမူ ထိမ်းချုပ်မထားနိုင်ဘဲ တဝေါ့ဝေါ့ထိုးအန်လျက်ရှိကြသည် ။

သူတို့၏အလယ်တွင် အကြောပိတ်ခံထားရသည့် အညံ့ခံပြီးဖြစ်သည့်ခရမ်းရောင်စွေးလဂိုဏ်းသားနှစ်ဆယ်နီးပါးလည်းရှိနေသည်။။

ခရမ်းရောင်သွေးလဂိုဏ်းမှ ထိုလူများမှအပကျန်လူများမှာ တိုက်ပွဲအတွင်းသေဆုံးကုန်ပြီဖြစ်သည်။

ထိုလူများသည်လည်းဝမ်းတ‌ရှုံးနိမ့်ပြီးနောက် သူတို့အတွက်မျှော်လင့်ချက်ကုန်ဆုံးသည့်အပြင် သွေးပျက်လာကြသည့်အတွက် အညံ့ခံခြင်းဖြစ်သည်။

ဝမ်းတမှာ မြေပြင်ပေါ်တွင်တွန့်လိမ်လျက်ရှိကာ သူ၏မျက်စိနှစ်ဖက်နှင့်နားများ နှာခေါင်းများစီမှသွေးများစီးကျနေသည်။။

သူ၏ခန္တာကိုယ်ထက်တွင်မူ တင်းဖန်းတို့လူစု၏တိုက်ခိုက်မှုကြောင့် သေစေနိုင်သည့်ဒဏ်ရာများစွာရရှိထားကာ သွေးချင်းချင်းနီရဲနေသည် ။

သူ၏လက်နှစ်ဖက်မှလည်း မြေပြင်ကိုကုတ်ခြစ်နေကာ သူ၏ပုံစံကိုကြည့်ရုံနှင့်ပင်လွန်စွာပြင်းထန်သည့်ဝေဒနာခံစားနေမည်ကိုသိနိုင်သည် ။

သို့တိုင်အောင်အသံတစ်စက်မထွက်ဘဲကြိတ်မှတ်ခံစားနေသည် ။ယခုအချိန်အထိသူသေဆုံးခြင်းမရှိသည်မှာ အံ့ဩဖွယ်ရာပင်ဖြစ်သည် ။

အလယ်ပိုင်းဒေသမှသိုင်းသမားများလည်း ယခုလိုခံစားနေရသည့် ဝမ်းတ၏ဖြစ်ပုံကိုကြည့်ကာ သတ်ဖြတ်လိုစိတ်ပင်မရှိကြဘဲ ဒီအတိုင်းထားလိုက်ကြသည် ။

သို့သော် သူတို့သတ်ဖြတ်ခြင်းမပြုလျှင်ပင် ဝမ်းတမှာမုချသေဆုံးသွားမည်ဖြစ်သည် ။

အလယ်ပိုင်းသိုင်းလောကသားများနှင့်အခြားဒေသမှသိုင်းသမားများလည်းမချောင်ပေ။ တိုက်ပွဲမစမီကလူလေးရာနီးပါးရှိသည်မှာ ယခုသုံးရာကျော်သာကျန်တော့သည် ။

ကျန်လူများမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိထားသူများ၊ သေးငယ်သည်ဒဏ်ရာရှိကြသူများပါဝင်နေသည် ။

မည်သို့ပင်ဖြစ်စေ ယခုတိုက်ပွဲကိုအောင်မြင်ခဲ့သော်လည်း ဆုံးရှူံးမှုကားကြီးမားလှသည် ။

“ သိုင်းလောကသားတွေကို ကျုပ် အသိပေးစရာတစ်ခုရှိပါတယ် “

စကားသံနှင့်အတူ အဖြူအဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်မှာ လူအများ၏ရှေ့သို့ထွင်လာသည် ။

သူ၏ခါးတွင်နဂါးစိမ်းဓားကိုချိတ်ထားကာ သူ၏ဘေးဘက်တွင်မူ ဂိုဏ်းထိမ်းကြီး‌ခြောက်ယောက်နှင့် ပန်းနတ်သမီးတို့ရှိကြသည် ။

သိုင်းလောကသားများမှာ ဝမ်းနည်းနာကျင်ခြင်း ၊ ဒေါသထွက်ခြင်း စသည့် ခံစားချက်မျိုးစုံဖြင့်ရှုပ်ထွေးနေကြသော်လည်း ထိုလူမှာ သွေးလဖျက်ဆီးသူအဖွဲ့ခေါင်းဆောင်ဖြစ်ကာ နဂါးစိမ်းဓားကိုပိုင်ဆိုင်ထား၍ နဂါးစိမ်းဂိုဏ်းမှလူများမှာ သူစနောက်သို့လိုက်ကြသည် ။

ထို့ကြောင့်ပင် နှင်းငွေ့မိစ္ဆာသခင်အားတိုက်ခိုက်ရာတွင်အဓိကပါဝင်ခဲ့ပြီး ပဟေဌိဆန်သည့်လူဖြစ်သည့်အတွက် ထိုလူ၏စကားကိုငြိမ်သက်၍နားထောင်နေကြသည် ။

“ ကျုပ်က နဂါးစိမ်းဂိုဏ်းချုပ်ပါ ကျုပ်သိုင်း‌လောကကို အသိပေးစရာတစ်ခုရှိလို့ပါ “

အဖြူရောင်ဝတ်စုံနှင့်လူ၏စကားကြောင့် သိုင်းလောကသားများမှာ ဇဝေဇဝါဖြစ်သွားကြသည်။။

နဂါးစိမ်းဂိုဏ်းချူပ်သွမ့်ကျန်းမင်မှာ သေဆုံးသွားသည့်နှင်းငွေ့မိစ္ဆာသခင်ဖြစ်သည် ။ထိုအတွက်ကြောင့်လည်း သူတို့လွန်စွာအံ့အားသင့်ခဲ့ရကာ ယခုထိုလူမှနဂါးစိမ်းဂိုဏ်းချုပ်ဟုပြောဆို၍နေသည်။

အဖြူရောင်ဝတ်စုံနှင့်လူမှ သူ၏အင်္ကျီကြားမှ တံဆိပ်ပြားတစ်ခုကိုဆွဲထုတ်ကာပြောလိုက်သည် ။

“ ကျုပ်က သမာဓိသိုင်းသမားသွမ့်ဟူရဲ့သားအရင်းမဟုတ်ဘူး။ကျုပ်က သွမ့်ဟူရဲ့မွေးစားသားပဲ ။

ကျုပ့်ရဲ့အစ်ကိုကြီးသွမ့်ကျန်းမင်က သိုင်းလောကထဲကိုဆင်းလာဖူးတယ်ဒါပေမယ့် မတော်တဆတစ်ခုကြောင့် သူ့ရဲ့ခန္တာကိုယ်ကအကြောတွေသေသွားပြီး ဒုက္ခိတတစ်ယောက်ဖြစ်လာခဲ့တယ်။။

ဒါကြောင့် ကျုပ်ကအစ်ကိုကြီးသွမ့်ကျန်းမင်ရဲ့နေရာကိုယူပြီး နဂါးစိမ်းဂိုဏ်းကိုတည်ထောင်ခဲ့တာပဲ ။

ကျုပ်အစ်ကိုကြီးရဲ့မျက်နှာကိုတစ်ချိန်လုံးအသုံးပြုခဲ့တာကတော့ ကျုပ်အစ်ကိုကြီးသိုင်းလောကထဲကိုဆင်းခဲ့ဖူးတဲ့အတွက် နဂါးစိမ်းဂိုဏ်းတည်ထောငိတဲ့နေရာမှာ ပြဿနာတွေကိုရှောင်လွှဲဖို့ ကျုပ်အစ်ကိုကြီးရဲ့မျက်နှာကိုသုံးခဲ့တာပဲ ။

နဂါးစိမ်းဂိုဏ်းထောင်ခါစတုန်းကတောင် ကောလဟာလသတင်းတွေကြောင့် ကျုပ်တို့နဂါးစိမ်းဂိုဏ်းကြီးတည်တည်ငြိမ်ငြိမ်ဖြစ်အောင်အတော်ကြိုးစားလိုက်ရသေးတယ်။။

အဲလိုအချိန်မှာသာ ကျုပ်ကသမာဓိသိုင်းသမားသွမ့်ဟူရဲ့သားအရင်းမဟုတ်ဘူးလို့သိုင်းလောကသားတွေသိသွားရင် ကျုပ်ကိုယုံကြည်ကြမှာမဟုတ်‌ဘူး။ ဒါကြောင့် ကျုပ်ရဲ့မျက်နှာအစစ်ကိုနှစ်နှစ်ဆယ်လုံးဖုံးကွယ်ပြီး ကျုပ်အစ်ကိုကြီးလိုလှုပ်ရှားခဲ့တာပဲ “

အဖြူရောင်ဝတ်စုံနှင့်လူ၏စကားကြောင့်သိုင်းလောကသားများလည်း လွန်စွာအံ့အားသင့်သွားမိကြသည် ။

ထို့အတူ နှစ်နှစ်ဆယ်လုံးလုံးမျက်နှာအစစ်ကိုဖုံးကွယ်ကာ သိုင်းလောကအကျိူးအတွက်ဆောင်ရွက်ခဲ့သည့် အဖြူ‌ရောင်ဝတ်စုံနှင့်လူကိုလည်းလေးစားမှုများဖြစ်ပေါ်လာကြမိသည်။

“ ဒါဆိုရင် နှင်းငွေ့မိစ္ဆာသခင်ကဘာလို့ အရင်တုန်းက ဆရာသုံးခဲ့တဲ့ သွမ့်ကျန်းမင်ရဲ့မျက်နှာနဲ့တူနေတာလဲ “

လူအုပ်အတွင်းမှ လူငယ်တစ်ယောက်ကမေးလိုက်သည် ။

ထိုလူငယ်မှာ အဖြူရောင်ဝတ်စုံနှင့်လူ၏တပည့်နဂါးလူငယ်ဖြစ်ကာ အမှန်တရားကြောင့်သူလည်းအတော်လေးမယုံကြည်နိုင်ဖြစ်သွားရသေးသည်။

သူ၏ဆရာမှာ ခရမ်းရောင်သွေးလဂိုဏ်းကိုကြောက်ရွံ့၍ သိုင်းလောကအရေးများကိုဝင်မပါတော့ဟုသူထင်ခဲ့မိသည်။

ထို့ကြောင့်လည်း သူနဂါးစိမ်းဂိုဏ်းမှထွက်ကာ ယခုကျုံးဟွာတောင်ပေါ်တွင် ခရမ်းရောင်သွေးလဂိုဏ်းသားများကိုရင်ဆိုင်ရန်ထွက်လာခဲ့ခြင်းဖြစ်သည် ။

ယခု သူ၏ဆရာမှာ သူထင်သလိုခရမ်းရောင်သွေးလဂိုဏ်းကိုကြောက်ရွံ့မနေဘဲ နောက်ကွယ်မှ‌ သွေးလဖျက်ဆီးသူအဖွဲ့ကိုဖွဲ့ကာ ခရမ်းရောင်သွေးလဂိုဏ်းကို ဆန့်ကျင်နေသည့်အတွက် သူအံ့ဩသွားရသလို သူ့ဆရာကိုအထင်လွဲမိခြင်းအတွက်လည်းနောင်တရခဲ့သည်။

ထိုကြားထဲ နှင်းငွေ့မိစ္ဆာသခင်မှာ သူ့ဆရာ၏မျက်နှာဖြစ်နေ၍ ဝမ်ယန်မှာ အဖြူရောင်ဝတ်စုံနှင့်လူရှင်းမပြမီအထိ လုံးဝရှုပ်ထွေးသွားသည် ။

အဖြူရောင်ဝတ်စုံနှင့်လူမှ ဝမ်ယန်၏စကားကြောင့် ခေါင်းညိမ့်ကာ တည်ငြိမ်သည့်မျက်နှာဖြင့် သိုင်းလောကသားများကိုပါ ရှင်းပြလိုက်သည်။

“ သူက လွန်ခဲ့တဲ့အနှစ်လေးဆယ်လောက်က မတော်တဆသေဆုံးသွားပြီလို့ထင်ထားတဲ့ သမာဓိသိုင်းသမားသွမ့်ဟူရဲ့သားကြီး သွမ့်ကျန်းလီပဲ။

ငွေ့မိစ္ဆာသခင်ဖြစ်လာတာကိုကျုပ်လည်းမသိဘူး ။ ကျုပ် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်အနေနဲ့ ခရမ်းရောင်သွေးလဂိုဏ်းရဲ့ကိစ္စတွေကိုဝင်မစွက်တာ သူ့ရဲ့ဇာတ်မြစ်ကြောင့်ပဲ “

အဖြူရောင်ဝတ်စုံနှင့်လူ၏စကားကြောင့် သိုင်းလောကသားများမှာ ဖြစ်ရပ်အတော်များများကိုရှင်းလင်းသွားကြသည် ။

ထို့အပြင် ယခင်ကနဂါးစိမ်းမှခရမ်းရောင်သွေးလဂိုဏ်း၏ကိစ္စများကိုဝင်မစွက်ခြင်းကိုလည်းနားလည်သွားကြပြီဖြစ်သည်။

သူတို့အတွက်အံ့အားအသင့်ရဆုံးမှာ သွမ့်ကျန်းမင်ဟု သူတိူ့သိထားသည့် နဂါးစိမ်းဂိုဏ်းချုပ်မှာ သမာဓိသိုင်းသမားသွမ့်ဟူ၏မွေးစားသားဖြစ်ကာ နှင်းငွေ့မိစ္ဆာသခင်မှာ သမာဓိသိုင်းသမားသွမ့်ဟူ၏သားအရင်းဖြစ်နေခြင်းကိုပင်။

ထို့နောက် သိုင်းလောကသားများမှာ တောင်ပေါ်မှခရမ်း‌ရောင် သွေးလဂိုဏ်းသားများ၏ လူသေအလောင်းများကို မီးရှို့ရန်စုပုံလိုက်ကြသည် ။

ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်အလယ်ပိုင်းသိုင်းလောကသားများဘက်မှသေဆုံးသွားသူများကိုမူ တောင်အောက်သို့ပြန်သယ်ကာ ခမ်းခမ်းနားနားသင်္ဂြိုလ်ကြမည်ဖြစ်သည်။

အညံ့ခံထားသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများကိုမူကား သိုင်းဝိဇ္ဇာများမှ ဆုံးဖြတ်ပေမည်။

“ သူ့ကိုဘယ်လိုလုပ်ရမှာလဲ “

အလောင်းများကိုစုပုံနေသည့်သိုင်းသမားတစ်ဦးမှ ဝမ်းတကိုကြည့်ကာမေးလိုက်သည် ။

လက်ရှိဝမ်းတမှာ ဝေဒနာခံစားနေရဆဲဖြစ်ကာ ယခကလောက်မပြင်းထန်တော့ပေ ။ သို့သော် သူ၏ပုံစံမှာ ပို၍အားနည်းနေကာ သေဆုံးခြင်းနှင့်ပို၍နီးကပ်နေသည်။

ထိုစဉ် တောင်ပေါ်သို့တရိပ်ရိပ်ပြေးတက်လာသည့်အနက်ရောင်ဝေါယာဉ်ကြီးတစ်ခုကြောင့် သိုင်းလောကသားများထိတ်လန့်သွားကြသည်။

ဝေါယာဉ်တစ်ခုမှာ မထူးဆန်းလှသော်လည်း ထိုဝေါယာဉ်မှာ အနက်ရောင်ပိတ်စများဖြင့်ကာရုံထားရုံမက ဝေါယာက်ကို သိုင်းသမားလေးယောက်မကာ တောင်ပေါ်သို့ မီးခိုးတန်းလိုရွေ့လျားလာခြင်းဖြစ်သည်။။

ဝေါယာဉ်ကိုမသည့်သိုင်းသမားလေး‌ယောက်မှာ မက်စောက်သည့်တောင်တက်လမ်းကိုပင် တစ်ချက်မှမတိမ်းစောင်းဘဲ မြေပြင်ကိုလျှပ်ပြေးနေသလို ပေါ့ပါးစွာဖြင့် တရိပ်ရိပ်ပြေးတက်လာကြသည် ။

ဤသည်ကိုကြည့်ခြင်းအားဖြင့်ထိုလူလေးယောက်၏ကိုယ်ဖော့ပညာမှာလွန်စွာထူးချွန်ကာ သူတို့၏သိုင်းပညာသည်လည်း အနည်းဆုံးအဆင့်လွန်ထိပ်သီးများဖြစ်ကြပေမည်။

ထိုမျှမကသေး ဝေါယာဉ်၏ဘေးဝဲယာတွင် စောင့်ကြပ်လျက်ရှိသည့် ပိန်ပိန်ပါးပါးအဖိုးအိုနှစ်ယောက်လိုက်ပါလာကာ ထိုအဖိုးအိုများမှာ စူးရှသည့်မျက်လုံးများဖြင့် အတွင်းအား လွန်စွာကောင်းမွန်လှသည် ။

ထိုကဲ့သို့သိုင်းပညာရှင်နှစ်ယောက်ကိုအစောင့်အဖြစ်ထားကာ ထိပ်သီးလေး‌ယောက်ကိုခိုင်းစေနိုင်သူမှာမည်သို့သောလူမျိုးဖြစ်မည်နည်း ။

သိုင်းလောကသားများမှာ လုပ်လက်စအလုပ်များကိုအသာထားကာ အနက်ရောင်ဝေါယာဉ်ကိုစိတ်ဝင်စားစွာကြည့်လိုက်ကြသည် ။

အနက်ရောင်ဝေါယာဉ်မှာ ‌တောင်ထိပ်မြေကွက်လပ်တွင်ရပ်သွားသည် ။

ဝေါယာဉ်၏ဘေးနှစ်ဖက်မှအဖိုးအိုများမှာ သိုင်းလောကသားများကို တည်ငြိမ်သည့်ဟန်ဖြင့်အကဲခပ်လိုက်ကာ သူတို့၏မျက်နှာမှာ အမူအယာကင်းမဲ့နေသော်လည်း သူတို့၏မျက်ဝန်းများထဲတွင်အထက်အမြင်သေးသည့်အရိပ်အယောင်များကိုတွေ့မြင်နိုင်သည်။

ဖြူဖွေးနုဖတ်သည့်လက်တစ်ဖက်မှာ ဝေါယာဉ်၏ရှေ့မှအနက်ရောင်ပိတ်စကိုမကာ ဝေါယဉ်အတွင်းမှ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရင့်ကျက်လှပသည့်အမျိုးသမီးတစ်ယောက်ထွက်လာသည်။

အမျိုးသမီးမှာ အသက်အတိအကျကိုခန့်မှန်းမရသော်လည်း သုံးဆယ်ဝန်းကျင်ရှိမည်ဖြစ်သည်။

သူမ၏မျက်နှာမှာ လှပခြင်းထက် ကျက်သရေရှိခြင်းကပိုကာ သူမ၏နန်းဆန်သည့်ပုံစံဖြင့်ပေါင်းစပ်လျှင် ရင့်ကျက်လှပပေသည်။

သိုင်းလောကသားများမှာ ကျက်သရေရှိလှသည့်ထိုအမျိုးသမီးကို စူးစမ်းလိုသည့်စိတ်ဖြင့် စူးစိုက်ကြည့်နေကြသည်။

All Chapters