← Chapters

အဆုံးအဖြတ်

Vol. 3 Ch. 301

အဆုံးအဖြတ်

Vol. 3 Ch. 301

အမျိုးသမီးမှာ လူသေအလောင်းများပြည့်နှက်နေသည့်ပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း သူမ၏မျက်နှာထက်တွင် ထူးခြားသည့်အမူအယာမပြပေ ။

သွေးချောင်းစီးသည့်တိုက်ပွဲကြီးအပြီးတွင် လူသေအလောင်းများထပ်နေကာ ယောင်္ကျားရင့်မာကြီးများကိုပင်တုန်လှုပ်စေသည့်မြင်ကွင်းမှာ သူမအတွက်များစွာထူးခြားပုံမရပေ။

“ အစ်ကိုလီဘယ်မှာလဲ ။ အော် ဟုတ်သားပဲ သူ့ကိုသိုင်းလောကထဲမှာ နှင်းငွေ့မိစ္ဆာသခင်လို့ခေါ်ကြတယ်ဆို “

အမျိုးသမီး၏အသံမှာ ချိုသာသည် ။ သို့သော် သိုင်း‌လောကသားများ၏နားထဲတွင်တော့ဗုံးတစ်လုံးလိုပေါက်ကွဲသွားကြသည် ။

သိုင်းလောကသားများမှာ မျက်စိမျက်နှာပျက်ကာ သူတို့၏ခေါင်းဆောင်များဖြစ်ကြသည့်သိုင်းဝိဇ္ဇာများကိုကြည့်လိုက်သည်။

အနည်းငယ်အားပြည့်နေကြပြီဖြစ်သည့် သိုင်းဝိဇ္ဇာများသည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်ကဲ့သို့ဖြေရမည်ကိုမသိကြပေ။

ယခုအမျိူးသမီးမှာ နှင်းငွေ့မိစ္ဆာသခင်နှင့်ပတ်သတ်နေပုံရကာ သိုင်းလောကထဲမှလည်းဖြစ်ဟန်မတူပေ။

“ သခင်မကမေးနေတယ် ကျန်းလီဘယ်မှာလဲ ။ သူဒီမှာရှိတယ်ဆိုတာကို ငါတို့သိတယ် “

အဖိုးအိုတစ်ယောက်မှ အေးစက်သည့်မျက်နှာဖြင့်အော်ဟစ်လိုက်သည် ။

သူ၏လေသံအရ နှင်းကွေ့မိစ္ဆာသခင်၏ခရမ်းရောင်သွေးလဂိုဏ်းနှင့် သိုင်းလောကသားများတိုက်ပွဲဖြစ်ပွားသည်ကို သတင်းကြားပုံမရပေ။

“ ဝှစ် “

အဖိုးအို၏ခန္တာကိုယ်မှာ ထိုနေရာမှပျောက်ကွယ်သွားကာ ထိပ်သီးတစ်ဦး၏ရှေ့သို့ရောက်သွားကာ ထိုလူ၏လည်ပင်းပေါ်သို့သူ၏လက်တစ်ဖက်ရောက်နေသည် ။

ထိုသိုင်းသမားမှာ အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သော်လည်း အဖိုးအို၏လှုပ်ရှားမှုကိုမည်သို့မှမခုခံနိုင်ဘဲ သူ၏တစ်ကိုယ်လုံးတောင့်တင်းသွားသည် ။

“ ပြောစမ်း ကျန်းလီဘယ်မှာလဲ “

အဖိူးအိုဆိုလိုသည့်လူမှာ နှင်းငွေ့မိစ္ဆာသခင်ဖြစ်မှန်းကို ထိုလူရိပ်မိလိုက်သည်။

သို့သော် ထိုလူများမှာ နှင်းငွေ့မိစ္ဆာသခင်နှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိပုံရကာ သူတို့၏သိုင်းပညာသည်လည်းကြောက်မက်ဖွယ်ကောင်းသည် ။

“ မသိဘူး ကျုပ်မသိဘူး “

ထိုလူမှခေါင်းကို အဆက်မပြက်ခါယမ်းလိုက်သည်။။

အမျိုးသမီးနှင့်အဖိုးအိုနှစ်ယောက်တို့မှာ ထုံထိုငိးသူများမဟုတ်ကြရာ သိုင်းလောကသားများ၏အမူအယာကိုကြည့်ရုံနှင့် တစ်စုံတစ်ခုထူးခြားနေသည်ကိုသိရှိသည်။

သိူ့သော် အဖိုးအိုမှာ လေကုန်မခံချင်သည့်အလား သူ၏လက်ကိုအားအနည်းငယ်စိုက်ထုတ်လိုက်သည် ။

“ ဂျွတ် “

အဖိုးအို၏သိုင်းသမားမှာ ပြူးကျယ်နေသည့်မျက်လုံးများဖြင့်လှုပ်ရှားမှုကင်းမဲ့သွားသည်။

သိုင်းလောကသားများမှာ အဖိုးအို၏လုပ်ရပ်ကိုရုတ်တရက်မတုံ့ပြန်နိုင်ဘဲ သတိဝင်လာသည့်အချိန်မှ အနီးမှထိပ်တန်းအဆင့်သုံး‌ယောက်နှင့် သိုင်းထိပ်သီးနှစ်ယောက်မှာ အဖိုးအိုထံသို့ဒေါသတကြီးပြေးဝင်သွားကြသည် ။

“ ဂျွတ် ဂျွတ် ..... “

အဖိူးအို၏လက်နှစ်ဖက်မှာ အရိပ်များစွာခွဲဖြာသွားကာ တခဏအတွင်း ထိုသိုင်းသမားငါးယောက်မှာ တစ်ပုံစံထဲလဲကျသွားသည် ။

သူတို့၏လည်ပင်းများမှာ အနည်းငယ်ရွဲ့စောင်းနေကာ လက်နက်များပင်တစ်ဝက်တစ်ပြက်သာထုတ်ရသေးသည် ။

“ သိုငိးဝိဇ္ဇာ သူက သိုင်းဝိဇ္ဇာတစ်ယောက်ပဲ “

ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်အလယ်ပိုင်းသိုင်းလောကသားများမှာ အဖိုးအို၏သိုင်းပညာကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည် ။

ထိုပုံစံအတိုင်းဆိုပါက နှင်းငွေ့မိစ္ဆသခင်အားလိုက်ရှာနေသည့်ထိုလူစုမှာ သိုင်းပညာလွန်စွာမြင့်မားကာာသူတို့အတွက်အခြေမလှပေ။

သူတို့၏သိုင်းဝိဇ္ဇာများမှာ နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ပွဲတွင် ပြင်းထန်သည့်ဒဏ်ရာကိုယ်စီရရှိထားကြကာာ တိုက်ခိုက်နိုင်ခြင်းမရှိကြပေ ။သူတောင်းစားဂိုဏ်းချုပ်ကြီးစုတိချုံးဆိုလျှင် သတိလစ်မေ့မျောနေပြီဖြစ်သည်။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းသားများနှင့်တိုက်ပွဲတွင် ထိပ်သီးများနှင့် ထိပ်တန်းလွန်သိုင်းသမားများစုစုပေါင်းလေးပုံတစ်ပုံသေဆုံးသွားကာ ယခုကျန်သည့်လူများမှာလည်း အများစုမှာ ဒဏ်ရာကိုယ်စီရရှိထားသည် ။

အရေးအကြီးဆုံးအချက်မှာ ထိုအဖိူးအိုမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ အဆင့်လွန်သိုင်းသမားများကိုပင်ကြက်ကလေးငှက်ကလေးလိုသတ်ပစ်နိုင်သည် ။

အညံ့ခံထားသည့်ခရမ်းရောင်သွေးလဂိုဏ်းသားများသည်လည်းအသံတစ်စက်မှမထွက်ရဲပေ။

သူတို့၏မျက်လုံးများမှာ ထူးဆန်းသည့်လူစုကိုကြည့်နေကာ လှုပ်လှုပ်ရွရွဖြစ်နေသော်လည် အသံတစ်စက်မှမထွက်ပေ ။

သူတို့၏လည်ကုတ်ပေါ်တွင် သိုင်းလောကသားများမှ ဓားဖြင့်အဆင်သင့်တင်ထားကာ တစ်စုံတစ်ခုပြောလိုက်သည်နှင့်ချက်ခြင်းပင်သတ်ဖြတ်ပေတော့မည်။

ယခုအချိန်အထိလှုပ်ရှားမှုမပြုရသေးသည့်အဖိူးအိုတစ်ယောက်မှာ အညံ့ခံထားသည့်ခရမ်းရောင်ရှိရာဘက်သို့ရောက်သွားကာ တစ်စုံတစ်ရာကိုနားလည်သွားပုံရသည်။။

အဖိုးအို၏ခြေလှမ်းများမှာ ထိုနေရာသို့ဦးတည်နေကာ သူ၏လမ်းမှသိုင်းသမားသည်လည်းလက်နက်ကိုယ်စီကိုင်ကာတဖြေးဖြေးနောက်ဆုတ်နေကြသည်။။

သူတို့ထဲမှမည်သူမှစတင်တိုက်ခိုက်ရဲခြင်းမရှိကြတော့ပေ။

သိုင်းဝိဇ္ဇာများသည်လည်း မျက်စိမျက်နှာပျက်နေကြကာ မည်သို့ဆက်လုပ်ရမည်ကိုမတွေးတတ်တော့ပေ ။

ထိုစဉ်

“ ကျုပ်ဆရာနှင်းငွေ့မိစ္ဆာသခင်က သူတို့ရဲ့လက်ချက်ကြောင့် သေဆုံးသွားပြီ “

ရုတ်တရက်ထွက်ပေါ်လာသည့် တိုးညင်းအားနည်းသည့်အသံကြောင့် သိုင်းလောကသားများမှာ မျက်လုံးပြူးသွားကြသည် ။

သိုင်းဝိဇ္ဇာအဖိုးအိုနှစ်ယောက်မှာ အရိပ်တစ်ခုလိာလွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ထိုနေရာသို့ရောက်သွားကြသော်လည်း အနက်ရောင်ဝတ်ရုံနှငိ့အမျိုးသမီးမှာ ထိုနေရာသို့ကြိုရောက်နေသည် ။

သူမမည်သည့်နည်းဖြင့်ရောက်လာသည်ကို သိုင်းထိပ်သီးများပင်မတွေ့လိုက်ရပေ။

“ ပြန်ပြောလိုက်စမ်း အစ်ကိုကျန်းလီဘာဖြစ်သွားတာလဲ “

အမျိုးသမီးမှ မြေပြင်တွင်ထိုင်ချလိုက်ကာ သေလုဆဲဆဲဖြစ်နေသည့်ဝမ်းတကို တုန်ယင်နေသည့်လေသံဖြင့်မေးလိုက်သည် ။

“ ကျန်း ကျန်းလီဆိုတဲ့လူကိုကျုပ်မသိဘူး ။ကျုပ်ရဲ့ ဆရာနှင်းငွေ့မိစ္ဆာသခင်ကို သူတို့ဝိုင်းပြီးတိုက်ခိုက်သတ်ဖြတ်လိုက်တာ ကျုပ်ဆရာအတွက် လက် လက်စားချေ “

ဝမ်းတမှာ စကားမဆုံးမီ ခေါင်းငိုက်စိုက်ကျသွားသည် ။

သူ၏ခန္တာကိုယ်သည်လည်းလှုပ်ရှားမှုကင်းမဲ့သွားကာ အသက်ရှူရပ်တန့်သွားတော့သည် ။

ခရမ်းရောင်ဆေးလုံး၏ဘေးထွက်ဆိုးကျိုးကိုခံနေရသည့်အပြင် ခန္တာကိုယ်ပေါ်တွင်လည်းသေစေနိုင်သည့်ဒဏ်ရာအများအပြားရရှိထားရာ ဝမ်းတယခုအချိန်အထိတောင့်ခံနိုင်ခြင်းကပင်အံ့ဩဖွယ်ကောင်းချေသည် ။

“ သခင်မ သူရဲ့ပုံစံကိုကြည့်ရတာ သွေးအဆိပ်ဆေးလုံးကိုသောက်ထားပုံရတယ် ။နောက်ပြီး သူက မိစ္ဆာအမှောင်လက်ဝါးသိုင်းကိုလည်း‌ လေ့ကျင့်ထားသေးတယ် “

အဖိုးအိုတစ်ယောက်မှ ဝမ်းတ၏အလောင်းကိုစေ့စေ့စပ်စပ်လေ့လာကာပြောလိုက်သည် ။ကျန်အဖိုးအိုတစ်ယောက်မှာမူ အနီးတွင်မရှိတော့ပေ။

သူ၏စကားကြောင့်အမျိုးသမီးမှာ လှူပ်လှုပ်ရှားဖြစ်သွားကာ အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်သည်။

“ မိစ္ဆာအမှောင်လက်ဝါးသိုင်းက အစ်ကိုကျန်းလီတတ်မြောက်ထားတဲ့သိုင်းပညာပဲ ။ နောက်ပြီ သွေးအဆိပ်ဆေးလုံးကိုဖော်စပ်နည်းက လူနည်းနည်းပဲသိထားတာ ကြည့်ရတာ သူပြောတာတွေအမှန်ဖြစ်ပုံရတယ် “

အမျိုးသမီးမှ ထရပ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် မျက်ရည်စအချို့ရစ်သိုင်းနေသော်လည်း သူမ၏အမူအယာမှာ အေးစက်လှသည်။

“ သခင်မ သေသွားတဲ့သိုင်းသမားတစ်ချို့က ကျုပ်တို့ရဲ့နတ်ဆိုးခန္တာကိုလေ့ကျင့်ထားကြတယ် ။တစ်ယောက်ဆိုရင် မဟာနတ်ဆိုးခန္တာကိုယ်ကို အောင်မြင်ထားပြီ “

စောပိုင်းကပျောက်နေသည့်အဖိုးအိုပြန်ရောက်လာသည်။။ထိုအဖိူးအိုမှာ သေဆုံးသွားကြသည့်ခရမ်းရောင်သွေးလဂိုဏ်းသားများကို စစ်ဆေးနေခြင်းဖြစ်သည်။

ထိုအချိန်တွင် သိုင်းလောကသားများမှာ မျက်နှာအကြီးအကျယ်ပျက်ယွင်းနေကြကာ သူတို့၏မျက်နှာထက်တွင်ဒေါသအရိပ်အယောင်များလည်းစတင်ထွက်ပေါ်လာကြသည် ။

ထိုအထဲမှလူအတော်များများမှာ ခရမ်းရောင်သွေးလဂိုဏ်းကြောင့်ဆုံးရှုံးမှုကိုခံစားခဲ့ကြပြီးဖြစ်သည် ။အစောပိုင်းက သွေးချောင်းစီးတိုက်ပွဲတွင်လည်း သူတို့၏ မိတ်ဆွေရောင်းရင်းများစွာသေဆုံးခဲ့သည် ။

ယခုအမျိုးသမီးတို့လူစုမှာ နှင်းငွေ့မိစ္ဆာသခင်၏ဘက်မှသေချာသလောက်ရှိနေကာ သူတို့တိုက်ခိုက်ရနိဝန်လေးနေမည်မဟုတ်ပေ။

ကြောက်မက်ဖွယ်ကောင်းသည့်သိုင်းဝိဇ္ဇာနှစ်ယောက်ကိုအနည်းငယ်ထိတ်လန့်မိသော်လည်း သူတို့ဘက်တွင်လည်းထိပ်သီးတစ်ရာကျော်နှင့်ထိပ်တန်းအဆင့်နှစ်ရာနီးပါးရှိနေသေးသည်။

နောက်ထပ်သွေးလွှမ်းသည့်တိုက်ပွဲကြီးတစ်ခုဖြစ်ပွရန် အစပြုနေပြီဖြစ်သည်။

“ ဟူး.... နှင်းငွေ့မိစ္ဆာသခင်ကိုသတ်တာ ကျုပ်ပဲ ။ ခင်ဗျားတို့ဖြေရှင်းစရာရှိရင် ကျုပ်နဲ့ပဲဖြေရှင်းရအောင် “

ကြည့်လင်သည့်စကားသံနှင့်အတူ အဖြူရောင်ဝတ်စုံနှင့်လူရိပ်တစ်ခုမှာ သိုင်းလောကသားများကြားမှတိုးထွက်လာသည်။။

ထိုလူရွယ်မှာ နှင်းငွေ့မိစ္ဆာသခင်အားသတ်ဖြတ်နိုင်ခဲ့သည့်ထင်းရှီဖြစ်ကာ သူ၏နောက်မှ ထင်းရှောင်ယင် ၊ တင်းဖန်း၊ စီးတုမင်နှင့် ဝတ်စုံဖြူဝတ်လူရွယ်နှစ်ယောက်တို့ထပ်ကြပ်မကွာလိုက်လာသည်။

ထင်းရှီ၏ပုံစံမှာ အနည်းငယ်ပြန်၍ကောင်းမွန်နေပြီဟုပြော၍‌ရသော်လည်း သူ၏အတွင်းအားများကိုမူ ဆယ်ပုံနှစ်ပုံသာစုစည်းမိသေးသည်။။

ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်ကိုသတ်ခဲ့သည့်ဓားချက်တွင်အတွင်းအားအပြင်အားအကုန်ထုတ်သုံးခဲ့ရကာ လွန်စွာပင်ပန်းနေသည် ။ သို့တိုင်အောင်သူလူအများ၏ရှေ့သို့ထွက်လာခဲ့သည်။။

“ ဟားးဟား ကောင်းပြီလေ မင်းတို့ကနှင်းငွေ့မိစ္ဆာသခင်အတွက်လက်စားချေချင်တယ်ဆိုလည်းတိုက်ခိုက်ကြတာပေါ့ ။

ကောင်လေး မင်းတစ်‌ယောက်ထဲခေါင်းခံလို့ဖြစ်ပါ့မလား ငါတို့လဲသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့တာပဲလေ “

ကျယ်လောင်သည့်ရယ်မောသံနှင့်အတူ သိုင်းဝိဇ္ဇာအဖိုးကြီးများမှာ ရှေ့သို့တိုးထွက်လာကြသည် ။

ထိုသိုင်းဝိဇ္ဇာများထဲမှအများစုမှာ အတွင်းဒဏ်ရာအပြင်းအထန်ရနေကြကာ နှင်းငွေ့မိစ္ဆာသခင်၏ထူးဆန်းသည့်အတွင်းအားကြောင့် အခြေအနေဆိုးရွနေကြသည် ။

သို့သော် သူတို့လည်းခေါင်းမရှောင်ဘဲ တိုက်ခိုက်နိုင်ခြင်းမရှိသည်ပင် ရှေ့သို့ရဲဝံ့စွာထွက်လာကြသည်။

ခေါင်းဆောင်လေး‌ယောက်နှင့် နဂါးစိမ်းဂိုဏ်းချုပ်တို့လည်းနောက်ကျမနေရစ်ပေ။

သွမ့်ရှင်းရှောင် ၊ မုချန်း ၊ လက်ကိုးချောင်းရသေ့ ၊ ဝမ်ယန် စသည့် ထင်းရှီသိရှိသည့်လူများလည်းပါဝင်ကြသည်။။

ထို့နောက် အခြားသိုင်းလောကသားများလည်းစိတ်အားတက်ကြွလာကြကာ လက်နက်ကိုယ်စီမြောက်၍ပြောလိုက်ကြသည်။

“ ကျုပ်တို့ သိုင်းလောကရဲ့ကောင်းကျိူးအတွက် နှင်းငွေ့မိစ္ဆာသခင်ကိုဖြိုခွင်းခဲ့တယ် ။ ခင်ဗျားတို့မကျေနပ်ဘူးဆိုရင်အချိန်မရွေးတိုက်ခိုက်နိုင်တယ် “

သိုင်းလောကသားများမှာ သေခြင်းရှင်ခြင်းတိုက်ပွဲကြီးကိုအတူကျော်ဖြတ်လာကြကာ စိတ်ဓာတ်ချင်းနီးစပ်လျက်ရှိသည်။

အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးမှာ မည်သို့ဆုံးဖြတ်မည်နည်း.....

All Chapters