← Chapters

လခြမ်းဆွဲပြား

Vol. 3 Ch. 302

လခြမ်းဆွဲပြား

Vol. 3 Ch. 302

အမျိူးသမီး၏မျက်နှာထက်တွင် စိတ်ဆိုးဟန်၊ ဒေါသဖြစ်ဟန် ၊ ဝမ်းနည်းဟန် စသည့်ခံစားချက်တစ်စုံတစ်ရာပေါ်ထွက်မလာတော့ပေ။

သူမ၏ပုံစံမှာ လွန်စွာတည်ငြိမ်လှသည်။။တည်ငြိမ်ခြင်းနှင့်အတူ အေးစက်ခြင်းကတွဲလျက်ပါနေသည်။

“ ကောင်းပြီလေ ဒါဆိုရင် နင်တို့အားလုံးကိုသတ်ပြီး အစ်ကိုကျန်းလီနဲ့အတူမြေမြုပ်ပေးမယ် “

အနက်ရောင်ဝတ်နှင့်အမျိုးသမီးမှာ အနိမ့်အမြင့်မရှိသည့်အေးစက်စက်စကားသံအဆုံးတွင် သူမ၏လက်ကိုအသာမြောက်လိုက်သည်။

အံ့ဩဖွယ်ကောင်းလှသည်မှာ သူမနှင့်ဝါးတစ်ရိုက်ကျောဝေးကွာနေသည့်နေရာတွင်ရှိသည့်ဝေါယာဉ်ထဲမှ အနက်ရောင်ဓားတစ်လက်မှာ အားလှိုင်းတစ််ဖြင့်ဆွဲငင်ခြင်းခံလိုက်ရသဘို လေထဲတွင်ပျံဝဲကာ သူမ၏လက်ထဲသို့ရောက်လာသည် ။

သိုင်းလောကသားများမှာ အမျိူးသမီး၏ထူးဆန်းသည့်သိုင်းပညာကိုကြည့်ကာ တုန်လှုပ်သွားကြသည် ။

ဝေါယာဉ်ကိုထမ်းခဲ့ကြသည့်အဆင့်လွန်သိုင်းသမားလေးယောက်သည်လည်း တင်းမာနေသည့်မျက်နှာဖြင့် သိုင်းလောကသားများကိုကြည့်ရှုနေကြသည်။

“ သတ် “

သူမ၏တည်ငြိမ်သည့်စကားသံအဆုံးတွင် ဝေါယာဉ်ထမ်းသည့်ထိပ်သီးလေးယောက်နှင့် သိုင်းဝိဇ္ဇာသုံးယောက်မှာ လူအုပ်ထဲသို့တရကြမ်းပြေးဝင်သွားကြသည်။

“ ဖောက် ဖောက် “

တောင်ပေါ်သို့ ရောက်ရှိလာစဉ်ထဲကတိုက်ခိုက်ရခြင်းမရှိသေးသည့်အဖိုးအိုမှဦးစွာလှုပ်ရှားလိုက်သည် ။

သူ၏လက်ငါးချောင်းမှာ လွန်စွာထက်ရှသည့်ဓားသွားများပမာ အဆင့်လွန်ထိပ်သီးနှစ်ယောက်နှင့် ထိပ်တန်းလွန်သိုငသမားတစ်ယောက်တို့၏ ဉီးခေါင်းခွံထဲသို့နစ်ဝင်သွားသည် ။

ထိုသိုင်းသမားသုံး‌ယောက်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တွန့်လိမ်‌နေသည့်မျက်နှာများဖြင့် အဖိုးအိုကိုကြည့်ရှုနေကြသည် ။

ထို့နောင် အဖိုးအိုမှ သူ၏လက်ကိုပြန်ဆွဲနုတ်လိုက်သည့်အခါ ဦးခေါင်းတွင် လက်ချောင်းရာငါးခုစီကျန်နေခဲ့ကာ အရုပ်ကျိုးပြတ်လဲကျသွားကြသည် ။

“ ရက်စက်လိုက်တဲ့သိုင်းပညာပါလား “

အလယ်ပိုင်းမှသိုင်းဝိဇ္ဇာများမှာ မျက်နှာပျက်သွားကြသည် ။

ယခုလိုတိုက်ခိုက်နိုင်ခြင်းမရှိသည့်အခြေအနေမဆိုထားနှင့် သူတို့၏အကောင်းဆုံးအခြေအနေတွင်ရှိနေစဉ်ပင် ထိုအဖိုးအိုကိုအနိုင်မရနိုင်ပေ။

ထို့အပြင်ကျန်အဖိုးအိုတစ်ယောက်မှာလည်း နောက်ထပ်ထိပ်သီးသုံးယောက်ကိုလည်ချောင်းရိုးကိုချိုး၍သိုင်းတစ်ကွက်စီဖြင့်အသေသတ်လိုက်ပြီးနောက် သိုင်းလောကသားများမှ ထပ်မံတိုက်ခိုက်ရဲခြင်းမရှိကြပေ။

ဝေါယာဉ်ထမ်းသည့်သိုင်းသမားလေးယောက်မှာ အဆင့်လွနိသိုင်းသမားများသာဖြစ်ကြသော်လည်း သူတို့၏ခန္တာကိုယ်များမှာ လွန်စွာကြံ့ခိုင်ကာ ကိုယ်ဖော့ပညာမှာလည်းလွန်စွာကောင်းမွန်လှသည်။။

ထို့ကြောင့်ပင် သူတို့တစ်ယောက်ချင်းစီက အဆင့်လွန်ထိပ်သီးများကိုလွယ်လွယ်ကူကူသတ်ဖြတ်နိုင်ကာအချိန်တိုအတွင်း သိုင်းလောကသားများဘက်မှထိပ်သီးဆယ်‌ယောက်နှင့် ထိပ်တန်းသိုင်းသမားနှစ်ဆယ်နီးပါးသေဆုံးခဲ့ရသည်။။

လူဦးရေသုံးရာနားနီးမည့်သိုင်းလောကသားများမှာ သူတို့၏ခေါင်းဆောင်များကိုကာကွယ်ရင်းနောက်သို့တဖြေးဖြေးဆုတ်ခွာပေးနေရသည် ။

အဖိုးအိုနှစ်ယောက်နှင့် ဝေါယာဉ်ထမ်းသည့်ထိပ်သီး‌ လေးယောက်သည်လည်းလိုက်လံတိုက်ခိုက်ခြင်းမပြုပေ ။ သူတိူ့၏တိုက်ပွဲမှာ ခေတ္တရပ်တန့်သွားသည်။။

ယခုအချိန်အထိအမျိုးသမီးမှာ လှုပ်ရှားမှုတစ်စူံတစ်ရာမပြုသေးပေ။ သူမ၏လက်ထဲမှနက်မှောင်နေသည့်ဓားရှည်ကိုပွတ်သတ်နေသည် ။

“ နတ်ဆိုးဓား ငါနင့်ကိုပထမဆုံးအကြိမ်အဖြစ်အသုံးပြုတော့မယ် နောက်ပြီး သိုင်းဝိဇ္ဇာတွေရဲ့သွေးကိုလည်း နင့်ကိုအသောက်ခိုင်းမယ် “

နက်မှောင်နေသည့်အနက်ရောင်ဓားရှည်မှာ အမျိုးသမီး၏လက်ထဲတွင်အနည်းငယ်တုန်ခါသွားသည်ဟုထင်ရသည် ။

ထို့နောက် အမျိူးသမီးမှခေါင်းမော့လာကာ ကြည်လင်သည့်မျက်လုံးများဖြင့် ထင်းရှီကိုကြည့်လိုက်သည် ။

သူမ၏မျက်လုံးထဲတွင်ဒေါသအရိပ်အယောင်မတွေ့ရသော်လည်း ထင်းရှီမှာ သူ၏တစ်ကိုယ်လုံးအေးစိမ့်သွားသည်ဟုထင်ရသည်။

‘ အန္တရာယ်အငွေ့အသက် ‘

ထိုအမျိုးသမီး၏သိုင်းပညာကိုသေချာမခန့်မှန်းနိုင်သေးသော်လည်းလွန်စွာကြောက်မက်ဖွယ်ကောင်းသူတစ်ဦးဟုသူသိရှိနေသည် ။

ရုတ်တရက် အမျိုးသမီး၏ဟန်အမူအယာကင်းမဲ့သည့်မျက်နှာထက်တွင် လွန်စွာအံ့ဩထိတ်လန့်ဟန်ပေါ်လာကာ ထင်းရှီကိုမယုံကြည်နိုင်သလိုကြည့်နေသည် ။

သူမ၏အကြည့်များမှာ ထင်းရှီ၏လည်းပင်းဆီသို့ဖြစ်သည် ။ထိုနေရာတွင် အနက်ရောင်လခြမ်းပုံဆွဲပြားလေးရှိနေသည်။

“ မဖြစ်နိုင်ဘူး ဘာလို့ နင့်ဆီမှာ မဟူရာအမှတ်အသားရှိနေတာလဲ “

အမျိုးသမီး၏အေးစက်‌သည့်လေသံမှာ တုန်လှုပ်နေဟန်ဖြစ်သည်။

အဖိုးအိုနှစ်ယောက်နှင့် ဝေါယာဉ်အထမ်းသမားလေးယောက်တို့မှာ အမျိူးသမီးကြည့်နေသည့်နေရာသို့ကြည့်လိုက်မိကာ သူတို့၏ခန္တာကိုယ်တုန်ယင်သွားကာ ချက်ခြင်းပင်ဒူးထောက်ထိုင်ချလိုက်ကြသည် ။

“ မဟူရာအမှတ်အသားကို ဂါရဝပြုပါတယ် “

အဖိုးအိုနှစ်ယောက်မှာ ဒူးထောက်လျက်ရှိ‌နေရာမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။

ထိုမှာ တုနှိုင်းမဲ့အမိန့်နှစ်ခုအနက် တစ်ခုကိုကိုယ်စားပြုကာ ဆွဲပြားပိုင်ဆိုင်သူအကြောင်းကို သူတို့နှစ်ဦးနှင့်အမျိုးသမီးသာကောင်းစွာသိသည်။

ထိုလူမှာ နှစ်ပေါင်းများစွာပျောက်ကွယ်နေရာမှ သူတို့အားလုံးမှာ ထိုလူသေဆုံးသွားပြီဟုပင်ထင်ခဲ့ကြသည် ။

ထိုလူ၏ကြောက်မက်ဖွယ်ကောင်းလှပုံနှင့် နက်ရှိုင်းလှသည့်သိုင်းပညာတို့ကိုပြန်တွေးမိသောအခါ သူတို့စမျက်နှာထက်တွင်ထိတ်လန့်တုန်လှုပ်ဟန်များထိမ်းချုပ်မရအောင်ပေါ်ထွက်လာခဲ့သည် ။

ထိုနှစ်များက ထိုလူမှာ ကျေးရွာတစ်ခုလုံးကိုပင် သူတစ်ဦးတည်းနှင့်အနိုင်ယူနိုင်စွမ်းရှိကာ ကျေးရွာသခင်ရာထူးသည်ပင် ထိုလူအလိုမရှိသည့်အတွက် ကျေးရွာသခင်ဟောင်း၏လက်သို့ရောက်ရှိခြင်းဖြစ်သည် ။

ထူးဆန်းသည့်လူစုထဲတွင်မက်တပ်‌ရပ်နေသည့်မှာ အမျိုးသမီးတစ်ဦးသာကျန်တော့သည် ။

ရုတ်ချည်းဖြစ်ပေါ်လာသည့်အဖြစ်အပျက်ကြောင့်သိုင်းလောကသားများအံ့ဩနေရုံသာမက ထင်းရှီသည်ပင်ဆွံ့အနေသည်။။

“ မဟူရာအမှတ်အသား အဲဒါကဘာလဲ “

ထင်းရှီမှာ အူကြောင်ကြောင်ဖြစ်နေကာ သူ၏လည်ပင်းမှဆွဲပြားကိုပွတ်သတ်လိုက်သည်။။

ထို့နောက် ထိုလူများ၏ကြောက်လန့်တုန်လှုပ်နေသည့်အမူအယောကြောင့် သိုးထိန်းကြီးပေးလိုက်သည့်ဆွဲပြားမှာ ရှုပ်ထွေးသည့်နောက်ခံရှိကြောင်းသိလိုက်သည် ။

“ ဒါက ဘယ်လိုအမှတ်အသားလဲ “

ထင်းရှီလည်း မနေနိုင်ဘဲမေးလိုက်မိသည်။။

သိုင်းလောကသားများမှာ ထင်းရှီကိုထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ရှုနေကြသော်လည်း သူဂရုမစိုက်နိုင်သေးပေ ။

လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်သိုင်းဝိဇ္ဇာနှစ်ယောက်ကိုမြေပြင်တွင်ဒူးထောက်စေသည့်ဆွဲပြအကြောင်းသူသိလိုသည်။

“ ဟမ့် အပိုတွေမေးမနေနဲ့ မရဏဝတ်ရုံနှစ်ယောက်တိုက်ခိုက်လို့မရနိုင်ဘူးဆိုရင်တောင် ငါတစ်ယောက်ထဲနဲ့ နင်တို့အားလုံးကိုမြေမြုပ်ပစ်မယ် ။

မရဏဝတ်ရုံနှစ်ယောက်နဲ့ အစောင့်လေးယောက် ဝေါယာဉ်နားမှာစောင့်နေစမ်း “

အမျိုးသမီးမှ ထင်းရှီ၏ဆွဲပြားမှအနက်ရောင်လခြမ်းနှင့်ဆင်တူသည့် လခြမ်းတစ်ခုကိုမြောက်ကာပြောလိုက်သည်။။

အဖိုးအိုနှစ်ယောက်နှင့် ထိပ်သီးလေးယောက်မှာ အမျိုးသမီး၏လက်မှလခြမ်းကိုလည်းဂါရဝပြုကာ မက်တပ်ပြန်ရပ်၍ ဝေါယာဉ်နားသို့သွားလိုက်ကြသည် ။

ထို့နောက် သူမထိုလခြမ်းကိုလျှင်မြန်စွာသိမ်းဆည်းကာ နက်မှောင်နေသည့်ဓားရှည်ကိုဆွဲထုတ်လိုက်သည်။။

သိုင်းလောကသားများမှာ မည်သည့်အရာများဖြစ်ပျက်နေသည်ကိုကောင်းစွာမသိသော်လည်း ထိုလူစုမှ အမျိုးသမီးတစ်ယောက်သာတိုက်ခိုက်မည်ကို သူတို့ရိပ်စားမိသည် ။

ကြောက်မက်ဖွယ်သိုင်းဝိဇ္ဇာနှစ်ယောက်မတိုက်ခိုက်တော့သည့်အတွက် သူတို့စိတ်အားတက်ကြွလာကာ ထိပ်သီးခြောက်‌ယောက်ခုနစ်ယောက်မှာ အမျိူးသမီးထံသို့ခုန်ဝင်သွားကြသည်။

“ ရွှမ်း..... “

အနက်ရောင်အရိပ်တစ်ခုဖြတ်ပြေးသွားကာ ဓားတစ်ချက်နှင့်ပင် ထိပ်သီးအားလုံးမှာ မြေပြင်ပေါ်သို့ပြုတ်ကျလာကြသည်။။

ထိုလူများမှာ အမျိုးသမီး၏ဓား သူတို့၏လည်ပင်းကိုမည်သို့ပိုင်းဖြတ်သွားသည်ကိုမသိလိုက်ကြပေ။

ထပ်မံတိုက်ခိုက်ရန်ဟန်ပြင်နေကြသည့်သိုင်းလောကသားများမှာ လေထဲတွင်ကျောက်ချထသလိုငြိမ်သက်သွားကြသည် ။

သိုင်းဝိဇ္ဇာများ၏မျက်နှာထက်တွင် မယုံကြည်နိုင်သည့်အမူအယာများပေါ်ထွက်လာကြသလို ထင်းရှီ၏မျက်ခုံးများသည်လည်းမြင့်တက်သွားသည် ။

ထိုအမျိုးသမီး၏ဓားပညာမှာ ဓားနှင့်လူတစ်သားထဲအဆင့်သို့မရောက်သေးသော်လည်း များစွာမလိုတော့ပေ။ ထို့အပြင် သူမ၏လက်ထဲမှဓားမှာလည်း သူ၏ခရမ်းရောင်နှင်းစက်နှင့်ဆင်တူသည့်ခံစားချက်ကိုပေးနေသည်။

သူအကောင်းဆုံးအခြေအနေတွင်ရှိစဉ်က ထိူအမျိူးသမီးကိုတိုက်ခိုက်နိုင်သော်လည်း ယခုအခါတွင်မူ ....

ထင်းရှီလည်း ရှေ့သို့ထွက်ကာတိုက်ခိုက်မည့်ထင်းရှောင်ယင်တို့ကိုဟန့်တားကာ သက်ပြင်းချလိုက်သည်။

ယခုအချိန်တွင် ထိုအမျိုးသမီးကိုယှဉ်ပြိုင်နိုင်သူမရှိပေ ။ အမျိုးသမီးမှာ အဆင့်လွန်ထိပ်သီးများကိုမဆိုထားဘိ သိုင်းဝိဇ္ဇာများကိုပင် သတ်ဖြတ်နိုင်သည်။။

“ အမှောင်ဓားနဲ့နဂါးသူတော် သိုင်းလောကမှာ ပြိုင်ဘက်ကင်း “

ကြည်လင်သည့်အသံတစ်ခုက ကျုံးဟွာတောင်တစ်ခုလုံးဖုံးလွှမ်းသွားသည်။။

ထိုအသံမှာ သာမန်လေသံဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း လူတစ်ယောက်ချင်းစီ၏နားအနီးတွင်ကပ်၍ပြောသလိုရှင်းလင်လှသည် ။

ထိုအပြင် ထိုအသံမှာ အေးချမ်းတည်ငြိမ်လှကာ ဩဇာတစ်မျိုးရှိနေပြီး သွေးသံရဲရဲတိုက်ပွဲကြီးကိုတိုက်ခိုက်ထားသည့်သိုင်းလောကသားများပင် သူတို့၏စိတ်ထဲတွင်အေးချမ်းသွားသလိုခံစားလိုက်ရသည် ။

လူအများမှာ အသံထွက်ပေါ်ရာနေရာသို့အလိုလိုကြည့်လိုက်မိကာ တောင်တက်လမ်းမှဖြေးညင်းစွာလာနေသည့်ဘုန်းကြီးအိုကြီးတစ်ပါးကိုတွေ့မြင်လိုက်ကြသည်။

ထင်းရှီ ၊ ထင်းရှောင်ယင်နှင့် အနက်ရောင်ဝတ်စုံဝတ်အမျိူးသမီးတို့လူစုမှာ ထူးဆန်းသည့်အမူအယာများဖြစ်ပေါ်လာကြသည် ။။

အမျိုးသမီးမှာ သွေးတစက်စက်ကျနေသည့်ဓားရှည်ကိုကိုင်ဆောင်ထားကာ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်တော့ဘဲ ဘုန်းကြီးအိုကြီးကို စူးစိုက်ကြည့်နေသည် ။

ဘုန်းကြီးအိုကြီးမှာ လွန်စွာအိုမင်းလျက်ရှိကာ အသက်ရာကျော်လျက်ရှိပြီး တောင်ပေါ်သို့ဖြေးညင်းစွာတက်လာသည်။။

သူ၏အဝါရောင်သင်္ကန်းသည်လည်း အိုမင်းဟောင်းနွမ်း‌နေကာ အရောင်များပျက်လွင့်လျက်ရှိသည် ။

ဘုန်းကြီးအိုကြီးကိုမြင်သည်နှင့် သိုင်းဝိဇ္ဇာများနှင့် သက်ကြီးပိုင်းသိုင်းထိပ်သီးများမှာ တုန်လှုပ်ချောက်ချားသွားကာ ဂါရဝပြုလိုက်ကြသည်။။

ရှောင်လင်ကျောင်းမှ ဘုန်းကြီးများသာမက လောဟန်အဆောင်မှူးပင်ဘုန်းကြီးအိုကြီးကို ဂါရဝပြုကြရသည် ။

“ ဂိုဏ်းချုပ် “

All Chapters