သိုင်းသုံးကွက်အဆုံးအဖြတ်
Vol. 3 Ch. 303
ထိုဘုန်းကြီးအိုကြီးမှာ သိုင်းလောကထဲမှနှစ်ပေါင်းများစွာဇာတ်မြုပ်နေသည့် ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးဖြစ်ပေသည် ။
ရှောင်လင်ကျောင်းထိုင်မှာ လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်က သွေးသိုင်းရာဇာ ၊ အလယ်ပိုင်းဓားဘုရင် ၊ နေလသိုင်းရာဇာတို့နှင့်တစ်တန်းထဲကျော်ကြားခဲ့သည့် ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးဖြစ်သည် ။
ထိုစဉ်ကရှောင်လင်ကျောင်းထိုင်မှာ နေလသိုင်းရာဇာကို သိုင်းကွက်သုံးရာအတွင်းရှုံးနိမ့်ဖူးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တစ်ဆင့်စကားသာဖြစ်ကာ သူတို့၏တိုက်ပွဲကိုမည်သူမှမမြင်ဖူးပေ။
ထို့အပြင်ရှောင်လင်ကျောင်းထိုင်မှာ လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်ထဲကသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီဖြစ်ကာ သိုင်းလောကတစ်ခုလူံးလျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သူဖြစ်သည် ။
ယခုအခါတွင် သူ၏သိုင်းပညာမည်သည့်အဆင့်ထိရောက်ရှိနေသည်ကို သူကိုယ်တိုင်သာသိပေမည်။
လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်က နေလိုလလိုထင်ရှားခဲ့သည့်ပုဂ္ဂိုလ်များအနက် နေလသိုင်းရာဇာမှာ ဇာတ်မြုပ်နေကာ သေသည်ရှင်သည်မသိရပေ။
သွေးသိုင်းရာဇာမှာမူ ပြိုင်ဘက်ကင်းဓားသမား၏လက်ချက်ကြောင့်သေဆုံးခဲ့ပြီးဖြစ်ကာ ထိုတိုက်ပွဲအပြီးတွင်ပြိုင်ဘက်ကင်းဓားသမားဟည်လည်းပျောက်ကွယ်သွားခဲ့သည်။။
အလယ်ပိုင်းဓားဘုရင် သိုင်းလောကအတွင်းမှထွက်ခွာသွားသည်မှ အချိန်ကြာမြင့်နေပြီဖြစ်ကာ ယခုအချိန်တွင် ရှောင်လင်ကျောင်းထိုင်တစ်ဦးသာ ထင်ထင်ရှားရှားရှိနေသည် ။
သိုင်းလောကသားများသည်လည်း နှစ်ပေါင်းသုံးဆယ်ကျော်တိုင်အောင်သိုင်းလောကထဲလှုပ်ရှားမှုမရှိသည့်ရှောင်လင်ကျောင်းထိုင်ထွက်ပေါ်လာသည့် စိတ်အားတက်ကြွလာကာ အမျိုးသမီးတို့၏ထူးဆန်းသည့်လူစုကို တုန်လှုပ်မနေတော့ပေ။
ဘုန်းကြီးအိုကြီးမှာ တောင်ကုန်းပေါ်တွင်သွေးချောင်းစီးထား၍နီရဲနေသည့်မြေပြင်နှင့်များပြားလှသည့်အလောင်းများကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည် ။
“ အော့မီတောဖု ကျုပ်မိတ်ဆွေဟောင်းကြီးတစ်ယောက်ဆီကသတင်းရလို့လာခဲ့ပေမယ့် နည်းနည်းနောက်ကျသွားတာပဲ “
ဘုန်းကြီးအိုကြီးမှခေါင်းယမ်းကာပြောလိုက်သည် ။သူ၏မျက်နှာမှာ ပကတိအေးချမ်းနေကာ ခံစားချက်အရိပ်အယောင်တစ်ခုမှမတွေ့နိုင်သော်လည်း သေဆုံးသွားသည့်လူများအတွက်စိတ်မကောင်းဖြစ်နေသည်ကို သိနိုင်သည် ။
“ မရဏသေဆုံးခြင်းသိုင်းကျမ်းထဲက ဦးခေါင်းခွံဖောက်လက်ချောင်းသိုင်းနဲ့ လည်ချောင်းရိုးချိုးသိုင်းကွက်တွေပဲ “
အဖိုးအိုနှစ်ယောက်၏လက်ချက်ကြောင့်သေဆုံးသွားသူများကိုကြည့်ကာ ဘုန်းကြီးအိုကြီးမှရေရွတ်လိုက်သည်။။
ထိုစကားကို ဝေါယာဉ်ဘေးတွင်ရပ်နေသည့်အဖိုးအိုနှစ်ယောက်လည်းကောင်းစွာကြားလိုက်ရာ သူတို့စမျက်နှာထက်တွင်အံ့ဩထိတ်လန့်သည့်အမူအယာအချို့ပေါ်လာသည် ။
ထို့နောက် ဘုန်းကြီးအိုကြီးမှ အနက်ရောင်ဝတ်စုံနှင့်အမျိူးသမီးဘက်သို့လှည့်ကာ လက်အုပ်ချီ၍ပြောလိုက်သည်။
“ ကျုပ်သိရသလောက်ဆိုရင် ပြိုင်ဘက်ကင်းအင်အားစုတွေက လူတွေနဲ့ဝေးရာမှာ ဇာတ်မြုပ်နေကြပြီး သိုင်းလောကအရှုပ်အထွေးတွေထဲကို ဝင်မပါတတ်ပါဘူး။
ဒကာမကြီးတို့ အမှောင်ကျေးရွာက ဘိုးဘေးတွေရဲ့စည်းမျဉ်းကို ဖောက်ဖျက်တော့မလို့လား “
ဘုန်းကြီးအိုကြီး၏တည်ငြိမ်သည့်စကားကြောင့် အမျိူးသမီး၏မျက်ခုံးများစုကြုံ့သွားသလို သိုင်းလောကသားများသည်လည်းပင့်သက်ရှိုက်လိုက်မိကြသည် ။
“ ဒဏ္ဍာရီထဲက အမှောင်ကျေးရွာလား “
“ အမှောင်ဓားနဲ့နဂါးသူတော်ဆိုတာတကယ်ရှိတာပေါ့ “
ပြိုင်ဘက်ကင်းအင်အားစုကြီးလေးခုအကြောင်းကို
သိုင်းလောကသားတိုင်းလိုလိုကြားဖူးကြသည် ။
ထိုနေရာလေးခုနှင့်ပတ်သတ်၍လည်းများစွာသောကောလဟာလများထွက်ပေါ်လျက်ရှိသော်လည်း ယနေ့အချိန်အထိမည်သူမှရေရေရာရာမသိကြပေ။
သို့သော် သိုင်းလောကသားတိုင်း အနက်ရောင်သိုင်းပညာရပ်များစုဆုံရာ အမှောင်ကျေးရွာ၊ ဓားပညာရပ်များ၏ဘုရင် ဓားစံအိမ် ၊ သိုင်းဘုရင် နဂါးနန်းတော်နှင့် ဆေးထိပ်ခေါင်သူတော်စင်တောင်ကြားဆိုသည့်နာမည်များကို လုံးဝရင်းနှီးလျက်ရှိသည်။
ထိုနေရာများမှာ ဒဏ္ဍာရီဆန်ကာ လူအတော်များများမှပြောဆိုလျက်ရှိကြသော်လည်း မည်သူမှတိတိကျကျမပြောနိုင်ဘဲ ယခု ဒဏ္ဍာရီလာအမှောင်ကျေးရွာမှလူများကို မျက်မြင်ကိုယ်တွေ့မြင်ကြရခြင်းဖြစ်သည် ။
ထို့အပြင် သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်စေခဲ့သည့်နှင်းငွေ့မိစ္ဆာသခင်ဆိုသူမှာလည်း အမှောင်ကျေးရွာနှင့်ပတ်သတ်နေနိုင်သည် ။
ထင်းရှီနှင့် ထင်းရှောင်ယင်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။။ထို့နောက် ထင်းရှီမှ သူ၏နောက်မှဝတ်စုံဖြူဝတ်လူငယ်နှစ်ယောက်ကိုလည်း ကြည့်လိုက်သည် ။
အမျိုးသမီး၏ခံစားချက်ကင်းမဲ့နေသည့်မျက်နှာမှာ ပြောင်းလဲခြင်းမရှိပေ။
“ ကျမက အမှောင်ကျေးရွာရဲ့သခင်မပဲ ။ ဒါကြောင့်ကျမရဲ့ဆုံးဖြတ်ချက်က အမှောင်ကျေးရွာရဲ့ဆုံးဖြတ်ချက်ပဲ။ ဒီတောင်ပေါ်ကလူအားလုံးကိာ အစ်ကိုကျန်းလီအတွက်လက်စားချေမယ် ။
ဒီနေ့ကျမအနိုင်မရဘူးဆိုရင်တောင် နောက်တစ်ခေါက် အမှောင်ကျေးရွာရဲ့အင်အားပြည့်လက်စားချေအောက်မှာ သိုင်းလောကတစ်ခုလုံးပျက်စီးရလိမ့်မယ် “
အမျိူးသမီး၏အေးစက်စက်လေသံမှာ ပြတ်သားသည့်ဆုံးဖြတ်ချက်ကိုပြသနေသည် ။
သို့သော် သူမ၏စကားကိုသေချာဂရုစိုက်ပါက ရှောင်လင်ကျောင်းထိုင်ထွက်ပေါ်လာသည့်နောက် အနိုင်ရရန်ယူံကြည်ချက်မရှိသည်ကိုတွေ့နိုင်သည်။
“ အော့မီတောဖု ဒကာမလေး မင်းကဒီလူတွေအားလုံးကိုသတ်လိုက်ရင် ဟိုကဒကာလေးရဲ့နောက်ကလူတွေက မင်းတို့အမှောင်ကျေးရွာကိုလက်စားချေမှာပေါ့ အဲဒီအခါကျရင် မင်းတို့အင်အားစုကြီးနှစ်ခုလုံးလည်းပျက်စီးရလိမ့်မယ် “
ရှောင်လင်ကျောင်းထိုင်မှ ထင်းရှီိကိုတစ်ချက်ဝေ့ကြည့်ကာပြောလိုက်သည်။။
ထင်းရှီမှာ ဘုန်းကြီးအိုကြီး၏သာမန်အကြည့်အောက်တွင် သူ၏စိတ်အတွင်းမှလျှို့ဝှက်ချက်အားလုံးပင်ပေါ်ထွက်ကုန်သည်ဟုပင်ထင်မှတ်ရကာ လွန်စွာထိတ်လနိ့သွားသည် ။
ထင်းရှီမှာ အဖိုးအိုကျန်းချန်းဟောင်နှင့်တွေ့စဉ်ကပင် ယခုလောက်အထိမတုန်လှုပ်ဖူးပေ ။
အမျိုးသမီး၏အကြည့်လည်း ထင်းရှီထံသို့ရောက်သွားကာ ငြိမ်သက်သွားပြီး တစ်စုံတစ်ရာကိုတွေးတောနေဟန်ရသည် ။
ထို့နောက် ပြောင်းလဲခြင်းမရှိသည့်မျက်လုံးများဖြင့်ရှောင်လင်ကျောင်းထိုင်ကိုကြည့်လိုက်သည် ။
“ ကျမရဲ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲနိုင်ဘူး “
သူမ၏စကားကြောင့် ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးလည်းတိတ်ဆိတ်သွားသည်။။
သိုင်းလောကသားများလည်းလုံးဝငြိမ်သက်လျက်ရှိကာ ရှောင်လင်ကျောင်းထိုင်၏ ဆုံးဖြတ်ချက်ကို စောင့်ရှိသည် ။ ရှောင်လင်ကျောင်းထိုင်မှမည်သို့ဆုံးဖြတ်သည်ဖြစ်စေ သူတို့အတိအကျလိုက်နာပေမည်။
သိုင်းဝိဇ္ဇာအဆင့်ခေါင်းဆောင်များပင် ချွင်းချက်မဟုတ်ပေ။ ဤသည်ကိုကြည့်ခြင်းဖြင့်သိုင်းလောကသားများမှာ ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးကို မည်မျှလေးစားယုံကြည်သည်ကိုသိနိုင်သည်။
အတန်ကြာမှ သက်ပြင်းမောတစ်ချက်အားမှုတ်ထုတိကာ ရှောင်လင်ကျောင်းထိုင်မှ ခေါင်းမော့လာသည်။
“ သိုင်းသုံးကွက်ပဲ ဒကာမလေး ဘုန်းကြီးရဲ့သိုင်းသုံးကွက်ကိုခုခံနိုင်ရင် ဒကာမလေးကိုဘုန်းကြီးမတားဆီးတော့ဘူး ။
တကယ်လို့ ဒကာမလေးသာသိုင်းသုံးကွက်မခုခံနိုင်ရင် သိုင်းလောကထဲကိုပြန်မလာနဲ့တော့ ။ အမှောင်ကျေးရွာကလူတွေကိုလည်း လက်စားအချေမခိုင်းနဲ့တော့ “
ဘုန်းကြီးအိုကြီးမှ အမျိုးသမီး၏မျက်လုံးထဲကိုတည့်တည့်ကြည့်ကာမေးလိုက်သည်။။
အေးစက်တည်ငြိမ်သည့်အမျိုးသမီးမှာ ဘုန်းကြီးအိုကြီး၏ကြည်လင်သည့်မျက်လုံးများကို အချိန်ကြာမြင့်စွာရင်မဆိုင်နိုင်ဘဲ မျက်လွှာချကာ စဉ်းစလျက်ရှိသည် ။
သိုင်းလောကသားများမှာ ရှောင်လင်ကျောင်းထိုင်၏ဆုံးဖြတ်ချက်ကိုလွန်စွာအံ့အားသင့်သွားကြသည် ။
သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုပင် အလွယ်တကူသတ်ဖြတ်နိုင်သည့်အမျိုးသမီးကို ရှောင်လင်ကျောင်းထိုင်မှ သိုင်းသုံးကွက်ခုခံနိုင်လားမည်ဟု အလောင်းအစားလုပ်ခဲ့ပေသည် ။
ဤသည်မှာ သူတို့၏ကံကြမ္မာနှင့်ပတ်သတ်နေကာ ရှောင်လင်ကျောင်းထိုင်သာရှုံးနိမ့်သွားပါက သူတို့သွေးချောင်းစီးသတ်ဖြတ်ခံရမည်ဖြစ်သော်လည်း တိတ်ဆိတ်စွာပင် ငြိမ်သက်နေကြသည် ။
အမျိုးသမီး၏ခံစားချက်ကင်းမဲ့နေသည့်မျက်လုံးများတလက်လက်တောက်ပလာပာ ခေါင်းညိမ့်လိုက်သည်။
“ ကောင်းပြီ သိုင်းသုံးကွက် “
သူမ၏အေးစက်စက်စကားသံထွက်ပေါ်လာကာ သွေးတစက်စက်ကျဆင်းနေသည့် နက်မှောင်နေသည့်ဓားရှည်ကိုမြောက်လိုက်သည် ။
“ နတ်ဆိုးလမ်းညွှန်ဓားသိုင်း “
အနက်ရောင်ဝတ်စုံနှင်ြအမျိုးသီး၏ခန္တာကိုယ်မှာ ရှေ့သို့ရိပ်ခနဲရွေ့လျားလာကာ ရှောင်လင်ကျောင်းထိုင်ကိုစတင်တိုက်ခိုက်လိုက်သည် ။
သဘောတူညီမှုမှာ ရှောင်လင်ကျောင်းထိုင်၏သိုငိးသုံးကွက်ခုခံရန်ဖြစ်သော်လည်း သူမစ၍တိုက်ခိုက်လိုက်သည့်အတွက် အသာစီးရသွားသည်ဟုဆိုရမည်။
မည်သို့ပင်ဖြစ်စေသိုင်းသုံးကွက်ပြည့်သည်နှင့် သူမအနိုင်ရရှိမည်ဖြစ်ကာ ဘုန်းကြီးအိုကြီးကို အနိုင်မယူနိုင်သော်လည်း သိုင်းသုံးကွက်မှာမူ စာဖွဲ့စရာမလိုပေ။
သိုင်းလောကသားများမှာ အမျိုးသမီး၏အပြုအမူကြောင့် ထိတ်ခနဲဖြစ်သွားကြကာ သူမ၏ဉာဏ်ရည်ကိုလည်း ကြိတ်၍ချီးကျူးလိုက်မိကြသည်။
အမျိူးသမီး၏နက်မှောင်နေသည့်ဓားရှည်မှာ ကိုယ်ပျောက်သလိုရပ်ခနဲပျောက်ကွယ်သွားကာ ဘုနိးကြီးအိုကြီး၏လည်ပင်းရှေ့တွင်ပေါ်လာကာ ပိုင်းဖြတ်လိုက်သည် ။
ဓားကွက်မှာ အတွင်းအားများစွာထည့်သွင်းထားသဖြင့် လွန်စွာအင်အားပြင်းထန်လှကာ ဘုန်းကြီးအိုကြီး၏သင်္ကန်းစကိုပင်တဖျက်ဖျက်လွင့်သွားသေသည်။
ဤဓားကွက်မှာ အဆင့်လွန်သိုင်းသမားများစွာကိုတစ်ကွက်တည်းဖြင့်သတ်ဖြတ်ခဲ့သည့်ဓားကွက်ဖြစ်ကာ ထူးခြားဆန်းကြယ်ပြီး ခုခံရန်လွန်စွာခက်ခဲသည့်အပြင် သိုင်းဝိဇ္ဇာများပင်ရင်မဆိုင်နိုင်ကြပေ ။။။
ဘုန်းကြီးအိုကြီးမှာ သိုင်းသုံးကွက်တိုက်ခိုက်ရမည့်လူဖြစ်ကာ အမျိုးသမီးရှေ့သို့တိုးလာသော်လည်းတစ်စုံတစ်ရာလှုပ်ရှားမှုမပြုပေ ။
အမျိုးသမီး၏ဓားသူ၏လည်ပင်းနားတွင်ထွက်ပေါ်လာသည်နှင့် သူ၏ဘယ်လက်မှာရိပ်ခနဲမြောက်တက်ကာ နက်မှောင်နေသည့်ဓားသွားကို လက်နှစ်ချောင်းဖြင့်ညှပ်လိုက်သည်။
လွန်စွာအင်အားပြင်းထန်ကာ သိုင်းဝိဇ္ဇာများပင်ထိတ်တိုက်ရင်မဆိုင်ဝံ့သည့်ဓားချက်မှာ ဘုန်းကြီးအိုကြီး၏လက်နှစ်ချောင်းကြားတွင်ညပ်နေကာ ရှေ့သို့တစ်လက်မပင်တိုးနိုင်ခြင်းမရှိတော့ပေ။
အမျိုးသမီးမှာ အတွင်းအားအကုန်သုံးကာ ဓားကိုခုတ်ပိုင်းလိုက်သော်လည်း ဓားသွားမှာ ကျောက်တောင်ကြီးနှစ်ခုကြားထဲတွင်ညပ်နေသည့်အလား တုတ်တုတ်မှမလှုပ်တော့ပေ။
ထို့အပြင် အမျိုးသမီးမှာ ဓားကိုပြန်၍ဆွဲယူနိုင်ခြင်းလည်းမရှိတော့ဘဲ အခက်တွေ့နေရသည် ။