← Chapters

နိဂုံး၏ နိဂုံး

Vol. 3 Ch. 304

နိဂုံး၏ နိဂုံး

Vol. 3 Ch. 304

ရုတ်တရက် အမျိုးသမီးမှာ ဓားကိုလွှတ်ချကာ သူမ၏ညာဘက်လက်မှာ အနည်းငယ်ကွေးသွားကာ ရှောင်လင်ကျောင်းထိုင်၏ ဦးခေါင်းကိုကုတ်ဆွဲလိုက်သည်။။

သူမ၏တိုက်ခိုက်မှုမှာ အလစ်အငိုက်ဖြစ်သည့်အပြင် ထိုကုတ်ဆွဲချက်မှာ လွန်စွာပြင်းထန်ပြီး ဝေါယာဉ်အနီးရှိသိုင်းဝိဇ္ဇာအဖိုးအို၏သိုင်းကွက်ထက်မနိမ့်ကျပေ။

သိုင်းလောကသားများမှာ ဟင် ခနဲဖြစ်သွားကြကာ သူမ၏ပရိယာယ်များလှသည့်တိုက်ခိုက်မှုကြောင့် ရှောင်လင်ကျောင်းထိုင်အတွက်စိုးရိမ်ပူပန်သွားကြသည် ။

“ ဒုတိယသိုင်းကွက် “

ရှောင်လင်ကျောင်းထိုင်မှာ တည်ငြိမ်သည့်အမူအယာဖြင့်ရှိနေကာ သူ၏ညာဘက်လက်ကိုရိပ်ခနဲလှုပ်ရှားလိုက်သည်။

“ ဖောင်း..... “

အမျိုးသမီး၏လက်ငါးချောင်း၏အလယ်သို့ ရှောင်လင်ကျောင်းထိုင်၏လက်ချောင်းထိမှန်သွားကာ အမျိူးသမီးမှာ နောက်သို့ဒယီးဒယိုင်ဆုတ်လိုက်ရသည် ။

သူမ၏နက်မှောင်‌နေသည့်ဓားရှည်မှာ ရှောင်လင်ကျောင်းထိုင်၏လက်နှစ်ချောင်းကြားတွင်ကျန်လျက်ရှိကာ ယခုဒုတိယသိုင်းကွက်တွင်ပင် အနိုင်အရှူံးကွဲပြားသွားချေပြီ ။

အမျိုးသမီးမှာ သိုင်းသုံးကွက်အတွင်းလက်ဦးမှုယူကာတိုက်ခိုက်ခဲ့သည့်အပြင် သူမ၏သိုင်းပညာမှာလည်း တော်ရုံသိုင်းဝိဇ္ဇာများကို သတ်ဖြတ်နိုင်သည့်အထိကြောင်မက်ဖွယ်ကောင်းသည်။။

စိတ်မကောင်စရာကား ရှောင်လင်ကျောင်းထိုင်၏သိုင်းပညာမှယ လုံးဝနက်ရှိုင်းသည့်အဆင့်ထိရောင်ရှိနေကာ ပထမတိုက်ကွက်တွင်သူမ၏တိုက်ကွက်ကိုခုခံ၍ ဒုတိယတိုက်ကွက်တစ်ခုတည်းဖြင့်အနိုင်ယူသွားခဲ့သည် ။

သိုင်းလောကသားများမှာ လွန်စွာလေးစားကြည်ညိုသည့်အကြည့်များဖြင့်ရှောင်လင်ကျောင်းထိုင်ကိုကြည့်ရှုလျက်ရှိသည်။

“ အော့မီတောဖု ဒကာမကြီး ဒကာမကြီးရဲ့ လက်ချောင်းတိုက်ကွက်က မရဏသေဆုံးခြင်းသိုင်းကျမ်းထဲကဖြစ်ပြီး အလွန်ရက်စက်တဲ့အတွက် ဘုန်းကြီးရဲ့ တာမိုလက်ချောင်းနဲ့ အဲဒီသိုင်းပညာကိုဖျက်ဆီးခဲ့တယ် “

ဓားကိုကမ်းပေးလိုက်ရင်း စိတ်မကောင်းသည့်ဟန်ဖြင့်ပြောနေသည့် ရှောင်လင်ကျောင်းထိုင်စကားကြောင့်သိုင်းလောကသားများလည်း အမျိူးသမီးကိုကြည့်ရှုနေသည်။။

အမျိုးသမီး၏ခံစားချက်ကင်းမဲ့နေသည့်မျက်နှာမှာ ဝမ်းနည်းခြင်းရှုပ်ထွေးခြင်းစသည့် ခံစားချက်များပေါ်လွင်နေကာ သူမနှင်းငွေ့မိစ္ဆာသခင်အတွက်လက်စားမချေနိုင်တော့ခြင်းကို ဝမ်းနည်းနေဟန်ရသည် ။

ဝေါယာဉ်အနီးမှသိုင်းဝိဇ္ဇာအဖိုးအိုနှစ်ယောက်နှင့်အထမ်းသမားလေးယောက်တို့မှာ အေးစက်တင်းမာသည့်မျက်နှာဖြင့်ရိပ်ခနဲရောက်လာကြကာ အမျိူးသမီးကိုကာကွယ်ထားကြသည် ။

ထို့နောက် အမျိုးသမီး၏မျက်နှာပြန်၍တည်ငြိမ်သွားကာ ရှောင်လင်ကျောင်းထိုင်ကမ်းပေးနေသည့်ဓားကိုပြန်ယူလိုက်သည်။

မည်သူမှထင်မှတ်ထားခြင်းမရှိသည်က အမျိူးသမီးမှာ ထိုဓားဖြင့်သူမ၏လက်ဝါးကိုလှီးဖြတ်လိုက်ခြင်းဖြစ်သည်။

“ ကျမ အမှောင်ကျေးရွာရဲ့သခင်မ ဟွားဝေဝေ သွေးသစ္စာကျိန်ဆိုတယ် အစ်ကိုကျန်းလီအတွက်လက်စားချေဖို့ကိုစွန့်လွှတ်ပြီး အမှောင်ကျေးရွာကလူတွေကိုလည်း သိုင်းလောကထဲကိုလာဖို့တားမြစ်လိုက်မယ် ။

ဒါပေမယ့် နောက်ထပ်အနှစ်နှစ်ဆယ်နေရင် အမှောင်ကျေးရွာကလူတစ်ယောက်က သိုင်းလောကတစ်ခုလုံးကိုဖျက်ဆီးလိမ့်မယ် “

အမျိုးသမီးမှ သွေးတစက်စက်ကျနေသည့်လက်ကိုဆုပ်၍ တစ်လုံးချင်းပြောလိုက်သည် ။။

သူမ၏နက်ရှိုင်းအေးစက်သည့်စကားက သိုင်းလောကသားများ၏ရင်ထဲတွင်ပဲ့တင်ထပ်လျက်ရှိသည် ။

အထူးသဖြင့် သူမ၏နောက်ဆုံးစကားလုံးကိုကြပြီးနောက် သူတို့၏မျက်နှာထက်တွင်ထိတ်လန့်တုန်လှုပ်သည့်ဟန်များပေါ်ထွက်လာကြကာ အေးစိမ့်သွားသလိုခံစားလိုက်မိကြသည်။

ထို့နောက် အမျိုးသမီးမှာ ချာခနဲလှည့်ထွက်ကာ ဝေါယာဉ်ထဲသို့ပြန်ဝင်သွားတော့သည်။

အထမ်းသမားလေးယောက်သည်လည်း ဝေါယာဉ်ကိုထမ်းကာ တောင်ပေါ်မှမီးခိုးတန်းလိုလျှင်မြန်သည့်အရှိန်ဖြင့်ပျောက်ကွယ်သွားသည်။

သိုင်းဝိဇ္ဇာအဆင့်အဖိုးအိုတစ်ယောက်ကား ဝမ်းတ၏အလောင်းကိုထမ်းကာ ကျန်အဖိုးနှင့်အတူဝေါယာဉ်၏ဘေးတစ်ဖက်တစ်ချက်စီမှလိုက်ပါသွားတော့သည်။

ရှောင်လင်ကျောင်းထိုင်လည်း ပျောက်ကွယ်သွားသည့်အနက်ရောင်ဝေါယာဥ်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ ရှောင်လင်ဂိုဏ်းသားများကိုခေါ်၍ထွက်ခွာသွားတော့သည် ။

ထို့နောက် တောင်ပေါ်မှအလောင်းများကိုရှင်းလင်းနေသူများမှလွဲ၍ဒဏ်ရာရသူများ ၊ အင်အားစုများ မှာ တောင်ပေါ်မှ‌တသုတ်ပြီးတစ်သုတ်ဆင်းသွားတော့သည်။

သွေးလဖျက်ဆီးသူအဖွဲ့သားများကြားတွင် လွန်စွာလှပသည့်မိန်းကလေးတစ်ယောက်မှာ သူမ၏ခေါင်းလေးလှည့်၍ ဟိုကြည့်သည်ကြည့်လုပ်ကာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသည်။။

သူမနှင့်မလှမ်းကမ်းတွင် ဓားတစ်လက်ကိုသိုင်းလွယ်ထားသည့်လူရွယ်တစ်‌ယောက်ရှိနေကာ ထိုလူရွယ်မှာ ယခင်နဂါးစိမ်းဂိုဏ်းမှကျော်ကြားသည့်လူရွယ်တစ်ယောက်ဖြစ်သည် ။

လူရွယ်မှာ မိန်းမလှလေးဟန်အမူအယာကိုမြင်လိုက်ရပြီး သူ၏ရင်ထဲတွင်တဆက်ဆက်နာကျင်နေကာ အံကိုတင်းတင်းကြိတ်လိုက်ရင်း တောင်အောက်သို့ဆင်းသွားတော့သည် ။

‘ သူတို့ငယ်စဉ်စ၍ နှစ်ပေါင်းများစွာအတူရှိခဲ့သည်။ သူမနှင့်နီးစပ်စေရန်အချိန်တိုင်းကြိုးစားခဲ့ရသည် ။ သို့သော် ယခု သူမရှာဖွေနေသူကား အခြားလူတစ်ယောက်ဖြစ်သည်။ ‘

မိန်းမလှလေးသည်လည်း သူမရှာဖွေနေသူကိုတွေ့ပုံမရပေ။ တောင်ပေါ်တွင်ပင်လူအနည်းငယ်သာကျန်တော့သည် ။

‘ သူငါ့ကိုနောက်ဆုံးအနေနဲ့တောင် နှုတ်ဆက်မသွားဘူး ‘

သူမ၏နေရာတွင်တွေတွေကြီးရပ်နေကာ ဝိုင်းစက်သည့် မျက်လုံးလေးများထဲတွင် မျက်ရည်အချို့ရစ်ဝိုင်းနေသည်။

ထို့နောက် ကျလုဆဲဆဲမျက်ရည်စအချို့ကို အင်္ကျီစလက်စဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ ရပ်စောင့်နေသည့် သူမ၏ဖခင်အနီးသို့သွားလိုက်သည် ။

ချစ်ခြင်းတရားကား ဝေဒနာများကိုပေးစွမ်းစေသည်။

&&&&&&&

တောင်ဆင်းလမ်းတစ်နေရာတွင် အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးနှင့်အဖြူရောင်ဝတ်စုံဝတ်လူရွယ်သုံးယောက်ရှိနေသည်။။

ထင်းရှီမှာ သူ၏ညီအစ်ကိုများကိုနှုတ်ဆက်လမ်းခွဲခဲ့ပြီးဖြစ်ကာ ယခုသူ၏ဘေးတွင်ရပ်နေသည့် ထင်းရှောင်ယင်နှင့် သူ့ကိုကာကွယ်ခဲ့သည့်ဝတ်စုံဖြူဝတ်လူရွယ်နှစ်‌ယောက်သာကျန်တော့သည် ။

သူ၏ညီအစ်ကိုများနှင့်အချိန်ကြာမြင့်စွာအတူရှိလိုသော်လည်း သူ့ထံတွင်လုပ်စရာများစွာရှိသေးသလို သူ၏ညီနောင်များသည်လည်း ကိုယ့်ဘဝနှင့်ကိုယ်ဖြစ်သည် ။

ထာဝရမိတ်ဆွေကောင်းများမှာ တစ်ဘဝလုံးအတူရှိနေရန်မလိုအပ်ဘဲ တစ်ဦးကိုတစ်ဦးနှလုံးသားထဲတွင် သိမ်းဆည်းထားနိုင်လျှင်လုံလောက်ပြီဖြစ်သည် ။

“ ဒုတိယသခင်လေး တတိယသခင်မလေး ။ ကျုပ်တို့ကိုခွင့်ပြပါဦး “

ဝတ်စုံဖြူဝတ် လူရွယ်နှစ်ယောက်မှ ထင်းရှီကိုသာမက ထင်းရှောင်ယင်ကိုပါနှုတ်ဆက်လိုက်သည် ။

ထင်းရှီလည်း ပြုံးလျက် ထိုနှစ်ယောက်ကိုအသာခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် လူရွယ်နှစ်‌ယောက်လည်း မတူညီသည့်ဦးတည်ရာများသို့ လမ်းခွဲလျက်ထွက်သွားကြသည် ။ သူတို့လျှောက်ရမည့်ခရီးမှာ အဝေးကြီးကျန်နေသေးသည်။

ဝတ်စုံဖြူဝတ်လူရွယ်နှစ်ယောက်ထွက်သွားပြီးနောက် ထင်းရှီမှာ ထင်းရှောင်ယင်ကိုမချိုမချဉ်မျပ်နှာဖြင့်ကြည့်လိုက်သည် ။

သူမ၏မျက်နှာမှာ ရုပ်ဖျက်ထားသည်များကိုပယ်ဖျက်ပြီးဖြစ်၍ လွန်စွာလှပနေသည် ။ ထို့နောက် ထင်းရှီမှနူးညံ့စွာခေါ်လိုက်သည်။

“ ယင်ယင် နင် “

သူ၏စကားမဆုံးမီ ခါးနားဆီမှနာကျင်သည့်ခံစားမှုနှင့်အတူ ထင်းရှောင်ယင်၏စကားသံထွက်ပေါ်လာသည်။။

“ နင်ငါ့ကိုနှင်လွှတ်တော့မလို့လား။ ပြီးရင် အရှေ့ပိုင်းကနင့်ကောင်မဆီသွားရှာမလို့ပေါ့ “

ထိုမိန်းကလေးမှာ သူမ၏ဗိုက်ထဲတွင် ပုဏ္ဍားလေးရှိနေသလို သူ၏အတွေးများကိုခန့်မှန်းနိုင်သည်။

ထင်းရှီလည်း စပ်ဖြဲဖြဲလုပ်ကာ သူ၏ဝမ်းဗိုက်ကိုလိမ်ဆွဲထားသည့်လက်လေးကိုအသာဖြည်လိုက်သည်။

“ နင်ကလည်း ငါစံအိမ်သခင်ဖြစ်နေပါပြီဟ ငါစံအိမ်ကိုသေချာပေါက်ပြန်လာမှာပါ။ ငါပြန်မလာခင်တော့ နင်ဆရာ့ကိုဂရုစိုက်ထားဟုတ်ပြီလား “

သူ၏စကားကြောင့် ထင်းရှောင်ယင်၏မျက်နှာမှာ ပျော့ပြောင်းသွားကာ သူ၏ဝမ်းဗိုက်အားလိမ်ဆွဲထားသည့်လက်ကိုဖြေပေးလိုက်သည်။

“ ကောင်းပြီ နင်အကြာကြမနေခဲ့နဲ့ ငါတို့ရဲ့အသက်တွေကငယ်တော့တာမဟုတ်ဘူး “

ထိုစကားများကို ပြောနေစဉ် သူမ၏လေသံမှာပို၍တိုးသွားကာ သူ၏ဦးခေါင်းသည်ငုံ့သွားသည်။

ထင်းရှီမှာ မိန်းကလေးများနှင့်အနေများ၍ သူမ၏ဆိုလိုရင်းကိုနားလည်သည် ။ ထို့ကြောင့် ပြုံးရွှင်သည့်မျက်နှာဖြင့်ကတိပေးလိုက်သည်။

“ ကောင်းပြီ ငါအမြန်ဆုံးပြန်လာခဲ့မယ် “

ထင်းရှီမှ သူ၏လက်သန်းကို သူမ၏လက်သန်းဖြင့်ချိတ်ကာ ကတိပေးလိုက်သည် ။

ထင်းရှောင်ယင်၏မျက်နှာမှာ ဝင်းပသွားကာ လွန်စွာလှပသည့်အပြုံးတစ်ခုလည်းပေါ်ထွက်လာသည်။

“ အဲ ငါ ငါ ပြန်လာရင် ယွင်အာကိုလည်းခေါ်လာလို့ရမလား “

ထင်းရှီ၏နောက်ဆက်တွဲစကားကြောင့် သူမ၏မျက်မှာထက်မှအပြုံးများပျောက်ကွယ်သွားသည်။

“ သူ့ကိုခေါ်မလာနဲ့ နင်လည်းဒီတစ်သတ်ဓားစံအိမ်ကိုပြန်မလာနဲ့တော့ “

ထင်းရှောင်ယင်မှာ ‌‌ ခြေတစ်ချက်ဆောင့်၍ စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်သွားသည် ။

ထင်းရှီလည်း သူမ၏စိတ်ဆိုးစိတ်ကောက်မှုများနှင့်ရင်းနှီးနေကာ သူ၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာကာ သူမ၏နောက်သို့ ပြေးလိုက်သွားတော့သည် ။

“ ယင်ယင် နေပါဦး နင်သူ့ကိုလည်း ရှောင်ရှောင့်လိုမျိုးခင်မှာပါ သူကချစ်စရာကောင်းတယ်လေ နင်သူနဲ့ရင်းနှီးသွားမှာပါ “

တောင်ဆင်းလမ်းတစ်လျှောက်ထင်းရှီ၏အသံမှာ ပျံ့လွင့်လျက်ရှိသည် ။

လမ်းတစ်လျှောက်မှ သိုင်းလောကသားများမှာ တကြော်ကြော်အော်ဟစ်ကာ မိန်းကလေးယောက်၏နောက်မှပြေးလိုက်နေသည့် သူတို့၏သူရဲကောင်းကြီးကိုကြည့်ကာ မယုံကြည်နိုင်သလိုပင်ဖြစ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ သိုင်းလောကသားများလည်း တစ်မနက်ထဲတွင်ဖြစ်ပျက်သွားသည့်အဖျက်အပျက်ပေါင်းစုံကိုတွေးမိကာ ခံစားချက်မျိုးစုံဖြစ်နေကြပေမည် ။

ယနေ့ကျုံးဟွာတောင်တိုက်ပွဲတွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူများကား သူတို့၏သားမြေးများအထိ အိပ်ယာဝင်ပုံပြင်များအဖြစ်ပြန်ပြောင်းပြောကြလိမ့်မည်ဖြစ်သည် ။

သူတို့၏စိတ်ထဲတွင်စွဲထင်နေမည်ကား နှင်းငွေ့မိစ္ဆာသခင်၏ကြောက်မက်ဖွယ်သိုင်းပညာနှင့် ပြိုင်ဘက်ကင်းအတွင်းအားများ၊ ခရမ်းရောင်သွေးလဂိုဏ်း၏ထိပ်သီးများ ၊ နှင်းငွေ့မိစ္ဆာသခင်ကိုတားဆီးခဲ့သူသိုင်းဝိဇ္ဇာများနှင့် နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူနိုင်ခဲ့သည် အဖြူရောင်သွေးမိစ္ဆာတို့ဖြစ်ပေမည် ။

ထို့အပြင် အမှောင်ကျေးရွာမှကြောက်မက်ဖွယ်အနက်ရောင်ဝေါယာဉ်နှင့် ရှောင်လင်ဂိုဏ်းချုပ်ကြီး၏ပြိုင်ဘက်ကင်းသိုင်းပညာသည်လည်း မပါမဖြစ်ပင် ။

ထိုတိုက်ပွဲပြီးနောက် အဖြူရောင်သွေးမိစ္ဆာထင်းရှီမှာ ပထမဓား ဟူသည့်နာမည်ဖြင့်သိုင်းလောကတစ်ခုလုံးကျော်ကြားသွားတော့သည်။

သိို့သော် ထိုလူမှာ သိုင်းလောကထဲသို့ ထူးဆန်းစွာဝင်ရောက်လာကာ ထူးဆန်းစွာပင်တိတ်တဆိတ်ပျောက်ကွယ်သွားတော့သည် ။

မည်သို့ပင်ဖြစ်စေ သိုင်းလောကထဲသို့ ဓားတစ်လက်ဖြင့်အထီးကျန်စွာဝင်ရောက်လာသည့် ‘ ပထမဓား ‘ ဆိုသည့်လူတစ်ယောက်၏ သိုင်းပုံပြင်မှာ သိုင်းလောကသားများ၏ရင်ထဲတွင် နှစ်ပေါင်းများစွာကြာသည်အထိစွဲထင်ကျန်ရစ်ခဲ့ပေမည်။

×××××××××××××××

ပြီးပါပြီ

All Chapters