နောက်ဆက်တွဲများ ၁ ၊ ၂ ၊ ၃
Vol. 3 Ch. Extra
နောက်ဆက်တွဲများ
×××
တောင်ပေါ်မှဆင်းမည်ပြုနေသည့်လူတစ်စုကို လူငယ်တစ်ယောက်မှ လမ်းပိတ်ရပ်လိုက်သည် ။
ထိုလူစုမှာ သွေးလဖျက်ဆီးသူအဖွဲ့ဟုသိကြသည့် နဂါးစိမ်းဂိုဏ်းချုပ်နှင့် မိန်းမလှလေးတစ်ယောက် ဂိုဏ်းထိမ်းကြီးခြောက်ယောက်အပါအဝင် နဂါးစိမ်းဂိုဏ်းခွဲမှူးများဖြစ်ကြသည် ။
ထိုလူများမှာ သူတို့၏လမ်းတွင်ပိတ်ရပ်လာသည့်လူရွယ်ကို မေးခွန်းထုတ်ဟန်ဖြင့်ကြည့်လိုက်ကြသည်။
ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော်သာရှိသေးကာ ကြဲ့ခိုင်သန်မာဟန်ရသော်လည်း သူ၏ဦးခေါင်းတစ်ခုလုံးတွင် ဆံပင်တစ်မျှင်မှမရှိဘဲပြောင်ချောနေသည် ။
လူငယ်မှာ ထူးဆန်းသည့်သွင်ပြင်ရှိသည့်အပြင် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အင်္ကျီလက်စနှစ်ဖက်တွင် သေးငယ်သည့်နဂါးတစ်ကောင်စီကို အဖြူရောင်ချည်ဖြင့်ထိုးထားသည် ။
မိန်းမလှလေးမှာ လူငယ်အားမြင်သည်နှင့်အနည်းငယ်အံ့အားသင့်သွားပုံရသည် ။
“ မိန်းမလှလေး ကျုပ်တို့တွေ့ကြပြန်ပြီ “
လူငယ်မှ ပြုံး၍ မိန်းမလှလေးကိုလက်ပြလိုက်သည် ။
“ လုံချန်ဟိုင် “
မိန်းကလေးထံမှရေရွတ်သံထွက်ပေါ်လာသည်။။သူတို့နှစ်ဦးမှာ ကျန်းနန်မြို့တွင်တစ်ကြိမ်သာဆုံဖူးသော်လည်း လူငယ်၏ထူးခြားသည့်သွင်ပြင်ကြောင့် သူမမှတ်မိနေခြင်းဖြစ်သည်။
“ ရော့ စောစောကတွေ့ခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်က ဒါကိုအပေးခိုငလိုက်လို့ “
လုံချန်ဟိုင်မှ ပြုံးစိစိမျက်နှာဖြင့် သွမ့်ရှင်းရှောင်ကို စာရွက်တစ်ရွက်ကမ်းပေးလိုက်သည်။
ထင်းရှောင်ယင်လည်း စာရွက်ကိုလက်ခံလိုက်ပြီး
ချက်ခြင်းပင်ဖွင့်ကြည့်လိုက်သည် ။
ချက်ခြင်းပင်သူမ၏မျက်လုံးလေးများဝိုင်းစက်သွားကာ ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိသည်။
ထို့နောက် သူမ၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သည့်အမူအယာပေါ်ထွက်လာကာ လုံချန်းဟိုင်ကိုအလျှင်အမြန်မေးလိုက်သည်။
“ သူ သူကဘာမှာလိုက်သေးလဲ “
သူမ၏အလောတကြီးမေးခွန်းကိုလုံချန်ဟိုင်မှ ပခုံးတွန်ကာခေါင်းယမ်းပြလိုက်သည် ။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည်။
“ သူနဲ့တွေ့တာက ခရီးသွားဟန်လွဲတိုက်ဆိုင်သွားတာပဲ ငါက ဒီကလူကြီးမင်းဆီကိုလာခဲ့တာ “
လူံချန်ဟိုင်မှ အဖြူရောင်ဝတ်စုံနှင့်နဂါးစိမ်းဂိုဏ်းချုပ်ကိုကြည့်ကာပြောလိုက်သည် ။
“ ကျုပ် ခင်ဗျားဆီက နဂါးကြေးခွံဓားနဲ့ နဂါးစိမ်းဓားသိုင်းကြောင့်လာခဲ့ရတာပဲ “
လူငယ်၏စကားကြောင့် သွေးလဖျက်ဆီးသူအဖွဲ့မှလူများလှုပ်လှုပ်ရှားရှားဖြစ်သွားသလို ဂိုဏ်းထိန်းကြီးခြောက်ယောက်သည်လည်း အံ့အားသင့်သွားရသည်။။
သိုင်းလောကထဲမှလူများ နဂါးစိမ်းဓားဟု သိထားသည့်ဓားမှာ အမှန်တော့ နဂါးကြေးခွံဓားဖြစ်ကာ ထိုအကြောင်းကိုသိရှိသူမှာ လက်ချိူးရေ၍ပင်ရသည် ။
ယခုထိုလူငယ်မှာ ထိုဓားအကြောင်းကိုသိနေရုံသာမက နဂါးစိမ်းဓားသိုင်းအတွက်ဟုပင်ဆိုနေသည် ။
“ မင်းကဘယ်သူလဲ “
အဖြူအဖြူရောင်ဝတ်စုံနှင့်နဂါးစိမ်းဂိုဏ်းချုပ်မှမေးလိုက်သည်။။
သူ၏စကားကြောင့် လူငယ်မှာ အစောပိုင်းကလိုမဟုတ်ဘဲ လေးနက်သည့်ပုံစံသို့ပြောင်းလဲသွားကာ စူးရှသည့်မျက်လုံးများဖြင့်အကဲခပ်ရင်းပြောလိုက်သည် ။
“ နဂါးစိမ်းဓားသိုင်းက ကျုပ်တို့ရဲ့ဘိုးဘွားပိုင်ဓားသိုင်းတစ်ခုပဲ ။ ကျုပ်တို့မိသားစုက မျိုးရိုးနာမည်လီဆိုတဲ့ သိုင်းသမားတစ်ယောက်က နဂါးကြေးခွံဓားနဲ့အတူသိုင်းလောကထဲကိုဆင်းသွားပြီးပြန်ရောက်မလာခဲ့ဘူး ။
အဲဒါခင်ဗျားနဲ့ပတ်သတ်နေသလား “
လူငယ်၏စကားကြောင်ပ နဂါးစိမ်းဂိုဏ်းချုပ်၏မျက်ခူံးများစုကြုံ့သွားကာ တစ်စုံတစ်ရာကိုစဉ်းစားနေဟန်ရသည်။
လူငယ်လည်း နဂါးစိမ်းဂိုဏ်းချုပ်၏မျက်နှာထင်မှပြောင်းလဲမှုများကိုဂရုတစိုက်အကဲခပ်နေသည် ။
သူတို့ပြောဆိုနေသည့်အကြောင်းအရာများကို ဂိုဏ်းထိမ်းကြီးများသာမက နဂါးစိမ်းဂိုဏ်းချုပ်၏သမီးဖြစ်သည့်သွမ့်ရှင်းရှောင်ပင်နားမလည်ပေ ။
ထို့နောက် အတန်ကြာမှနဂါးစိမ်းဂိုဏ်းချုပ်မှခေါင်းညိမ့်ကာ လူငယ်ကိုပြောလိုက်သည်။
“ ကောင်းပြီ ငါအဲဒီအကြောင်းကိုရှင်းပြမယ် ငါနဲ့ခဏလမ်းလျှောက်ထွက်ရအောင် “
နဂါးစိမ်းဂိုဏ်းချုပ်မှလူရှင်းသည့်နေရာတစ်ခုကိုဦးတည်၍သွားလိုက်သည် ။
လုံချန်ဟိုင်လည်း အပြုံးမျက်နှာရှိနေသော်လည်း လေးနက်သည့်ဟန်ဖြင့် နဂါးစိမ်းဂိုဏ်းချုပ်၏နောက်သို့လိုက်ပါသွားတော့သည်။။
သွေးလဖျက်ဆီးသူအဖွဲ့မှလူများမှာ သူတို့၏ခေါင်းဆောင်မှ လျှို့ဝှက်သည့်အကြောင်းအရာများကိုပြောဆိုမည့်အတွက် သူတို့လိုက်ပါမသွားဘဲ ထိုနေရာတွင်ရပ်နေခဲ့ကြသည်။
သွမ့်ရှင်းရှောင်မှာမူ လုံချန်ဟိုင်ပေးခဲ့သည့်စာရွက်ကိုထပ်၍ဖြန့်ကြည့်လိုက်သည် ။
ထိုစာရွက်မှာ တစ်ပေပတ်လည်အရွယ်အစားရှိကာ စာရွက်ပေါ်တွင် မိန်းကလေးတစ်ယောက်၏ပုံတူပန်းချီရှိသည် ။
သို့သော် ထိူမိနကလေး၏မျက်နှာမှာ သွမ့်ရှင်းရှောင်မဟုတ်ဘဲ သာမန်ရုပ်ရည်ဖြင့်ကြည်လင်ဝိုင်းစက်သည့်မျက်လုံးများပိုင်ရှင်မိန်းကလေးဖြစ်သည်။။
ထိုမိန်းကလေးမှာ လွတ်လပ်ပေါ့ပါးသည့်ဟန်ဖြင့်ရယ်မောလျက်ရှိကာ လွန်စွာအသက်ဝင်လှသည်။။
ပုံတူပန်းချီ၏အောက်ဆုံးတွင်မူ ရှောင်ရှောင့်အတွက်လက်ဆောင်ဆိုသည့်စာလေးတစ်ကြောင်းသာပါက ပုံဆွဲသူကိုလက်မှတ်ထိုးမထားပေ ။
သို့သော် သွမ့်ရှင်းရှောင်မှာ ထိုပုံတူပန်းချီမည်သူဆွဲသည်ကို သေချာပေါက်သိရှိကာ သူမ၏နှုတ်ခမ်းလေးများ လှပစွာကွေးညွတ်သွားသည် ။
“ ရှင်စောင့်နေပါ ကျမရှင့်ဆီကိုရောက်အောင်လာခဲ့မှာ “
သွမ့်ရှင်းရှောင်မှ တီးတိုးရေရွတ်လိုက်သည် ။
&&&&&&&&
မည်းမှောင်နေသည့်မြေအောက်ခန်း
အပြင်ဘက်မှဝင်ရောက်လာသည့် အလင်းရောင်ကြောင့် အထဲတွင်ဝိုးတဝါးမြင်နေရသည် ။
ထိုမြေအောက်ခန်းမှာ အကျဉ်းခန်းဟုပြောရပေမည် ။ အခန်းထဲတွင် သံတိုင်များကာရံထားသည့်အခန်းငယ်ရှစ်ခုခန့်ရှိသည်။။
သို့သော် အခန်းတစ်ခုထဲတွင်သာ လူရှိပြီးကျန်အခန်းများမှာ ဗလာဖြစ်နေသည် ။
ထိုအခန်းထဲတွင်မူ ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်ရှိနေကာ မိန်းကလေးမှာ ကောက်ရိုးခင်းထားသည့်အိပ်ယာထက်တွင်ကွေးကွေးလေးလဲလျောင်းနေသည်။
အကျဉ်းခန်းတွင်အစောင့်ဟူ၍တစ်ယောက်မှမရှိသော်လည်း မိန်းကလေးမှာထွက်မပြေးနိုင်ပေ ။
သူမနေ့စဉ်စားသည့်အစားအသောက်များထဲတွင် အားပျော့ဆေးများခပ်ထားသည့်အတွက် အတွင်းအားစုစည်းမရသည့်အပြင် ပြင်ပခွန်အားများပါပျောက်ကွယ်နေသည် ။
မိန်းကလေး၏မျက်လုံးများမှာ ကြည်လင်တောက်ပလျက်ရှိကာ သူမ၏မျက်နှာသည်လည်းချောမောလှပပေသည် ။
သို့သော် ယခုအချိန်တွင် သူမ၏မျက်ခုံးနှစ်ဖက်ကိုစုကြုံထားကာ တစ်စုံတစ်ရာကိုအပြင်းအထန်စဉ်းစားလျက်ရှိသည် ။
ပုံမှန်ဆိုလျှင် ထိုအကျဉ်းခန်းကို အဆင့်လွန်သိုင်းထိပ်သီးလေးယောက်မှခြောက်ယောက်အထိစောင့်ကြပ်ကာ အခြားအကျဉ်းခန်းများထဲတွင်လည်းလူအနည်းငယ်ရှိသည်။
ပြီးခဲ့သည့်နှစ်ရက်ခန့်က ထိုအကျဉ်းခန်းများထဲရှိလူများကို ထုတ်ကာ တစ်နေရာသို့ခေါ်ဆောင်သွားကြသည် ။ထို့နောက် ထိုလူများနောက်ထပ်တစ်ကြိမ်ပြန်ရောက်မလာတော့ပေ။
ထို့အပြင် အစောင့်သိုင်းသမားများနှင့် ဤနေရာတစ်ခုလုံးရှိသိုင်းထိပ်သီးများမှာ တစ်ယောက်မကျန်ထွက်ခွာသွားကြကာ ယခုနေရာတွင်တစ်ယောက်မှမကျန်တော့ပေ။
မိန်းကလေးမှာ ယခုနေရာကိုကောင်းစွာရင်းနှီးသည်။ ဤသည်မှာ ခရမ်းရောင်သွေးလဂိုဏ်း၏လျှို့ဝှက်စခန်းဖြစ်ကာ သစ္စာရှိထိပ်တန်းအဆင့်ဂိုဏ်းသားများသာသိရှိသည့်နေရာဖြစ်သည်။
ယခုအကျဉ်းခန်းသည်လည်း သစ္စာဖောက်ဂိုဏ်းသားများကိုချုပ်နှောင်သည့်နေရာဖြစ်သည် ။
ထိုအကျဉ်းခန်းမှာ ပြန်လမ်းမဲ့နေရာဟု ဂိုဏ်းဝင်များအကြားနာမည်ကျော်ကာ သစ္စာဖောက်များမှာ ကိုယ့်ကိုယ်ကို သတ်သေချင်သည့်တိုင်မသေရဘဲ အဆုံးမရှိသည့်ညှမ်းပန်းနှိပ်စက်မှုများကိုနေ့စဉ်ရက်စက်ရသည့်နေရာဖြစ်သည် ။
ကြမ်းတမ်းရက်စက်သည့်နေရာမျိုးတွင် အကျဉ်းကျနေသည့်တိုင် မိန်းကလေးမှာ အေးအေးသာသာနေနိုင်သည်မှာ အနည်းငယ်ထူးဆန်းသည်။
သို့သော် မိန်းကလေး၏အကြောင်းနှင့် သူမ၏ထူးခြားသည့်အနေအထားကိုသိရှိလျှင်ကား များစွာအံ့အားသင့်ကြတော့မည်မဟုတ်ပေ ။
“ ဒီအချိန်ဆို သူတို့ပြန်ရောက်ဖို့ကောင်းနေပြီ မဟုတ်မှလွဲရော “
မိန်းကလေးမှာ တစ်ဦးတည်းတွေးတောနေရင်း သူမ၏မျက်လုံးများတောက်ပသွားသည် ။
“ သေသင့်တယ် နင်တို့အားလုံးတစ်ယောက်မကျန်သေလေကောင်းလေပဲ “
မိန်းကလေးမှ အံကြိတ်၍အေးစက်စက်ရေရွတ်လိုက်သော်လည်း တခဏအကြာတွင် သူမ၏မျက်ဝန်းထဲမှမျက်ရည်များစီကျလာကာ လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
“ ဝုန်း.... “
တံခါးဖွင့်သည့်အသံနှင့်အတူ တောက်ပသည့်အလင်းရောင်အချို့မှာ အကျဉ်းခန်းထဲသို့ဝင်ရောက်လာသည် ။
“ လျှပ် လျှပ် “
ဖြေးညင်းစွာလျှောက်လာသည့်ခြေသံမှာ မိန်းကလေး၏အခန်းဝတွင်ရပ်တန့်သွားသည် ။
မိန်းကလေးမှာ သိလိုစိတ်ကြောင့်ခေါင်းမော့၍ကြည့်လိုက်သည် ။ သံတိုင်များရှေ့တွင်ရပ်နေသူမှာ သူမထင်ထားသလို ခရမ်းရောင်ဝတ်စုံဖြင့်လူများမဟုတ်ဘဲ အနက် ရောင်ဝတ်ရုံရှည်ကြီးကို တစ်ကိုယ်လုံးလုံအောင်ခြုံထားသည့်လူတစ်ယောက်ဖြစ်သည် ။
ဝတ်ရုံမှကြီးမားသည့်ခေါင်းစွပ်နက်ကြီးကို စွပ်ထသဖြင့် ထိုလူ၏မျက်နှာကိုပင်မမြင်ရပေ။
“ ဂျိုင်း..... “
အနက်ရောင်ဝတ်စုံနှင့်လူမှ အကျဉ်းခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
သော့မပါလျှင် အဆင့်လွန်သိုင်းသမားများပင်အတင်းအကြပ်ဖွင့်၍မရနိုင်သည့်သံတံခါးမှာ ဝတ်ရုံနက်၏လက်ချက်ကြောင့်ပွင့်ဟသွားသည် ။
“ ငါ့နောက်ကိုလိုက်ခဲ့ “
ဝတ်ရုံနက်မှ အေးစက်သည့်လေသံဖြင့်ပြောကာ ထွက်ခွာသွားသည်။။
မိန်းကလေးလည်းအံ့ဩသည့်မျက်နှာအမူအယာဖြင့်ရှိနေကာ ခွန်အားကင်းမဲ့နေသော်လည်း ကြိုးစားကာ ထရပ်လိုက်သည် ။
ထို့နောက် ယိုင်နဲ့နေသည့်ခြေလှမ်းများဖြင့်အကျဉ်းခန်းထဲမှထွက်ကာ မြေအောက်ခန်းတံခါးပေါက်သို့ရောက်သွားသည် ။
တံခါးဝသို့ရောက်သည်နှင့်တောက်ပသည့်အလင်းရောင်များသူမ၏မျက်စေ့ထဲသို့တိုးဝင်လာသည့်အတွက် မျက်လုံးကိုလက်ဖြင့်ကာကာ အပြင်သို့ထွက်လိုက်သည်။
လမ်းကျဉ်းလေးတစ်လျှောက်လွန်စွာရှားပါးသည့်ညလင်းပုလဲများရှိနေကာ အမှောင်ထဲတွင်နေသားကျနေသည့်သူမအဖို့မျက်စေ့စူးနေသည်။
ဝတ်ရုံနက်မှာ လမ်းကျဉ်းလေး၏အဆုံးရှိတံခါးပေါက်တစ်ခုအနီးတွင်ရပ်စောင့်နေသည် ။
လမ်းတစ်လျှောက်ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများကိုတစ်ယောက်မှမတွေ့ရသည်မှာ အနည်းငယ်ထူးဆန်းပေသည် ။ သူမ၏အတွေးအတိုင်း......
“ ခရမ်းရောင်သွေးလဂိုဏ်းကလူတွေရော “
မိန်းကလေးမှ ဝတ်ရုံနက်အနီးသို့လျှောက်လာကာ မေးလိုက်သည်။
ဝတ်ရုံနက်မှာ ရေခဲတုံးတစ်ခုလိုအေးစက်နေကာ သူ၏ခန္တာကိုယ်မှ ထူးခြားသည့်အနံ့များလည်းထွက်ပေါ်နေသည် ။
ဝတ်ရုံနက်ဆီမှအဖြေမကြားရသဖြင့် မိန်းကလေးလည်း ထပ်၍မေးလိုက်သည်။
“ သူတို့ အစီအစဉ်ကြီးကိုစပြီးပြီလား “
ယခုတစ်ကြိမ်တွင် ဝတ်ရုံနက်မှမိန်းကလေးအားစိုက်ကြည့်လိုက်သည်။ ဝတ်ရုံအောက်မှမျက်နှာကိုမမြင်ရသော်လည်း စူးရှသည့်မျက်လုံးများမှာ မိန်းကလေးကိုအေးစက်စွာစိုက်ကြည့်နေသည်။
“ သူတို့အားလုံးသေကုန်ကြပြီ ခရမ်းရောင်သွေးလဂိုဏ်းလည်းပျက်စီးသွားပြီ “
ဝတ်ရုံနက်၏အဖြေကြောင့် မိန်းကလေး၏မျက်လုံးများဝိုင်းစက်သွားကာ မယုံကြည်နိုင်သည့်အမူအယာပေါ်လာသည်။
“ မဖြစ်နိုင်တာ နှင်းငွေ့မိစ္ဆာသခင်တောင်မှ “
မိန်းကလေး၏စကားမဆုံးမီ ဝတ်ရုံနက်မှဖြတ်ပြောလိုက်သည်။
“ အခု ဒီနေရာကထွက်သွားတော့ မင်းရဲ့ဘဝတစ်လျှောက်လုံး ဒီနေရာနဲ့ပတ်သတ်ပြီး တစ်လုံးမှပြောစရာမလိုဘူး ဒါဆိုရင် မင်းအပြင်ဘဝမှာ အေးအေးချမ်းချမ်းနေနိုင်လိမ့်မယ် “
ဝတ်ရုံနက်၏အေးစက်စက်စကားက မိန်းကလေး၏အတွေးများကိုခေတ္တပျက်တောက်သွားစေကာ သူမ၏အမူအယာရှုပ်ထွေးသွားသည်။ထို့နောက်ခေါင်းညိမ့်လိုက်သည် ။
“ ကောင်းပြီ ကျမသဘောတူတယ် “
သူမ၏စကားဆုံးသည်နှင့်ဝတ်ရုံနက်မှ နံရံမှခလုပ်တစ်ခုကိုဖိချလိုက်သည် ။
သူမတို့၏ရှေ့ရှိ ထူထဲသည့်ကျောက်သားတံခါးကြီးမှာ တဝုန်းဝုန်းမည်၍ပွင့်သွားကာ ပြင်ပမှအလင်းရောင်များတိုးဝင်လာသည် ။
ဤသည်မှာ မြေအောက်နန်းဆောင်၏ထွက်ပေါက်တစ်ခုဖြစ်သည်ကို သူမသိထားသည် ။
မိန်းကလေးလည်းအသက်ပြင်းပြင်းရှုလိုက်ကာ ဝတ်ရုံနက်နှင့် မြေအောက်နန်းဆောင်ကိုတစ်ချက်ပြန်ကြည့်လိုက်သည် ။
ထို့နောက် နောက်တွန့်ခြင်းမရှိဘဲ အားနည်းနေသည့်ခြေလှမ်းများဖြင့် ကျောက်သားလှေကားထစ်များအတိုင်းအပြင်ဘက်သို့ထွက်သွားသည် ။
အပြင်ဘက်မှာ တောအုပ်ကြီးတစ်ခုထဲသို့ရောကိနေခြင်းဖြစ်ကာ မြေအောက်နန်းဆောင်ရှိသည့်ဘက်မှာ ကျောက်တောင်ကြီးတစ်ခုအောက်ဖြစ်သည် ။
အချိန်အနည်းငယ်ကြာသည်နှင့် ကြောက်မက်ဖွယ်တဝုန်းဝုန်းမည်သံကြီးများထွက်ပေါ်လာကာ ကျောက်တောင်ကြီးပင်လှုပ်ရှားသွားသည်ဟုထင်ရသည်။။
မိန်းကလေးမှာ သူမလာခဲ့သည့်ထွက်ပေါက်သို့ပြန်လှည့်၍အပြေးသွားလိုက်သော်လည်း လှေကားထစ်များအဆုံးတွင် ကျောက်သားများဖြင့်
ပြည့်လျက်ရှိကာ မြေအောက်နန်းဆောင်၏ထွက်ပေါ်မှာ ပိတ်ဆို့သွားသည်။
ကျန်ထွက်ပေါက်များသည်လည်းထိုနည်းတူပင်ဖြစ်သည်။
မိန်းကလေးလည်း အချိန်အတန်ကြာရပ်တန့်နေပြီးနောက် လေးကွေးသည့်ခြေလှမ်းများဖြင့် ကျောက်တောင်ကြီးကို ကျောခိုင်းလာခဲ့တော့သည်။
ခရမ်းရောင်သွေးလဂိုဏ်း၏ခမ်းနားလှသည့်မြေအောက်နန်းဆောင်မှာ လုံးဝပျက်စီးသွားပြီဖြစ်သည် ။
ထို့အတူမြေအောက်နန်းဆောင်နှင့် ဝတ်ရုံနက်လူထူးဆန်းတို့မှာ ကျောက်တောက်ကြီး၏အောက်တွင် ထာဝရမြုပ်နှံခံလိုက်ရပြီဖြစ်သည်။
-------------------------------------------------&
နောက်ဆက်တွဲများ(၂)
×××
စိမ်းစိုနေသည့်တောင်တန်းကြီး
တောင်တန်းတစ်လျှောက် သစ်ပင်ကြီးများပေါများကာ အုံ့မှိုင်းလျက်ရှိသည် ။
တောင်ထိပ်တွင်တော့ အဆောက်အဦးများစွာရှိကာ အလယ်ပိုင်းဒေသ၏ဂိုဏ်းကြီးခြောက်ဂိုဏ်းအနက် အော့မေ့ဂိုဏ်း၏ပိုင်နက်ဖြစ်သည် ။
မှန်ပေသည် ။ ဤတောင်တန်းကြီးမှာ သိုင်းလောကတွင်မသိသူမရှိသည့်အော့မေ့ဂိုဏ်းတည်ရှိရာတောင်ပင်ဖြစ်သည်။
တောင်တန်းကြီး၏တစ်နေရာချောက်ကမ်းပါးထိပ်တွင် လေတဟူးဟူးတိုက်ခတ်နေသည် ။
ထိုနေရာမှာ ဂိုဏ်းနှင့်အတော်လှမ်းသည့်အပြင် သာမန်အချိန်များတွင်ပင် ဂိုဏ်းသို့လူသူအရောက်အပေါက်နည်းသဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ချောင်ကမ်းပါး၏အရှေ့တွင် အသစ်စက်စင်မြေပုံတစ်ခုရှိကာ ထိုမြေပုံမှာ မေ့ဂိုဏ်းသို့လာရောက်တိုက်ခိုက်ခဲ့သည့်ခရမ်းရောင်သွေးလဂိုဏ်း၏အဆိပ်ဘုရင်ကိုမြုပ်နှံထားသည်။
ဤသည်မှာ ဂိုဏ်းချုပ်ဖြစ်သူ ကျောက်စိမ်းမျက်နှာရသေ့မဖုန်းရှန်းယင်၏အမိန့်ဖြစ်ကာ အော့မေ့ဂိုဏ်းဝင်များလည်း စောဒကမတတ်ရဲဘဲ ဂိုဏ်းချုပ်ခိုင်းစေသည့်အတိုင်း ထိုနေရာတွင်မြုပ်နှံထားခြင်းဖြစ်သည်။
မြေပုံ၏ရှေ့တွင် ရသေ့မဝတ်စုံကိုဝတ်ဆင်ထားသည့်အဖွားအိုတစ်ယောက်ရှိနေကာ သူမ၏မျက်နှာမှာ အရေးအကြောင်းများထင်ဟပ်နေသော်လည်း တောက်ပသည့်မျက်လုံးများနှင့် လှပသည့်မျက်နှာကျပုံစံတို့ကသူမငယ်စဉ်ကလွန်စွာချောမောခဲ့မည်ကိုသိရှိနိုင်သည် ။
အဖွားအိုမှာ ထိုနေရာတွင်လာရောင်စောင့်လျက်ရှိသည်မှာ ယနေ့အပါအဝင်ခုနစ်ရက်အထိရှိပြီဖြစ်သည်။
သူမ၏မျက်နှာမှာ ပကတိအေးချမ်းနေကာ လေတဟူးဟူးတိုက်ခတ်လျက်ရှိသည့်ချောက်ကမ်းပါးကြီးကိုငေးကြည့်နေသည်။
ရုတ်တရက်
“ ဖျော ဖျော “
အဆိပ်ဘုရင်အဖိုးအိုကိုမြုပ်နှံထားသည့်မြေပုံမှာ မြေစာများလှုပ်ရှားလာသည် ။ထို့နောက် ကျယ်လောင်သည့်အသံကြီးတစ်ခုလည်းပေါ်ထွက်လာသည် ။
“ ဝုန်း.... “
မြေသားများလွင့်စင်ထွက်သွားကာ မြေပုံအောက်မှ အသက်ခြောက်ဆယ်ကျော်အဖိုးအိုတစ်ယောက်လွင့်ထွက်လာသည်။
အဖိုးအိုမှာ လေထဲတွင်ဝါးနှစ်ရိုက်အမြင့်ထိမြင့်တက်ကာ မြေပြင်ပေါ်သို့ပေါ့ပါးစွာကျဆင်းလာသည်။
အဖိုးအို၏ကိုယ်ဖော့ပညာမှာ အံ့အားသင့်ဖွယ်ကောင်းသော်လည်း သူ၏တစ်ကိုယ်လုံးပေကျံနေကာ သူ၏ရုပ်သွင်ပင်မပေါ်ထွက်လာတော့ပေ ။
သို့သော် အဖိုးအို၏ဉာဏ်များကောက်ကျစ်ဟန်ရသည့်မျက်လုံးများမှာ တလက်လက်တောက်ပနေသည်။
“ ဟီး ဟီး အစ်မကြီး ကျုပ်မထင်မှတ်ထားဘဲ ပညာရပ်တစ်ခုကိုလေ့ကျင့်ရင်း ရက်နည်းနည်းနောက်ကျသွားတယ် “
အဖိုးအိုမှ သူ၏ဝတ်စုံမှဖုန်မှုန့်များကိုခါကာ အဖွားအို၏အနီးသို့လျှောက်လာလိုက်သည်။
အဖွားအိုလည်းချောက်ကမ်းပါးကိုငေးကြည့်နေရာမှအကြည့်လွှဲကာ အဖိုးအိုကိုစူးစိုက်ကြည့်ရင်းအေးစက်စက်ပြောလိုက်သည်။
“ ဒါဆိုလဲ မြန်မြန်ထွက်သွား နင်ငါတို့ဂိုဏ်းအနီးမှာရှိနေတာ ငါမကြိုက်ဘူး ။ နောက်ပြီး သိုင်းလောကထဲကိုလည်းနောက်ထပ်ခြေမချနဲ့တော့ “
သူမ၏စကားကြောင့် အဖိုးအို၏မျက်နှာရှုံ့မဲ့သွားသည်။ ထို့နောက် မကျေမနပ်ဖြင့်ပွစိပွစိပြောလိုက်သည်။
“ ကျုပ်ရဲ့အစီအစဉ်ကြောင်ပသာမဟုတ်ရင် အစ်မကြီးတို့ဂိုဏ်းက ဒီ့ထက်ပိုပြီးဆုံးရှုံးရမှာ “
သူ၏စကားမှာ တိုးသော်လည်းအဖွားအိုမှကောင်းစွာကြားရကာ မျက်လုံးပြူး၍ကြည့်လိုက်သည်။
“ သောက်ကောင် ငါ့ရဲ့ဂိုဏ်းသားတွေအတော်များများသေကုန်တာသိရဲ့လား နင်သာကြိုပြီးငါနဲ့တိုင်ပင်မထားရင် ငါအရင်ကမျက်နှာမထောက်ဘဲ နင့်ကိုပါအဲဒီနေ့ကအသေသတ်ပစ်တယ် “
ထိုမြင်ကွင်းကိုမြင်ရပါက အေးစက်စက်နိုင်ကာခံစားချက်ကင်းမဲ့သည်ဟုနာမည်ကျော်သည့်ဖုန်းရှန်းယင်မှ ယခုလိုဒေါသထွက်နေသည်ကိုသိုင်းလောကသားများ အံ့သြတကြီးဖြစ်သွားပေမည်။
အဖိုးအိုလည်း ဖုန်းရှန်းယင်၏ငယ်ကြောက်ဖြစ်သဖြင့် တစ်စုံတစ်ရာမပြောတော့ဘဲ ခေါင်းငုံ့မကျေမနပ်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် အတန်ကြာမှမေးလိုက်သည်။
“ နှင်းငွေ့မိစ္ဆာသခင်နဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကြားတိုက်ပွဲကရော “
အဖိုးအို၏မေးခွန်းကြောင့် ဖုန်းရှန်းယင်လည်း ဖြေးညင်းစွာပြောလိုက်သည်။
“ နှင်းငွေ့မိစ္ဆာသခင်ဆိုတဲ့လူကို ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းဝိဇ္ဇာတွေပူးပေါင်းတိုက်ခိုက်တာတောင်အနိုင်မရခဲ့ဘူး ။
ဒါပေမယ့် နောက်ဆုံးတော့ သူ့ကိုအနိုင်ယူနိုင်တဲ့လူပေါ်လာတာပါပဲ ။ တစ်တောင်ထက် တစ်တောင်မြင့်တယ်ဆိုတာ တကယ်ပဲ “
ဖုန်းရှန်းယင်၏စကားကြောင့် အဖိုးအို၏မျက်နှာထက်တွင်အံ့ဩထိတ်လန့်ဟန်များပေါ်ထွက်လာသော်လည်း ခေါင်းကိုဖြေးညင်းစွာညိမ့်လိုက်သည်။
“ သူကျရှူံသွားတာကိုမယုံကြည်နိုင်ဘူး။ တစ်ခေတ်တစ်ယောက်တွေ့နိုင်ဖို့မဖွယ်တဲ့ တကယ်ထူးချွန်တဲ့ပုဂ္ဂိုလ်ပဲ “
အဖိုးအို၏စကားသံထဲတွင် အမှန်တကယ်လေးစားသည့်အရိပ်အယောင်များပြည့်နှက်နေသည်။ ထို့နောက် ခေါင်းယမ်း၍ဆက်ပြောလိုက်သည်။
“ သူက ကိုယ့်ကိုယ်ကိုလဲ အထင်ကြီးလွန်းတယ် ။ သူအဲလိုလည်းဖြစ်ထိုက်တာကိုး သူ့ရဲ့အတွင်းအားနဲ့သိုင်းပညာက သိုင်းလောကမှာ ပြိုင်ဘက်နည်းနည်းပဲရှိတော့တာ။
ဒါပေမယ့် သူနဲ့ဆက်ဆံရတာ ကြောက်စရာကောင်းတယ် ။ဒါကြောင့်လည်း ကျုပ် အခွင့်အရေးရတာနဲ့ ခြေရာဖျောက်ဖို့ကြံစည်ထားတာပဲ။
မထင်မှတ်ဘဲ သူသေဆုံးသွားတာ ပိုပြီးကောင်းတာပေါ့ “
အဆိပ်ဘုရင်စစားကြောင့်ဖုန်းရှန်းယင်လည်းမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“ သူသေသွားပြီဆိုပေမယ့် နင်လဲသိုင်းလောကထဲမှာ ဆက်ပြီးနေဖို့မစဉ်းစားထားနဲ့ “
သူမ၏အေးစက်သည့်စကားကြောင့်အဖိုးအိုမှ ကမန်းကတန်းလက်ကာပြကာ ပြောလိုက်သည်။
“ ကျုက်မြောင်ကျန်းကိုပြန်တော့မှာပါ ။ ကျုပ်ရဲ့ပညာကိုဆက်ခံမယ့်တပည့်တစ်ယောက်မွေးပြီးရင် ကျန်တဲ့ဘဝကို အဆိပ်ပဒေသာကျမ်းထဲမှာပဲနှစ်မြုပ်ဖို့ကြိုးစားတော့မယ် ။ အစ်မကြီးနဲ့ ကျုပ်နောက်တစ်ခါတွေ့နိုင်တော့မယ်မထင်ဘူး။
တစ်ခါတစ်လေတို့လည်း ကျုပ်တို့သုံးယောက်သိုင်းသမားပေါက်စဘဝက သိုင်းလောကထဲမှာ အတူတူ ကျင်လည်ခဲ့တာကို ပြန်သတိရတယ် “
အဖိူးအို၏စကားကြောင့် ဖုန်းရှန်းယင်လည်းအနည်းငယ်စိတ်မကောင်းဖြစ်သွားဟန်ရသည် ။
ထို့နောက် အဖိုးအိုမှဖုန်းရှန်းယင်ကိုဂါရဝပြုလိုက်သည် ။
“ အစ်မကြီး ကျုပ်သွားတော့မယ် ။ ကျုပ်သိုင်းလောကထဲကမထွက်ခင် ဝူတန်းကိုသွားပြ အစ်ကိုကြီးကို တွေ့ဖို့စဉ်းစားထားတယ်။
အစ်မကြီးလည်း အစ်ကိုကြီးနဲ့မဆုံတာနှစ်သုံးဆယ်ကျော်ပြီမလား “
အဖိုးအို၏စကားကြောင့် ဖုန်းရှန်းယင်၏အမြဲလိုလိုအေးစက်တင်းမာနေသည့်မျက်နှာမှာ လွမ်းဆွတ်သည့်ဟန်အမူအယာပေါ်ထွက်လာကာာလေတဟူးဟူးတိုက်ခတ်နေသည့်ချောက်နက်ကြီးကို ငေးကြည့်လိုက်သည်။
-----------------------------------------------&
နောက်ဆက်တွဲများ(၃)
×××
ခမ်းနားသည့်မြို့ကြီးတစ်ခု
နဂါးမြို့တော်ဟုဆိုလိုက်လျှင် အရှေ့တောင်ဘက်နယ်တွင် မသိသူမရှိအောင်ကျော်ကြားလှသည် ။
နဂါးမြို့တော်ကို နတ်စစ်သူကြီးဟု တင်စားကြသည့် နဂါးစစ်သူကြီးလောင်ရှင်းလွန်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ဘုရင်မင်းမြက်မှ စစ်သူကြီးလောင်ရှင်းလွန်ကို အရှေ့တောင်ဘက်နယ်တစ်ခုလုံးအပိုင်စားပေးခဲ့သည် ။
မြို့တော်ထဲတွင် တိုက်ခိုက်မှုကိုတင်းကြပ်စွာတားမြစ်ထားကာ ရာဇဝတ်မှုများသည်လည်းမရှိစလောက်နည်းပါးပေသည် ။
ထို့ကြောင့် အရှေ့တောင်ဘက်နယ်မှနဂါးမြိုတော်မှာ နိုင်ငံတစ်ခုလုံးတွင် ဘုရင်မင်းမြတ်၏နန်းမြို့တော်မှအပ အအေးချမ်းဆုံးမြို့ဖြစ်ပေသည် ။
မြို့တော်ကြီးကို ပေသုံးဆယ်ခန့်မြင့်မားသည့်တံတိုင်းကြီးမှကာရံထားကာ မြို့ထဲတွင်လည်း စစ်သည်ရဲမက်များနေရာအနှံ့စောင့်ကြပ်ပေသည်။
နဂါးမြို့တော်၏အရှေ့ဘက်ခြမ်း မြို့၏သုံးပုံတစ်ပုံခန့်ကို ကြီးကျယ်ခမ်းနားလှသည့်အိမ်ကြီးအိမ်ကောင်းများက နေရာယူထားသည်။
ထိုစံအိမ်များမှာ နဂါးစစ်သူကြီးလောင်ရှင်းလွန်နှင့် သူ၏နောက်လိုက်များ ၊ လောင်မျိုးနွယ်များနေထိုင်သည့်နေရာဖြစ်ကာ နဂါးစစ်တပ်သည်လည်း မြို့နှင့် မနီးမဝေးတောင်ဘက်နယ်စပ်တစ်လျှောက်တွင်စခန်းချထားသည်။
ခမ်းနားလှသည့်စံအိမ်တစ်ခု၏ ခြံဝန်းကျယ်ကြီးထဲတွင်တော့ မိန်းမလှလေးတစ်ယောက်မှာ သောင်းကြမ်း၍နေသည် ။
အစေခံများသည်လည်း သူမ၏အနီးသို့မကပ်နိုင်ဘဲ အိမ်စောင့်တပ်သားများပါ အဝေးမှစောင့်ကြပ်နေရသည် ။
ထိုမိန်းမလှလေးယခုလိုဖြစ်နေသည်မှာ သိုင်းလောကထဲမှပြန်ရာက်လာချိန်မှစကာ အရှေ့ပိုင်းတွင်မနေလိုသဖြင့် နေစဉ်ရက်ဆက်ဆူပူနေခြင်းဖြစ်ပေသည်။
မိန်းမလှလေးမှာ နန်းဆန်သည့်အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာ မင်းသမီးလေးတစ်ယောက်ပမာ ကျော့ရှင်းလှပပေသည်။။
သို့သော် သူမ၏အပြုအမူများမှာ သိမ်မွေ့ခြင်းမရှိဘဲ ယခုလည်း ခြံဝန်းထဲမှ လမ်းလျှောက်ရင်းအကြံထုတ်လျက်ရှိသည် ။
“ ဟူးး ဟိုလူကြီးကလည်း ငါ့ကိုလာခေါ်မှာလို့ပြောထားပြီးအခုထိလာမခေါ်သေးဘူး ။ နှင်းငွေ့မိစ္ဆာသခင်နှင့်ခရမ်းရောင်သွေးလဂိုဏ်းလည်းပျက်စီးသွားပြီကို ။။
ဘာပဲဖြစ်ဖြစ်လေ သူတစ်ခုခုမဖြစ်တာပဲတော်သေးတာ “
မိန်းမလှလေးမှ တစ်ယောက်တည်း ရေရွတ်ပြောဆိုနေသည်။
ကျုံးဟွာတောင်တိုက်ပွဲတွင် နှင်းငွေမိစ္ဆာသခင်သေဆုံးသွားသည်မှာ သုံးရက်ခန့်သာရှိသေးကာ သိုင်းလောကအနှံ့သို့ပင် သတင်းမပျံ့သေးပေ ။
သို့သော် ထိုမိန်းကလေးမှာ လောင်မျိုးနွယ်တို့၏မင်းသမီးဖြစ်သည့်အတွက် သိုင်းလောကသတင်းများကို နေ့မကူးမီပင်သိရှိနေကာ ဤသည်ကိုကြည့်ခြင်းဖြင့် လောင်တို့၏သတင်းကွန်ရက်မှာ မည်မျှအားကောင်းသည်ကို သိနိုင်သည်။
“ မင်းသမီး စိတ်ပြေလက်ပျောက် ကျွန်တော်မျိုးနဲ့ လိုက်ခဲ့ပါလား “
“ ဘာ “
သူမ၏နောက်ဘက်မှ တပ်သားတစ်ယောက်၏အသံကြောင့် မိန်းမလှလေးမှာ ဒေါသပေါက်ကွဲသွားသည် ။
သာမန်အချိန်များတွင် အစောင့်တပ်သားများနှင့်အစေခံများကိုကောင်းမွန်စွာဆက်ဆံလေ့ရှိသော်လည်း ယခုလိုသူမစိတ်မကြည်သည့်အချိန်တွင် ထိုတပ်သား၏မလေးမစားစကားက သူမကို ဒေါသထွက်စေရန်လုံလောက်သည်။
“ လေးစားမှုမရှိလိုက်တာ ဖေဖေ့ကိုပြောပြီး နင့်ကိုအပြစ်ဒဏ်ပေး “
မိန်းမလှလေးမှ လက်သီးလက်မောင်းတန်း၍ဒေါသတကြီးပြောလိုက်သော်လည်း သူမနှင့်မလှမ်းမကမ်းတွင်ရပ်နေသည့်လူရိပ်တစ်ခုကြောင့် သူမ၏စကားလုံးများပျောက်ရှကုန်သည်။
ဝတ်စုံဖြူနှင့်ချောမောသည့်လူရွယ်တစ်ယောက်မှာ အဝတ်ဖြင့်ပတ်ထားသည့်ဓားတစ်လက်ကိုနောက်ကျောတွင်သိုင်းလွယ်ထားကာ မိန်းမလှလေးကို အပြုံးမျက်နှာဖြင့်ကြည့်နေသည်။
မိန်းမလှလေးမှာ သူမ၏မျက်လုံးများကိုပွတ်သတ်ကြည့်လိုက်သည်။ ထို့နောက် ထိုလူရွယ်၏အနီးသို့သွားကာ ထုရိုက်လိုက်သည်။
“ အီးး ရှင်ကဘာလို့အခုမှလာတာလဲ ကျမမှာ အချုပ်ကျနေသလို ဘယ်မှမသွားရဘဲပျင်းနေတာ “
သူမမှထုရိုက်နေရင်း မျက်ရည်များကျဆင်းလာသည်။
လူရွယ်လည်းသူမ၏ဆိုးနွဲ့သည့်အပြုအမူများနှင့်ရင်းနှီးနေသည့်အတွက် မသက်မသာပြုံးလိုက်ကာ သူမ၏ပခုံးလေးအားဖတ်ကာချော့မော့လိုက်သည် ။
မိန်းမလှလေးမှာ အချိန်အတော်ကြာသည်အထိ ဂျီကျလျက်ရှိနေသေးသည်။။ထို့ကြောင့် သူမတစ်စုံတစ်ရာကို သတိရသွားသည့်ဟန်ဖြင့်မေးလိုက်သည် ။
“ ရှင် ရှင်ကသိုင်းလောကထဲကထွက်မသွားတော့ဘူးပေါ့ “
သူမ၏စကားကြောင့်လူရွယ်လည်းခေါင်းကိုဖြေးညင်းစွာခါယမ်းလိုက်သည်။
“ အီး.... ဒါဆိုရင် ရှင်က ကျမကိုထားပြီးထွက်သွားဦးမှာပေါ့ “
မိန်းမလှလေး၏မျက်ရည်များဆည်ကျိုးသလိုကျဆင်းလာပြန်သည် ။
လူရွယ်လည်း စိတ်ရှုပ်ရှုပ်ဖြင့်ခေါင်းကုတ်ကာ အလျှင်အမြန်ပြောလိုက်ရသည်။
“ နေပါဦး တစ်ချိန်ချိန်မှာ ငါထွက်သွားရမှာကဟုတ်ပါတယ် ။ ဒါပေမယ့် အဲဒီအခါကျရင် မင်းကိုပါခေါ်သွားမယ်လေ “
လူရွယ်၏ချော့မော့စကားကြောင့်မိန်းကလေး၏မျက်လုံးများဝိုင်းသွားသည်။
“ ဘယ်လို ရှင်က ကျမကိုခေါ်ပြီး “
သူမ၏စကားမဆုံးမီ လူရွယ်မှ ပွေ့ချီလိုက်သည် ။
“ ဟုတ်တယ် ငါ စစ်သူကြီးလောင်ရှင်းလွန်နဲ့တွေ့ပြီးပြီ။ သူ့ရဲ့သဘောတူညီမှုမပါဘဲ ငါဒီနေရာကိုလွယ်လွယ်ကူကူဝင်လာလို့ရပါ့မလား “
လူရွယ်၏စကားကြောင့် မိန်းကလေးမှာ အံ့အားသင့်မှာနှင့်ပျောရွှင်မှုတို့ကို တစ်ပြိုင်ခံစားလိုက်ရသည်။။
“ ဒါဆို ကျမတို့ “
“ အခု သိုင်းလောကနေရာ အနှံလျှောက်လည်ကြမယ် ။ ပြီးရင် မင်းဖေဖေဆီမှာခွင့်တောင်းပြီး ငါနေတဲ့နေရာအထိခေါ်သွားမယ် “
“ အခု ဘယ်ကိုအရင်သွားမှာလဲ “
“ မင်းသမီးလေးအလိုရှိတဲ့နေရာကိုပေါ့ “
“ ခစ် ခစ် “
လူရွယ်မှ မိန်းမလှလေးခန္တာကိုယ်ကိုပွေ့ချီထားရင် ခြံဝန်းတံတိုင်းပေါ်သို့ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ခန္တာကိုယ်မှာ လျှင်မြန်စွာပျောက်ကွယ်သွားသည်။
နဂါးမြို့တော်၏မြို့ရိုးပေါ်တွင် လူနှစ်ယောက်လက်နောက်ပစ်၍ရပ်နေကြသည်။
ထိုအထဲမှ ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့် အသက်ငါးဆယ်ကျော်လူကြီးမှာ တည်ကြည်သည့်မျက်နှာဖြင့်ရှိနေကာ မြင်းတစ်စီးကိုနှစ်ယောက်အတူစီးလျက် မြို့ထဲမှထွက်ခွာသွားသည့်စုံတွဲတစ်တွဲကိုကြည့်လိုက်သည်။
ထိုလူကြီးမှာ လူတစ်ယောက်ကို သိမ်ငယ်သွားစေနိုင်သည့် စူးရှတောက်ပသည့်မျက်လုံးများရှိနေကာ ပြက်သားသည့်မျက်နှာဖြင့် သူ၏ခန္တာကိုယ်မှ ထူးခြားသည့်အရှိန်အဝါလည်းထွက်ပေါ်နေသည် ။
သူ၏ဘေးမှလူမှာမူစာပေသမားတစ်ယောက်လိုဝတ်စားထားကာ မုတ်ဆိတ်မွေးကိုသပ်သပ်ရပ်ရပ်ထားရှိသည်။။
ထိုလူမှာ သိုင်းလောကတွင် လူသိနည်းသော်လည်း ကြောက်မက်ဖွယ်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်သည့် အရိပ်မဲ့ချိယိပင်။
“ သခင်ကြီး သူတို့ကိုဒီလိုပဲလွှတ်လိုက်တော့မှာလား “
ချိယိ၏စကားကြောင့် ချပ်ဝတ်တန်ဆာနှင့်လူကြီးမှ ခေါင်းညိမ့်လိုက်သည်။
“ ငါ ရှန်းယွင်ကိုအချိန်အများကြီးမပေးနိုင်ခဲ့ဘူး။ အခု သူတကယ်သဘောကျတဲ့လူကိုတွေ့သွားတာပဲ ငါဘာကန့်ကွက်စရာလိုလဲ “
လူကြီးမှအဝေးသို့ငေးကြည်းရင်းဆက်ပြောလိုက်သည် ။
“ တကယ်တမ်းပြောရရင် ကောင်လေးရဲ့ဘိုးဘေးက ငါတို့လောင်တွေရဲ့ကျေးဇူးရှင်လို့ပြောလို့ရတယ် ။
ပြီးတော့ သူကလည်း ငါ့ရဲ့စမ်းသပ်မှုတွေကိုအကောင်းဆုံးဖြတ်ကျော်နိုင်ပြီး ရှန်းယွင်ကိုလည်းတကယ်ချစ်မြတ်နိုးတယ်။ ဒါကြောင့် ငါသူတို့ကြားထဲမှာဝင်မစွက်ဖက်တော့တာပဲ ။
သိမ်းငှက်ပေါက်လေးတွေတောင် အတော်စုံလာရင်ကောင်းကင်မှာပျံဝဲကြသေးတာပဲ။။ငါတို့ အသိုက်အမြုံကြီးကတော့ အထီးကျန်ပြီးကျန်ခဲ့တာပေါ့ ။
နယ်ခြားက လှုပ်ရှားမှုတွေတော့ထားတယ် ။ ဒီကောင်တွေ ခဏခဏအကဲခပ်နေကြတယ်။ ငါတို့လောင်တွေရှိနေသရွေ့ဒီကောင်တွေ တောင်ဘက်နယ်စပ်ကိုဖြတ်ပြီး မကျူးကျော်စေရဘူး “
လူကြီး၏နောက်ဆုံးစကားကြောင့် ချိယိ၏မျက်နှာလည်း ပြောင်းလဲသွားသည်။
-------------------------------------------------&