← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

ဆုဆု နောက်ကိုပြန်ကြည့်ပြီး သူတို့တွေကတကယ့်ကို အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်ကြောင်း ခံစားလိုက်မိတယ်။ ဒီပတ်ဝန်းကျင်လေထုမျိုးက ခေတ်သစ်မှ အမျိုးသားနှင့် အမျိုးသမီးမှာတောင် ရှိတတ်တဲ့ သဘောထားမျိုး မဟုတ်ဘူး။

ဒီအချိန်မှာ တောင်တက်လမ်းက အခုလိုမျိုးသွားလာရန် မလွယ်ကူတာကြောင့် လင်းချွမ်ဆိုရင်လည်း သူမကိုသယ်ပေးလောက်မယ်လို့ ရုတ်တရက်တွေးမိသွားရတယ်။

ဒါပေမယ့် အမျိုးသားဇာတ်လိုက်ရဲ့ နောက်ကျောကလည်း ဇာတ်လိုက်မကိုသယ်ပိုးထားဖို့အတွက် အလွန်လွယ်ကူနေပုံရပြီး သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းသိပ်ပြီး မဆိုးလှဘူး။ ဒါကြောင့် သူ့ရဲ့ခြေလှမ်းတွေက ချော်နေရင်တောင် သူ့ရဲ သူ့နောက်ကျောကတော့ တည်ငြိမ်နေခဲ့သေးတယ်။

အဝေးကလှမ်းကြည့်မယ်ဆိုရင် အရမ်းကိုနွေးထွေးတဲ့ လင်မယား နှစ်ယောက်လိုမျိုးပဲ။ တစ်ခါတရံမှာတော့ အပြင်လူတစ်ယောက်အနေနဲ့ အစစ်အမှန်ကိုမသိနိုင်ဘူး။ သူတို့လင်မယားနှစ်ယောက်ကသာ အမှန်တကယ်ချစ်မြတ်နိုးတာ ဟုတ်မဟုတ်ကိုသိနိုင်လိမ့်မယ်။

ဒီလိုနဲ့ သူတို့လေးယောက်က ကွန်မြူနတီကို ရောက်ရှိလာခဲ့ကြတယ်။

ထို့နောက်မှာတော့ ဆုဆုကားပေါ်ကိုတက်လိုက်ပြီးနောက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မသည်လည်း ကားပေါ်ကို  လိုက်တက်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါက တကယ်ကို ထူးဆန်းတာပဲ။ ဇာတ်လိုက်မက ကျောင်းစတက်ရဖို့အတွက် အချိန်ခဏလောက် လိုနေသေးတယ်လေ။ သူမက စောစောသွားခဲ့တာလား။

ဒါပေမယ့် သူမက သူတို့ဆီကိုသွားပြီး  စကားအနည်းငယ်ပြောဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီတော့လင်းတုံဟဲက သူမရှိရာဘက်ကို လမ်းလျှောက်လာပြီး ပြောလာတယ်။

“ဂုဏ်ယူပါတယ် ရဲဘော်ဆု.. မင်းသတင်းသွားပို့မှာလား”

“ဟုတ်တယ်”

ဆုဆု ပြုံးပြီး ပြန်ဖြေလိုက်တယ်။

“ရှင်တို့ကော ဘယ်လိုလဲ”

“ ယွဲ့ယွဲ့က ကျောင်းစဖွင့်တော့မယ်လေ.. ကျွန်တော် သူမနှင့်အတူ ခရိုင်မြို့ကိုသွားပြီး ကျောင်းမစခင် ဆရာဝန်သွားပြပြီး ဆေးသွားယူချင်လို့”

လင်းတုံဟဲက ထိုစကားကိုပြောပြီးနောက် ချင်ယွဲ့ယွဲ့ဘက်ကိုလှမ်းကြည့်ကာ :

“တစ်ယောက်တည်း  လမ်းခရီးထွက်တဲ့အချိန် သတိထားပါ”

“အင်း ကျွန်မအဆင်ပြေပါတယ်”

ဆုဆု သူ့ရဲ့နေရာကို ပြန်ထိုင်ခိုင်းလိုက်ပြီး သူမလည်းမူလအနေအထားအတိုင်း အေးအေးဆေးဆေးပြန်ထိုင်လိုက်ကာ ချောကလက်တစ်ထုတ်ကို ထုတ်ယူပြီး စားလိုက်တယ်။

သူမ လမ်းအကြာကြီးလျှောက်လိုက်ရတာကြောင့် ခြေဖဝါးတွေက ကွဲသွားသလိုမျိုး နာကျင်နေခဲ့တယ်တယ်။

ဒီနေရာမှာ ထိုင်ပြီး ခဏလောက်အနားယူတာကကောင်းပေမဲ့  အိပ်ပျော်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာ အလွန်အမင်းပင်ပန်းလွန်းတာကြောင့် အိပ်ပျော်သွားခဲ့တာလား?

ဒါပေမယ့် သူမ ကားထဲက ထွက်လာချိန်မှာ အလွန်ပင်ပန်းနေခဲ့တာကြောင့် သူမရဲ့ခါးက ကျိုးတော့မယ်လို့ ခံစားလိုက်ရတယ်။ ဒါကြောင့် မလှုပ်မရှားနဲ့ ရပ်နေခဲ့ပြီး လမ်းလျှောက်ဖို့ အချိန်အတော်ကြာခဲ့တယ်။

“ရဲဘော်ဆု မင်းဘာဖြစ်နေတာလဲ”

လင်းတုံဟဲက ယဥ်ကျေးစွာမေးလာတယ်။

“အဆင်ပြေပါတယ် ကျွန်မပင်ပန်းနေလိိ့ပါ”

အဆုံးမှာ တောင်ပေါ်ကနေ ပစ္စည်းတွေသယ်လာရတာက သူမအတွက် နေသားမကျသေးတဲ့အတွက် ပင်ပန်းတာက ပုံမှန်ပါပဲ။

လင်းတုံဟဲက ချင်ယွဲ့ယွဲ့နှင့် အနည်းငယ်စိတ်မသက်မသာဖြစ်စွာ ပြန်သွားခဲ့တယ်။ ဆုဆုက လက်မှတ်ဝယ်ရန်အတွက် ဘူတာရုံသို့သွားခဲ့ပေမဲ့လည်း အခုတစ်ကြိမ်မှာ သက်ဆိုင်ရာဌာနမှ မိတ်ဆက်စာမပါတဲ့အတွက် ရိုးရိုးတန်းမှာပဲရပြီး ခက်ခက်ခဲခဲထိုင်ရလိမ့်မယ်။

သူမအနေနဲ့ ဒီလောက်အကွာအဝေးကိုမသွားနိုင်လောက်ဘူးလို့ ခံစားနေမိတယ်။ အထူးသဖြင့် ရထားပေါ်မှာ လူတွေအများကြီးရှိပြီး ကြပ်ညှပ်နေမှာလေ။

ရုတ်တရက်ပဲ မီးရထားဘူတာရုံရဲ့ အဝင်ဝမှာ ဆိုင်းဘုတ်တစ်ခုထောင်ထားတာကိုတွေ့လိုက်ရတယ်။

‘ရဲဘော်ဆုဆု လက်မှတ်ယူဖို့အတွက် ဒီကိုလာပေးပါ’

? ? ?

ဆုဆု လမ်းလျှောက်ပြီး မေးခွန်းတွေဝင်မေးလိုက်တော့ ထိုနေရာမှာရှိနေတဲ့ ဝန်ထမ်းက ချက်ချင်းပြောလာတယ်

“ မင်းက ရဲဘော်ဆုဆုလား? ဒီမှာ မင်းအတွက် ပြင်ဆင်ထားတဲ့ အိပ်ခန်းလက်မှတ် .. ယူသွားပါ “

“ဒါက ဘယ်ကနေပြင်ဆင်ပေးထားတာလဲ”

“ဒါက Xမြို့တော်ရဲ့ ရဲ့ ပညာရေးဗျူရိုကပြင်ဆင်ပေးထားတာပါ”

“အင်း ..ကျေးဇူးအများကြီးတင်ပါတယ်.. ဒါဆို ဒီမှာဝယ်ထားတဲ့လက်မှတ်ကို ပြန်အမ်းပေးလို့ရမလား”

ဆုဆုအနေနဲ့ တစ်ဖက်က ဒီလောက်ထိကောင်းအောင် စီစဉ်ပေးထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့က အိပ်ခန်းတွဲ လက်မှတ်ကိုတောင် ပြင်ဆင်ပေးထားခဲ့တယ်။

ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ရထားပေါ်ကဆင်းတဲ့အချိန်မှာ သူမကိုယ်သူမ စတေးမိသွားတယ်လို့တောင် ခံစားရလိမ့်မယ်။

စောင့်ဆိုင်းခန်းထဲမှာထိုင်ပြီး တစ်နာရီလောက် စောင့်ခဲ့ပြီးနောက်မှာတော့ အချိန်ကအတော်လေး ကုန်ခဲကြောင်းတွေးလာမိခဲ့တယ်။ ဒါကြောင့် သူမရဲ့ကိုယ်ပိုင်ရေခွက်ကိုထုတ်ကာ ရေနွေးလောင်းထည့်လိုက်ပြီး ရေနွေးသောက်ရင်း ဆက်လက်စောင့်ဆိုင်းနေခဲ့တယ်။

နောက်ဆုံး ရထားပေါ်ကိုတက်ရတဲ့အချိန်မှာတော့ သူမရဲ့ ခြေထောက်က လေပေါ်မှာလမ်းလျှောက်ရသလိုဖြစ်နေခဲ့ပြီ။

ရထားပေါ်မှာ လူတွေအများကြီးရှိပြီး  သူမရဲ့ ထိုင်ခုံကို ရှာကာ ဝင်ထိုင်လိုက်တယ်။

အိပ်စက်တဲ့ အိပ်စင်က ယခင်တုန်းကလိုမျိုး ရိုးရှင်းနေသေးပေမဲ့လည်း  ကျေးဇူးတင်စရာကောင်းစွာနှင့် အောက်ဘက်မှ အိပ်စင်ဖြစ်နေခဲ့တယ်။  ဒါကြောင့် သူမ အပေါ်ကိုထပ်တက်စရာမလိုသလို ထိုင်ရတာလည်း လွယ်ကူခဲ့တယ်။

အခုချိန်မှာတော့ ဆုဆုအနေနဲ့ ကျိုးပဲ့နေတဲ့ အရုပ်တစ်ခုလိုခံစားနေရပြီး ဘာတစ်ခုမှလုပ်ဖို့ ခွန်အားမရှိတော့ဘူး။ ဒါကြောင့် သူမရဲ့အသွင်အပြင်ကိာ ဂရုမစိုက်နေတော့ဘဲ အိပ်ယာပေါ်မှာ လဲလျောင်းလိုက်မိတော့တယ်။

သူမက အိပ်ရာပေါ်မှထရန်အတွက် ပျင်းရိလွန်းနေခဲ့ပြီးကျောပိုးအိတ်ထဲမှ ဆွဲယူကာ သူမရဲ့ဘေးမှာထားရင်း စောင်အောက်ထဲမှာ အိပ်ပျော်သွားခဲ့တယ်။

သူမ ဘာလို့ ဒီလောက်ထိကောင်းကောင်းအိပ်ပျော်သွားတာလဲဆိုတာကို ဘုရားပဲ သိလိမ့်မယ်။ သူမက ညလုံးပေါက် အိပ်ပျော်သွားမတတ်ဘဲ။

သူမရဲ့ပတ်ဝန်းကျင်က ဆူညံသံတွေတွေ အော်ဟစ်သံတွေထွက်ပေါ်နေတာတောင် သူမကတော့ သေလောက်အောင် အိပ်ပျော်နေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ အိပ်ရာမဝင်ခင်တုန်းက ကျောပိုးအိတ်ရဲ့ ကြိုးတွေကို လက်ထဲသို့ ထည့်ထားခဲ့တာကြောင့် ဘယ်သူကမှ မခိုးနိုင်ခဲ့ဘူး။

ဆုဆု ဘူတာရုံကိုရောက်ခါနီးနေတာကိုတွေ့တော့ သူမရဲ့မျက်နှာကို ဆေးကြောပြီး သန့်ရှင်းရေးလုပ်ရန်အတွက် သွားခဲ့တယ်။ သူမကို လာကြိုမည့်သူရှိမ၊မရှိကိုတော့ သူမ မသိသေးဘူး။

X တက္ကသိုလ်က အလွန်အမင်းကောင်းမွန်တဲ့ကျောင်းတော့မဟုတ်ဘူး။  ပျမ်းမျှအဆင့်လောက်သာရှိနေတယ်လို့ ဆိုနိုင်တယ်။  ဒါပေမယ့် အဲဒီကျောင်းကို တက္ကသိုလ်ဆရာဖြစ်ဖို့ သွားနိုင်တယ်ဆိုရင်တော့ တကယ့်ကို အံ့သြစရာဖြစ်နေခဲ့ပြီ။

အခုအချိန်မှာနိုင်ငံက အမျိုးသားပညာရေးကို အာရုံစိုက်နေခဲ့ပြီး တက္ကသိုလ်ကျောင်းသားတွေလည်း အများအပြားလည်း ရှိနေခဲ့တယ်။

သူတို့တွေက အနာဂတ်မှာ နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားသစ်တွေ ဖြစ်လာနိုက်လိမ့်မယ်။ ဒါကြောင့် ဆရာ၊ဆရာမတွေနှင့်ပတ်သက်ပြီး အလွန်အမင်း အာရုံစိုက်ကာ ပူပန်နေခဲ့ကြတာပဲ။

သူမက တချို့သောကောလိပ်ကျောင်းသားတွေထက် ငယ်နေလောက်မှာပဲ။ ဟုတ်တယ်မလား။

ဥပမာ သူမက ဇာတ်လိုက်မထက် ငယ်တယ်လေ။

နောက့ဆုံး ဘူတာရုံကို ရောက်ပြီးချိန်မှာတော့ သူမယူလာတဲ့ ဂျာကတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး ရထားပေါ်က ဆင်းလာခဲ့တယ်။ အခုက ပူနေပြီဆိုပေမယ့် နေဝင်လာချိန်မှာတော့ အနည်းငယ်လောက်အေးနေသေးတယ်။

သူမ ရထားပေါ်မှ ဆင်းပြီးနောက်တစ်စုံတစ်ယောက်က ပလက်ဖောင်းပေါ်မှာ  သူမကိုကြိုဆိုဖို့အတွက် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရပြီး ထိုအပေါ်မှာ ယဉ်ကျေးစွာရေးထားခဲ့တယ်။

‘ဘွဲ့လွန်ဆရာမ ဆုဆုကို လမ်းပြပေးဖို့အတွက် X တက္ကသိုလ်မှ လာရောက်ကြိုဆိုပါတယ် ‘

“…”

ဆုဆု အနည်းငယ် ရှက်သွားရတယ်။ သူမရဲ့ခေတ်မှာဆိုရင် ဘွဲ့လွန်ကျောင်းသားကျောင်းသူတွေ အများအပြားရှိနေပြီ ဖြစ်လို့ အဖိုးတန် မျိုးစိတ် မဟုတ်တော့ဘူးလေ။ ဒါပေမယ့် ဒီဆိုင်းဘုတ်ကိုမြင်တော့  သူမက တောင်ပေါ်ကဆင်းလာတဲ့ ရှားပါးသားရဲတစ်ကောင်လို ခံစားမိသွားရတယ်။

သူမကို လာကြိုတဲ့သူက အသက် (40) လောက်ရှိပြီး တရုတ်ရိုးရာဝတ်စုံကိုဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေလို့ သူမ သိပ်ပြီး ဂရုပြုမနေတော့ဘဲ အနားကိုတိုးသွားပြီး မေးမြန်းလိုက်တယ်။

“ဟဲလို.. ဒီဘက်က အရှေ့ပိုင်းX  တက္ကသိုလ်က ဆရာများလား”

“မဟုတ်ဘူး.. ငါကအရှေ့ပိုင်း X  တက္ကသိုလ်ရဲ့ ကျောင်းအုပ်ပါ.. ဒီဘက်ကရဲဘော်လေးကို ဘာကိစ္စရှိလို့လဲလို့ မေးလို့ရမလား”

အသက်လေးဆယ်ကျော် အမျိုးသားက သူ့မျက်နှာပေါ်မှာ မျက်မှန်တပ်ထားပြီး အလွန်ရိုးသားတဲ့ပုံရတယ်။

“...”

ရဲဘော်လေး? ဒီတော့ သူတို့တွေက ဆုဆုက ဘယ်အရွယ်လဲဆိုတာကို တကယ်မသိထားကြဘူးပေါ့?

ဆုဆု ချောင်းအနည်းငယ်ဟန့်လိုက်တယ်။

“ကျွန်မက ဆုဆုပါ”

“အာ? ကောင်းပြီး ငါက ဒီကို နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရတစ်ယောက်ကိုလာကြိုတာပါ.. နိုင်ငံထဲမှာရှိတဲ့ တစ်ယောက်တည်းသော မဟာဘွဲ့ရ ကျောင်းသား ရဲဘော်ဆုကိုပြောတာ.. မင်းက နာမည်တူနေလို့လား”

ဒါက ဆယ့်ရှစ်နှစ်အရွယ်လောက်မလား? မဟာဘွဲ့က အချိန်တိုလေးအတွင်း ဘွဲ့ရနိုင်မှာမဟုတ်ဘူးလေ။

ဆုဆု ချက်ချင်းပဲ အပြောင်းအရွှေ့အမိန့်စာကို ထုတ်လိုက်ပြီး ရွာထဲမှ မိတ်ဆက်စာတစ်စောင်ကိုပါ ထုတ်ယူလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ကျောင်းအုပ်ကြီးက အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ လက်ကို ဆန့်တန်းကာပြောလာတယ်။

“အိုင်းယား.. ရဲဘော်ဆုက ဒီလောက်ထိ ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့သူဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.. ဒါက  ငါတို့ကျောင်းရဲ့ ကံကြမ္မာပဲ.. ငါတို့ကျောင်းရဲ့ ကံကြမ္မာပဲ”

ဆုဆုက အနည်းငယ် ရှက်ရွံ့စွာပြောလိုက်တယ်။

“ဒါက  ဘာမှမဟုတ်ပါဘူး”

“ဒီမှာ..  ကျေးဇူးပြုပြီး ဒီဘက်ကိုလာခဲ့ပါ.. မင်းကို ကျောင်းရဲ့ ဝန်ထမ်းအိပ်ဆောင်ကို ခေါ်သွားဖို့ ကားတစ်စီး ပြင်ထားပြီးပြီ..  ဟိုမှာ အစားအသောက်ကအခမဲ့ဖြစ်ပြီး တည်းခိုစရာ နဲ့ အသစ်ဖွင့်ထားတဲ့ စာကြည့်တိုက်တစ်ခု ရှိတယ်.. သြော် စကားမစပ်.. ငါ့မျိုးရိုးနာမည်က ကွမ်းပါ..  ငါ့နာမည်က ကွမ်းယွီလို့ခေါ်တယ်”

ကျောင်းအုပ်ကြီးက အလွန်စိတ်အားထက်သန်ပုံရပြီး ကျောင်းအကြောင်းကို လမ်းလျှောက်ရင်း မိတ်ဆက်ပေးလာခဲ့တယ်။

သို့သော်လည်း ဆုဆုက ကိစ္စတစ်ခုကိုသွားပြီး တွေးတောလိုက်မိတယ်။ အမျိုးသားဇာတ်လိုက်ကလည်း ကွမ်းလို့အမည်ရှိတဲ့မိသားစုရဲ့ပျောက်ဆုံးနေတဲ့ ကလေးမဟုတ်ဘူးလား?  ထိုမိသားစုရဲ့ ဒုတိယဦးလေးကဆရာဖြစ်ပုံရတယ်။ လောကကြီးမှာ ဒီလောက်ထိ တိုက်ဆိုင်မှုမျိုး မရှိနိုင်လောက်ဘူး။

ဆုဆုသိပ်ပြီးတော့ မတွေးနေခဲ့ဘူး။ အဆုံးမှာ စာအုပ်ထဲမှာ ဒုတိယဦးလေးက တစ်ခါမှ ပေါ်မလာခဲ့ဘူးလေ။ သူက ဘာမှမဟုတ်သလိုမျိုးပဲ။

သို့သော်လည်း ကားဆိုတဲ့စကားလုံးကိုတော့ သူမက လေးဘီးတပ်ကားလို့ တွေးထင်ခဲ့မိပေမဲ့ တကယ်တမ်း ထွက်လာတဲ့အချိန်မှာ  အပေါ်ကို တက်ရတဲ့ မြည်းလှည်းတစ်စီးဖြစ်နေတာကို တွေ့လိုက်ရလေတယ်။

**

All Chapters