← Chapters

အခန်း (၉၂)

Vol. 10 Ch. 92

အခန်း (၉၂)

Vol. 10 Ch. 92

ဒီလှည်းက လူအများစီးနိုင်တဲ့ စကူတာကားလေးလိုမျိုးပဲ။ အပေါ်ယံမှာ ပြားချပ်တဲ့သတ္တုလိုမျိုးနဲ့မိုးထားပြီး လူတွေဝင်ထိုင်နိုင်တဲ့ သစ်သားခုံအကန့်တွေလည်း ရှိနေခဲ့တယ်။

သူမ တက်သွားပြီးနောက် ကျောင်းအုပ်ကြီးကွမ်းကလည်း ဘေးမှာ လာရပ်ပြီး   မြည်းလှည်းဆရာကိုလှမ်းပြောလိုက်တယ်။

“(လှည်း)ဆရာ.. xအနောက်ဘက် နယ်မြေကို သွားပေးပါ”

“ကောင်းပြီ ..မင်းတို့နှစ်ယောက် ဝင်ထိုင်လိုက်ကြလေ”

(မြည်းလှည်း)ကားဆရာက အသံကျယ်ကျယ်နဲ့ပြောပြီး ကားပေါ်ကိုတက်လိုက်တယ်။

အမှန်ပဲ။ ဒီမှာ  လျှပ်စစ်စွမ်းအင်လည်းမရှိသလို (ဓာတ်ဆီ)ဆီစွမ်းအင်တွေလည်း မရှိနေပေမဲ့ ခြေထောက်မှာလည်း စွမ်းအင်တွေရှိနေတာပဲလေ။

ဆုဆု  အနည်းငယ် စိတ်လှုပ်ရှားလာခဲ့ပြီး ထိုင်ရမဲ့အကန့်ဆီကို အလျှင်အမြန်သွားထိုင်လိုက်တယ်။

“မင်း  ဒါကို စီးဖူးလား”

“ဟင့်အင်း၊ ကျွန်မ တစ်ခါမှ မစီးဖူးဘူး”

ပြောရမယ်ဆိုရင် ဒါတွေက စက်ဘီးရဲ့ ဘီးအမျိုးအစားလိုဖြစ်တာကြောင့် အဖုအထစ်တွေအများကြီး ရှိမနေခဲ့ဘူး။ အနည်းငယ်လောက် လှုပ်နေရုံလောက်ပါဘဲ။

“အခု X မြို့တော်မှာ အပြင်ထွက်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ဘတ်စ်ကားစီးဖို့ပဲ.. ဒါပေမဲ့ ငါတို့ကျောင်းရဲ့ မိသားစုလိုင်းခန်းနေရာက ကျောင်းနဲ့ အရမ်းနီးတာကြောင့် လမ်းလျှောက်ရင်တောင် ငါးမိနစ်လောက်မကြဘူးလေ.. ဒီတော့ ကျောင်းကိုသွားဖို့အတွက်ကတော့ သယ်ယူပို့ဆောင်ရေးယာဥ်စီးစရာမလိုဘူး”

ကျောင်းအုပ်ကြီးကွမ်းက အရင်အတိုင်းပဲ  စိတ်အားထက်သန်နေဆဲဖြစ်ပြီး သူက ဆုဆုကို မိသားစုလိုင်းခန်းနေရာအထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့တယ်။  ဒါတင်မကဘဲ သူက ခြံဝင်းထဲက တံခါးစောင့်ကိုလည်း နှုတ်ဆက်ခဲ့သေးတယ်။

“လောင်ဝမ်.. ဒါက ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကနေ မဟာဘွဲ့ရထားတဲ့ ဆရာသစ်ဆုဆုပဲ..  အနာဂတ်မှာ သူလိုအပ်တာ တစ်ခုခုရှိရင် သူ့ကို ကူညီပေးလိုက်နော်.. အိုး ဟုတ်သားပဲ..   အခု သူ့အိပ်ဆောင်ရဲ့သော့က ဘယ်မှာလဲ”

“ဒီမှာပါ”

လောင်ဝမ်က သော့တွဲတစ်တွဲကို ပေးလာခဲ့တယ်။

“မစ်စုက အတော်ကိုငယ်ရွယ်သေးတာပဲ”

ကျောင်းအုပ်ကွမ်းက  အလွန်စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေတုန်းပဲ။

“ဒါက ငါတို့ကျောင်းရဲ့ မိသားစုအိပ်ဆောင်နယ်မြေလေ.. အိမ်တွေအားလုံးက အသစ်ဆောက်ထားတဲ့ အုတ်တက်အိမ်တွေပဲ..  အိပ်ဆောင်ဆိုပေမယ့် မိသားစုဝင်တွေရှိရင်လည်း လာလည်လို့ရတယ်..ဒါက တော်တော်လေးကြီးတယ်လေ.. ဒီမှာ.. အထဲကိုဝင်ပြီး အဆင်ပြေလားသွားကြည့်လိုက်ဦး”

ကျောင်းက သူမကို အတော်လေးအလေးအနက်ထားပုံရတယ်။ ဆုဆု ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်ပြီး အထဲကိုဝင်လာခဲ့တယ်။

မိသားစုဧရိယာမှာ အုတ်အိမ်ရာနှစ်တန်းသာရှိပြီး ဘေးမှာတော့ အမျိုးသားနှင့် အမျိုးသမီး အိမ်သာရှိနေတာကို တွေ့လိုက်ရတယ်။  အခုတော့ မှောင်နေပေမယ့် မြို့ထဲမှာ လျှပ်စစ်မီးလွှတ်လိုက်မယ်ဆိုရင် မှောင်တော့မှာမဟုတ်ဘူး။

တံခါးကိုဖွင့်ပြီး အထဲကို ဝင်ကြည့်လိုက်တော့ သပ်ရပ်တဲ့ အခန်းငယ် နှစ်ခန်း၊ ဧည့်ခန်းတစ်ခမ်း၊ အိပ်ခန်းတစ်ခန်းနဲ့ ရေချိုးခန်း တစ်ခန်းတို့ ပါရှိတာကို  တွေ့လိုက်ရတယ်။

“မင်းမှာ ရေလည်း သုံးပိုင်ခွင့်ရှိတယ်.. တကယ်လို့   မင်းသာ သဘောကျရင် မင်းရဲ့ ရေချိုးခန်းထဲမှာ အိမ်သာလည်း အသုံးပြုလို့ရတယ်.. ဒါပေမယ့် အခု လူတော်တော်များများက အိမ်ထဲမှာ အနံ့အသက်ထွက်မှာကို ကြောက်တော့ အသုံးမပြုတတ်တဲ့အတွက် မင်းအတွက် မစီစဥ်ပေးထားတာ

မင်းရဲ့ အခန်းထဲမှာလည်း အကုန်ပြင်ဆင်ပေးထားတယ်.. အိပ်ယာခင်းနှင့်စောင်ကိုလည်း အသင့်ပြင်ထားပြီးသားပဲ.. မနက်ဖန်ကျရင် အောက်ဘက်မှာ ဓာတ်ဘူးလာယူလို့ရတယ်.. မင်း ဒီနေ့ ရေသောက်ချင်ရင်တော့ ပိုက်ခေါင်းကနေ တိုက်ရိုက်ပဲ ယူရလိမ့်မယ်”

ကျောင်းအုပ်ကွမ်းက အရာအားလုံးကို ရှင်းပြပြီးနောက် ပြောလာတယ်။

“မင်း ငါတို့ကျောင်းမှာ သုံးနှစ်အလုပ်လုပ်ပြီးသွားရင်ရင် ဒီအိမ်က မင်းရဲ့အပိုင်ဖြစ်သွားလိမ့်မယ်.. ပြီးတော့ ငါ့ရဲ့အိမ်က အနောက်ဘက်မှာရှိတယ်.. မင်းမှာ တစ်ခုခုလိုအပ်တာရှိရင် ငါ့ဆီကိုလာလို့ရတယ်”

“ကောင်းပါပြီ ကျွန်မ နားလည်ပါတယ်”

ဆုဆု အလွန်ကျေးဇူးတင်သွားရတယ်။ သူမအနေနဲ့ ဒီလောက်ထိ နွေးထွေးတဲ ကြိုဆို ဧည့်ခံမှုမျိုးကို ရရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။

ကျောင်းအုပ်ကြီးကွမ်းက ပြောစရာရှိတာကိုပြောပြီးတာနဲ့ ထွက်သွားခဲ့တယ်။ သူမအနေနဲ့ မနက်ဖြန်တစ်ရက် အနားယူပြီး နောက်တစ်နေ့မှာကျောင်းကိုလာပြီး သတင်းပို့ရမယ်လို့ ပြောခဲ့သေးတယ်။

ဆုဆု  သဘောတူပြီးနောက် အိမ်ထဲကိုဝင်ကာ သေသေချာချာလေ့လာကြည့်ခဲ့တယ်။ ဒီအိပ်ဆောင်အသစ်က တကယ့်အိမ်အစစ်လိုမျိုး အမှန်တကယ်ခံစားခဲ့ရတယ်။ အဓိကအားဖြင့် အခန်းက  အလွန်နွေးထွေးလွန်းတယ်။ အခန်းတွေအားလုံးကို စုပေါင်းအပူပေးနိုင်လောက်တယ်။ နောက်ပြီး ဧည့်ခန်းထဲမှာလည်း စားပွဲနှင့် ကုလားထိုင်တွေပါရှိပြီး စားပွဲပေါ်မှာ မီးခွက်တစ်ခုလည်းရှိနေသေးတယ်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ (1970) နဲ့ (1980) ခုနှစ်တွေလောက်မှာအသုံးပြုခဲ့တဲ့ သံခုတင်ကြီးကို တွေ့လိုက်ရတယ်။ စားပွဲအသေးလေးတစ်လုံးကိုလည်း ဘေးမှာချထားခဲ့ပြီး အစိမ်းရောင်ဆေးသုတ်ထားတဲ့ တံခါးလေးပေါက်ပါ သတ္ထုဗီဒိုကြီးတစ်ခုလည်းပါရှိတယ်။

သူမ ကျောပိုးအိတ်ကို ခုတင်ပေါ်သို့တင်လိုကာပြီး ရေနွေးခွက်နှင့် အရာအားလုံးကို ထုတ်ယူပြီးနောက် ဘီဒိုကြီးကိုဖွင့်ကြည့်လိုက်တယ်။ ဘီဒိုရဲ့ အခန်းတစ်ဖက်မှာတော့ စောင်နှင့် ခေါင်းအုံးတစ်လုံးကို တွေ့ရှိခဲ့တယ်။

သူမ ဘီဒိုတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာပဲ  တစ်စုံတစ်ယောက်က တံခါးလာခေါက်ခဲ့တယ်။ ရောက်ရှိလာတဲ့သူကတော့ အသက် (30) နှင့် (40) ကြားလောက်မှာရှိတါ့ အမျိုးသမီးတစ်ဦးပဲ။

သူမက ဆုဆုကိုမြင်တော့ ပြုံးပြီးပြောဘလာတယ် ။

“ရဲဘော်ဆု ငါက ကွမ်းယွီရဲ့ဇနီး စုန့်အိုက်ယင်းပါ..  ကျောင်းရဲ့ထောက်ပံ့ပို့ဆောင်ရေးကို တာဝန်ယူထားတယာ”

“ဟယ်လို..အထဲကို ဝင်ခဲ့လေ အပြင်မှာအရမ်းအေးတယ်”

ဆုဆုက သူမကို အချှက်အမြန်ဝင်လာခိုင်းလိုက်တယ်။ ကျောင်းမှာ ဘယ်သူ့ကိုမဆို အပြစ်လုပ်စော်ကားလို့ ရနိုင်ရင်တောင်  ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းတွေကိုတော့ လုံးဝအပြစ်မလုပ်သင့်ဘူး။

ဘာလို့လဲဆိုတော့ အစားအစာနှင့် အမိုးအကာတွေက တစ်ဖက်လူရဲ့ လက်ထဲမှာရှိနေခဲ့တယ်လေ။

စုန့်အိုက်ယင်းက အခန်းထဲကို ဝင်လာပြီးနောက် သူမရဲ့လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ချလိုက်ကာ ပြောလာတယ်။

“ငါ  မင်းအတွက်ရေနွေးကရားနဲ့ ရေနွေးဓာတ်ဘူးအပြင် ကျောင်းက ဆရာတွေဆီကို ပို့ပေးတဲ့ မျက်နှာသုတ်ပုဝါနဲ့ ရေဆေးဇလုံတွေယူလာပေးတာ.. လောင်ကွမ်းကတော့ တကယ်ကိုဂရုမစိုက်တတ်တာပဲ.. မင်းသာ မနက်ဖြန်မှ ဒီပစ္စည်းတွေကိုရမယ်ဆိုရင် ဒီနေ့ ဘာနဲ့ သွားသုံးနေရမှာလဲ..ဒါကြောင့်  ငါယူလာပေးလိုက်တာ”

“​ကျေးဇူးအများကြီးတင်​ပါတယ်​.. ကျွန်မလည်း ဒါတွေကို မေ့နေခဲ့တာ”

ဆုဆုက ပြုံးရွှင်စွာနဲ့ ပစ္စည်းတွေကို ကောက်ယူပြီး စားပွဲပေါ်သို့တင်လိုက်တယ်။

“ဒါရိုက်တာစုန့် .. ရှင်က အရမ်းကောင်းတာပဲ.. ဒါနဲ့ ကျွန်မ တစ်ခုလောက် အကူအညီတောင်းရဦးမယ်..  ဒီကျောက်မီးသွေးမီးဖိုက မီးဖို့လို့မရဘူး  မှကျွန်မလုပ်တာ နည်းနည်းလောက် လွဲနေတယ်ထင်တယ်”

သူမ ဒါတွေကို အရင်တုန်းက တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။ ကျောက်မီးသွေးက မီးဖိုရတာလွယ်တဲ့ပုံရပေမဲ့ သူမအနေနဲ့ မမြင်တွေ့ခဲ့ဖူးတာကြောင့် မလုပ်နိုင်ဘူးဖြစ်နေခဲ့တယ်။

စုန့်အိုက်ယင်းက ချက်ချင်းပဲပြောလာတယ်။

“ဒါက လွယ်ပါတယ်”

သူမက ဆုဆုကို သင်ကြားပြသပေးလိုက်တော့ ဆုဆု ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

  “ဒါဆို မနက်ဖြန် မီးဖိုနိုင်လောက်ပြီ”

“တကယ်တော့ ငါတို့ကျောင်းက အခုမှ စဖွင့်မှာဖြစ်လို့ လောလောဆယ် ကိုယ်တိုင်လုပ်ရတာပါ.. အချိန်တစ်ခုကြာပြီးရင် ကင်တန်းစဖွင့်လာလိမ့်မယ်..  မနက်နဲ့နေ့လည်တွေမှာ ကန်တင်းမှာစားလို့ရတယ်လေ..  မင်းက အစိုးရဆရာဆိုတော့ မေစရာနဲ့စားစရာအတွက် ပိုက်ဆံပေးစရာမလိုပဲ အလကားစားလို့ရတယ် .. ငါတို့လို ပုဂ္ဂလိကအနေနဲ့ခန့်ထားတဲ့ဝန်ထမ်းတွေကတော့ တစ်လကို ပိုက်ဆံနည်းနည်းလောက် ပေးရလိမ့်မယ်”

စုန့်အိုက်ယင်းက အလွန်ရိုးသားပုံရပြီး သူမရဲ့စကားတွေကလည်း အလွန်ရိုးရှင်းနေခဲ့တယ်။

ဆုဆု :”သိပါပြီ.. ကျေးဇူးတင်ပါတယ် ဒါရိုက်တာစုန့်”

“ဒါဆို မင်းလည်း ရေနွေးတည်ပြီး ရေချိုးပြီး အိပ်လိုက်တော့လေ.. မနက်ဖန်တစ်ရက်လောက် အနားယူပြီး လိုအပ်တဲ့ ပစ္စည်းတွေရှိရင် သွားဝယ်လိုက်ပေါ့..  ငါအရင်ပြန်သွားလိုက်မယ်.. မင်းရဲ့အနားယူမှုကို မနှောင့်ယှက်တော့ဘူး..  စကားမစပ် မင်းညစာ မစားရသေးဘူးမလား? ငါ့ကိုကြည့်လိုက်ပါဦး.. အကုန်လုံးကိုမေ့နေတာပဲ.. ဒါမှမဟုတ် မင်း ငါတို့အိမ်ကို လိုက်ပြီး စားလိုက်ပါလား”

“ရပါတယ်.. ကျွန်မ ရထားပေါ်မှာ ကြက်ဥနဲ့ ကိတ်မုန့်တွေစားပြီး ဗိုက်မဆာတော့ဘူး.. ဗိုက်ဆာရင် စားဖို့ ကြက်ဥပြုတ်တွေတောင် ကျန်နေသေးတယ်”

“ကောင်းပြီ ကောင်းပြီ”

စုန့်အိုက်ယင်းက နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။

ဆုဆု စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကျောက်မီးသွေးမီးဖိုမှာ ရေနွေးကျိုပြီးနောက် သူမကိုယ်သူမ ရေနွေးနှင့် ဆေးကြောကာ အိပ်ရာမဝင်ခင် အိမ်အသစ်လေးကို သန့်ရှင်းရေးလုပ်လိုက်တယ်။ မနက်​ဖြန်​ကျရင်  လင်းချွမ်ဆီကိုသွားပြီး စပရိုက်လုပ်ရမယ်။

ဒါပေမယ့် သူမဆီမှာ ပစ္စည်းတွေအများကြီး ဝယ်စရာလိုနေတာကို ရှာတွေ့သွားခဲ့တယ်။ သူမက တက္ကသိုလ်မှာလည်း အဆောင်မှာနေခဲ့တာဖြစ်လို့ နေရာထိုင်ခင်းစီစဥ်ဖို့အတွက် ကျွမ်းကျင်ခဲ့တယ်။

​နောက်​တစ်​​နေ့မှာတော့  သူမက တံခါး​စောင့်​​လောင်ဝမ်ကို ​ဈေးကိုဘယ်လိုသွားရမလဲဆိုတာကိုမေးမြန်းကာ အိမ်​အသုံးအ​ဆောင်​များစွာဝယ်​ပြီး မြည်းလှည်းကားဖြင့် ပြန်လာခဲ့တယ်။

သူမက ပစ္စည်းတွေကို အိမ်မှာထားခဲ့ပြီး မရှင်းလင်းသေးဘဲ မြည်းလှည်းကားပိုင်ရှင်ကို X မြို့ရဲ့စစ်တပ်ဧရိယာ ဘယ်မှာလဲဆိုတဲ့အကြောင်းကိုမေးမြန်းကာ ထိုနေရာကို ပို့ပေးနိုင်မလားလို့ ပြောခဲ့တယ်။

မြည်းလှည်းကားပိုင်ရှင်က သေချာပေါက် သိနေခဲ့ပေမဲ့ နေရာက နည်းနည်းလောက်ဝေးကွာတာကြောင့် တစ်ယွမ်ပေးဖို့ တောင်းဆိုခဲ့တယ်။

ဆုဆုက သဘောတူခဲ့ပြီး နွေဦးရာသီဝတ် သိုးမွှေးကုတ်အင်္ကျီကို ပြောင်းလဲဝတ်ဆင်လိုက်ကာ ကားပေါ်ကိုတက်လာခဲ့တယ်။

သူမက သကြားလုံးတချို့လည်း ယူလာခဲ့ပြီး နောက်ပိုင်းမှာသုံးဖို့ ထည့်လာခဲ့တယ်။ အဆုံးမှာ ထိုနေရာကိုရောက်ရင် လင်းချွမ်ရဲ့ရဲဘော်တွေနဲ့လည်းတွေ့နိုင်ပြီး ဒီသကြားလုံးတွေက အသုံးဝင်လာမှာသေချာတယ်။

နောက်ဆုံးမှာတော့ သူမ မမျှော်လင့်ထားလောက်အောင် အချိန်ကြာမြင့်စွာ စီးပြီးမှ စစ်တပ်ရဲ့တံခါးဝဆီသို့ ရောက်ရှိလာခဲ့တယ်။ သူမ ကားပေါ်မှ ဆင်းလိုက်တယ်ဆိုရင်ပဲ ပျောက်ကျားယူနီဖောင်းကို ဝတ်ထားတဲ့ စစ်သားအုပ်စုတစ်စုက သူမတို့ ရှိတဲ့ဘက်ကို ပြေးလာတာကို မြင်တွေ့လိုက်ရတော့တယ်။

အဟွတ်……

သူတို့တွေက မစ်ရှင်တစ်မျိုးမျိုးကို ထမ်းဆောင်ခဲ့တာဖြစ်လောက်ပြီး သူတို့တစ်ဦးချင်းစီက ရွှံ့နွံတွေထဲမှ ခုန်တက်လာပုံပေါက်နေခဲ့တယ်။

ဆုဆု သူတို့ဘက်ကို ဂရုမစိုက်တော့ဘဲ ဂိတ်ပေါက်ရှေ့မှ အစောင့်စစ်သားကို  သွားမေးဖို့ လုပ်တဲ့အချိန်မှာပဲ အဖွဲ့ရဲ့အရှေ့မှာ ပြေးနေတဲ့ စစ်သားက ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမဘက်ကို မျက်နှာမူကာ လှည့်ကြည့်လာတာကို တွေ့လိုက်ရတယ်။

ဒါပေမယ့် သူက မသေမချာဖြစ်နေပုံရပြီး အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်။

ဒီအချိန်ကျမှ ဆုဆုတစ်ယောက် သူ့ကို  သေသေချာချာစိုက်ကြည့်ရင်း မှတ်မိသွားရတော့တယ်။ သူမ စိတ်လှုပ်ရှားစွာနဲ့ သူ့ဆီကို ပြေးလွှားကာ လက်ကိုဝှေ့ရမ်းပြီး ခေါ်လိုက်တယ်။

“လင်းချွမ်!”

ဒီအချိန်မှာတော့ “ အရှက်ရစရာ ပုံစံ”ဖြစ်နေခဲ့တဲ့  လင်းချွမ်တစ်ယောက် အဝေးတစ်နေရာဆီမှ ရင်းနှီးကျွမ်းဝင်ဟန်ရှိတဲ့ မိန်းကလေးက သူ့ရဲ့ဇနီးသည် ဟုတ်မှန်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့တယ်။

သူ့ရဲ့နောက်မှာရှိနေတဲ့ တခြားလူတစ်ယောက်ကလည်း လှမ်းပြောလာခဲ့တယ်။

“ဟေး..အဲဒီမိန်းမလှလေးက ကျွန်တော်တို့တပ်ရင်းမှူးရဲ့ နာမည်ကို ခေါ်နေတာမဟုတ်ဘူးလား? ကျွန်တော် နားကြားလွဲတာများလား”

လင်းချွမ်က သူ့ကို တံတောင်နဲ့ တွန်းထုတ်လိုက်ပြီး သူမကိုတွေ့ဆုံဖို့အတွက် အပြေးအလွှားသွားလိုက်တယ်။

ဆုဆုက အလွန် ပျော်ရွှင်နေတာကြောင့် လင်းချွမ်ကို ရုတ်တရတ်ပွေ့ဖက်ချင်ခဲ့ပေမဲ့ သူမရဲ့ခေါင်းကို လက်ကြီးတစ်ဖက်နဲ့ တွန်းထားတာကို ခံလိုက်ရလေတယ်။

သူမက သူနဲ့ယှဥ်လိုက်ရင် အရပ်ကလည်းပုသလို လက်တွေကလည်း တိုတယ်လေ။ ဒါကြောင့် သူမ လက်ကို ဆန့်တန်းပြီး လင်းချွမ်ကို  ပွေ့ဖက်ချင်ခဲ့ပေမဲ့လည်း သူ့ကို ဖမ်းမဆုတ်နိုင်ခဲ့ဘူး။

အပြင်လူတွေအတွက်တော့ ဒီအခိုက်အတန့်မှာ လင်းချွမ်က ကြောင်လေးတစ်ကောင်နဲ့ ဆော့ကစားနေသလိုဖြစ်နေခဲ့ပြီး အတော်လေး စိတ်ဝင်စားစရာကောင်းနေခဲ့တယ်။

**

All Chapters