အခန်း (၉၃)
Vol. 10 Ch. 93
“ရှင် ဘာလုပ်တာလဲ?”
ဆုဆု မလိုလားစွာနဲ့ နောက်ကိုပြန်ဆုတ်သွားခဲ့ရင်း မေးလိုက်တယ်။ ဘာလို့လဲ? သူက သူမ သူ့ကို အံသြပျော်ရွှင်အောင်လုပ်တာကို မကြိုက်ဘူးလား? အခုတော့ သူကသာ သူမကို အံ့သြသင့်အောင် လုပ်နေခဲ့တယ်။
“ကိုယ်က ညစ်ပတ်နေတယ်”
လင်းချွမ် ထိုသို့ပြောပြီးနောက် သူမနဲ့ တည့်တည့်မှာ ဖြောင့်တန်းစွာ ရပ်လိုက်ပြီး မေးလိုက်တယ်။
“မင်း... မင်းဘာလို့ ဒီကို ရောက်လာနေတာလဲ”
“ကျွန်မ ရှင့်ကိုတွေ့ဖို့လာခဲ့တာ.. ကျွန်မ ရှင့်ကို အံ့သြသွားအောင်လုပ်မလို့လေ.. ရှင် အံ့သြသွားလား”
ဆုဆုအပြုံးလေးနဲ့ ပြန်ပြောလာခဲ့တယ်။
လင်းချွမ်က ဘာကြောင့်လဲဆိုတာကို မသိခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့နှလုံးသားကတော့ သူမရဲ့ ပျော်ရွှင်နေတဲ့မျက်နှာထားလေးနဲ့ သူ့အပေါ်စိုက်ကြည့်လာတာကိုမြင်တွေ့လိုက်ရချိန်မှာ အလွန်အမင်း ခုန်ပေါက်လာခဲ့ရတယ်။
ဒီအခိုက်အတန့်မှာ သူ့ရဲ့လက်ကိုတောင် ဘယ်မှာထားရမလဲဆိုတာ မသိတော့သလိုပဲ။ ဒါကြောင့် အသာပြောလိုက်တယ်။
“ကိုယ်နဲ့အရင် လိုက်ခဲ့လေ.. ကိုယ်ရေချိုးပြီးရင် စကားပြောရအောင်”
“ကောင်းပြီ”
သူတကယ်ကို ရေချိုးသင့်နေပြီ။ အခုအခြေအနေက သူမတောင် သူ့ကို မမှတ်မိလုနီးပါးပဲ။
လင်းချွမ်က ဆုဆုကို အထဲသို့ ခေါ်သွားခဲ့ပေမယ့် ဘေးနားမှာရှိနေတဲ့ စစ်သားတွေကတော့ သူ့ရဲ့နောက်ကနေ လိုက်သွားခဲ့ကြခြင်းမရှိဘူး။ တစ်ဖက်မှာ သူတို့တွေက အချင်းချင်းပြောနေခဲ့ပြတယ်။
“ရဲဘော် ..အဲဒီမိန်းကလေးက တပ်ရင်းမှူးရဲ့ညီမလား”
“မဟုတ်လောက်ဘူး .. ဘာကိုညီမလေးလဲ.. တူမလိုမျိုး တစ်ခုခုဖြစ်ရမယ်”
“ဘာကိုတူမလေး ဖြစ်ရမှာလဲ? အဲဒါ ငါတို့ရဲ့ မရီးပဲ.. ငါ သူမကို ဓာတ်ပုံထဲမှာ မြင်ဖူးတယ်”
“ဘာလဲ?”
“အဲဒါ ငါတို့ရဲ့မရီးလား”
“ဟုတ်တယ် အဲဒါက မရီးပဲ”
လင်းချွမ်က ဆုဆုနဲ့ အတူ ဝင်လာပြီး အနောက်ဘက်ကို လှည့်ကာလှမ်းပြောလိုက်တယ်။
“ချန်ယွဲ့ကျင်း သူတို့ကိုဦးဆောင်ပြီး စစ်တပ်ကို နောက်တစ်ခေါက် ပတ်ပြေးခိုင်းလိုက်.. ညစာစားချိန် မတိုင်ခင်အထိ ပြန်လာခွင့် မပေးဘူး “
“အာ...”
တီးတိုးညည်းညူသံတွေ ထွက်လာခဲ့တယ်။
ဆုဆု အနည်းငယ်ရှက်ရွံ့သွားပြီး သူ့ကို မေးလိုက်တယ်။
“ဒါက အဆင်ပြေလို့လား”
“ဘာမှမဖြစ်ပါဘူး .. ကိုယ်မင်းကို ကိုယ့်ရဲ့အဆောင်ကို အရင်ခေါ်သွားသွားမယ်”
လင်းချွမ်က ဆုဆုကို သူ့ရဲ့အိပ်ဆောင်သို့ ခေါ်သွားခဲ့တယ်ဆိုပေမဲ့လည်း သူတို့က စစ်တပ်ရဲ့နေရာအများစုကို ဖြတ်သန်းသွားခဲ့ရတယ်လေ။ ဒီတော့ ခဏလောက်အကြာမှာပဲ သူ့ရဲ့ဇနီးသည်က လာရောက်လည်ပတ်တဲ့အကြောင်းကို လူတိုင်းနီးပါး သိသွားခဲ့ကြတယ်။
လင်းချွမ်က သူ့ရဲ့ဇတီးသည် သူ့ကို မကြိုက်မှာကို ကြောက်တာကြောင့် စစ်တပ်ရေချိုးခန်းဆီကို အလျှင်အမြန် ပြေးသွားကာ မတ်တပ်ရေချိုးခဲ့ပြီး ဆံပင်ကိုတောင် မသုတ်နိုင်ခဲ့ပဲ အိပ်ဆောင်ဆီသို့ ပြန်ပြေးသွားခဲ့ပြန်တယ်။
လမ်းမှာလည်း သူက တာဝန်ကျစစ်သားတစ်ဦးဆီမှာ နေ့တစ်ဝက်ခန့် ခွင့်ယူဖို့အတွက် တောင်းဆိုခဲ့တယ်။
အခန်းထဲကို ပြန်ရောက်တော့ ဆုဆုက သူ့ရဲ့ ခုတင်မှာထိုင်ရင်းနဲ့ အခန်းတွင်းကိုလှည့်ပတ်ကြည့်နေတာကို မြင်တွေ့လိုက်ရတယ်။
“မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ကျွန်မ ရှင့်ကို လာတွေ့ချင်လို့လေ.. မရဘူးလား”
“ကောင်းပြီ ..ကိုယ် မင်းအတွက် အခန်းတစ်ခုစီစဉ်ပြီး ကစားဖို့ ခေါ်သွားပေးမယ်”
“ဒါဆို ရှင် ဒီကနေ အပြင်ကိုထွက်သွားလို့ရလား”
“ကိုယ် နေ့တစ်ဝက်လောက် ခွင့်ယူထားတယ်”
ဆုဆု သူ့ကို ချက်ချင်းပဲပွေ့ဖက်လိုက်တယ်။
“လင်းချွမ် ရှင် ကျွန်မကို လွမ်းနေခဲ့လား”
လင်းချွမ်အနေနဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိနှိပ်နေခဲ့ရပြီး သူ့ရဲ့ ဇနီးသည် မကြောက်အောင် စိတ်ငြိမ်ငြိမ်ထားဖို့ တွန်းအားပေးနေခဲ့တာ။ ဒါပေမယ့် အခုတော့ အခန်းထဲတွင် ဘယ်သူမှ မရှိတာကြောင့် သူ ထပ်ပြီး တောင့်မခံထားနိုင်တော့ဘူး။ သူ ဆုဆုကို သူ့ရဲ့ရင်ခွင်ထဲမှာ ချက်ချင်းပွေ့ဖက်လိုက်ပြီး သူမကို ပင့်,မကာ နံရံပေါ်ကိုဖိကပ်ရင်း နမ်းရှိုက်လိုက်တော့တယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ ကျယ်လောင်စွာပြောနေခဲ့တယ်: ကိုယ် မင်းကို အရမ်းလွမ်းတယ်၊ မင်းရဲ့အကြောင်းတွေကိုပဲ တွေးနေခဲ့တာ!
သူ့ဆီမှာ အချိန်အများကြီးရှိမနေခဲ့တဲ့အတွက် အများဆုံးတွေးတောနိုင်ခဲ့တာကတော့ ဇနီးသည်ရဲ့ အရသာကိုပဲ။
ဒါကြောင့် အမျိုးသမီးတွေက အမျိုးသားတွေဆီက ချိုမြိန်တဲ့စကားတွေကို ကြားရတာကို ကြိုက်ကြတာပဲ။ သူတို့တွေက ကြမ်းတမ်းတဲ့အမျိုးသားတွေကို အများဆုံး သဘောကျကြတယ်။
နောက်ပြီး အမျိုးသားတွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင် အမူအကျင့်တွေကိုအသုံးပြုလေ့ရှိတယ်။ အခု လင်းချွမ်လိုမျိုးပဲ။
သို့ပေမဲ့ စာအုပ်ကို ဖတ်ထားခဲ့ပြီး လင်းချွမ်ရဲ့အကျင့်စရိုက်ကိုသိနေခဲ့တဲ့ ဆုဆုက သူ့ရဲ့ဖော်ပြလိုမှုကို အနည်းငယ်သိရှိလာခဲ့တယ်။
ဒါက သူ့ရဲ့လွမ်းဆွတ်မှုကို ဖော်ပြနေတာလား ? ? ?
ဒါက တကယ့်ကိုပြင်းထန်တဲ့ အမျိုးအစားပဲ။
အနည်းငယ်လောက်တောင် အသက်ရှုမဝဖြစ်စေတယ်..
နောက်ပြီး....
သူမ အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ပေမဲ့ သူ့ကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့တာတောင် လွတ်မြောက်အောင် မရုန်းကန်နိုင်ခဲ့ဘူး။
ဒါကြောင့် သူမ ကန်ရင်း ကန်ရင်းနှင့် နောက်ဆုံးတော့ အရေးကြီးတဲ့နေရာကို ကန်ကျောက်မိသွားခဲ့တယ်။
လင်းချွမ် ညည်းညူလိုက်ပေမယ့်လည်း နောက်ဆုံးတော့ သူမကို လွှတ်ပေးလာခဲ့တယ်။ ထို့နောက် ခါးကိုကိုင်းညွတ်ထားခဲ့ကာ အတော်လေး သနားစရာကောင်းနေခဲ့လေတယ်။
“ရှင်.. ရှင် အဆင်ပြေရဲ့လား?”
အဓိကနေရာကို သွားကန်မိလိုက်တာပဲ ဟုတ်တယ်မလား? ဒီလိုမျိုး မည်းမှောင်သွားတဲ့ မျက်နှာနဲ့ ချွေးစေးတွေ ထွက်နေတဲ့ နဖူးကို မြင်တော့ ထိုနေရာက ဒီညတော့ မသုံးနိုင်လောက်တော့ဘူးလို့ ဆုဆုတွေးလိုက်မိတယ်။
အဲဒါကိုသာ ကောင်းကောင်းအသုံးမချနိုင်တော့ဘူးဆိုရင် သူမကို မှောက်လိုက်လှန်လိုက် လုပ်မှာကနေ ကယ်တင်နိုင်လိမ့်မယ်။
ဆုဆုက အပေါ်ယံတွင် စိတ်ပူပြနေခဲ့ပေမဲ့လည်း သူမရဲ့စိတ်ထဲမှာတော့ အလွန်ပျော်ရွှင်နေခဲ့တယ်။
“မင်း ကိုယ့်ကိုကန်ခဲ့တာကို အရမ်းပျော်နေတယ်လို့ ကိုယ်ဘာလို့ခံစားမိနေတာလဲ”
လင်းချွမ်က စိတ်ခံစားချက်အလွန်ထက်မြက်နေတုန်းပဲ။
“မဟုတ်တာ.. ရှင် ကွဲသွားသလို ခံစားနေရမှာပဲ ဟုတ်တယ်မလား?”
“အဆင်ပြေပါတယ်”
ဒါကသေချာပေါက် အဆင်ပြေရလိမ့်မယ်။ သူလိုချင်တဲ့အရာကို သူ့ရဲ့တံခါးပေါက်အထိ အရောက်ပို့ပေးလာတာလေ။ သူက သူမကို လွှတ်ပေးလိုက်မယ်ဆိုမှသာ ထူးဆန်းနေလိမ့်မယ်။
ဆုဆု နှုတ်ခမ်းစူပြီးပြောလိုက်တယ်။
“ရှင် ကျွန်မကိုလွမ်းလားလို့ မေးထားတာကို ရှင် ပြန်မဖြေရသေးဘူး.. ရှင် ကျွန်မကို မတွေ့ချင်ဘူးဆိုရင် ကျွန်မ ထွက်သွားတော့မယ်”
“တွေးကြည့်လေ”
လင်းချွမ်ရဲ့အသက်ရှင်သန်လိုတဲ့ဆန္ဒက အလွန်မြင့်မားနေတုန်းပဲ။ သူက ဆုဆုကို ပွေ့ဖက်လိုက်ပြီး သူ့ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အရာတစ်ခုခုကို ပြောပြလိုက်တယ်။
သူမ ကြားချင်တဲ့ စကားကိုကြားလိုက်ရတော့ ဆုဆု ပြုံးလိုက်မိတယ်။
“ဒါဆို ရှင် ကျွန်မကို ဘယ်လိုမျိုး တွေးလဲ”
“... “
ဒါက ပြောပြဖို့အတွက် နည်းလမ်းမရှိဘူး။ သူ့အတွေးထဲမှာရှိတဲ့ သူမရဲ့ပုံရိပ်တွေက အများအားဖြင့် အိပ်ယာထဲမှာပဲလေ။ နောက်ပြီး အဲဒီ***အရသာ...
“ပြောလေ.. တကယ်လို့ ရှင်မပြောဘူးဆိုရင် ...”
“ကိုယ်တွေးခဲ့တာက မင်းက အိပ်ယာထဲမှာ....”
ရုတ်တရက်ပဲ အိပ်ဆောင်တံခါးက ပွင့်ဟလာခဲ့တယ်။
သူတို့ နှစ်ယောက်လုံး အေးခဲသွားရတယ်။ အခန်းထဲကို ဝင်လာတဲ့လူက သူတို့ပြောတာကို ကြားသွားလားဆိုတာ သူတို့ မသိတော့ဘူး။
အခန်းထဲကို ဝင်လာတဲ့လူကလည်း ရှက်ရွံ့သွားရတယ်။ သူက အ၀တ်အစားလဲဖို့ရောက်လာတာဖြစ်ပြီး အဝတ်အစားယူပြီးတာနဲ့ ပြန်ထွက်သွားဖို့ တွေးထားခဲ့တာ။ သို့ပေမယ့် အခန်းထဲကို ဝင်လာချိန်မှာ အထဲမှ လူနှစ်ယောက်က ထိုကဲ့သို့ရှက်ရွံ့စရာအကြောင်းကိုပြောနေတာကို ကြားလိုက်ရတယ်လေ။
“ခွင့်ပြုပါဦး”
ချန်ယွဲ့ကျင်း တံခါးကိုပြန်ပိတ်လိုက်တယ်။
ဆုဆု ရုတ်တရက် မျက်နှာကို လက်နဲ့ ဖုံးအုပ်လိုက်မိတယ်။
“ရှင့်ဆီမှာ ကိုယ်ပိုင်အခန်းရှိနေပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား”
“သူ .. သူ မကြာသေးခင်တုန်းက ဒီကိုရောက်လာတာ”
သူ့ရဲ့ ဇနီးသည်က ဒီလိုအချိန်မျိုးမှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာလိမ့်မယ်လို့ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။
“အိုး”
ဆုဆု အလွန်အမင်းရှက်သွားခဲ့တာကြောင့် ခေါင်းတောင်မထောင်ရဲတော့ဘူး။
“သွားရအောင် .. ကိုယ် မင်းကို ဧည့်ရိပ်သာဆောင်ကို လိုက်ပို့ပေးမယ်”
အဲဒီအဆောင်မှာဆိုရင် တိတ်ဆိတ်နေပြီး သူ့ကို ဘယ်သူကမှ လာနှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး။
“မလိုဘူး.. ကျွန်မဆီမှာ နေစရာနေရာရှိတယ်.. ရှင် အပြင်ကိုထွက်ပြီး ကျွန်မနဲ့လိုက်ကြည့်လို့ရမလား”
ဆုဆု မျှော်လင့်တကြီး ကြည့်လိုက်တယ်။
“ကောင်းပြီ.. ဒါဆို ကိုယ်ကားသွားယူမှာကို ခဏလောက် စောင့်နေဦး”
တပ်ရင်းမှူးအဆင့်မှာ ကားတစ်စီးရှိပြီး မြို့တွင်းကို မောင်းနှင်သွားလာနိုင်တယ်။
ဒီမှာ ကားရှိနေတယ်ဆိုတာကို ကြားတော့ ဆုဆု အတော်လေးပျော်ရွှင်သွားရပြီး လင်းချွမ်ပြန်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်။ သူ့ဆီမှာ ကားတစ်စီးရှိနေတယ်ဆိုမှတော့ သူမအတွက် အများကြီး အကူအညီရနိုင်မှာ သေချာပေါက်ပဲ။ သူမရဲ့အိမ်မှာ ဆန်၊ ဂျုံမှုန့်၊ ကောက်နှံတွေနှင့် ဆီတွေ ရှားပါးနေသေးတာကြောင့် ဝယ်ယူဖို့ လိုအပ်သေးတယ်လေ။
ခဏလောက်ကြာတော့ သူတို့ အတူထွက်လာခဲ့ကြတယ်။
သို့ပေမဲ့ သူတို့ ထွက်လာတဲ့အချိန်မှာ လင်းချွမ်က အပြင်မှာလူတွေအများကြီးရှိနေပြီး သူတို့ဘက်ကို ခိုးကြောင်ခိုးဝှက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူ မတတ်နိုင်စွာနဲ့ ဖြောင့်မတ်စွာရပ်ပြီးအော်ဟစ်လိုက်တယ်။
“မင်းတို့တွေ အလုပ်အားလပ်နေကြတာလား.. မင်းတို့ရဲ့လေ့ကျင့်မှုကို ထပ်ပြီး တိုးမြှင့်လိုက်စေချင်နေတာလား”
ဘန်း!
အနီးအနားမှာရှိနေတဲ့ လူတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
ဆုဆုကတော့ ထိုအကြောင်းကိုမသိလိုက်တာကြောင့် ထူးဆန်းစွာမေးလာခဲ့တယ်။
“ရှင် ဘယ်သူ့ကို စကားပြောနေတာလဲ?”
“စိတ်ပူစရာမလိုဘူး.. ကားပေါ် အရင်တက်လိုက်လေ”
လင်းချွမ် သူ့ရဲ့ဇနီးသည်ကို ကားထဲသို့ဝင်ဖို့ ကူညီပေးခဲ့ပြီးနောက် မျက်မှောင်ကြုတ်ပြီးတွေးလိုက်တယ်။ သူ ပြန်လာတဲ့အချိန်ကျရင် သူတို့တွေကို အမှန်တကယ် လေ့ကျင့်ပေးရမယ်။ သူတို့တွေ ချောင်းကြည့်နေတယ်ဆိုရင်တောင် သူခံစားနိုင်တယ်။ ဒါက ရန်သူ့တွေအပေါ်သတိချပ်ဖို့အတွက် လိုအပ်ချက်ပဲ။
အမှန်ပဲ။ အခုချိန်မှာတော့ သူ့ဆီမှာ ဒီစစ်သားတွေကို နှောက်ယှက်ဖို့ အချိန်မရှိသေးဘူး။ သူ့ရဲ့ဇနီးလေးက အိမ်မှာ မှားယွင်းခံခဲ့ရတာလား ဒါမှမဟုတ် သူမ ဘာလို့ ဒီနေရာကိုနေစရာနေရာရှာဖို့ တစ်ယောက်တည်းလာခဲ့ရတာလဲဆိုတာကို တွေးတောစိတ်ပူနေခဲ့တယ်။
ဒါပေမယ့် သူမက ဘာမှမပြောခဲ့တာကြောင့် သူလည်း ထိုအကြောင်းကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။
ဒါကြောင့် သူ သတိကြီးကြီးထားပြီးတော့သာ မေးနိုင်ခဲ့တယ်။
“အဲဒါ... အိမ်မှာ ဘာဖြစ်နေသေးလဲ”
“အဆင်ပါတယ်.. အိုး ဟုတ်သားပဲ.. ရှင့်ရဲ့ဝမ်းကွဲနဲ့ တခြားသူတွေလည်း လာချင် လာနိုင်တယ်.. ဒါပေမယ့် သူတို့ မလာခင် ချင်ယွဲ့ယွဲ့ရဲ့ အိမ်ကို အရင်သွားလောက်မယ်လို့ ကျွန်မထင်တယ်.. ဒါပေမယ့် သူတို့တွေ ရှင့်ဆီကိုတော့ လာမရှာလောက်ဘူး”
အများစု သူမကို လာတွေ့ရုံလောက်ပဲဖြစ်လိမ့်မယ်။
“အမ်”
လင်းချွမ် မျက်မှောင်ကြုတ်လိုက်မိတယ်။
သူတို့ မြို့ထဲကိုရောက်ပြီးနောက် ဆုဆုရဲ့ဦးဆောင်မှုအောက်မှာ အရှေ့ဘက် X တက္ကသိုလ်ရဲ့ မိသားစုနယ်မြေသို့ ရောက်ရှုလာခဲ့ကြတယ်။ ဒါပေမယ့်လည်း မိသားစုနယ်မြေရဲ့အရှေ့ဘက်မှာ ဘယ်လိုအမှတ်အသားဆိုင်းဘုတ်မှ မရှိနေခဲ့တာကြောင့် ဒါက ဘယ်နေရာလဲဆိုတာကို သူ မသိသေးဘူး။
အိမ်ရာထဲကို အိမ်ထဲဝင်သွားပြီးနောက် သူ့ရဲ့ ဇနီးသည်က လမ်းဘေးမှာ ကားကိုရပ်ခိုင်းခဲ့တယ်။ ပြီးနောက် အုတ်အိမ်ငယ်လေးတစ်အိမ်ရဲ့ တံခါးကို သွားဖွင့်လိုက်လေတယ်။
“ဒန့် ဒန်... ရှင်ကျွန်မတို့ရဲ့ အိမ်အသစ်ကို ကြိုက်လား”
ဆုဆုက တံခါးဖွင့်ပေးလာတာနဲ့ လင်းချွမ်လည်း အိမ်ထဲကို ဝင်လာခဲ့ပြီး အိမ်က အတော်လေးသစ်လွင်နေတာကို တွေ့လိုက်ရတယ်။
သူ ပို,ပိုပြီး သံသယဝင်လာခဲ့ပြီး တံခါးကိုပြန်ပိတ်လိုက်ပြီးမျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။
“သူတို့တွေ မင်းကို စိတ်ဆိုးအောင်လုပ်ခဲ့တာလား.. လင်းဟိုင်လား?”
“မဟုတ်ပါဘူး?”
ဆုဆု ပြောစရာမဲ့သွားရတယ်။
ဒီအိမ်အသစ်က လင်းဟိုင်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ?
“ချင်ယွဲ့ယွဲ့က မင်းကို ရန်စခဲ့တာလား?”
“မဟုတ်ဘူး”
“ဒါဆို ဦးလေးရဲ့ မိသားစုလား ဒါမှမဟုတ် အကြီးဆုံးအစ်မလား”
“အင်း.. ရှင့်ရဲ့အစ်မအကြီးဆုံးကတော့ ကျွန်မကို တကယ်စိတ်ဆိုးအောင်လုပ်ခဲ့တယ်”
ဒီအချိန်ကျမှ ဆုဆုလည်း ထိုအကြောင်းကို ပြန်လည်သတိရသွားပြီး ဒေါသတကြီးနဲ့ ဖြစ်ခဲ့သမျှတွေကို ပြောပြလိုက်တယ်။
သူ့ရဲ့ ယောက်ဖဖြစ်သူက ဇနီးသည်ရဲ့အဝတ်အစားနဲ့ပတ်သက်ပြီး စော်ကားတဲ့စကားတွေကို ပြောခဲ့ကြောင်း ကြားလိုက်ရတော့ လင်းချွမ် သူ့ရဲ့လက်သီးကိုတင်းတင်းဆုတ်လိုက်ပြီး ပြောလာတယ်။
“နောက်တစ်ခါ ကိုယ်အိမ်ကိုပြန်တဲ့အချိန်ကျရင် သူတို့ရဲ့အိမ်ကိုသွားပြီး ကောင်းကောင်းဆုံးမပေးလိုက်မယ်”
“မေ့လိုက်တော့.. ကျွန်မတို့ရဲ့မိဘတွေလည်း ကျွန်မဘက်မှာ ရှိနေပေးခဲ့ကြတယ်လေ”
ဆုဆုကအလွန်အမြင်ကျယ်ပြီး အတိတ်အကြောင်းတွေကို ပြန်တွေးချင်စိတ်ရှိမနေခဲ့ဘူး။
“ဒါဆို မင်းက ဒီမှာ အိမ်ငှားပြီးနေတော့မှာလား? အနာဂတ်မှာ ပြန်သွားဖို့ အစီအစဉ်မရှိတော့ဘူးလား”
လင်းချွမ်က သူ့ရဲ့ဇနီးလေး မှားယွင်းခံခဲ့ရတာပဲလို့သာ တွေးနေခဲ့ပြီး သူထင်ထားသလိုမျိုး ဒီကိုရောက်လာခဲ့တယ်လို့ ထင်နေတုန်းပဲ။
“မဟုတ်...”
လင်းချွမ် သူ့ရဲ့ဦးထုပ်ကို ချွတ်ပြီး ပြောလာတယ်။
“ဘာလို့ သူတို့အတွက်ဖုံးကွယ်ပေးနေရတာလဲ.. တခြားလူတွေပြောတာကို ဂရုစိုက်မနေနဲ့.. မင်း ဒီမှာ ခဏလောက်စောင့်နေပေး.. ကိုယ်ခွင့်ယူပြီးတော့ မင်းနဲ့အတူ ပြန်လိုက်လာခဲ့မယ်... မင်းနဲ့ပတ်သက်ပြီး မကောင်းပြောရဲတဲ့သူတွေကိုအားလုံးကို ကိုယ်ရှင်းလင်းပေးမယ်.. သူတို့တွေ နှစ်ကြိမ်နဲ့တောင် အလုပ်မဖြစ်သေးဘူးဆိုရင်တောင် သုံးကြိမ်လောက်ဆိုရင်တော့ ရိုးသားလာလိမ့်မယ်”
“အာ.. ကျွန်မ တကယ်ကို မလိုပါဘူး ဟုတ်ပြီလား.. ကောင်းပြီ ကျွန်မရှင့်ကို အကုန်လုံးကိုပြောပြပေးမယ်”
ဆုဆု လင်းချွမ်ကို ကုလားထိုင်ပေါ်မှာ ဖိလိုက်ပြီး သူမကို ဆရာတစ်ယောက်အဖြစ် ခန့်အပ်လိုက်တဲ့အကြောင်းတွေကို ပြောပြလိုက်တယ်။
ဒါပေါ့။ သူမက ဒီအိပ်ဆောင်အကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့တယ်။
“ဒီနေရာက အခုကစပြီး ကျွန်မနေရမဲ့နေရာပဲ.. ဒီတော့ ရှင့်ကို မကြာမကြာလာဖို့ ကြိုဆိုပါတယ်”
“ကောင်းပြီ”
သူ့ရဲ့ဇနီးလေးက အလွန်အစွမ်းထက်ပြီး တက္ကသိုလ်ဆရာမ ဖြစ်လာခဲ့တယ်။
ဒါ့အပြင် သူမက အခုလိုမျိုး ကောင်းမွန်တဲ့ အိပ်ဆောင်ကိုတောင် ခွဲတမ်းရရှိခဲ့တယ်။ ဒီတော့ပိတ်ရက်တွေမှာ သူ့အတွက် သွားစရာနေရာရှိလာခဲ့ပြီ။ နောက်ပြီး အလွန်အမင်းကောင်းမွန်တဲ့နေရာလည်း ဖြစ်နေသေးတယ်။