အခန်း (၉၄)
Vol. 10 Ch. 94
“ရှင် ဒါကိုကြိုက်လား?”
လင်းချွမ်ရဲ့ တင်းမာနေတဲ့မျက်နှာထားကနေ သူ ဒေါသထွက်နေတာလား၊ ဒေါသထွက်နေတာ မဟုတ်ဘူးလားဆိုတာကို ဆုဆု မပြောနိုင်တာကြောင့် မေးလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။
“ကိုယ်လုပ်ပေးစရာတစ်ခုခုရှိလား?”
လင်းချွမ်ကတော့ အလွန်အမင်းလက်တွေ့ဆန်လွန်းတယ်။ သူ ဒီကို ရောက်လာပြီဆိုကတည်းက သူ့ရဲ့ ဇနီးသည် ပိုပြီးသက်တောင့်သက်သာရှိစွာနေနိုင်စေဖို့အတွက် လက်တွေ့ကျတဲ့အလုပ်တွေကို ကူညီပေးဖို့ကိုသာ တွေးနေခဲ့တယ်။
သေချာတာပေါ့။ ဒါက တကယ့်ကို အမျိုးသား ဇာတ်ပို့ရဲ့ စိတ်ဓာတ်နှင့် အကျင့်စရိုက်ပဲ။
သူက စကားကို နည်းနည်းသာပြောပြီး အလုပ်ကို များများပိုလုပ်လိမ့်မယ်။ စကားအလှအပအနုအယွတွေကို ပြောဆိုတတ်ခြင်မရှိဘဲ လက်တွေ့ကျတဲ့အရာတွေကို ဦးစားပေး ဆောင်ရွက်လိမ့်မယ်။
“ဒါဆို ကျွန်မအတွက် ကျောက်မီးသွေးအရင် ယူပေးလေ.. ပြီးရင် တခြားဟာတွေ ဝယ်ရအောင်”
“ကောင်းပြီ.. ဒါဆို စျေးကိုအတူသွားရအောင်.. မင်းက ပစ္စည်းတွေ ဝယ်ပြီး ကိုယ်က ကျောက်မီးသွေးတွေသယ်ပေးမယ်”
“အင်း”
ဇနီးမောင်နှံနှစ်ယောက်က အလုပ်အတူလုပ်နေခဲ့ကြတာကြောင့် ပင်ပန်းခြင်းကို မခံစားခဲ့ရဘူး။
သူတို့တွေ လိုက်ကာ၊ အိပ်ခန်းလိုက်ကာတွေ၊ ရေခွက်တွေ၊ ပန်းကန်တွေ၊ ပန်းကန်လုံးတွေ၊ ဆန်၊ ဂျုံ၊ အစေ့အဆန်တွေနဲ့ ဆီတွေလိုမျိုး စားသောက်ကုန်ပစ္စည်းတွေကိုပါ ဝယ်ယူခဲ့ကြတယ်။
ဒီပစ္စည်းတွေအားလုံးကို ခေတ်သစ်မှာလိုမျိုး ပေါ့ပေါ့ပါးပါးဝယ်ယူနိုင်ခြင်းမရှိဘဲ အရာအားလုံးကို စည်တွေ ပုံးတွေဖြင့် ဝယ်ခဲ့ရတယ်။
ပဲငံပြာရည်တစ်ပုံး၊ ရှာလကာရည်တစ်ပုံး၊ ဝိုင်တစ်ပုံး၊ ဆီတစ်ပုံးစသည်ဖြင့်...
ဝိုင်ဝယ်ခဲ့ရတာကတော့ သေချာပေါက် သူမရဲ့ခင်ပွန်းသည်အတွက်ပဲ။ သူက စစ်တပ်ထဲမှာဆိုရင်သောက်သုံးနိုင်မှာ မဟုတ်လို့ အားလပ်ရက်မှာ သူမဆီကိုရောက်လာတဲ့အချိန်မှာတော့ နည်းနည်းလောက်သောက်ရသင့်တယ်လေ။ သူမက သူမရဲ့ ခင်ပွန်းသည်အတွက်လည်း တွေးတောပေးခဲ့ပြီး ဒါကိုပါ ပြင်ဆင်ထားခဲ့တယ်။
အရာအားလုံးဝယ်ယူပြီးစီးသွားတဲ့နောက်မှာတော့ လင်းချွမ်က ကားမောင်းပို့ပေးခဲ့တဲ့ စစ်သားလေးကို ပြန်လွှတ်လိုက်ပြီး မနက်ဖန် မနက်မှာ သူ့ကို ပြန်လာကြိုဖို့ မှာလိုက်တယ်။
စစ်သားလေးက ဒွိဟဖြစ်နေတဲ့အမူအယာနဲ့ သဘောတူခဲ့ပြီး သူ့ရဲ့မရီးပေးခဲ့တဲ့ သကြားလုံးတွေကိုယူကာ ပြန်သွားခဲ့လေတယ်။
“ကျွန်မ အစတုန်းက ရှင့်ရဲ့နေရာကိုရောက်ရင် စစ်သားတွေဆီကိုပေးဖို့ဆိုပြီး သကြားတွေ အများကြီး ယူလာခဲ့တာ.. ဒါပေမယ့် ရှင်က ကျွန်မကို သူတို့နဲ့ မတွေ့ခိုင်းခဲ့ဘူးလေ”
“နောက်ပိုင်းမှာ အခွင့်အရေးရလာဦးမှာပါ.. ဒီနေ့တော့ ကိုယ် မင်းရဲ့နေရာကို အရင်ရှင်းပေးမယ်”
လင်းချွမ်က ဘယ်နေရာမှာမဆို လုပ်စရာရှိနေရင် မြန်မြန်ဆန်ဆန်ပဲ ဆောင်ရွက်လေ့ရှိတယ်။ ဒီတော့ ဆုဆု စိတ်လှုပ်ရှားစွာ ထိုင်ကြည့်နေတဲ့အချိန်မှာပဲ အရာအားလုံးက သန့်ရှင်းလို့ ပြီးစီးသွားခဲ့တော့တယ်။
လိုက်ကာတွေကိုတောင် ချိတ်ဆွဲထားပြီဖြစ်ပြီး အိမ်ရှေ့တံခါးကိုလည်း ပြင်ဆင် ရှင်းလင်းပြီးသွားခဲ့ပြီ။
အရေးကြီးဆုံးကတော့ ဆုဆုက အိပ်ခန်းထဲကိုဝင်ပြီး စာရွက်စာတန်းတွေကို စားပွဲပေါ်မှာတင်ပြီး အသုံးပြုဖို့လိုအပ်တာတွေကို ရှာဖွေထုတ်ယူနေစဥ်မှာ လင်းချွမ်က ထမင်းကိုတောင် ချက်နေခဲ့ပြီ။
သူက ခဏလောက်ချက်ပြီးတာနဲ့ စားလို့ရမဲ့ ဝက်သားနဲ့ တိုဟူးစတူးအိုးကြီးကိုလည်း ချက်ထားခဲ့သေးတယ်။
ဒီအရှိန်အဟုန်က ဘယ်သူမှ လိုက်မမှီနိုင်တော့ဘူး။
ဆုဆုက ကုလားထိုင်ပေါ်မှာ ရုတ်တရက် ထိုင်ချလိုက်တယ်။
“ဒီနှစ်ရက်လုံး ကျွန်မ အရမ်း ပင်ပန်းပြီး အားတွေတောင်ကုန်နေပြီ.. ရှင်သာ ဒါကို ကျွန်မကို မကူညီရင် ဒါတွေကို ဘယ်လောက်ကြာကြာ လုပ်ရမယ်ဆိုတာတောင် မသိတော့ဘူး.. ကျွန်မ မနက်ဖြန် ကျောင်းကို သတင်းပို့ရဦးမယ်”
“မင်း ညစာစားပြီးရင် ခဏနားလောက်နားလိုက်လေ.. ကိုယ် မီးဖိုခန်းထဲကိုဝင်ပြီး ကျောက်မီးသွေးတွေကိုစီစဥ်ပေးခဲ့မယ်”
“လင်းချွမ် ကျွန်မ အိမ်ထဲမှာ အိမ်သာဆောက်ချင်တယ်.. ကျွန်မ အပြင်ကိုထွက်ပြီး တခြားလူတွေနဲ့အတူ ရောနှောပြီး မသုံးချင်ဘူး”
“ဒါကို ကိုယ် ဂရုစိုက်လိုက်မယ်”
လင်းချွမ်က သူမပြောတဲ့စကားတွေကို ဘယ်တုန်းကမှ နောက်တစ်ကြိမ်ပြန်စဉ်းစားဖို့ မပြောခဲ့ဖူးဘူး။ သူက တွေးတောပြီးရင် သူ စီစဥ်ပေးမယ်ဆိုတဲ့စကားကိုသာ ပြောလေ့ရှိတယ်။ ဆုဆုသည်လည်း တစ်ဖက်လူရဲ့ ဒီအချက်ကို အလွန်သဘောကျတယ်။
ဒါကြောင့် သူမ ထမင်းစားပြီးနောက်မှာ အမှန်တကယ် အနားယူခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအား မထိန်းထားနိုင်တော့ဘူး။
အသစ်လုပ်ထားတဲ့ အိပ်ယာက တကယ်ကို သက်တောင့်သက်သာရှိလွန်းတာကြောင့် ဖြစ်နိုင်တယ်။ အဆုံးမှာ သူမက အိပ်ဖို့အတွက်မွေ့ယာထူထူကို ဝယ်ယူခဲ့တယ်လေ။
ဒါကြောင့် ခေါင်းအုံးကို ထိလိုက်တာနှင့် အိပ်ပျော်သွားလုနီးနီးဖြစ်ခဲ့ကာ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တယ်။ သူမ ပြန်လည် နိုးလာတဲ့အချိန်မှာ အပြင်ဘက်မှ အသံတိုးတိုးကို တစ်ချက်တစ်ချက်ကြားနေရပေမဲ့ သိပ်ပြီးမကျယ်နေခဲ့ဘူး။
သူမ ထကြည့်လိုက်တော့ အိပ်ခန်းတံခါးကို ပိတ်ထားကိုမြင်တွေ့လိုက်ရတယ်။ သူမ အိပ်ရာပေါ်မှဆင်းလိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ အပြင်ကိုထွက်ကြည့်လိုက်တော့ လင်းချွမ်တစ်ယောက် ရေချိုးခန်းထဲမှာ အလုပ်ရှုပ်နေတာကို မြင်တွေ့လိုက်ရတော့တယ်။
အခန်းတံခါးကိုပိတ်ထားတာကြောင့်သူမအနေနဲ့ ဆူညံသံတွေကို သိပ်ပြီး မကြားနိုင်ခဲ့တာပဲ။
သူမ ရေချိုးခန်းတံခါးကို စပ်စုစွာ ဖွင့်ကြည့်လိုက်တော့ လင်းချွမ်က အခန်းထဲမှာ ဆောင့်ကြောင့်ထိုင်အိမ်သာတစ်လုံး တပ်ဆင်နေတာကို မြင်တွေ့လိုက်ရပြီး ရေတွေသိုလှောင်နိုင်ဖို့အတွက် ရေဆွဲချလို့ရတဲ့ ကန်လေးတစ်ခုကိုပါ ထည့်သွင်းဆောက်လုပ်ထားတာကို တွေ့လိုက်ရတယ်။
သူ ဒါကိုဘယ်လိုမျိုး လုပ်ဆောင်လိုက်တာလဲဆိုတာကိုတော့ သူမ မသိပေမဲ့ အတော်လေး အံ့သြသင့်စရာကောင်းကြောင်းသာ ခံစားမိနေခဲ့တယ်။
နေရာချပြီး တပ်ဆင်တာ အကုန်ပြီးသွားတော့ သူက ပတ်ပတ်လည်ကိုဘိလပ်မြေတွေနဲ့ မံလိုက်ပြီး သူမဘက်ကို လှည့်ကြည့်ကာ ပြောလာတယ်။
“ဒါက မနက်ဖြန်မှ သုံးလို့ရလိမ့်မယ်.. ဒီနေ့ညတော့ ကိုယ်ဝယ်လာတဲ့ ပုံးကို သုံးကြတာပေါ့”
“အင်း.. အိမ်သာက သိပ်တော့မဝေးပါဘူး”
ညဘက်တွေမှာ သွားရတာ အဆင်မပြေရုံလောက်ပဲ။
ဆုဆု သူလက်ဆေးနေတာကိုစောင့်ရင်း အနားကိုသွားကာ ရေဆေးဖို့သုံးတဲ့ကြိုးကို ဆွဲယူကြည့်လိုက်တယ်။ ဒါက သုံးရတာ အတော်လေးလွယ်ကူတာပဲ။ သူမ မထိန်းနိုင်ပဲ မေးမြန်းကြည့်လိုက်တယ်။
“ရှင် ဒါကိုဘယ်လိုလုပ်လိုက်တာလဲ”
“စစ်တပ်ထဲမှာ မိသားစုအဆောက်အအုံ ဆောက်တဲ့အချိန်တုန်းက အလုပ်သမားတွေ လုပ်တာကို ကိုယ်မြင်ဖူးတယ်လေ”
“ရှင် တွေ့ဖူးရုံအဲလား?”
“ဒါက မခက်ပါဘူး”
ဆုဆု ခေါင်းခါပြီး ပြောလိုက်မိတယ်။
“မဟုတ်ဘူး.. မဟုတ်ဘူး.. ကျွန်မရဲ့တစ်သက်လုံး ဥာဏ်ကောင်းသလို ဟန်ဆောင်တာတွေ မလုပ်နိုင်မှာကို ကြောက်မိတယ်နော်”
“မင်းက တော်တော်လေး ဉာဏ်ကောင်းနေပါပြီ.. ဒီလိုမျိုးအသက်ငယ်ရွယ်လွန်းတဲ့ တက္ကသိုလ်ဆရာမတစ်ယောက်ကို ကိုယ် ပထမဆုံး တွေ့ဖူးတာဘဲ”
လင်းချွမ်က ချွေးတွေ စိုစွတ်နေခဲ့တာကြောင့် ရေနွေးတည်ပြီး ရေဆေးဇလုံထဲမှာထည့်ကာ ဆေးကြောဖို့ လုပ်လိုက်တယ်။ သူ့ရဲ့ဇနီးလေးက သူ့ကိုငေးမောပြီး စိုက်ကြည့်နေတာကို သူမြင်ပေမဲ့ ရှက်ရွံ့ခြင်းတွေရှိမနေခဲ့ဘူး။
သူက သူ့ရဲ့အောက်ခံစွပ်ကျယ်အင်္ကျီကို ချွတ်လိုက်တယ်။ ထို့နောက် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ သူ့ရဲ့ဆံပင်တွေကို သုတ်နေရင်း သူ့ရဲ့ ဇနီးသည်ကို သူ့ရဲ့ခန္ဓာကိုယ်ကိုယ်အနေအထားကို ထောင့်ပေါင်းစုံကနေ ပြသခဲ့တယ်။
သူတို့နှစ်ယောက်က အရင်တုန်းကလည်း အလွန်နီးကပ်ခဲ့ကြတယ်ဆိုပေမဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေက အခြေခံအားဖြင့် မည်းမှောင်နေတဲ့ပတ်ဝန်းကျင်မှာပဲ ကျွမ်းကျင်တဲ့အထိ ပြုမူခဲ့ကြတာလေ။ သူတို့ရဲ့မွေးရပ်မြေမှာ မီးမရှိသလို ဖယောင်းတိုင်မီးကို ထွန်းထားရင်ရင်တောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး။
ဒါပေမယ့် ဒီနေ့မှာတော့ သူမက လုံးဝကိုမျက်လုံးအပြည့်မြင်တွေ့နိုင်ပြီး ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခဲ့တယ်။
ဆုဆု သတိလက်လွတ်နဲ့ တံတွေးကို မျိုချလိုက်မိတယ်။ သူမရဲ့ယောက်ျားကခန္ဓာကိုယ်အချိုးအစား အလွန်ကောင်းမွန်လွန်းတာပဲ။ သူ့ရဲ့တစ်ကိုယ်လုံးက သန်မာပြင်းထန်တဲ့ခွန်အားတွေနဲ့ ပြည့်နှက်နေခဲ့တယရ။ အထူးသဖြင့် အဲဒီခါးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ပိန်သွယ်ပြီး သန်မာနေနိုင်ရတာလဲ။
သူမ ရုတ်တရက် အွန်လိုင်းပေါ်မှာ လူကြိုက်များတဲ့ စကားတစ်ခွန်းကို သတိရလာမိတယ်: ငါ့ကောကောရဲ့ခါးက ခါးမဟုတ်ဘူး.. အဲဒါက ဆာဘူရိုရဲ့ ဓားပဲ!
သူမ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အပြစ်ဒဏ်တွေကို ပြန်တွေးကြည့်လိုက်မိတော့ ထိုအရာက တကယ်မှန်တာပဲလို့ အနည်းငယ် ခံစားမိလာရတယ်။
လင်းချွမ်က သူ့ဇနီးသည်ရဲ့အကြည့်က အောက်ဘက်ကိုရောက်လာတာကို ခံစားလိုက်မိပြီးအချိန်ကျပြီလို့ တွေးတောလိုက်ကာ သူ့ရဲ့ ဘောင်းဘီပေါ်မှ စတင် အလုပ်စလိုက်တယ်။
“ခဏလေး.. မချွတ်နဲ့ဦးလေ..”
အခုက ဘာလဲ။ ကောင်းကင်ကတောင်.....
သူမ ပြန်ကြည့်လိုက်တော့ ကောင်းကင်ကြီးက အမှန်တကယ် မှောင်နေပြီဆိုတာကို မြင်တွေ့လိုက်ရတယ်။
ထို့နောက် သူမ လင်းချွမ်ကို ပြန်ကြည့်လိုက်တော့ သူမ မြင်တွေ့ချင်တဲ့အရာကို တွေ့လိုက်လေတယ်။ သူတို့တွေ လက်ထပ်ပြီးသွားတဲ့အချိန်ကတည်းက ဒါကို ပထမဆုံးအကြိမ် ဒီလောက်ထိ တိုက်ရိုက်မြင်တွေ့ဖူးခဲ့တာဖြစ်လို့ သူမရဲ့မျက်နှာက ချက်ချင်းပဲနီရဲသွားရတယ်။
သူမ အရင်တုန်းက မြင်ဖူးခဲ့တယ်ဆိုရင်တောင် မှုန်ဝါးမှု အနည်းငယ်လောက်နဲ့ ကာရံထားသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အလွန်အမင်းအင်အားကြီးမားနေခဲ့ပြီး သူမအနေနဲ့ ဒီခွန်အားကို ခံနိုင်ရည်ရှိနိုင်မှာမဟုတ်တော့ဘူးလို့တောင် ခံစားလိုက်ရတယ်။
ခြေလှမ်းအနည်းငယ်လောက်လျှောက်လာပြီးနောက်မှာ ဆုဆုတစ်ယောက် လင်းချွမ်ရဲ့ပွေ့ဖက်မှုကို လက်ခံရရှိလိုက်တယ်။
သူမကို မပွေ့ဖက်ရသေးခင်တုန်းက လင်းချွမ်က တည်ငြိမ်နေသေးပေမဲ့ ဖက်လိုက်ရချိန်မှာတော့ တည်ငြိမ်မှုတွေ လုံးဝမရှိနိုင်တော့ဘူး။
အဆုံးမှာတော့ ဆုဆုတစ်ယောက် ထိုညမှာ တခြားဘာတစ်ခုမှမလုပ်နိုင်ခဲ့တော့ဘဲ အာရုံတက်လာချိန်လောက်အထိ ညည်းညူနေခဲ့ရတော့တယ်။ နောက်ဆုံး သူမ မှေးခနဲ အိပ်ပျော်သွားပြီးချိန်မှာ လင်းချွမ်ကးအိပ်ယာက ထတာကို ခံစားမိလိုက်တာကြောင့် အိပ်ချင်မူးတူးနဲ့ မေးမြန်းလိုက်တယ်။
“ရှင် ဘယ်ကိုသွားမလို့လဲ”
“ကား ရောက်လာပြီ.. ကိုယ် စစ်တပ်ကို ပြန်ရဦးမယ်.. တနင်္ဂနွေမှာ တွေ့မယ်နော်”
လင်းချွမ်က စကားပြောရင်း သူမရဲ့မျက်နှာကို နမ်းရှိုက်လိုက်ပြီး အလျှင်အမြန်ထွက်သွားခဲ့လေတယ်။
ဆုဆုတစ်ယောက် သူ့ကို လိုက်မပို့နိုင်ခဲ့ဘဲ ဒီနေ့မနက်မှာ ကျောင်းကို သတင်းပို့ရမယ်ဆိုတဲ့ အတွေးနဲ့ပြန်မနိုးလာခင်မှာ နောက်ထပ် နှစ်နာရီလောက် အိပ်ပျော်သွားခဲ့တယ်။
သူမ အလျှင်အမြန် အိပ်ယာကထပြီး သန့်ရှင်းရေးလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ရေချိုးခန်းသုံးရတာက တကယ်ကို အဆင်ပြေပြီး သူမရဲ့ စိတ်အခြေအနေကလည်း ကောင်းမွန်နေခဲ့တယ်။ ဒါ့အပြင် လင်းချွမ်က ချက်ပြုတ်ပေးထားခဲ့တာကြောင့် သူမ မနက်စာအတွက် စွပ်ပြုတ်နဲ့ ဂျုံယာဂု စားနိုင်ခဲ့တယ်။
သူမရဲ့ကျောပိုးအိတ်ထဲက ဖိုင်တွဲတစ်ခုကို ထုတ်ယူလိုက်ပြီး စာရွက်စာတမ်းတွေကို စစ်ဆေးပြီးနောက် တံခါးကိုသော့ခတ်ကာ ကျောင်းကို လမ်းလျှောက်ပြီး ထွက်လာခဲ့တယ်။
သူမ လောင်ဝမ်ရဲ့ ဂိတ်ရှေ့ကဖြတ်သွားတော့ တစ်ဖက်လူက ပြုံးရွှင်စွာနဲ့ သူမကို နှုတ်ဆက်လာခဲ့တယ်။
“မစ္စဆု ကျောင်းသွားတော့မလို့လား”
“ဟုတ်တယ်”
“မင်းရဲ့ယောက်ျားက စစ်သားတစ်ယောက်မလား.. သူက တကယ့်ကိုကောင်းမွန်တဲ့လူပဲ”
“အာ ဦးလေးဝမ် သိနေတာလား?”
“ငါ သိပါတယ် မနေ့တုန်းက မင်းရဲ့အခန်းကို သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး သူ ငါ့ဆီကနေ ပစ္စည်းကိရိယာတွေ လာငှားခဲ့တယ်လေ.. မင်းရဲ့ မျက်လုံးတွေက တကယ်ကောင်းတာပဲ ..သူက မင်းအပေါ် တော်တော်လေးကောင်းတယ်”
“ကျေးဇူးတင်ပါတယ် ဦးလေးဝမ်”
လင်းချွမ်ကို တခြားလူတွေက ချီးကျူးနေတာကို ကြားတော့ ဆုဆုတစ်ယောက် ပျော်ရွှင်သွားခဲ့ရတယ်။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ သူမ အနည်းငယ် အနေရခက်သလို ခံစားလာရတယ်။
ဘာလို့လဲဆိုတော့ လမ်းတစ်လျှောက်မှာ သူမတွေ့ခဲ့တဲ့ လူအများစုက သူမက အိမ်ထောင်ကျထားပြီးသားဖြစ်ပြီး တစ်ဖက်လူက စစ်သားတစ်ယောက်ဖြစ်ကြောင်းကို သိနေခဲ့ကြတဲ့အပြင် လူတွေအများကြီးက လင်းချွမ်ရဲ့ နာမည်ကိုပါ သိနေခဲ့ကြတယ်လေ။ ဒါတင်မကသေးဘဲ သူ့အပေါ် ထင်မြင်ချက်ကောင်းတွေလည်း ရှိနေကြသေးတယ်။
သူမအနေနဲ့ လင်းချွမ်က ဒီလောက် အချိန်တိုလေးအတွင်းမှာ ဒီမိသားစုဧရိယာထဲမှ လူတစ်ဝက်နီးပါးက သူ့ကိုသိသွားအောင် ဘယ်လိုအရာမျိုးကို လုပ်ခဲ့တာလဲဆိုတာကိုတောင် မတွေးကြည့်နိုင်တော့ဘူး။ တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိနဲ့ နယ်မြေပိုင်နက် သတ်မှတ်ထားသလိုမျိုးပဲ။
သူမက ဒီလောက်ထိ လူအများအပြားနဲ့ ရင်းနီးလွယ်တဲ့ လူမဟုတ်ဘူးမလား။ ဒီလူက ဘယ်အချိန်ကတည်းက ဒီဘက်မှာရှိနေတဲ့လူတွေနဲ့ပါ လူမှုဆက်ဆံရေး အလွန်အမင်း ကောင်းမွန်လာခဲ့တာလဲ?
ဒါမှမဟုတ် ဆက်သွယ်ပြောဆိုခြင်းမရှိခဲ့ဘူးလား။ သူက ဒီအချိန်တိုလေးအတွင်းမှာပဲ ဒီနေရာမှာရှိနေတဲ့ လူအားလုံးကို သိကျွမ်းအောင် လုပ်ခဲ့တာလား?
ဘာပဲဖြစ်ဖြစ် ဆုဆုအနေနဲ့ တစ်ဖက်လူကအဓိပ္ပါယ်မဲ့ လျှောက်သွားနေခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ ယုံကြည်ထားခဲ့တယ်။
သူ ရည်ရွယ်ပြီး လုပ်ခဲ့တာပဲ ဖြစ်လိမ့်မယ် ။ အထူးသဖြင့် သူမရဲ့ အိမ်နီးနားချင်းနှစ်အိမ်နဲ့ ပိုမိုသိကျွမ်းလာဖို့အတွက် အကြောင်းပြချက် မျိုးစုံကို သုံးခဲ့တာဖြစ်လိမ့်မယ်။
သူမက တစ်ဖက်လူတွေကဘယ်သူလဲဆိုတာကို မသိခဲ့တာတောင် ထိုလူတွေကတော့ သူတို့နှစ်ယောက်ကို သိနေခဲ့ပြီ။ ဆရာ/ဆရာမတွေနှင့် စစ်သားတွေဆိုတာက ပညာတတ်တွေနှင့် ပြည်သူတွေရဲ့ သူရဲကောင်းတွေအဖြစ် သတ်မှတ်ထားခဲ့ကြပြီး လူတွေရဲ့နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ ချစ်ခင်ရင်းနှီးမှုဖြင့် ထိုက်တန်တယ်လို့ လူအများက ထင်မြင်ယူဆထားခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆုဆုကတော့ အလွန်အမင်းနာမည်ကြီးနေခဲ့ပြီ။
လူတိုင်းနီးပါးက သူမကို တက်ကြွစွာ နှုတ်ဆက်ကြပြီး သူမ ကျောင်းတက်တဲ့အချိန်မှာတောင် လူတိုင်းက သူမနဲ့ ရင်းနှီးပုံပေါက်နေတယ်လို့တောင် ခံစားလာရတော့တယ်။
ရဲဘော် လင်းချွမ်! ရှင် ဘာတွေများ လုပ်ထားတာလဲ ! !