← Chapters

အခန်း (၉၅)

Vol. 10 Ch. 95

အခန်း (၉၅)

Vol. 10 Ch. 95

မိသားစုအိမ်ရာက ကျောင်းနဲ့ တကယ့်ကို နီးလွန်းတယ်။ မတိုင်ခင်တုန်းက သူမက ဖြတ်သွားရုံလောက်ပဲဖြစ်ပြီး သေသေချာချာမကြည့်ခဲ့ရဘူး။

အခုတော့ ဒီ အရှေ့ပိုင်းXတက္ကသိုလ်က ဘယ်လိုပုံစံမျိုးလဲဆိုတာကို သူမမြင်တွေ့နိုင်နေပြီ။ ဒါက နာမည်ကြီးကျောင်းတစ်ခုမဟုတ်ပေမဲ့လည်း Xမြို့တော်မှာရှိတဲ့ တစ်ခုတည်းသောတက္ကသိုလ်လည်းဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာ ဒီတက္ကသိုလ်က ပိုမိုကျော်ကြားလာလိမ့်မယ်လို့ယုံကြည်ရတယ်။

ဒါပေမယ့် အခုချိန်မှာတော့ သာမန်အထပ်နိမ့် အိမ်တန်း သုံးတန်းနှင့်သာ ဝန်းရံထားတဲ့ အလွန်ကျယ်ဝန်းတဲ့ ခြံဝင်းတစ်ခုသာဖြစ်နေခဲ့တယ်။ နောက်ပြီး သုံးထပ်သာရှိတဲ့ စာသင်ဆောင်အသစ်နှစ်ဆောင်လည်း ရှိနေခဲ့တယ်။

အနည်းငယ်ဟောင်းနေပြီဖြစ်တဲ့ ဆရာ့ရုံးခန်းအဖြစ်သုံးတဲ့ သီးခြားနှစ်ထပ်တိုက်တစ်ခုလည်း ရှိနေသေးတယ်။

သူမက ကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲသို့ ပထမဆုံးသွားခဲ့ပြီး တံခါးကို တွန်းမဖွင့်ခင်မှာ အခန်းတံခါးကို အသာခေါက်ခဲ့တယ်။

အထဲကိုရောက်တော့ ဆရာမတွေ အများကြီး ထိုင်နေတာကို တွေ့လိုက်ရပြီး ဒီနေ့မှာ အစည်းအဝေးကျင်းပဖို့ ခေါ်ထားတာဖြစ်နေလိမ့်မယ်။

ကျောင်းအုပ်ကြီးကွမ်းက သူ့ရဲ့ထိုင်ခုံမှာ ထိုင်နေပြီးပြီဖြစ်ကာ သူမကို ခေါင်းညိတ်ပြပြီး နေရာရှာကာ ဝင်ထိုင်ဖို့ ပြောလာခဲ့တယ်။

ဆုဆုက တုံ့ဆိုင်းမှုမရှိ ဝင်ထိုင်လိုက်တယ်။ အခုလို အစည်းအ၀ေးပုံစံက သူမအတွက် မခက်ခဲဘူး။ ခေတ်သစ်လူ့အဖွဲ့အစည်းမှာဆိုရင် အစည်းအဝေးတွေကို အရာခတ်သိမ်းမှာ ကျင်းပလေ့ရှိပြီး ဒီလိုကိစ္စအပေါ်မှာ ကျင့်သားရနေခဲ့တာ ကြာလှပြီလေ။

ကျောင်းအုပ်ကြီးကွမ်းက စပြောလာတယ်။

“ရက်အနည်းငယ်လောက်ကြာပြီးသွားရင် ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် သတင်းပို့အပ်နှံလာကြလိမ့်မယ်.. ဒီနှစ်မှာတော့ နေရာအနှံ့အပြားက သာမန်ပြည်သူတွေထဲက ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ဝင်ခွင့်ပေးခဲ့ပြီး ကောလိပ်များနှင့် တက္ကသိုလ်တွေအတွက် ကျောင်းသား ၂၀၀ ကျော် ဝင်ခွင့်ပေးခဲ့တယ်.. ဒီတော့ ဆရာ၊ ဆရာမတွေအတွက်  ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာလိမ့်မယ်..

ဒါပေါ့.. ဒီနှစ်ရဲ့ ကျောင်းသားသစ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် နေရာအမျိုးမျိုးမှာရှိနေတဲ့ ထူးချွန်တဲ့ ဆရာတွေကိုလည်း  ပြောင်းရွှေ့ပေးခဲ့ပါတယ်”

ထို့နောက်မှာတော့ သူက ဆရာအသစ်တွေကို စတင်ပြီး မိတ်ဆက်ပေးလာခဲ့တယ်။ အသစ်တွေထဲမှာ ဆရာကြီးနှစ်ယောက်လည်းပါရှိတယ်။ ပြောတဲ့အတိုင်းဆိုရင် သူတို့က ပါမောက္ခအဆင့်မှာ ရှိခဲ့ဖူးပေမဲ့  တချို့သောကိစ္စတွေကြောင့် အလုပ်က ထွက်ခွာသွားခဲ့တာပဲ။

အခု အလုပ်ပြန်စပြီးနောက် မကြာသေးခင်ကမှ ပြောင်းရွှေ့ခံခဲ့ရတယ်။ ပြီးနောက် နောက်ထပ်သုံးယောက်ကတော့ အသက်ငယ်သေးပေမဲ့လည်း ပညာရေး အတွေ့အကြုံ နှစ်နှစ်၊ သုံးနှစ်လောက်ရှိနေခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ဆုဆုကိုမိတ်ဆက်ပေးရမဲ့အလှည့်ရောက်လာပြီး ကျောင်းအုပ်ကြီးကွမ်းက အလွန်စိတ်လှုပ်ရှားတဲ့အသံဖြင့် ပြောလာတယ်။

“မစစ်စုက ကျွန်တော်တို့ကျောင်းအတွက် အသက်အငယ်ဆုံးဆရာဖြစ်ပေမဲ့ ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သလို အားကိုးအားထားအများကြီးရလာမဲ့လူလည်း ဖြစ်လာလိမ့်မယ်..   အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ရအောင်.. ဒါပေမယ့် ကျွန်တော်တို့ရဲ့ကျောင်းမှာ  နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုသင်ပေးမဲ့ဆရာမရှိဘူးဖြစ်နေခဲ့တယ်..

ဒီတော့ ဆရာမဆု.. မင်းအနေနဲ့ ကျောင်းသားတွေအားလုံးအတွက် အင်္ဂလိပ်စာအတန်းတွေကို တာဝန်ယူဖို့အတွက် ပိုကြိုးစားရမှာဖြစ်လို့ ပင်ပန်းရတော့မှာပဲ”

“ဒါက ကျွန်မလုပ်သင့်တဲ့အရာပါ”

သူမက ဒီနေရာမှာ အင်္ဂလိပ်စာသင်ပေးရမယ်ဆိုတဲ့အကြောင်းကို သိခဲ့ရပြီ။ ဒီတော့ ဘယ်နေရာကနေစတင်ရမလဲဆိုတာကို  မေးမြန်းဖို့အတွက် လိုအပ်သေးတယ်။

တကယ်တမ်းမှာ ဒီဘက်ခေတ်မတိုင်ခင်တုန်းက နိုင်ငံအတွင်းမှ လူတွေက ရုရှားဘာသာစကားကို စတင်လေ့လာခဲ့ကြပြီး အင်္ဂလိပ်ဘာသာစကားကိုတော့ သိပ်ဂရုမစိုက်ခဲ့ကြဘူး။

သို့သော်လည်း မကြာသေးမီနှစ်တွေအတွင်းမှား သံတမန်ရေးရာတိုးမြှင့်မှုတွေကြောင့် အင်္ဂလိပ်ဘာသာစကားကိုလည်း စတင်အာရုံစိုက်လာခဲ့ကြတယ်။

ဆုဆုက ဆက်ပြောလိုက်တယ်။

“ကျွန်မက တက္ကသိုလ်ပညာသင်ကြားရေးမှာ အခုမှ စတင်မဲ့လူသစ်ဖြစ်နေသေးတဲ့အတွက် အားလုံးက ကျွန်မကို ကူညီပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ကျေးဇူးတင်ပါတယ်”

လူတွေက နှိမ့်ချတတ်တဲ့လူကို သဘောကျတယ်လို့ ပြောကြတယ်။ သူမက ဒီနေရာမှာ ပညာအတတ်ဆုံးပဲ ဆိုတာကိုတော့ ထည့်ပြောစရာတောင်မလိုဘူး။ သူမက ဒီနေရာမှာ အလုပ်ဝင်ပြီးအစိုးရကျောင်းဆရာတစ်ယောက်ဖြစ်လာပြီးနောက် သူမကို ပေးအပ်လာခဲ့တဲ့ဂရုစိုက်မှုကလည်း အမြင့်ဆုံးဖြစ်နေခဲ့တယ်။ အခုပျောင်းမှာ ကျောင်းအုပ်ဆရာကြီးကလွဲရင် သူမထက်ပိုပြီး အဆင့်အတန်းမြင့်မားတဲ့သူမရှိတော့ဘူး။

ဒီဘက်ခေတ်ကာလက ပညာတတ်တွေကို ပိုပြီး အာရုံစိုက်လာခဲ့တယ်။ ဆုဆုလိုမျိုး ငယ်ငယ်ရွယ်ဝွယ်နဲ့ မဟာဘွဲ့ရရှိထားတာက တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ အဆုံးမှာ သူတို့တွေရဲ့ စမှတ်လိုင်းက တူညီမှုမရှိခဲ့ဘူး။

သို့သော်လည်း ဒီမိန်းကလေးက အလွန်ယဉ်ကျေးပြီး ပြုံးပြုံးရွှင်ရွှင်ရှိတယ်လေ။ ပြီးတော့ ရုပ်ရည်ကလည်း ချောမောလှပသေးတယ်။

ဒါ့အပြင် အတွင်းပိုင်းအခြေအနေတွေကိုသိထားတဲ့လူတွေက သူမရဲ့ ခင်ပွန်းသည်က စစ်သားတစ်ယောက်ဆိုတာကို သိထားကြတာကြောင့် အလွယ်တကူး မရှုပ်ချင်ကြဘူး။

ဒီလိုနဲ့ ဆုဆုတစ်ယောက် အလုပ်စတက်တဲ့နေ့မှာ အတော်လေးသက်သောင့်သက်သာဖြစ်နေခဲ့ရတယ်။

သို့သော်လည်း အရာအားလုံးကတော့ လွယ်ကူမှုမရှိနိုင်ဘူး။ သူမအနေနဲ့ သူမရဲ့ကိုယ်ပိုင်အတန်းစာသင်ချိန်တွေကို  အချိန်ဇယားဆွဲရန်၊ အတန်းတက်မှတ်တမ်းတွေကို ရေးဆွဲရန်စတဲ့ အကြောင်းအရာအချို့ကို သူမဘာသာ ပြီးစီးအောင်ပြုလုပ်ဖို့ လိုအပ်တယ်။

ဒီဘက်ခေတ်ရဲ့ တက္ကသိုလ်တွေမှာ အထူးသဖြင့် အင်္ဂလိပ်စာတွေက အတော်လေး အားနည်းတယ်။ ဒါကြောင့် သူမအနေနဲ့ ပညာရေးဗျူရိုကို သွားရောက်ပြီးလေ့လာခဲ့ရတယ်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ ကျောင်းမဖွင့်သေးခင်ကတည်းက အလုပ်များလွန်းနေခဲ့ပြီ။

အတန်းကိစ္စတွေကို ဖြေရှင်းပြီးနောက်မှာတော့ သူမက စာသင်ခန်းကိစ္စနှင့် အတန်းချိန်တွေကို စီစဥ်ဖို့ရန်အတွက် ကျောင်းအုပ်ကြီးကွမ်းနဲ့ ဆွေးနွေးဖို့ လိုအပ်နေသေးတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တနင်္ဂနွေနေ့ကို ရောက်ရှိလာခဲ့ပြီ။

လင်းချွမ်တစ်ယောက် သူ့ရဲ့ဇနီးလေးနဲ့တွေ့ဖို့ စိတ်လှုပ်ရှားနေခဲ့ပြီး တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာတော့ နိုင်ငံအတွင်းအမျိုးသားရတနာအဖြစ်သတ်မှတ်ထားတဲ့ ပန်ဒါလေးတစ်ကောင်ကို ရှာတွေ့လိုက်ရတော့တယ်။

ဆုဆုကတော့ လင်းချွမ်ကိုမြင်လိုက်ရချိန်မှာ မသိစိတ်အရဆိုးသွန်းနေတဲ့ ကလေးတစ်ယောက်လိုမျိုး ချက်ချင်း ပြုမူမိခဲ့ကာ တစ်ဖက်လူရဲ့ကိုယ်ပေါ်ကို ခုန်တက်ပြီးပွေ့ဖက်လိုက်တယ်။

  “အရမ်းခက်ခဲတာပဲ”

လင်းချွမ်က အိမ်ထဲမှာ တခြားဘယ်သူမှ ရှိမနေတာကို ချက်ချင်းသတိပြုမိခဲ့ပြီး စားပွဲပေါ်မှာတော့ သင်ခန်းစာအစီအစဥ်မျိုးစုံနှင့် စာရွက်စာတမ်းဖိုင်အမျိုးမျိုးတင်ခားတာကို တွေ့လိုက်ရတယ်။ ဒါတွေက ကြည့်ရတာ အတော်လေးရှုပ်ထွေးနေခဲ့တာပဲ။ နောက်ပြီး သူမက အိမ်ထဲမှာလည်း သန့်ရှင်းရေးများများမလုပ်နိုင်ခဲ့ပဲ  ဖြတ်ခနဲကြည့်ရုံနဲ့ အလုပ်များလွန်းနေတဲ့အကြောင်းကို တွေ့မြင်နိုင်တယ်။

“ပင်ပန်းနေပြီလား?”

“ရှင်  သိမှာမဟုတ်ဘူး.. ဒီခေတ်အချိန်မှာ... မဟုတ်ဘူး.. ဒါက ကျောင်းရဲ့ အင်္ဂလိပ်စာ အထောက်အပံ့တွေက အရမ်းဆိုးလွန်းတယ်..  ကျွန်မယူလာတဲ့ အင်္ဂလိပ်စာအုပ်အသစ်နဲ့ အဘိဓာန်အမျိုးမျိုးကြောင့်သာမဟုတ်ရင် ကျွန်မတော့ အသက်ရှင်နိုင်မှာတောင် မဟုတ်ဘူး”

သူမရဲ့ ကျောပိုးအိတ်ထဲမှာ သယ်လာခဲ့တဲ့အရာတွေက အလွန်အသုံးဝင်နေခဲ့လို့ တော်သေးတာပေါ့။

“ကျွန်မ  ရေအရမ်းဆာတယ်.. ရေနည်းနည်းလောက်သောက်ရမယ်”

အခုချိန်မှာ ရေနွေးအိုးထဲမှာ ရေမရှိတော့တဲ့အတွက် သူမ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ။

လင်းချွမ်က ဘာမှပြန်မပြောခဲ့ဘဲ သူမရဲ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ဇနီးသည်အတွက် ရေနွေးအိုးတည်ကာ အိမ်သန့်ရှင်းရေးလုပ်ပေးလိုက်တယ်။ ထို့နောက် ရေကိုပြနာဖြည့်ပေးရင်း မေးလာတယ်။

“ဘာစားချင်လဲ”

“ဘာမှ မစားချင်ဘူး.. အခု ခေါင်းက ဗလာကျင်းနေသလို ခံစားနေရတယ်”

“…”

သနားစရာကောင်းလွန်းတယ်။  ဆရာတစ်ယောက်ဖြစ်ဖို့က တော်တော်ကြီးခက်ခဲတဲ့ပုံပဲ။ လင်းချွမ် ချက်ချင်းပဲ အပြင်ကိုထွက်သွားကာ ဇနီးသည် ခံတွင်းတွေ့စေလောက်မဲ့ အသီးအရွက်တွေနဲ့ စားသောက်စရာတွေကို ဝယ်ယူဖို့ လုပ်ခဲ့တယ်။

လမ်းမှာတော့ သူ ကျောင်းအုပ်ကြီးကွမ်းရဲ့ ဇနီးသည် စုန့်အိုက်ယင်းကို တွေ့ဆုံးခဲ့တယ်။ လင်းချွမ်က မှတ်ဥာဏ်ကောင်းတာကြောင့် တစ်ဖက်လူကို ချက်ချင်းမှတ်မိပြီး နှုတ်ဆက်လိုက်တယ်။

“မင်္ဂလာပါ ဒါရိုက်တာစုန့်..  အစားအသောက်သွားဝယ်မလို့လား”

“ဟုတ်​တယ်​ ..မင်းက ရှောင်ဆုရဲ့ချစ်သူလား”

စုန့်အိုက်ယင်းက သူ့ကို အပေါ်အောက်အကဲခတ်ကြည့်လိုက်တယ်။ သူ့ကို နောက်ဆုံးမြင်တွေ့ခဲ့စဥ်တုန်းက ညဘက်ဖြစ်နေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။ သို့ပေမယ့် အခုချိန်မှာတော့ အတော်ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရတယ်။

မူလတုန်းကတော့ သူမက ဆုဆုကိုကြည့်ပြီး တစ်စုံတစ်ဦးနှင့် မိတ်ဆက်ပေးချင်ခဲ့ပေမဲ့ အခုချိန်မှာတော့ အမှန်တကယ်ကို မလိုအပ်တော့တဲ့ပုံပဲ။

လင်းချွမ်ခေါင်းညိတ်လိုက်ပြီး သူမနှင့်အတူ လျှောက်လာခဲ့တယ်။

“မင်းလည်း ကုန်ခြောက်တွေသွားဝယ်မှာလား ..ရှောင်ဆုရော ဘယ်မှာလဲ”

ယောကျာ်းသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အစားအသောက်တွေ ဝယ်တတ်မှာလဲ။ သူက စစ်သားတစ်ယောက်လည်းဖြစ်နေသေးတယ်။

“ဆုဆုက ဒီရက်နည်းနည်းလောက်အတွင်းမှာ သူမရဲ့ကျောင်းက အလုပ်တွေကြောင့် ကောင်းကောင်းမအိပ်ခဲ့ရဘူးထင်တယ်.. ကျွန်တော်က သူမ အရမ်းပင်ပန်းနေပြီလို့ တွေးမိလို့ သူမအတွက် အစားအသောက်ကောင်းကောင်းလေး ပြင်ဆင်ပေးချင်တာနဲ့ လာဝယ်လိုက်တာ”

လင်းချွမ်ရဲ့ လေးနက်လွန်းတဲ့စကားသံကြောင့် သူပြောတဲ့စကားတွေက မှန်ကန်ကြောင်း အလွယ်တကူယုံကြည်စေနိုင်တယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဆုဆုက  နေ့ခင်းဘက်တွေမှာသာ မအိပ်ခဲ့ရတာဖြစ်ပြီး ညဘက်မှာတော့ ပုံမှန်အတိုင်း အိပ်စက်နိုင်သေးတယ်။ သူမရဲ့မျက်လုံးအောက်က အမဲကွက်တွေကတော့ သူပြောသလောက် မပြင်းထန်ဘဲ စာအုပ်တွေကို အချိန်အကြာကြီး စိုက်ကြည့်နေမှာကြောင့် ပင်ပန်းလာရတဲ့အတွက် ဖြစ်လာခဲ့တာပဲ။

ဒါပေမယ့် စုန့်အိုက်ယင်းကတော့ ထိုစကားကို ယုံကြည်ပြီး အပြစ်ရှိသလို ခံစားမိရတယ်။ သူတို့ကျောင်းရဲ့အခြေအနေက သိပ်မကောင်းဘူးလေ။ ဒီတော့ တခြားဆရာတွေက နားနားနေနေနေနေနိုင်ပေမဲ့ ဒီအင်္ဂလိပ်စာဆရာအသစ်ကတော့ အလုပ်အလွန်ရှုပ်နေလိမ့်မယ်။

သို့ပေမဲ့ သူမက မိသားစုထဲမှာတော့ ငယ်ရွယ်တဲ့မိန်းကလေးသာဖြစ်နေပြီး ခင်ပွန်းသည်က သူမအတွက် စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။

ခဏလောက်ကြာတော့ သူတို့နှစ်ယောက် ဟင်းသီးဟင်းရွက်ဝယ်ရန်အတွက် ဟင်းသီးဟင်းရွက်ဈေးသို့ သွားခဲ့ကြပြီး လင်းချွမ်က သူ့ရဲ့ဇနီးသည်အတွက် ကြက်သားဝယ်ခဲ့တယ်။

သူ သူမအတွက် ကြက်ဥပြုတ်ပေးတိုင်း သူမက မပျော်မရွှင်ဖြစ်နေတတ်တာကြောင့် သူ့ရဲ့အမေကိုပဲ ထိုကြက်ဥတွေပေးလိုက်ရတယ်လေ။ ဥ,ဥတဲ့ကြက်တွေက အလွန်အာဟာရရှိတယ်လို့ ပြောကြတယ်။  ထို့နောက် လက်ဝါးတစ်ပေါက်အရွယ် ဝက်သားတစ်ပိုင်းကိုလည်းဝယ်ခဲ့ပြီး ဝက်သားစတူးပြုလုပ်ရန် စီစဉ်ခဲ့တယ်။

ဒီဟင်းနှစ်မျိုးက နှစ်ရက်လောက် သိမ်းထားနိုင်လိမ့်မယ်။ အနည်းဆုံး ကျောင်းစဖွင့်တဲ့အချိန်လောက်ထိ ရနိုင်တယ်။

သူက အာလူးတွေကိုလည်း ဝယ်ယူခဲ့တယ်။ ဒါက အိမ်မှာ ပုံမှန်စားနေကျ ဟင်းတစ်ခွက်ချက်နိုင်တယ်လေ။ ငံပြာရည်တွေလည်းရှိနေတာကြောင့် ဟင်းချက်ဖို့က မဖြစ်နိုင်စရာမရှိဘူး။

အိုင်းယား။ ဇနီးသည်က လုပ်နိုင်စွမ်းမြင့်လွန်းတော့ ဘယ်လိုလုပ်ရမလဲ။ သူမအတွက် လိုအပ်တာတွေကူညီပေးရုံပဲတတ်နိုင်တော့တယ်။

သူပြန်သွားတော့ ဆုဆုက အလုပ်ရှုပ်နေတုန်းပဲဆိုတာကို တွေ့လိုက်ရတော့ စကားမပြောခဲ့ပဲ အခန်းထဲမှ ပြန်ထွက်ကာ အပြင်ဘက်ကို လျှောက်သွားလိုက်တယ်။

ဆုဆု ထိုအမျိုးသားက ဘာတွေလုပ်နေတာလဲဆိုတာ နားမလည်တာကြောင့် တံခါးဖွင့်ကြည့်လိုက်တယ်။

“ရှင်  ဘာတွေလုပ်နေ... အား...”

တစ်ဖက်လူကက ကြက်ကို သတ်ထားပြီးကာစဖြစ်ပြီး ကြက်ကို သစ်သားတုံးပေါ်အမှာတင်ထားတာ ပြောင်လက်နေတဲ့ ဓားတစ်ချောင်းကိုတော့ လက်ထဲမှာ ကိုင်ထားပြီး ထိုဓားကလည်းသွေးတွေတစက်စက် စီးကျနေသေးတယ်။

သူက ဓားကို အဝတ်စနဲ့ နှစ်ကြိမ်လောက် ပွတ်တိုက်လိုက်ပြီးနောက် ဓားက အသစ်အတိုင်း သန့်ရှင်းသွားကာ ဓားအိမ်ထဲသို့ တိုက်ရိုက်ထည့်လိုက်တယ်။

“မင်း ဘာလို့ အပြင်ကိုထွက်လာတာလဲ”

မြင်ကွင်းက သွေးထွက်သံယိုဖြစ်နေပြီး ကမ္ဘာကြီးအကြောင်းကို ကောင်းစွာမသိတဲ့  မြို့ပေါ်က ကလေးတစ်ယောက်ဖြစ်တဲ့ ဆုဆုကို အနည်းငယ်ထိတ်လန့်သွားစေခဲ့တယ်။  သူမက ပါးစပ်ကို လက်နဲ့ အုပ်ကာ  တံခါးကို ပြန်ပိတ်လိုက်လေတယ်။

“....”

ပြီးသွားပြီ ငါ့ရဲ့ဇနီးလေးကို ကြောက်အောင်လုပ်မိသွားပြီ။  ဘယ်လို လုပ်ရတော့မလဲ။

လင်းချွမ် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကုတ်လိုက်မိပြီး တံခါးကို ဂရုတစိုက်ဖွင့်ကြည့်လိုက်တော့ ကုလားထိုင်ပေါ်မှာ နီမြန်းနေတဲ့မျက်နှာနဲ့ အသက်ရှူမဝသလိုမျိုး မောဟိုက်စွာ ထိုင်နေတဲ့ ဇနီးသည်ကို တွေ့လိုက်ရတယ်။

“ဇနီးလေး အဆင်ပြေရဲ့လား”

“ဟင့်အင်း မပြောနဲ့ဦး.. ခဏလေး”

ဒီတော့ လင်းချွမ်က တကယ်ကို ဘာမှပြန်မပြောလာတော့ဘဲ မတ်တပ်ရပ်နေခဲ့ကာ သူမ တည်ငြိမ်သွားမဲ့အချိန်ကို စောင့်နေခဲ့တယ်။

“ရှင်ကတော့.. ကျွန်မကို ရေတစ်ခွက်လောက် မထည့်ပေးနိုင်ဘူးလား”

“အော  အခုချက်ချင်းထည့်ပေးမယ်”

လင်းချွမ်က ရေခွက်တစ်ခွက်ကို အမြန်ယူလိုက်ပြီး သူမအတွက် ရေတစ်ခွက်လောင်းထည့်ပေးလိုက်တယ်။ ထို့နောက်  နောက်တစ်ခွက်မှာလည်း ထည့်ပြီး မြည့်ကြည့်လိုက်တယ်။

“မပူတော့ဘူး”

ဆုဆု သူ့ရဲ့စကားကို နားထောင်ပြီး တစ်ငုံမော့သောက်လိုက်တယ်။ ထို့နောက် နှာမှုတ်ပြီး ပြောလိုက်တယ်။

“ဒါက မပူတော့ဘူးလား? ကျွန်မကိုတောင် အပူလောင်ပြီးသေလောက်အောင် ပူနေသေးတာကို”

“မပူတော့ဘူးမလား?”

လင်းချွမ်က ရေခွက်ကို နောက်တစ်ကြိမ်  ကောက်ယူလိုက်ပြီး နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။ သူကတော့ ပူတယ်လို့ မခံစားရဘူး။

“ကျွန်မက ရှင့်လောက်အရေပြားမထူဘူးလေ”

ဆုဆုက သူ့ကို မျက်လုံးလှန်ပြရင်း အလုပ်ပြန်သွားလုပ်ပြန်တယ်။ ဒါက နည်းနည်းလောက် ထပ်လုပ်ရင်ပြီးတာ့မှာပဲ။

လင်းချွမ်ကလည်း သူမကို မနှောင့်ယှက်ရဲခဲ့ဘဲ ကြက်သားစွပ်ပြုတ်နဲ့ ဝက်သားစတူးကို တိတ်တဆိတ်ချက်ပြုတ်နေခဲ့တယ်။

ပြီးနောက် စားပွဲခုံလေးကို သုတ်လိုက်ပြီး လှမ်းခေါ်လိုက်တယ်။

“ဇနီးလေး  ထမင်းစားချိန်ရောက်ပြီ”

ဆုဆု စာအုပ်ကိုပိတ်လိုက်ပြီး သူ့ကို ဗလာဖြစ်စွာ ပြန်ကြည့်လိုက်တယ်။

“အိုး စားချိန်ရောက်ပြီလား.. ကျွန်မ လက်သွားဆေးလိုက်ဦးမယ်”

သူမရဲ့အလုပ်ကလည်း နောက်ဆုံးတော့ ပြီးစီးသွားပြီဖြစ်တာကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်တယ်။

သို့ပေမယ့် သူမ ထိုင်ရာမှ ထလိုက်တဲ့အချိန်မှာ မူးဝေပြီး လဲကျလုမတတ်ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ လင်းချွမ် အလျှင်အမြန်ပြေးလာပြီး သူမကို သူ့ရဲ့လက်နှစ်ဖက်ကို လှမ်းဖမ်းကာ အလန့်တကြားနဲ့ မေးလိုက်မိတယ်။

“ဇနီးလေး .. ဘာဖြစ်တာလဲ”

All Chapters