အခန်း (၉၆)
Vol. 10 Ch. 96
ဆုဆု အနည်းငယ် မှိုင်းထိုင်းစွာ ပြောလိုက်တယ်။
“ကျွန်မ နည်းနည်းမူးသွားလို့ပါ.. အဆင်ပြေပါတယ်.. ကျွန်မ ဗိုက်ဆာနေပြီ စားရအောင်လေ.. ကျွန်မ ကောင်းကောင်းမစားရတာ နှစ်ရက်လောက်ရှိနေပြီ”
“…”
လင်းချွမ်က ချက်ချင်းပဲ သူမကို ပွေ့ချီကာ ထမင်းစားပွဲဝိုင်းဆီသို့ ခေါ်သွားခဲ့ပြီး ပြန်ချပေးလိုက်တယ်။ ထို့နောက် သူမအတွက် ထမင်းထည့်ပေးလိုက်ကာ တူတွေကိုပါ အရှေ့မှာချပေးလိုက်တယ်။
သူတို့ နှစ်ယောက်အတူ စားခဲ့ကြပြီးဆုဆုက ကြက်စွပ်ပြုတ်ကိုလည်း တစ်ပန်းကန် သောက်ခဲ့တယ်။
လင်းချွမ်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုက အမေလင်းထက် မနိမ့်ကျဘူး။ ဘာပဲဖြစ်ဖြစ် ဆုဆုထက်တော့အများကြီး ပိုကောင်းတယ်လို့ ပြောနိုင်လိမ့်မယ်။
ဆုဆုက ထမင်း အများကြီးစားခဲ့ပြီး စားသောက်နေတုန်းမှာ လင်းချွမ်ကို လက်မထောင်ပြခဲ့တယ်။
လင်းချွမ်ကတော့ စိတ်ထဲမှာ လေးလံနေခဲ့တုန်းပဲ။ သူ့အနေနဲ့ သူ့ရဲ့ဇနီးလေးကို သူနဲ့အတူခေါ်သွားချင်ခဲ့ပေမဲ့ စစ်တပ်ထဲကို မိသားစုဝင်ခေါ်ဆောင်ဖို့အတွက် လျှောက်လွှာက ခုချိန်ထိ အတည်မပြုရသေးဘူး။ ဒါကြောင့် သူမကိုစစ်တပ်ထဲမှာလာနေဖို့အတွက် ခေါ်လို့ မရသေးလေဘူး။
သူတို့နှစ်ယောက် ထမင်းစားပြီးသွားတော့ လင်းချွမ်နဲ့ ဆုဆုတို့ စားပွဲဝိုင်းကိုအတူ သန့်ရှင်းခဲ့ကြတယ်။
ခဏအကြာမှာတော့ တစ်စုံတစ်ယောက်က သူတို့ရဲ့ အိမ်တံခါးကို လာခေါက်တယ်။ ဆုဆု တံခါးသွားဖွင့်လိုက်တေား စုန့်အိုက်ယင်းကိုတွေ့လိုက်ရပြီး သူမက ဆုဆုအတွက် ပန်းသီး ပန်းသီးဆယ်လုံးကျော် ယူလာခဲ့တယ်လို့ ပြောလာတယ်။
အခုခေတ်ကာလမှာ ပန်းသီးတွေ အများကြီးမတွေ့ရှိရတာကြောင့် ဆုဆုကလည်း ထိုပန်းသီးတွေကို ပျော်ရွှင်စွာ လက်ခံခဲ့တယ်။
သူမက အနည်းငယ် ထူးဆန်းစွာနဲ့ ပြောလိုက်မိတယ်။
“ဒါရိုက်တာစုန့် ပန်းသီးတွေကို ဘာလို့ ရုတ်တရက် ယူလာရတာလဲ”
လင်းချွမ်က အကြောင်းပြချက်ကို သိနေသော်လည်း မပြောပြခဲ့ဘူး။
“မင်း အလုပ် အရမ်းကြိုးစားနေလို့ ဖြစ်မယ်”
“ဟုတ်တယ်.. ကျွန်မ တကယ်ပဲ အလုပ်ကို ကြိုးစားပြီးလုပ်နေတာနော်.. ရှင် ကျွန်မကို သနားရင် ရေနွေးလေးတည်ပြီး ရေချိုးဖို့ လုပ်ပေးပါလား”
“ကောင်းပြီ”
လင်းချွမ်က သူမအတွက် ရေနွေးကျိုပေးခဲ့ပြီး ရေချိုးခန်းထဲသို့ သူဝယ်ထားခဲ့တဲ့ ရေချိုးဇလုံကြီးတစ်လုံးကို ထည့်ပြီးရေနွေးစပ်လိုက်တယ်။
ထို့နောက် သူ့ရဲ့ ဇနီးလေးကို ရေချိုးဇလုံထဲသို့ ပွေ့ချီခေါ်လာခဲ့ကာ သူမကို နှိပ်နယ်ပေးပြီး ပွတ်တိုက် ဆေးကြောပေးလိုက်တယ်။ နောက်ဆုံးတော့ ဆုဆုရဲ့ သက်သောင့်သက်သာမရှိမှုတွေက လျော့ပါးသွားခဲ့ပြီး ခံနိုင်ရည်ရှိသွားခဲ့တယ်။ သို့ပေမယ့် သူက သူမကိုမထိပဲ အိပ်စက်စေခဲ့လေတယ်။
ဒီအခြေအနေက နည်းနည်းလောက်တော့ မှားယွင်းနေသလိုပဲ။ သူမရဲ့ အနောက်ဘက်မှာ တစ်ခုခုကို ခံစားနိုင်ပေမဲ့ သူက လှုပ်ရှားမလာခဲ့ဘူး။ ဒါက ဘယ်လိုအခြေအနေမျိုးလဲ?
တကယ်တမ်းမှာ သူမက အနည်းငယ် ကြောက်နေခဲ့တယ်။ သို့ပေမယ့် ဒီအမျိုးသားက တစ်ပတ်လောက်ကြာအောင် ထိန်းထားခဲ့ပြီးနောက်မှ နောက်ဆုံးတော့ ပြေးလာနိုင်ခဲ့တယ်ဆိုတာကို တွေးမိတော့ သူ့ဘာသာသူ အိပ်စက်ခိုင်းရမှာကို အနည်းငယ်လောက် စိတ်မကောင်းဖြစ်မိသွားရပြန်တယ်။
သူမ အနည်းငယ် ပင်ပန်းနေပေမဲ့လည်း သူမရဲ့ခင်ပွန်းသည်ကို ချော့မော့နှစ်သိမ့်ပေးချင်သေးတယ်။
အထူးသဖြင့် သူတို့ကကြင်စဦးဇနီးမောင်နှံတွေသာဖြစ်နေသေးပြီး ဆုဆုသည်လည်း ကြိုးစားဖို့အတွက် အနည်းငယ် စိတ်အားထက်သန်နေခဲ့တယ်လေ။
သူမ တီးတိုးပြောလိုက်တယ်။
“လင်းချွမ် ကျွန်မရဲ့ နောက်ကျောကို ကုတ်ပေးဦး.. နည်းနည်း ယားနေတယ်”
“ကောင်းပြီ”
လင်းချွမ်ကတော့ သူမ လှည့်စားနေတဲ့အကြောင်းကို နည်းနည်းလောက်တောင် သံသယမရှိခဲ့ပဲ သူမရဲ့နောက်ကျောဆီကို လက်လှမ်းကာ ကုတ်ပေးလာတယ်။
ဆုဆု:”အရှေ့ကို နည်းနည်းလောက်တိုးဦး”
လင်းချွမ် အရှေ့သို့ နည်းနည်းလောက် ထပ်တိုးလိုက်တယ်။ ထို့နောက် နောက်ထပ် နည်းနည်းလောက်... နောက်ထပ် နည်းနည်းလောက်....
အရှေ့ကိုနည်းနည်းလောက် ထပ်တိုးဖို့အတွက်က တဖြည်းဖြည်း ပိုပိုပြီး ခက်ခဲလာခဲ့တယ်။ လင်းချွမ်လိုမျိုး သန်မာကြံ့ခိုင်တဲ့ သွေးအားတွေရှိတဲ့ အမျိုးသားတစ်ယောက်က ဒီလိုမျိုးကလူမြူဆွယ်တာမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။
ရုတ်တရက်ပဲ သူ့ရဲ့လက်တွေက အစပိုင်းတုန်းကလို မရိုးသားတော့ဘူး။
ခဏအကြာမှာတော့ ခန္ဓာကိုယ်ကလည်း မရိုးသားတော့ဘူး။
အဆုံးမှာတော့ သူ ထပ်ပြီး မထိန်းချုပ်နိုင်ခဲ့သေးတုန်းပဲ။
သို့ပေမဲ့ တစ်ကြိမ်သာလုပ်ပြီးသွားခဲ့တဲ့နောက်မှာ လင်းချွမ်သည် သူ့ရဲ့ဇနီးလေးအတွက် စိတ်မကောင်းဖြစ်သလို ခံစားနေခဲ့ရကာ ရပ်တန့်လိုက်တယ်။
အဆုံးမှာတော့ သူတို့တွေက ငယ်ရွယ်သေးပြီး သွေးဆူလွယ်နေသေးတုန်းပဲလေ။
နောက်တစ်နေ့ သူတို့နှစ်ယောက် နိုးလာချိန်မှာတော့ ဘာတစ်ခုမှမှားယွင်းနေခြင်းမရှိခဲ့ဘူး။ ဆုဆုကတော့ သူ့ဆီမှာ ဖိအားတွေကို သက်သာသွားရပြီဖြစ်လို့ စိတ်သက်သာရာရသွားခဲ့ရပြီ။
သူမက လင်းချွမ်ကို လိုက်ပို့ပေးပြီးနောက် ကျောင်းဖွင့်ပွဲအတွက် ပြင်ဆင်စတင်ခဲ့တော့တယ်။
ကျောင်းသားသစ်လက်ခံဖို့အတွက်အတွက် သူမဆီမှာ တာဝန်မရှိပေမဲ့လည်း ကျောင်းသားအသစ်တွေရဲ့ ကျောင်းသားဖိုင်တွေကို ခွဲထုတ်ဖို့အတွက်ကတော့ သူမဆီမှာ တာဝန်ရှိနေသေးတယ်။
လူတိုင်းက အလွန်အလုပ်များနေခဲ့ကြတယ်။ သူမ ရောက်ပြီးနောက်မှာ ဆရာလေး၊ငါးယောက်နှင့်အတူ မော်ကွန်းတိုက်ဆီကို တိုက်ရိုက်သွားခဲ့ရတယ်။ စာရင်းသွင်းလာခဲ့တဲ့ကျောင်းသားတွေအားလုံးရဲ့ ဖိုင်တွေကို တံဆိပ်ခတ်ပြီးနောက် ဖိုင်ဘောက်စ်ထဲမှာ ထည့်ပေးရလိမ့်မယ်။
ကျောင်းသားသစ် လက်ခံရမဲ့နေ့ဖြစ်ပြီး အရင်တုန်းက သိမ်းဆည်းထားတဲ့ ဖိုင်တွဲအချို့ကိုပါ လျင်မြန်စွာ စီမံရှင်းလင်းဆောင်ရွက်ပေးခဲ့ရတယ်။
မကြာခင်မှာပဲ ဒီနေ့မှာ လာရောက် အပ်နှံခဲ့တဲ့ ကျောင်းသားသစ်တွေရဲ့ ဖိုင်တွဲတွေကလည်း အသုတ်လိုက် သယ်ဆောင်ပြီး ရောက်ရှိလာကြတယ်။
တိုက်ဆိုင်စွာဖြင့် သူမဆီကိုရောက်ရှိလာတဲ့ဖိုင်တွဲထဲမှာ ဇာတ်လိုက်မ ချင်ယွဲ့ယွဲ့ရဲ့ဖိုင်ကိုပါ တွေ့မြင်လိုက်ရတယ်။ ဇာတ်လိုက်မဆီကနေမျှော်လင့်ထားတဲ့အတိုင်း သူမရဲ့ ဖိုင်တွဲထဲမှ ဓာတ်ပုံက အတော်လေး လှပနေခဲ့တယ်။
ဆုဆုက သူမရဲ့ဖိုင်ကိုလည်း တခြားကျောင်းသားတွေရဲ့ ဖိုင်တွေလိုမျိုး လိုအပ်တာတွေကို ခွဲထုတ်ပြီး ဘေးကို ဖယ်လိုက်တယ်။
ဒါပေမယ့် ဇာတ်လိုက်မက အိမ်ထောင်ရေးအကြောင်းကော်လံမှာ လက်မထပ်ရသေးဘူးလို့ ရေးထားခဲ့တာကို တွေ့လိုက်ရလေတယ်။ သူမက အမျိုးသားဇာတ်လိုက်ကိုတောင် အသိအမှန်မပြုခဲ့ဘူးလား?
လက်ထပ်ပွဲကိုသာ ကျင်းပခဲ့တယ်ဆိုပေမဲ့ သူတို့ရဲ့လက်ထပ်ပွဲက ကျေးရွာထဲမှာ အသိအမှတ်ပြုပြီးသားပဲလေ။
သူမနဲ့ လင်းချွမ်လိုမျိုးပဲ။ သူတို့နှစ်ယောက်သာ လက်ထပ်ပြီးစီးကြောင်း ဝန်ခံထားသရွေ့ ကလေးရရှိခဲ့မယ်ဆိုရင် အသိအမှတ်ပြုခံရလိမ့်မယ်။
ဆုဆုအနေနဲ့ သူမရဲ့ကိုယ်ရေးအချက်အလက်ကို မှတ်ပုံတင်တဲ့အချိန်မှာတော့ သူမက အိမ်ထောင်ကျပြီးသားဖြစ်ကြောင်း ရေးထားခဲ့တာကြောင့် လင်းချွမ်က တနင်္ဂနွေတိုင်း သူမရဲ့အိမ်ကိုလာပြီး အိပ်စက်နေရင်တောင် ဘယ်သူကမှ ဘာတစ်ခုမှ ပြောလာမှာမဟုတ်ဘူး။
ဒါပေမယ့် ဇာတ်လိုက်မက အခုလိုမျိုးရေးသားထားတော့ သူ ဇာတ်လိုက်နဲ့ တွေ့ဆုံချိန်မှာ တခြားလူတွေက နားလည်မှုလွဲသွားတာတွေ ဖြစ်လာနိုင်လိမ့်မယ်။
ဒါပေမယ့် ဒါတွေက သူမနဲ့မသက်ဆိုင်တဲ့ တခြားလူတွေရဲ့ကိစ္စပါပဲ။
ဘာကြောင့်လဲဆိုတာကို မသိပေမယ့် ဇာတ်လိုက်မရဲ့ဆရာဖြစ်ရတဲ့အပေါ်မှာတော့ အထူးလည်အောင်မြင်နေတဲ့ ခံစားချက်မျိုးရှိနေခဲ့တယ်။ သူမ ရွာမှာတုန်းက တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ကြောင်း ကြွားဝါစွာ ပြောပြလာတဲ့အချိန်ကို ပြန်တွေးကြည့်လိုက်မိတော့ အတော်လေးစိတ်ချမ်းသာသွားသလိုပဲ။ သူမကလည်း တကယ်တမ်းမှာတော့ တွက်ကတ်နေတတ်သေးတယ်။
ကျောင်းတွေက မနက်ဖြန် စဖွင့်တော့ မှာဖြစ်ပြီး ကျောင်းသားဖိုင်တွေကို ရှင်းလည်းရမဲ့အလုပ်ကို တစ်မနက်လုံး လုပ်နေခဲ့ရတယ်။
ဆုဆု မွန်းလွဲချိန်မှာ အစားအစာတချို့ဝယ်ပြီး အိမ်ကိုပြန်ကာ ချက်ပြုတ်ချင်ခဲ့ပေမဲ့ သူမ ကျောင်းတံခါးဝမှ ထွက်ခွာလာတဲ့အချိန်မှာပဲ ဇာတ်ကွက်တစ်ခုကို ထိပ်တိုက်မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတော့တယ်။
အမျိုးသား ဇာတ်လိုက်က နေ့လယ်ပိုင်းမှာ အမျိုးသမီးဇာတ်လိုက်ကို နေ့လယ်စာကျွေးဖို့ ခေါ်ချင်ခဲ့ပေမဲ့ ဇာတ်လိုက်မကတော့ သူမရဲ့ အတန်းဖော်တွေအများကြီးနဲ့ ဆက်ဆံရေး ကောင်းမွန်နေခဲ့ပြီ။
သူထွက်လာတာကိုမြင်တော့ အတန်းဖော် အမျိုးသမီးတစ်ယောက်က ဇာတ်လိုက်ကို ဘယ်သူလဲလို့မေးခဲ့ချိန်မှာ ဇာတ်လိုက်မက ချက်ချင်းပဲ အလျှင်အမြန် ပြောလာခဲ့တယ်။
“ဒါ ငါ့ရဲ့အကြီးဆုံးအစ်ကိုပ်”
“…”
ဘုရားရေ! အစ်ကိုအကြီးဆုံးလား?
အစ်ကိုအကြီးဆုံးက သူ့ရဲ့ညီမကို ကိုယ်ဝန်ဆောင်ရအောင်လုပ်ခဲ့ပြီး ကိုယ်ဝန်ကို ဖျက်ချခဲ့ရကာ သူတို့တွေ နေ့တိုင်း အတူတစ်ကွနေထိုင်ပြီး.. အာ.. အာ....
သူမ မျက်လုံးတွေကို ကောင်းကင်ပေါ်ကို ရောက်တဲ့အထိလှန်ကြည့်လိုက်မိတယ်။
သူမက ထိုသို့ခေါ်ရတာ ကျေနပ်နေပေမဲ့ အခေါ်ခံရတဲ့ အစ်ကိုကြီးဖြစ်သူကတော့ ကျေနပ်နေပုံမရဘူးနော်။
ဟဟ.. အမှိုက်ဆန်ချက်ပဲ!
ဇာတ်လိုက်ကတော့ ဒီအခြေအနေကို လုံးဝပျော်ရွှင်နေပုံမရဘူး။ သူအနည်းငယ် တုန်ယင်သွားတယ်လို့တောင် ဆုဆု ထင်လိုက်မိတယ်။
သို့ပေမယ့် ဒီလိုအချိန်မှာတောင် သူက ဇာတ်လိုက်မရဲ့ အတန်းဖော်အမျိုးသမီးလေးတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ခဲ့ပြီး ကျောင်းထဲကနေ အမျိုးသမီးဇာတ်လိုက်နဲ့ အတူ ထွက်သွားခဲ့တယ်။
သူတို့တွေ ဒီနေရာမှာ လမ်းခွဲသွားပြီးနောက် ထပ်ပြီးမတွေ့နိုင်လောက်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ ဈေးထဲမှာ ထပ်ပြီးတွေ့ဆုံရလိမ့်မယ်လို့ ဘယ်သူက သိခဲ့မှာလဲ။
ဒီအချိန်မှာ ဆုဆုက တို့ဟူးဝယ်နေခဲ့တာဖြစ်ပြီး သူမရဲ့စိတ်ထဲမှာ တို့ဟူးနှင့် မနေ့နေ့လယ်တုန်းက ချက်ထားတဲ့ ကြက်သားကို စတူးချက်ဖို့ တွေးနေခဲ့တယ်။ ဒါက သေချာပေါက် အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်လာလိမ့်မယ် ။
ထိုအခိုက်မှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကလည်း ပိုက်ဆံချွေတာဖို့ ရည်ရွယ်ချက်နဲ့ စားသောက်ဆိုင်ကို မသွားခဲ့ဘဲ အသီးအရွက်ဈေးတန်းကိုလာပြီး ဘန်းမုန့်နှစ်ခုဝယ်စားဖို့ ထွက်လာခဲ့ကြလိမ့်မယ်ဆိုတာကို မသိခဲ့ဘူးလေ။
ဒီလိုနဲ့ သူတို့တွေ စျေးတန်းထဲမှာ မတော်တဆ တွေ့ဆုံမိခဲ့ကြတာာပဲ။
ဆုဆုက ခေတ်ဆန်တဲ့ ဆွယ်တာအင်္ကျီကိုအောက်ခံဝတ်ထားပြီး အပေါ်မှာတော့ သိုးမွှေးကုတ်အင်္ကျီရှည်နဲ့ ၀တ်ဆင်ထားခဲ့တယ်။ ကိုယ်ခန္ဓာနဲ့အတိ ရှိနေတဲ့ ဘောင်းဘီရှည်က သူမရဲ့ နူးညံ့ပြီး လုံးဝန်းသော ပေါင်နှစ်ဖက်ကို ဖုံးကွယ်ထားခဲ့တယ်။
သူမရဲ့ ဆံပင်တွေကိာတော့ ပေါ့ပေါ့ပါးပါး ပိုနီတေးစတိုင်စည်းနှောင်ထားပြီး နူးညံ့သိမ်မွေ့ပြီး လှပတဲ့ရုပ်ရည်က ရှင်းလင်းစွာ ပေါ်လွင်နေခဲ့တယ်။
သူမရဲ့အသွင်အပြင်က အရှေ့မှာရှိနေတဲ့အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်လုံးကို အနည်းငယ်ရှက်ရွံ့သွားစေခဲ့တယ်။
တစ်ချိန်တည်းမှာပဲ သူတို့တွေက လူချမ်းသာနှင့် လူဆင်းရဲတွေကြားထဲမှ တစ်စုံတစ်ခုကို နားလည်သွားခဲ့ပုံရပြီး အသက်ရှူသိပ်မဝချင်တော့ဘူး။
သို့ပေမဲ့ လင်းတုံဟဲကတော့ ဒီလိုမျိုး ဆုဆုကို အတော်လေးကျင့်သားရနေခဲ့ပြီ။ သူတို့တွေ တဖြည်းဖြည်းပိုပြီး ရင်းနီးလာကတည်းက ဆုဆုက တကယ်တမ်းမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်းကို ခံစားခဲ့ရပြီး မတ်တပ်ထရပ်ကာ နှုတ်ဆက်လာတယ်။
“ရဲဘော်ဆု.. မင်း ဒီကို ဘာလို့ရောက်နေတာလဲ”
“အိုး.. ကျွန်မက ဒီကို အလုပ်လုပ်နေတာလေ”
“နင်က ဒီမြို့ကို အလုပ်လာလုပ်တာလား.. ဒီနားက မနီးမဝေးမှာ သေးငယ်တဲ့ကျောင်းလေးတစ်ခုရှိတယ်ဆိုတာ ငါမှတ်မိတယ်.. ဒီစျေးနဲ့ နင့်ရဲ့ကျာင်းက ပိုနီးတဲ့ပုံပဲ.. ငါက ဒီအရှေ့က တက္ကသိုလ်မှာ ကျောင်းတက်နေတာလေ”
ချင်ယွဲ့ယွဲ့က မတ်တပ်ထရပ်လိုက်ပြီး ဘန်းမုန့်တွေကို မုန့်ထုပ်စက္ကူနဲ့ထုပ်လိုက်ကာ လူမမြင်နိုင်လောက်အောင် ဘေးဘက်ကို အမြန် ပို့ထားလိုက်တယ်။
“ရှင်တို့တွေ နေ့လည်စာစားနေကြတာလား ကျွန်မ မနှောင့်ယှက်တော့ပါဘူး.. ကျွန်မလည်း ကျောင်းကိုပြန်သွားပြီး သင်ခန်းစာတွေပြင်ဆင်ရဦးမယ်”
သူမက ညစာစားဖို့အတွက် အိမ်ကိုလာရန်မဖိတ်ခေါ်ခဲ့ဘူး။
ဒါပေမယ့် ဇာတ်လိုက်က သူမကို တားဆီးပြီး ပြောလာတယ်။
“ရဲဘော်ဆု ယွဲ့ယွဲ့က ဒီမြို့မှာ တစ်ယောက်တည်းနေရမှာဆိုတော့ နည်းနည်းလောက် အထီးကျန်နေမှာ.. တကယ်လို့ မင်းမှာ အချိန်ရရင် သူမကို ဂရုစိုက်ဖို့ ကူညီပေးနိုင်မလား”
“သူမ ထွက်လာတဲ့အချိန်တုန်းက သူမမှာ သူငယ်ချင်းတွေ တော်တော်များများရှိနေတာပဲ.. သူမ အထီးကျန်နေလိမ့်မယ်လို့ မထင်ဘူး.. နောက်ပြီး ရှင်က သူမရဲ့အစ်ကို မဟုတ်ဘူးလား”
ဆုဆုအပြုံးတစ်ခုနဲ့မေးလိုက်တယ်။
သို့ပေမယ့် ထိုစကားလုံးတွေက ချင်ယွဲ့ယွဲ့ရဲ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့တယ်။
“ဘယ်လို.. နင် ဘယ်လိုသိတာလဲ?”
ဒီစကားတွေက သူတို့ကျောင်းတံခါးပေါက်နားမှာပြောနေခဲ့တာတွေလေ။ သူမက ဘယ်လိုလုပ်ပြီး ကြားသွားခဲ့တာလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူမဆီကို သွားပြောခဲ့တာလား? အဲဒီလူက ဘယ်သူလဲ?
ဘယ်သူတစ်ယောက်ကမှ သူတို့ရဲ့ လျို့ဝှက်ထားတဲ့ကိစ္စကို တစ်ယောက်ယောက်က ဖြန့်ဝေနေတာကိုဖြစ်စေချင်မှာမဟုတ်ဘူး။ အထူးသဖြင့် သူမက သူမရဲ့အိမ်ထောင်ရေးကို ဖုံးကွယ်ထားချင်ခဲ့တယ်လေ။
ဒါပေမယ့် သူမ ဖုံးကွယ်လိုက်တဲ့အချိန်ခဏမှာပဲ ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။
ဆုဆု မရှင်းပြပေးခင်မှာပဲ တစ်ယောက်ယောက်က အနောက်ကနေ လှမ်းပြောတာကို ကြားလိုက်ရတယ်။
“မစ္စဆု ဟင်းချက်စရာတွေ လာဝယ်နေတာလား”