← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

ဆုဆုတစ်ယောက် ​ပျော်​ရမလား၊ ကြောက်​ရမလားဆိုတာ  မသိတော့ဘူး။ သူမအနေနဲ့ ကလေးတစ်ခါမှ မမွေးဖူးသလို လက်ရှိမှာ ဘာတွေလုပ်ရမလဲဆိုတာလည်း မသိနေခဲ့ဘူး။

တစ်ချိန်တည်းမှာပဲ အမေတစ်ယောက်ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေလည်းရှိနေခဲ့ပြီး အလွန်စိတ်လှုပ်ရှားမိနေခဲ့တယ်။ လူတိုင်းလည်း အခုလိုမျိုး ပျော်ရွှင်ကြမှာပဲ။

တခြားတစ်ဖက်မှာတော့ နည်းနည်းလောက်စောလွန်းတယ်လို့ ခံစားရပြန်တယ်။ သူက အိမ်ထောင်ကျပြီးတာ  ဘယ်လောက်မှ မကြာသေးပေမဲ့ ကလေးရှိလာခဲ့ပြီ။ နောက်ပြီး သူမက ဆရာမဖြစ်လာရုံလေးပဲရှိသေးတယ်။ အနာဂတ်မှာ သူမ ဘာတွေလုပ်နိုင်မလဲ။

သူတို့တွေ စာရင်းသွင်းပြီးနောက် တန်းစီနေခဲ့ကြကာ မကြာခင်မှာပဲ သူတို့ရဲ့အလှည့်ကို ရောက်ရှိလာခဲ့တယ်။

ဒီနေ့ခေတ်ကာလမှာ ဆေးရုံ၊ဆေးခန်းအများစုက တရုတ်တိုင်းရင်းဆေးတွေနဲ့ ကုသနေကြတုန်းပဲ။

သူတို့တွေက  ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရန်အတွက် သွေးခုန်နှုန်းကို ခံစားရခြင်းအပေါ်မှာသာ အားကိုးကြတယ်။

ဒါပေမယ့် ထိုနည်းလမ်းနဲ့ဆိုရင် ပုံမှန်အားဖြင့် နှစ်လ သို့မဟုတ် သုံးလလောက် ကြာမှသာ သိရှိရတတ်တာကြောင့် ဆရာဝန်က ဆုဆုဆီမှာ ကိုယ်ဝန်ရှိမရှိကို မသေချာခဲ့ဘူး။

ဒီတော့ သူက ဆုဆုကို ကိုယ်ဝန်ရှိမရှိကို သိရှိနိုင်ရန် ယခုခေတ်ကာလမှာ စတင်ပေါ်ထွက်လာပြီဖြစ်တဲ့ သွေးစစ်တဲ့နည်းလမ်းကို အကြံပြုခဲ့တယ်။

ဒီလိုနဲ့ သူတို့တွေ သွေးဖောက်စစ်ဖို့ သွားခဲ့ကြပေမဲ့  ထိုနေရာမှာ အသိမိတ်ဆွေနဲ့ ပြန်တွေ့ဖို့ မမျှော်လင့်ခဲ့ကြဘူး။

အရင်တုန်းက ခရိုင်မြို့မှာ ချင်ယွဲ့ယွဲ့ကို ကယ်တင်ရန်အတွက် ဆုဆုနဲ့အတူ သွေးလှူဒါန်းဖူးတဲ့ ပိုင်လင်းလင်းသည်လည်း ဒီနေရာမှာရှိနေခဲ့တယ်။ အမျိုးသမီးလေးနှစ်ယောက်က မထင်မှတ်ထားတဲ့နေရာမှာ တွေ့ဆုံခဲ့ရချိန်မှာ အံ့သြသင့်သွားခဲ့ကြတယ်။

“ပိုင်လင်းလင်း.. ရှင်င် ဘာလို့ဒီကိုရောက်နေတာလဲ”

ဆုဆု သူမရဲ့လက်ကို ဝှေ့ယမ်းပြီး အပြုံးလေးနဲ့မေးလိုက်တယ်။

“အာ.. ငါ့ရဲ့မိသားစုက အစကတည်းက X မြို့တော်ကလေ.. ဒါကြောင့် ငါ ဒီကို အပြောင်းအရွှေ့အတွက် လျှောက်လွှာတင်ထားပြီး လွန်ခဲ့တဲ့ နှစ်ရက်က ဒီမှာ တာဝန်ကျလာခဲ့တာ..  မင်းကရော ဘာလို့ ဒီမှာလာတာလဲ”

ပိုင်လင်းလင်းကလည်း အလွန်ပျော်ရွှင်နေခဲ့ပြီး ဆုဆုရဲ့လက်ကို ဆုတ်ကိုင်ထားရင်း ကြင်နာစွာမေးလာတယ်။

“ကျွန်မလည်း ဒီကို ပြောင်းရွှေ့တာဝန်ချပေးခံခဲ့ရတာလေ..  အနာဂတ်မှာ ကျွန်မတို့တွေ တစ်နေရာတည်းမှာ အတူရှိနေလိမ့်မယ်လို့  မမျှော်လင့်ထားခဲ့မိဘူး”

ဆုဆုက အချိမ်ခဏလောက် သူမရဲ့ အရေးကိစ္စဆောင်ရွက်ဖို့ကို မေ့သွားခဲ့ပြီး စိတ်အားထက်သန်စွာ စကားပြောနေခဲ့တယ်။ ထိုအခိုက်မှာပဲ သူမရဲ့ လက်မောင်းကို ဆွဲယူဆုတ်ကိုင်ခံလိုက်ရပြီး ခုံတန်းပေါ်မှာ ဖိချခံလိုက်ရတယ်။

ဆုဆုတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြီး ခေါင်းငုံ့ကြည့်လိုက်တော့ သူမကို သွေးဖောက်နေပြီဆိုတာကို တွေ့လိုက်ရတယ်။

“အာ ရှင် ဘာလို့ ကျွန်မကို သွေးဖောက်ဖို့ ဆွဲထားရတာလဲ?”

ဆုဆု လင်းချွမ်ကို  မကျေမနက်ပြောလိုက်တယ်။

“ဒါက အရေးကြီးတယ်လေ.. လာခဲ့ ဝါဂွမ်းလုံးနဲ့ ဖိထားရအောင်.. မလွှင့်ပစ်လိုက်နဲ့ဦးနော်”

“ နာတယ်”

“ခဏနေရင်  အဆင်ပြေသွားမှာပါ”

ပိုင်လင်းလင်းက ချစ်ခင်ကြင်နာမှုတွေကိုဖော်ပြနေတဲ့ စုံတွဲကိုကြည့်ရင်း မေးလိုက်တယ်။

“ဆုဆု မင်းဘာလို့သွေးဖောက်ဖို့ရောက်လာတာလဲ.. ဘာဖြစ်လို့လဲ?”

“ကျွန်မ.. ကျွန်မ ... ကြောင့် လာတာမဟုတ်ဘူး”

ဆုဆုရဲ့ စကားသံက တိုးသွားခဲ့တယ်။

ပိုင်လင်းလင်းက သူမရဲ့ ရှက်ရွံ့နေတဲ့မျက်နှာကိုကြည့်ကာ ချက်ချင်းသဘောပေါက်သွားပြီး ပြန်ပြောလာတယ်

“ ဂုဏ်ပြုပါတယ်.. ဒါဆို ဒီလောက်တောင် မြန်တယ်ပေါ့လေ?  ဒါပေမယ့် မင်း အရင်တုန်းက သွေးဖောက်ထားတာဆိုတော့ ကိုယ်ခံအားရှိအောင် အားပြန်ဖြည့်ဖို့လိုတယ်နော်”

“ကောင်းပြီ”

ဒီ သဘောတူလာတဲ့သူက ဆုဆု မဟုတ်ဘဲ လင်းချွမ်ပဲ။ သူက ထိုအကြောင်းကို အမှန်တကယ်စဉ်းစားနေခဲ့ပြီး သူ့ဇနီးလေးရဲ့ ကျန်းမာရေးကို အလွန်စိတ်ပူနေခဲ့တာ။

ဒါကြောင့် အခု သူနာပြုဆရာမက ပြောပြလာချိန်မှာ သူက ဘာတွေလိုအပ်လဲဆိုတာကို မေးမြန်းလာတော့တယ်။

ပိုင်လင်းလင်းက နည်းလမ်းပေါင်းများစွာကိုပြောပြခဲ့ပြီး လင်းချွမ်ကလည်း သူမပြောသမျှကို တစ်ခုပြီးတစ်ခုလိုက်ရေးနေခဲ့တယ်။ ဆုဆုကတော့ သူ့ကိုကြည့်ပြီး မျက်လုံးကိုသာ လှန်လိုက်မိတယ်။

သူမကအခု စိတ်တည်ငြိမ်သွားပြီ။   မကြာသေးခင်တုန်းက သူမရဲ့ အန်တီရောက်မလာတာက သူမရဲ့ စိတ်ခံစားချက်တွေပြင်းထန်နေလို့လည်း ဖြစ်နိုင်တာပဲ။ တကယ်လို့ သူမမှာသာ ကလေးမရှိခဲ့ရင် ရှက်စရာကောင်းနေတော့မှာ။

  ဒါကြောင့် သူမက လင်းချွမ်ကို အသာထိပြီး ပြောလိုက်တယ်

“စိတ်အေးအေးထားပါဦး.. အခုက ဘာရလဒ်မှ မသိရသေးဘူးလေ”

“ဒီစမ်းသပ်တာက  အတော်လေးမြန်တယ်..  ငါ မင်းအတွက် သွားမေးပေးမယ်”

ပိုင်လင်းလင်း ထိုသို့ပြောရင်းနဲ့ အပြင်ကိုထွက်သွားခဲ့တယ်။

ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတဲ့ လင်းချွမ်ကတော့ ပိုပြီး စိတ်လှုပ်ရှားလာပုံရပြီး သူ့ရဲ့ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်ကာ ယပ်ခပ်နေခဲ့ပြန်တယ်။

“ရှင်က  လိုချင်နေတာလား ဒါမှမဟုတ် ကြောက်နေတာလား”

ဘာမှမလုပ်ဘဲနေရတာက ပျင်းရိစရာကောင်းတယ်။ ဒီတော့ ဆုဆု ရည်ရွယ်ချက်ရှိရှိနဲ့ စနောက်ချင်ခဲ့တယ်။

ဒါပေမယ့် လင်းချွမ်က အလေးအနက်ရှိလွန်းပြီး သူမရဲ့ဘေးနားကို ချက်ချင်းဝင်ထိုင်လိုက်ကာ သူမရဲ့ လက်ကို ဆုတ်ကိုင်လာတယ်။

“ဆုဆု မင်းက ကိုယ့်ရဲ့ဇနီးပဲ..  မင်းဆီမှာ ကိုယ့်ရဲ့ရင်သွေးလေးရှိနေတာကို ကိုယ်က ဘယ်လိုလုပ်ပြီး မပျော်ရွှင်ဘဲ နေမှာတဲ့လဲ

ဒါက ကိုယ်တို့ရဲ့ အသွေးအသားကနေ ဖြစ်တည်လာတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ သွေးပဲ....”

သူ့အနေနဲ့ ဒီလောက်ထိ ကောင်းမွန်ပြည့်စုံတဲ့ဇနီးလေးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ထိုဇနီးလေးကို သူ့ရဲ့ ကလေးလေးကို ကိုယ်ဝန်ဆောင်ခိုင်းဖို့ဆိုတကတော့ ပိုလို့တောင် ဝေးကွာလွန်းတယ်။

“မဟုတ်ဘူး.. ကျွန်မပြောတာက ရှင် ယုံကြည်မှုလွန်ကဲလွန်းနေတယ်လို့..”

“အမ်?”

“ရှင်  ဘယ်​လိုသိလဲ.. ဒီကလေးက.. အာ.. ကျွန်မဆီမှာ အဲဒါရှိနေပြီလို့ ရှင်ဘယ်လိုလုပ်ပြီး သေချာနေတာလဲ”

သူမ ခွေးသွေးဝတ္ထုဆန်တဲ့ စကားလုံးတွေကိုတောင် ထုတ်ပြောမိတော့မလို့။ ကြည့်ရတာ သူမ တကယ်ပဲ စိတ်လှုပ်ရှားနေပုံရတယ်။

လင်းချွမ်အပြုံးတစ်ခုနဲ့ ပြန်ပြောလာတယ်။

“ရှိနေလိမ့်မယ်”

ဘာကြောင့်မှန်းမသိပေမယ့် သူ့ဇနီးသည်ရဲ့စကားကြောင့် သူ ချွေးပျံလုနီးပါးဖြစ်သွားခဲ့ရတယ်။

ဆုဆုအနေနဲ့ လင်းချွမ်ရဲ့ သူ့ကိုယ်သူ ယုံကြည်မှုတွေက ဘယ်ကရောက်ရှိလာတာလဲဆိုတာတောင် မတွေးနိုင်တော့ဘူး။

သူတို့တွေ စောင့်ဆိုင်းနေချိန်မှာ လင်းချွမ်က အပြင်ကိုထွက်ပြီး ဆုဆု အတွက် ဆိုဒါတစ်ပုလင်းနဲ့ လက်ဖက်ကြက်ဥနှစ်လုံးယူလာခဲ့တယ်။

“မြန်မြန်လေးစားလိုက်..  မင်း နေ့လည်တုန်းက ကောင်းကောင်းမစားနိုင်ခဲ့ဘူးမလား”

သူ ဆုဆုကို အတင်းအကျပ် စားခိုင်းပြီးနောက် သူမရဲ့စိတ်ပျက်လက်ပျက်ဖြစ်ခါနီးအကြည့်ကို တွေ့လိုက်ရတော့တယ်။

“နောက်ထပ် ကြက်ဥပဲလား”

“လိမ္မာတယ် .. တစ်လုံးလောက်ပဲ စားလိုက်နော်”

ဆုဆု အနည်းငယ်ဆွံ့အ,နေရတယ်။  သူမက ကိုယ်ဝန်ဆောင်နေရတာမဟုတ်ဘဲ ကလေးအရွယ်ကို ပြန်ရောက်သွားတာများလား? ဒါကြောင့် သူက သူမကို ကလေးတစ်ယောက်လို ချော့မော့နေတာလား?

ဒီအကြောင်းကို ပြောရမယ်ဆိုရင် လင်းချွမ်က သူမနှင့်လက်ထပ်ပြီးကတည်းက အသံမာမာနဲ့တစ်ခါမှ မပြောခဲ့ဘဲ အမြဲတမ်း ကလေးတစ်ယောက်ကိုပြောနေသလို ချော့မော့နေခဲ့တဲ့ပုံပဲ။

သူက သူမကို အစကတည်းက ကလေးလို ဆက်ဆံနေတာတော့ မဟုတ်ပါဘူးနော်?

အဲလိုတော့ မဖြစ်သင့်ဘူး။ ကလေးတစ်ယောက်လို သတ်မှတ်ထားရင် သူမ ဒီလိုမျိုး မဖြစ်နိုင်သလို သူမလည်း ကလေးရလာမှာမဟုတ်ဘူးလေ။

မဟုတ်သေးဘူး။ သူမ ဘာလို့ လင်းချွမ်နဲ့ အတူလိုက်လာခဲ့ရတာလဲ။ သူမ ရဲ့စိတ်ကို မဆုံးဖြတ်ရသေးသလိုပဲနော်။

ဒါပေမယ့် သူမရဲ့ နှလုံးသားထဲမှနေရာတစ်ခုကတော့ ဒီကိစ္စက အမှန်ဖြစ်နတာပဲလို့ ခံစားမိနေခဲ့တယ်။

သူမရဲ့ဗိုက်ထဲမှာ တစ်ခုခုက တည်ရှိနေပြီဆိုတာကို သူမ ကောင်းကောင်းသိနေခဲ့တယ်။

အရင်တုန်းက ထိုအကြောင်းကို ဂရုမစိုက်မိခဲ့ပေမယ့် မကြာသေးခင်တုန်းက သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာတဲ့ ပြောင်းလဲမှုတွေကို တွေးကြည့်လိုက်ရင် ဒါက ဖြစ်နိုင်တယ်ဆိုတာ ခံစားနိုင်တယ်လေ။

ပထမဆုံးအနေနဲ့ သူမရဲ့ အပေါ်ပိုင်းလုံးပတ်က အတော်လေးကြီးလာတဲ့ပုံရပြီး သူမယူလာတဲ့ ဘရာစီယာက လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပိုချောင်တဲ့ အကျယ်အဖြစ် ပြောင်းသွားခဲ့တယ်။

ဒါ့အပြင် သူမအနေနဲ့ အစားအသောက်တွေကိုလည်း သိပ်မစားနိုင်တော့သလို အရသာခံစားမှုကလည်း ပိုပြီးဆိုးရွားလာတယ်။

နောက်ပြီး သူမ ရထားစီးလာပြီးကတည်းက တစ်ကြိမ်ပြီးတစ်ကြိမ် အော့အန်ချင်နေသေးတယ်။

သူမ ပိုပြီးတွေးလေလေ ကိုယ်ဝန်ရှိတယ်ဆိုတာ ပိုပြီးသေချာလာလေလေပဲ။ အဆုံးမှာ လင်းချွမ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက အလွန်အင်အားကြီးတာကြောင့် ဆုဆုအနေနဲ့ သူမ သန္ဓေတားဆေးသောက်မယ်ဆိုရင်တောင် အောင်မြင်ရန် မဖြစ်နိုင်လောက်ဘူးလို့ ခံစားခဲ့ရသေးတာပဲလေ။

ထိုအချိန်မှာပဲ ပိုင်လင်းလင်းက လမ်းတစ်လျှောက်ပြေးလွှားလာခဲ့လေတယ်။ သူမက စစ်ဆေးမှုရလဒ်စာရွက်ကိုကိုင်ပြီး ဆုဆုဆီကို ဝမ်းသာအားရ ပြေးလာပြီး ပြောလာတယ်။

“ဆုဆု မင်းမှာ ကိုယ်ဝန်ရှိနေပြီ”

“...”

ဒီလိုမျိုး အကျယ်ကြီးအော်ပြောတာက ရှက်စရာကောင်းလွန်းတယ်နော်။

ဆုဆု သူမရဲ့မျက်နှာကို လကငနဲ့ဖုံးကွယ်လိုက်မိတယ်။ လင်းချွမ်ကတော့ ထို ဆေးစစ်မှုရလဒ်ကို လှမ်းယူကာကြည့်လိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းတွေကတော့ တောင့်တင်းပြီးရုပ်ဆိုးတဲ့ ရယ်မောမှုကိုဖော်ပြလာတယ်။

“တကယ် ကိုယ်ဝန်ရှိနေတာလား”

ပိုင်လင်းလင်းက ရှင်းလင်းစွာမေးလိုက်တယ်။

“ရဲဘော်.. ရှင်ပျော်နေတာလား ဒါမှမဟုတ် စိတ်ပျက်နေတာလား”

လင်းချွမ် သူ့ရဲ့မျက်နှာအမူအရာကို ချက်ချင်းပြန်လည် ထိန်းချုပ်လိုက်တယ်။

“ကျွန်တော်  သေချာပေါက် ပျော်နေတာပေါ့”

ထို့နောက် သူ့ရဲ့ဇနီးဆီကို ချက်ချင်းပြန်ကြည့်ပြီး ပြောလိုက်တယ်။

“ကိုယ်အရမ်းပျော်တယ်”

ဆုဆုကတော့ ပြောစရာမဲ့နေရပြီ။ အခု လင်းချွမ်ရဲ့အမူအယာတွေက ဘာလို့ တုံးတုံးအအနိုင်လွန်းနေတယ်လို့ သူမ ခံစားနေရတာလဲ? 

ကြည့်လိုက်ပါဦး။ သူ့ရဲ့ခန္ဓာကိုယ်ကလညား တောင့်တင်းနေပြီး သူလမ်းလျှောက်တဲ့ပုံစံကလည်း ထူးဆန်းနေသေးတယ်။

“ကျွန်မ  သိတယ်.. ဒါဆို ရှင့်ရဲ့မိဘတွေကို လှမ်းပြောတော့မှာလား”

“ကိုယ် သူတို့ဆီကို ကြေးနန်းစာတစ်စောင် သွားပို့လိုက်မယ်…..”

သူက ထွက်သွားခါနီးမှ ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို အနောက်မှာ ချန်ထားခဲ့တော့မလို ဖြစ်သွားတဲ့အကြောင်းကို ပြန်လည်တွေးတောလိုက်မိပြီး ကမန်းကတန်းနဲ့ ပြန်လှည့်ပြီး ပြောလာခဲ့တယ်။

“ဇနီးလေး.. ကိုယ် မင်းကို အိမ်ကို အရင် လိုက်ပို့ပေးမယ်”

ဆုဆု ကောင်းကင်ကိုသာ မော့ကြည့်လိုက်မိတော့တယ်။ ဒီတော့  နောက်ဆုံးတော့ အိမ်ကိုပြန်ဖို့ တွေးမိသွားပြီပေါ့လေ။

ဒီငတုံးကြီးကတော့! 

သူမ မွေးလာတဲ့ကလေးကလည်း သူ့လိုအရူးလေးဖြစ်နေမှာတော့မဟုတ်ဘူးမလား?

ဒါပေမယ့် တကယ်တမ်းမှာ သူမ အဆင်သင့်မဖြစ်သေးသလိုမျိုး မခံစားရဘူးပဲ။

“မင်းတို့နှစ်ယောက် အရင်ပြန်လိုက်ကြလေ.. အချိန်ရှိသေးရင် နှစ်ယောက်အတူ ဂုဏ်ပြုပွဲလေး ကျင်းပလိုက်ကြပေါ့”

ပိုင်လင်းလင်းက ဆုဆုရဲ့လက်ကို လင်းချွမ်ဆီသို့ ထည့်ပေးလိုက်တယ်။

“ဖြည်းဖြည်းပဲ ခေါ်သွားလိုက်နော်”

“ကောင်းပါပြီ”

လင်းချွမ်က ချက်ချင်းပဲ  သူ့ရဲ့ ဇနီးသည်ကို ကူညီတွဲမပေးခဲ့ပြီး ဘုရင်မကြီးတစ်ပါးကို ထောက်ပံ့နေသလိုမျိုး အရှေ့ကို တစ်လှမ်းချင်း လျှောက်လှမ်းနေခဲ့တယ်။

သူက အရပ်ရှည်လွန်းပြီး လူတိုင်းဆီကနေ သူမကို ကာကွယ်ထားခဲ့ကာ ဆုဆုရဲ့ဘေးနားမှာ အကာအကွယ်စက်ဝိုင်းတစ်ခုရှိနေသလိုမျိုး ခံစားရစေပြီး အပြင်ဘက်ကို လုံခြုံစွာခေါ်သွားခဲ့တယ်။

ဆုဆု တကယ်ကို ပြောစရာမဲ့နေပြီ။

“သိတဲ့သူတွေကတော့ ရှင် ရှင့်ရဲ့ဇနီးကို ကာကွယ်ပေးနေတာကို သိမှာဆိုပေမဲ့ မသိတဲ့လူတွေသာမြင်ရင် ရှင် တိုင်းပြည်အတွက် အရေးပါတဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ပေးနေတယ်ထင်သွားကြတော့မှာပဲ”

ဒီကိုယ်နေဟန်ထားက အတော်လေး  ပရော်ဖက်ရှင်နယ်ဆန်လွန်းပြီး သူမအနေနဲ့ အနည်းငယ် မြှောက်ပင့်ခံနေရသလို ခံစားနေရတယ်။

“စကားမ​ပြောနဲ့ဦး.. ကိုယ် အာရုံစူးစိုက်​ရမယ်​”

“...”

ဆုဆု သူ့ကို စိုက်ကြည့်လိုက်မိပြီး တစ်ဖက်လူက ပရိုဖက်ရှင်နယ်အစောင့်အရှောက်တစ်ယောက်လို သူမကို အိမ်ပြန်ပို့ပေးတာကို လက်ခံလိုက်တယ်။

All Chapters