← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

လင်းချွမ် အနေနဲ့ သူ သူမကိုလက်ထပ်နိုင်လိမ့်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးဘူး။ အရင်တုန်းက သူမကို ချစ်စရာကောင်းတယ်လို့သာ တွေးခဲ့မိပေမဲ့ သူမရဲ့ လုပ်နိုင်စွမ်းတွေကလည်းမြင့်မားလွန်းတာကို တဖြည်းဖြည်း ပိုသိလာရတယ်။

ဒါကြောင့်ပဲ သူ ဘယ်လိုလုပ်ရမလဲဆိုတာကို မသိဘူး ဖြစ်0နေခဲ့တာ။

သူ သူ့ရဲ့ဇနီးသည်ကို အလွန်အမင်း ရူးရူးမူးမူးကိုချစ်တယ်လို့ ခံစားရတယ်။ သို့ပေမယ့် သူက အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး သူမလေးကို ဘယ်လိုချစ်ပေးရမလဲဆိုတာကို မသိပြန်ဘူး။

သူ သူမကို ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးအရာတွေအားလုံးကို ပေးချင်ပြီး သူမကို ပျော်ရွှင်စေချင်တယ်။

တစ်ဖက်မှာတော့ ဆုဆုက သူ့ကြောင့် စိတ်လှုပ်ရှားနေပြီး အနည်းငယ်နောက်ကျမှ ပြန်လည်အိပ်ပျော်သွားခဲ့တယ်။ ဒါပေမယ့် နောက်နေ့မနက်မှာတော့ သူမ အိပ်ရေးဝစွာနိုးလာပြီး လင်းချွမ် ပြင်ဆင်ပေးထားတဲ့ မနက်စာကိုစားကာ လင်းချွမ်နှင့်အတူ ကျောင်းကို သွားခဲ့ပြန်တယ်။

ဒီဆက်ဆံမှုထက်ပိုပြီး ကောင်းမွန်တာတောင်မရှိနိုင်တော့ဘူး။ ဆုဆု အနည်းငယ် ဂုဏ်မောက်လာသလိုတောင် ခံစားနေရပြီ။

ကံကောင်းစွာနဲ့ လင်းချွမ်က ဒီနေ့မှာ စစ်တပ်ထဲကို ပြန်သွားဖို့လိုအပ်တာကြောင့် သူမ အိပ်နေတဲ့အချိန် ထပ်ပြီး စိုက်မကြည့်နိုင်တော့ဘူး။ ဆုဆုတစ်ယောက် ပျော်ရွှင်နေခဲ့သလို တချိန်ထဲမှာ လွမ်းဆွေးနေခဲ့ပြန်တယ်။

ကံကောင်းလို့ သူမ ထပ်ပြီး ကျောင်းသူတစ်ယောက်အဖြစ်အထင်မှားခံရတော့မှာမဟုတ်လို့ စိတ်ညစ်စရာမလိုတော့ဘူး။

ဆုဆု ဒီလိုမျိုး တွေးတောခဲ့ပေမဲ့ ဒီနေ့မှာ သူမအတွက် အတန်းကို လေးချိန်အထိ စီစဥ်ပေးလာခဲ့တယ်လေ။

မနက်ခင်ပိုင်းမှာ အတန်း နှစ်ချိန်၊ ညနေပိုင်းမှာ အတန်းနှစ်ချိန်....

ကျောင်းတက်ချိန်တွေမှာ သူမ ခဏလောက် အနားယူလိုက်ဖို့ စုန့်အိုက်ယင်း ရုံးခန်းမှာ ခုတင်တစ်လုံး စီစဉ်ပေးထားခဲ့တယ်။

အဆုံးမှာတော့ စစ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာက မလွယ်ကူဘူး။ ဒါ့အပြင် သူမက အခုချိန်မှာ ကိုယ်ဝန်လည်း ရှိနေခဲ့ပြီ။

သူမကို ဂရုစိုက်ပေးနေခဲ့တဲ့အတွက် တစ်ချို့လူတွေက ထင်မြင်ချက်တွေရှိနေခဲ့ကြပေမယ့် သူမက ကိုယ်ဝန်ရှိနေပြီဖြစ်ကာ သူမရဲ့ မျက်နှာကလည်း ဖြူဖျော့နေခဲ့တယ်။ ဒီတော့ သူမက အခုလို လေးလံတဲ့တာဝန်ကို ဆောင်ရွက်ဖို့အတွက်ခဏလောက်တော့ အနားယူဖို့ လိုအပ်တယ်။

ဆုဆုကတော့ သူမကို အထူးဂရုစိုက်နေတဲ့အပေါ်အနည်းငယ်လောက် သက်သောင့်သက်သာမရှိသလို ခံစားရတယ်။

ဒါကြောင့် ရုံးခန်းထဲမှာ ဆရာ၊ဆရာမတွေ အားလုံး မရှိတော့တဲ့ အချိန်တွေမှာပဲ ခဏလောက် လှဲလျောင်းနေတတ်တယ်။

ပြောရရင် သူမဆီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို သိထားခဲ့ရပြီးနောက်မှာ သူမရဲ့ ခန္ဓာကိုယ်က ပိုပြီး မရိုးမဖြောင့်ဖြစ်လာခဲ့တယ်။

ရံဖန်ရံခါမှာ ရုတ်တရက် အော့အန်ချင်လာတတ်တယ်။ တခြားအရာတွေကတော့ အဆင်ပြေပါတယ်။ ပြောရရင် သူမ တခြားလူတွေရဲ့အရှေ့မှာ တကယ်ကို မအန်ချင်ဘူး။

ကျောင်းက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ စဖွင့်ခဲ့တာဖြစ်ပြီး လုပ်စရာတွေ အတော်လေးများနေခဲ့တယ်။ သူမ လှဲချလိုက်ပြီးတာနဲ့ တစ်စုံတစ်ယောက်က အခန်းတံခါးကို လာခေါက်တာကိုကြားလိုက်ရတာကြောင့် ချက်ချင်း ထထိုင်ကာ ဆရာမတစ်ယောက်ရဲ့အမူအယာမျိုး ဆင်မြန်းလိုက်တယ်။

“ဝင်ခဲ့ပါ!”

အမျိုးသမီးကျောင်းသူတစ်ယောက်က တံခါးကို ဖြည်းညှင်းစွာဖွင့်လလာခဲ့တယ်။

“လောင်ရှစ်...”

သူမက တကယ်ရော ဆရာမလား? ငယ်လွန်းသလိုပဲ။

“ဘာကိစ္စရှိလို့လဲ?”

“မိန်းခလေးအဆောင်မှာ ရန်ဖြစ်နေကြတယ်.. မိန်းကလေးတစ်ယောက်က ချင်ယွဲ့ယွဲ့ သူမရဲ့ပိုက်ဆံတွေကို ခိုးသွားတယ်လို့ ပြောနေတယ်.. နောက်ပြီး အခု တော်တော် စကားများနေကြပြီ.. လောင်ရှစ် လိုက်ကြည့်ပေးနိုင်မလား”

ကျောင်းသူက အတော်လေးစိုးရိမ်နေပုံရတယ်။

ဆုဆုအနေနဲ့ ဆရာတစ်ယောက်ဖြစ်နေပမဲ့လည်း ဇာတ်လိုက်မရဲ့ အရေးတော်ပုံကိစ္စတွေကြားမှာ သူမ ပါဝင်ပတ်သက်သွားရမှာကိုတော့ ကြောက်မိတယ်။

ဒါ့အပြင် သူမက အခုချိန်မှာ စိတ်ခံစားချက်က ကောင်းမွန်နေတာမဟုတ်သလို ဗိုက်ထဲမှာလည်း ကလေးတစ်ယောက်ရှိနေခဲ့ပြီ။

ဖြစ်နိုင်ရင် ပြသနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ချင်စိတ်ရှိမနေဘူး။ သူတို့တွေက ရန်ဖြစ်နေကြပြီဆိုတော့ သူမက ထိုရန်ပွဲကြားထဲကို အလျှင်စလို ဝင်သွားလို့မရဘူး။ ပြောရရင် သူမက ထောက်ပံ့ပို့ဆောင်ရေးရဲ့ တာဝန်ခံလည်း မဟုတ်ဘူးလေ။

သို့ပေမယ့် သူမက ဟန်ဆောင်နေရဦးမှာပဲ။

“သွားကြစို့.. ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာက ဘယ်မှာလဲဆိုတာ ငါသိတယ်.. ဒီကိစ္စကိုဖြေရှင်းဖို့ သူမဆီကို အရင်သွားရအောင်.. ငါ့လိုအင်္ဂလိပ်ဆရာတစ်ယောက်က ပြောလာမှာကို ဘယ်သူကမှ နားမထောင်မှာကို စိုးမိတယ်.. ပြီးတော့ ငါ သူတို့ကို မဆွဲနိုင်လောက်ဘူး”

ထိုမိန်းကလေးကလည်း ဆုဆုရဲ့ စကားကို သဘောတူနေတုန်းပဲ။ အဆုံးမှာ သူမက ဆရာတစ်ဦးဖြစ်နေပေမဲ့လည်း ငယ်ရွယ်လွန်းသေးပြီး သူတို့ကို တားဆီးဖို့ရန်အတွက် မလုံလောက်သေးဘူး။ ဒီတော့ ရန်ပွဲကို တားဆီးဖို့ ခက်ခဲလိမ့်မယ်။

ဒီလိုနဲ့ သူတို့တွေ စုန့်အိုက်ယင်းကို သွားရှာခဲ့ကြပြီး သုံးယောက်သား မိန်းကလေးအဆောင်ဆီသို့သွားခဲ့ကြတယ်။

မိန်းကလေးအဆောင်နှင့် ယောက်ျားလေးအဆောင်ကြားမှာ နံရံတစ်ခုသာရှိပြီး အဆောင်နှစ်ဆောင်နှင့် ကျောင်းရဲ့ကြားမှာလည်း နံရံတစ်ခုသာရှိတယ်။

သူတို့ မိန်းကလေးဆောင်ရဲ့ ဂိတ်ပေါက်ကို ဖြတ်ကျော်လာပြီးနောက် ဇာတ်လိုက်မကို ဆွဲထုတ်လာကာ ပြည်သူ့လုံခြုံရေးဗျူရိုကို သွားတိုင်မယ်ဆိုပြီး ပြောနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။

တစ်ဖက်မှာတော့ ချင်ယွဲ့ယွဲ့က ရုန်းကန်ရင်းနဲ့ ပြောလာတယ်။

“မဟုတ်ဘူး.. အဲဒါ ငါမဟုတ်ဘူး.. နင်တို့အားလုံး အထင်လွဲနေကြတာ.. အဲဒါ ငါမဟုတ်ဘူး”

စုန့်အိုက်ယင်း ဝင်ပြောလိုက်တယ်။

“မင်းတို့တွေ ရပ်လိုက်ကြ.. ပြောစရာတစ်ခုခုရှိရင် စကားနဲ့ပြော.. မင်းတို့တွေ အခုလိုဆက်ပြီးဆွဲနေရင် ငါလုံခြုံရေးကို လှမ်းခေါ်လိုက်မယ်”

တစ်ဖက်မှ အမျိုးသမီးက စုန့်အိုက်ယင်းရဲ့စကားကိုကြားတော့ လက်ကို လွှတ်ပေးလာခဲ့တယ်။

ချင်ယွဲ့ယွဲ့ကတော့ ဆုဆုပါ ရောက်လာတာကိုမြင်တွေ့လိုက်ရတာကြောင့် အနည်းငယ် ယုံကြည်မှုပိုရှိလာတယ်။ သူမက စုန့်အိုက်ယင်းအနားကို တိုးကပ်သွားပြီး ပြောလာတယ်။

“ဒါရိုက်တာစုန့်.. ကျေးဇူးပြုပြီး ကျွန်မကိုကူညီပေးပါဦး.. ကျွန်မ သူမရဲ့ပိုက်ဆံကို တကယ်မခိုးယူခဲ့ပါဘူး.. ဒါပေမယ့် သူတို့အားလုံးက ကျွန်မကို မှားယွင်းပြီး စွပ်စွဲနေကြတယ်”

သူမက စကားပြောပြီးနောက် ဆုဆုဘက်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

ဆုဆုက အနည်းငယ် မောဟိုက်နေခဲ့တယ်။ သူမ မပြေးခဲ့ပေမဲ့ ခပ်သွက်သွက် လမ်းလျှောက်လိုက်ရတာကြောင့် အဆင်မပြေဖြစ်ကာ အော့အန်ချင်နေခဲ့တယ်။

ဒါကြောင့် တံတွေးမထွေးမိဖို့အတွက် အပြင်းအထန်ကြိုးစားရင်းနဲ့ ဘေးနားမှာ ရပ်ပြီးသာ စောင့်ကြည့်နေခဲ့တယ်။

ဇာတ်လိုက်မက ပြသနာမဖြစ်လောက်ဘူး။ ဒီပြသနာကို သူမကိုယ်တိုင် သေချာပေါက်ဖြေရှင်းနိုင်တယ်။ ဒီလိုသာမဟုတ်ရင် သူမက ဇာတ်လိုက်မဖြစ်နေမှာ မဟုတ်ဘူးလေ။

ထင်ထားသလိုပဲ။ ဆုဆုက သူမကို မကူညီတာကိုတွေ့တော့ ပိုက်ဆံအခိုးခံရတဲ့ အမျိုးသမီးက ဇာတ်လိုက်မကို အော်ဟစ်ဆဲဆိုနေချိန်မှာတောင် သူမကို နောက်ကျောကို ဖြောင့်တန်းစွာရပ်ပြီး ပြန်ပြောလာခဲ့တယ်။

“ကျွန်မ မခိုးပါဘူး.. ကျွန်မက တကယ်ဆင်းရဲပြီးတော့ ကျောင်းတွင်း အဖိုးအခတွေကို အချိန်မှန် မပေးနိုင်ဘူးဆိုရင်တောင် သူများဆီကနေ ပိုက်ဆံကို ခိုးဖို့ မလိုအပ်ဘူး”

“ဒါဆို ငါ့ကိုပြောလေ.. နင့်ရဲ့ အိပ်ယာအောက်က ယွမ်နှစ်ဆယ်က ဘယ်ကရောက်လာတာလဲ.. နင့်မှာ ဆယ်ယွမ်ပဲရှိတယ်ဆိုတာကို လူတိုင်းသိတယ်.. အခု အဲဒီယွမ်နှစ်ဆယ်က ဘယ်ကနေ ရောက်လာရတာလဲ?

နောက်ပြီး ငါ့ဆီမှာ ယွမ်နှစ်ဆယ် ပျောက်သွားခဲ့တယ်လေ”

“အဲဒီ ယွမ်နှစ်ဆယ်က...”

“အဲဒါက ကျွန်တော်ရဲ့ အလုပ်မှတ်နဲ့လဲထားတဲ့ပိုက်ဆံကို ချင်ယွဲ့ယွဲ့ဆီ ချေးပေးခဲ့တာပါ.. ပြီးခဲ့တဲ့ တစ်ခေါက်က ဘတ်စ်ကားဂိတ်မှာ ကျွန်တော် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ကုသမှုစရိတ်အတွက် သူမရဲ့ဆယ်ယွမ်ကို သုံးပေးခဲ့လို့ ကျွန်တော့်ဆီက ပြန်ပေးခဲ့တာ”

အမျိုးသားအတန်းဖော်တစ်ယောက်က ရောက်ရှိလာခဲ့ပြီး အံ့သြစရာကောင်းလောက်အောင် သူက ရွာသားနှစ်ယောက်ကိုပါ ခေါ်လာနိုင်ခဲ့တယ်။

ဒီအချိန်မှာ ဆုဆုသည်လည်း တစ်စုံတစ်ခုလုပ်သင့်ပြီလို့ ခံစားမိပြီး ထိုကျောင်းသားရဲ့နောက်ကနေလိုက်ပြောလိုက်တယ်။

“ကျွန်မ ကျောင်းသူချင်ကို သိတယ်

.. သူမက တခြားသူတွေရဲ့ပိုက်ဆံကို ခိုးတတ်တဲ့သူမျိုးလို့ မထင်ဘူး”

သက်သေခံက နှစ်ယောက်တောင်ရှနေပြီဖြစ်လို့ စုန့်အိုက်ယင်း အခြေအနေကို ပိုပြီးရှင်းလင်းအောင် မိန်းကလေး အိပ်ဆောင်ကို ရှာဖွေဖို့ တစ်ယောက်ကိုခိုင်းခဲ့တယ်။ နောက်ဆုံးမှာတော့ ခုတင်အောက်မှာရှိနေတဲ့ ဒေါ်လာနှစ်ဆယ်ကို တွေ့ရှိခဲ့လေတယ်။

ဒီလိုနဲ့ ပိုက်ဆံခိုးတဲ့ကိစ္စက ပြေလည်သွားခဲ့ပြီ။ စုန့်အိုက်ယင်းက ချင်ယွဲ့ယွဲ့ကို သူခိုးလို့ စွပ်စွဲခဲ့တဲ့ မိန်းကလေးကို ပြင်းပြင်းထန်ထန် အပြစ်တင်ဆုံးမခဲ့ပြီး သူမကို အပြစ်ပေးဖို့ ကြံစည်ခဲ့တယ်။

သို့ပေမယ့် ထိုအချိန်မှာပဲ ဇာတ်လိုက်မက ပြောလာတယ်။

“သူမက ပိုက်ဆံသုံးဖို့အတွက် အလျင်လိုနေဖို့ဖြစ်မှာပါ.. ဒီတော့ ဒီအတိုင်းပဲ ထားလိုက်ရအောင်လေ”

သေချာပါတယ်။ အပျိုစင်မယ်ရီကသာ အပျိုစင်မယ်ရီမဟုတ်ရင် လူအများကြီးရဲ့ နှလုံးသားကို အနိုင်ယူမှာ မဟုတ်ဘူးလေ။

စုန့်အိုက်ယင်း မျက်မှောင်ကြုတ်လိုက်မိတယ်။ သူတို့က သူမအတွက် အစွမ်းကုန်ကူညီပေးခဲ့တယ်။ ဒါကို ဒီလိုနဲ့ ပြီးသွားပြီလား။ သို့ပေမဲ့ ဒီကျောင်းသားက လူကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့အတွက်သူမက နှလုံးသားထဲမှာ မကျေနပ်ချက်တွေကို သည်းခံပြီး မည်းမှောင်နေတဲ့မျက်နှာနဲ့ သဘောတူလိုက်ရုံသာ တတ်နိုင်တယ်။

စုန့်အိုက်ယင်းက ကိစ္စတွေ မရေမတွက်နိုင်အောင် ဖြေရှင်းခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်က မကျေမနပ်အဖြစ်ဆုံးပဲ။

ဆုဆုကလည်း အနည်းငယ်ဆွံ့အနေခဲ့တယ်။ သူမက ကောင်းကင်ကိုသာ မော့ကြည့်ရင်း ပြောလိုက်တယ်။

“ဒီမှာ ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ သင်ခန်းစာတွေပြင်ဆင်ဖို့ ပြန်သွားတော့မယ်”

သူမက ထိုကိစ္စကို စိတ်ပူနေတာတော့မရှိပါဘူး။ ဒါပေမယ့် ဒီနေရာမှာဆက်နေပြီး စိတ်အနှောင့်အယှက်မဖြစ်ချင်တော့ဘူး။ အခန်းထဲကိုပြန်သွားပြီး ပျင်းရိနေတာက ပိုကောင်းလိမ့်မယ်။

ဒါပေမယ့် သူမ ပြန်သွားပြီးနောက်မှာ အတန်းအတွက် အမှန်တကယ်ပြင်ဆင်ခဲ့တယ်။

သူမအနေနဲ့ ဒီနေ့ညနေဘက်မှာလည်း လင်းချွမ်က သူမကိုလာကြိုပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ ဒီတစ်ကြိမ်မှာတော့ သူက ကားနဲ့လာခဲ့ပြီး သူမကို အတော်လေးစိုးရိမ်နေပုံရတယ်။

ဆုဆု ထွက်လာတာကိုမြင်တော့ သူက သူမကို ကားထဲကို ဝင်ဖို့အတွက် ဂရုတစိုက်နဲ့ ကူညီပေးခဲ့ပြီး သတိပေးလာတယ်။

“သေသေချာချာထိုင်နော်”

ထို့နောက် သူက ကားကိုစမောင်းပြီး ဆုဆုရဲ့ အိပ်ဆောင်သို့ ပြန်ခေါ်သွားပေးခဲ့တယ်။

“အဆင်ပြေရဲ့လား အန်ချင်နေသေးလား”

“အဆင်ပြေပါတယ်..အဆင်ပြေပါတယ်.. နည်းနည်းလောက်ပင်ပန်းနေရုံပါပဲ”

ဒီလောက်နီးလွန်းတဲ့ အကွာအဝေးက တကယ်တမ်းမှာ ကားနဲ့သွားနေစရာတောင်မလိုဘူး။ ဒါပေမယ့် သူမက ထိုင်ခုံပေါ်မှာ မှီပြီး မျက်လုံးကိုမှိတ်ထားတုန်းပဲ။ သူမ တကယ်ကိုပင်ပန်းနေခဲ့တာ။

ကိုယ်ဝန်ရဲ့အစောပိုင်းကာလက အလွန်ပင်ပန်းလိမ့်မယ်ဆိုတဲ့စကားက မှန်တဲ့ပုံပဲ။

“ကိုယ် အမေနဲ့ တခြားသူတွေဆီကို ကြေးနန်းစာတစ်စောင် ပို့ထားတယ် .. သူတို့ မကြာခင် ရောက်လာလိမ့်မယ်”

လင်းချွမ် သူမကို လှမ်းပြောလာတယ်။

ဆုဆုက စိတ်ရှုပ်ထွေးနေပုံရပြီး အမှန်တကယ် ပင်ပန်းနေတာဖြစ်နိုင်တယ်။

သူမကို ကျိုးပဲ့လွယ်တဲ့ အရာတစ်ခုလို ဂရုစိုက်မှဖြစ်မယ်။

သူတို့နှစ်ယောက် အိမ်ထဲကို ရောက်ပြီးနောက် ညနေပိုင်းမှာ ဘာစားကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ အခုချိန်မှာ ကန်တင်းကလည်း တရားဝင် ဖွင့်လှစ်ထားပြီဖြစ်လို့ မနက်စာနှင့် နေ့လည်စာတွေကို ကျောင်းမှာ ဖြေရှင်းနိုင်တယ်။

ညဘက်တွေမှာလည်း သွားစားလို့ရပေမဲ့ သူမက အိမ်ကိုပြန်ပြီး ကိုယ်တိုင်လုပ်ထားတဲ့အစားအစာကိုသာ စားချင်ခဲ့တယ်။

သို့ပေမဲ့လည်း လင်းချွမ် ရောက်လာတဲ့အချိန်မှာတော့ သူမ ပေါ့ပေါ့ပါးပါးအစားအစာလောက်နဲ့ မရပ်ချင်တော့ဘူး။

ဒါကြောင့် ခေါက်ဆွဲပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ခေါက်ဆွဲကိုတော့ သူမ ပါးစပ်အပြည့်စားနိုင်ပြီး ရက်အနည်းငယ်လောက်ကြာအောင်တောင် စားနိုင်တယ်။

သူတို့တွေ ဆွေးနွေးပြီးနောက်မှာပဲ တစ်စုံတစ်ယောက်က တံခါးကိုလာခေါက်ခဲ့တယ်။ လင်းချွမ် တံခါးကိုသွားဖွင့်လိုက်တော့ အပြင်မှာရပ်နေသောသူက သူ မမြင်တွေ့ချင်တဲ့ တစ်စုံတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။

“မတွေ့တာကြာပြီ အစ်ကိုချွမ်ဇီ.. ရှင် အဆင်ပြေရဲ့လား”

ချင်ယွဲ့ယွဲ့က ထိုနေရာမှာရပ်နေရင်း စိတ်သဘောထားကောင်းမွန်ဟန်နဲ့ နှုတ်ဆက်လာတယ်။

“ကိစ္စရှိလို့လား?”

လင်းချွမ်က နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်သွားပေမဲ့လည်း တံခါးကို သူ့ရဲ့လက်နှင် ဆုပ်ကိုင်ထားခဲ့ကာ သူမကို ဝင်စေချင်ပုံမပေါ်ခဲ့ဘူး။

ဆုဆုကလည်း တစ်ယောက်ယောက်ရောက်လာတာကိုကြားတော့ လှမ်းမေးလာတယ်။

“ဘယ်သူလဲ”

ဆုဆုနဲ့ လင်းချွမ်တို့က တခြားစုံတွဲတွေနဲ့ မတူညီဘဲ သူတို့အချင်းချင်း ပြောဆိုချိန်မှာ နူးညံ့ညင်သာပြီး အလွန်ချိမြိန်နေခဲ့ကာ လေထုက ချိုမြန်မှုတွေနဲ့ ဖုံးလွှမ်းနေသလိုပဲ။

နည်းလမ်းမရှိဘူးလေ။ လင်းချွမ်အတွက်တော့ သူ့ရဲ့ဇနီးလေးက မိသားစုအတွက် ကိုယ်ဝန်လွယ်ပေးနေရပြီး သူမကို ဘုရင်မတစ်ယောက်လို ဆက်ဆံရတာကိုပျော်ရွှင်နေခဲ့တာ။

လင်းချွမ်က သူ့လက်ကို ပြန်ရုတ်လိုက်တယ်။ သူ့အနေနဲ့ အိမ်ထဲကိုမခေါ်ချင်ပေမဲ့ ချင်ယွဲ့ယွဲ့ ဆုဆုကို လာရှာတာကို တခြားလူတွေမြင်မသွားစေချင်ဘူး။ သူတို့တွေက ဆွေမျိုးစပ်ကြောင်း ချင်ယွဲ့ယွဲ့ထုတ်ပြောလာမှာကိုလည်း မကြားစေချင်ဘူး။

ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်က ဧည့်ခန်းထဲမှာ တွေ့ဆုံကြပြီး ဆုဆု မေးလိုက်တယ်။

“နင့်မှာ ကိစ္စတစ်ခုခုရှိလို့လား”

ဒီလင်မယားနှစ်ယောက်ကတော့ တူညီသော သဘောထားနှင့် တူညီတဲ့ လေသံတွေရှိနေကြတာပဲ။

ချင်ယွဲ့ယွဲ့က တစ်ဖက်လူရဲ့လေသံမှ ကဲ့ရဲ့လိုတဲ့လေသံမျိုးကို ခံစားမိပေမဲ့ အရင်တုန်းက လင်းချွမ်က ပြောရဆိုရလွယ်တာကို တွေးတောပြီး လင်းချွမ်ဘက်ကို လှည့်ပြောလိုက်တယ်။

“ငါ နင့်ကိုလာရှာတာမဟုတ်ဘူး.. အကိုချွမ်ဇီဆီကို လာတာ”

ထိုသို့ပြောပြီးနောက် သူမက လင်းချွမ်ဘက်ကို လှည့်ပြီးပြောလိုက်တယ်။

“အစ်ကိုချွမ်ဇီ.. ကျွန်မရှင့်ကို လာရှာတာ.. အရင်တုန်းကတော့ ကျွန်မ တစ်ချို့ကိစ္စတွေကို မှားပြီးလုပ်ခဲ့မိတယ်ဆိုတာ သိပါတယ်..

ဒါပေမယ့် အခု ကျွန်မတို့က ဆွေမျိုးတွေဖြစ်နေပြီလေ

မနေ့တုန်းက ကျောင်းက စရိတ်တွေတောင်းလာခဲ့ပြီး ကျွန်မ တခြားလူဆီကနေ (၁၀)ယွမ် ချေးခဲ့ရတယ်..

အဲဒီတစ်ယောက်က ကျွန်မရဲ့ အတန်းဖော်ဖြစ်ပေမဲ့ သူ့ဆီက အချိန်အကြာကြီး ချေးထားရမှာက ရှက်စရာကောင်းတယ်လေ..

နောက်ပြီး ကျောင်းရဲ့နေထိုင်စရိတ်ကလည်း ထပ်ပေးရဦးမှာ.. အဲဒါ ရှင် ကျွန်မကို ငါးဆယ်လောက် ချေးပေးလို့ရမလား?

ကျွန်မ တုံဟဲရောက်လာရင် ပြန်ပေးပါ့မယ်”

All Chapters