← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

အခုချိန်မှာ ဇာတ်လိုက်မအတွက် ပိုက်ဆံချေးဖို့ စိတ်ပူစရာမလိုတော့သလို ကျောင်းမှာလည်း သူမကို ထောက်ပံ့စရာ မလိုတော့တဲ့အတွက် အတော်လေးစိတ်ချမ်းသာစရာကောင်းလာတယ်။

လူတွေမှာ တွေးတောစဥ်းစားစရာတွေ အများကြီးရှိပေမယ့် အဲဒါတွေကို တွေးတောနေခဲ့မယ်ဆိုရင် မကောင်းတဲ့အတွေးတွေကိုလည်း တွေးတောမိလာလိမ့်မယ်။

ဆုဆုလည်း ထိုအတိုင်းပဲ။ သူမ ကိုယ့်ကိုယ်ကိုယ် တွေးတောဆင်ခြင်ပေမဲ့ ရက်အနည်းငယ်အတွင်းမှာ သူမရဲ့ စိတ်အခြအနေတွေက ပြောင်းလဲလာပြီး အလွန်စိတ်ဆတ်လာတာကို တွေ့လိုက်ရတယ်။

အဲဒီနောက်မှာတော့ သူမက အကြမ်းတမ်းဆုံးသော ဆရာမ ဆိုတဲ့ခေါင်းစဥ်ကို ရရှိလာခဲ့တယ်။

သူမက ငယ်ရွယ်ပေမဲ့လည်း ကိစ္စတွေကို တက်ကြွစွာ လုပ်ကိုင်တတ်ပြီး သင်ယူမှုအပေါ်မှာ အလွန်အာရုံစိုက်တတ်တယ်။

အရေးကြီးဆုံးကတော့ လူတွေက အလွန်အမင်း လေးနက်တဲ့အချိန်တွေမှာ အတော်လေးကြောက်ဖို့ကောင်းတယ်လေ။ အနည်းဆုံးတော့ စာကို တကယ်လေ့လာချင်တဲ့ ကျောင်းသားတွေက ကြောက်လာလိမ့်မယ်။

ကွမ်းကျန်းတုံကတော့ မကြောက်ပါဘူး။ ဒီဆရာမလေးက တကယ်တမ်းမှာ သတ္တိရှိဖို့ ကြိုးစားနေတဲ့ ကလေးမလေးတစ်ယောက်လိုပဲလို့သာ သူခံစားရတယ်။

သူမက ငေးမောနေတာကို မမြင်တွေ့ရခင်မှာတော့ သူလည်း ထိုကဲ့သို့ တွေးခဲ့ပေမဲ့ အခုချိန်မှာတော့ သူမက စင်ပေါ်မှာ ဆယ်ဆလောက် ပိုပြီးသန်မာနေရင်တောင် နို့ခဲလိုကလေးမလေးက အလေးအနက်လုပ်နေတယ်လို့သာ မြင်တော့တယ်။

အထူးသဖြင့် သူမက ဘယ်လောက်တောင်လှလိုက်သလဲ။ အင်္ဂလိပ်အတန်းကို သူ ဘယ်လောက်တောင် သဘာကျနှစ်သက်လဲဆိုတာကို ဘုရားသခင် သိလိမ့်တယ်။

အိုး .. သူမ စိတ်ဆိုးပြန်ပြီ။ မြေဖြူခဲကျိုးသွားပြီ။

အတန်းပြီးသွားချိန်မှာတော့ သူနားမလည်တဲ့ အရာတချို့ရှိနေတာကြောင့်ညဆရာမဆီကိုသွားပြီး မေးမြန်းဆွေးနွေးချင်ခဲ့တယ်။ ထိုအခိုက်မှာပဲ အမျိုးသားအတန်းဖော်တစ်ယောက်က တီးတိုးမေးလာတယ်။

“ကွမ်းကျန်းတုံ.. လောင်ရှစ်ဆီကိုမေးခွန်းတွေထပ်မေးဖို့ သွားပြန်ပြီလား”

ထို့နောက်​ သူ့ကို ကြိမ်း​မောင်းလာခဲ့တယ်​။

ကွမ်းကျန်းတုံ ပြန်ဖြေလိုက်တယ်။

“ မင်းမှာ အရည်အချင်းရှိရင် မမေးဘဲနေလို့ ရတယ်လေ”

“မမေးရဲဘူး .. ဒါပေမယ့် ငါတို့ဆရာမက အသက်ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ်ကျော်လောက် ရှိလောက်ပြီ .. မဟုတ်ရင် ဆရာမဖြစ်နိုင်ဘူးလေ”

“မဟုတ်လောက်ဘူး..သူမကို ကြည့်ရတာ ပိုငယ်ဦးမဲ့ပုံပဲ...”

ထို့နောက် ထိုကျောင်းသားရဲ့ ခေါင်းကို အခေါက်ခံလိုက်တယ်။

သူတို့အားလုံးက ယင်းကျယ်အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေဖြစ်ခဲ့ကြပြီး တက္ကသိုလ်ဝင်ခွင့်အောင်မြင်လာချိန်မှာ ဆယ်ကျော်သက်အရွယ်သာ ရှိနေခဲ့ကြတယ်။

ဒီတော့ ကွမ်းကျန်းတုံက သူ့ရဲ့သူငယ်ချင်းတွေကို ရှင်းလင်းခဲ့ပြီးမှ ဆရာမဆီကို သွားရှာခဲ့တယ်။

သူ စိတ်လှုပ်ရှားနေပေမဲ့ သူ့ရဲ့မျက်နှာပေါ်မှာတော့ မဖော်ပြခဲ့ဘူး။

ဒါပေမယ့် သူကသူမကို အရင်တစ်ခေါက်က ကယ်တင်ပေးခဲ့တာဆိုတော့ သိပ်ပြီး နှလုံးသားမမဲ့နိုင်လောက်ဘူးမလား။

အရင်တုန်းက သူမဆီကို အကြိမ်အနည်းငယ်လောက် မေးခွန်းသွားမေးခဲ့ပေမဲ့ သူမက သိပ်ပြီး စိတ်အားထက်သန်စွာ မတုံ့ပြန်ခဲ့ဘူး။

ကြည့်ရတာ ဆရာမတစ်ယောက်အဖြစ် ဟန်ပန်ကို ထိန်းသိမ်းထားတာဖြစ်လိမ့်မယ်။

သူ တွေးတောကြည့်နေတုန်းမှာပဲ ဆုလောင်ရှစ်က ရုံးခန်းဆီသို့ပြန်မသွားပဲ အပင်ပေါက်ခါစ မြက်ခင်းဘောင်အစွန်းမှာထိုင်ကာ ရေနွေးဓာတ်ဘူးထဲမှ ရေကို လောင်းထည့်ပြီးသောက်နေတာကို တွေ့လိုက်ရတယ်။

သူမရဲ့ ရေနွေးဓာတ်ဘူးက အနည်းငယ်လောက်ထူးဆန်းသလိုပဲ။ အနည်းဆုံးတော့ သူ ဒါကို စျေးကွက်မှာ မတွေ့ဖူးဘူး။

တစ်ဖက်လူက အလွန် ပင်ပန်းနေပုံရပြီး အခုလေးတင် အတန်းထဲမှ အရှိန်ကလည်း ပျောက်ကွယ်သွားခဲ့ပြီ။

သူ အနားကို လျှောက်သွားလိုက်တော့ ဆုလောင်ရှစ်တစ်ယောက် သူဘာသာသူ တီးတိုးပြောနေတာကို ကြားလိုက်ရတယ်။

“ငါ ဘာလို့ ဒီလောက်တောင်စိတ်ဆတ်နေရတာလဲ.. ငါ အေးအေးဆေးဆေး နေချင်တယ်လို့ ပြောခဲ့ပေမယ့် အော်မိနေတုန်းပဲ.. ငါတော့ လူတိုင်းဆီကနေ အမုန်းခံနေရတော့မှာပဲ မဟုတ်ဘူးလား”

သူမက ပြောရင်းနဲ့ မျက်လုံးများကို ပွတ်သပ်လိုက်ကာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပုံရတယ်။

ကွမ်းကျန်းတုံအနေနဲ့ ဆရာမဆုကို ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကြည့်ရတာ အတန်းထဲမှာ အရမ်းတင်းကြပ်ခဲ့တာကို နောင်တရနေသလိုပဲ။ ဒါပေမယ့် သူ့အမြင်အရတော့ အဆင်ပြေပါတယ်။ အဆုံးမှာ သူမက ဆရာတစ်ယောက်ဖြစ်ပြီး စည်းကမ်းတင်းကြပ်တာက ဘာမှမဖြစ်ဘူးလေ။

သူမ အခုလို တွေးတောနေတာကသာ ဒီဆရာမက တကယ်ကို ချစ်ဖို့ကောင်းတယ်လို့ လူတွေကို တွေးမိစေတယ်။

သူ တိတ်တဆိတ် ပြန်ဆုတ်ဖို့လုပ်ခဲ့တယ်။ အခုအချိန်မှာ မေးခွန်းတွေ မေးမယ်ဆိုရင် ရှက်စရာကောင်းနေလိမ့်မယ်။ သို့ပေမယ့် ထိုအခိုက်မှာပဲ ဆုဆုက မတ်တပ်ထရပ်ပြီး လှည့်ကြည့်လာဖို့ကိုတော့ မမျှော်လင့်ထားခဲ့ဘူး။

ဆုလောင်ရှစ်ရဲ့ မျက်နှာက နီရဲလာတာကိုမြင်တော့ သူ ချက်ချင်းပဲ ပြောလိုက်တယ်။

“ကျွန်တော် အခုမှလာ...”

သူ ဘာမှမကြားလိုက်ဘူးလို့ပြောရင် ယုံမှာလား။

“တကယ်လား.. ကိစ္စ တစ်ခုခုရှိလို့လား”

ဆုဆု အနည်းငယ် ရှက်ရွံ့စွာနဲ့ မေးလိုက်တယ်။

“ကျွန်တော်က ဒီစကားလုံးတွေကိုဖတ်ဖို့အတွက် တခြားနည်းလမ်းတွေရှိလားလို့ မေးချင်လို့ပါ”

စိတ်မကောင်းပေမယ့် ဖုံးကွယ်ဖို့ အရမ်းနောက်ကျသွားပြီလေ။

ဆုဆု ရှင်းပြပြီးနောက် ထပ်ပြောလိုက်တယ်။

“အတန်းထဲမှာပြောခဲ့ပြီးသားကို ဒုတိယအကြိမ် ထပ်မပြောချင်ဘူး.. နောက်တစ်ခါကျရင် သေချာ နားထောင်ပါ”

“ကောင်းပါပြီ ဒါဆို ကျွန်တော် အရင်သွားနှင့်လိုက်မယ်”

သူမက သဘောမကျပုံရလို့ အရင်သွားတာ ပိုကောင်းပါတယ်။

ဆုဆုက တစ်ဖက်လူကို သဘောမကျ၊မုန်းတီးတာတွေမရှိဘူး။ သူမက သူမရဲ့စိတ်အတက်အကျကို မထိန်းချုပ်နိုင်ရုံပဲ။

ဒါပေမယ့် သူမရဲ့ စိတ်အခြအနေတွေကို ဘယ်လိုထိန်းရမလဲဆိုတာ မလေ့လာနိုင်ခင်မှာပဲ သူမရဲ့အပျိုစင်မယ်ရီအချိန်အခါ (ကိုယ်ဝန်ဆောင်ချိန် ဖျားနာမှုသက်သာလာချိန်)က စတင်လာခဲ့တယ်။

သူမရဲ့ဗိုက်က မတုံ့ပြန်သေးဘဲ တည်ငြိမ်နေသေးပေမယ့် တစ်လနီးပါးကြာလာချိန်မှာတော့ အရာအားလုံးက အကောင်းဘက်ကို စတင်ပြောင်းလဲလာခဲ့တယ်။

ဥပမာအားဖြင့် နံနက်ခင်းဖျားနာမှုပဲ။

သူမအနေနဲ့ နောက်သုံးလလောက်အထိ ကြာလောက်ဦးမယ်လို့ ထင်ပေမဲ့ အခုချိန်မှာ ပြင်းထန်မှုတွေ လျော့နည်းလာလိမ့်မယ်လို့မျှော်လင့်ခဲ့မိဘူး။

သူမရဲ့ စားချင်စိတ်က သိပ်မကောင်းသေးရုံသာ ကျန်တော့တယ်။ သူမအနေနဲ့ ဘာတစ်ခုကိုမှ အရသာမတွေ့ခဲ့ဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်းမှာ ဝိတ်အနည်းငယ်ကျဆင်းလာရတယ်။

ဒါပေမယ့် သေချာတာပေါ့။ သူမကိုယ်တိုင်ကတော့ ဒါကို သတိမထားမိဘူး။ တခြားသူတွေပြောတာကို နားထောင်ခဲ့ရရုံပဲ။

နောက်ပြီး ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတဲ့ စိတ်သဘောထားကလည်း နောက်ဆုံးမှာတော့ အနည်းငယ်ကောင်းမွန်လာခဲ့ပြီ။ ဒီတော့ လူတွေကို စော်ကားမိတာမျိုး မဖြစ်တော့ဘူး။

သူမ စိတ်သက်သာရာရပြီးကာစအချိန်မှာပဲ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တယ်။

လင်းတုံဟဲနှင့် လင်းဟိုင်တို့ လာနေပြီလို့ ပြောခဲ့တယ်။ သူတို့တွေက ရထားပေါ်ကိုမတက်ခင်မှာပဲ ကျောင်းရဲ့ရုံးခန်းထဲမှဖုန်းကို လှမ်းခေါ်လာခဲ့ကြတာဖြစ်လို့ မနက်ဖြန် နေ့လည်လောက်မှာ ဘူတာကို ရောက်လာသင့်တယ်။

ဆုဆု မူလတုန်းက ဘူတာရုံကို သွားကြိုချင်ခဲ့ပေမယ့် တစ်ဖက်မှ ခွင့်မပြုလာတဲ့အတွက် အိမ်မှာသာစောင့်နေခဲ့ရတယ်။

လင်းဟိုင် အလျင်စလိုဖြစ်စွာနဲ့ ဖုန်းတစ်ဖက်မှ လှမ်းပြောခဲ့တယ်။

“တကယ်လို့ မရီးသာ ကျွန်တော်တို့ကို လာခေါ်ခဲ့မယ်ဆိုရင် ကျွန်တော် အိမ်ပြန်တဲ့အချိန်ကျရင် ကျွန်တော့်မိဘတွေဆီမှာ ရိုက်နှက်ခံရမှာကိုကြောက်တယ်နော်”

အလွန်အမင်းကြောက်စရာကောင်းလွန်းတယ်။ သူ အဲဒါကို မကြိုးစားရဲဘူး။

ဆုဆု ရယ်မောလိုက်မိတော့ သူမရဲ့ဘေးနားမှ ဆရာမက လှမ်းမေးလာတယ်။

“မစ္စဆု.. ဘာတွေပျော်နေတာလဲ”

“အိုး.. ကျွန်မရဲ့ မောင်လေးတွေ လာနေလို့လေ”

လင်းချွမ်ရဲ့ညီလေးက သူမရဲ့မောင်,ပဲ မလား?

သူတို့တွေ မတွေ့ရတာ ကြာပြီဖြစ်လို့ အနည်းငယ်လောက်တောင် လွမ်းနေမိပြီ။

ဒါပေမယ့် နွေရာသီ အားလပ်ရက်ကိုရောက်ရင် ပြန်သွားလို့ရပါတယ်။ ထိုအချိန်ကိုရောက်ရင် သူမရဲ့ ဗိုက်က ဖောင်းနေလောက်ပြီဆိုပေမဲ့ ဆိုဖာအထူခံပြီးထိုင်ရင် အဆင်ပြေလောက်တယ်လေ။

ညနေ ကျောင်းဆင်းချိန်မှာတော့ သူမကျောင်းကနေ ပြန်ရောက်တာနဲ့ ဟင်းတွေချက်ဖို့ ပြင်ဆင်ခဲ့တယ်။ လာမဲ့သူတွေက အမျိုးသားနှစ်ယောက်ဖြစ်လို့ စားနိုင်သောက်နိုင်မှာ သေချာတယ်။

သူတို့တွေက သူမဆီကို ဆွေမျိုးတွေအဖြစ်လာမှာဖြစ်လို့ သူမလည်း ကောင်းတဲ့အရာတွေကို ချက်ပြုတ်ပေးရလိမ့်မယ်။

အမှန်အတိုင်းပြောရရင် သူမရဲ့ ကိုယ်ပိုင်ဘဝက အလွန်အထီးကျန်ဆန်ခဲ့တယ်။ ကျောင်းမှာဆိုရင် သိပ်ပြီးမသိသာပေမဲ့ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းတာ ဘာမှ မရှိတော့ဘူး။

စာချင်သောက်ချင်စိတ်လည်း မရှိခဲ့ဘဲ တာဝန်အရသာ စားသောက်နေခဲ့ရတာ။

နောက်တစ်နေ့ နေ့ခင်းဘက်မှာတော့ သူမ မနက်ပိုင်း အတန်းပြီးချိန်မှာ ကျောင်းအုပ်ကွမ်းကို အိမ်သို့ စောစောပြန်ဖို့ တောင်းဆိုခဲ့တယ်။

သို့ပေမယ့်လည်း သူမအိမ်ကိုရောက်တဲ့အချိန်မှာ လင်းတုံဟဲနှင့် လင်းဟိုင်တို့က အိမ်ရှေ့မှာ ရပ်ပြီးစောင့်နေကြတာကို တွေ့လိုက်ရတယ်။

“အာ မင်းတို့ အရမ်းစောတာပဲ”

သူမ တံခါးကို အမြန်ဖွင့်လိုက်ပြီးမှ သူတို့ နှစ်ယောက်က ပစ္စည်းတွေ အများကြီး ယူလာတာကို တွေ့လိုက်ရတယ် ။

လင်းဟိုင် သူ့ရဲ့မရီးကိုမြင်တော့ အနည်းငယ်ရှက်သွားပြီး ခေါင်းကိုကုတ်ရင်း ပြောလိုက်တယ်။

“မရီး မင်း အဆင်ပြေရဲ့လား? ကျွန်တော်တို့ မိဘတွေက မရီးရဲ့အကြောင်းကိုပဲ တွေးနေကြတာ..သူတို့တွေ အိမ်က ကြက်မကြီးတွေ အကုန် ဖမ်းပြီးထည့်ပေးလိုက်တယ်”

“ဘာလဲ? ဒါဆို မိသားစုက အနာဂတ်မှာ ကြက်ဥစားရမှာ မဟုတ်ဘူးလေ.. နောက်ပြီး ငါက ဒီလောက်ကြက်တွေအများကြီးနဲ့ ဘာလုပ်ရမှာလဲ”

သူမ ထိုသို့ပြောပေမယ့် အလွန်အမင်းကျေးဇူးတင်နေတုန်းပဲ။

သူတို့ကို အထဲသို့ ဝင်ခိုင်းပြီးနောက် သူတို့အတွက် ရေငဲ့ပေးပြီး စားသောက်ဖို့ မေးလိုက်တယ်။

အခုချိန်မှာ သူမကိုယ်တိုင် ကျောက်မီးသွေးမီးဖိုဖြင့် ချက်ပြုတ်တတ်နေပြီ။

လူတွေက ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာနိုင်တယ်ဆိုတာ အမှန်ပဲ။

ဒါပေမယ့် လင်းတုံဟဲကပြောလာတယ်။

“အရမ်းအလုပ်ရှုပ်ခံမနေပါနဲ့.. မင်း..

မင်းက နေလို့ မကောင်းဘူးမလား”

“အဆင်ပြေပါတယ်.. ကျွန်မ ထမင်းသွားချက်လိုက်မယ်”

ဆုဆု ဆွေမျိုးသားချင်းတွေရောက်လာတာကြောင့် ပျော်ရွှင်စွာနဲ့ ထမင်းအိုးကြီး တစ်လုံးကို ချက်ပြုတ်လိုက်တယ်။

ထို့နောက် အရံဟင်းနှစ်ပွဲ ကြော်လိုက်ပြီး  တို့ဟူးတစ်ပိုင်းနှင့် အသီးအရွက်နဲ့ရောကြော်လိုက်ကာ ချက်ပြီးသား အသားကိုတော့ ပြန်လည်အပူပေးလိုက်တယ်။ ဟင်းလျာတွေက အဆင်သင့်ဖြစ်နေပြီ။

ဒီလိုအချိန်မျိုးမှာ ဧည့်သည်တွေကို ဟင်းလေးမျိုးချက်ကျွေးတာက အတော်လေးကောင်းမွန်နေပြီဖြစ်ကာ သူမက ဝိုင်တောင် ထုတ်ပေးလာသေးတယ်။

“လင်းချွမ်က မစ်ရှင်နဲ့ အဝေးကိုရောက်နေတော့ ဒီဝိုင်ကို မသောက်နိုင်ဘူး..  ဒါကြောင့် မင်းတို့ နည်းနည်းလောက် သောက်လို့ရတယ်”

ဆုဆုက ပြောနေရင်းနဲ့ပဲ လင်းတုံဟဲနှင့် လင်းဟိုင်တို့အတွက် လောင်းထည့်ပေးလိုက်တယ်။

သူမက လင်းတုံဟဲအတွက် ခွက်အပြည့်ထည့်ကာ လင်းဟိုင်အတွက်တော့ ခွက်တစ်ဝက် ထည့်ပေးခဲ့တယ်။

လင်းဟိုင် သဘောမပေါက်စွာနဲ့ မေးလိုက်တယ်။

“မရီး.. မရီး ဘာလို့ ကျွန်တော့်ကို ဒီလောက် နည်းနည်းလေးပဲ ပေးတာလဲ”

“မင်းရဲ့ အသက်အရွယ်မှာ နည်းနည်းလောက် သောက်ရရင်ကို တော်တော်ကောင်းနေပြီ..  ဒါပေမယ့် အများကြီးသောက်ချင်နေသေးလား”

“ကျွန်တော်အစ်ကိုက ထမင်းစားတိုင်း နှစ်ခွက်သောက်လေ့ရှိတယ်”

“ဟေး  .. ဒါက သူ ထမင်းကောင်းကောင်းစားနိုင်အတွက်လောက်ပဲလေ”

အလွန်အကျွံသောက်ဖို့က မဖြစ်နိုင်ပါဘူး။

“အာ?”

လင်းဟိုင် မရီးဖြစ်သူရဲ့စကားကို  ရုတ်တရက် နားလည်သွားတယ်။ သူ့ရဲ့မရီးက အစ်ကိုဖြစ်သူရဲ့ အရက်သောက်သုံးမှုကို ကန့်သတ်ထားတာပဲ။

မေ့လိုက်ပါတော့။  နည်းနည်းလောက်သောက်ရတာက ကောင်းပါယ်။

**

All Chapters