အခန်း (၁၀၆)
Vol. 11 Ch. 106
အိမ်နီးချင်းဆရာက ပြောလာတယ်။
“လူတိုင်းက အခုချိန်မှာ သိပ်ပြီး အဆင်မပြေကြဘူး.. ငါ့ရဲ့ ဒုတိယညီမက အစိုးရပိုင် စက်ရုံမှာ လုပ်ဖူးပေမယ့် စက်ရုံက အဝါရောင်(ဖျက်သိမ်းခါနီး)ဖြစ်လာခဲ့တယ်လေ.. ဒါကြောင့် သူ့ဘာသာသူ အထည်ချုပ်စက်ရုံလေး ထူထောင်ဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး.. ဒါပေမယ့် နောက်ပိုင်းမှာ တိုးတက်လာလိမ့်မယ်”
“ကျွန်မ ပြန်သွားပြီး သူ သဘောတူမလားဆိုတာ မေးလိုက်မယ်လေ.. ဒီညတော့ ရှင့်ကို ဒုက္ခပေးရတော့မယ်”
“ပြဿနာမရှိပါဘူး”
ဆုဆုက ကျောင်းမှာ အဆင့်မြင့်ပညာတတ်မြောက်ထားတဲ့ ဆရာတစ်ဦးအဖြစ် လူတိုင်းဆီမှ အမြဲတမ်းလေးစားခံထားရတာလေ။
နောက်တစ်ခုက ကျောင်းအုပ်ကြီးကလည်း သူမကို လေးစားတယ်။ ဒါ့အပြင် ဆုဆုရဲ့ ရုပ်ရည်ကလည်း ချောမောကောင်းမွန်ပြီး စိတ်သဘောထားကလည်း ရိုးသားယဉ်ကျေးတာကြောင့် လူတိုင်းက သူမကို သဘောကျကြတယ်။
တကယ်လို့ သူမအပေါ် မကျေနပ်မှုတွေ ရှိနေခဲ့ရင်တောင် မကျေနပ်ကြောင်း ပြောဖို့အတွက် အရည်အချင်းတွေ လိုလိမ့်မယ်။
သူမက တက္ကသိုလ်တစ်ခုလုံးရဲ့ အင်္ဂလိပ်စာအတန်းတွေကို ဘယ်သူ့ရဲ့ အကူအညီမှ မယူဘဲ ကိုယ့်ဘာသာကိုယ် အတတ်နိုင်ဆုံးကြိုးစားပြီး လုပ်ဆောင်နေခဲ့တယ်။ ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိတဲ့ လူတွေက အလွန်အမင်းကို နည်းပါးလွန်းတယ်လေ။
ဆုဆုအနေနဲ့ မူလတုန်းက လင်းဟိုင်ကို စုန့်လော်စန်းရဲ့နောက်ကိုလိုက်စေချင်ခဲ့ပေမဲ့ ထိုအခွင့်အရေးက ရမရကို မသေချာသေးဘူး။
ဒါကြောင့် သူမ ပြန်ရောက်တာနဲ့ လင်းဟိုင်ကို အိမ်နီးချင်းဆရာပြောခဲ့တာကို ပြန်ပြောပြခဲ့ပြီး လင်းဟိုင်က ချက်ချင်းပဲ သဘောတူခဲ့တယ်။
တစ်လကို ဆယ့်ငါးယွမ်က သူ့အတွက် အတော်လေးကောင်းမွန်နေပြီ။ သူသာ ပိုက်ဆံကို ချွေတာ သုံးစွဲပြီး မဖြုန်းတီးဘဲနေမယ်ဆိုရင် အိမ်ကို ဆယ်ယွမ်လောက် ပို့ပေးနိုင်လိမ့်မယ်။ ပြီးရင် မကြာမီမှာပဲ သူ့ရဲ့ဇနီးသည်အတွက် ငွေစုနိုင်လိမ့်မယ်။
ဆုဆု ထိုစကားကိုကြားတော့ မျက်လုံးကိုသာ ကောင်းကင်ကိုရောက်တဲ့အထိ လှန်လိုက်မိတယ်။ သူမရဲ့ ဒုတိယမောင်ဖြစ်သူက တကယ့်ကို တွေးတောနေတာပဲ။
သူက သူ့ရဲ့ ဇနီးသည်အတွက် ယွမ်တစ်ရာလောက် စုဖို့တောင်ပြောနေပြီ။ တခြားဘယ်အကြောင်းကိုမှ မစဉ်းစားဘဲ ထိုကိစ္စမှာတော့ အတော်လေး အင်အားကြီးတဲ့ လူလို့ တွေးတောနိုင်တယ်။
“တကယ်တော့ မင်းရဲ့ ဇနီးအကြောင်းကို အလျှင်စလိုစဥ်းစားနေစရာမလိုပါဘူး.. မင်းအနေနဲ့ လေ့လာစရာတွေ ရှိနေသးတယ်”
“ကောင်းပြီ.. ကျွန်တော်က မြန်မြန်ဆန်ဆန်သင်ယူနိုင်ပါတယ်”
လင်းဟိုင်က ချက်ချင်းသဘောတူခဲ့ပြီး ဆုဆုက သူ့ကို မြို့ထဲမှလူတွေနဲ့ စကားပြောနည်းတွေကို သင်ပေးခဲ့တယ်။ ပြီးမှ သူ့ကို အိမ်နီးချင်းအိမ်ဆီသို့ ပို့ပေးလိုက်တယ်။
နောက်တစ်နေ့မှာတော့ ထိုဆရာက လင်းဟိုင်ကို သူ့ညီမရဲ့ စက်ရုံသို့ ခေါ်သွားခဲ့ပြီး ဆုဆုကတော့ သူနဲ့အတူမလိုက်သွားခဲ့ဘူး။
ယောင်္ကျားလေးတွေက မိန်းကလေးတွေထက် အင်အားကြီးတာပဲလေ။ သိပ်ပြီး စိတ်ပူနေစရာမလိုပါဘူး။
သို့သော်လည်း သူထွက်သွားတဲ့အချိန်မှာ ဆုဆုက သူ့ဆီမှာ ပိုက်ဆံအလုံအလောက်မရှိမှာကို စိတ်ပူတာကြောင့် ဆယ်ယွမ်ထည့်ပေးလိုက်သေးတယ်
တစ်ဖက်မှဆရာက သူ့ရဲ့ အားလပ်ရက်မှာ လင်းဟိုင်ကိုခေါ်သွားပေးခဲ့တာဖြစ်လို့ ထမင်းစားတဲ့အချိန်မှ လင်းဟိုင်ဘက်မှ ရှင်းပေးဖို့ မျှော်လင့်ခဲ့တယ်။
လင်းဟိုင်ကလည်း ဆုဆုရဲ့ ဆိုလိုရင်းကို နားလည်ခဲ့ပြီး အလွန်ပျော်ရွှင်နေတုန်းပဲ။ သူတို့တွေက နှစ်နာရီအကြာလောက်မှာပဲ ပြန်ရောက်လာခဲ့ကြတယ်။
လင်းဟိုင်က ပြန်ရောက်လာချိန်မှာ အလွန်အမင်း ပျော်ရွှင်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ရွာမှထွက်ခွာသွားပြီး ပြန်လာတဲ့လူတိုင်းက အပြင်ဘက်မှာ ပိုက်ဆံစုရတာခက်တယ်လို့ ပြောခဲ့ကြတယ်လေ။
ရလဒ်ကတော့ သူ ရောက်လာတာနဲ့ သူ့ရဲ့မရီးက သူ့အတွက် အလုပ်ရှာပေးခဲ့တယ်။
ပြောတဲ့အတိုင်းဆိုရင် ကျွမ်းကျင်လုပ်သားအဖြစ် နှစ်လကြာအောင် လုပ်ကိုင်ပြီးတာနဲ့ သူ့ရဲ့ လစာကတိုးလာမှာဖြစ်ပြီး ထိုအချိန်ကျရင် ယွမ်နှစ်ဆယ်အထိ တိုးသွားနိုင်လိမ့်မယ်။
ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသေးတဲ့ ဆင်းရဲသားကောင်လေးကတော့ တစ်လကို ယွမ်နှစ်ဆယ်က အလွန်များတဲ့ပမာဏလို့ ထင်နေခဲ့တယ်။
သို့ပေမဲ့ ဆုဆုကတော့ လင်းဟိုင်က ထက်မြက်တဲ့ ကလေးတစ်ယောက်လို့ ခံစားမိတယ်။ သူက လုပ်နိုင်စွမ်းရှိတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး အနာဂတ်မှာ သေချာပေါက် မဆိုးရွားလာနိုင်လောက်ဘူး။
သို့ပေမဲ့လည်း လူ့အဖွဲ့အစည်းထဲမှာ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ဖူးတဲ့သူတစ်ဦးအနေနဲ့ သူမက သေချာပေါက် ညွှန်ကြားချက် အမျိုးမျိုးပေးရဦးမှာပဲ။
နောက်ပြီး သူမက သူ မထွက်သွားခင်မှာ နေထိုင်မှုအတွက် အရေးကြီးလိုအပ်တဲ့အရာတွေကို ဝယ်ယူခိုင်းခဲ့တယ်။
သူမက အိပ်ဆောင်ရဲ့ အခြေအနေကို မေးမြန်းပြီးနောက် စောင်တစ်ထည်နဲ့ အတော်လေးထူတဲ့မွေ့ရာကို ဝယ်ပေးခဲ့တယ်။ အဆုံးမှာ အခန်းထဲမှာသစ်သားကုတင်တစ်ခုသာ ရှိနေပြီး အတော်လေး အေးစက်နေလိမ့်မယ်။ ဒါက တစ်သက်လုံးအတွက် ရောဂါတွေ ရရှိသွားနိုင်တယ်။
လင်းဟိုင်တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့ကာ ငိုချမိလုနီးပါးပဲ။ သူက ပိုက်ဆံစုပြီးနောက် ပြန်ပေးမယ်ဆိုတဲ့အကြောင်း ဆုဆုကို ပြောခဲ့တယ်။
ဆုဆု သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“ဒါက ငါ့ကို ပြောရမဲ့စကားလား? မရီးက မင်းကို တစ်ခုခုလုပ်ပေးရင် မင်းက အကြွေးတင်တယ်လို့ သတ်မှတ်ထားတာလား”
လင်းဟိုင်က ခေါင်းကုတ်ကာ ပြုံးလိုက်တယ်။ သို့ပေမယ့် မရီးဖြစ်သူကိုတော့ ဘာမှ မပြောခဲ့တော့ဘူး။
သူတို့တွေ အရာအားလုံးကို အဆင်သင့် လုပ်ပြီးနောက်မှာတော့ အိမ်ကိုကြေးနန်းတစ်စောင် ပို့ခဲ့ကြတယ်။
ထိုအထဲမှာ လင်းဟိုင်က အလုပ်ရသွားပြီဖြစ်လို့ အိမ်ကလူတွေ စိတ်ပူစရာ မလိုတဲ့အကြောင်း ထည့်ရေးထားခဲ့ကြတယ်။
သူတို့တွေက ဒီကိစ္စအတွက် အလွန် အလုပ်ရှုပ်နေခဲ့ကြတာကြောင့် လင်းတုံဟဲအကြောင်းကို လုံးလုံး မေ့သွားခဲ့ကြပြီး သူ ဘာတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မသိခဲ့ကြဘူး။
ထိုနေ့တုန်းက ညဘက်ကိုမရောက်ခင် မွန်းလွဲပိုင်းအချိန်မှာ သူ ကျောင်းသို့သွားခဲ့ပြီး ချင်ယွဲ့ယွဲ့ကို ခေါ်ထုတ်ခဲ့တယ်။
သူက သူမ တောင်းခဲ့တဲ့ ယွမ်သုံးဆယ်ကို ပေးပြီးနောက် သူ တည်းခိုခန်းမှာ အခန်းတစ်ခန်း သီးသန့်ငှားထားခဲ့ပြီး ညဘက်မှာတည်းခိုနိုင်တဲ့အကြောင်းကို စိတ်အားထက်သန်စွာ ရှင်းပြခဲ့တယ်။
အချိန်အတော်ကြာ ဝေးကွာနေခဲ့ရတဲ့ ငယ်ရွယ်တဲ့ စုံတွဲရဲ့ကြားထဲမှာတော့ သူရဲ့စကားလုံးတွေက ဒီထက်ပိုပြီးအဓိပ္ပါယ် မရှင်းလင်းနိုင်တော့ဘူး။
သို့ပေမဲ့ သူ့ရဲ့စကားကိုကြားတာနဲ့ ချင်ယွဲ့ယွဲ့ ချက်ချင်းပဲ မပျော်မရွှင် ဖြစ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့မိဘူး။
သူမက ချက်ချင်းပဲ ခေါင်းကိုခါရမ်းလာခဲ့တယ်။
“ကျွန်မ မသွားဘူး”
“ဘာလို့လဲ?”
နှစ်လနီးပါးလောက် သည်းခံထားခဲ့ရတဲ့ အမျိုးသားတစ်ယောက်က အသားစားချင်နေမှာ သေချာပေါက် ဖြစ်ပြီး အခုလိုမျိုး သူ့ရဲ့ ဇနီးကို လာရှာတာက အဆင်ပြေလိမ့်မယ်လို့ လင်းတုံဟဲ တွေးထားခဲ့တယ်။
“ကျွန်မ.. ကျွန်မ ရှင်နဲ့ အဲဒါကို မလုပ်ချင်ဘူး.. ရှင်လည်း ကျွန်မကျောင်းတက်နေတယ်ဆိုတာကို သိနေတာပဲ.. တကယ်လို့ ကျွန်မသာ ကိုယ်ဝန်ထပ်ရသွားရင် ဘယ်လိုလုပ်မလဲ”
ချင်ယွဲ့ယွဲ့က ဒီနေရာမှာ တခြားဘယ်သူမှ မရှိတာကို သေချာအောင် စစ်ဆေးပြီးမှ သနားစရာကောင်းတဲ့ပုံနဲ့ ပြောလာတယ်။
လင်းတုံဟဲတစ်ယောက် သူ့ရဲ့မျက်နှာပေါ်မှ အပူတွေကို ခံစားရလောက်တဲ့အထိ ဒေါသထွက်လာခဲ့ရတယ်။
“ငါတို့တွေ အရင်တုန်းက အိမ်မှာရှိနေတုန်းကလည်း ကိုယ်ဝန်မရှိခဲ့ဘူးလေ .. အဲဒါကို အပြင်မှာထုတ်လိုက်သရွေ့ .... အဆင်ပြေပါတယ်..
ဒါ့အပြင် အကာအကွယ်အဖြစ်ကွန်ဒုံးကိုလည်း ယူလာခဲ့သေးတယ်”
ဒါက သိပ်မများဘူးဆိုပေမဲ့ သူ ယူလာခဲ့သေးတယ်။ နောက်ပြီး တခြားလူတွေ ရှာတွေ့သွားမှာကို စိုးရိမ်တဲ့အတွက် သူ အဝတ်အစားထဲကို ထည့်ထားခဲ့တယ်။
သို့ပေမဲ့ ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာက ပိုလို့တောင် ဖြူဆွတ်သွားရပြီး အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောလာတယ်။
“ အဆင်မပြေဘူး.. ကျွန်မ.... ညဘက်တွေမှာလည်း စုဝေးစာကြည့်ဖို့ လုပ်ထားသေးတယ်.. ကျွန်မသာ ညဘက်ပြန်မအိပ်ဘူးဆိုတာ သူတို့ သိသွားရင် ကျွန်မ ဘယ်လို ဖြေရှင်းချက်ပေးရမှာလဲ? ရှင် အဲလောက်တောင် သည်းမခံနိုင်ဘူးလား? ကျွန်မတို့ တစ်နှစ်လောက်ကြာရင် ပြန်တွေ့နိုင်မှာပဲလေ”
အခုအချိန်မှာတော့ လင်းတုံဟဲတစ်ယောက် သူ့ရဲ့မျက်လုံးရှေ့မှာ မှောင်မည်းနေမှုကိုသာ ခံစားရတော့တယ်။
သူ အလွန်အမင်း ပျော်ရွှင်ပြီးလာခဲ့တယ်ဆိုတာ သေချာပေမဲ့ အခုလိုမျိုး စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်ရမှာလား။
သူက လက်သီးတွေကို တင်းတင်းဆုပ်ပြီး ပြောလိုက်တယ်။
“ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ရတာ အရမ်းကြာနေပြီ.. မင်းက ငါနဲ့ အပြင်မှာ တစ်ညလောက်လိုက်မနေပေးနိုင်ရင်တောင် အနည်းဆုံး ချိုသာတဲ့ စကားလောက်တော့ ပြောပေးလို့မရဘူးလား?”
“ရဲဘော် လင်းတုံဟဲ.. ကျွန်မက လောလောဆယ် စာသင်ဖို့ အလုပ်ကောင်းကောင်းရနိုင်ဖို့ ဒါကို အာရုံစိုက်ဖို့လိုနေတယ်.. စာလေ့လာဖို့အတွက် စိတ်သဘောထားက ခိုင်မာရမယ်...”
“ဒါတွေကို လာမပြောနဲ့.. မင်းငါ့ကို အမြဲတမ်း အထင်သေးနှိမ့်ချနေတယ်ဆိုတာကို ငါသိတယ်..ဘာလို့လဲဆိုတော့ ငါက မြို့ထဲမှာ မင်းလိုချင်တဲ့ဘဝကို မပေးနိုင်ဘူး.. မင်းအတွက် ဂုဏ်သိက္ခာမတင်ပေးနိုင်ဘူး.. မင်းလိုချင်တာမှန်သမျှကို မပေးနိုင်ဘူး ..ဟုတ်တယ်မလား”
“ဟင့်အင်း.. အဲလိုမဟုတ်ဘူး .. ကျွန်မတို့က ဒါတွေကို လုပ်နေစရာမှမလိုတာ.. အခု ကျွန်မတို့ တွေ့နေပြီပဲလေ. .ဒီလို ပျင်းရိစရာ အသေးအဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံနေစရာလိုလို့လား? လူတွေက တိုင်းပြည်ရဲ့ အနာဂတ်ကို ဘာလို့ မကြည့်နိုင်ကြတာလဲ”
ဒီစကားကိုကြားတော့ လင်းတုံဟဲရဲ့နှလုံးက အေးခဲသွားရပြီး အနောက်ကို ခြေတစ်လှမ်းဆုတ်မိသွားခဲ့တယ်။
“ဒါက ပျင်းစရာကောင်းတဲ့ အသေးအမွှားကိစ္စလား? မင်းလိုမျိုး ကျောင်းသားတစ်ယောက်ပဲရှိသေးတဲ့သူက ဒါကို ပျင်းစရာကောင်းတဲ့ ကိစ္စလေးလို့ ပြောနေတယ်.. ဒါဆို ဆုဆုနဲ့ လင်းချွမ်ကရော?
သူတို့က ဘာလို့ ဘဝကို ကောင်းကောင်းနေနိုင်ပြီး သားသမီးမွေးနိုင်ရတာလဲ? ငါတို့ကျတော့ ဘာလို့ မဖြစ်နိုင်ရတာလဲ? ဘာလို့ မမွေးနိုင်ရတာလဲ?
ငါက.. ငါက မင်းနဲ့အတူ ကောင်းကောင်းနေချင်ရုံပါပဲ.. ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ.. ငါနဲ့ အတူ တည်းခိုခန်းကိုတောင် ... မလိုက်နိုင်ဘူးလား”
“ရှင် ဒီလိုမျိုး မလုပ်စမ်းပါနဲ့.. လူတွေမြင်သွားရင် ဘယ်လိုမျိုး ထင်သွားကြမလဲ? ကျွန်မ ရှင်နဲ့ ကလေးမလိုချင်ဘူး.. ကျွန်မမှ ကလေးမလိုချင်တာကို ဘာလုပ်ရမှာလဲ.. ကျွန်မက စာကို ကြိုးကြိုးစားစားလေးလာပြီး ကျွန်မရဲ့ကိုယ်ပိုင်စီးပွားရေးကိုလုပ်ချင်တယ်”
ကောလိပ်ကျောင်းသားအားလုံးက ထိုကဲ့သို့တွေးပြီး သူမ မမှားဘူးလို့ ခံစားရတယ်။
“ငါတို့က လင်မယားတွေပဲ!”
“ကျွန်မတို့က လက်မှတ်မရရှိခဲ့ဘူး..ဒီအတိုင်း အရက်ဖိတ်တိုက်ရုံပဲလုပ်ခဲ့တဲ့ စုံတွဲအတုတွေပဲ”
ဒီစကားက နာကျင်စရာအကောင်းဆုံးပဲ။ လင်းတုံဟဲ ချင်ယွဲ့ယွဲ့ကို သူတစ်ခါမှ မမြင်တွေ့ခဲ့ဖူးတဲ့လူတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်မိပြီး အနောက်ကိုလှည့်ကာ ထွက်ပြေးသွားခဲ့တယ်။