← Chapters

အခန်း (၁၀၇)

Vol. 11 Ch. 107

အခန်း (၁၀၇)

Vol. 11 Ch. 107

လင်းတုံဟဲတစ်ယောက် ဝိညာဉ်ပျောက်နေတဲ့သူသလိုပဲ လမ်းဘေးမှာထိုင်နေခဲ့တယ်။

မြို့တော်အတွင်းမှ လူတွေ နေရာအနှံ့အပြားကို သွားလိုက်လာလိုက်လုပ်နေတာကို ငေးစိုက်ကြည့်ရင်းနဲ့ ဘာတစ်ခုမှ ဆွဲဆောင်မှု မရှိဘူးလို့ထင်လာတယ်။ ဒါမှမဟုတ် သူ့ရဲ့မွေးရပ်မြေထက် ပိုကောင်းတဲ့ အရာတွေ ရှိနေတယ်လို့ မထင်မြင်တော့ဘူး။

သို့ပေမယ့် ချင်ယွဲ့ယွဲ့က ဒီနေရာကို သဘောကျနေခဲ့တယ်။

သူ သူ့ရဲ့ ခေါင်းကို နာကျင်စွာနဲ့  ပွေ့ဖက်ထားရင်း သူက တကယ့်ကို ရှုံးနိမ့်မှုတစ်ခုဘဲလို့သာ ခံစားလာရတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့နှလုံးကလည်း အေးစက်နေခဲ့တယ်။

ထိုအခိုက်မှာပဲ သူ ခေါင်းမော့ကြည့်လိုက်စဥ်မှာ အနီးအနားမှ တက္ကသိုလ်ကျောင်းသားတွေနဲ့တူတဲ့ လူတစ်စုဆီကို ကားတစ်စီး အရှိန်နဲ့ ဝင်လာတာကို ရုတ်တရက် တွေ့လိုက်ရတယ်။

တခြားလူတိုင်းက ရှောင်သွားခဲ့ကြပေမယ့် လူငယ်လေးတစ်ယောက်ကတော့ မြေပြင်ပေါ်က တစ်ခုခုကို ကောက်ယူဖို့ ခါးကိုင်းထားခဲ့ကာ ကားကို သတိမထားမိခဲ့ဘူး။

လင်းတုံဟဲ ကမန်းကတန်း ခုန်ထလိုက်ပြီး တစ်ဖက်လူကို တွန်းထုတ်လိုက်မိတယ်။

မူလတုန်းကတော့ သူ ထိုလူငယ်လေးကို တွန်းထုတ်လိုက်ပြီး ထိုကဲ့သို့သာ သေဆုံးသွားချင်ခဲ့တယ်။

အဆုံးမှာ သူတို့က ကောလိပ်ကျောင်းသားတွေဖြစ်ပြီး တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေပဲ။

မထင်မှတ်စွာနဲ့ သူ တွန်းထုတ်လိုက်တဲ့အချိန်မှာပဲ  လူငယ်လေးက ထရပ်လာခဲ့တယ်။ သူသည်လည်း တုံ့ပြန်နိုင်သွားပြီး လင်းတုံဟဲကိုပါ ဆွဲခေါ်ကာ နောက်ပြန်လဲကျသွားရင်း နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ လမ်းဘေးသို့ လှိမ့်သွားကြတော့တယ်။

ကားကလည်း တစ်ချိန်တည်းမှာ  ရပ်တန့်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူး။

တစ်ဖက်မှလူငယ်လေးက ကွမ်းကျန်းတုံပဲ။

သူက ချက်ချင်းထရပ်ပြီး သူ့ကယ်တင်ရှင်ကို ကြည့်လိုက်ကာ ပြောလိုက်တယ်။

“အဆင်ပြေရဲ့လား... ကျေးဇူး.

..အများကြီး  တင်ပါတယ်...”

ရုတ်တရက်ပဲ တစ်ဖက်လူရဲ့မျက်နှာကိုကြည့်ရင်း သူ့အဖိုး စားပွဲပေါ်မှာတင်ထားတဲ့ဓာတ်ပုံကို တွေးလိုက်မိတယ်။ တကယ်ကို တူညီလွန်းတာပဲ။

လင်းတုံဟဲလည်း မတ်တပ်ထရပ်လိုက်တယ်။

သူ့ရဲ့လက်မှ အနည်းငယ် ခြစ်ရာတွေကလွဲရင် တခြားဒဏ်ရာမရှိဘူး။

“အဆင်ပြေပါတယ်”

သူက ကျောခိုင်းပြီး လှည့်ထွက်သွားဖို့လုပ်ခဲ့ပေမဲ့ ကွမ်းကျန်းတုံက ရုတ်တရက် သူ့ကို ဖမ်းဆွဲလိုက်ပြီး သူ့ကို စားသောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဆုံးမှာ တစ်ဖက်လူက သူ့ရဲ့ ကယ်တင်ရှင်ပဲလေ။

ဆုဆုကတော့ စာအုပ်ထဲမှ ဇာတ်ကွက်တွေ ပေါ်ထွက်လာနေပြီဆိုတာကို မသိခဲ့ဘဲ လင်းဟိုင်အတွက် အဝတ်အစားတွေကိုစီစဥ်ပေးနေတုန်းပဲ။ 

ပစ္စည်းတွေကို ဝယ်ပြီးသွားပြီဖြစ်ပေမဲ့ လင်းဟိုင်က ထိုနေရာမှာ နေလို့ မရသေးဘဲ မနက်ဖြန်အထိ စောင့်ရလိမ့်မယ်။

ဒီနေ့မှာလည်း သူက အိမ်နီးချင်း ဆရာရဲ့အိမ်မှာ နေထိုင်ရဦးမယ်။

တစ်ချိန်တည်းမှာ သူ့အတွက် ခေါင်းအုံးတွေ၊ အဝတ်အထည်တွေနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ ထုပ်ပိုးနေခဲ့တယ်။

အမျိုးသားတွေက ဒီလို အသေးစိတ်ကိစ္စတွေကို မစီမံတတ်ကြဘူး။ အထူးသဖြင့် လင်းဟိုင်မှာ လက်သည်းညှပ်တောင် မရှိတာကြောင့် ဆုဆုက သူ့ကို ပြင်ဆင်ပေးရုံသာ တတ်နိုင်ခဲ့တယ်။

ကံကောင်းစွာနဲ့ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ပြင်ဆင်မှုတွေအားလုံးကို လုပ်နိုင်ခဲ့တယ်။

ဆုဆုက လင်းဟိုင်အတွက် လင်းချွမ်ရဲ့ အဝတ်ဟောင်းတွေကိုပါ ထုတ်ပေးခဲ့တယ်။ ဒါဆို သူ အရမ်းစုတ်ပြတ်တဲ့ပုံစံဖြစ်နေစရာမလိုတော့ဘူး။

သို့ပေမဲ့ လင်းချွမ်ရဲ့ အဝတ်အစားတွေအများစုက စစ်တပ်ယူနီဖောင်းတွေသာ ဖြစ်နေတာကြောင့် သူမ နှစ်စုံ သုံးစုံလောက်သာ ရှာတွေ့ရှိခဲ့ပြီး တစ်ထည်က တံတောင်ဆစ်ပေါ်မှာ အနည်းငယ် ပြဲနေခဲ့တယ်။

ဆုဆုအနေနဲ့ အပ်ချုပ်တာနှင့် ပြုပြင်မှုလုပ်ငန်းကို မကျွမ်းကျင်ပေမဲ့ ကံကောင်းစွာနှင့် လင်းဟိုင်ကတော့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို သိနေခဲ့တယ်။

ဆုဆုက အထည်ကိုချုပ်ဖို့အတွက် အပ်နဲ့ အပ်ချည်လုံးကို ရှာပေးပြီး ပြောလိုက်တယ်။

“မင်းအခု အထည်ချုပ်စက်ရုံမှာ အလုပ်ရခဲ့ပြီ.. ဒီတော့ အခွင့်အရေး ရရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဝတ်ဆင်ဦး.. ပိုက်ဆံကို ပြန်ပို့ဖို့အတွက်ပဲ မစုနဲ့”

“မရီး.. အခုလည်း ကျွန်တော့်မှာ ဝတ်စရာတွေ ရှိနေတာပဲလေ”

“ဒါတွေက မကောင်းဘူး.. မင်းက အခု အလုပ်လုပ်နေတဲ့ သူတစ်ယောက်ပဲ..  ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် ပြင်ဆင်သင့်တယ်..  နောက်ပြီး မင်း ငယ်ရွယ်တုန်းမှာ ဘာလို့ အဝတ်အစားကို ကောင်းကောင်းမဝတ်ရမှာလဲ.. မင်းသာ အခုလိုဆက်နေရင် မင်းကို ဘယ်လို ကောင်မလေးက လာကြိုက်နိုင်မှာလဲ”

ဒီစကားက လင်းဟိုင်ရဲ့ စိတ်ကို ထိခတ်သွားစေပြီး သူက ခေါင်းညိတ်ပြပြီး ပြောလာတယ်။

“မရီး.. မရီးပြောတာ မှန်တယ်.. ဒါဆို ကျွန်တော့်အစ်ကိုက စစ်ဝတ်စုံနဲ့ကြည့်ကောင်းတယ်ဆိုတော့ မရီးက အစကတည်းက သူ့ကို ကြိုက်ခဲ့တာလား?”

“ငါက အဲလောက်ထိ အပေါ်ယံဆန်လို့လား?  နည်းနည်းလောက်.. သူက  စစ်ယူနီဖောင်းနဲ့ ကြည့်ကောင်းတယ်လို့ ထင်ခဲ့မိရုံပဲ”

ဆုဆုနဲ့ လင်းဟိုင်က အချိန်အတော်ကြာအောင် အတူနေထိုင်ခဲ့ပြီးပြီဖြစ်လို့ သူတို့ကြားထဲမှာ အနေရခက်တာတွေမရှိဘဲ ဟာသတွေ ပြောလာနိုင်ကြပြီ။ ပြောရရင် အများဆုံးသောအပိုင်းကတော့ ဟာသမဟုတ်ဘူး။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်တာကြောင့် ဆုဆု  တံခါးကိုသွားဖွင့်လိုက်တယ်။ အပြင်ဘက်မှာတော့ ကွမ်းကျန်းတုံရှိနေခဲ့ပြီး သူ့ရဲ့လက်တစ်ဖက်မှာ အရက် အလွန်မူးနေပုံရတဲ့ လင်းတုံဟဲကို တွဲထားသေးတယ်။

“ဆုလောင်ရှစ်.. မင်္ဂလာပါ၊ ဒါဆို လောင်ရှစ်က အစ်ကိုလင်းရဲ့ ဆွေမျိုးပေါ့”

“အင်း.. သူ ဘာဖြစ်သွားတာလဲ”

ဆုဆုက လင်းတုံဟဲကို ကူတွဲပေးတော့မယ့်အချိန်မှာပဲ လင်းဟိုင်က သူ့ကို ကူတွဲပေးဖို့ အလျှင်အမြန်ပြေးထွက်လာခဲ့တယ်။

လင်းတုံဟဲက တီးတိုပြောနေတုန်းပဲ:

“ငါ မင်းကိုပြောမယ်.. မိန်းမတွေက ဘာမှ ကောင်းတာတွေ မဟုတ်ဘူး.. သူတို့ နှလုံးသားတွေက မည်းမှောင်နေတာ..”

အဟွတ်……

ချင်ယွဲ့ယွဲ့က သူ့ကို လှုံ့ဆော်ပေးလိုက်တာလား။

သို့ပေမဲ့လည်း လင်းဟိုင်ကတော့ ဘာမှပြန်မပြောသေးဘဲ တစ်ဖက်လူကို အိမ်ထဲသို့ ကူတွဲပေးပြီး ဘေးမှာရှိတဲ့ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။

ဆုဆုက ပြုံးပြီး ကွမ်းကျန်းတုံကိုကျေးဇူးတင်စကားဆိုလိုက်တယ်။

“သူ့ကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“အိုး ..အိုး..  အစ်ကိုလင်းကသာ ကျွန်တော်ကို ကယ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါ.. ကျွန်တော့် အကူအညီလိုတာရှိသေးလား”

ကွမ်းကျန်းတုံကက သူတို့နှစ်ယောက်က ဘယ်လိုမျိုးဆွေမျိုးတော်တာလဲဆိုတာကို အနည်းငယ်လောက် သိချင်နေခဲ့ပြီး လင်းတုံဟဲရဲ့ နောက်ခံအကြောင်းကိုလည်း သိချင်သေးတယ်။

ဒါပေမယ့် ဒီလိုဖြစ်နေတဲ့တစ်စုံတစ်ယောက်ကို လိုက်ပို့တဲ့အချိန်မာ အချိန်အကြာကြီးနေလို့ အဆင်မပြေဘူးလေ။ ဒါက အရှေ့တိုင်း Xတက္ကသိုလ်ရဲ့ မိသားစုနယ်မြေဖြစ်နေတာကိုတော့ ထည့်ပြောစရာတောင်မလိုဘူး။

ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာမကို လာတွေ့ရတာက ကြောက်စရာကောင်းသလို တွန့်ဆုတ်လိုမှုတွေကိုလည်း ဖြစ်စေတယ်။ ဒါကြောင့် ရှင်းပြပြီးနောက်မှာ ပြောလိုက်တယ်။

“ဒါဆို ကျွန်တော် မနက်ဖြန်မှ သူ့ကိုလာတွေ့ပါ့မယ်”

ပြောပြီးတာနဲ့ အနောက်ကိုလှည့်ပြီး ထွက်ပြေးသွာစခဲ့တယ်။

ဆုဆု တံခါးကိုပိတ်ပြီး တစ်ချို့သောဇာတ်ကွက်တွေက သူမ မသိခင်မှာပဲ ဖြစ်ပျက်နေတာပဲလို့ တွေးလိုက်မိတယ်။

လင်းတုံဟဲကတော့ အရက်အလွန်မူးတာကြောင့် အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေတုန်းပဲ။

လင်းဟိုင်က ရေတစ်ခွက် လောင်းထည့်လိုက်ကာ လင်းတုံဟဲရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။

“မင်းဘာလို့ ဝိုင်တွေ အရမ်းသောက်လာခဲ့ရတာလဲ.. မင်းသာ မရီးကို ဒုက္ခပေးလို့ကတော့ အစ်ကိုကြီးပြန်လာရင် ရိုက်ခိုင်းလိုက်မှာ!”

“.....”

မင်းက ဘာလို့ ကိုယ့်ဘာသာကိုယ် မရိုက်ရတာလဲ?

လင်းမိသားစုမှာ သင်ကြားရေးနည်းလမ်းတွေရှိတယ်။  ညီငယ်က အစ်ကိုဖြစ်သူရဲ့ စကားကိုပဲ အမြဲနားထောင်ရလိမ့်ယ်။ ငြင်းဖို့ကြိုးစားရင် အရိုက်ခံရမှာ သေချာပေါက်ပဲ။

လင်းတုံဟဲက တကယ်ကို စိတ်မတည်မငြိမ်ဖြစ်နေပုံရပြီး သူ့ရဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး ငိုကြွေးရင်းပြောလာတယ်။

“သူမက  ပြောခဲ့တယ်.. သူနဲ့ငါက လက်မှတ်မရှိတဲ့အတွက် လင်မယားအဖြစ် သတ်မှတ်တာမဟုတ်ဘူးတဲ့.. ငါ့ရဲ့မိဘတွေက ငါ့ကို သူမနဲ့ စောစောက ကလေးယူစေချင်ပေမဲ့ သူမကတော့ ဖျက်ချခဲ့တယ်..  ငါနဲ့ ကလေးမမွေးချင်ဘူးတဲ့..  ငါ ဘယ်လိုအမှားတွေလုပ်မိခဲ့တာလဲ..  ငါ ဘာလို့ ကလေးကို ဖျက်ချခွင့် ပေးလိုက်ရတာလဲ.. ဒါမှမဟုတ် ငါတို့တွေ....”

“လင်းတုံဟဲ”

ဆုဆု သည်းမခံနိုင်တော့ဘူး။

ယောက်ျားကြီးတစ်ယောက်က ဘာလို့ အခုလိုမျိုး အော်ငိုနေရတာလဲ။

“ဘာလဲ.. အစ်ကိုတို့ နှစ်ယောက်ဆီမှာ ကလေးရှိခဲ့တာလား”

လင်းဟိုင်က ဒီအကြောင်းကို မသိသေးဘူး။ ဒါကြောင့် ထပ်ပြောလိုက်မိတယ်။

“မင်း  အစကတည်းက သူ့အပေါ်ကို မကောင်းခဲ့သင့်ဘူး..  အဲဒီမိန်းမက ရည်မှန်းချက်ကြီးလွန်းပြီး အကြီးဆုံးအစ်ကိုဆီကနေ လစဉ် ထောက်ပံ့ကြေးတောင် တောင်းနေခဲ့သေးတာ.. အစကတည်းက သူ့ရဲ့အကြောင်းကို မသိခဲ့ဘူးလား”

လင်းဟိုင်တစ်ယောက်သူ့ရဲ့ ခေါင်းအနောက်ဘက်ကို အရိုက်ခံလိုက်ရတယ်။

သူက ခေါင်းကို ပွတ်သပ်ရင်း မရီးဖြစ်သူကိုပြန်ကြည့်လိုက်တယ်။ ထို့နောက် သူမဆီကနေ အစိုက်ကြည့်ခံလိုက်ရလေတယ်။

“ဒါက ချင်ယွဲ့ယွဲ့ရဲ့ အမှားတစ်ခုတည်းပဲ မဟုတ်ဘူး.. လင်းတုံဟဲ.. ရှင့်မှာလည်း အပြစ်ရှိတယ်.. လူကြီးတစ်ယောက်က သွေးဆောင်မှုကို မခံနိုင်ဖြစ်ခဲ့ပြီး လက်မလွှတ်နိုင်ခဲ့ဘူး.. ရှင့်ရဲ့ ရည်မှန်းချက်က ဘယ်ကို ရောက်သွားပြီလဲ”

“ငါ ရည်မှန်းချက်မကြီးချင်တော့ဘူး..  သူမနဲ့ပဲ အတူနေချင်တာ”

လင်းတုံဟဲ ခေါင်းမော့ပြီး လေးနက်စွာ ပြောလိုက်တယ်။

သို့ပေမယ့် ဖြန်းခနဲမြည်သံနဲ့အတူ သူ့ရဲ့ ပါးကို အရိုက်ခံလိုက်ရတယ်။

လင်းတုံဟဲနှင့် လင်းဟိုင်တို့ အံ့အားသင့်ခဲ့သွားကြပြီး ခဏလောက် အာရုံပြန်မရလာနိုင်ခဲ့ကြဘူး။

“လင်းတုံဟဲ ရှင်က ဒီလိုမျိုး ကိုယ့်ကိုကိုယ် လေးစားမှုမရှိဘူး .. ကိုယ့်ကိုကိုယ် မချစ်ဘူး.. ဒါဆို တခြားသူတွေကရော ရှင့်ကို လေးစားမှုရှိနေလောက်ဦးမယ်လို့ ထင်နေလား”

သတိကပ်ထားစမ်းပါ! ရှင်က အမျိုးသားဇာတ်ဆောင်နော်!

လင်းတုံဟဲ အမှန်တကယ်ကို သတိဝင်လာတယ်။ သူက ဆုဆုကို စိုက်ကြည့်ပြီး သူမပြောတဲ့စကားတွေကို တွေးလိုက်မိတယ်။

ထို့နောက် မျက်မှောင်ကြုတ်လိုက်မိပြီး ပြောလာတယ်။

“မင်းမှန်တယ် ..ငါက ... ငါ့မှာ အရည်အချင်းမရှိဘူးလို့ ထင်နေခဲ့တာ”

“အဆင်ပြေသွားမှာပါ”

ဆုဆုအနေနဲ့ လင်းတုံဟဲကို ကွမ်းမိသားစုမှ ရှာတွေ့သွားတဲ့အချိန်မှာ  ဇာတ်လမ်းထဲမှ အရာအားလုံး စတင်လာမှာဖြစ်ပြီး သူက ကောင်းကင်သို့ ပျံတက်သွားလိမ့်မယ်လို့ တွေးတောမိတယ်။  ဒီတော့ ထိုအတွေးမျိုးကို စဉ်းစားဖို့ စောလွန်းသေးတယ်။

ဇာတ်လိုက်မရဲ့ အပြုအမူတွေက သူမကို အနည်းငယ်လောက် ပိုမိုတွေးတောစေခဲ့ရုံပဲ။ စာအုပ်ထဲမှာဆိုရင် ဇာတ်လိုက်မက လင်းတုံဟဲနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လေ။

ဒါက သူမလက်ထပ်ဖူးသူတိုင်းကို  အခုလိုမျိုး ကြုံတွေ့စေခဲ့တာများလား?

အရင်တုန်းကတော့ လင်းချွမ်ကို အပြစ်တင်ခဲ့ပြီး အခုချိန်မှာတော့ လင်းတုံဟဲကို အပြစ်တင်နေခဲ့တယ်လေ။

**

All Chapters