အခန်း (၁၀၉)
Vol. 11 Ch. 109
ဒီနောက်ပိုင်းမှာ သူမရဲ့ ဗိုက်က သိပ်ပြီး မထွက်သေးသော်လည်း ခါးက အနည်းငယ်နာနေခဲ့တာကြောင့် ခါးကိုင်းတာတွေ ၊မတ်တပ်ထရပ်တာတွေ လုပ်တဲ့အချိန်မှာ သူမရဲ့ ဗိုက်အောက်ပိုင်းကို လက်နှင့် ဖိထားရတယ်။
ကွမ်းကျန်းတုံကလည်း ချက်ချင်းပဲ လှမ်းပြောလာတယ်။
“အာ.. ဆုလောင်ရှစ်.. လောင်ရှစ်လည်း ထိုင်ပါဦး”
ခုနတုန်းက သူမရဲ့လက်တွေကို သုတ်နေတာကို တွေ့ခဲ့ရတာကြောင့် သူမလည်း အလုပ်တစ်ခုခုလုပ်နေတာဖြစ်လိမ့်မယ်။
ဆုဆု ဝင်ထိုင်ပြီး ဇာတ်လိုက်မရဲ့အမေလည်းဖြစ်သလို ကွမ်းကျန်းတုံရဲ့အမေလည်းဖြစ်တဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။
သူမက အနည်းငယ် လေးနက်တဲ့ ပုံမျိုးရှိတယ်။
ကွမ်းကျန်းတုံရဲ့အမေက ယခင်တုန်းက တပ်မတော်ရဲ့ ဘင်ခရာတပ်ဖွဲ့မှာ တာဝန်ထမားဆောင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူခဲ့တယ်။
တကယ်တော့ ဆုဆုအနေနဲ့ သူတို့စုံတွဲနဲ့ပတ်သက်ပြီး အတော်လေးကောင်းတယ်လို့ ခံစားရတယ်။ အဆုံးမှာ သူတို့တွေက တကယ့် သူရဲကောင်းတွေပဲလေ။
စစ်ပွဲအတွင်းမှာ သူတို့ရဲ့မွေးဖွားပြီးကာစ ကလေးကို ရွာထဲမှ အမျိုးသားတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ ပေးခဲ့ပြီး ချက်ချင်းပဲ စစ်ပွဲအတွင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။
သို့ပေမယ့် အရေးပေါ်အခြေအနေဖြစ်ကာ ချက်ချင်းတိုက်ခိုက်ခဲ့ရပြီး အလွန်အမင်း အလျင်လိုနေခဲ့တာကြောင့် ထိုရွာသားရဲ့ နာမည်ကို မမေးခဲ့ရဘဲ ထွက်ခွာသွားခဲ့ရတယ်။
စစ်ပွဲကြီး ပြီးမြောက်သွားတဲ့နောက် သူတို့တွေ အချိန်အတော်ကြာအောင် ရှာဖွေခဲ့ကြပေမဲ့လည်း လင်းမိသားစုက မူလနေရာမှ ထွက်ပြေးတိမ်းရှောင်ရင်း ထွက်ခွာသွားခဲ့တာကြောင့် ရှာလို့မတွေ့နိုင်ခဲ့ဘူး။
အခုလို နှစ်တွေအများကြီးကြာသွားတဲ့နောက်မှာ သားဖြစ်သူအပေါ် အပြစ်ရှိသလို ခံစားနေခဲ့ရပြီး အနည်းငယ်မျှလောက်သော သတင်းစကားကိုကြားရရုံနဲ့ အခုလို ရှာဖွေစုံစမ်းခဲ့ကြတယ်။
“ဟယ်လို.. တက္ကသိုလ်ဆရာမတစ်ယောက်က အခုလိုမျိုး ငယ်ရွယ်တဲ့သူဖြစ်နေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး.. ကျွန်မက ဟုန်မေ့ပါ.. ကွမ်းကျန်းတုံရဲ့ အမေပေါ့”
ဟုန်မေ့က သူမရဲ့ လက်ကို ဆန့်ထုတ်ပေးလာတယ်။
သူမက လူတစ်ဦးတစ်ယောက်ကို လေးစားသဘောကျခဲပေမဲ့ သူမရဲ့ အရှေ့မှ လှပတဲ့ မိန်းကလေးက သူမကို အမှန်တကယ် စိတ်ပျော်ရွှင်စေခဲ့ပြီး ကောင်းမွန်တဲ့ခံစားချက်ကို ရရှိစေခဲ့တယ်။
ငယ်ရွယ်တယ်။ ယဉ်ကျေးပြီး နှိမ့်ချတတ်တယ်။
အရေးကြီးဆုံးအချက်ကတော့ သူမသားရဲ့ ပြောစကားတွေအရ တစ်ဖက်မှ မိန်းမပျိုလေးက ရှားပါးအဆင့်မြင့် ဉာဏ်ရည်ဉာဏ်သွေးရှိသူဖြစ်ပြီး သူမကိုယ်သူမ တိကျတဲ့အဆင့်တစ်ခုအထိ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပုံရတယ်။
“ဟယ်လို .. အန်တီ့ရဲ့သားက ဥာဏ်ကောင်းပြီး စာလည်း ကြိုးကြိုးစား၀ားလေ့လာတဲ့ ကျောင်းသားကောင်းတစ်ယောက်ပါ”
မိဘအားလုံးအတွက်ကတော့ သူတို့ရဲ့ သားသမီးတွေကို ချီးမွမ်းတာထက် ပိုပြီးကျေနပ်စရာကောင်းတဲ့အရာမျိုး မရှိတော့ဘူး။
သေချာတာပေါ့။ ဟုန်မေ့က ပြုံးပြီးပြောလာတယ်။
“ဒီတစ်ခေါက်ကကျန်းတုံနဲ့ မဆိုင်ပါဘူး .. အန်တီ မင်းကို တစ်ခုမေးရှိလို့ ဒီကိုလာခဲ့တာ”
“ပြောပါ အန်တီ”
ဆုဆု ရိပ်မိနေပြီးသားဖြစ်ပေမဲ့ ခေါင်းညိတ်ပြပြီး ပြန်ပြောခဲ့တယ်။
“အန်တီ မေးချင်တာက .. အရင်နေ့တုန်းက ကျန်းတုံကိုကယ်ခဲ့တဲ့ ကလေး ဘယ်မှာများလဲ”
“အိုး.. ရဲဘော် လင်းတုံဟဲ အကြောင်းကို ပြောနေတာလား.. သူ ရွာကို ပြန်သွားပြီလေ.. အခုချိန်က ရွာမှာ နွေထွန်ယက်စိုက်ပျိုးရေးအတွက် အလုပ်ရှုပ်နေကြတာ.. ဒီတော့ ရွာရဲ့အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မှာလည်း တာဝန်ရှိတယ်လေ”
ဆုဆု လင်းတုံဟဲကို သွယ်ဝိုက်ပြီး ချီးကျူးခဲ့တယ်။ အဆုံးမှာ ရွာထဲမှ ကပ္ပတိန်ဆိုတာကလည်း အတော်လေး ကောင်းတာပဲမလား။
“သူက ကပ္ပတိန်လား.. စကားမစပ် ရဲဘော်ဆု.. သူက အန်တီ့ရဲ့သားကို ကယ်တင်ခဲ့တယ်ဆိုတာ မင်းသိထားလောက်ပါတယ် .. ဒါကြောင့် အန်တီ သူ့ကို ကျေးဇူးတင်ဖို့အတွက် အိမ်ကိုဖိတ်ခေါ်ချင်တာ.. အခုတော့ အန်တီ့မှာ အခွင့်အရေးမရတော့ဘူးပဲ..
သူ့ရဲ့မိသားစုက ဘယ်မှာနေတာလဲဆိုတာ အန်တီ့ကိုပြောပြလို့ရမလား.. နောက်ပြီး မင်းက သူနဲ့ဘယ်လိုမျိုး ဆွေမျိုးတော်စပ်တာလဲမသိဘူး”
ဟုန်မေ့က ဘယ်သူ့ကိုမှ အမှားမပြုမိစေရန်အတွက် စကားကိုဂရုတစိုက်မေးမြန်းလိုက်တယ်။
ဆုဆု ပြုံးပြီးပြောလိုက်တယ်။
“တကယ်တော့ သူက ကျွန်မ အမျိုးသားရဲ့ ဝမ်းကွဲညီပါ.. သူအခု S ပြည်နယ်မှာရှိတဲ့ ရှောင်ရှန်ရွာမှာ နေတာလေ”
“ဘာလဲ.. လောင်ရှစ် လောင်ရှစ်က အိမ်ထောင်ကျပြီးပြီလား”
“အင်း”
ဆုဆု ကွမ်းကျန်းတုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ ဘာလို့ အလွန်အမင်း စိတ်လှုပ်ရှားနေလဲဆိုတာ သိလိုက်တယ်။ သူမ ကူးပြောင်းလာပြီးတဲ့နောက်မှာ သူမရဲ့အသက်အရွယ်က ပြန်လည် ငယ်ရွယ်သွားခဲ့တယ်လေ။
ဒါကြောင့် အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်လိမ့်မယ်လို့ မတွေးခဲ့ကြတာဖြစ်နိုင်တယ်။
“ဒါဆို သူတို့မိသားစုထဲမှာ ဘယ်သူတွေရှိသေးလဲ”
“သူ့မှာ မိဘတွေနှင့် ညီလေးတစ်ယောက်ပဲရှိတယ်”
ဆုဆု လင်းမိသားစုရဲ့ အခြေအနေကို အကျဉ်းချုံးပြောပြခဲ့ပြီး သူတို့တွေ တခြားနေရာမှ ထွက်ပြေးလာခဲ့တာဖြစ်ကြောင်းကို အထူးပြောပြခဲ့တယ်။ ဟုန်မေ့ကလည်း သူတို့ မိသားစု ထွက်ပြေးလာခဲ့တာဖြစ်ကြောင်း ကြားလိုက်ရတော့ ဘယ်နေရာကနေ ထွက်ပြေးလာတာလဲဆိုတဲ့ အကြောင်းကို ချက်ချင်းမေးမြန်းလာခဲ့တယ်။
အဖေလင်းနဲ့ အမေလင်းက သူမကို အရာအားလုံးပြောပြထားခဲ့တာကြောင့် ဆုဆုလည်း ဒီအကြောင်းကို သိထားခဲ့တယ်။
သူမအနေနဲ့ သူ့မိသားစုရဲ့ နောက်ခံအကြောင်းအရင်းကိုတောင် သိထားတာပဲလေ။ သူတို့ ဘယ်ကနေ လွတ်မြောက်လာတာလဲဆိုတာလောက်ကိုတော့ ပြောစရာတောင် မလိုအပ်ခဲ့ဘူး။
သူမ ထိုအကြောင်းကို ပြာပြခဲ့တော့ ဟုန်မေ့က ပိုပိုပြီး စိတ်လှုပ်ရှားလာသလို ခံစားမိတယ်။
သူမအနေနဲ့ မပြောသင့်တာ တစ်ခုခုကို မေးမြန်းမိမှာစိုးလို့ ဖြစ်ပုံရတယ်။
ဆုဆုဆီမှ တိကျတဲ့ လိပ်စာကိုမေးမြန်းပြီးနောက် ကျေးဇူးတင်စကားပြောကာ ထထွက်သွားခဲ့တယ်။
ကွမ်းကျန်းတုံသည်လည်း ဘာမှဆက်မပြောဘဲ နောက်ကနေ လိုက်သွားခဲ့တယ်။
ဟုန်မေ့ ကားထဲကိုရောက်တော့ ငိုရှိုက်လာခဲ့တာကြောင့် ကွမ်းကျန်းတုံ လှမ်းမေးလိုက်တယ်။
“ဒီတစ်ခါတော့ မှန်လောက်ပြီလား”
“ငါနှင့် မင်းရဲ့အဖေတို့ မင်းအစ်ကိုကို တောင်ဘက်မှာရှိတဲ့ မိသားစုမှာချန်ထားခဲ့ပေမယ့် သူတို့မိသားစုရဲ့ မျိုးရိုးနာမည်က ဘာလဲဆိုတာကိုမသိခဲ့ဘူး.. ဒီတစ်ကြိမ်တော့ ဖြစ်နိုင်လောက်တယ်.. ငါတို့တွေ အဲဒီကို ချက်ချင်းလိုက်သွားကြမယ်”
“အဖေ့ကို သတင်းလှမ်းမပြောတော့ဘူးလား”
“သူသာ မင်းကို သဘောမတူခဲ့ရင်ရော.. သူက ရှာတွေ့နိုင်မယ်ဆိုတဲ့ ယုံကြည်မှု လျှော့နည်းနေပြီ”
အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကို စွန့်လွှတ်လိုက်နိုင်ပေမယ့် အမေတစ်ယောက်အနေနဲ့ သူမကတော့အခွင့်အရေးမှန်သမျှကို လက်မလျှော့လိုက်ချင်ဘူး။
“ကောင်းပြီ.. အတူတူသွားလိုက်ရအောင်”
နှစ်ပေါင်းများစွာသောအချိန်အတွင်းမှာ သူတို့ရဲ့မိသားစုက အစ်ကိုဖြစ်သူကို ရှာတွေ့ဖို့ အမှန်တကယ်ကြိုးစားခဲ့ပြီး ကွမ်းကျန်းတုံကလည်း တတ်နိုင်သလောက် လုပ်ပေးချင်ခဲ့တယ်။
ဒါကြောင် သူတို့သားအမိ သဘောတူပြီးနောက် ကွမ်းကျန်းတုံက ကျောင်းမှာ ခွင့်စာတင်ခဲ့ပြီး သမေဖြစ်သူ ဟုန်မေ့နဲ့အတူ ရှောင်ရှန်ရွာဆီသို့ ထွက်သွားခဲ့ကြတယ်။
ဆုဆုလည်း သူတို့ထွက်သွားတာကို သိရှိခဲ့တယ်။
သို့ပေမယ့် ကျောင်းမှာ ဇာတ်လိုက်မကို ပြန်တွေ့တဲ့အချိန်မှာ ဒီဇာတ်လိုက်မက ဇာတ်လိုက်အပေါ် ဆိုးဆိုးရွားရွား စော်ကားခဲ့တာကို တွေးတောမိခဲ့တယ်။ အခုလို အလှည့်အပြောင်းဖြစ်လာချိန်မှာ သူမက ပြန်လည်သင့်မြတ်ဖို့အတွက် ဘာတွေများ လုပ်လာမလဲဆိုတာကို သိချင်လာရတယ်။
သိတဲ့အတိုင်း နောက်ပိုင်းတွေမှာ ဇာတ်လိုက်မက ကွမ်းမိသားစုရဲ့အာဏာကိုအသုံးပြုပြီး တိုးတက်အောင်လုပ်ချင်ခဲ့တာလေ။
သို့သော်လည်း ကွမ်းမိသားစုက သူမကို လက်ထပ်ယူမဲ့ကိစ္စကိုသဘောမတူခဲ့သလို ကွမ်းမိသားစုရဲ့ ချွေးမအဖြစ်လည်း မကြိုဆိုချင်ခဲ့ကြဘူး။
ဒီလိုဖြစ်ခဲ့ရင်တောင် အဆုံးမှာတော့ မင်းသမီးက ဘွဲ့ရပြီးနောက် အောင်မြင်မှုတချို့ရရှိလာခဲ့တာကြောင့် ကွမ်းမိသားစုကလည်း တဖြည်းဖြည်းလက်ခံခဲ့ကြတယ်။
ဒီတစ်ကြိမ်မှာတော့ သူမက ကွမ်း မိသားစုရဲ့ချွေးမဖြစ်နေပြီဖြစ်လို့ ကွမ်းမိသားစုရဲ့တံခါးဝသို့ ဝင်ရောက်ဖို့ သိပ်ပြီးလွယ်ကူလောက်မလားဆိုတာ မသိနိုင်ဘူး။
သို့သော်လည်း ဇာတ်လိုက်မကတော့ ဇာတ်လိုက်မသာ ဖြစ်နေတုန်းပဲ။
သူမရဲ့ သင်ယူမှုအပေါ် သဘောထားက ဆရာမတစ်ယောက်အနေနဲ့တော့ အမှန်တကယ် ကျေနပ်စေတယ်။
သူမက နားမလည်တဲ့ မေးခွန်းတစ်ခုရှိနေသရွေ့ သူမဆီကို လာမေးမှာဖြစ်ပြီး ဆုဆုကိုတောင် သူမရဲ့ စာလေ့လာရေးအဖွဲ့ဆီကို လာရောက် ရှင်းပြဖို့ ခွင့်ပြုခဲ့တယ်။
ဆုဆုလည်း သူတို့ကို စာသင်ခန်းထဲမှာ ရှင်းပြပေးခဲ့တာကြောင့် အတန်းကို တစ်ကြိမ်ပြီးတစ်ကြိမ် တက်ရောက်ခဲ့ကြတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန် တစ်လကျော်သွားပြီဖြစ်ကာ သူမရဲ့ ထွက်ခွာသွားတဲ့ အမျိုးသားက ပြန်လာသင့်တဲ့အချိန်ကို ရောက်သင့်ပြီ။
တစ်ဖက်လူက ဘယ်တောတောင်တွေကြားကိုသွားနေမှန်း မသိရသလို အဆက်အသွယ်လည်း မရဘူး။ တစ်လအတွင်းမှာ စာတစ်စောင်ကိုသာ လက်ခံရရှိခဲ့ပေလည်း အကြောင်းပြန်ဖို့အတွက် လိပ်စာမပါခဲ့ဘူး။
ဒီတစ်ခေါက်သူ ပြန်လာပြီးတဲ့အချိန်ကျရင် သူ့ကို သေချာပေါက် ဆုံးမရမယ်!
သူ့ကို သုံးရက်လောက် လျစ်လျူရှုထားရမယ်!
ဒါမှမဟုတ် ...နှစ်ရက်လလောက်လား?
ထိုအခိုက်မှာပဲ ရုတ်တရက် စာသင်ခန်းထဲသို့ ဆရာမတစ်ယောက် ပြေးဝင်လာပြီး သူမကို လှမ်းပြောလာတယ်။
“မစ္စဆု.. ကျောင်းအုပ်ကြီးက မင်းကို ရုံးခန်းဆီကို လာခိုင်းလိုက်တယ်.
အရေးကြီးတာ တစ်ခုခုရှိနေတာဖြစ်မယ်”
“နားလည်ပါပြီ”
ဆုဆာ ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ထရပ်ကာ သူမနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ လိုက်သွားခဲ့တယ်။ သို့ပေမယ့် အထဲမှာ စစ်သား သုံးယောက်ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
အသက်ကြီးတဲ့ စစ်သားတစ်ဦးက ထိုင်နေပြီး သူ့ရဲ့နောက်မှာရှိနေတဲ့ စ်သားနှစ်ဦးကတော့ ထိုတစ်ယောက်ရဲ့ လုံခြုံရေးအစောင့်တွေနဲ့ တူတယ်။
ဆုဆုတစ်ယောက် သူမရဲ့အမျိုးသားက မတော်တဆ ထိခိုက်မိတာများလားဆိုတာကို ရုတ်တရက် တွေးလိုက်မိကာ သူမရဲ့ခြေထောက်တွေက ပျော့ခွေသွားရပြီး လဲပြိုကျမသွားအောင် တံခါးဘောင်ကို အမြန်ထိန်းကိုင်လိုက်ရတယ်။
ကျောင်းအုပ်ကြီးကွမ်းက သူမရဲ့မျက်နှာ ရုတ်တရက် ဖြူဖျော့သွားတာကိုမြင်တော့ သူမဆီမှာ စစ်တပ်မိသားစုဝင်တစ်ဦးရှိနေတာကို သတိပြုလိုက်မိပြီး အလျှင်အမြန် လှမ်းပြောလိုက်တယ်။
“မစ္စဆု.. စိတ်မပူပါနဲ့.. ဒီစစ်တပ်ရဲ့ခေါင်းဆောင်က မင်းဆီကို ကိစ္စတစ်ခုအတွက် လာခဲ့တာပါ.. မင်းရဲ့ခင်ပွန်းသည်နှင့် ဘာမှမဆိုင်ဘူး”
ဒီစကားကို ကြားတော့ ဆုဆုလည်း စိတ်သက်သာရာရသွားခဲ့တယ်။
သူမက ရင်ဘတ်ကို ပွတ်သပ်ပြီး အသာလှမ်းပြောလိုက်မိတယ်။
“ဒါက ကျွန်မကို သေလောက်အောင် ကြောက်ရွံ့သွားတာပဲ”
အသက်ကြီးတဲ့ ခေါင်းဆောင်က အံ့သြတကြီးနဲ့လှမ်းမေးလာတယ်။
“သူမက တပ်မတော်မိသားစုဝင်လား”
“ဟုတ်ပါတယ်.. မင်္ဂလာပါ ကျွန်မက ဆုဆုပါ”
ဆုဆု တံခါးကိုပိတ်ပြီး အထဲကို ဝင်လာခဲ့ကာ သူမရဲ့အသံက မကြာခင်တုန်းက ထိတ်လန့်ထားမှုကြောင့် တုန်ယင်နေခဲ့တယ်။
“စစ်သားတစ်ယောက်ရဲ့ ဇနီးသည်ဖြစ်ရတာ မလွယ်ကူဘူး”
တစ်ဖက်မှရဲဘော်လေး ထိတ်လန့်သွားတာကို မြင်လိုက်ရတာကြောင့် ခေါင်းဆောင်ရဲ့ မျက်နှာကလည်း အမူအယာ ပြောင်းလဲသွားခဲ့တယ်။
သူက သူမအတွက် ထိုင်ခုံတစ်လုံးအလျှင်အမြန် ရွှေ့ပြောင်းဖို့ အစောင့်ကို ခိုင်းလိုက်ပြီး လှမ်းပြောလာတယ်။
“ရဲဘော်ဆု.. ဒီမှာလာထိုင်ပါဦး.. စကားပြောရအောင်”
သူ့ကိုကြည့်ရတာ အရင်ကထက် ပိုပြီး ရင်းနှီးလာပုံရတယ်။
“ကောင်းပါပြီ”
ဆုဆု သူမကိုယ်သူမ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်ပြီး ခေါင်းဆောင်ကြီးကို လှမ်းကြည့်ရင်းပြောလိုက်ျယ်။
“ဘာကိစ္စများရှိနေလို့လဲမသိဘူး”
ခေါင်းဆောင်ကြီးက ဆုဆုကို အကဲခတ်ကြည့်လာပြီမှ မေးမြန်းခဲ့တယ်။
“မင်းရဲ့ခင်ပွန်းသည်က ဘယ်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာလဲ”
ဆုဆု ထိုခေါင်းဆောင်ကို ပြန်ကြည့်လိုက်ပြီး သူ့ရဲ့နောက်ခံက အတော်လေး ကြီးမားလောက်ကြောင်းကို ခန့်မှန့်လိုက်မိတယ်။
ဒါကြောင့် စစ်တပ်ထဲမှ လူတွေအကြောင်းကလည်း သူ့အတွက် လျှို့ဝှက်ချက်မဟုတ်လောက်ဘူး။
ဒါပေမဲ့ သူမက ကျောင်းအုပ်ကြီးကွမ်းကို လှမ်းကြည့်ကာ သူ့ဆီမှအကြံကို နားထောင်တုန်းပဲ။
“အဆင်ပါတယ်.. သူက ငါ့ရဲ့အစ်ကိုကြီးပဲ.. သံသယဖြစ်စရာကောင်းတဲ့ လူ မဟုတ်ဘူး”
ဒါဆို ဒီခေါင်းဆောင်က အမျိုးသားဇာတ်လိုက်ရဲ့ အဖေဖြစ်နေတာပဲ။ အံ့သြစရာမဟုတ်တော့ဘူး။
ဒီစာအုပ်ထဲမှာ ဒီအမျိုးသားက ဇာတ်လမ်းတစ်ခုလုံးရဲ့ အထွတ်အထိပ်မှာရှိနေတဲ့လူဖြစ်ပြီး ဘယ်သူကမှ သူ့ကို ကျော်ဖြတ်လို့မရနိုင်ဘူး။ ဒီလောက်ထိ အဆင့်အတန်းကြီးမားတဲ့လူနဲ့တွေ့ဖို့ သူမ မမျှော်လင့်ထားခဲ့ဘူး၊း။
“ဟဲလို.. ကျွန်မရဲ့ အမျိုးသားက XX စစ်တပ်မှာ အမှုထမ်းနေတာပါ.. သူ့နာမည်က လင်းချွမ်လို့ ခေါ်ပါတယ်”
“အဲဒီကလေး လင်းချွမ်လား? သူ ဒီလောက်ထိလှပတဲ့ ဇနီးသည်ကို လက်ထပ်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး.. ငါက အဲဒီကောင်စုတ်လေးကို ဘာမှ မကောင်းဘူးလို့ထင်နေတာ”
ခေါင်းဆောင်ကွမ်းက နှစ်ကြိမ်လောက် ရယ်မောလိုက်တယ်။ ကြည့်ရတာ သူတို့နှစ်ယောက်က ရင်းနီးတဲ့ပုံပဲ။
ဒီချိတ်ဆက်မှုကို စာအုပ်ထဲမှာ မရှင်းပြထားခဲ့ဘူး။ ဒါကြောင့် ဆုဆု အနည်းငယ်လောက်တော့ ရှုပ်ထွေးနေတယ်။
“ကောင်းပြီ.. အစတုန်းကတော့ ပြန်သုံးသပ်ဖို့ လိုနေသေးပေမဲ့ အခု မင်းက စစ်သားတစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီး အဲဒီကလေးရဲ့ ဇနီးသည်ဖြစ်နေမှတော့ အဆင်ပြေသွားပြီ”
သူ စကားပြောပြီးတော့ ကျောင်းအုပ်ကြီးကွမ်းက ဝင်ပြောလာခဲ့တယ်။
“ကျွန်တော် စောစောက ပြောခဲ့သားပဲ.. ပြဿနာမရှိပါဘူးလို့”
? ? ?