← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

အိပ်ခန်းအတွင်းမှာတော့ ဆုဆုက ပိုင်လင်းလင်းရဲ့လက်ကို ဆွဲရင်းနဲ့ မေးလိုက်တယ်။

“နင်  နင့်ရဲ့စိတ်ကို ဆုံးဖြတ်ပြီးသွားပြီလား”

“သူ...သူက  အရမ်း ဖြောင့်တန်းလွန်းနေတယ်.. နောက်ဆုံးတစ်ခေါက်တုန်းက ငါ ဘလိုင်းဒိတ်သွားတွေ့ခဲ့တယ်လို့ ပြောလိုက်တော့ သူက ငါနဲ့အဝေးကိုထွက်သွားပြီး သူ့ဘာသာသူ ဒေါသထွက်နေတာ.. တကယ်ဆို သူလိုက်ချင်တဲ့လူကို နောက်မကျခင်မှာ ဆွဲထားသင့်တာမဟုတ်ဘူးလား”

သူမ ထိုအကြောင်းကိုပြောရင်း ပိုပိုပြီး ဒေါသတကြီးဖြစ်လာရတယ်။  သူက တစ်စုံတစ်ယောက်ကို မလိုက်ခင်ကတည်းက နောက်ဆုတ်သွားချင်နေတာပဲ။

“စစ်သားတွေက ဒီလိုကိစ္စမျိုးတွေမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းစောင့်ထိန်းကြတယ်”

“ငါလည်း သိပါတယ်.. ငါ ငါ့မိဘတွေကို ဒီအကြောင်းတွေကို ပြောပြခဲ့တယ်.. သူတို့က သူ့ကို အသက်နည်းနည်းကြီးနေပြီထင်ပေမဲ့ အရေးကြီးတာက သူတို့တွေ သူကို တွေ့ဆုံဖို့လိုအပ်တယ်တဲ့”

“ ဒါဆို ချန်ယွဲ့ကျင်းရဲ့ မျက်နှာကိုပဲ ဂရုစိုက်စရာလိုတော့မယ်ထင်တယ်”

ချန်ယွဲ့ကျင်းက မျက်နှာပေါ်မှ အမာရွက်က အတော်လေး ကြီးမားနေတယ်။

“ငါ့ရဲ့မိဘတွေက မျက်နှာကိုပဲကြည့်တတ်တဲ့လူတွေ မဟုတ်ဘူး”

သူမ အဲလိုထင်တာပဲ။

“ဘာကိုဆိုလိုတာလဲ?”

ပထမဆုံးအနေနဲ့ မိန်းကလေးဘက်က ဘယ်လိုတွေးတာလဲဆိုတာကို သေချာအောင်လုပ်မှရလိမ့်မယ်။  အချိန်ကျလာမှ မိဘတွေက သဘောမတူဘူးဆိုရင် အဆင်မပြေဘူးလေ။

“ငါထင်တာတော့ ငါတို့ အချိန်နည်းနည်းလောက် ပြောဆိုဆက်ဆံကြည့်တာ ကောင်းမလားလို့”

အခုချိန်မှာ ချစ်ကျွမ်းဝင်တဲ့အတွဲတွေက ခေတ်စားနေပြီး သူမသည်လည်း ထိုကဲ့သို့ ကြုံတွေ့ချင်တယ်။

ဆုဆု သူမရဲ့ စကားကိုကြားပြီးနောက် သက်ပြင်းချလိုက်ပြီး ပြန်ပြောလိုက်တယ်။

“နင်က  စိတ်ကူးယဥ်ဆန်တဲ့အချစ်တွေကို မျှော်လင့်နေတာဆိုရင် ကောင်းတော့ကောင်းတယ်ဆိုပေမဲ့ သူ နင့်ကိုကို စိတ်ဆိုးအောင် မလုပ်ဘူးဆိုရင် အတော်လေးကောင်းနေပြီလို့ တွေးသင့်တယ်..

ငါသာ လင်းချွမ်နဲ့ လက်မထပ်ခင်မှာ သူနဲ့ ချစ်ကြိုက်ခဲ့မယ်ဆိုရင် လမ်းခွဲခဲ့မိမလားပဲ.. ဒါပေမဲ့ အခုတော့ မြန်မြန်ဆန်ဆန်လက်ထပ်ခဲ့မိတာက ဆုံးဖြတ်ချက်မှန်တယ်လို့ တွေးမိတယ်”

သူနဲ့သာ ချစ်သူရည်းစားတွေအဖြစ် ရှိနေခဲ့ရင် သူမ ဒေါသထွက်မိပြီး လမ်းခွဲလိုက်မိမလားမပြောနိုင်ဘူး။  တစ်ဖက်လူက သံလက်စွပ်ကို အပြေးအလွှားသွားယူခဲ့တဲ့အချိန်ကို တွေးလိုက်မိပြီး သူမ အတော်လေးခက်ခဲသလို ခံစားမိတယ်။

“ဘာလို့လဲ?”

ပိုင်လင်းလင်းက ဆုဆုကို မေးလာတာကြောင့် သူမ လက်ကိုဖြန့်ပြီး လက်စွပ်ကိုပြလိုက်တယ်။

“ဒါက ငွေလား ..မဟုတ်ဘူး.. ဒါကဖြစ်ပုံရတယ်…”

သူမ ပြောနေတုန်းမှာ ဆုဆုက  လက်ဖဝါးကို လှန်ပြလိုက်တော့ ပလာယာနှင့် ချိတ်ဆက်ထားတဲ့ အထုံးနေရာကိုတွေ့လိုက်ရတယ်။

“သံလေ.. သံကြိုးနဲ့လုပ်ထားတာ..  အဲဒီတုန်းက ငါ လက်စွပ်လိုချင်တယ်လို့ပြောလိုက်လို့ လင်းချွမ်က ဒါကိုပေးလာတာ”

ဆုဆုရဲ့ စကားကို ကြားပြီးနောက်မှာ ပိုင်လင်းလင်းတစ်ယောက် မထိန်းချုပ်နိုင်စွာ အော်ရယ်လာခဲ့ပြီး အရယ်လွန်ပြီး သေဆုံးသွားတော့မတတ်ဘဲ။

သို့ပေမဲ့လည်း ဆုဆုကတော့ မျက်နှာကို အသာလွှဲလိုက်ရင်း ပြုံးသာ ပြုံးနေခဲ့တယာ။

“ဒါဆို နင်တို့ ဘာလို့မပြောင်းသေးတာလဲ”

ဆုဆု သံလက်စွပ်ကို ထိကိုင်လိုက်ပြီး ပြန်ပြောလိုက်တယ်။

“ဘာလို့လဲဆိုတော့ ဒီလက်စွပ်ကပဲ သူ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လေ”

ဆုဆု လင်းချွမ်ရဲ့လက်မှ လက်စွပ်က ကျည်ဆန်ကို ကာကွယ်နိုင်ခဲ့ကြောင်း ပြောပြလိုက်တယ်။

ထို့နောက်မှာ သူတို့နှစ်ယောက်ရဲ့ မသိစိတ်က ထိုလက်စွပ်ကို ဆက်လက်ထိန်းသိမ်းထားချင်နေခဲ့ကြပြီး ထိုလက်စွပ်ကို အဆောင်တစ်ခုလိုမျိုး သတ်မှတ်လိုက်မိကြတယ်။

ပိုင်လင်းလင်းက ဆုဆုကို အံ့အားသင့်စွာကြည့်လာခဲ့တယ်။

“ငါ  နင့်ကို မနာလိုဖြစ်လာပြီ.. နင် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး သန်မာတဲ့ ယောက်ျားတစ်ယောက်ကို ခင်ပွန်းသည်အဖြစ် လက်ထပ်ယူနိုင်ခဲ့တာလဲ.. ကောင်းပြီ.. ငါ ဆုံးဖြတ်လိုက်ပြီ.. ငါ သူနဲ့ တွေ့ကြည့်မယ်..  သူနဲ့စကားပြောကြည့်လိုက်မယ်”

“ကောင်းတာပေါ့”

ဆုဆု ခေါင်းညိတ်လိုက်ပြီး ပိုင်လင်းလင်းကို ထမင်းစားဖို့ ခေါ်ခဲ့တယ်။  ပိုင်လင်းလင်းက အစတုန်းက သဘောမတူခဲ့ပေမဲ့လည်း နောက်ဆုံးတော့ စားသောက်ဖို့ သဘောတူလိုက်ရတယ်။

ညစာ စားပွဲပေါ်မှာရှိတဲ့ စားချင်စဖွယ်ဟင်းလျာတွေကို မြင်လိုက်ရတော့ သူမက ထပ်ခါထပ်ခါ ချီးမွှမ်းလာတယ်။

လင်းချွမ်က ပြန်ပြောခဲ့တယ်။

“ငါတို့ရဲ့တပ်စခန်းမှာ နေချင်တဲ့သူတွေက ဟင်းကောင်းကောင်းချက်တတ်ရမယ်”

“လူတိုင်း ချက်ပြုတ်နိုင်ကြတာလား?”

“လူတိုင်းချက်နိုင်တယ်”

ဒါဆို ချန်ယွဲ့ကျင်းလည်း ချက်ပြုတ်တတ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား?

ဟင်းချက်မကျွမ်းကျင်တဲ့  ပိုင်လင်းလင်းတစ်ယောက် ပိုလို့တောင် စိတ်လှုပ်ရှားလာခဲ့ပြီး နောက်ဆုံးမှာတော့ စားသောက်ပြီးနောက်မှာ ပျော်ရွှင်စွာနှင့်င့် ပြန်သွားခဲ့လေတယ်။

ဆုဆု ပိုင်လင်းလင်းကို တံခါးဝဆီသို့ လိုက်ပို့ပေးလိုက်ပြီး  လင်းချွမ်ကို  လှည့်မေးလိုက်တယ်။

“ချန်ယွဲ့ကျင်းက တကယ်ချက်တတ်တာလား?”

“မတတ်ဘူး”

လင်းချွမ်က ရိုးသားစွာ ပြန်ဖြေခဲ့တယ်။

မြက်ခင်းပြင်ပေါ်မှာ လဲလျောင်းတာပဲ။ ဒါက လိမ်လည်ပြီးလက်ထပ်တာမဟုတ်ဘူးလား?

“ကိုယ်အခုပဲ ဆေးရုံကိုသွားပြီး သူ့ကို အချက်အပြုတ်သင်တန်းတက်ခိုင်းလိုက်မယ်..  တစ်နေ့ကို မတူညီတဲ့ ဟင်းနှစ်ပွဲလောက် ချက်နိုင်ရင် နှစ်လလောက်ကြာတာနဲ့ စားဖိုမှုးတစ်ယောက်ဖြစ်လာလိမ့်မယ်”

လင်းချွမ်ကတော့ သူက လိမ်ညာနေတာလို့ မခံစားမိဘူး။  ဘာပဲဖြစ်ဖြစ် ဒါတွေကို သင်ယူနိုင်တာပဲလေ။

ဆုဆု တိတ်ဆိတ်သွားရပြီး လင်းချွမ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်တယ် ။

ကောင်းပြီ။ ဒီလူက ပိုပိုပြီး မည်းနက်လာပြီ။

“အဟွတ် .. ကိုယ်က  စစ်တပ်ထဲက အသက်ကြီးနေပြီဖြစ်တဲ့ စစ်သားတွေရဲ့ အိမ်ထောင်ရေး ပြဿနာတွေကိုလည်း ဖြေရှင်းပေးသင့်တယ်လေ”

“အိုး..အိုး..”

ပြသနာကို စက္ကန့်ပိုင်းအတွင်းမှာ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ပြီဆိုပေမဲ့ ချန်ယွဲ့ကျင်းကတော့ ဘယ်လိုမျိုးတွေးမလဲဆိုတာ မသိသေးဘူး။

လင်းချွမ်က လင်းဟိုင်ကိုခေါ်ပြီး အတူပြန်သွားခဲ့တယ်။  ညီအစ်ကို နှစ်ယောက်မှာ တစ်ယောက်က စက်ရုံကို ပြန်သွားခဲ့ပြီး နောက်တစ်ယောက်ကတေား ဆေးရုံကို သွားခဲ့တယ်။

စက်ရုံကိုသွားတဲ့တစ်ယောက်ကတော့ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပြီး ဆေးရုံကိုရောက်လာခဲ့တဲ့တစ်ယောက်ကတော့  ဝရံတာမှာထွက်ပြီး စီးကရက်သောက်နေတဲ့ ချန်ယွဲ့ကျင်းကို တွေ့လိုက်ရတယ်။

“မဖြစ်နိုင်ဘူးဆိုတာ  ငါသိပါတယ်.. သူမက ဘလိုင်းဒိတ်ချိန်းတွေ့နေပြီ”

“လက်လျှော့ဖို့  မတွေးနဲ့ဦး.. ရဲဘော်ပိုင်က မင်းနဲ့ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်တယ်”

“ဘယ်လို?”

ချန်ယွဲ့ကျင်းတစ်ယောက် သူရဲ့ဒဏ်ရာအများစုက သက်သာသွားပြီလို့ ခံစားခဲ့ရတယ်။ သူအခု ချိုင်းထောက်မပါဘဲနဲ့တောင် ဆေးရုံကိုပတ်ပြီး ကီလိုမီတာတစ်ထောင်လောက် ပြေးနိုင်နေလောက်ပြီ။

“အရမ်းမပျော်နဲ့ဦး.. လိုအပ်တဲ့ အခြေအနေတွေ  ရှိသေးတယ်”

“သူမ ဘာပြောခဲ့တာလဲ”

“ပထမဆုံး သူမရဲ့မိဘတွေနဲ့တွေ့ရမယ်”

“ကောင်းပြီ.. ကိစ္စမရှိပါဘူး”

“ဒုတိယအနေနဲ့ ..မင်းက ချက်ချင်းလက်ထပ်လို့မရဘူး..  ချစ်ကျွမ်းဝင်ရဦးမယ်..  နားလည်လား”

ချန်ယွဲ့ကျင်း အနည်းငယ်ရှက်သွားခဲ့တယ်။ သို့ပေမယ့် သူ ယုံကြည်ချက်တော့ရှိနေတယ်။ သူ့ဆီမှာ အကြံဥာဏ်တောင်းနိုင်တဲ့ သူ့ရဲ့ တပ်ရင်းမှူးလင်းချွမ် ရှိနေတယ်လေ။

“ကောင်းပြီ..  ဒါဆို မင်း ငါ့ကို ကိစ္စတချို့လောက်ထပ်ပြီး သင်ပြပေးရမယ်”

“မင်း အရင်တုန်းကလို ငါ့ကိုမရယ်နိုင်တော့ဘူးမလား..  သနားစရာပဲ”

လင်းချွမ်က ချန်ယွဲ့ကျင်းကို ခဏလောက် တွန်းလိုက်ပြီး ဆက်ပြောလိုက်တယ်။

“နောက်ဆုံးအချက်ကတော့ မင်း ဆေးရုံက ဆင်းပြီးတာနဲ့ စစ်တပ်ထဲ ပြန်ဝင်ပြီး ဟင်းချက်သင်တန်းကို သွားပြီး ချက်ပြုတ်နည်းတွေကို သင်လိုက်တော့.. တစ်နေ့ကို ဟင်းနှစ်မျိုးလောက် သင်ယူရမယ်”

“ဒါက အချစ်နဲ့ ဘာဆိုင်လို့လဲ”

သူက ထမင်းချက်မဟုတ်ဘူးလေ။

လင်းချွမ်က သူ ပိုင်လင်းလင်းကို ကြွားလုံးထုတ်ခဲ့တဲ့အကြောင်းကို ပြောပြလိုက်တယ်။

“ငါတို့တပ်ရင်းက စစ်သားတွေဆိုရင် ငါ့မျက်နှာကို ပျက်အောင်လုပ်လို့မရဘူး.. ဒီတော့ ဟင်းချက်နည်းကို သေချာပေါက်သင်ယူရမယ်..  ဒါက မင်းရဲ့တာဝန်ပဲ”

“ကောင်းပြီ.. တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ ကတိပေးပါတယ်”

သူ့ရဲ့ ဇနီးလေးကို လက်ထပ်နိုင်ဖို့ ဟင်းနှစ်မျိုးလောက် သင်ယူရမှာက  ပြဿနာမရှိဘူး။ သူသာ ချက်ပြုတ်တတ်သွားရင်  အနာဂတ်မှာ သူ့ရဲ့ဇနီးလေးအတွက် နေ့တိုင်း ချက်ပြုတ်ပေးနိုင်လိမ့်မယ်။

ဒါတွေက သေချာပေါက် အသုံးဝင်တယ်။

ပိုင်လင်းလင်းကတော့ သူမ အရူးလုပ်ခံနေရမှန်းကို မသိခဲ့ဘဲ နှစ်ဦးနှစ်ဘက် တွေ့ဆုံဖို့ စီစဉ်နေခဲ့ပြီး ဆေးရုံမှာလည်း အလုပ်ဆင်းနေခဲ့ရကာ အလုပ်များနေခဲ့တယ်။  သို့ပေမဲ့လည်း ချစ်မိသွားဖို့အတွက်တော့ ဖြစ်နိုင်နေသေးတုန်းပဲ။

ချန်ယွဲ့ကျင်းက ရဲဘော်ပိုင် သူ့ကို ချစ်ဖို့ ဆန္ဒရှိကြောင်းကို သိရှိပြီးသွားကတည်းက သူ့ရဲ့စိတ်ခံစားချက်က ကောင်းကင်ဘုံကိုရောက်နေသလို ဖြစ်နေရပြီး သူမကို မြင်တွေ့ရတဲ့အချိန်တိုင်းမှာလည်း ရှောင်ပုန်းမနေတော့ဘူး။

သူက ပိုင်လင်းလင်းကိုတောင် ပွင့်ပွင့်လင်းလင်းလိုက်နေခဲ့တယ်။

ဆုဆုနဲ့ လင်းချွမ်တို့ကတော့ ဒီအကြောင်းတွေကို မသိခဲ့ကြဘူး။ သူတို့တွေက ခေါင်းဆောင်ကွမ်းရဲ့ အိမ်မှာ ညစာစားဖို့ ရုတ်တရက် ဖိတ်ကြားခံခဲ့ရပြီး ကျောင်းအုပ်ကြီးကွမ်းကိုယ်တိုင် လာရောက်ဖိတ်ကြားနေခဲ့တာ။

ခေါင်းဆောင်ကွမ်းက သူ့ရဲ့မွေးရပ်မြေမှာ ကျန်ရစ်ခဲ့တဲ့ ကလေးကို ရှာတွေ့ခဲ့တာကြောင့် အလွန်အမင်းပျော်ရွှင်နေပြီး ထိုကလေးက သူတို့နဲ့လည်း ဆွေမျိုးတွေဖြစ်နေတာကြောင့် အခုလိုမျိုး ထမင်းစားဖို့ ဖိတ်ကြားခဲ့တာဖြစ်ကြောင်း ပြောလာတယ်။

လင်းချွမ်က အခြေအနေအကြောင်းကို မေးမြန်းခဲ့ပြီး ပြန်ပြောလိုက်တယ်။

“အဲလိုကိုး”

သူ့အနေနဲ့ လင်းတုံဟဲရဲ့ သားအရင်းမဟုတ်ကြောင်း အထောက်အထားကို သိထားခဲ့ပေမဲ့လည်း နှစ်ပေါင်းများစွာ ဘာတစ်ခုမှမပြောခဲ့ဘူး။ အဆုံးမှာ သူ့ဦးလေးရဲ့မိသားစုက လင်းတုံဟဲကို သားအရင်းလို့ မှတ်ယူထားခဲ့တာလေ။

ကျောင်းအုပ်ကွမ်းက ပြုံးလိုက်ပြီး :

“ငါတို့မိသားစုနှစ်စုက အခုလို ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိလာဖို့ မမျှော်လင့်ထားခဲ့ဘူး..ဒီအကြောင်းကိုပြောရရင် ငါတို့ရဲ့ကွမ်း မိသားစုက မင်းတို့ လင်းမိသားစုကို ကျေးဇူးတင်ရမယ်”

ဘေးမှာရှိနေတဲ့ ဆုဆုက ပြုံးနေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူမက ဇာတ်ကွက်တွေအကြောင်းကို စဥ်းစားနေခဲ့တယ်။

ကွမ်းမိသားစုက အမှန်တကယ်ပင် ကျေးဇူးတင်ခဲ့ပေမဲ့ သူတို့က  ဦးလေးလင်းနှင့် သူတို့ရဲ့မိသားစုကို ပိုက်ဆံနဲ့သာ တန်ဖိုးဖြတ်ခဲ့ပြီး လင်းတုံဟဲကို သူတို့ရဲ့မိသားစုနှင့် လမ်းခွဲစေချင်ခဲ့တယ်။

အမှန်ပဲ။ ကွမ်းမိသားစုရဲ့ ထိုထိပ်တန်းစုံတွဲက ဒီလိုမျိုးလုပ်ခဲ့တယ်ဆိုတာကို လူတွေက မယုံကြည်နိုင်ခဲ့ကြဘူး။

အဆုံးမှာ သူတို့နှစ်ယောက်က အလွန်ကျိုးကြောင်းဆီလျော်တဲ့သူတွေဖြစ်ခဲ့ကြပေမဲ့ ကွမ်းမိသားစုမှ အဘွားကတော့ လင်းတုံဟဲကို သိပ်ပြီး ကြိုက်နှစ်သက်ခြင်းမရှိခဲ့တာပဲ။

သူမက လင်းမိသားစုမှ သူတို့ရဲ့ မိသားစုကို အခွင့်ကောင်းယူဖို့အတွက် သေချာပေါက် ရောက်ရှိလာလိမ့်မယ်လို့ တွေးတောခဲ့တယ်လေ။

စာရေးသူမှာ ပြောစရာရှိပါတယ်:

ဆုဆု: အရမ်းခက်ခဲတာပဲ

လင်းချွမ်: ဘာကိစ္စရှိလို့လဲ

ဆုဆု : အိမ်ထောင်ပြုဖို့ အလျင်လိုနေတဲ့ ယောက်ျားတွေရှိနေရင် ဘယ်လိုလုပ်ရမလဲ။

လင်းချွမ် : ဘာပဲဖြစ်ဖြစ်ပေါ့..   အလျင်လိုနေတဲ့သူက ကိုယ်မှ မဟုတ်တာ။

**

All Chapters