အခန်း (၁၁၂)
Vol. 12 Ch. 112
လင်းချွမ်ရဲ့အလုပ်က ပိုပြီးအရေးကြီးပုံရတယ်။
ဆုဆုတစ်ယောက် လမ်းလျှောက်လာရင်းနဲ့ သူမရဲ့ ခင်ပွန်းသည်က အလွန်ချောမောလွန်းကြောင်း တွေးတောလိုက်မိတယ်။
သို့ပေမဲ့ သူမ ရပ်စောင့်နေရင်းနဲ့ ခင်ပွန်းသည်ကို ပြန်ကြည့်မိလိုက်ပြန်တယ်။
အိုး.. အရမ်းချောမောလွန်းတယ်!
အထူးသဖြင့် သူအလုပ်လုပ်နေတုန်းမှာ ပိုပြီးတော့တောင် ချောမောသေးတယ်။
ဒီလောက်ထိ လူတွေအများကြီးကြားထဲမှာ သူမ သူ့ကိုဘယ်လိုလုပ်ပြီး တိုက်ရိုက်ရှာတွေ့ကာ မှတ်မိနေလဲဆိုတာကို လာမမေးကြနှင့်။ သူမကိုယ်တိုင်လည်း ဘာကြောင့်လဲဆိုတာကို မသိဘူး။
ခဏလောက်ကြာတော့ နိုင်ငံခြားမှ ပညာရေးဖလှယ်ရေးအဖွဲ့ဝင်တချို့ကလေယာဉ်ပေါ်ကနေ ဆင်းလာခဲ့ကြတယ်။
သူတို့အားလုံးက ကောင်းမွန်စွာ ဝတ်ဆင်ထားကြပြီး အချို့က ရွှေရောင် ဆံပင်ရှည်သချို့ရှိကြကာ အကုန်လုံးကတော့ တော်တော်လေးကို ချောမောကြတဲ့လူငယ်တွေတွေပဲ။
နိုင်ငံခြား စစ်ယူနီဖောင်းတွေကလည်း ကြည့်ကောင်းပြီး သူတို့တွေက ဓားတွေကိုပါ သယ်ဆောင်ထားကြတယ်။
တကယ်လို့ သာမာန်လူတွေသာ အခုလိုမျိုး နိုင်ငံခြားသားတွေ အများကြီးကို ရုတ်တရက်တွေ့လိုက်ရရင် ထိတ်လန့်သွားကြလိမ့်မယ်။
လင်းချွမ် သူ့ရဲ့ဇနီးလေးကို ပထမဆုံး လှည့်ကြည့်လိုက်တယ်။ သို့ပေမယ့် သူမက အလွန်ငယ်ရွယ်နေသေးတာတောင် အံ့သြထိတ်လန့်တဲ့အမူအယာမျိုး ပြသမလာခဲ့ဘူး။
သူမက တစ်ဖက်လူတွေနဲ့ စိတ်ပါလက်ပါ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး အတော်လေး စိတ်အေးလက်အေးရှိပုံရတယ်။
ဒီပညာရေးဖလှယ်မှုမှာ တပ်မတော်ထဲမှ လူအချို့သာမကပဲ တချို့သောနေရာတွေရဲ့ ခေါင်းဆောင်တချို့သည်လည်း ရှိနေခဲ့ပြီး သူတို့ရဲ့ နောက်ခံတွေကလည်း မနိမ့်ကျလောက်ဘူး။
ဆုဆုက သူတို့ရဲ့ကြားထဲမှာ ရှိနေခဲ့ပေမဲ့ သူတို့ထက် အားနည်းနေသလိုမျိုး မထင်ရဘူး။ ဆန့်ကျင်ဘက်အားဖြင့် သူမရဲ့ သေးငယ်တဲ့ မျက်နှာလေးပေါ်မှာ သာမန်လူတွေမှာမရှိနိုင်တဲ့ ယုံကြည်ချက်ရှိမှု အရိပ်အယောင်တွေကသာ လွှမ်းမိုးနေခဲ့တယ်။
“ငါတို့မရီးက အံ့သြစရာပဲ”
ချန်ယွဲ့ကျင်း ပြောလိုက်တဲ့အချိန်မှာ တတိယတစ်ယောက်က ကြားသွားခဲ့ပြီး ဒီအချိန်ကျမှ အနီရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ မိန်းကလေးက သူတို့ရဲ့ မရီးဆိုတာကို သိသွားခဲ့တယ်။
သူတို့တွေ အလွန် စည်းကပ်တကျနဲ့ တင်းတင်းကြပ်ကြပ်မတ်တပ်ရပ်နေတာကိုပဲ မကြည့်နဲ့။ သူတို့ရဲ့မျက်လုံးတွေ သူတို့တန်းစီနေတဲ့ရှေ့ကနေ ကျော်ဖြတ်သွားတဲ့ ဒီနေရာမှ တစ်ဦးတည်းသောမိန်းကလေးကို လိုက်ကြည့်နေခဲ့ကြသလို ထိုမိန်းကလေးက အလွန် စွမ်းအားကြီးမားကြောင်းကိုလည်း အသိအမှတ်ပြုခဲ့ကြတယ်။
အခုချိန်မှာတော့ ထိုအစွမ်းထက်လွန်းတဲ့ မိန်းကလေးက သူတို့ရဲ့မရီး ဆုဆုဖြစ်ကြောင်းကို သိလိုက်ရပြီ။
အိုက်ယား။ သူတို့ကတော့ သူတို့ရဲ့မျက်နှာတွေ ကင်းကင်ကြီးနဲ့ ထိကပ်တော့မလိုတောင် ခံစားနေရပြီ။
ဂုဏ်ယူစရာကောင်းချက်ပဲ!
သူ့ရဲ့ မျက်လုံးတွေက မရီးဖြစ်သူရဲ့ လှုပ်ရှားမှုနောက်ကို လိုက်ကြည့်နေခဲ့တယ်။
သူမက ခေါင်းဆောင်ကွမ်းရဲ့ အနောက်မှာလိုက်ပါလာတဲ့လူတွေက ဘယ်လောက်အရေးကြီးလဲဆိုတာကို သိထားပုံရပြီး နိုင်ငံခြားသားတွေရဲ့ စကားလုံးတွေကို သူ့အတွက် လေးလေးနက်နက်အမူအယာနှင့် ဘာသာပြန်ဆိုနေခဲ့ကာ သူမရဲ့နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်မှုတွေကိုလည်း မြင်တွေ့နေရတယ်။
ခဏလောက်ကြာတွင် လူတိုင်းက ကားပေါ်သို့ တက်သွားခဲ့ကြတယ်။ အစောင့်အကြပ်နှစ်ဦးနှင့် အရေးကြီးပုဂ္ဂိုလ်နှစ်ဦးက ကားတစ်စီးတည်းမှာ အတူစီးနင်းရလိမ့်မယ်။
နိုင်ငံခြားသားသူငယ်ချင်း နှစ်ယောက်က ရှေ့အစီးမှာ စီးပြီး မစ်စတာကွမ်းကတော့ ဆုဆုစီးလာခဲ့တဲ့ ကားပေါ်သို့တက်သွားခဲ့ကာ ဆုဆုသည်လည်း သူ့ရဲ့ ဘေးနားမှာ အတူ လိုက်ဝင်လာခဲ့ရတယ်။
အစောင့်အကြပ်တွေအဖြစ် သူတို့ရဲ့ဘေးကနေလိုက်တက်လာခဲ့တဲ့လူတွေကတော့ တစ်ယောက်က လင်းချွမ်ဖြစ်ပြီး ကျန်တစ်ယောက်က ချန်ယွဲ့ကျင်းပဲ။
အလုပ်ချိန်အတွင်းမှာဖြစ်တာကြောင့် ငယ်ရွယ်တဲ့ ဇနီးနောင်နှံနှစ်ယောက်က စကားတစ်ခွန်းမှ မပြောခဲ့ကြဘဲ တစ်ယောက်နဲ့တစ်ယောက် တစ်ချက်လောက်သာ စိုက်ကြည့်ကာ အကြည့်လွှဲလိုက်ကြတယ်။
လင်းချွမ်ရဲ့အလုပ်က မျက်လုံးတွေကို လျင်လျင်ဖွင့်ထားရမှာဖြစ်ပြီး အပြင်ဘက်နှင့်ဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအားလုံးကို အာရုံစိုက်ရန်လိုအပ်တယ်။
ဒါကြောင့် ဆုဆုက မစ်စတာကွမ်းကိုသာ ဘာသာပြန်ဖို့ ကူညီပေးနေကာ သူ့ကို လုံးဝ မနှောင့်ယှက်ခဲ့ဘူး။
ခေါင်းဆောင်ကွမ်းက ဒါကိုအတော်လေး သဘောကျတယ်။
လင်းချွမ်က သူအချစ်ဆုံး စစ်ဗိုလ်တစ်ယောက်ဖြစ်ပြီး ဒီကလေးကို အချိန်အတော်ကြာကတည်းက ရာထူးမြှင့်တင်ပေးချင်နေခဲ့တာ။
အစတုန်းကတော့ သူသိပ်ပြီး မတည်မငြိမ်ဖြစ်နေလောက်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ သူ့ရဲ့အတွေးတွေမှားသွားကြောင်းကို သိလိုက်ရပြီ။
သူ ဘယ်လောက်ထိ တည်ငြိမ်နေလဲ ဆိုတာကို ကြည့်လိုက်လေ။ သူ့ ဇနီးသည်က အရှေ့မှာရှိနေတာတောင် တစ်ယောက်နှင့်တစ်ယောက် အသိအမှတ်မပြုခဲ့ကြဘဲ အလုပ်ကိုသာ အာရုံစိုက်နေခဲ့ကြတယ်။ တကယ့်ကို စိတ်ကျေနပ်စရာပဲ။
ပိုပြီး ကျေနပ်စရာကောင်းတာက သူလက်ထပ်ထားတဲ့ ဇနီးသည်က သူ့ခင်ပွန်းရဲ့အလုပ်ကို ကောင်းကောင်းကြီး နားလည်နေတာပဲ။
သူမက သူ့ရဲ့အလုပ်ကို နှောင့်ယှက်ဖို့အတွက် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ သူမရဲ့အလုပ်ကိုသာ အရမ်းဆုံးကြိုးစားနေခဲ့တယ်။
ဒါက ဘယ်လိုနတ်သမီးပုံပြင်ထဲကစုံတွဲမျိုးလဲ။
ဒီလို ဇနီးမျိုးကိုရှာတွေ့ထားတာကကို ရာထူးတိုးပေးဖို့ ထိုက်တန်နေပြီ။
စစ်သားတစ်ယောက်ရဲ့ ဇနီးသည်ဆိုတာ စစ်တပ်ရဲ့မိသားစုဝင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကို စိတ်ဒုက္ခမပေးဘဲ လိုအပ်ချက်တွေကို ကူညီပေးနိုင်တဲ့ စပ်တပ်ရဲ့ခယ်မတစ်ယောက်ရှိတာက အတော်လေး စိတ်အေးချမ်းသာမှုပေးစေလိမ့်မယ်။
ငယ်ရွယ်တဲ့ ဇနီးမောင်နှံကတော့ ခေါင်းဆောင်ကွမ်းတစ်ယောက် ဘာတွေတွေးနေလဲဆိုတာကို မသိကြဘူး။
အတူထိုင်နေကြတဲ့အချိန်မှာ ဆုဆုက သူမရဲ့လက်ချောင်းလေးတွေကိုဆန့်ထုတ်ပြီး တခြားလူတွေ ဂရုမစိုက်တဲ့အချိန်တွေမှာ ထိုလက်ချောင်းတွေနှင့် ခင်ပွန်းသည်ဖြစ်သူရဲ့ ပေါင်ကို
တို့လိုက်ထိလိုက်နှင့် တိုက်ခိုက်နေခဲ့တယ်။
လင်းချွမ်ကတော့ တည်ငြိမ်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေခဲ့ကာ သေနတ်ကို လက်နှစ်ဖက်နဲ့ ဆုတ်ကိုင်ရင်း အသံမထွက်မိအောင် ထိန်းသိမ်းနေခဲ့ရတယ်။
တစ်ဖက်မှာရှိနေတဲ့ ချန်ယွဲ့ကျင်းတစ်ယောက် အနောက်ဘက်ကို စစ်ကြည့်ဖို့အတွက် ဘေးကို လှည့်လိုက်ချိန်မှာ ထိုလှုပ်ရှားမှုကို မြင်တွေ့သွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းလုနီးပါး ဖြစ်သွားရတယ်။
စိတ်ထဲမှာတော့ အော်ဟစ်နေခဲ့လေရဲ့:
တပ်ရင်းမှူး! ဒီတာဝန်ချိန်အတွင်းမှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို နှောင့်ယှက်ခဲ့မယ်ဆိုရင် ပြိုင်ဘက်ကို ချက်ချင်းပဲချုပ်နှောင်ရမယ်လို့ မင်းကိုယ်တိုင် အမိန့်မထုတ်ထားခဲ့ဘူးလား! အခု အမိန့်အတိုင်း မလှုပ်ရှားတာက မင်းကိုယ်တိုင်ဖြစ်နေပြီနော်!
မင်းရဲ့မျက်နှာက မပြောင်းလဲဘူးဆိုပေမယ့် မင်းရဲ့ဘောင်းဘီက ပြောင်းလဲနေပြီ။ ကျေးဇူးပြုပြီး အောက်ကို အရင်ကြည့်လိုက်ဦး!
သေချာတာပေါ့။ လက်အောက်ငယ်သားကောင်းတစ်ယောက်အနေနဲ့ သူဘာမှ မပြောခဲ့ဘူး။ အခုက သူတို့တွေ အလုပ်ချိန်ထဲမှာ ရှိနေတာလေ။
ဒါကြောင့် ကားပေါ်ကနေ ဆင်းလိုက်တဲ့အချိန်မှာ ကားပေါ်ကနေ သူ ပထမဆုံး ဆင်းသွားခဲ့တယ်။ ပြီးမှ ခေါင်းဆောင်ကိုဆင်းဖို့ လမ်းပြပေးကာ သူ့ရဲ့နောက်မှ ဆုဆုလိုက်လာပြီး နောက်ဆုံးမှာ ဆင်းလာတာက လင်းချွမ်ပဲ။
ချန်ယွဲ့ကျင်း တီးတိုးမေးလိုက်တယ်။
“မင်း အဆင်မပြေဘူးလား”
လင်းချွမ် သူ့ကို ပုခုံးနှင့်တွန်းတိုက်ပြီး အရှေ့သို့ လျှောက်သွားခဲ့တယ်။ သို့ပေမယ့် သူ့ရဲ့နှလုံးသားထဲမှာ မျက်ရည်တွေ စီးကျနေပြီ:
မှိုပွင့်လေးက မြေကြီးပေါ်ကိုဖောက်ထွက်ချင်နေပြီ!
ဒါပေမယ့် ဖြောင့်မတ်စွာမတ်တတ်ရပ်နေခဲ့တဲ့ ဇနီးသည်ရဲ့ နောက်ကျောကိုကြည့်ရင်း ဒီညတော့ သူမနှင့် တကယ်ကို ဖြေရှင်းချင်ရင်တောင် မဖြစ်နိုင်ဘူးဆိုတာကိုတွေးနေခဲ့တယ်။
ဒီညမှာ သူ့ရဲ့ ဇနီးသည်က အိမ်ထဲမှာ အိပ်နေမှာဖြစ်ပြီး သူကတော့ အပြင်မှာ ရပ်စောင့်နေရလိမ့်မယ်။ ဒီလိုတွေးလိုက်မိတော့ ပိုလို့တောင် အဆင်မပြေတော့ဘူး။
သူတကယ်ကြီး ခေါင်းဆောင်ဆီကို သူ့ရဲ့ဇနီးသည်ကို အနီးကပ်ဆုံးနေရာမှာ အကာအကွယ်ပေးပြီးစောင့်ရှောက်လိုကြောင်း သွားပြောလိုက်ချင်တယ်။ ဒါပေမယ့် ဒီလိုသာ ပြောရင် နေရာမှာပဲ အကန်ထုတ်ခံရနိုင်တယ်။
ဘာပဲဖြစ်ဖြစ် စည်းမျဉ်းတွေကို လိုက်နာကြတာပေါ့။
သူ့နှလုံးသားက ဘယ်လောက်ပဲ ဆိုးဆိုးရွားရွားခံစားနေရပါစေ သူ့ရဲ့အသွင်အပြင်ကတော့ အလွန်စည်းကမ်းတကျရှိနေတုန်းပဲ။
ပညာရေး ဖလှယ်ရေးအဖွဲ့ကို ကြိုဆိုပြီးနောက် ခင်မင်ရင်းနှီးစွာ ထမင်းအတူစားသောက်ခဲ့ကြတယ်။ ပြီးနောက် လင်းချွမ်နှင့် အခြားသော လုံခြုံရေးအစောင့်တွေက ဘာသာပြန်တွေနှင့် တခြားလူတွေရဲ့ တည်းခိုနေထိုင်ရန်အဆောင်တွေကို စီစဥ်ပို့ဆောင်ပေးခဲ့ကြတယ်။
ဆုဆုက အကျယ်ဆုံးအခန်းကို ရရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမက တစ်ဦးတည်းသော အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် သဘာဝကျစွာနဲ့ သူမကို ပိုပြီး ဂရုစိုက်ပေးခဲ့ကြတယ်လေ။
ဒါက လက်ရှိမှာ တရုတ်နိုင်ငံရဲ့ အကောင်းမွန်ဆုံးသော ဇိမ်ခံဟိုတယ်ကြီးဖြစ်နိုင်တယ်။
ခုတင်ကလည်း ကြီးမားသလို၊ တီဗွီတွေပါရှိပြီး ရေချိုးခန်းထဲမှာလည်း ရေပန်းတွေပါ တပ်ဆင်ထားခဲ့တယ်။ ဒါက တကယ်ကို မဆိုးဘူး။
ဆုဆု အိတ်ကို ချလိုက်ပြီးတာနဲ့ ရေချိုးခန်းထဲကို ပြေးဝင်သွားခဲ့ပြီး ရေချိုးအရင်ဆုံးချိုးလိုက်တယ်။ ကံဆိုးတာကတော့ အခုချိန်မှာ သူမရဲ့နောက်ကျောကို တိုက်ပေးဖို့ လူရှိမနေခဲ့ဘူး။
သို့ပေမယ့် သူမက နောက်ကျောကို ပွတ်တိုက်နိုင်တဲ့ မျက်နှာသုတ်ပုဝါကို ယူလာခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ်ဘာသာကိုယ် တိုက်ချွတ်ဆေးကြောလိုက်နိုင်တယ်။ သူမရေချိုးခန်းထဲမှ ထွက်လာချိန်မှာ ပင်ပန်းနွမ်းနယ်နေမှုတွေတောင် ပျောက်ကွယ်သွားရပြီ။
ဒါက အရမ်းမိုက်တာပဲ။ ရေဇလုံထဲကို ရေထည့်ပြီးချိုးရတာထက် အများကြီး ပိုကောင်းသေးတယ်။ အထူးသဖြင့် ရေက နွေးနေခဲ့ပြီး တကယ့်ကို စိတ်ကျေနပ်စရာပဲ။
ရေချိုးပြီးနောက်မှာ ဆုဆု ရေတစ်ခွက်သောက်ပြီး စိတ်ကျေနပ်စရာကောင်းလွန်းတဲ့ ခုတင်ပေါ်မှာ လှဲအိပ်လိုက်တယ်။
ဒီကိစ္စက ရက်အနည်းငယ်လောက်ကြာမြင့်လောက်ကြောင်း သူမ သဘောပေါက်ခဲ့ပြီး ပစ္စည်းတွေ အစုံအလင်တစ်ပါတည်း ထည့်ယူလာမိတာ ကံကောင်းတာပဲ။
အချိန်က ည ရှစ်နာရီခွဲနေပြီဖြစ်လို့ သူတို့တွေ ဘာသာပြန်ဖို့ ထပ်ပြီး မတောင်းဆိုလောက်တော့ဘူးလို့ ထင်ရတယ်။
ဆုဆု ထိုသို့ တွေးတောပြီးနောက် ညအိပ်ဝတ်စုံပြောင်းဝတ်ပြီး အိပ်ယာဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
သို့ပေမဲ့ သူမ အဝတ်အစားလဲပြီးမကြာခင်မှာပဲ တစ်စုံတစ်ယောက်က တံခါးလာခေါက်လိမ့်မယ်လို့ ဘယ် ထင်ခဲ့ပါ့မလဲ။
သူမအတွက် အလုပ်တာဝန်ရှိလာတာလို့ ထင်ခဲ့မိတာကြောင့် ဆုဆု တံခါးကို အမြန်ဖွင့်လိုက်ပေမဲ့လည်း တံခါးအပြင်ဘက်မှာ ပုံမှန်အဝတ်အစားဝတ်ပြီး ရပ်နေတဲ့ လင်းချွမ်ကိုတွေ့လိုက်ရလေတယ်။
ဆုဆု အနည်းငယ် အံ့သြသင့်စွာနှင့် မေးလိုက်တယ်။
“ကျွန်မကို လာဖို့ ခေါ်မလို့...”
“အလုပ်ကိစ္စအတွက်လာတာ မဟုတ်ဘူး”
“???”
အလုပ်ကိစ္စ မဟုတ်ဘူးလား?
ဆုဆုအနေနဲ့ လင်းချွမ်က အလွန်အမင်း လေးနက်လွန်းတဲ့သူဖြစ်ပေမဲ့ တစ်ခါတလေမှာတော့ အလွန်အမင်း တဲ့တိုးဆန်တယ်ဆိုတာကို သိထားခဲ့တယ်။
ဥပမာ- အခု သူပြောခဲ့သလိုပဲ။ သူတကယ်ပဲ အလုပ်ကိစ္စလာလုပ်တာမဟုတ်ဘူး.. ထို့အစား..
“လူဆိုးကောင်.. ရှင်အလုပ်ချိန်အတွင်းမှာ ရှိနေတာမဟုတ်ဘူးလား။ အလုပ်မလုပ်ပဲ ဒီကို ဘာလာလုပ်နေတာလဲ”
“ခေါင်းဆောင်က ကိုယ့်ကို ခွင့်တစ်ညပေးလိုက်တယ်.. စိတ်မပူပါနဲ့.. တံခါးအပြင်မှာ ဘယ်သူမှ မရှိဘူး.. ဒီည မင်းက ကိုယ့်ရဲ့အနီးကပ် အကာအကွယ်အောက်မှာ ရှိနေမှာ”
“ လူဆိုးကောင်”
ဆုဆု သူ့ကိုထုရိုက်ခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူး။
လင်းချွမ်က သူ့ရဲ့ အကျိုးခံစားခွင့်တွေကို အရင် ရယူခဲ့ပြီးမှ ဇနီးသည်ကို ပြန်လည် ဆေးကြောသန့်ရှင်းလိုက်တယ်။
ပြီးမှသာ သူမရဲ့ တာဝန်ကိစ္စအကြောင်းကို မေးမြန်းခဲ့တယ်။
ဆုဆု သူ့ကို စိုက်ကြည့်ရင်း သူမရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုရပြီးနောက် အချိန်ပိုအလုပ်အကြောင်းကို ပြောပြခဲ့တယ်။
“ကျွန်မ ထုတ်ဖော်မပြောတဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တယ်.. ဒါကြောင့် ရှင့်ကို ဘာမှ မပြောပြနိုင်ဘူး”
“...”
မင်းမပြောချင်ရင်လည်း မပြောနဲ့ပေါ့။ လင်းချွမ်က အဲဒါတွေကို ဂရုမစိုက်ဘူး။ သို့သော်လည်း ချီးကျူးစကားကို ပြောနေတုန်းပဲ။
“ကိုယ့်ရဲ့ ဇနီးလေးက အရမ်းအင်အားကြီးတယ်”
“ကျွန်မ ဒေါ်လာသုံးရာရမှာ.. ကျွန်မ ပိုက်ဆံတွေဆုပြီး အိမ်တစ်လုံးဝယ်ချင်တယ်”
“ကောင်းပါတယ်.. ဒါပေမယ့် ဒီအလုပ်က အရမ်းအန္တရာယ်များတယ်။”
“အန္တရာယ်ရှိမှာလား?”
“စိတ်မပူပါနဲ့ မင်းကိုကာကွယ်ဖို့ ကိုယ်အစွမ်းကုန်ကြိုးစားပေးမယ်”
ဆုဆု အနည်းငယ် စိတ်ပူသွားရတယ်။ သို့ပေမယ့် လင်းချွမ်က သူမရဲ့ ဘေးနားမှာရှိနေမယ်ဆိုတာကို တွေးမိတော့ သိပ်မကြောက်တော့ဘူး။
ဒါ့အပြင် ဒီတစ်ကြိမ်မှာရောက်လာတဲ့ ပညာလဲလှယ်ရေး အဖွဲ့သားတွေ အများစုသွားမဲ့နေရာတွေက စစ်တပ်နေရာတွေနဲ့ နောက်ထပ် ဆင်တူတဲ့ အင်အားကြီး နေရာအသီးသီးကိုပဲ။
ဘယ်သူကများ ဒီလောက်ထိ ဒုက္ခအရောက်ခံပြီး တုံးအတဲ့အရာတွေ လုပ်နေမှာလဲ။
နောက်ပြီး စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် အမျိုးသားအရံဇာတ်ကောင်က စစ်တပ်မှာ အတော်လေး အင်အားကြီးတဲ့အကြောင်းကိုဖော်ပြထားတယ်လေ။ ဒါကြောင့် ကြောက်ရွံ့နေစရာမလိုဘူး။
**