အခန်း (၁၁၃)
Vol. 12 Ch. 113
ဘယ်လိုပဲဖြစ်ဖြစ် ဆုဆုတစ်ယောက် ဒီညမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့တယ်။
နောက်နေ့မနက်မှာတော့ သူမကို လင်းချွမ်က နှိုးလာခဲ့ပြီး သူက အဝတ်အစားတွေ အလျှင်အမြန်ဝတ်နေရင်း ထွက်သွားဖို့လုပ်နေခဲ့တယ်။
“ ကိုယ် အရှေ့ကနေကြိုသွားပြီး သတင်းပို့ရမယ်.. အဲဒီကောင်လေးတွေဆီကနေ ဖမ်းမိသွားလို့ မဖြစ်ဘူး ဒီမှာ...”
သူက တံခါးကိုဖွင့်ရင်းနဲ့ အပြင်ကို ခဏလောက်စိုက်ကြည့်ကာ အားပြင်းပြင်းနဲ့ ပြန်ပိတ်လိုက်လေတယ်။
ဆုဆု အဝတ်အစားတွေဝတ်နေရင်းလှမ်းမေးလိုက်တယ်။
“ဘာဖြစ်တာလဲ”
“အဆင်ပြေပါတယ်”
သူ အခန်းထဲကို ပြန်ဝင်သွားခဲ့ပြီး သူ့ရဲ့ ဇနီးသည် အဝတ်အစားဝတ်ဆင်ပြီးနောက် နူးညံ့ချောမွေ့တဲ့ ဆံပင်ရှည်များကို ကောင်းမွန်စွာကျစ်ထားတဲ့ ကြိုးနှင့် စည်းနှောင်နေတာကို ကြည့်လိုက်တယ်။
“အမ်.. မင်းသူတို့နဲ့ တွေ့သင့်တယ်ထင်တယ်”
“ဟမ်?”
ဆုဆု တစ်ဖက်လူရဲ့စကားကို ပြန်မေးဖို့ လုပ်နေချိန်မှာပဲ လင်းချွမ်က တံခါးကို ပြန်သွားဖွင့်လိုက်တာကို တွေ့လိုက်ရလေတယ်။
ရလဒ်အနေဖြင့် အပြင်ဘက်မှာရပ်နေတဲ့ စစ်သားတစ်ဒါဇင်လောက်ကို တွေ့လိုက်ရတယ်။
သူတို့တွေက ဆုဆုကိုမြင်တာနဲ့ စစ်တပ်အတွင်း အလေးပြုနည်းနဲ့ စနစ်ကျစွာ အလေးပြုလာကြပြီး လှမ်းအော်နှုတ်ဆက်လာကြတယ်။
“မရီး!”
“တိတ်တိတ်နေကြစမ်း! ဒါက စစ်တပ်ထဲမှာ မဟုတ်ဘူး”
လင်းချွမ် လေးနက်စွာ ပြောလိုက်တော့ လူတိုင်းက သူတို့ရဲ့ ပါးစပ်ကို လက်နဲ့ဖုံးအုပ်လိုက်ကြတယ်။
ဆုဆုတစ်ယောက် အစပိုင်းမှာ လန့်ဖျပ်သွားရပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ မရယ်ဘဲမနိုင်ခဲ့ဘူး။
သူမက အခန်းထဲကို အမြန်ပြန်ဝင်သွားလိုက်ကာ သူမရဲ့အိတ်ကပ်ထဲမှ သကြားလုံးလက်တစ်ဆုပ်စာကို ထုတ်ယူလာခဲ့ရင်း ပြောလိုက်တယ်။
“မြန်မြန်ယူပြီးစားလိုက်.. ငါတို့လက်ထပ်တဲ့အချိန်တုန်းက မင်းတို့ကို သကြားလုံးစားဖို့ မဖိတ်ခဲ့ရဘူး”
သူမ ဒါတွေကိုအိတ်လေးထဲမှာ အချိန်အတော်ကြာအောင် ပြင်ဆင်ထားခဲ့ပေမဲ့ ဒီနေ့အထိ အသုံးမပြုနိုင်ခဲ့သေးဘူး။
ထိုစစ်သားတွေအားလုံးက သကြားကိုယူကာ တညီတညာတည်းပြောလာကြတယ်။
“ကျေးဇူးတင်ပါတယ် မရီး!”
“အခု မြင်ဖူးသွားပြီမလား.. မြင်ဖူးပြီးသွားရင် အလုပ်ပြန်သွားဖို့ ပြင်ဆင်ကြတော့”
လင်းချွမ်က အလျှင်အမြန်မောင်းထုတ်လိုက်ပြီး သူ့ရဲ့မျက်နှာကတော့ လေးနက်လွန်းနေခဲ့တယ်။
သူတို့က လင်းချွမ်ကို အမှန်တကယ်ကြောက်လန့်ပုံရပြီး ဆုဆုကို ရယ်မောရင်း လက်ပြနှုတ်ဆက်ခဲ့ကြကာ အလျှင်အမြန်ထွက်ပြေးသွားခဲ့ကြတယ်။ ကြည့်ရတာ တကယ့်ကို ချစ်စရာကောင်းတဲ့ တပ်ဖွဲ့ဖြစ်ပုံပဲ။
“ရှင့်ရဲ့စစ်သားတွေက ချစ်စရာကောင်းတယ်.. စကားမစပ်.. ကျွန်မရဲ့ပုံစံက အဆင်ပြေရဲ့လား”
မကြာခင်တုန်းက အလောတကြီးဖြစ်ခဲ့တာကြောင့် သူမရဲ့ပုံရိပ်ကို ဂရုမစိုက်လိုက်မိဘူး။
“အဆင်ပြေပါတယ်”
လင်းချွမ်က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ပြောလာတယ်။
“ဒါဆို ကိုယ် ထွက်သွားတော့မယ်.. မင်း ကိုယ်လက်သန့်စင်လိုက်တော့လေ.. အလုပ် အရမ်းကြီး အပင်ပန်းမခံနဲ့”
ထို့နောက်မှာတော့ သူလည်း အလျှင်အမြန်ထွက်ပြေးသွားခဲ့တယ်။
ဆုဆု တံခါးကိုပြန်ပိတ်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ သူမရဲ့မျက်နှာကို ဆေးကြောလိုက်တယ်။ ထို့နောက် မှန်ကိုကြည့်လိုက်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အော်ဟစ်လိုက်မိတော့တယ်။
တခြားတစ်ဖက်မှာတော့ စစ်သားတွေက ပြေးလွှားလာရင်းနဲ့ ပြောနေခဲ့ကြတယ်။
“ငါတို့ တပ်ရင်းမှူးက သားရဲကောင်ကြီးပဲ.. ငါတို့ရဲ့မရီးက ငယ်လွန်းသေးတယ်”
“ငါတို့မရီးရဲ့လည်ပင်းမှာ အနမ်းမှတ်တစ်ခုရှိနေတာကို ငါမြင်ခဲ့တယ်”
“ကျွန်တော်လည်း မြင်တယ်”
“တပ်ရင်းမှူးက သားရဲကောင်ပဲ”
“မပြောနဲ့.. သူ နောက်က လိုက်ဖမ်းနေပြီ”
ဒါကြောင့် သူတို့ လူစုခွဲလိုက်ကြပေမဲ့လည်း လင်းချွမ်ကတော့ သူတို့ရဲ့ တပ်ဖွဲ့ထဲမှာ ခေါင်းစဥ်တစ်ခုအဖြစ်နာမည်ကြီးလာခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ သူတို့ရဲ့ မရီးကို နောက်တစ်ကြိမ်ပြန်တွေ့တဲ့အချိန်မှာ သူမက လည်ပင်းမြင့်တဲ့အင်္ကျီကို ဝတ်ထားတာကို တွေ့လိုက်ရတယ်။ ထိုအင်္ကျီနဲ့ဆိုရင် သူမရဲ့ လည်ပင်းမှာရှိတဲ့ အမှတ်အသားတွေကို မမြင်ရတော့ဘူး။
လင်းချွမ်သည်လည်း စိတ်သက်သာရာ ရသွားခဲ့တယ်။
မနက်ခင်းမှာတုန်းက သူလည်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တာကြောင့် ဂရုမစိုက်လိုက်မိဘူး။
သူ့ရဲ့ကွပ်ကဲမှုအောက်က စစ်သားတွေ ထွက်သွားတဲ့အထိ စောင့်ပြီးမှသာ မနေ့ညတုန်းက သူ ချန်ထားခဲ့မိတဲ့ အမှတ်အသားတွေအကြောင်းကို ပြန်တွေးခဲ့မိတယ်။
သူလေ့ကျင့်ပေးထားတဲ့ စစ်သားတွေတွေရဲ့ အမြင်အာရုံစူးရှမှုအကြောင်းကို တွေးတောမိတော့ သူ သေချာပေါက် ရယ်မောခံရတော့မယ်ဆိုတာကို ခံစားမိခဲ့တယ်။
သို့သော်လည်း သူ့အနေနဲ့ ဘယ်လောက်ပဲ သတ္တိရှိနေပါစေ ဒီကိစ္စကိုသာ လူကြားထဲမှာပြောခဲ့ရင် လူမြင်ကွင်းမှာ မျက်နှာကိုအရိုက်နေခံရမှာကို ကြောက်လန့်နေခဲ့ပြီး မပြောရဲနိုင်ဖြစ်နေခဲ့ရတယ်။
ကံကောင်းထောက်မစွာနှင့် သူမ သတိထားမိခဲ့တယ်။
ဒါကြောင့် သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ သူမဆီက အစိုက်ကြည့်ခံလိုက်ရတာကြောင့် သူ့ရဲ့နှာခေါင်းကိုသာ တိတ်တဆိတ်ပွတ်သပ်လိုက်မိတယ်။
“ငါပြောမယ် လောင်လင်း.. မင်း ဘာလို့ မင်းရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်ရတာလဲ”
ချန်ယွဲ့ကျင်းက သူ့ပါးစပ်ထဲက အချဉ်ပူဖောင်းတွေ ကိုထုတ်လွှတ်ရင်း ပြောလိုက်မိတယ်။
လင်းချွမ်: “မင်းလက်ထပ်တဲ့အချိန်ကျရင် သိလာလိမ့်မယ်”
တစ်ခါတရံမှာ ဒီလိုကိစ္စတွေက ထိန်းချုပ်လို့ မရနိုင်ဘူး။
ချန်ယွဲ့ကျင်းက သူ့ကို တွန်းတိုက်ပြီး အရှေ့ကို လျှောက်သွားခဲ့တယ်။ သူ့အနေနဲ့ သူ့ဇနီးလေးရဲ့အရိပ်ကတောင် ဘယ်ကိုရောက်နေမှန်း မသိသေးဘူး။ ဘယ်အချိန်မှ အိမ်ထောင်ပြုရမှာလဲ။
ဒီနေ့မှာတော့ ပညာရေးဖလှယ်ရေးအဖွဲ့က X မြို့တော်ယူနစ်သို့ တိုက်ရိုက်သွားခဲ့ကြပြီး စစ်သားတွေရဲ့ စောင့်ကြည့်မှုအောက်မှာပဲ နေရာအသီးသီးသို့ သွားရောက်ခဲ့ကြတယ်။
ဒါပေမယ့် ဆုဆုကတော့ ဒီနေရာတွေအကြောင်းကို အပြင်ဘက်မှလူတွေကို မဖော်ပြပေးခဲ့ဘူး။ သူမက သူတို့ကြားထဲမှ စကားတွေကို ရှင်းပြပေးရန်သာ တာဝန်ရှိပေမဲ့လည်း သူမရဲ့ ခေတ်မီတဲ့ အသိပညာ ကြွယ်ဝမှုကြောင့် ပရော်ဖက်ရှင်နယ် အသုံးအနှုန်းအချို့ကို ပြောနိုင်ခဲ့တယ်။
သူမအနေနဲ့ ဒီစာအုပ်ထဲကို ကူးပြောင်းမလာခင်တုန်းက သူမရဲ့အဖေကို ကျေးဇူးတင်ရမယ်။ သူက စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်းအချို့ကို အမြဲတမ်းဖတ်ရှုလေ့ရှိပြီး နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်အောင် ကြိုးစားနေတတ်တယ်။
သူမအနေနဲ့ ထိုအကြောင်းတွေကိုနားထောင်ရတာကို မကြိုက်ပေမယ့် အခုချိန်မှာတော့ မှတ်မိနေခဲ့တယ်လေ။
အနည်းဆုံးတော့ ဗဟုသုတ လုံးဝမရှိပဲ ဗလာသက်သက်ဖြစ်နေတာမဟုတ်တဲ့အတွက် သူမရဲ့ ရှင်းပြချက်တွေက အလွန်ရှင်းလင်းနေခဲ့တယ်။
သူမရဲ့ ဘာသာပြန်ပေးတဲ့ အရည်အချင်းတွေက ကွဲပြားနေတာကြောင့် အနောက်မှလိုက်လာတဲ့ နိုင်ငံခြားမိတ်ဆွေတစ်ဦးဆီမှ သတိပြုမိခံခဲ့ရတယ်။ ထိုသူကအက်ဒ်ဝပ်လို့ခေါ်တဲ့ ဆံပင်ရွှေရောင်ပိုင်ရှင် လူချောတစ်ယောက်ပဲ။
သူက ဆုဆုကို ကြည့်ပြီး ပြောလာတယ်။
“ဒီတိုင်းပြည်က အခုမှ ပြန်လည်တိုးတက်အောင်လုပ်နေတုန်းဘဲဆိုပေမယ့် မဝေးတော့တဲ့ အနာဂတ်မှာ ပိုပြီးတောက်ပလာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”
“ကျေးဇူးတင်ပါတယ် မစ္စတာအက်ဒ်ဝပ်.. ကျွန်မလည်း ဒီလိုပဲ ခံစားရတယ်”
ဒီတိုင်းပြည်က အလျှင်အမြန် တိုးတက်လာလိမ့်မယ်။ ဒါကြောင့်အခွင့်အလမ်းကို ဆုပ်ကိုင်ထားသရွေ့ ပျံသန်းနိုင်မှာပါ။
ဒီနိုင်ငံခြားသားသူငယ်ချင်းက အမြင်ကျယ်လွန်းတဲ့ပုံရတာကြောင့် သူတို့တွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်းနှီးမြုပ်နှံလာမလားဆိုတာတော့ သူမ မသိဘူး။
သို့သော်လည်း တစ်ဖက်လူက စစ်ဝတ်စုံဝတ်ထားတာကြောင့် ရင်းနှီးမြုပ်နှံဖို့ကို စိတ်မ၀င်စားလောက်ဘူးလို့ထင်ရတယ်။
“မစ်စ်ဆု.. အနာဂတ်မှာ မင်းငါတို့ရဲ့တိုင်းပြည်ကို လာလည်ဖို့ စိတ်ဝင်စားမလား မသိဘူး.. ငါတို့တိုင်းပြည်ရဲ့ ရှုခင်းတွေကို ပြသဖို့ ငါ မင်းအတွက်ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်လာပေးမယ်လေ”
“ကျေးဇူးတင်ပါတယ်”
ဆုဆုက တစ်ဖက်လူကို ယဉ်ကျေးမှုအရဖိတ်ခေါ်ခဲ့တာလို့ ထင်ခဲ့တာကြောင့် သူမရဲ့ လက်ကိုဆန့်တန်းပေးလိုက်တယ်။
သို့ပေမယ့် တစ်ဖက်လူက သူမရဲ့လက်ကိုဆွဲယူပြီး နမ်းလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဘာကောင်လဲ!
အဲဒီလူက သူ့တို့မရီးရဲ့လက်ကို ဘယ်လိုလုပ်ပြီး လာနမ်းရဲနေတာလဲ!
အစောင့်အကြပ်တပ်ဖွဲ့မှ အဖွဲ့ဝင်တွေအားလုံးရဲ့ မျက်လုံးတွေက အက်ဒ်ဝပ်အပေါ် ချက်ချင်းကျရောက်သွားခဲ့ပြီး သတိအနေအထားတွေ ဖြစ်သွားခဲ့ကြတယ်။
“စိတ်အေးအေးထားစမ်း”
လင်းချွမ်က အသံခပ်နိမ့်နိန့်နဲ့ ဟောက်လိုက်တော့ လူတိုင်းက ဖြောင့်မတ်စွာ ပြန်လည် ရပ်လိုက်ကြတယ်။ သို့ပေမယ့် လင်းချွမ်ကိုယ်တိုင်ရဲ့မျက်လုံးတွေကတော့ နီရဲနေခဲ့လေတယ်။ ဒါက နိုင်ငံခြားသားတွေရဲ့ ကျင့်ဝတ်ဆိုတာကို သိပေမယ့် တစ်ဖက်မှာရှိနေတာက သူ့ရဲ့ ဇနီးသည်လေ။
သူ့အနေနဲ့ အခုချိန်မှာ ဒီနိုင်ငံခြားသားလေးကို အမှန်တကယ်ရိုက်ချင်ပြီ။ ဒါပေမယ့်လည်း အခုက အလုပ်ချိန်ဖြစ်နေတာကြောင့် လှုပ်တောင် မလှုပ်နိုင်ခဲ့ဘူး။
ဒီဘက်ရှုထောင်ကနေကြည့်ရင် ထိုနိုင်ငံခြားသားလူငယ်က တကယ်ကို ချောမောနေတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး။ သူ့အနေနဲ့ နိုင်ငံခြားသားတစ်ယောက်ကို အကြိမ်ပေါင်းများစွာ မတွေ့ဖူးရင်တောင် တစ်ဖက်လူက တကယ်ကြည့်ကောင်းတယ်ဆိုတာကတော့ ဝန်ခံရလိမ့်မယ်။
သူ့ရဲ့ ဇနီးလေးက အဲဒီကောင်ဆီကနေ ဆွဲဆောင်ခံလိုက်ရမှာတော့ မဟုတ်ဘူးမလား။
ဒါကယဉ်ကျေးတဲ့စကားပြောဆိုမှုတစ်ခုသာဖြစ်သင့်ပေမဲ့လည်း ထိုလူငယ်က သူ့ဇနီးလေးရဲ့အနားကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုးကပ်နေတာကို တွေ့လိုက်ရတယ်။ နောက်ပြီး ကိစ္စတစ်ခုခုလုပ်စရာရှိတဲ့အချိန်မှာလည်း သူမဆီကိုသာ တိုးကပ်ပြီး ပြောနေခဲ့တယ်။
ဒါက သူ့ကို အနည်းငယ်လောက် စိတ်ဓာတ်ကျစေခဲ့တယ်။
ညနေပိုင်းမှာတော့ အက်ဒ်ဝပ်က ဆုဆုကို သူနဲ့အတူ မြို့ထဲကိုလျှောက်သွားဖို့အတွက် အထူးတလည်တောင်းဆိုခဲ့တယ်။
အပေါ်ယံမှာတော့ သူက အခုခေတ်မှ လူတွေရဲ့ စားသောက်နေထိုင်ပုံနဲ့ ရင်းနှီးချင်ကြောင်းပြောခဲ့ပေမယ့် တကယ်တမ်းရည်ရွယ်ချက်ကတော့ သူက ဆုဆုနှင့် နှစ်ယောက်တည်းအတူရှိနေနိုင်မဲ့ အခွင့်အရေးကို လိုချင်ခဲ့တာ။
အမှန်ပဲ။ ဒီနိုင်ငံခြားသားက ဆုဆုကို စိတ်ဝင်စားနေခဲ့တယ်။ သူ့အနေနဲ့ အရှေ့တိုင်းမှ သေးသေးသွယ်သွယ် မိန်းကလေးတွေနဲ့ တစ်ခါမှ မတွဲခဲ့ဖူးဘူး။ နောက်ပြီး အရှေ့တိုင်းမှ မိန်းကလေးတွေက အခုလိုမျိုး အလွန်အမင်းလှပလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အထူးသဖြင့် တစ်ဖက်လူမှ ပြုံးလိုက်တဲ့အချိန်မှာဆိုရင် အလွန်အမင်း နူးညံ့ပြီး လှပတယ်။
အမျိုးသားတွေက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတွေနှင့် ဆက်ဆံရတာကို နှစ်သက်သဘောကျလေ့ရှိတယ်။
ဒီလိုပုံစံမျိုးက သူတို့ကို ကာကွယ်ပေးနိုင် လူကြီးလူကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ဖို့ရန်အတွက် အကောင်းဆုံးပဲလေ။
အခုလိုမျိုး ငြီးငွေ့ဖွယ်ကောင်းတဲ့ နှီးနှောဖလှယ်ပွဲကနေ ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ အမှတ်တရတစ်ခု ဖြစ်လာလိမ့်မယ်။
သေချာတာပေါ့။ သူက မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖန်တီးချင်နေခဲ့ရုံပဲ။
ဆုဆုက ဒါကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်းမသိဘဲ နေမှာလဲ။
သူမရဲ့ နိုင်ငံခြားအတန်းဖော်ဟောင်းတိုင်းလိုလိုမှာလည်း တူညီတဲ့ အတွေးအမြင်တွေရှိကြတယ်။ နောက်ပြီး စိတ်လှုပ်ရှားမှုကို ကြိုက်တဲ့လူတချို့နဲ့တွေ့ဆုံချိန်မှာ သူတို့နဲ့အတူ ရှိနေကြလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်နှလုံးကို တွန်းအားပေးတဲ့ သူတွေနဲ့ဆိုရင်တော့ ဝေးကွာသွားလိမ့်မယ်။
ဒီအက်ဒ်ဝပ်က နောက်ခံလည်းကောင်းမွန်ပြီး ရုပ်ရည်ချောမောတဲ့လူပဲ။ သူ့ကို ဒီစာအုပ်ထဲမှအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့ဇာတ်ဆောင်တွေအဖြစ် ဖော်ပြထားခြင်းမရှိပေမဲ့လည်း သူ့ရဲ့ရုပ်ရည်ကခေတ်မီရုပ်ရှင်နှင့် ရုပ်မြင်သံကြားသရုပ်ဆောင်တချို့ထက်တောင် ပိုပြီး သိမ်မွေ့ချောမောနေသေးတယ်။
သို့သော်လည်း ဆုဆုက ဒီလိုအရာတွေကို လုပ်ချင်စိတ်မရှိတဲ့ အမျိုးအစားထဲမှာပါဝင်တယ်။
သူမက သူမရဲ့ ခင်ပွန်းသည်အပေါ်မှာ အလွန်စိတ်ကျေနပ်နေခဲ့ပြီး သူမရဲ့ဘဝအပေါ်မှာလည်း အလွန် သက်သောင့်သာသာရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့် သူမ သူ့ကို ထိုကိစ္စနှင့်ပတ်သက်ပြီး ရှင်းပြရန် ဒီအခွင့်အရေးကို ရယူချင်ခဲ့တယ်။
သူတို့နှစ်ယောက် ဆိုင်မှာ ဝင်ထိုင်လိုက်ပြီး အနောက်တိုင်း အစားအစာတွေကို မှာခဲ့ကြတယ်။ ဒီဆိုင်က Xမြို့တော်မှာရှိတဲ့ တစ်ခုတည်းသော အနောက်တိုင်းစားသောက်ဆိုင်ဖြစ်ပြီး သိပ်ပြီး ကြီးမားခြင်းမရှိဘူး။
ဒါပေမယ့် ထိုဆိုင်မှာ အစုံအလင်ရှိပြီး သူတို့တွေ အမဲသားစတေ့ခ်ကို မှာခဲ့ကြတယ်။
စားစရာတွေကို တည်ခင်းလာပြီးနောက် အက်ဒ်ဝပ်က ပြောလာတယ်။
“ဒါက သိပ်ပြီးအစစ်အမှန်မဖြစ်သေးဘူး”
“အဆင်ပြေပါတယ်”
သူမ အစစ်အမှန်ကိုလည်း စားဖူးပြီးပြီ။ သူမကတော့ အဲလောက်ထိ ကောင်းတယ်လို့ မထင်မိဘူး။ ဒါပေမယ့် ကြည့်ကောင်းပြီးတော့ အနည်းဆုံးတော့ နူးညံ့တယ်။
သူတို့နှစ်ယောက် ခဏလောက် စကားပြောခဲ့ပြီးနောက် ဆုဆုပြောလိုက်တယ်။
“တကယ်တော့ မစ္စတာအက်ဒ်ဝပ်.. ကျွန်မက လက်ထက်ပြီးပါပြီ”
“ဘာလဲ.. မင်းတို့နိုင်ငံက ဒီလောက်ထိအစောကြီး လက်ထပ်ကြတာလား”
အက်ဒ်ဝပ် သက်ပြင်းချလိုက်တယ်။
“မဟုတ်ပါဘူး.. ကျွန်မက သဘောကျတဲ့လူတွေတွေ့ပြီး စောစော လက်ထပ်ခဲ့တာ”
သူတို့ နှစ်ယောက်က အင်္ဂလိပ်လို ပြောနေခဲ့ကြပြီး ကြားထဲမှာ အတားအဆီးတွေ ရှိမနေခဲ့ဘူး။
“မင်းလို လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတော့ ဘုရားသခင်က ငါ့ကို အချစ်ရေးဖန်တီးနိုင်ဖို့ အခွင့်အရေးပေးခဲ့တယ်လို့ ထင်ခဲ့တာ.. မင်းဆီမှာ ခင်ပွန်းသည်ရှိနေပြီဆိုတာကို ငါ မမျှော်လင့်ထားဘူး”
အက်ဒ်ဝပ်က အလွန်ဝမ်းနည်းနေပေမယ့် ထိုအခွင့်အရေးလို့ထင်ခဲ့တဲ့စိတ်ကူးကို စွန့်လွှတ်ရုံသာ တတ်နိုင်ခဲ့တယ်။
တစ်ဖက်လူက လက်ထပ်ထားပြီးသား ဖြစ်နေတာကြောင့် သူ့အနေနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ကို ထပ်ပြီး ချိတ်ချင်နေလို့မရဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာဆိုရင်တောင် ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်တွေရှိတယ်။
သူတို့တွေ ထမင်းစားပြီးတာနဲ့ သူတို့စီစဉ်ထားတဲ့ တည်းခိုခန်းဆီကို တန်းတန်းမတ်မတ်ပြန်သွားဖို့ လုပ်ခဲ့ကြပြီး သူတို့ကို လာခေါ်ဖို့အတွက် အထူးစီစဥ်ထားတဲ့ ကားတစ်စီးရောက်ရှိလာခဲ့တယ်။
ဒါပေမယ့် သူတို့အတွက် ကားတံခါးဖွင့်ပေးတဲ့သူကို မြင်တော့ ဆုဆုရဲ့ တစ်ကိုယ်လုံး တင်းကျပ်သွားခဲ့ရပြီး တစ်ဖက်လူကို မော့မကြည့်ရဲတော့ဘူး။
လင်းချွမ်က ဘာလို့ သူ့ကို လာကြိုဖို့ တာဝန်ယူထားရတာလဲ?
ပြီးသွားပြီ.. အခုတော့ သူမ ပြန်ပြီးအတိုက်ခံရတော့မယ်။ ဒီရှာလကာရည်ပုံးကြီးကတော့ သေချာပေါက် အလှန်ခံရတော့မှာပဲ။