← Chapters

အခန်း (၁၁၄)

Vol. 12 Ch. 114

အခန်း (၁၁၄)

Vol. 12 Ch. 114

ဆုဆု တိတ်တဆိတ် ကားထဲသို့ဝင်လိုက်ပြီး တင်းမာတဲ့မျက်လုံးတစ်စုံအောက်မှာ အက်ဒ်ဝပ်နှင့် ခဏလောက် စကားပြောနေခဲ့ပြီး သူတို့တည်းခိုတဲ့နေရာကို ရောက်တော့ လမ်းခွဲခဲ့ကြတာ။

သို့ပေမယ့် အက်ဒ်ဝပ်က သူမဆီကို ထုပ်ပိုးထားတဲ့ ပန်းစည်းတစ်စည်း လက်ဆောင်ပေးလာတုန်းပဲ။

X မြို့တော်မှာ ပန်းဝယ်နိုင်တဲ့နေရာ တစ်နေရာပဲ ရှိပေမဲ့ အက်ဒ်ဝတ်က ထိုပန်းတွေကိုပါ မှာထားခဲ့တယ်။

သူက တကယ် ကြိုးစားထားတာပဲ။

ဒါပေမယ့် ဒါက ပန်းမဟုတ်ဘူး။ သူမရဲ့လက်ထဲကိုရောက်လာမဲ့ အာလူးပူတွေဘဲ။

သူမ ဒါကို လွှင့်ပစ်ချင်နေပေမယ့် အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ပြန်တယ်။

ဒါကြောင့် သူမ အခန်းထဲကိုပြန်ရောက်တော့ ပန်းအိုးလွတ်တစ်လုံး လိုက်ရှာပြီး ပြတင်းပေါက်နားမှာ ချထားလိုက်တယ်။

ထိုအချိန်မှာပဲ သူမရဲ့အခန်းတံခါးကို ခေါက်တဲ့အသံကို မကြားလိုက်ရဘဲ တွန်းဖွင့်ခံလိုက်ရတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ တံခါးကို ပြောင်ပြောင်တင်းတင်း ဖွင့်နိုင်တဲ့ တစ်ယောက်သော လူက သူမနဲ့ အရင်းနှီးဆုံးလူပဲဖြစ်လိမ့်မယ်။

ဆုဆု ဘယ်သူလဲဆိုတာကို ချက်ချင်း သိရှိခဲ့ပြီး နောက်ကို ပြန်ကြည့်လိုက်တော့ ပန်းတွေကိုထိပြီး အလွန်အမင်း မနာလိုဖြစ်နေတဲ့ အမျိုးသားကို မြင်တွေ့လိုက်ရတယ်။

သူသာ သူမကို မယုံကြည်သေးဘူးဆိုရင် ​ သူ့ကို ရိုက်​နှက်ပစ်မယ်။

ထို့နောက်မှာတော့ မည်းမှောင်နေတဲ့မျက်နှာနဲ့ လင်းချွမ်က သူ့ရဲ့ ဦးထုပ်ကို ချွတ်လိုက်ပြီး သူမကို မော့ကြည့်ရင်း ပြောလာတာကို ကြားလိုက်ရတယ်။

“ကိုယ်သိပါတယ်..  မင်းသာ သူ့ကို မသွားဘူးလို့ ငြင်းလိုက်မယ်ဆိုရင် နည်းနည်းလောက် ရိုင်းသလိုဖြစ်သွားလိမ့်မယ်.. သူတို့တွေက တခြားနိုင်ငံက မိတ်ဆွေတွေဖြစ်နေတာကိုး..  

နောက်ပြီး သူပေးလိုက်တဲ့ ပန်းတွေကို လက်မခံဘူးဆိုရင်လည်း သူ့ကို အရှက်ရသွားအောင် လုပ်သလိုဖြစ်သွားလိမ့်မယ်ဆိုတာကိုလည်း ကိုယ်သိတယ်”

“အင်း”

ဒါကိုသိနေတာတောင် သူက မနာလိုဖြစ်နေတုန်းပဲ။

“ဒါပေမယ့် မင်းက လက်ထပ်ပြီးသွားပြီလေ..  နောက်ကျရင်..”

“ဘာလဲ?”

“.. ဘာမှမဟုတ်တော့ဘူး”

“....”

ရဲဘော် လင်းချွမ်.. ရှင့်ရဲ့ ယောက်ျားပီသမှုတွေက ဘယ်ကို ရောက်သွားတာလဲ?  ခွေးစားခံရလိုက်ရတာလား?

ဆုဆုတစ်ယောက် နောက်ဆုံးတော့ သူ့မိသားစုမှအမျိုးသားနှင့် လင်းတုံဟဲ ကြားမှာ တူညီမှုအချို့ရှိနေတာကို ရှာတွေ့သွားရတယ်။

သူတို့တွေက အမျိုးသမီးတစ်ယောက်ရဲ့ရှေ့မှာတော့ အခုလို သတ္တိနည်းတဲ့ အသွင်အပြင်မျိုး ပေါ်ထွက်လာတတ်တာပဲ။

ဟေ့း! အခုလို စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်က မင်းရှေ့မှာ အခုလိုမျိုးအားနည်းနေတာကိုမြင်ရရင် ဘယ်လို မိန်းမမျိုးမဆို နှလုံးသားနူးညံ့သွားမှာပဲ။

ဆုဆု သူ့ကို အသာပုတ်လိုက်တယ်။

“ ရှင်ဘာလို့ မနာလိုဖြစ်နေတာလဲ.. ကျွန်မက ရှင့်ရဲ့ဇနီးဖြစ်နေပြီလေ.. နောက်တစ်ခါကျရင် ရှင် ကျွန်မကို လက်စွပ်ဝတ်ပေးထားလေ.. ဒါဆို ကျွန်မက လက်ထပ်ပြီးသားဆိုတာ  လူတိုင်းသိနေလိမ့်မယ်”

“အဲလိုမျိုး ရှိလို့လား”

“အင်း.. ရှိတယ်”

“မင်း ခဏလောက်စောင့်ပေးဦး”

လင်းချွမ် ချက်ချင်းပဲ ထွက်သွားခဲ့တယ်။

ဒီလူ ဘယ်လောက်တောင် အလျင်လိုနေတာလဲ?

ဆုဆု ထိုအကြောင်းကို အလေးအနက်မထားခဲ့ဘူး။ သိုပေမဲ့ ခဏကြာတော့ လင်းချွမ်က လက်ထဲမှာ ကွင်းလေးနှစ်ခုနဲ့ ပြန်လာခဲ့တယ်။

သံကွင်း?

သူ ဒါကို ဘယ်လိုမျိုး ဖြတ်တောက်လာတာလဲဆိုတာတော့မသိဘူး။ သံကွင်း အကြီးတစ်ခု၊ အသေးတစ်ခု ပါလာခဲ့တယ်။

“ကိုယ် ဒါကို  သံကြိုးအသစ်နဲ့ လိမ်ထားတာ..  မင်း ဒါကို အရင်ဝတ်ထားလိုက်လေ.. နောက်ကျမှ ကိုယ် အသစ်တစ်စုံဝယ်လိုက်မယ်”

“...”

ဆုဆု တစ်စုံတစ်ယောက်ကို ရိုက်ချင်နေသလို ခံစားနေရတယ်။

ဒါပေမယ့် ဒီကွင်းလေးနှစ်ခုကို ကြည့်ရင်း သူမ ကွင်းအသေးလေးကို လှမ်းယူလိုက်တယ်။

“ဒါဆိုလည်း ဒါတွေကိုပဲ အရင်ဝတ်ထားကြမလား”

ဒီကွင်းလေးတွေကို ဝတ်ဆင်လိုက်တော့ ငွေရောင်တောက်ပနေပြီး အတော်လေးတော့ ကြည့်လို့ကောင်းနေသေးတယ်။

မဟုတ်ရင် သူ့ကို ပြန်ပေးလိုက်မှာ။

လက်ထပ်ခွင့်တောင်းတဲ့လူတိုင်းက  စိန်လက်စွပ်တွေနှင့် တောင်းကြတာချည်းပဲ။ အောက်ခြေအဆင့်ကတောင် ရွှေလက်စွပ် ဖြစ်နေလိမ့်မယ်။

ဒါပေမယ့် သူမအလှည့်ကို ရောက်တဲ့အချိန်မှာ သံလက်စွပ်ဖြစ်နေခဲ့တယ်။

ဖော်မပြနိုင်လောက်တဲ့ ခံစားချက်မျိုးပဲ။

“ကောင်းပြီ.. ဒါဆို ကိုယ် ဒီတစ်ခုကိုဝတ်ထားလိုက်မယ်”

လင်းချွမ်က သူ့လက်ထဲမှ သံလက်စွပ်ကို ပျော်ရွှင်စွာ စွပ်လိုက်ပြီး ကိုင် လက်သီးကို တင်းတင်းဆုပ်ရင်းပြောလာတယ်။

“အဆင်ပါတယ်.. ဒါက အတော်လေးကောင်းတယ်”

ဆုဆု မျက်လုံးလှိမ့်ပြီးပြောလိုက်တယ်။

“ကောင်းပြီ.. ဒီတစ်ခေါက်မစ်ရှင်ပြီးရင် ကျွန်မကို ငွေလက်စွပ်တစ်စုံ ဝယ်ပေး”

အခု သူတို့ရဲ့အခြေအနေအရ   သေချာပေါက် ဝယ်နိုင်နေပြီ။

“အမိန့်အတိုင်းပါပဲ”

လင်းချွမ်က ဖြောင့်တန်းစွာရပ်နေရင်းကနေ အချိန်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။

“ကိုယ်  ဒီနေ့ တာဝန်ကျတယ်.. ဇနီးလေး.. တစ်ယောက်တည်းပဲ အိပ်လိုက်တော့နော်”

“သွားတော့  သွားတော့”

ဆုဆု သူမရဲ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ထို တုံးအ,တဲ့လင်းချွမ်တစ်ယောက ဂုဏ်ယူနေတဲအသွင်အပြင်နှင့်ထွက်သွားတာကို ကြည့်နေခဲ့တယ်။

ဒါက သံကွင်းလေးတစ်ခုပဲ မဟုတ်ဘူးလား?

“ဒါက သံကွင်းလေးတစ်ခုပဲ မဟုတ်ဘူးလား .. ဒါလေးနဲ့ မရီးကို မင်းချော့လိုက်နိုင်တာလား”

ချန်ယွဲ့ကျင်း မယုံကြည်နိုင်ဖြစ်သွားရတယ်။ ဒီသံလက်စွပ်ကို ပြုလုပ်ဖို့ သံကြိုးကို သူ ယူလာပေးခဲ့တာလေ။ အမျိုးသမီးတစ်ယောက်ကို ဒီလိုအရာလေးလောက်နဲ့ ချော့နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။

“မင်းရဲ့မရီးက အဲဒီနိုင်ငံခြားသားနဲ့ အပြင်ကို  ထပ်သွားတော့မှာမဟုတ်ဘူး.. သူမ သဘောတူထားပြီ”

သူမ သဘောတူလိုက်တယ်လို့ထင်တာပဲ။

“ချော့ရလွယ်တာပဲ..  မင်း တကယ် ကောင်းမွန်တဲ့ ဇနီးသည်ကို အရင်းအနီးနည်းနည်းလေးနဲ့ ရထားတာပဲ”

နှစ်ယောက်သားက အပြင်မှာ စောင့်ကြည့်နေခဲ့ကြပြီး အရပ်လေးမျက်နှာကို ကြည့်ကာ အတွေးတွေကို ပြောနေခဲ့ကြတယ်။

“မင်း နောက်ဆုံးတစ်ခေါက်က သွားကြည့်ခဲ့တဲ့ တစ်ယောက်ကရော ဘယ်လိုလဲ”

“မ​ပြောစမ်းနဲ့.. သူက ငါနဲ့ လက်မထပ်ခင်​ မြို့ထဲမှာ အိမ်​တစ်​လုံးဝယ်​ခိုင်းနေတယ်လေ.. ဘယ်လိုလုပ်ပြီး ငါ့ဆီမှာ အဲလောက် ပိုက်ဆံအများကြီးရှိနိုင်​မလဲ”

“အမှန်ပဲ ..  ငါနဲ့ မင်းရဲ့မရီး...”

“မ​ပြောနဲ့​တော့.. ငါ လေနဲ့ လွင့်​​ပါသွားတော့မယ်”

“အဲဒါက သူမက မင်း ဂရုစိုက်တဲ့လူ မဟုတ်သေးလို့လေ.. မင်းသာ သူမကို ဂရုစိုက်ချင်ရင် မင်းသေချာပေါက် ရအောင်လုပ်မှာပဲ.. တကယ်လို့ မင်းရဲ့မရီးသာ အိမ်လိုချင်ရင် ငါက အိုးတွေခွက်တွေပါ ရောင်းချပြီး ရအောင်လုပ်ပေးမှာ”

“ ဟေး.. ဟေး.. မင်းမှာ အိုးနဲ့ ခွက်တွေ အဲလောက်အများကြီးရှိနေလို့လား”

ချန်ယွဲ့ကျင်းက ဒေါသတကြီးရယ်မောလိုက်တယ်။ သူ ထိုတစ်ယောက်ကို အမှန်တကယ်ကို သိပ်ပြီးဂရုမစိုက်ခဲ့ဘူး။ သူက အိမ်ထောင်ပြုချင်ပြီဆိုပေမယ့် သူလက်ထပ်ချင်နေတဲ့လူက ထိုတစ်ယောက်မဟုတ်တဲ့ပုံပဲ။

နောက်နေ့မှာတော့ ဖလှယ်ရေးအဖွဲ့က လက်ရှိနေရာမှ ဝေးကွာတဲ့ အမြောက်တပ်စခန်းဆီသို့ သွားခဲ့ကြတယ်။ လင်းချွမ်က ဆုဆုထိုင်ရန်အတွက် ကားထဲမှာ ကူရှင်အထူတွေအများကြီးကို တိတ်တဆိတ် ချထားခဲ့ပြီး ခေါင်းဆောင်ကွမ်းက ထိုလုပ်ရပ်ကိုမြင်တော့ လှမ်းမေးလာတယ်။

“ဘာဖြစ်လို့လဲ.. ရှောင်ဆုမှာ ဒဏ်ရာရှိနေတာလား?”

ဒီလူငယ် ဇနီးမောင်နှံက သူတို့ရဲ့ အကွာအဝေးကို အမြဲတမ်း စည်းတစ်ခုခြားပြီး ထိန်းသိမ်းထားတတ်တာလေ။  ဒီနေ့ကျမှ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး နီးကပ်လာတာလဲ။

လင်းချွမ်က ဆုဆုရဲ့ ရှက်ရွံ့နေတဲ့အမူအရာကို လှမ်းကြည့်ပြီး ပြန်ဖြေလိုက်တယ်။

  “သတင်းပို့ပါတယ်..  ရဲဘော်ဆုဆုမှာ ကိုယ်ဝန်ရှိနေပါပြီ”

“ကိုယ်ဝန်ရှိလား...ကိုယ်ဝန်ရှိနေတာလား .. ကောင်စုတ်လေး.. မင်း ဘာလို့အစောကြီးကတည်းက မပြောတာလဲ”

ခေါင်းဆောင်ကွမ်း သူ့ကိုစိတ်မရှည်စွနှင့် လှမ်းကန်လိုက်တယ်။

မူလတုန်းက သူ့ရဲ့ပုံစံက အလွန်လေးနက်တဲ့ စစ်ဗိုလ်ကြီးတစ်ယောက်ဖြစ်နေပေမဲ့ အခုတော့ ကာရိုက်တာပြိုကွဲသွားခဲ့ပြီ။

ဆုဆု သူ့ရဲ့ အမူအရာကြောင့် အံ့သြသွားရပြီး တိတ်တဆိတ်ထိုင်ရင်း ပြောလိုက်တယ်။

“ဒါက ကိစ္စကြီး မဟုတ်ပါဘူး”

သူမရဲ့ကလေးက အရမ်းလိမ်မာပြီး  ပြဿနာလုံးဝမရှာတဲ့အတွက် ပြဿနာလုံးဝမရှိဘူး။

သူမအနေနဲ့ သူမရဲ့ဗိုက်ထဲမှာရှိနေတာက မိန်းကလေးလို့တောင် ထင်နေခဲ့တယ်။

လူတွေပြောတဲ့အတိုင်းဆိုရင် ဗိုက်ထဲမှာ သမီးလေးရှိလာရင် မိခင်ဖြစ်သူက ပိုလှလာမှဖြစ်ပြီး သားရှိလာရင်တော့ ရုပ်ဆိုးလာလိမ့်မယ်လို့ ပြောကြတယ်။

သူမ ကိုယ်ဝန်ရှိကတည်းက သူမရဲ့ပုံခန္ဓာကိုယ်က သိပ်ပြီး ထိခိုက်မလာခဲ့ဘူး။ အသားအရေက အရမ်းကောင်းနေတဲ့အပြင် ရုပ်ဆိုးတဲ့လက္ခဏာမျိုး လုံးဝမရှိခဲ့ဘူး။

မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီခေါင်းစဉ်က နည်းနည်းလောက် ဝေးကွာလွန်းနေပြီ။

ခေါင်းဆောင်ကွမ်းက သူတို့ဇနီးမောင်နှံကိုစိုက်ကြည့်ရင်း အရှေ့ကို လှမ်းပြောလိုက်တယ်။

“ရှောင်ချွေ့ခိုင်.. အရှိန်လျှော့မောင်း”

ဒါက သူတို့ စစ်တပ်ရဲ့အမွေဆက်ခံသူပဲ။ သေချာပေါက် ဂရုစိုက်သင့်တယ်။

လင်းချွမ်က သူရဲ့ ခေါင်းဆောင်ကို ကျေးဇူးတင်စွာ စိုက်ကြည့်လိုက်ပြီး ဆုဆုရဲ့ အနားကို ဝင်ထိုင်လိုက်တယ်။

“မင်း သက်သောင့်သက်သာမဖြစ်ရင် ပြောနော်”

“အဆင်ပြေပါတယ်”

ဆုဆု အနေနဲ့ သူမရဲ့ကလေးက လိမ်မာလွန်းတယ်လို့ ခံစားမိတာကြောင့် သူ ပြသနာမရှိလောက်မှာ သေချာတယ်။

ဒါပေမယ့် ကားလှုပ်မှုက နည်းနည်းလောက်တောင် မဟုတ်ဘဲ  အတော်လေးများနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

လမ်းရဲ့တစ်ဖက်က စိုက်ပျိုးရေးအတွက် ပိတ်ဆို့နေခဲ့ပြီး ကားကို မြောင်းတစ်လျှောက်ကနေ ဖြတ်သွားခဲ့တယ်။ အပေါ်ကိုတစ်ချက်တက်လိုက် အောက်ကိုတစ်ချက်ဆင်းလိုက်ဖြစ်နေခဲ့ပြီး ဆုဆု မူးဝေကာ မအီမသာ ဖြစ်လာခဲ့ရတယ်။

“ဆုဆု”

လင်းချွမ်က သူမ မျက်နှာဖျော့တော့နေတာကိုကြည့်ပြီး စိတ်ပူလာရကာ ခေါင်းဆောင်ကွမ်းကလည်း ဝင်ပြောလာတယ်။

  “ခဏရပ်ပြီး အနားယူချင်လား”

“မလိုဘူး..မလိုပါဘူး”

ခရီးစဉ်ကို သူမကြောင့် နှောင့်နှေးအောင်လုပ်လို့မရဘူး။

ဆုဆု သူမရဲ့ခေါင်းကို လင်းချွမ်ရဲ့ လက်မောင်းပေါ်မှာ မှီလိုက်ပြီး အပြင်ဘက်ကိုလည်း လှမ်းမကြည့်တော့သလို ဘာကိုမှလည်း နားမထောင်ဘဲနေလိုက်တယ်။  ခဏကြာတော့ ပိုကောင်းလာခဲ့လေတယ်။

လင်းချွမ်ကတော့ အနည်းငယ် ရှက်ရွံ့နေခဲ့တယ်။  ဒါက မစ်ရှင်အတွင်းမှာရှိနေတာလေ။ သူ့ရဲ့ဇနီးသည်ကို  အခုလိုပွေ့ဖက်ထားရတာ တကယ်အဆင်ပြေရဲ့လား?

ခေါင်းဆောင်ကွမ်းက သူ အနည်းငယ် ရှက်နေတာကိုမြင်တော့ လှမ်းပြောလာတယ်။

“ဒါက အလုပ်ကိစ္စပဲ..  ရဲဘော်ဆုဆုကို ကောင်းကောင်းကာကွယ်ရမယ်”

မှ

“ကောင်းပါပြီ”

လင်းချွမ် သက်ပြင်းချလိုက်ပြီး ဆုဆု သက်တောင့်သက်သာရှိစေရန်အတွက် သူ့ရဲ့လက်ကို ဆုဆုရဲ့နောက်ကျောမှာ ဆန့်ထားပေးလိုက်တယ်။

သူတို့ရောက်တဲ့အချိန်မှာတော့ ဆုဆုဘာမှ မပြောနိုင်တော့ဘဲ လင်းချွမ်ကိုသာ လှမ်းပြောခဲ့တယ်။

“ကျွန်မကိုသန့်စင်ခန်းဆီ အမြန်ခေါ်သွားပေး”

လင်းချွမ် သူမကို အမြန်ဆုံး အရှိန်နဲ့ ပွေ့ချီလိုက်ပြီး သန့်စင်ခန်းဆီသို့ ပြေးသွားတော့တယ်။

ကံကောင်းထောက်မစွာနှင့် စစ်တပ်ထဲမှာ အမျိုးသမီးစစ်သားတွေရှိတာကြောင့် အမျိုးသမီးအိမ်သာလည်ရှိနေခဲ့တယ်။ နောက်ပြီး လင်းချွမ်ကလည်း ဒီတပ်ဖွဲ့ရဲ့ နေရာတွေနှင့် အလွန်ရင်းနှီးနေသေးတယ်။

ဒါပေမယ့် သူဝင်သွားလို့မရတဲ့အတွက် သူ့ရဲ့ဇနီးသည်အတွက် ရေနဲ့ စာရွက်တွေ ပို့ပေးဖို့ အမျိုးသမီးစစ်သားတစ်ယောက်ကို အကူအညီတောင်းလိုက်ရတယ်။

သူမ ပြန်ထွက်လာပြီးချိန်မှာတော့ လင်းချွမ် သူ့ရဲ့ဇနီးသည်က ကိုယ်အလေးချိန်နောက်တစ်ခေါက် ပြန်ကျသွားခဲ့သလို ခံစားလိုက်ရပြီး အလွန် စိတ်မကောင်းဖြစ်သွားရတယ်။

ဒါပေမယ့် လူအများရှေ့မှာတော့ သူ့အနေနဲ့ ကပ်တွယ်နေလို့မရတာကြောင့် အသာလှမ်းမေးလိုက်ရတယ်။

“ရဲဘော်ဆုဆု.. မင်း အဆင်ပြေရဲ့လား.. ဆက်နေနိုင်သေးလား”

မနေနိုင်တော့ဘူးဆိုရင် အနားယူဖို့ လျှောက်ထားရမယ်။

ဆုဆုကသူမရဲ့ အဝတ်အစားတွေတွေကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး သူမရဲ့အိတ်ထဲက ရေမွှေးပုလင်းလေးကို ထုတ်ယူလိုက်ပြီး နည်းနည်စလောက်ဖြန်းလိုက်တယ်။

“အဆင်ပြေပါတယ်.. အန်ချင်တာက သက်သာသွားပြီ..  ဒါပေမယ့် နည်းနည်းတော့ ဗိုက်ဆာတယ်”

လင်းချွမ်: “ကိုယ့်တာဝန် ထားလိုက်”

“ကောင်းပြီ”

ဆုဆု ခေါင်းညိတ်သဘောတူလိုက်ပြီး သူမရဲ့မျက်နှာပေါ်တွင် ပရော်ဖက်ရှင်နယ်ဆန်တဲ့အပြုံးကို တပ်ဆင်ကာ ဖလှယ်ရေးအဖွဲ့ဆီသို့ လျှောက်သွားလိုက်တယ်။

ဒီအချိန်ကျမှ လင်းချွမ်တစ်ယောက် သူ့ရဲ့ဇနီးသည်က အမှန်တကယ်ကို အလွန်အမင်းစွမ်းဆောင်နိုင်ကြောင်းကို ခံစားမိခဲ့တယ်။ သူက မကြာသေးခင်ကမှ အဆင်မပြေဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမက သူမရဲ့လုပ်ငန်းခွင်သဘောထားကို ပြန်လည်တပ်ဆင်ခဲ့ပြီဖြစ်ကာ အမူအရာ လုံးဝမပျက်ယွင်းစေပဲ ကျက်သရေရှိတဲ့အပြုံးကို ဖော်ပြထားခဲ့တယ်။ 

အရင်တုန်းက သူမ ပိုက်ဆံတွေအများကြီးရှာနိုင်ခဲ့တာ  အံ့သြစရာမဟုတ်တော့ဘူး။ ဖြစ်သင့်တာပဲလေ။

သူ သူ့ရဲ့ဇနီးသည်ကို ပိုပိုပြီး လေးစားလာခဲ့တယ်။

သို့ပေမဲ့ အခုချိန်မှာတော့ သူမစားဖို့အတွက် တစ်ခုခုအရင်ရှာရမယ်။

ဒါကြောင့် သူတို့တွေ ကန်တင်းရှေ့မှဖြတ်သွားချိန်မှာ လင်းချွမ်က အသားအစာသွပ်မုန့်လိပ်တစ်ခု သွားဝယ်ခဲ့ပြီး သူ့ရဲ့သနားစရာကောင်းတဲ့ ဇနီးသည်ကို တိတ်တိတ်လေးပေးလိုက်တယ်။

သူတို့ နှစ်ယောက် ဂိုထောင်ရဲ့ ထောင့်နားမှာ ထိုင်ခဲ့ကြပြီး သူမစားနေတုန်းမှာ လင်းချွမ်က ရေဘူးကို ကိုင်ထားပေးခဲ့တယ်။

“ဖြည်းဖြည်းစား..သီးနေဦးမယ်”

“အင်း.. ဒါက အရသာရှိတယ်”

သူမ အော့အန်ပြီးတဲ့နောက်မှာ ယိုက်က အတော်လေး လစ်ဟင်းနေခဲ့တယ်။  ကံကောင်းစွာနှင့် သူမရဲ့ခင်ပွန်းသည်က သူမအတွက် တစ်ခုခု ရှာပေးနိုင်ခဲ့တယ်။ မဟုတ်ရင် သူမတကယ် မတောင့်ခံနိုင်လောက်တော့ဘူး။

လင်းချွမ်က သူမရဲ့ခေါင်းကို အသာဖွရင်း တီးတိုးပြောလာတယ်။

“စိတ်မပူပါနဲ့ .. တကယ်လို့ မဝသေးရင် ကိုယ် ထပာပြီးသွားယူလိုက်မယ်”

“လုံလောက်ပါပြီ... အာ...”

ဆုဆု လင်းချွမ်ရဲ့ နောက်ကျောဘက်ကိုလှမ်းကြည့်ကာ အနည်းငယ်လန့်သွားရပြီး သူမရဲ့ပါးစပ်ကို အလျင်အမြန်သုတ်ရင်း မတ်တပ်ထရပ်ကာ အင်္ဂလိပ်လို လှမ်းမေးလိုက်တယ်။

“မစ္စတာအက်ဒ်ဝပ်.. ရှင် ဘယ်ကိုသွားမလို့လဲ”

All Chapters