← Chapters

အခန်း (၁၁၅)

Vol. 12 Ch. 115

အခန်း (၁၁၅)

Vol. 12 Ch. 115

အက်ဒ်ဝပ်က လင်းချွမ်ကိုစိုက်ကြည့်နေခဲ့ပြီး တစ်ချိန်တည်းလောက်မှာဘဲ ဖလှယ်ရေးအဖွဲ့တွေအားလုံးက နေရာကို ရောက်ရှိလာခဲ့ကြတယ်။ သူတို့အားလုံးက ဆုဆုတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးကို စူးစမ်းချင်နေခဲ့ကြတယ်။

ဆုဆု စိတ်ဓာတ်ကျသွားရတယ်။ သူမက တစ်စုံတစ်ခု ခိုးစားချင်ရုံပဲလေ။ ဘာလို့ တစ်ဖွဲ့လုံးဆီမှာ အမိခံလိုက်ရတာလဲ။

ကံကောင်းထောက်မစွာနဲ့ ထိုအချိန်မှာပဲ ခေါင်းဆောင်ကွမ်းက အရှေ့ကို တိုးလာပြီး ရှင်းပြပေးခဲ့တယ်။

  “သူတို့ နှစ်ယောက်က ဇနီးမောင်နှံတွေလေ..  ခုနတုန်းက ရဲဘော်ဆုဆု မနက်ပိုင်းဖျားနာမှုဖြစ်ခဲ့တဲ့အတွက် သူမရဲ့ခင်ပွန်းသည်က သူမကို အာဟာရနည်းနည်းလောက် ပြန်ဖြည့်ပေးနေတာ”

ဘာသာပြန်လေးက နည်းနည်းလောက် လိုအပ်ချက်တွေရှိနေသေးပြီး သူတို့ရဲ့ဆက်ဆံရေးအကြောင်းကိုဖော်ပြရာမှာ လိုအပ်ချက်တွေရှိနေခဲ့တယ်။

“ဒီစစ်သားက မင်းရဲ့ချစ်သူဖြစ်နေတာကိုး”

အက်ဒ်ဝတ်က လင်းချွမ်ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်တယ်

“ဟဲလို.. မင်းက တကယ် ကံကောင်းတာဘဲ”

လင်းချွမ်ကလည်း သူ့ရဲ့လက်ကို  ဆန့်တန်းပြီး ခါရမ်းလိုက်တယ်။  ဖြစ်စဉ်အတွင်းမှာ သူက တစ်ဖက်လူ ရန်စနေတယ်လို့ခံစားခဲ့မိတ်ဝာာကြောင့် သူ့ရဲ့လက်ခွန်အားကို ထပ်မံတိုးမြှင့်ခဲ့တယ်။

ဘေးမှာရှိနေတဲ့ဆုဆုက အက်ဒ်ဝပ်ရဲ့စကားကို အမြန်ဘာသာပြန်ပေးလိုက်ပြီး လင်းချွမ်ဘက်ကို မျက်ခုံးပင့်ကာ လှမ်းပြောလိုက်တယ်။

“ရှင်က တကယ် ကံကောင်းတာပဲ”

“အင်း”

လင်းချွမ်က ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်ကာ သူ့လက်ကို ပြန်ရုတ်လိုက်တယ်။

ဒီအမျိုးသားနှစ်ယောက်က တစ်ယောက်ရဲ့ဘာသာစကားကို တစ်ယောက် နားမလည်ကြပေမဲ့  နှစ်ယောက်စလုံးက တစ်ဖက်လူရဲ့အတွေးတွေကို အတိအကျသိနေခဲ့ကြတယ်။

ဒါပေမယ့် သူတို့ကြားမှာ ဆက်သွယ်စရာလည်း မလိုအပ်တော့ဘူး။ သူတို့က ဘာမှ လုပ်ဖို့မလိုတော့တဲ့သူနှင့် ၊ ဘာမှလည်း မလုပ်နိုင်တော့တဲ့သူပဲလေ။

ဆုဆု အသားအစာသွပ်မုန့်လိပ်တစ်ခုကို စားပြီးနောက်ဗိုက်ပြည့်သွားပြီဖြစ်ကာ ဖလှယ်ရေးအဖွဲ့ရဲ့နောက်ကနေ နေရာနှစ်ခုဆီသို့ လိုက်ပါသွားခဲ့ပြီး လူစုခွဲပြီး အနားယူခြင်းမပြုခင်မှာ နှစ်နာရီနီးပါးကြာမြင့်တဲ့ အစည်းအဝေးတစ်ခုကို တက်ခဲ့ရတယ်။

သူတို့ရောက်နေတဲ့ စပ်တပ်ရဲ့အနီးပတ်ဝန်းကျင်မှာ ဟိုတယ်တွေမရှိတာကြောင့်  စစ်တပ်စခန်းမှာရှိတဲ့ အဆောင်တွေမှာ အနားယူကြရတယ်။

ဒါပေမယ့် အခန်းတွေက သန့်ရှင်းထားပြီးသားဖြစ်ပြီး အိပ်ယာတွေကလည်း အသစ်ဖြစ်ကာစောင်ကိုလည်း တို့ဟူးတုံးလေးတွေဖြစ်အောင် ခေါက်ထားခဲ့တယ်။

အိုး .. အရမ်းသပ်ရပ်တာပဲ။

ဆုဆု ထိုတို့ဟူးတုံးကို စိတ်ဝင်စားနေခဲ့ပြီး စောင်ကိုဖွင့်ကြည့်ကာ သူ့ရဲ့အရင်ခေါက်ရာအတိုင်း လိုက်ပါခေါက်ကြည့်ခဲ့ပေမဲ့ အချိန်အတော့ကြာသွားပြီးနောက်မှာတောင် မခေါက်ထားနိုင်ခဲ့ဘူး။

O(╯□╰)o

လင်းချွမ် သူမကို ကယ်တင်မှဖြစ်တော့မယ်။ အခု တကယ်ကြီး ဒုက္ခရောက်နေပြီ။ သူမက ဒါကို စူးစမ်းကြည့်ချင်ရုံပဲလေ။ ဒီလိုမျိုးလှပတဲ့ တို့ဟူးတုံးကို လုံးဝကို မဖွင့်ချင်ခဲ့ဘူး။ အခု သူမ ဘာလုပ်သင့်လဲ?

သူမရဲ့ နှလုံးသားထဲမှာ ငိုကြွေးနေတဲ့အချိန်မှာပဲ လင်းချွမ် ရောက်လာခဲ့ပြီး သူမအတွက် ရေနွေးတစ်ခွက်ကို လောင်းထည့်ပေးဖို့လုပ်ခဲ့တယ်။

သို့ပေမယ့် သူဝင်လာပြီးတာနဲ့ သူ့ရဲ့ ဇနီးသည်ဆီမှ  စိတ်အားထက်သန်စွာ ဖမ်းဆွဲခံရပြီး အိပ်ရာဘေးနားကို ဆွဲခေါ်ခံလိုက်ရလေတယ်။

“ကျွန်မ  ဒါကို ဖြေလိုက်မိတယ်.. ဘယ်လို ပြန်ခေါက်ရမလဲ”

လင်းချွမ် စောင်ကို  သုံးချိုးခေါက်လိုက်ပြီး နောက်တစ်ဖန် ငါးပိုင်းချိုးပြီး ခေါက်လိုက်တယ်။

“ဒါကို  ဘာလို့ ပြန်ခေါက်ချင်လာလဲ..  မင်း ဒါနဲ့ မခြုံချင်ဘူးလား”

“ဒါက  အရမ်းလှတယ်.. ဖြေပြီး အိပ်ဖို့က နှမျောစရာကောင်းတယ်လေ”

သူတို့အိမ်မှာရှိတုန်းက သူတို့ရဲ့စောင်တွေကို ဗီရိုထဲမှာ သိမ်းဆည်းထားတာကြောင့် လင်းချွမ်က  ဒီလိုလှပတဲ့ တိုဟူးတုံးပုံစံမျိုး မခေါက်ထားတတ်ဘူး။

“ဒါကို  ခြုံပြီးအိပ်လိုက်ပါ..  နောက်ကျရင် တစ်စုံတစ်ယောက် လာရှင်းပေးသွားလိမ့်မယ်.. မင်းက ကိုယ်ဝန်ရှိနေပြီ ကိုယ့်ကိုယ်ကို အပင်ပန်းမခံနဲ့..  ဟုတ်ပြီလား”

“နားလည်ပါပြီ”

ရုတ်တရက်ပြီး လေးနက်လွန်းတာက  သည်းမခံနိုင်စရာပဲ။ ဆုဆု အနားယူလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။

လင်းချွမ်က ဆုဆုအတွက် ရေနွေးထည့်ပေးရုံတင်မကဘဲ ယာဂုပူပူနွေးနွေးပါ ယူလာပေးခဲ့သေးတယ်။

ဒီကြမ်းတမ်းတဲ့ စစ်သားတွေလို အမျုးသားတွေက တစ်ခါတစ်လေမှာ   လူတွေကို ပြုစုစောင့်ရှောက်ရာမှာ အတော်လေး ကောင်းကောင်း စွမ်းဆောင်နိုင်ကြတယ်။

ဆုဆု သူယူလာပေးတဲ့ ယာဂုကို သောက်နေရင်းနဲ့ ယာဂုထဲတွင် အသားအနည်းငယ်အပြင် ငါးတွေအပြင် ကြက်ဥတစ်လုံးကိုပါ တွေ့လိုက်ရတယ်။

ယာဂုကို ကန်တင်းက ပို့ပေးတာဖြစ်ပြီး လင်းချွမ်က ထွက်ယူရုံလောက်သာဖြစ်ကာ သူ မှာထားတာမဖြစ်နိုင်ဘူး။

ဒီတော့ အခု သူမမှာ ကိုယ်ဝန်ရှိနေကြောင်းကို အမြောက်တပ်တစ်ခုလုံးသိသွားပြီးပြီလား?

ဆုဆု တိတ်တဆိတ်နှင့် မျက်နှာကို ဖုံးအုပ်ထားမိပြီး ဘယ်သူ့ကိုမှ မျက်နှာမပြရဲသလိုဖြစ်သွားရတယ်။

သို့ပေမဲ့ ဒါက အကုန်မဟုတ်သေးဘူး။ နေ့ခင်းဘက် လုပ်ငန်းခွင်အတွက်  အပြင်ကိုထွက်တဲ့အချိန်တွေမှာ အဲဒီနေရာမှာ စောင့်ကြပ်နေကြတဲ့ နေတဲ့ စစ်သားတွေ သူတို့ရဲ့လက်ထဲက သေနတ်ကို ဆုဆုနှင့် မထိမိစေရန်အတွက် ဆုဆုလာနေပြီဆိုရင် ခြေလှမ်း နှစ်လှမ်းလောက် အနောက်သို့ တမင် ပြန်ဆုတ်သွားတာကို တွေ့ခဲ့ရတယ်။

သူတို့တွေက သတိထားလွန်းအားကြီးနေတာကြောင့် သူမ လမ်းလျှောက်တဲ့အချိန်မှာတောင် အနည်းငယ်လောက် ဆွံ့အ,နေရတယ်။ ဖလှယ်ရေးအဖွဲ့သို့ ရောက်တဲ့အချိန်မှာလည်း နိုင်ငံခြားမှအမျိုးသားတစ်စုက သူမကို ဂရုစိုက်ခဲ့ကြပြန်တယ်။

ကံကောင်းထောက်မစွာနှင့် သိပ်ပြီး အထူးတလည်မလုပ်ပေးခဲ့ကြဘူး။ ၊  မဟုတ်ရင် သူမ တကယ်ကို ရှက်နေရလိမ့်မယ်။

အဆုံးမှာ သူမက အလုပ်အတွက်ရောက်လာတာဖြစ်ပြီး အထူးတလည် ဆက်ဆံခံရဖို့ ရောက်ရှိလာတာမဟုတ်ဘူးလေ။ ဒါကတကယ်ကို ရှက်စရာကောင်းလွန်းတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖလှယ်ရေးအဖွဲ့ရဲ့ ခရီးစဥ်တွေ ပြီးဆုံးသွားပြီး ဆုဆုလည်း သူမရဲ့တာဝန်ကို ပြီးမြောက်သွားခဲ့တယ်။

သူမ ယွမ်သုံးရာအပြင် လက်ဆောင်ပစ္စည်းတွေရရှိခဲ့ပြီး အနည်းငယ်လောက် ကံကောင်းတယ်လို့ ခံစားရတယ်။

အရေးကြီးဆုံးကတော့ အနာဂတ်မှာ ဘာသာပြန်အလုပ်တွေအတွက် သူမဆီသို့ လူတွေအများကြီးရောက်လာနိုင်တယ်။ ဒါက ပိုက်ဆံရှာရလွယ်ကူတဲ့အလုပ်ပဲလေ။

အခု သူမ စုဆောင်းထားတဲ့ပိုက်ဆံနဲ့ ဘာလုပ်ရမလဲဆိုတာစဥ်းစားရမယ်။  မြို့ထဲမှာ အိမ်တစ်လုံးဝယ်ပြီးရင် အိမ်ခြံမြေလုပ်ငန်းဖြစ်ဖြစ် အလုပ်စခုခုလောက် စလုပ်သင့်လား?

သူမ တွေးတောနေရင်းနဲ့ သီးသန့်စားသောက်ဆိုင်ဆီကို ရောက်ရှိလာခဲ့တယ်။ စားသောက်ပြီးသွားတဲ့နောက်မှာ ဖလှယ်ရေးအဖွဲ့က ထွက်သွားဖို့ စီစဉ်တော့မှဖြစ်ပြီး သူမလည်း ကျောင်းကိုပြန်သွားရတော့မယ်။

သို့ပေမယ့် ဟိုတယ်ရှေ့မှာ ကားရပ်ပြီး ဆင်းလိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ခု ဖြစ်လာခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ဖလှယ်ရေးအဖွဲ့ရဲ့ အဖွဲ့သားတွေကို လူဆိုးဂိုဏ်းက လာရောက်တိုက်ခိုက်ခဲ့တယ်။ ကံကောင်းထောက်မစွာနှင့် လင်းချွမ်ရဲ့တပ်ဖွဲ့ကလျှင်မြန်စွာ သိရှိခဲ့ပြီး တစ်ဖက်မှ ပစ်ခတ်လာတဲ့ ကျည်ဆန်တွေကို ကားနှင့်ပိတ်ဆို့ကာ သူတို့ကို ဟိုတယ်ဆီသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့တယ်။

ဒါက အစိုးရပိုင်ဟိုတယ်ဖြစ်ပြီး အနောက်ဘက်မှာတံခါးအနေနဲ့သုံးဖို့ ပြတင်းပေါက်တွေပါရှိတယ်။ သူတို့တွေ အဖွဲ့လေးဖွဲ့အဖြစ် ဖွဲ့လိုက်ပြီး  လုံခြုံရေးအဖွဲ့တစ်ဖွဲ့က အရှေ့မှ အရင်သွားခဲ့ကာ နိုင်ငံခြားဧည့်သည်တွေနှင် ဆုဆုက အနောက်ဘက်ကနေ လိုက်လာခဲ့ကြတယ်။

ခေါင်းဆောင်ကွမ်းက သူတို့ကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တယ်။

အတွေ့အကြုံရင့်ဗိုလ်ချုပ်ကြီးယောက်အနေနဲ့ သူက သူ့ဘာသာသူ တည်ငြိမ်စွာ ပြန်လည် တိုက်ခိုက်နိုင်တယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုဆုက လုံခြုံရေးရဲ့ အနောက်ဘက်ဆုံးနေရာမှာရှိနေခဲ့ပြီး  အမြန်ထွက်သွားခဲ့ရတယ်။

လင်းချွမ်နှင့် ချန်ယွဲ့ကျင်းတို့က သူတို့ကိုကာကွယ်ပေးခဲ့ပြီး နောက်ထပ်  စစ်သားလေးနှစ်ဦးလည်း အနားမှာ လိုက်ပါလာခဲ့တယ်။

သူတို့တွေ ပြတင်းပေါက်နားကို  ရောက်ခါနီးမှာပဲ ရုတ်တရက် လူနှစ်ယောက်က ဘယ်ကနေ ပြေးလာခဲ့ကြပြီး အရက်ပုလင်းကို မီးညှိပြီး သူတို့ဘက်ကို လှမ်းပစ်ချလာခဲ့တယ်။

ချန်ယွဲ့ကျင်းက ထိုပုလင်းကို အပြေးအလွှား ကန်ထုတ်ခဲ့ပြီး လင်းချွမ်က တိုက်ခိုက်မှုအတွက် တာဝန်ယူခဲ့တယ်။

ထိုအခိုက်မှာ အရက်ပုလင်းမှ မီးတွေက ချန်ယွဲ့ကျင်းဆီကို ကူးစက်ပြီး လောင်ကျွမ်းသွားတာကို ဆုဆု မြင်လိုက်ရတယ်။ တကယ်လို့ မီးသာမငြိမ်းနိုင်ဘူးဆိုရင် သူသေတဲ့အထိ မီးမြှိပ်ခံလိုက်ရမှာ သေချာတယ်။

ဆုဆု အံကို တင်းတင်းကြိတ်လိုက်မိပြီး တစ်ဖက်မှ ကန့်လန့်ကာကို ဆွဲဖြတ်လိုက်ကာ အနီးအနားမှာ ဘယ်သူမှရှိမနေတာကို အခွင့်ကောင်းယူပြီး ချန်ယွဲ့ကျင်းရဲ့ဘေးနားကို ပြေးသွားခဲ့တယ်။ ထို့နောက် လိုက်ကာကို လက်နှစ်ဖက်နှင့် ကိုင်ပြီး ချန်ယွဲ့ကျင်းရဲ့ အပေါ်ကနေ ဖုံးအုပ်ကာ အလျင်အမြန် ငြိမ်းသတ်ဖို့ ကြိုးစားလိုက်တယ်။

အခြေအနေက ကောင်းလာခဲ့ပေမယ့်  လဲကျနေတဲ့ အမျိုးသားတစ်ယောက်က ရုတ်တရက်ထလာပြီး သေနတ်ကို မြှောက်လာခဲ့လေတယ်။

သူရဲ့ပစ်မှတ်က ဇနီးသည်ဖြစ်နေကြောင်းကို လင်းချွမ် တွေ့လိုက်ရတော့ သူမဆီကို အပြေးအလွှားသွားပြီး အရှေ့ကနေ ကာဆီးလိုက်တယ်။

ဒီအခိုက်အတန့်မှာ သေနတ်သံက ဆုဆုကို အလွန်ထိတ်လန့်သွားစေခဲ့ပြီး  ဘေးတစ်ဖက်မှာရှိနေတဲ့ ကုလားထိုင်ကို သတိလက်လွတ်နဲ့ ကောက်မပြီး သေနတ်ကိုင်ထားတဲ့ လူဆီကို ပစ်ပေါက်လိုက်တော့တယ်။

ဒီပစ်ပေါက်ချက်က တကယ်ကို မြန်ပြီး တိကျတယ်။ တစ်ဖက်လူက ကုလားထိုင်နဲ့ ခေါင်းကို အရိုက်ခံလိုက်ရပြီး သတိလစ်သွားခဲ့ကာ သေနတ်ကလည်း အဝေးကို ပြုတ်ကျသွားခဲ့တယ်။

“လင်ချွမ်.. လင်းချွမ် .. ရှင်အဆင်ပြေရဲ့လား”

လင်းချွမ်က မြေပြင်ပေါ်သို့  ဖြည်းညှင်းစွာ ဒူးထောက်ကျသွားခဲ့တာကိုမြင်တော့ ဆုဆုတစ်ယောက် သေလုမတတ် ကြောက်လန့်နေခဲ့ကာ သူမရဲ့ လက်ဖျားနှင့် ခြေဖျားတွေက အေးစက်လာပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားရတယ်။ သို့ပေမဲ့ မျက်ရည်တွေ မရပ်မနား စီးကျနေရင်းနဲ့ သူ့ဆီကိုရောက်တဲ့အထိ လက်နှင့်ခြေကိုအသုံးပြုကာ ရွှေ့သွားနေတုန်းပဲ။

ဒါပေမယ့် လင်းချွမ်က သူမရဲ့မျက်နှာကို သုတ်ပေးလာခဲ့ပြီး နှစ်သိမ့်လာခဲ့တယ်။

“ဘာမှမဖြစ်ဘူး.. ကိုယ်အဆင်ပြေပါတယ်.. ကိုယ် အပစ်မခံလိုက်ရဘူးနော်..  မင်းအရင်သွားနှင့်လိုက်တော့ ဟုတ်ပြီလား”

“မဖြစ်နိုင်ဘူး..အဲဒါက သိသာတယ်...”

ဆုဆု သူ့ရဲ့ကိုယ်ပေါ်မှာ ကျည်ဆန်ရာဆီကို ဆက်လက်ရှာဖွေနေခဲ့တယ်။ ထိုအခိုက်မှာ ဘေးမှာလဲနေတဲ့  ချန်ယွဲ့ကျင်းကလည်း ပြန်ထလာခဲ့ပြီး ထော့ကျိုးခုန်ရင်း လင်းချွမ်ကို ကြည့်ရှုလာတယ်။

လင်းချွမ်:  “မင်းရဲ့မရီးကို အရင်ခေါ်သွားလိုက်.. သူမကို မထိတ်လန့်သွားစေနဲ့”

“မင်းတကယ် အဆင်ပြေရဲ့လား?”

“အဆင်ပါတယ်.. သွားလိုက်တော့”

အချိန်က သူတို့ကို နောက်ဆံတင်းနေဖို့အတွက်  ခွင့်မပြုခဲ့ဘူး။ လူတိုင်းကက ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်ကြပြီး လမ်းပေါ်မှာရှိနေတဲ့ ကားပေါ်သို့တက်ပြီး စစ်တပ်သို့ တစ်လမ်းလုံး မောင်းထွက်လာခဲ့ကြတယ်။

ဆုဆု ကားထဲကိုရောက်တော့ လင်းချွမ်က သူ့ရဲ့ရင်ဘတ်ကို သူမဆီက ကာကွယ်ထားခဲ့တာကို သတိပြုမိသွားခဲ့တယ်။ သူက သူမကို ထိုနေရာထိမိမှာကို စိုးရိမ်နေခဲ့တဲ့ပုံပဲ။

လမ်းတစ်လျှောက် အလျှင်အမြန် မောင်းနှင်လာခဲ့ပြီး သူမ စစ်တပ်ထဲကိုရောက်လာပြီးနောက် လင်းချွမ်ရဲ့အခြေအနေကို သိချင်နေခဲ့ပေမဲ့ ထိုအခိုက်မှာ သူမရဲ့လက်တွေက ပူလာသလိုခံစားရတာကြောင့်  လက်ဖဝါးတွေကို လှန်ကြည့်လိုက်တော့ သွေးတွေနှင့် ပြည့်နေတာကို တွေ့လိုက်ရလေတယ်။

သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ရတယ်။  ဒါက လင်းချွမ်ရဲ့ သွေးတွေပဲဖြစ်ရမယ်။

ထို့နောက်မှာတော့ သူမ မူးဝေလာခဲ့ပြီး လင်းချွမ်ရဲ့နာမည်ကို ရေရွက်ရင်းနဲ့ သတိလစ်သွားရတော့တယ်။

All Chapters